Sunday, March 23, 2014

"မရိုက်ပါနဲ့ မေမေရယ်"


သူတို့က ခွေးကျွေးတာတဲ့
ထမင်းဖြူဖွေးဖွေး မွှေးကမွှေးနဲ့
ငေးရင်းငေးရင်း
ဗိုက်ဆာဆာ ပြေးကောက်ခဲ့မိတာ
မရိုက်ပါနဲ့ မေမေရယ်

သူတို့က ကျောင်းတက်တာတဲ့
ဖြူဖြူလှလှ ရွရွလေးလှမ်း
တခမ်းတနား လမ်းသလားနေ
သားလေ
ဒီအမှိုက်အိတ်တွေ ထမ်းမထားချင်တော့ဘူးမေမေ
နေ့စဉ်ရက်ဆက် ကျောင်းသွားကျောင်းတက်
စာဖတ်လျက်ပဲ နေချင်တယ်
မရိုက်ပါနဲ့ မေမေရယ်

သူတို့က dinner party ပေးတာတဲ့
မွေးနေ့ရက်မြတ် ဆိုလား
သောက်ပွဲစားပွဲ ကားကြီးကားငယ်အသွယ်သွယ်
အဲဒီနယ်ပယ်မျိုး ဝင်တိုးချင်လိုက်တာ
မရိုက်ပါနဲ့ မေမေရယ်

သူတို့အိမ်က ခွေးကိုက်တယ်မေမေ
ဆူတယ်ဆဲတယ် ကန်ကြောက်ရယ်နဲ့
ကြောက်လို့ အမှိုက်မကောက်ခဲ့တာ
မရိုက်ပါနဲ့ မေမေရယ်

နေပူရင် နေဒဏ်စူး
မိုးရွာလာရင် မိုးယိုမဆဲ
ဆောင်းထဲမှာဆို နှင်းရွှဲရွှဲစို
ဒီအိမ်ကို မနေချင်တော့ဘူး
မရိုက်ပါနဲ့ မေမေရယ်

( သူရသ )
သူငယ်ချင်းသုသု wall မှကူးလာပါသည်။

No comments:

Post a Comment