
ပါဝင်ပစ္စည်းများ
-ကြက်သား၁ကောင်
-တခြားကြက်အစိတ်အပိုင်းများ
-ဆနွမ်းမှုန့်၂ဇွန်း(စားပွဲတင်)
-ပဲမှုန့်၂ခွက်(ဆန်ချိန်ခွက်)
-Gram မဆလာ၅ဇွန်း(စားပွဲတင်)
-ဂေါ်ဖီ၁လုံး
-ငရုတ်သီးစိမ်း ၁၀ တောင့်
-ကြက်သားမှုန့်
-ပူစီနံ
-ငရုတ်သီးမှုန့်
-ငံပြာရည်
-သံပရာသီး
ပဲမှုန့်ကိုရေလီတာဝက်စိမ်ထားပါ။ ကြက်သားကိုလေးခြမ်းတုံးကာ ကြက်သားမှုန့်၂ဇွန်း၊ မဆလာ၂ဇွန်း၊ ဆနွမ်းမှုန့်၂ဇွန်းထဲ့ ပြီး တခြားကြက်အစိတ်အပိုင်းများပါထဲ့ကာပြုတ်ထားပါ ။ကြက်အသဲကိုအရမ်းမမာအောင်နောက်ဆုံးမှထဲ့ပါတယ်.



ကြက်သားများထုတ်ကာ လှီးစိတ်ထားပါ။ ကြက်ပြုတ်ရေကို ချန်ထားပါ။ ငရုတ်သီးစိမ်း၊ ဂေါ်ဖီပါးပါးလှီးထားပါ။


ပဲကျိုရန်
ပဲရည်ဖြေးဖြေးချင်းလောင်းထဲ့ပြီးကျိုပါ။ ရေ၁လီတာခန့်ထပ်ထဲ့ပါ။ ကြက်သားမှုန့်၂ဇွန်း(စားပွဲတင်)၊ မဆလာ ၃ဇွန်း ထဲ့ကျိုပါ။ ကြက်သားပြုတ်ရည်များပါရောပါ။ ပဲရည်ကျတ်ပြီး ပဲစိမ်းနံ့ပျောက်ပြီး မဆလာနံ့မွှေးတတ်လာပြီဆိုရင် ဟင်းရေအရသာမြည်းပြီးအပေါ့အငံထဲ့ဖြည့်ကာ မီးမျင်းမျင်းနဲ့ပူနေပါစေ။ မပျစ်မကျဲအနေမှာထားပါ။



ဟင်းရေရပြီဆိုတော့ ပွဲပြင်ရအောင်နော်။ ကြက်သားများအရင်ထဲ့ လှီးထားသော ဂေါ်ဖီ၊ ငရုတ်သီးစိမ်း၊ ပူစီနံ၊ ငရုတ်သီးမှုန့်တို့ဖြင့် ပွဲပြင်ပြီး ဟင်းရေပူပူကိုလောင်းကာ သံပရာရည်၊ ငံပြာရည်လိုသလိုထဲ့စားနိုင်ပါပြီ။


စမူဆာသုတ်
-စမူဆာ
- chick pea ၁ဗူး
-အာလူး အနေတော်၎လုံး
-ဂေါ်ဖီ၁လုံး
-ငရုတ်သီးစိမ်း၅ တောင့်
-ပူစီနံ
-ငရုတ်သီးမှုန့်
-ငံပြာရည်
-သံပရာသီး
စမူဆာ လေးများကိုကြော်ထားပါ။ အာလူးကိုပြုတ်ပြီး အတုံးသေးလေးများလှီးထားပါ။

ပဲပြုတ်ရေက အထက်ပါအတိုင်းပြုတ်နိုင်ပါတယ်။ ကြက်သားပြုတ်ရေ မရှိရင်ကြက်သားမှုန့်သုံးလို့ရပါတယ်။

ပွဲပြင်ရန်
စမူဆာလေးများညှပ်ထဲ့ပါ၊ အာလူး၊ ပဲစေ့၊ ဂေါ်ဖီ၊ ငရုတ်သီးစိမ်း၊ ပူစီနံ၊ ငရုတ်သီးမှုန့်တို့ဖြင့် ပွဲပြင်ပြီး ဟင်းရေပူပူကိုလောင်းကာ သံပရာရည်၊ ငံပြာရည်လိုသလိုထဲ့စားနိုင်ပါပြီ။



Shared from
http://htetfamily.com/2012/05/04/%E1%81%BE%E1%80%80%E1%80%80%E1%80%B9%E1%80%9E%E1%80%AC%E1%80%B8%E1%80%95%E1%80%B2%E1%80%9B%E1%80%8A%E1%80%B9%E1%80%9E%E1%80%AF%E1%80%90%E1%80%B9%E1%81%8A-%E1%80%85%E1%80%99%E1%80%B0%E1%80%86%E1%80%AC/
No comments:
Post a Comment