Saturday, April 27, 2013

* Day After Day ....... :)

Tuesday, April 23, 2013

"... အယောင်ဆောင်ခြင်း (၃၇)ပါး ..."


(၁) ရာဂသည် မေတ္တာယောင်ဆောင်တတ်၏။

(၂) သောကသည် ကရုဏာယောင်ဆောင်တတ်၏။

(၃) လောဘမူသောမနဿသည် မုဒိတဗြဟ္မာ့ဝိဟာရယောင်ဆောင်တတ်၏။

(၄) ကုသိုလ်တရားတို့ ၌အားမထုတ်ခြင်း ၀န်ချခြင်းတို့ သည် ဥပေက္ခာဗြဟ္မာ့ဝိဟာရယောင်ဆောင်တတ်၏။

(၅) စိတ်ပူပန်ခြင်း ဒေါသ ဒေါမနဿတရားသည် ၀ဋ်ဆင်းရဲကို ထိတ်လန့် ခြင်း သံဝေဂယောင်ဆောင်တတ်၏။

(၆) ပုဂ္ဂိုလ်ယုတ်မြတ်၊ ကြည်ညိုအပ် မကြည်ညိုအပ် ရွေးချယ်စုံစမ်းခြင်း၌ မကြည်ညိုတတ်သော အသဒ္ဓိယဟု ဆိုအပ်သော မက္ခပဠာသီ အကုသိုလ်တရားသည် စုံစမ်းခြင်း ပညာယောင်ဆောင်တတ်၏။

(၇) သဒ္ဓါအားကြီးရာ၌ ဆိုးကောင်းယုတ်မြတ် အမှတ်မထင် မဆင်ခြင်တတ် ပညာကင်းလွတ် မသိတတ်သော မောဟသည် သဒ္ဓါယောင်ဆောင်တတ်၏။

(၈) မကောင်းမှုကို ကဲ့ရဲ့ ရှုံ့ ချရာ၌ သူတစ်ပါးတို့ ၏ အပြစ်ကို ရှုလေ့ရှိသော ဂရဟာ၊ ၀မ္ဘနာ၊ အက္ကောသန ဟူသော မသူတော်တရားသည် ပါပဂရဟိတာ ဟုဆိုအပ်သော သူတော်ကောင်းတရားယောင်ဆောင်တတ်၏။

(၉) တပည့်သားတို့ ကို နှိမ်နင်းဆုံးမရာ၌ နှုတ်ကြမ်းခြင်း ဖရုဿဝါစာ အကုသိုလ်တရားသည် နိဂ္ဂယှဝါဒိတာ ဟုဆိုအပ်သော သူတော်ကောင်းတရားယောင်ဆောင်တတ်၏။

(၁၀) မိမိကိုယ်ကို ဒါယကာတို့ အောက်နှိမ့်ချ၍ ပြောဆိုသောအားဖြင့် လာဘ်ကိုရှာခြင်းဟူသော စာဋုကမျတာ အနေသနတရားသည် ပိယ၀ါဒိတာဟူသော မေတ္တာယောင်ဆောင်တတ်၏။

(၁၁) အာဇီဝပါရိသုဒ္ဓိသီလကို ဖြည့်ကျင့်ရာ၌ မိမိ၏ပစ္စည်းတို့ ကို ဝေဖန်၍ သုံးဆောင်လေ့မရှိသော လောဘ မစ္ဆေရ အကုသိုလ်တရားသည် အာဇီဝပါရိသုဒ္ဓိသီလယောင်ဆောင်တတ်၏။

(၁၂) မိမိပစ္စည်းဥစ္စာတို့ ကို အလဇ္ဇီပုဂ္ဂိုလ်နှင့် ဝေဖန်ဖြန့် ဖြူး၍သုံးဆောင်ခြင်း မိစ္ဆာဇီဝ အလဇ္ဇီပဂ္ဂဟ အကုသိုလ် တရားသည် သံဝိဘာဂနာယကဂုဏ်တည်းဟူသော သဒ္ဓါမေတ္တာယောင်ဆောင်တတ်၏။

(၁၃) တရားနှင့်လျော်သော ၀စနပဋိသန္ဓာရ၊ ဓမ္မပဋိသန္ဓါရတို့ ဖြင့် ဒါယကာတို့ အား မချီးမြှောက်ခြင်းဟု ဆိုအပ် သော ကရုဏာမေတ္တာ သဒ္ဓါကင်းသော မသူတော်တရားသည် လူတို့ နှင့်နှီးနှောခြင်းမရှိရဟူသော ဂိဟိအသံသဂ္ဂ သီလယောင်ဆောင်တတ်၏။

(၁၄) လူတို့ နှင့်တရားမသင့် ရောနှောခြင်းဟု ဆိုအပ်သော အာစာရ၀ိပ္ပတ္တိမိစ္ဆာဇီဝအကုသိုလ်တရားသည် သင်္ဂဟဟုဆိုအပ်သော သဒ္ဓါ မေတ္တာ ကရုဏာယောင်ဆောင်တတ်၏။

(၁၅) သူနှစ်ယောက်တို့ ၏အကြား ကွဲပြားစိမ့်ငှာ ကုန်းချောပြောဆိုခြင်း မသူတော်တရားသည် သစ္စ၀ါဒိတာ ဟူသော သူတော်ကောင်းတရားယောင်ဆောင်တတ်၏။

(၁၆) အ၀ိသုဏ၀ါစာ သုစရိုက်တရားအရာ၌ သူတစ်ပါးတို့ အကျိုးမဲ့ လိုလားခြင်းတည်းဟူသော ဣဿာ မစ္ဆေရ ဒေါသမူ အကုသိုလ်တရားသည် သူတစ်ပါးတို့ ပျက်ပြားကြလတ္တံ့ သည်ကို သိမြင်လျက် ကုန်းတိုက်ရာ ရောက်မည် ကြောင့် မပြောဆိုဝံ့သည့် အဟန်အယောင်ဆောင်တတ်၏။

(၁၇) မိမိဒါယကာအိမ်တွင် ၀င်ရောက်လာသူ အလှူခံတို့ အား နှလုံးမသာမယာခြင်း ဒေါသမစ္ဆေရရန်သည် ဒါယကာတို့ အား သနားခြင်း ကရုဏာဟန် အယောင်ဆောင်တတ်၏။

(၁၈) နောက်သားနောင်လာသံဃာတော်တို့ အတွက် အာဝါသကို ကျွဲနွားလူသူ လုယူ ဖျက်ဆီးသည့်အခါ မသဒ္ဓါ မကြည်ညို ၀န်တိုခြင်း အာဝါသမစ္ဆေရ အကုသိုလ်တရားသည် သဒ္ဓါမေတ္တာယောင်ဆောင်တတ်၏။

(၁၉) တရားဟောအပ်သော ကုသိုလ်တရားအရာ၌ ဓမ္မမစ္ဆေရ အကုသိုလ်တရားသည် လှည့်ပတ်အယောင် ဆောင်တတ်၏။

(၂၀) ဂိုဏ်းသံဃာတပည့်များကို တရားကျမ်းဂန် သင်ကြားပို့ ချချီးမြှောက်ခြင်းဟုဆိုအပ်သော သဒ္ဓါ မေတ္တာ ကရုဏာ အရာ၌ ဂိုဏ်းအပေါင်းအဖော်ကို တွယ်တာခြင်း သင်္ဂဏိကာရာမ တဏှာသည် ဂဏာနုဂ္ဂဟသဒ္ဓါ မေတ္တာယောင်ဆောင်တတ်၏။

(၂၁) အကျိုးမဲ့သောစကားတို့ နှင့်တကွ ကာလရှည်ကြာ ပြောဆိုမိခြင်း ဘဿာရာမတဏှာသည် ဓမ္မဒေသနာကို မွေ့ လျော်ယောင်ဆောင်တတ်၏။

(၂၂) ရဟန်းတရား၌ မမွေ့ လျော်နိုင်ခြင်း၊ အမှုသစ်၌သာ မွေ့ လျော်နိုင်ခြင်း၊ တဏှာဟူသောကမ္မရာမ ပပဉ္စတရားသည် ကုသိုလ်ကောင်းမှု၌ မွေ့ လျော်ခြင်းဟူသော ပုညာရာမ အယောင်ဆောင်တတ်၏။

(၂၃) ပဋိကူလသညာကမ္မဋ္ဌာန်းအရာ၌ စက်ဆုပ်ရွံရှာနှလုံးမသာခြင်း ဗျာပါဒသည် ပဋိကူလသညာ ကမ္မဋ္ဌာန်းထင်ယောင်ဆောင်တတ်၏။

(၂၄) ပဋိကူလသညာကမ္မဋ္ဌာန်း၏ အစွမ်းဖြင့် ရွံရှာအပ်သော အာရုံကို မရွံရှာခြင်းဖြစ်ရာ၌ ကာမတဏှာသည် ရာဂစရိုက်အစွမ်းဖြင့် မရွံရှာသည်ကိုလျက် ပဋိကူလသညာကမ္မဋ္ဌာန်းထင်သောအားဖြင့် မရွံရှာယောင် ဆောင်တတ်၏။

(၂၅) ဘာဝနာကမ္မဋ္ဌာန်းအရာ၌ ငိုက်မျဉ်းခြင်း ထိနမိဒ္ဓစသည် သမာဓိယောင်ဆောင်တတ်၏။

(၂၆) မထိုင်မရပ် မပြတ်ပြန်လှန် စင်္ကြံသွားခြင်းစသည် ကမ္မဋ္ဌာန်းကို ကြိုးစားအားထုတ်ရာ၌ ကမ္မဋ္ဌာန်းကို မ၀င်မသက် စိတ်ထွက်ပြေးသွားခြင်း ဥဒ္ဓစ္စတရားသည် ၀ီရိယတိုးပွားယောင်ဆောင်တတ်၏။

(၂၇) ၀ိနယကုက္ကုစ္စအားဖြင့် မအပ်လိမ့်ယောင် အပ်လိမ့်ယောင်နှင့် မရှောင်ပြုမိသဖြင့် နှလုံးမသာ ၀ိပ္ပဋိသာရ ကုက္ကုစ္စသည် သိက္ခကာမ ကုက္ကုစ္စ ယောင်ဆောင်တတ်၏။

(၂၈) သက၀ါဒ ပရ၀ါဒ ပက္ခနှစ်ပါးတို့ ၌ ယုတ္တာယုတ္တိရှိမရှိကို ကြံစည်စုံစမ်းရာ၌ သက၀ါဒ၌ သို့ လောသို့ လော သင်္ကာယုံမှားခြင်း ၀ိစိကိစ္ဆာ အယုတ်တရားသည် စူးစမ်းဆင်ခြင်တတ်သောပညာ အယောင်ဆောင်တတ်၏။

(၂၉) ဣဋ္ဌ အနိဋ္ဌအာရုံတို့ ၌ ၀မ်းမနည်း ၀မ်းမသာ လျစ်လျူရှုခြင်း၊ ဥပေက္ခာတရားအရာ၌ ဆိုးကောင်းယုတ်မြတ် မသိတတ်၍ အမှတ်မဲ့နေခြင်း အညာဏုပေက္ခာ ဟူသောမောဟတရားသည် ဆိုးကောင်းယုတ်မြတ် သိတတ် လျက်သာ လျစ်လျူရှုရသည်ဟူသော ဉာဏုပေက္ခာယောင်ဆောင်တတ်၏။

(၃၀) ပရမတ္ထသဘောကို နစ်နောဆင်ခြင်တတ်သော ပညာအရာ၌ သတ္တဇီဝါ ငါသူတစ်ပါးမဟုတ်၊ နာမ်ရုပ်အစုမျှသာဖြစ်၍ လှံဓားဖြင့်ထိုးခုတ်ခြင်းကို ပြုသော်လည်း ပကတိအားဖြင့် ပျက်စီးခြင်းသဘောရှိသော ဇီဝိတိနြေ္ဒကို မဖျက်စီးနိုင်ရာ ရုပ်ကလာပ်အကြားကိုသာ လှံသွား ဓားသွား ကျရောက်သည်ဖြစ်၍ ပဏ၀မ မဖြစ်နိုင်ရာဟူသော အကိရိယဒိဋ္ဌိ အစရှိသော မိစ္ဆာဒိဋ္ဌိတရားသည် ဉာဏ်ကြီးသည့်အယောင်ဆောင်တတ်၏။

(၃၁) သားသမီးခြွေရံပရိသတ်တို့  တွယ်တာမက်မောခြင်းကင်းသော ၀ိရာဂတရားအရာ၌ သူတစ်ပါးတို့ အား သနားခြင်းမရှိ နိကရုဏာသဘောတရားသည် နှစ်သက်တွယ်တာခြင်းကင်းသည့် အဟန်အယောင်ဆောင် တတ်၏။

(၃၂) ဘုရားခွင့်ပြုတော်မူသည်ကို ငါမှီဝဲသည်ဟူသော အမှတ်ဖြင့် သဒါရဟူသော စိုးပိုင်အာရုံ ကာမဂုဏ်အမှု၌ တွယ်တာမက်မောခြင်း တဏှာသည် အပ်သည်ကိုသာ ငါမှီဝဲအပ်သည် ဟူသော အမှတ်ကို ဖြစ်စေသဖြင့် အယောင်ဆောင်တတ်၏။

(၃၃) ကိုယ့်ရှင် ကိုယ်သာ ကိုယ့်ဆရာဟု ပညာအားကိုး အမြတ်တနိုးပြုရာ၌ သီတင်သုံးဖော် ဆရာသမား သူတစ်ပါးတို့ ၏ အဆုံးအမကို မလိုက်နာနိုင်ခြင်း အယုတ်တရားသည် အတ္ထာဓိပတိဟန် အယောင်ဆောင် တတ်၏။

(၃၄) ဓမ္မ၀ိဟာရီသာ ပမာဏဟု နှလုံးပြုသဖြင့် သီတင်းသုံးသံဃာတော်တို့ ကံကြီးကံငယ် မှုကြီးမှုငယ်တို့ ကြောင့် စည်းဝေးကြသည့်အခါ အညီအညွတ် မလာမရောက် မလောက်မလား လေးစားမပြုနေခြင်းဟူသော သဗြဟ္မာ့စာရီ အဂါရ၀တရားသည် မိမိလည်း တရားတစ်ခုအာရုံပြု၍ ကောင်းသောနေခြင်းဖြင့်သာ နေပါသည် အမှတ်ကိုဖြစ်စေသဖြင့် အယောင်ဆောင်တတ်၏။

(၃၅) သီတင်သုံးဖော် ဆရာသခင်တို့ အား လောကအကြိုက်အလိုလိုက်၍ တရားမငဲ့ မျက်နှာငဲ့ကာ ပြုရသော ဝေယျာဝစ္စတို့ သည် ဆရာသခင် အရှင်များကို ခံ့ညားရိုသေခြင်း လောကာဓိပတိဟူသော ဂါရ၀တရား ယောင်ဆောင်တတ်၏။

(၃၆) အတိုင်းအရှည်နှင့်ယှဉ်၍ စကားပြောဆိုခြင်း သတိသမ္ပဇညတရားအရာ၌ စကားအလွန်နည်းပါးခြင်း၊ သီတင်းသုံးဖော် အာဂန္တုကတို့ နှင့် ၀မ်းမြောက်ဝမ်းသာမပြောဆိုနိုင်ခြင်း အာလသိယ မာနထမ္ဘ သာရမ္ဘ တရားသည် စကားအရာ၌ အတိုင်းအရှည်ကိုသိသော သတိသမ္ပဇည အယောင်ဆောင်တတ်၏။

(၃၇) သီတင်းသုံးဖော် အာဂန္တုက ရဟန်းတို့ နှင့် ၀မ်းမြောက်ဝမ်းသာ ပြောဆိုလေ့ရှိသော သဒ္ဓါမေတ္တာ ကုသိုလ်တရားအရာ၌ အလွန်အယုတ် ဟုတ်မဟုတ်ကို မဆင်ခြင်၊ ဆိုချင် မက်မော အလှိုင်းတကြီး ပြောဆိုမိသော မာယာသာဌေယျ အယုတ်တရားသည် ၀မ်းမြောက်ဝမ်းသာ သဒ္ဓါကြည်ညိုဆိုသော အယောင်ဆောင်တတ်၏။


(သုခမှတ်စု စာအုပ်မှ စာမျက်နှာ ၃၀၁-၃၀၃ ကို ကူးယူဖော်ပြပါသည်။)

http://www.vimuttisukha.com/2009/05/blog-post_12.html

Credit-Uvayama Muse ( Admin - Ko Ko Waizayantar )

Shared from မြန်မာပြည်မှမြန်မာလူမျိုး (FB)

နှုတ်ဆက်ပါတယ်

ဒုက္ခဝေဒနာကို ဆူးထွင်သလို ရှု




ဒုက္ခဝေဒနာကို ဆူးထွင်သလို ရှုမှတ်ရမယ်ဆိုတာက ဥပမာ ခြေဖဝါးကို ဆူးစူးတယ်ဆိုပါတော့ နင့်လိုက်တိုင်း နင်းလိုက်တိုင်း ‘နင့်ခနဲ၊ နင့်ခနဲ’ ဆို လမ်းသွားလို့ကောင်းပါ့မလား။“မကောင်းပါဘူးဘုရား”
အဲဒါဆို မသွားနဲ့ဦး။ ဓားနဲ့ခွဲသင့်ရင်ခွဲ၊ သို့မဟုတ် အပ်နဲ့အနာပေါက်ကိုချဲ့ပြီးတော့ ဆူးကို ဆွဲထုတ်ရမယ်။ နည်းနည်းတော့ ပိုနာမှာပဲ။ အနာခံမှလည်း ဆူးစူးတဲ့ ဒုက္ခဝေဒနာက ပျောက်မှာပေါ့ဗျ။
အဲဒီလိုပဲ နာကျင်ကိုက်ခဲတဲ့နေရာကို တည့်တည့်ရှုမှတ်ရင် ဆူးထွင်သလိုပဲ ပိုနာတယ်။ နာပေမယ့် ဝေဒနာရဲ့သဘောကို ပိုသိလာတယ်။ ဘယ်လိုသိလာသလဲဆိုတော့ အစတုန်းက နာတာက ငါ့ပေါင်က နာတယ်။ ငါ့ဒူးခေါင်းက နာတယ်။

အမယ်လေး နာတာက (၁၅)မိနစ်လောက် ကြာတယ်။ နာရီဝက်လောက်ကြာတယ်။ တောက်လျှောက်ကြီး နာနေတာ။ ဖြုတ်တာတောင် မပျောက်ဘူး။ နာလိုက်တာမှ ပေါင်ကြီးကို တန်းနေတာပဲ။ ခါးကြီးကို တောင့်နေတာပဲ။ ဒီလိုထင်တယ်။ နာတာကို သည်းညည်းခံပြီး စိတ်ရှည်ရှည်နဲ့ ရှုမှတ်တော့ -
ဒူးခေါင်းတွေ ပေါင်တွေ မရှိတော့ဘူး။ မှတ်တဲ့သဘောရယ်၊ နာတဲ့သဘောရယ်၊ ပိုပိုနာလာတဲ့သဘောရယ်၊ မှတ်တဲ့သဘောရယ် ဒါပဲ ကျန်တော့တယ်။
နာတာကလည်း “နာတယ် နာတယ်” မှတ်လိုက်တယ်။ ပျောက်သွားတယ်။ နောက်တစ်ခါ ထပ်နာတယ်။ မှတ်လိုက်တယ်။ ပျောက်သွားတယ်။
တစ်နာပေါ်လာလိုက် ပျောက်သွားလိုက်၊ နောက် တစ်နာ ပေါ်လာလိုက် ပျောက်သွားလိုက်၊
တစ်နာပြီးမှ တစ်နာ၊ ဒီလိုလာတာ။

အော်မိုမက်တစ်မီးလုံးများလို လင်းလာလိုက် မှိတ်သွားလိုက်။ လင်းလာလိုက် မှိတ်သွားလိုက် ဖြစ်နေတာ။ အဲဒီလို ပေါ်တာကို သိတာက ဖြစ်တာကို သိတာ။
ပျောက်တာကို သိတာက ပျက်တာကို သိတာ။
ဟာ - ဖြစ်ပြီးပျက်သွားတာပဲလို့ ပါးစပ်ကလေးနဲ့ ပြောရုံနဲ့ မရဘူး။ အဲဒါ ပါးစပ်ဖြစ်ပျက်လို့ ခေါ်တယ်။ စာအုပ်ဖတ်ရင်း လူတိုင်းပြောတတ်တယ်။
နာတာကိုလည်း သည်းညည်းခံပြီး စိတ်ရှည်ရှည်နဲ့ ရှုမှတ်လို့ ဝေဒနာရဲ့သဘောတွေကို သိလာတဲ့အခါကျတော့ ဝေဒနာနဲ့ မှတ်စိတ် ဘယ်သူက အားကောင်းတုန်း အားပြိုင်ကြတာပဲ။
မှတ်စိတ်က အားကောင်းရင် ဝေဒနာတွေ သေလောက်အောင် နာပါစေ၊ မှတ်စိတ်အောက် ရောက်သွားတာပဲ။ ‘တောင်ကြီး ဖဝါးအောက်၊ လှိုင်းကြီးလှေအောက်’ စကားလိုပေါ့။
တစ်ခါတလေ ဝေဒနာက ပိုအားကောင်းရင်တော့ အသားတွေ ဆိုးဆိုးဆတ်ဆတ်တုန်ပြီး အရှုံးပေးလိုက်ရတဲ့အခါတွေလည်း ရှိမယ်။ သုံးလေးခါ ရှုံးချင်လည်း ရှုံးမှာပဲ။ ရှုံးရှုံး ဘာဖြစ်လဲ။ သူတော်ကောင်းအလုပ် လုပ်ရတာ-

လိုချင်သလောက် မရပေမယ့် လုပ်သလောက်တော့ ရမှာပဲ ဆိုတာ သိထားရမယ်။
ကိုယ်က မနေ့ တစ်နေ့ကမှ အားထုတ်ပြီး ရဟန္တာဖြစ်ချင်နေလို့ ဘယ်ရမလဲ။ တစ်ခါမှ အားမထုတ်တဲ့သူတွေထက်စာရင်တော့ ကိုယ်က ပိုရတာပေါ့ဗျာ။ တစ်ချို့က အားတော့ထုတ်တယ်။ အပေါ်ယံ နည်းနည်းပါးပါးလေး အားထုတ်ပြီး နားပြန်ပြီ။ သေသေချာချာ ထိထိမိမိ အားမထုတ်တော့ မဂ်ဥာဏ် ဖိုလ်ဥာဏ်က မရဘူး။ တရားက ကိုယ်လုပ်မှ ကိုယ်ရတာ။
ဝေယျာဝစ္စအလုပ်ပဲဖြစ်ဖြစ်၊ စာကျက်တဲ့အလုပ်ပဲဖြစ်ဖြစ်၊ စီးပွားရှာတဲ့အလုပ်ပဲဖြစ်ဖြစ် ကိုယ်လုပ်မှကိုယ်ရတာ။ မလုပ်ဘဲနဲ့ အချိန်ဖြုန်းတဲ့ပုဂ္ဂိုလ်ကတော့ တရားလည်းမရ၊ ကုသိုလ်လည်းမရ၊ ပညာလည်းမရ၊ ဥစ္စာလည်းမရ၊ ဘာမှမရဘူး။ အလကားနေရင်း ရတာကတော့ ပျင်းတဲ့ရောဂါနဲ့ ကိလေသာပဲရမှာ။

နောက်က ဘာလာမလဲ၊ စိတ်ကူးယဉ်မယ်၊ စိတ်တိုမယ်၊ စိတ်ညစ်မယ်၊ ရုပ်တွေ နာမ်တွေအကြောင်း မေးလိုက်ရင် ဘာမှမသိဘူး။ ဝေဒနာကို ဘယ်လိုရှုမှတ်ရမယ်ဆိုတာကိုလည်း မသိဘူး။ တရားလည်း မနာ။ နာပြန်တော့လည်း မမှတ်မိ။ တရားလည်း သေသေချာချာအားမထုတ်။ အဲဒီလို လောဘ၊ ဒေါသ၊ မောဟတွေ လွှမ်းမိုးနေပြီးတော့ မဂ်ဥာဏ် ဖိုလ်ဥာဏ်ကျတော့ လိုချင်တယ်။ ဒီကြားထဲ စိတ်ထဲကလည်း ဝေဒနာလာသေးတယ်။ ကိုယ်ပေါ်မှာ ဖြစ်တာက ကာယိကဒုက္ခဝေဒနာ ကိုယ်ဆင်းရဲ။ စိတ်ထဲမှာဖြစ်တာက ဒေါမနဿဝေဒနာ စိတ်ဆင်းရဲ။
“ငါ့နှယ် ဖြစ်မှ ဖြစ်ရလေခြင်း၊ ရောဂါက တော်တော်များတာပဲ။ စိတ်ညစ်လိုက်တာ သေတောင်သေလိုက်ချင်တယ်”

ဟာ - မသေချင်နဲ့ယောဂီ။ စိတ်ရူးပေါက်ပြီးလည်း လျှောက်မလုပ်နဲ့။ သေလို့ ကိုယ့်မှာ တရားရရင် အကြောင်းမဟုတ်ဘူး။ ဘာမှတရားမရသေးဘဲသေရင် အပါယ်လေးပါး ရောက်သွားလိမ့်မယ်၊ ရောဂါများတာဟာ ယောဂီအတွက်ရှုမှတ်ဖို့ အရှုခံတွေများတာပဲ။
သေချင်တဲ့စိတ်ကလေးပေါ်လာရင် “သေချင်တယ်၊ သေချင်တယ်”လို့ မှတ်။ ဝမ်းနည်းရင် “ဝမ်းနည်းတယ်၊ ဝမ်းနည်းတယ်” မှတ်။ စိတ်ညစ်ရင် “စိတ်ညစ်တယ်၊ စိတ်ညစ်တယ်” မှတ်။ အိမ်ပြန်ပြေးချင်ရင်လည်း “ပြန်ချင်တယ်၊ ပြန်ချင်တယ်” မှတ်။

စိတ်ထဲက ပေါ်လာတဲ့အတိုင်း စူးစိုက်ပြိး ရှုမှတ်နေလို့ရှိရင် သဘောလေးတွေကို အရင်သိမယ်။ ယောက်ျား မိန်းမ မဟုတ်ဘူး။ ခေါင်း၊ ခါး၊ ခြေ၊ လက် မဟုတ်ဘူးဆိုတာကို သိလာလိမ့်မယ်။
အဲဒီလို ရုပ်သဘော နာမ်သဘောအပေါ် ဥာဏ်ရောက်တဲ့အခါကျတော့ သက္ကာယဒိဋ္ဌိ တဒင်္ဂ တဒင်္ဂ စင်စင်သွားတယ်။ တဒင်္ဂ တဒင်္ဂ စင်ပါများလို့ရှိရင် ခပ်ကြာကြာစင်လိမ့်မယ်။ နောက်ကျတော့ အမြစ်ပြတ်စင်လိမ့်မယ်။ အဲဒီလိုစင်အောင် ဒုက္ခဝေဒနာကို ဆူးထွင်သလို ရှုမှတ်ရမယ်။
မြစိမ်းတောင် ဆရာတော် အရှင်ဇာနေယျ
(စိတ်ကိုဆုံးမ ချမ်းသာရ တရားတော်မှ)

စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် ကောင်းမှုကုသိုလ်များ ဆထက်တိုး၍လုပ်ကိုင်နိုင်ပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ.... _/\_ _/\_ _/\_ ....

Shared from မပန်းအိဖြူ (FB)

Monday, April 22, 2013

မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ


22.4.2013


၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်း တစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွား ရမယ့်အထ ပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး....


၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ဝင်လာခဲ့မယ်ဆိုရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ... ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထား တယ်... ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ... ဒီပစ္စည်းတွေ က လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ဖြစ် တဲ့အတွက် မိမိ ကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ... ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်... သင့်ရဲ့အော်ဟစ် အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့...


၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ်ကို မှတ်သား ထားပါ... ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကား နံပတ်၊ ဘာကားအရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာစကားနဲ့ ဖုန်းပြောပါ... တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ... ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အ လက်တွေ ကို နောက် ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့ အတော် ဝန်လေးသွားပါလိမ့်မယ်... သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခရောက်နိုင် တာကြောင့် သင့်သွားလိုတဲ့နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်... ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက် ဖြစ်သွား ပါလိမ့်မယ်...


၎။ ။ အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကိုမောင်းဝင်သွားခဲ့ရင်... သင်အန္တရာယ် ဧရိယာထဲရောက်ရှိနေပြီလို့ ခံစားရရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ သင့်လက်ကိုင်အိတ်ရဲ့ လက်ကိုင် သို့မဟုတ် လည်ပင်းမှာ ပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ ရစ်ပြီး ခပ်တင်းတင်း ဆွဲထားလိုက်ပါ... သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းတစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ပြီး ခုံနောက်ကနေ တင်းတင်းဆွဲထားလိုက်ပါ... အင်္ကျီအပေါ်ဆုံး ကြယ်သီးက ခုနက ပစ္စည်းတွေလိုပဲ ကားမောင်းသူကို လည်ပင်းအစ်စေပြီး သင့်ကို အန္တရာယ်က လွတ်ဖို့ အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်...



၅။ ။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ... သင်ကြုံတွေ့နေ ရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ... ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ... ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေးအမြဲရှိနေတတ်တဲ့ အတွက်ပါပဲ... လူသိမခံလိုတဲ့ ဒုစရိုက်သမားတွေအတွက် ဒီလိုပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေ မှာ ဖြစ်ပါတယ်...

-------------===-------------

ဒီစာလေးကို တွေ့မိဖတ်မိတဲ့အခါ မိန်းကလေးများအတွက် အမှန်တကယ် အသုံးဝင်တဲ့ အချက်တွေဖြစ်နေတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်...
သင်လည်း သင်ဂရုစိုက်တဲ့ အစ်မ၊ ညီမ၊ သူငယ်ချင်း မိန်းကလေး များအ တွက် ပြန် လည်လက် ဆင့်ကမ်း မျှဝေပေးကြပါ လို့လေးစားစွာ တိုက်တွန်းတင်ပြရင်း...

www.mmdailystar.com

Shared from Shan News Page (FB)

Wednesday, April 17, 2013

သူငယ်ချင်း မဖြစ်သေးတဲ. “သူ”

အချိန် ဆိုတဲ. ၇ထားကြီးကို

တရွေ.ရွေ. စီးနင်းရင်းနဲ.

ငါ ဆင်းရမဲ. ဘူတာတောင်နီးလာပြီ

ရထားပေါ်က သူငယ်ချင်းအားလုံးရဲ.

မျက်နှာတွေပေါ်မှာလဲ

ဇရာရိပ်တွေ နဲ.ပေါ.

သံသရာ တစ်လျှောက်

ငါ ခဏခဏ တွေ.ကြုံခဲ.ဖူးသူနဲ.

ပြန်ဆုံရအုံးမယ်...
အခုထိ သူနဲ.ငါ

သူငယ်ချင်းတွေ မဖြစ်ကြသေးဘူး

သူကတော. ..

မစ္စရာဇာ လို့ ခေါ်တဲ့

သေမင်း ပဲပေါ့ ။ ။ 


(Dhamma Rakhita)
Shared from Dhamma Rakhita (FB)

တစ်ကိုယ်တည်း နေပါ (၀ိဝေက ချမ်းသာ)

နိဗ္ဗာန် မဂ် ဖိုလ်
၇က်တိုတို ..ဆိုတဲ.

စကား.ကြား၇တိုင်း

နားခါးတယ်

ငါးမိနစ်ပြည်.အောင်

ငြိမ်ငြိမ်မနေတတ်တဲ.သူတွေမို.ပေါ.။

ရာဂ ဖြစ်စရာ အာရုံမှ မရှိရင်

ကုန်းပေါ်တင်ထားတဲ. ငါးတွေလို

တဖျတ်ဖျတ်နဲ. .. ယောက်ယက်ခတ်နေကြတယ်။

တည်ငြိမ်တိတ်ဆိတ် ခြင်း၏ သုခကို

သဘောမကျသေးသ၍

ပါးစပ်ကထွက်လာတဲ.“နိဗ္ဗာန်” ဟာ

အစတောင် ရှာလို.ရဦးမှာ မဟုတ်ဘူး။


(Dhamma Rakhita)

Shared from Dhamma Rakhita (FB)

မိုးခါးရေ…မသောက်ဘူး

လိမ်ညာလှည်.ဖျား မပြောကြားတတ်ပါဘူး ဆိုတော.

အများက ကဲ.ရဲ.ကြတယ်..

မုသားမပါ လင်္ကာမချော တဲ. ။။။။



မှားယွင်းစွာ ကာမဂုဏ် မခံစားချင်ပါဘူးဆိုတော.

အများက ကဲ.ရဲ.ကြတယ်….

ငါးကြော်မကြိုက် ကြောင်မိုက်တဲ.။။။။



မူးယစ်သေစာ မသုံးစွဲတတ်ပါဘူးဆိုတော.

အများက ကဲ.ရဲ.ကြတယ်….

မင်း..ယောက်ျားမဟုတ်ဘူးတဲ.။။။။



သူတပါးဥစ္စာမတရားမလိုချင်ပါဘူး ဆိုတော.

အများက ကဲ.ရဲ.ကြတယ်….

ဒီခေတ်ကြီးမှာ ..မင်းမချမ်းသာနိုင်ဘူး တဲ.။။။။



တရားဓမ္မ အကြောင်း ပြောကြားပြန်တော.လဲ

အများက ငါ.ကို ကဲ.ရဲ.ကြတယ်…

ဘုရားဖြစ်မဲ. အုတ်နီခဲ တဲ. ။။။။



စဉ်းစားမိတယ်..



အများညီလို့ ဤ ကို ကျွဲ ဖတ်နေကြပြီလား..

ရောမမှာ နေပြီး ငါ ကတော. မိုးခါးရေ မသောက်နိုင်ဘူး…



သူတပါးအမှားကနေ ငါ သံဝေဂယူမယ်…

ငါသည် ငါ ၏ လေးစားရသော အရှင်သခင်သာ ဖြစ်ပါရစေသတည်း ။။။။။။(Dhamma Rakhita)

Shared from Dhamma Rakhita (FB)

မိတ်ဆွေတု......

အမြဲ ကြောက်ရတဲ့ သူ

အစဉ် ဦးညွှတ်ရတဲ့ သူ



နူးညံ.သိမ်မွေ.စွာဖြင်.

မရပ်မနား ခိုင်းစေတတ်တယ်



ငါ..လျှာထွက်နေလဲ

ငါ.ကို.မကြင်နာခဲ့ သူ ...



ဖြည်.ဆည်းပေးခဲ.သမျှ

ယခုထိ.. မပြည်.၀သေးတဲ.သူ



တကယ်မသိလျှင် မိတ်ဆွေပါ

တကယ်သိလျှင် ရန်သူသာ



မာယာပေါင်း အသင်္ချေနဲ.

ချိန်ကြာညောင်းစွာ.. ရက်စက်လွန်းခဲ.တယ်



ငါ ကျွမ်းဝင်ခဲ့ဖူးတယ်..

ငါ ယုံကြည်ခဲ့ဖူးတယ်..



ငါ့ နောက်ကျောကို ဓါးနဲ့ ထိုးတယ်

အကြိမ်ကြိမ် ထိုးခဲ့တယ်..



အခု..

ငါ မအတော.ဘူး..

ငါ မတွေဝေတော.ဘူး..

ငါ အမြင်မမှားတော.ဘူး..



သင်ဟာ စင်စစ်တော. ရန်သူပါ ..“တဏှာ”

(Dhamma Rakhita)

Shared from Dhamma Rakhita (FB)

Tuesday, April 16, 2013

Nway A Hla

သ၀န်တိုခြင်း

ကိုယ့်ချစ်သူကို အရမ်းချစ်တဲ့စိတ်ကြောင့် အတင်းအကျပ်
ပုံစံသွင်းယူမီတဲ့ သူတစ်ယောက်မဖြစ်မီပါစေနဲ့ .......

ကိုယ့်အချစ်သူကို အရမ်းချစ်တဲ့စိတ်ကြောင့် သူ့ စိတ်အနှောင့်အယှက်
ဖြစ်လောက်အောင် သ၀န်တိုမီတဲ့သူတစ်ယောက်မဖြစ်မီပါစေနဲ့ .......

ကိုယ့်ချစ်သူကို အရမ်းချစ်တဲ့စိတ်ကြောင့် သူ့ လွပ်လပ်ခွင့်တွေ
ဆုံးရှုံးစေလောက်တဲ့အထိ ချုပ်ချယ်မီတဲ့သူမဖြစ်မီပါစေနဲ့ ..........

သင့်ကိုတစ်ကယ်ချစ်တဲ့သူတစ်ယောက်က အဲ့ဒီ့ချစ်တဲ့စိတ်ကြောင့်ပဲ
အရာအားလုံးက သူ့ အလိုလို သင့်စိတ်တိုင်းကျပြောင်းလဲသွားအောင်
ကြိုးစားပေးတဲ့သူတစ်ယောက်ဖြစ်လာမှာမို့ လို့ ပါ.................

khin myo aye

Shared from Aye Mi Khine (FB)

Post Type: Poem

ငါ အရမ်းချစ်လို့ ဂရုစိုက်တတ်တဲ့ အပြုအမူ
တွေက နင့်အတွက်အနေခက်သလို ဖြစ်နေတယ်....

နင်အမြဲပြောတတ်တဲ့ ဆင်ခြေတွေကို ဟုတ်မှာပါလေဆိုတဲ့ စိတ်နဲ့ ယုံကြည်ပေးနေတတ်တာ ငါ့အားနည်းချက်ဖြစ်နေတယ်....

အမြဲတမ်း အပြစ်တစ်ခုလို ပြောနေတတ်တဲ့ နင့်ကို
ငါ မှားနေတာပါဆိုတဲ့စိတ်နဲ့ အမြဲတမ်းနားလည်ပေးနေတယ်..

သေချာပါတယ် တကယ်တော့ နင် ငါ့ကိုချစ်တယ်ဆိုတဲ့ အချစ်က ခဏတာစိတ်ကစားမှုတစ်ခုဆိုတာ ငါနားလည်လိုက်ပါပီ...

သိပ်ချစ်ရတဲ့ နင့် အတွက်ဆိုရင် ငါ ဘယ်လောက်ပဲခံစားနေရပါစေ စွန့် လွှတ်ပေးလိုက်ပါပီ.... ပျော်ရွှင်ပါစေ ချစ်သူ............


khin myo aye

Shared from Poem Page (FB)

တန်ဖိုးထားတာ...


Post Type: Love




တစ်ချိန်က ငါ့အနားမှာ ရှိခဲ့ဖူးတဲ့ အရာတွေအာလုံးက ပြောင်းလဲသွားခဲ့ပီ.....

တစ်ချိန်က ငါ့ကို အရမ်းချစ်ပါတယ်ဆိုတဲ့ နင်လဲ ပြောင်းလဲသွားပီ......

တစ်ချိန်က ငါ့ကို ဂရုစိုက်ပေးခဲ့တဲ့ နင့်ရဲ့ ဂရုစိုက်မှုတွေလဲမရှိတော့ဘူး......

တစ်ချိန်က နင်ပေးခဲ့တဲ့  ငါ့တို့ ရဲ့ ပျော်စရာအချိန်တွေလဲ ပြန်မရနိုင်တော့ဘူး....

တစ်ချိန်က ငါ့အတွက်ပေးခဲ့ဖူးတဲ့ ဂတိတွေလဲ နင် တည်မပေးနိုင်တော့ဘူး....

ပြောင်းလဲသွားတဲ့ အရာတွေထဲမှာ ပြောင်းလဲမသွားတာကတော့ ငါ နင့်ကို
ချစ်နေတဲ့ အချစ်တွေပါပဲ ........... ချစ်သူရယ်


khin myo aye

Shared from Poem Page (FB)

Post Type: Love

ကိုယ့်ချစ်သူကိုတကယ်ချစ်တယ်ဆိုရင်သ၀န်တိုတတ်တာ
မှန်ပါတယ်...ဒါပေမဲ့ကိုယ့်ချစ်သူရဲ့ သိက္ခာကိုထိခိုက်လောက်အောင်
အထိတော့သ၀န်မတိုမိပါစေနဲ့ .....

ကိုယ့်ချစ်သူကို တကယ်ချစ်ရင် ဆုံးရှုံးရမှာကြောက်တယ်ဆိုတာ
မှန်ပါတယ်..... ဒါပေမဲ့ ကိုယ့်ချစ်သူ စိတ်ပျက်လောက်အောင်
အထိတော့ မချုပ်ချယ်မီပါစေနဲ့ .......

ကိုယ့်ချစ်သူကို တကယ်ချစ်တယ်ဆိုရင် ကိုယ့်ချစ်သူရဲ့ 
အနားက စိတ်မချတဲ့သူတွေကို ဂရုစိုက်နေမဲ့အစား ကိုယ့်ချစ်သူ
ကို သာ ပိုဂရုစိုက်ပေးလိုက်ပါ...ကိုယ့်ချစ်သူအတွက်လဲ အရမ်းကို
ပျော်ရွှင်စေနိုင်တယ်လေ..........

ချစ်တဲ့သူတိုင်း ချစ်သူရဲ့ ချစ်ခြင်းကို အပြည့်အ၀ ရရှိနိုင်ကျပါစေနော်.....

khin myo aye

Shared from Poem Page (FB)

Post Type: Love




အချိန်ပြည့်ငါကို ဂရုစိုက်ပေးပါလို့
ငါမတောင်းဆိုပါဘူး.............✹✹


နာကျင်စရာတွေ မပေးရင်ဘဲ
ကျေနပ်ပါတယ်.............✹✹


ငါကို အရိပ်လို နေပေးပါလို့
ငါမတောင်းဆိုပါဘူး .............✹✹


လျစ်လျူမရှုထားရင်ဘဲ
ကျေနပ်ပါတယ်.............✹✹
ချစ်သူ


웃❤유

✿✿✿ Poem ✿✿✿

Shared from Poem Page (FB)

Post Type: Love

ကိုယ့်ချစ်သူကို အရမ်းချစ်မီသွားပီဆိုရင်.....

ယောက်င်္ကျားလေးက သ၀န်တိုရင် တည်ငြိမ်တတ်ပေမဲ့
မိန်းကလေးက သ၀န်တိုရင် စိတ်မထိန်းနိုင်တတ်ဘူး....


ယောက်င်္ကျားလေးကအရမ်းချစ်လဲ တစ်ခြားသူတွေရှေ့ ဆို တည်ငြိမ်သလိုနေတတ်ပေမဲ့
မိန်းကလေးက အရမ်းချစ်ရင်တစ်ခြားသူတွေရှေ့ မှာဆို သည်းနေသလိုဖြစ်နေတတ်တယ်

ယောက်င်္ကျားလေးက အပေါင်းအသင်းနဲ့ တစ်ခါတရံပျော်နေတတ်ပေမဲ့
မိန်းကလေးကတော့ ချစ်သူကိုပဲအချိန်တိုင်း စိတ်နှစ်ထားတတ်တယ်

ယောက်င်္ကျားလေးက ကိုယ့်ချစ်သူအတွက်အနစ်နာခံတတ်ပေမဲ့
မိန်းကလေးက ကိုယ့်ချစ်သူအတွက်ဆိုပေးဆပ်ဖို့ ဝန်မလေးတတ်ပါဘူး..

( ယောက်င်္ကျားလေး အများစုနဲ့  မိန်းကလေးအများစုရဲ့ ချစ်သူအပေါ်
ဖြစ်တတ်တဲ့ စိတ်ခံစားချက်လေးတွေပါ )


khin myo aye

Shared from Poem Page (FB)

Post Type: Love

ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့ ငါ့အနားကိုရောက်လာရင်း
ခဏတာအချစ်တွေပေးပီး ထားခဲ့ရက်ပေမဲ့....ငါကတော့
ဘ၀တစ်ခုလုံးပေးဆပ်ဖို့ ကြိုးစားရင်း ချစ်ခဲ့လိုက်မိတာပါ.....

နင်ရဲ့ အချစ်တွေကို ပိုင်ဆိုင်ခွင့်ပြန်ရဖို့ မျှော်လင့်နေတတ်တဲ့ငါ
ချစ်သူရှိနေပါပီဆိုတဲ့စကားလုံးကို နင် ကိုယ်တိုင်ပြောလာခဲ့တာ
ငါ့ရင်တွေပွင့်ထွက်လောက်အောင်ခံစားရတယ်ဟာ....

တကယ်ဆို ငါကသူ့ လောက်ပြည့်စုံတဲ့သူ မဟုတ်ပေမဲ့ နင့်ကို
ချစ်တဲ့ အချစ်တွေကတော့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရတဲ့အချစ်တွေနဲ့ 
ချစ်နေခဲ့တာကြောင့် ခုချိန်ထိငါ ဘယ်လိုမှမေ့လို့ မရနိုင်သေးဘူး....

နင်နဲ့ ပါတ်သက်ရင် အမုန်းဆိုတာလဲ ငါ့ မှာမရှိနိုင်သေးလို့ 
နင့်ရဲ့ အဝေးမှာ အားငယ်ဝမ်းနည်းတဲ့ စိတ်နဲ့ နင့်ကို အခုထိ
မျှော်လင့်နေမိသေးတယ်.....ချစ်သူရယ်

( ညီမလေးတစ်ယောက်တောင်းထားတဲ့ ကဗျာလေးပါ )


khin myo aye

Shared from Poem Page (FB)

Post Type: Love



အရမ်းချစ်ရင် အရမ်းခံစားရတတ်တယ်တဲ့
ရှိပါစေတော့ ချစ်သူ...
ငါမင်းကို အရမ်းချစ်မိနေပြီ....

အရမ်းယုံကြည်မိရင် တနေ့ကျထားခဲ့ခြင်းခံရမယ်တဲ့
ရှိပါစေတော့ ချစ်သူ...
ငါ့နှလုံးသားကို မင်းအတွက်ပုံအပ်မိပြီ...

အရမ်းတွယ်တာမိရင် အရမ်းနာကျဉ်ရတတ်တယ်တဲ့
ရှိပါစေတော့ ချစ်သူ...
မင်းကိုယ်ငါအရမ်း မြတ်နိုးနေမိပြီ...

နင့်ကို ချစ်မိမှတော့နင်ပေးတဲ့ကောင်းခြင်းဆိုးခြင်းတွေ
ကို ငါခံရတော့မှာပေါ့..ချစ်သူရယ်

phoe phyu

Shared from Poem Page (FB)

Post Type: Love

အချစ်ဆိုတာတိုင်းတာပြလို့ ရနိုင်တဲ့ အရာမဟုတ်ပေမဲ့ နင့်အပေါ်ဂရုစိုက်တတ်တဲ့  ငါ့အပြုအမူတွေက
နင့်ကိုဘယ်လောက်ချစ်တယ်ဆိုတာ နားလည်နိုင်မှာပါ ချစ်သူ.....

ငါ့ အချစ်တွေ နင့်ကို ပိုင်ဆိုင်ခွင့်ပေးထားတဲ့ အချိန်ထဲက
ငါ့ အချစ်တွေအားလုံးက ဘယ်သူအတွက်မှမဟုတ်ပဲ
နင့်တစ်ယောက်ထဲအတွက်ပဲရှိနေတယ်ဆိုတာယုံကြည်နေပါ ချစ်သူ....

ငါ အချိန်တိုင်း နင့်နဲ့ အတူတူ လက်တွဲခွင့်ရမဲ့နေ့ ကို သစ္စာရှိရှိနဲ့ 
စောင့်နေတယ်ဆိုတာ ယုံကြည်နေရင်း နင်လဲငါ့ တစ်ယောက်ထဲကို
ချစ်နေရင်း ငါ့ အတွက် သစ္စာရှိပေးပါနော် ချစ်သူ...........

( ပြန်ဆုံရမဲ့ နေ့ ရက်လေးကို လက်ချိုးရေတွက်နေရင်းနဲ့  ငါ နင့်ကို
အရမ်းလွမ်းတယ် ချစ်သူရယ် )

khin myo aye

Shared from Poem Page (FB)

Monday, April 15, 2013

Post Type: Love



နင်နဲ့  ဝေးသွားတဲ့အချိန်မှာ ငါ့ အကောင့်လေးရဲ့ 
status တိုင်းက အလွမ်းအဆွေးတွေနဲ့ ငါ့ရဲ့  wall ကလဲ
ရင်ဖွင့်စရာနေရာလေး ဖြစ်နေခဲ့တယ်...

ငါ တင်သမျှ posts တွေရဲ့  like & comments
တွေထဲမှာ နင့် အကောင့်လေးများပါမလားလို့ ငါ
အသည်းအသန်ရှာနေမိတယ်.........

နင့်အတွက်ဆိုပီး တင်နေတတ်တဲ့ ငါ့ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ သီချင်းလေးတွေအချစ်ခံစားချက်လေးတွေလဲ နင်
သိနိုင်ပါစေလို့  ဆုတောင်းနေမိတယ်.....

ငါလေ အခုချိန်ထိ နင့် wall လေးကို ပုံမှန်ဝင်ကြည့်ရင်း
ငါ မဟုတ်တဲ့တစ်ခြားသူတွေရဲ့ like & comments
တွေနဲ့ ပျော်နေတာမြင်တိုင်း ငါ အရမ်းခံစားနေရတယ်ဆိုတာ
နင် ကတော့ မသိနိုင်တော့ပါဘူး ချစ်သူရယ်...


khin myo aye

Shared from Poem Page (FB)

Post Type: Love



ညအိပ်တိုင်း ဘေးနားမှာ ဖုန်းကိုထားပြီး
အိပ်တတ်တဲ့အကျင့်လေးငါရှိနေပြီ

နင်ဆီက ဘယ်အချိန်များ စာလေးဝင်လာမလဲလို့
ငါသတိထားပြီ အိပ်တတ်တယ်

မနက်မိုးလင်တိုင်း မျက်လုံးဖွင့်တာနဲ့
နင်ကို အရင်ဆုံးမောနင်ဆိုပြီ နှုတ်ဆက်စာလေး
ငါပို့နေတတ်တယ်

ကြာတော့ ငါကဖုန်းဘေးက သက်တော်စောင့်လေးလိုဘဲ
အချိန်ပြည့် နင်ခေါ်မယ့်အချိန်ကို မျှော်နေတတ်တယ်တယ်လေ


웃❤유

✿✿✿ Poem ✿✿✿

Shared from Poem Page (FB)

Post Type: Love

ပျော်ရွှင်ခြင်းဆိုတာ ဘယ်အရာမှန်းမသိတော့ဖူး

ငါချစ်တဲ့သူတစ်ယောက်ကို ငါသာဆို စိတ်ညစ်အောင် လုပ်မိမှာမဟုတ်ဘူး

ဘာကြောင့် ငါကရော စိတ်ညစ်နေရတာလဲ


နင့်ကြောင့်လား......???
မဟုတ်ပါဘူး......ငါကိုယ်တိုင် မိုက်မဲလို့
ငါအချစ်တွေ အကုန်ပေးပြီ ချစ်မိလို့
ငါကိုယ်ငါအပြစ်ပေးရမှာ.........


တခါတလေ စဉ်စားမိတယ်
လောကမှ ကိုယ်ကလဲချစ်ပြီ ကိုယ်ကိုလဲ ပြန်ချစ်သွားတဲ့ ချစ်သူစုံတွဲဆိုရောရှိသေးရဲ့လားလို့

အမြဲတဖက်သတ်ကြီးဘဲ ပေးဆပ်နေရတဲ့ ဘ၀ကြာတော့ ငါလဲ လောဘကြီးမိချင်တယ်


웃❤유

✿✿✿ Poem ✿✿✿

Shared from Poem Page (FB)

Post Type: Love

တကယ်ချစ်တဲ့ ယောင်္ကျားတစ်ယောက်ဟာ....

ဘယ်လောက်ပဲ ခက်ခဲမူတွေကို ရင်ဆိုင်နေရပါစေ...
ဘယ်လောက်ပဲ ကြမ်းတမ်းတဲ့ အခြေနေဖြစ်နေပါစေ...
ဘယ်လောက်ပဲ ပြင်းထန်တဲ့ ပင်ပန်းမူတွေဖြစ်နေပါစေ...
သူချစ်တဲ့ မိန်းခလေးအနားကနေ ထွက်ခွာမသွားတက်ကြဘူး....။


တကယ်ချစ်တဲ့ မိန်းခလေးတစ်ယောက်ဟာ....


ဘယ်လောက်ဘဲ ကိစ္စများများမှာစိတ်ဆိုးစိတ်ကောက်နေပါစေ။
ဘယ်လောက်ဘဲ အကြောင်းရင်းများများမှာသဝန်တိုနေပါစေ။
ဘယ်လောက်ဘဲ အခြေနေများများမှာ စိတ်သဘောထား မတိုက်ဆိုင်လို့ ဒေါသဖြစ်နေပါစေ....

သူချစ်တဲ့ ကောင်လေးအပေါ်
ကလေးဆိုးတယောက်လို နွဲ့ ဆိုးဆိုးပြီး သစ္စာရှိနေတတ်ကြတယ်။

Shared from Ingyin Htay Aung (FB)

Post Type: Love

ဆုံးရှုံးရမှာ ကြောက်လို့  မာနကို မေ့ပစ်ထားလိုက်တယ်......

ထားရစ်ခဲ့မှာ ကြောက်လို့ အားလုံးကို နားလည်ပေးလိုက်တယ်...

ပိုင်ဆိုင်ထားတဲ့ အချစ် ပျက်ဆီးသွားမှာကြောက်လို့ အရှုံးပေးနေမိတယ်...

တွဲထားတဲ့လက် ခိုင်မြဲဖို့ အတွက် အရာရာကို ငါ့အမှားလို့ ခံယူလိုက်တယ်...

ငါမဟုတ်တဲ့ သူ ပိုင်ဆိုင်သွားမှာကြောက်လို့  နင့်ကို မစွန့် လွှတ်ချင်တဲ့
အတ္တတွေတော့ ငါ့ မှာ ရှိနေတတ်တယ်......

နင့်ကို မြတ်နိုး တန်ဖိုးထားလွန်းတဲ့ ငါလေ တစ်ခါတလေတော့
နင့်ရဲ့ ဥပေက္ခာတွေကြောင့် နာကျင်စွာ ခံစားနေရတတ်တယ် .....

အရာရာကို နင့်အတွက် နင့်အတွက် ဆိုပီးဖြစ်နေတတ်တဲ့ ငါ
နင့်ရဲ့ ဂရုစိုက်မှုလေးတွေကိုမျှော်လင့်ရင်း ပျော်နေတတ်တာပါ....

( ကျေးဇူးပြုပီးငါ့ အချစ်တွေကိုနားလည်ရင်း အရင်ကထက်တိုး တိုးပီး
ချစ်ပေးပါနော်ချစ်သူ........ ငါ နင့်ကို အရမ်းချစ်တယ် ချစ်သူရယ် )

Shared from Today Myanmar Page (FB)

Sunday, April 14, 2013

အရိုးဆုံး တရားအားထုတ်နည်း



အခုဒီမှာ ထိုင်နေတယ်နော်...။ ကိုယ့်လက်နှင့် လက်နှစ်ခုထိနေတယ်။ ဟိုဒကာကြီးဆိုလည်း လက်နှင့်လက်ထိထားတယ်။ ဟိုဒကာကြီးကလည်း လက်နှင့်လက်ထိထားတယ်နော်။ အဲဒီထိထားတဲ့နေရာကို စိတ်နှင့် အာရုံပြုကြည့်စမ်းပါ။
ဘာကိုသိရသလဲ?
ဘယ်လိုအာရုံမျိုး၊ ဘယ်လို sensation မျိုး၊ ဘယ်လို feeling မျိုးရှိလဲ?

(........)

အင်း...။ ဟုတ်တယ်။ နွေးနေတယ်နော်။ အဲဒါ နွေးနေတာ sensation တစ်ခုဘဲ။ ဒီမှာ သေချာကပ်ပြီး ကြည့်လိုက်ပါအုံး။
သူ့မှာ လှုပ်နေတာတစ်ခုခုရှိနိုင်သလား? ရှိသလား?

ရှိတယ်နော်။ သတိသေသေချာချာထားကြည့်လို့ရှိရင် Pulse က အဲဒီမှာ ကြည့်လို့ရတယ်။ တော်တော်တော့ သိမ်မွေ့တယ်နော်။ ဒါပေမယ့် သိတယ်။ ဒီမှာ Pulse ရှိတယ်။ ပြီးတော့ တုန်နေတယ်။ Vibration ရှိတယ်။ Vibration မှန်းသိလို့ရတယ်။ သူက ပိုတောင် သိမ်မွေ့သေးတယ်။

အဲဒီလို ပိုပြီးတော့ သိမ်မွေ့တာကို သိလေလေ၊ သတိပိုကောင်းလေလေ၊ သမာဓိပိုကောင်းလေလေဘဲ။ ပထမတော့ အကြမ်းစားကို သိရတာဘဲ။ အကြမ်းစားကို သိနိုင်တဲ့သမာဓိနှင့် သိမ်မွေ့တာကို သိနိုင်တဲ့သမာဓိဆိုရင် သိမ်မွေ့တာာကို သိနိုင်တဲ့ သမာဓိကပိုကောင်းတယ်။ အကြမ်းစာကိုသိတဲ့ သတိနှင့် သိမ်မွေ့တာကို သိတဲ့ သတိနှင့်ဆိုရင် သိမ်မွေ့တာကို သိတဲ့ သတိက ပိုပြီးအားကောင်းတယ်။

အဲဒီတော့ သိမ်မွေ့တဲ့ အာရုံကို ပိုပြီးတော့ ဂရုစိုက်ပြီးတော့ ပိုပြီးတော့ အလေးထားပြီးတော့ စိတ်ကလေးနှင့် သေသေချာချာကပ်ပြီးတော့ သိနေဖို့လိုတာ။ ဘာမှ မခက်ဘူး။

ဒီလိုသိနေလို့ရှိရင် လုံးဝအတွေးအတော မရှိတော့တဲ့အခါမှာ ဒီသိရတဲ့အာရုံကို ငါလို့မထင်တော့ဘူး။ ပထမတော့ ငါ့လက်က ပူနေတာလို့ ဒီလိုထင်တာကိုး။ ငါ့...လက်...ပူ.... သုံးခုကတွဲထားတယ်။ နောက် သတိအင်မတန်ကောင်းလာတဲ့အခါမှာ၊ လုံးဝအတွေးအတောမရှိတဲ့အခါမှာ၊ ပစ္စုပ္ပန်တကယ်တည့်တဲ့အချိန်မှာ ငါလည်း မဟုတ်တော့ဘူး၊ လက်လည်း မဟုတ်တော့ဘူး။ ပူတာဘဲ ရှိတော့တယ်။ ငါဆိုတဲ့ ပညတ်လည်း ကွာသွားပြီ။ လက်ဆိုတဲ့ ပညတ်လည်း ကွာသွားပြီ။ ပူတယ်ဆိုတဲ့ သဘာဝ sensation လေးတစ်ခုကိုဘဲ သိနေရတော့တာဘဲ။

အဲဒီလို ငါလည်း မဟုတ်၊ လက်လည်းမဟုတ်ပဲနှင့် ပူတာကိုသိတဲ့အချိန်မှာ သူဟာ ပရမတ္ထကို သိတာဘဲ။ ပညတ်မပါတော့ဘူး။ ငါပူတာမဟုတ်တော့ဘူး။ လက်ပူတာ မဟုတ်တော့ဘူး။ ပူတာဟာ ပူတာဘဲ။ သူ့ဟာသူဘဲ။

အဲဒီလိုသိရင်ကိုဘဲ ရုပ်ကို ရုပ်လို့ သိလိုက်တာဘဲ။ ရုပ်ကို ငါလို့မထင်တော့ဘူး။ ရုပ်ပေါ်မှာ ငါဆိုတဲ့ အထင်အမြင်မှားမှုဟာ ပျောက်သွားပြီ။ ဒါဟာ ပြောပြတော့ ရိုးရိုးလေးနှင့် လွယ်လွယ်လေးနော်။ အာရုံက ရိုးရိုးလေးနော်။ ဘာမှ မဟုတ်ဘူး။ ပူတဲ့အာရုံလေး။ သို့မဟုတ်ရင် လှုပ်နေတဲ့အာရုံလေး။

ဒီဟာလေးအပေါ်မှာ စိတ်ကလေးကို တည့်တည့်လေးထားပြီးတော့ သိသိ၊ သိသိနေတဲ့အခါမှာ လုံးဝအတွေးလည်း ကင်းသွားပြီ။ ပညတ်လည်း စိတ်ထဲမှာ မထင်တော့ဘူး။ သူ့ကို နာမည်လည်း မတပ်တော့ဘူး။ လက်ရဲ့  ပုံသဏ္ဍာန်ကြီးကိုလည်းဘဲ စိတ်ထဲက အာရုံမပြုတော့ဘူးဆိုရင် တည့်တည့်သိတဲ့အချိန်မှာ ငါလည်း မရှိဘူး၊ လက်လည်း မရှိဘူး။ ပူတာဘဲရှိတော့တယ်။ ငါမရှိဘူး၊ လက်မရှိဘူး။ လှုပ်တာဘဲ ရှိတော့တယ်။

အဲဒီတော့ ပစ္စုပ္ပန်တကယ်တည့်တဲ့အချိန်မှာ ပညတ်မပါပဲနှင့် ပရမတ်ကို တကယ်တည့်တည့်သိတဲ့အချိန်မှာ အဲဒီလိုဘဲ အမှန်ကို သိတာဘဲ။ သိပ်ခဲခဲယဉ်းယဉ်းကြီးလည်း မဟုတ်ဘူးနော်။

အဲဒီတော့ အာရုံက အင်မတန်ရိုးတယ်။ သိပုံလေးကလည်း အင်မတန်ရိုးတယ်။ ဆန်းဆန်းကြယ်ကြယ်မဟုတ်ဘူးနော်။ ဒါပေမယ့် အဲဒီလိုသိလို့ ဖြစ်ပေါ်လာတဲ့ အသိဉာဏ်ကတော့ အင်မတန်နက်နဲတယ်။ ဒီလို အနတ္တဆိုတဲ့ သဘာဝကို ပြောရတာ ကြားရလို့၊ စာအုပ်ထဲမှာ ဖတ်ရလို့သိပုံနှင့် အခုလို တကယ်ဖြစ်နေတာလေးကို အတွေးမပါပဲနှင့် တည့်တည့်သိတဲ့အခါမှာ သိလိုက်ရတဲ့အချိန်မှာ စိတ်ထဲမှာ အင်မတန် အားရကျေနပ်မှုဖြစ်လာတယ်။ တခါတလေ အင်မတန်ထူးဆန်းတယ်လို့တောင်ထင်တယ်။ ဟာ....ဘယ်လိုဖြစ်သွားတုန်းလို့။ ဒီလိုထင်သွားတယ်နော်။

အမြဲတမ်း ငါ....ငါ.....ငါ....ဆိုပြီးတော့ စွဲလာတဲ့ အစွဲကြီးဟာ အဲဒီအချိန်မှာ ခဏလောက် ပျောက်သွားတယ်။
သိတဲ့စိတ်ကလေးရှိတယ်။ သိနေရတဲ့ ပူတဲ့အာရုံ၊ သို့မဟုတ် လှုပ်တဲ့အာရုံလေးဘဲရှိတယ်။ ကျန်တာဘာမှ မရှိတော့ဘူး။ အဲဒီလို feeling အင်မတန်ထူးဆန်းတယ်။ အဲဒီအချိန်မှာ ဖြစ်နေတဲ့အသိဉာဏ်ဟာ အင်မတန်နက်နဲတယ်။ ရိုးတဲ့အာရုံ၊ သိတာလည်းဘဲ ရိုးရိုးလေးသိတယ်။ သို့သော်လည်း ဖြစ်ပေါ်လာတဲ့အသိဉာဏ်က အင်မတန်ကြီးကျယ်တယ်။ အင်မတန်နက်နဲတယ်။

ဒါကြောင့် တရားအားထုတ်လို့ ဖြစ်ပေါ်လာတဲ့အသိဉာဏ်ဟာ ဆန်းဆန်းပြားပြား မဟုတ်တော့ဘူး။ ဘာမှ Philosophically Analyse လုပ်နေစရာမလိုဘူး။ တွေးစရာ၊ ကြံစရာ ဘာမှ မရှိဘူး။ တိုက်ရိုက်သိတဲ့ ဉာဏ်လေး ဖြစ်လာတာဘဲရှိတယ်။ အင်မတန်နက်နဲတယ်။ အင်မတန်ရိုးတယ်။

အဲဒီတော့ အဲဒီလို ရိုးရိုးနှင့် နက်နက်နဲနဲသိအောင်ကိုဘဲ တရားအားထုတ်ရတာဘဲ။ ဘာမှ ဆန်းဆန်းပြားပြား ရှာဖို့ သိဖို့ ကြိုးစားနေတာမဟုတ်ဘူး။ ကိုယ့်ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့သဘာဝကို အမှန်အတိုင်းသိဖို့ဘဲ ကြည့်နေတာဘဲ။

အဲဒီလိုဘဲ ခန္ဓာကိုယ်မှာ ဖြစ်သမျှ တခြားဘယ်လိုအာရုံမျိုးကိုဘဲဖြစ်ဖြစ် သတိလေးနှင့် သေသေချာချာကပ်ပြီးတော့ ကြည့်တဲ့အခါမှာ အမြဲတမ်းဘဲ သူ့သဘောနှင့် သူဟာသူ ဖြစ်နေတယ်ဆိုတာ ကြာလေ ပိုထင်ရှားလေ၊ ကြာလေ ပိုထင်ရှားလေ ဖြစ်လာတယ်။

သတိကောင်းတဲ့သူဟာ ဒီအာရုံကို သိနေတဲ့စိတ်ကိုလည်း သူသိနေတယ်။ လှုပ်နေတာကို သိတယ်။ အဲဒီလှုပ်နေတာကို သိတဲ့စိတ်ကိုလည်း သိတယ်။ အလေ့အကျင့်များလာရင် ဒီလိုဘဲ သိလာတာဘဲ။ ပထမတော့ အာရုံကိုဘဲသိတယ်။ စိတ်ကိုမသိဘူး။ နောက် အင်မတန် သတိသမာဓိကောင်းလို့ အလေ့အကျင့်များလာတဲ့အခါမှာ ဖြစ်ပေါ်နေတဲ့ အာရုံကိုလည်း သိတယ်။ အဲဒီအာရုံကို သိတဲ့စိတ်ကိုလည်း သိတယ်။ ဒီလိုနဲ့ဘဲ ဆက်ပြီးတော့ ကြည့်သွားလို့ရှိရင် ဒီသိတဲ့စိတ်ကလည်းဘဲ သူသိတဲ့သဘောလေးသက်သက်ပဲ ဆိုတာကို မြင်တယ်။ သူလည်းဘဲ အမြဲတမ်းမရှိဘူး။ ရှိချင်တဲ့အခါရှိတယ် နော်။ တခါတလေ သတိမေ့တဲ့အခါမှာ၊ မောဟအားကြီးနေတဲ့အခါမှာ ပစ္စုပ္ပန်မှာ ဖြစ်နေတဲ့အာရုံကို မသိဘူး။

အဲဒီတော့ သိတဲ့စိတ်ကို ပြန်ကြည့်တဲ့အခါမှာလည်းဘဲ ငါသိတယ်ဆိုတဲ့ အထင်ဟာ မပါလာတော့ဘူး။ သိတဲ့သဘောလေးကဘဲ သိတယ်ဆိုတာလေးကို ကိုယ့်ဉာဏ်မှာ ရှင်းရှင်းလင်းလင်းပေါ်လာတယ်။ သိနေရတဲ့ ရုပ်ကိုလည်းဘဲ ငါပူတယ်၊ ငါလှုပ်တယ်၊ ငါညောင်းတယ်၊ ငါနာတယ်လို့ ဒီလိုမထင်တော့ဘူးနော်။ ပူတဲ့သဘောလေးက သူ့ဖာသာသူ ပူတာဘဲ။ သိတဲ့သဘောလေးကလည်း သူ့ဖာသာသူ သိတာဘဲ။ ရိုးရိုးလေးဘဲ။ လှုပ်တဲ့သဘောကလည်း သူ့ဟာသူ လှုပ်တဲ့ သဘောလေးရှိတယ်။ သိတာကလည်း သူ့ဟာသူ သိတာဘဲ။

အဲဒီတော့ ဘယ်အရာကိုကြည့်ကြည့် သဘာဝအဖြစ်နဲ့ဘဲမြင်တယ်။ ပုဂ္ဂိုလ်သတ္တ၀ါအဖြစ်နှင့် မမြင်တော့ဘူး။ အဲဒီဉာဏ်ဆိုတာ နဲနဲနောနောဉာဏ်မဟုတ်ဘူးနော်။ နာမ်ရုပ်ကို ပိုင်းခြားပြီးတော့ သိတဲ့ဉာဏ်ဖြစ်သွားပြီ။ လောကီကိစ္စတွေမှာ၊ Philosophy တွေ ဘာတွေ ဘယ်လောက်ပဲ နက်နက်နဲနဲ ကြီးကျယ်တာတွေ လေ့လာဖတ်ရှုနေအုံးတော့၊ ဒီလောက်နက်နဲတဲ့ ဉာဏ်မျိုးကို ရဖို့ရန်မလွယ်ဘူး။ အတွေးလေးနှင့်ဘဲ သိရတာကိုး။ အထင်နှင့်ဘဲ သိရတာကိုး။ အခုဟာက အတွေးမပါဘူး။ အထင်မဟုတ်ဘူး။ တကယ်ဖြစ်နေတာကို တိုက်ရိုက်ကြည့်ပြီး သိရတာမို့လို့ အင်မတန် နက်နဲကြီးကျယ်တဲ့ဉာဏ်ဖြစ်တယ်။ အဲဒီဉာဏ်မျိုးကို ရတဲ့သူဟာ နဂိုတုန်းက သူသိထားတဲ့ အသိအမြင်၊ အထင်မှားမှုတွေဟာ အများကြီး ပျောက်ကုန်တယ်။ သူ့ရဲ့  Personality ပါ တခါတည်း ပြောင်းလဲသွားနိုင်တယ်။ အသိဉာဏ်ပါ ပြောင်းလဲသွားနိုင်တယ်။ အတွေးအခေါ်နဲ့ ရတဲ့ အသိဉာဏ်ဟာ Personality အပြောင်းအလဲကို တကယ်မဖြစ်စေနိုင်ဘူး။ ဒီလိုတိုက်ရိုက်ကြည့်ပြီးတော့ သိလာတဲ့ အသိဉာဏ်ဟာ Personality ကိုအများကြီး ပြောင်းလဲသွားစေတယ်။

သူတို့အနောက်နိုင်ငံကပြောတဲ့ Personality ဆိုတဲ့ စကားလုံးကို ယူပြီးတော့ သုံးလိုက်ရတာပါ။ လူ့ရဲ့  စိတ်နေသဘောထား၊ အပြုအမူ၊ အသိအမြင် ပြောင်းလဲသွားတာ။ ပြောင်းလဲတာမှ တကယ်ကို သိသိသာသာကြီးကို ပြောင်းလဲသွားတာဘဲ။ ပြောင်းပြန်ပြန်မလာနိုင်လောက်အောင် ပြောင်းလဲသွားနိုင်တယ်။ ထိထိရောက်ရောက် ကြိုးစားလို့ရှိရင်။

အဲဒီတော့ တရားအားထုတ်တာတွေမှာ နည်းအမျိုးမျိုးနှင့် အားထုတ်တာတွေ ရှိပေမယ့် ဒီပစ္စုပ္ပန်မှာဖြစ်နေတဲ့၊ ခန္ဓာကိုယ်မှာဖြစ်နေတဲ့ သဘာဝတရားကို အတွေးမပါ၊ ပုံသဏ္ဍာန်မှန်းဆမှုမပါဘဲနှင့် တိုက်ရိုက်သိတဲ့ ဒီတရားအားထုတ်တဲ့နည်းဟာ အရိုးဆုံး၊ သဘာဝအကျဆုံး၊ အထိရောက်ဆုံးဖြစ်တယ်။ အကောင်းဆုံးဘဲ။ Simple ဖြစ်တယ်။ Natural ဖြစ်တယ်။ Effective ဖြစ်တယ်။ ပြီးတော့ Simple ဖြစ်မှကောင်းတယ်။ သိပ်ပြီးတော့ Complicated ဖြစ်လာရင်၊ ရှုပ်ထွေးကုန်တာမို့လို့ လုပ်ရတာ အဆင်မပြေတော့ဘူး။ ပင်ပန်းတယ်။ ရေရှည်မလုပ်နိုင်ဘူး။ တမင်တကာလုပ်ယူရတာမဟုတ်တဲ့ ရိုးရိုးလေးဖြစ်နေတဲ့၊ သဘာဝတရားကို ရိုးရိုးလေးဘဲ သတိလေးနှင့်ကပ်ပြီးတော့ ကြည့်ပြီးတော့ သိနေဖို့ဘဲလိုတာဘဲ။

(ဆရာတော် ဦးဇောတိက)

Audio File Download: http://minus.com/luFLzXsDKo05B

Youtube File: http://youtu.be/EH6ZCmEY2YE

Shared from Vimuttisukha Bliss (FB)

Saturday, April 13, 2013

"စစ်မှန်တဲ့ အပြစ်ဒဏ်"



စစ်မှန်တဲ့ ချမ်းမြေ့မှုဆိုတာ ဖြူစင်တဲ့ ကိုယ်ကျင့်သိက္ခာနဲ့
သန့်စင် မြင့်မြတ်တဲ့ စိတ်နှလုံးပေါ်မှာ အခြေခံပြီး
တည်ဆောက်မှသာ ရနိုင်တာမျိုးပါ။

အဲဒီအချက်ကို မငဲ့ကွက်ဘဲ ဘ၀တက်လမ်း ရှာမိရင်
လိုချင်တာတစ်မျိုး ရလာတာတစ်ဖုံ ဖြစ်တတ်ပါတယ်။
"မရမနေ၊ မနေမနား" ကြိုးစားပမ်းစား လျှောက်လှမ်းလို့
ရောက်လာ၊ ရလာတဲ့ ပန်းတိုင်တစ်ခုဟာ ကိုယ့်လက်ထဲ
ရောက်မှ "ရွှေရည်စိမ်" အတုကြီး ဖြစ်နေရင် အင်မတန် ကြေကွဲစရာ ကောင်းပါတယ်။

ဘ၀မှာ ချမ်းသာသုခ ရှာဖွေကြသူတွေဟာ
"ဆိုးတာပြုက၊ ဆိုးတာရ၊ ကောင်းမှ ကောင်းစား မည်"ဆိုတဲ့
ကမ္မနိယာမ၊ ဓမ္မဥပဒေသ၊ လောကရဲ့ ဆောင်ပုဒ်ကလေးကိုတော့ မျက်နှာလွှဲလို့ မရပါဘူး။

မကောင်းမှုနဲ့ ရင်းနှီးပြီးမှ ရလာတဲ့ ချမ်းသာတု ချမ်းသာယောင်တွေဟာ"သရဲတိုက်တွေ၊ ရေခဲစံ အိမ်"တွေပါ။
အခြေခံက စပြီးမှားတာမို့ “မတရားမှုနဲ့ ချမ်းသာသုခ”ဆိုတာ
ကောင်းကင်ပြာနဲ့ ကမ္ဘာမြေ၊ သမုဒ္ဒရာရဲ့ ဟိုဘက်ကမ်းနဲ့
ဒီဘက်ကမ်းပမာ လွန်စွာဝေးကွာတဲ့အရာတွေပါ။

တကယ်တော့ မကောင်းမှု ပြုကြသူတွေဟာ ချမ်းသာသုခ
ရလိုမှုသာမက ဆိတ်ကွယ်ရာလည်း တွေ့၊ ပြေးစရာလည်း
ရှိတယ်လို့ထင်တာနဲ့ မတရားအမှုကို ရဲရဲပြုကြတာပါ။
ဒါပေမယ့် မကောင်းမှု ဒုစရိုက်လုပ်ငန်းတွေဟာ
ဆိတ်ကွယ်ရာလည်းမရှိ၊ ရှောင်ပုန်းလို့လည်းမရပါဘူး။

မကောင်းမှု အကုသိုလ်ဆိုတဲ့ ဒင်္ဂါးပြားကြီးမှာ “အပြစ်ရှိခြင်း”လို့ဆိုတဲ့ “ခေါင်း”နဲ့ “မကောင်းကျိုးပေးခြင်း”လို့ဆိုတဲ့ “ပန်း” နှစ်ဖက် ပူးတွဲလျက်ပါတာပါ။

အပြစ်ရှိခြင်းဟာ မကောင်းမှု အကုသိုလ်ရဲ့
အသွင်သဏ္ဍာန်ဖြစ်ပြီး မကောင်းကျိုးပေးခြင်းကတော့ မကောင်းမှုအကုသိုလ်ရဲ့ အနှစ်သာရပဲ ဖြစ်ပါတယ်။

လူများစုဟာ အပြစ်ရှိခြင်းဆိုတဲ့ မကောင်းမှုရဲ့
အသွင်သန္တာန်ကို ပုံစံမျိုးစုံ၊ နည်းလမ်းအဖုံဖုံနဲ့ ဟန်ဆောင်ဖုံးကွယ်နိုင်ကြပေမယ့် မကောင်းကျိုးပေးခြင်းဆိုတဲ့
မကောင်းမှု အကုသိုလ်ရဲ့ အနှစ်သာရကိုတော့ ရှောင်လွဲမရ
လက်ခံ ကြရပါတယ်။
မတရားမှု အကုသိုလ်ပြုထားသူဟာ-
(၁) အတ္တာနုဝါဒဘေး= ကိုယ့်စိတ်က ကိုယ့်ကို စွပ်စွဲကဲ့ရဲ့အပြစ်တင်ခံရခြင်း။
(၂) ပရာနုဝါဒဘေး=အများက ကိုယ့်ကို စွပ်စွဲကဲ့ရဲ့ အပြစ်တင်ခံရခြင်း။
(၃)ဒဏ္ဍဘေး=တရားဥပဒေအရ အရေးယူ အပြစ်တင်ပေးခံရခြင်း။
(၄) ဒုဂတိပေး အခြေအနေနိမ့်ကျ အပါယ်လေးပါးရောက်ရခြင်း။ အားဖြင့် မကောင်းတဲ့အကျိုး ပေး(၄)မျိုးကို မလွဲမသွေ ခံစားကြရပါတယ်။

အဲဒီဘေး(၄)မျိုးကို (အများထင်သလို)နောင်ဘ၀ကျမှ
မဟုတ်ဘဲ အကုသိုလ်အမှုပြုမိတဲ့ အချိန်ကစပြီး
ကိုယ့်တရားကိုယ်စီရင်၊ ကိုယ့်ဘာသာကို အပြစ်ပေး
အများမသိပေမယ့် တိတ်တိတ်ကလေး ကျိတ်ဆွေး ခံစားကြရတာပါ။

►လူတိုင်းရဲ့ စိတ်ထဲမှာ အမှန်တရားကို မြတ်နိုးပြီး
ဘက်မလိုက်တတ်တဲ့ တရားသူကြီးတစ်ဦးစီ ရှိပါတယ်။

သူစီရင် ဆုံးဖြတ်ပေးတဲ့ ပြစ်မှုတွေဟာ လောကမှာ အမှန်ကန်အတည့်မတ်ဆုံး တရားစီရင်ထုံး တွေပဲဖြစ်ပါ တယ်။
အဲဒီအကြောင်းနဲ့စပ်တဲ့ ဓမ္မပုံပြင်ကလေးတစ်ပုဒ်ကို ပြောပြချင်ပါတယ်။

► ဒီပုံပြင်ဟာ ကာလီဒါသ လျှောက်ထုံးထဲမှာပါဝင်တဲ့
အဖြစ်အပျက်ကလေး တစ်ခုကို အခြေခံထားတာပါ။

"စစ်မှန်တဲ့ အပြစ်ဒဏ်"
----------------------------
ရှေးရှေးတုန်းက ဓာရာတိုင်းမှာ ဘောဇဘုရင်ကြီး အုပ်စိုးနေသတဲ့။ အဲဒီဘုရင်ကြီးဟာ ဥာဏ်ပညာ ထက်မြက်ပြီး စာပေ၊ဂီတ၊အနုပညာ တွေကိုလည်း အင်မတန်ဝါသနာပါတယ်။

ဘုရင်ကြီးဟာ နိုင်ငံတော်အုပ်ချုပ်ရေးကိုပဲ အဓိကထား
စီမံအုပ်ချုပ်တယ်၊ ရာဇ၀တ်မှုတွေ၊တရားမမှု တွေကိုတော့
တရားသူကြီးတွေ ခန့်ထားပြီး စီရင်ဆုံးဖြတ်စေသတဲ့။

တစ်ခါတစ်ခါ ဆန်းကြယ်တဲ့ အမှုအခင်းတချို့ ပေါ်လာရင်
ပညာရှိအမတ်ကြီး ကာလီဒါသကို လွှဲအပ်ပြီး စီရင်ဆုံးဖြတ်
စေပါတယ်။ဒါပေမယ့် မလွှဲသာမရှောင်သာ ဘုရင်ကြီးသာ
ဘုရင်ကြီးထံ ရောက်လာတဲ့ အမှုအခင်းတွေကို တော့
ကိုယ်တော်တိုင်ပဲ စီရင်ဆုံးဖြတ် ပေးလေ့ရှိပါတယ်။

အခါတစ်ပါးမှာ ဘောဇဘုရင်မင်းမြတ်ဟာ ပညာရှိအမတ်ကာလီဒါသ
မပါဘဲ မင်းချင်း ယောင်္ကျား တချို့နဲ့ တောလက်ကျေးရွာတွေ
ဘက်ကို တိုင်းခန်းလှည့်လည်တော်မူပါတယ်။

ဘုရင်မင်းမြတ် ရွာတစ်ရွာသို့ ရောက်တော်နေစဉ်မှာ
တိုက်တိုက်ဆိုင်ဆိုင် အဲဒီရွာမှာ ခိုးမှုတစ်ခု ဖြစ်ပွားသတဲ့။
အဲဒီအခါ ရွာမှာရှိတဲ့ ရွာသူကြီးဟာ ဒီအမှုကို ခုံရုံးအဖွဲ့မတင်တော့ဘဲ ခိုးသား(၄) ယောက်နဲ့အတူ အမှုတော်ကို ဘုရင်မင်းမြတ်ထံ တိုက်ရိုက်တင်ပို့လိုက်ပါတယ်။

ဘုရင်မင်းမြတ်ကလည်း ရှေ့တော်မှောက်ရောက်လာတဲ့ ခိုးသား(၄)ယောက်တို့ကို ဘာမျှ စစ်ဆေး မေးမြန်းမနေတော့ဘဲ
► “မောင်မင်းတို့၊ငါကိုယ်တော်မြတ်ရဲ့ခေတ်ဟာ သစ္စာတရားကို လက်ကိုင်ထားတဲ့ သစ္စာခေတ်ဖြစ်တယ်။ ရှင်ဘုရင်လုပ်တဲ့သူဟာ တိုင်းသူပြည်သားတို့ အပေါ်မှာ ရင်ဝယ်သားကဲ့သို့ သဘောထားရတယ်။ နှိပ်ကွက်ထိုက်တဲ့သူကို နှိပ်ကွပ်ရမယ်၊ ချီးမြှောက်ထိုက်တဲ့ သူကို ချီးမြှောက်ထောက်ပံ့ရမယ်။ ငါကိုယ်တော်မြတ် ဟာ ကျောသား၊ ရင်သားမခွဲခြား အဂတိတရား မလိုက်စားဘဲ အမှန်အတိုင်း ကျင့်ကြံ အားထုတ်နေလေ့ရှိတယ်”။

► “အခု မောင်မင်းတို့(၄)ဦးစလုံးဟာ မိမိတို့မှာ အပြစ်
အသီးသီးရှိ မရှိ၊ မောင်မင်းတို့သာသိတယ်။
တစ်ယောက်အပြစ်နဲ့ တစ်ယောက် အပြစ် တူညီမှာလည်း
မဟုတ်ကြပေဘူး။ အကြီးအငယ် အရွယ် အစားစား
အမျိုးမျိုးရှိမှာပဲ၊ ဒါကြောင့် ငါကိုယ်တော်မြတ် ဒီအမှုကို
မစီရင်လို မောင်မင်းတို့ဘာသာ စီရင် ဆုံးဖြတ်ပြီး အပြစ်ဒဏ်ကို မှန်စွာခံယူကြကုန်”လို့ အမိန့်တော်မြတ် ချမှတ်ပြီး လွှတ်ပေးတော် မူလိုက်သတဲ့။

“အို…အချင်းတို့၊ သင်တို့ရဲ့ စိတ်နှလုံးမှာ ဘယ်လိုများ
ခံစားကြရကုန်သနည်း၊ ယုံမှားသံသယ ရှိတာကို ရဲဝံ့စွာ လျှောက်တင်ကြလော့”လို့ မိန့်တော်မူပါတယ်။

ဒီအခါမင်းယောင်္ကျား တစ်ဦးက-“ရေမြေသခင်အရှင်မင်းမြတ်၊ အရှင်မင်းမြတ်ရဲ့ တရားစီရင်ပုံ မျိုးကို ကျွန်တော်မျိုးတို့ တစ်ကြိမ်မျှ
မတွေ့ မမြင်ဖူးကြပါ။ အပြစ်ကျူးလွန်သူမှန်သမျှဟာ ကိုယ့်အပြစ်
ကို အမြဲဖုံးဖိ ထားတတ်ကြပါတယ်။ တရားသူကြီးများက စစ်ဆေးမေးမြန်းသော်မှ လိမ်လည် လျှောက်တင်တတ်ကြပါတယ်။ မိမိကိုယ်ကို မိမိ အပြစ်ပေးတယ်ဆိုတာ ကြားတောင်
မကြားဖူးပါ ဘုရား”လို့ လျှောက်တင်တယ်။

► အဲဒီအခါ ဘုရင်မင်းမြတ်က “အချင်းတို့… ၊အမှုမှန်ကို
သိလိုကြရင် ယခုလွှတ်လိုက်သူ(၄)ဦး နောက်က တိတ်တဆိတ် ချောင်းမြောင်းပြီး လိုက်လံကြည့်ရှုကြလော့၊ ငါကိုယ်တော်မြတ်ရဲ့
သစ္စာ တရား အာဏာစက်ကို သိမြင်ပေလိမ့်မယ်”လို့ မိန့်တော်မူတယ်။

♦ ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်အရ၊ မင်းချင်းယောင်္ကျား
တချို့ဟာ ခိုးသား(၄)ယောက်နောက်က တိတ်တဆိတ်လိုက်လံ ချောင်းမြောင်းကြတယ်။

♦ ခိုးသား(၄)ဦးထဲက ခေါင်းဆောင်လုပ်သူဟာ ရွာအပြင်ဘက်
ရောက်တဲ့အခါ အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်
လိုက်တာကို တွေ့ရ သတဲ့။
♦ ဒုတိယခေါင်းဆောင်ကတော့ ဒီရွာကို လုံးဝမလာတော့ဘူး
ဆိုပြီး တခြားတစ်ရွာကို ထွက်ခွာ သွားသတဲ့။
♦ တတိယ လူကတော့ ဒီနေ့ကစပြီး အသက်ထက်ဆုံး
အိမ်အပြင်ဘက် မထွက်တော့ဘူး ဆိုပြီး မိမိတို့တွေ့ကြုံရတာတွေ
ကို အစုံအလင် ဘုရင်မင်းမြတ်ထံ လျှောက်တင်ကြတယ်။
အဲဒီတော့မှ ဘုရင် မင်းမြတ်က-

♦ “အချင်းတို့၊ ပြစ်မှုကျူးလွန်တဲ့သူဟာ သူတို့ရဲ့အပြစ်ကို သူတို့အသိဆုံးဖြစ်တယ်၊ ကိုယ်ကျူးလွန် တဲ့ အပြစ်ကို
သူတစ်ပါးက အပြစ်ပေးခြင်းဟာ အပြစ်နဲ့ ထိုက်တန်တဲ့ဒဏ်ကို
ခံစားချင်မှ ခံစားရလိမ့်မယ်။ မိမိအပြစ်ကို မိမိဘာသာ ပြစ်ဒဏ်ပေးခြင်းသည်သာ စစ်မှန်တဲ့ အပြစ်ဒဏ် ပေးခြင်း
မည်တယ်” လို့ မိန့်တော်မူလိုက်ပါတယ်။

အဲဒီအခါကျမှ ဘုရင်မင်းမြတ်ရဲ့ ဆန်းကြယ်တဲ့ တရားစီရင်ထုံးကို နားလည်သဘောပေါက် သွားကြတဲ့ မင်းချင်းယောင်္ကျားနဲ့
ရွာသူရွာသား တွေဟာ ဘုရင်မင်းမြတ်ရဲ့ ထက်မြက်တဲ့ ဥာဏ်ပညာ ကို ၀ိုင်းဝန်းချီးကျူးတော်မူကြသတဲ့။

ဒီပုံပြင်ကလေးဟာ ရိုးရိုးလေးနဲ့ ဆန်းကြယ်သလို လေးနက်စူးရှတဲ့ အတွေးစတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

“အတ္တဟိ အတ္တနော နာထော၊ မိမိကိုယ်သာကိုးကွယ်ရာ”ဆိုတဲ့
တရားတော် နဲ့အညီ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်အထုပ်
ကိုယ်ထမ်းကာ ကိုယ့်လမ်းကို ကိုယ်သွားနေရတဲ့ ဖြတ်ထုံးဟာ သဘာဝနိယာမတွေနဲ့ ညီညွတ်မျှတပြီး အမှန်ကန်ဆုံးနဲ့
လက်သင့်ခံနိုင်စရာ အကောင်းဆုံး ကောက်ချက်တစ်ခုပါ။

♦ ဒီပုံပြင်ကလေးကြောင့် “ကံတရားဆိုတာ ကိုယ်စိုက်ပျိုးတာကို ကိုယ်ပြန်ရိတ်သိမ်းရတာပဲ”ဆိုတဲ့ ဒေသနာတော်ရဲ့
အနက်အဓိပါယ်ကို အလေးဂရုပြုမိနိုင်သလို တခုတ်တရ တွေးဆမိနိုင်ပါတယ်။

♦ ဒီ"အတ္တနုဝါဒဘေး" လို့ခေါ်တဲ့ မိမိကိုယ်ကိုမိမိ စွပ်စွဲကဲ့ရဲ့
အပြစ်တင်မှု၊ လိပ်ပြာမသန့်မှုဟာ ထမင်းလုံး တစ္ဆေခြောက်သလို
နောက်ဆုံး အိပ်မက်ထဲ အထိတောင် လိုက်ပြီး ဒုက္ခပေး
ခြောက်လှန့်တတ်ပါ တယ်။ လူတွေဟာ သူတစ်ပါးတွေကို
လိမ်ညာလို့ရပြီး ကိုယ့်ကိုယ်ကိုတော့ ဘယ်လိုနည်းနဲ့မျှ
လိမ်ညာလို့မရ ဖြစ်တတ်ပါတယ်။

ဘယ်သူမျှ မသိအောင် တိတ်တိတ်ပုန်းပြုလုပ်ထားတဲ့ လျှို့ဝှက် ချက်တွေကိုတောင် ကိုယ်ကသိနေပြီးသားကို။ တကယ်တော့ ကိုယ့်အကြောင်း ကိုယ်အသိဆုံးပါပဲ။
မသိချင်ယောင်ဆောင်နေကြလို့ပါ။

♦လောကမှာ အဝေးက လူတွေထက် အနီးကလူတွေရဲ့
အကြည်ညို ခံနိုင်ဖို့က ပိုခက်ပါတယ်၊

♦ အနီးကလူတွေရဲ့ အကြည်ညိုခံနိုင်ဖို့ထက်လည်း မိမိကိုယ်မိမိ အကြည်ညိုခံနိုင်ဖို့က ပိုလို့ခက်ပါတယ်။

ဒါကြောင့် ဒီအပမာဒ ပုံပြင်ကလေးရဲ့
“ကိုယ့်ကိုယ်ကိုသာ၊ ကိုယ်ဆရာ၊ ကိုယ်သာအသိဆုံး”ဆိုတဲ့
အနှစ်သာရကို လက်ခံကာ ကိုယ့်ဟာကို ရဲရဲရင့်ရင့် ပြုပြင်ထိန်းကျောင်းနိုင်ဖို့ဆိုတာ အလွန်ပဲ အရေး ကြီးလှပါတယ်။

(စာရေးသူ - တော်ဝင်နွယ်)

----------------------*----------------------
- သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ -
"ဣဒံ မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု"
"Donated By Honey Lay"
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊
သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_

Shared from Honey Lay (FB)

အရာအားလုံးနှင့် ရှင်ကွဲသေကွဲ ကွဲရခြင်းကို အမြဲမပြတ် ဆင်ခြင်ပါ။




''ငါ၏ ချစ်အပ် မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲကွဲရခြင်း သေကွဲကွဲရခြင်းသည် ဖြစ်ချေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ - အဘယ် အကျိုးထူးကို စွဲ၍ ''ငါ၏ ချစ်အပ် မြတ်နိုးအပ်သော အရာ အားလုံးတို့နှင့် ရှင်ကွဲကွဲရခြင်း သေကွဲကွဲရခြင်းသည် ဖြစ်ချေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်သနည်း။

ရဟန်းတို့ - သတ္တဝါတို့အား ချစ်အပ် မြတ်နိုးအပ်သော အရာတို့၌ လိုလားစွဲမက်ခြင်း 'ဆန္ဒရာဂ' ဖြင့် စွဲမက်သော သတ္တဝါတို့သည် ကာယဒုစရိုက်ကို ပြုကျင့်ကုန်၏၊ ဝစီဒုစရိုက်ကို ပြုကျင့်ကုန်၏၊ မနောဒုစရိုက်ကို ပြုကျင့်ကုန်၏၊ ထို(ကွဲခြင်း) အကြောင်းကို မပြတ် ဆင်ခြင်သော သူအား ချစ်အပ် မြတ်နိုးအပ်သော အရာတို့၌ လိုလား စွဲမက်ခြင်းသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊
ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

ရဟန်းတို့ - ဤအကျိုးထူးကို စွဲ၍ ''ငါ၏ ချစ်ခင် မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲ ကွဲရခြင်း သေကွဲ ကွဲရခြင်းသည် ဖြစ်ချေမည်'' ဟု မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

''ငါတစ်ယောက်တည်းသာလျှင် ချစ်အပ် မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲ ကွဲရခြင်း သေကွဲ ကွဲရခြင်းဖြစ်သည် မဟုတ်။ စင်စစ်မူကား ဤဘုံဘဝသို့လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါ ဟူသမျှ အားလုံးတို့သည် ချစ်အပ် မြတ်နိုးအပ်သော အရာအားလုံးတို့နှင့် ရှင်ကွဲ ကွဲရခြင်း သေကွဲ ကွဲရခြင်းသည် ဖြစ်ချေ၏'' ဟု ဆင်ခြင်၏။

ထို (ကွဲခြင်း) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း
ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏။

( နီဝရဏဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်။ )

အေးချမ်းမွန်မှ ( 3 Treasures: Buddha, Dhamma & Sangha ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

Shared from Aye Chan Mon (FB)

ARE YOU WITH THE RIGHT PARTNER?




During a seminar, a woman asked," How do I know if I am with the right person?"

The author then noticed that there was a large man sitting next to her so he said, "It depends. Is that your partner?" In all seriousness, she answered "How do you know?" Let me answer this question because the chances are good that it's weighing on your mind
replied the author.

Here's the answer.

Every relationship has a cycle… In the beginning; you
fall in love with your partner. You anticipate their calls,
want their touch, and like their idiosyncrasies. Falling in love wasn't hard. In fact, it was a completely natural and spontaneous experience. You didn't have to DO anything. That's why it's called "falling" in love.

People in love sometimes say, "I was swept of my feet."Picture the expression. It implies that you were just standing there; doing nothing, and then something happened TO YOU.

Falling in love is a passive and spontaneous experience. But after a few months or years of being together, the euphoria of love fades. It's a natural cycle of EVERY relationship.

Slowly but surely, phone calls become a bother (if they come at all), touch is not always welcome (when it happens), and your spouse's idiosyncrasies, instead of being cute, drive you nuts. The symptoms of this stage vary with every relationship; you will notice a dramatic difference between the initial stage when you were in love and a much duller or even angry subsequent stage.

At this point, you and/or your partner might start asking, "Am I with the right person?" And as you reflect on the euphoria of the love you once had, you
may begin to desire that experience with someone
else. This is when relationships breakdown.

The key to succeeding in a relationship is not finding the right person; it's learning to love the person you found.

People blame their partners for their unhappiness and look outside for fulfillment. Extramarital fulfillment comes in all shapes and sizes.

Infidelity is the most common. But sometimes people turn to work, a hobby, friendship, excessive TV, or abusive substances. But the answer to this dilemma does NOT lie outside your relationship. It lies within it.

I'm not saying that you couldn't fall in love with someone else. You could. And TEMPORARILY you'd feel better. But you'd be in the same situation a few years later.

Because (listen carefully to this):

The key to succeeding in a Relationship is not finding the right person; it's learning to love the Person you found.

SUSTAINING love is not a passive or spontaneous experience. You have to work on it day in and day out. It takes time, effort, and energy. And most importantly, it demands WISDOM. You have to know
WHAT TO DO to make it work. Make no mistake about it.

Love is NOT a mystery. There are specific things you can do (with or without your partner), Just as there are physical laws Of the universe (such as gravity), there are also laws for relationships. If you know how to apply these laws, the results are predictable.

Love is therefore a "decision". Not just a feeling.

Remember this always: God determines who walks into your life. It is up to you to decide who you let walk away, who you let stay, and who you refuse to let GO! ♥

Shared from Ian's Post via Shanique Wong (FB)

Thursday, April 11, 2013

မလှည့်စားနဲ့



http://www.youtube.com/watch?v=BI6z4LEt_KE

မူပိုင်ခွင့်များနှင့် ပတ်သက်၍



အမ (Jin Li Chao) တစ်ယောက် ပုံတွေ မှာနာမည်ဖျက်ခံ
နာမည်ပြောင်းထားတာတွေ တွေ့ လို့ ဒီဆောင်းပါးလေးကို
Pandora's site မှတဆင့်ပြန်လည်ကူးယူဖေါ်ပြလိုက်ခြင်းဖြစ်ပါသည် ...


မူပိုင်ခွင့်များနှင့် ပတ်သက်၍

ကိုမောင်ရင် ဘလော့ဂ်မှာ လတ်တလော ပြဿနာတစ်ခု တွေ့လို့ ဒီစာကို ရေးလိုက်ပါတယ်။ ဒါမျိုးတွေက ခုတလော များများလာတာ သတိထားမိပါတယ်။ အဓိကကတော့ ကိုမောင်ရင် ဖန်တီးထားတဲ့ ပုံကို တခြားဘလော့ဂ်တစ်ခုက ကိုမောင်ရင် နာမည် credit မပေးပဲ ဖော်ပြထားတယ်။ ဒီ့အပြင် ပုံထဲမှာ ကိုမောင်ရင် ဘလော့ဂ်လိပ်စာလေး ဖော်ပြထားတာကို ဖျက်ထားတယ်။ သူကိုယ်တိုင် ဖျက်ခဲ့တာ ဖြစ်ချင်မှတော့ ဖြစ်မှာပါ။ တယောက်ယောက်က ဖျက်ပြီးသားကို အမှတ်မထင် ရထားတာမျိုးလည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါကိုတော့ ကာယကံရှင်ကပဲ ရှင်းလင်းပါလိမ့်မယ်။

ဟိုတလောက ဂျစ်တူးကလည်း မေးသေးတယ်။ မြန်မာပြည်က ဖန်တီးမှုတခုကို တနေရာရာမှာ ပြန်ဖော်ပြတာနဲ့ ပတ်သက်လို့ပါ။ မြန်မာပြည်မှာ ကော်ပီရိုက် (copyright) မရှိဘူး မဟုတ်လား တဲ့။ နောက်ပြီးတော့ ဖန်တီးမှုတွေမှာ ကော်ပီရိုက် ကာကွယ်ထားသည်လို့ ရေးမထားရင် ကော်ပီရိုက် ကာကွယ်ထားတာ မဟုတ်ဘူးလို့ ယူဆရမှာလား တဲ့။ ဒါက လူတွေကြားမှာ လွဲမှားနေတတ်တဲ့ နားလည်မှုတစ်ခုပါ။ တကယ်တမ်းတော့ မြန်မာပြည်မှာလည်း ကော်ပီရိုက် ဥပဒေဆိုတာ ရှိပါတယ်။ enforcement အားနည်းပြီး ထပ်ပြီး update လုပ်စရာတွေ လိုနေသေးပေမယ့် ဥပဒေကတော့ ရှိပါတယ်။ ကိုယ်လည်း ကျွမ်းကျင်သူ မဟုတ်ပေမယ့် သာမန်အားဖြင့် လူတွေ မှားယွင်း ထင်တတ်ကြတာကို သတိပြုမိသွားတယ်။ ဒီတော့ ကြားဖူးထားသလောက်ကို ပြန်ပြောပြချင်ပါတယ်။


တကယ်တော့ မူပိုင်ခွင့် ဆိုတာ common sense နဲ့ စဉ်းစားကြည့်ရင်ကို နားလည်နိုင်တာမျိုးပါ။ ဥပဒေ ရှိရှိမရှိရှိ သိသိမသိသိ ဖန်တီးမှုဆိုတာ ရှိလာရင် ဖန်တီးသူရဲ့ အခွင့်အရေးကို ရိုသေခြင်းဟာ လူ့အဖွဲ့အစည်းမှာ စောင့်စည်းရမယ့် အကျင့်စာရိတ္တ တမျိုးပါ။ ကိုယ်ပိုင် မဟုတ်ဘူးဆိုရင် ဘယ်သူဖန်တီးသလဲ ဆိုတာကို ဖော်ကိုဖော်ပြရမယ် ဆိုတာ အခြေခံအားဖြင့် လူတိုင်း နားလည်ပြီးသားလို့ ထင်မိပါတယ်။ ဘယ်သူဖန်တီးသလဲ မသိခဲ့ရင်တောင် အနည်းဆုံးတော့ ကိုယ်ဖန်တီးတာ မဟုတ်ကြောင်း ရိုးရိုးသားသား ၀န်ခံထားသင့်ပါတယ်။ ဖန်တီးသူက အလကားပေးထားလို့ ကိုယ်က ထပ်ဖြန့်တဲ့အခါမှာလည်း ဘယ်သူဘယ်ဝါရေးတာပါ ဆိုတာ စာရေးသူ နာမည်လေးဖြစ်ဖြစ်၊ ကိုယ်ရခဲ့တဲ့ website link လေးဖြစ်ဖြစ် ပေးထားသင့်ပါတယ်။

ဂျစ်တူး မေးထားသလို မူလဖန်တီးမှုတွေမှာ ဘာမှဖော်ပြမထားရင် ကော်ပီရိုက် မရှိဘူးလို့ မယူဆနိုင်ပါ။ တကယ်တော့ ကော်ပီရိုက်ကို ချိုးဖောက်မိစရာအတွက် ပိုတောင် အန္တရာယ်ကြီးပါသေးတယ်။ ကော်ပီရိုက်ဆိုတာက တချို့သော ဉာဏဆိုင်ရာ ပိုင်ဆိုင်မှုအခွင့်အရေး တွေနဲ့ မတူပဲ မှတ်ပုံတင်စရာ မလိုတဲ့ အခွင့်အရေးမျိုး ဖြစ်တယ်။ စာ၊ ကဗျာ၊ ပုံ၊ သီချင်း တစ်ခုခုကို စပြီး မူလ original ဖန်တီးလိုက်ရင် ဖန်တီးပြီးတဲ့ အချိန်မှာပဲ ဖန်တီးသူဟာ အလိုလို မူပိုင်ခွင့်တွေကို ပိုင်ဆိုင်သွားပါပြီ။ ဒါကို ကော်ပီရိုက်ရဲ့ မူပိုင်ခွင့် အမှတ်အသား © နဲ့ဖြစ်ဖြစ် စာအနေနဲ့ဖြစ်ဖြစ် ဘာမှရေးမထားတဲ့ အနေအထားမှာ by default အနေနဲ့ အဲဒီဖန်တီးမှုနဲ့ ပတ်သက်တဲ့ မူပိုင်ခွင့်အားလုံးကို ဖန်တီးသူက ပိုင်ဆိုင်တယ်လို့ ဆိုလိုတာ ဖြစ်နေနိုင်ပါတယ်။ သူ့ဖန်တီးမှုကို တခြားလူတွေဟာ ဘယ်လို အနေအထားနဲ့ သုံးစွဲနိုင်တယ်လို့ အတိအလင်း ရေးထားမှသာလျှင် သူပြောထားတဲ့ အခြေအနေအောက်မှာ ယူသုံးလို့ရပါတယ်။ ဒီတော့ ဖန်တီးသူက ဘာမှ ဖော်ပြမထားခဲ့ရင်တောင် သူဟာ မူပိုင်ခွင့်တွေကို မပိုင်တာ မဟုတ်ပါ။ သူပိုင်တယ်လို့ ဖော်ပြထားလိုက်ရင်တော့ ပိုခိုင်မာသွားတာပေါ့။

မူပိုင်ခွင့်တွေ ဘာလို့ ရှိသင့်သလဲ။ ဒါက ပြောပြောနေကြတဲ့ လူ့အခွင့်အရေး Human Rights ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်။ ဖန်တီးခွင့်ရှိသလို ဖန်တီးမှုကို ဖန်တီးသူက ပိုင်ဆိုင်ခွင့် ရှိရမယ်။ လူ့အဖွဲ့အစည်းဟာ လူသားတွေရဲ့ တီထွင်ဖန်တီးမှုကြောင့်သာ တိုးတက်လာရပါတယ်။ ဖန်တီးတတ်တဲ့ အသိဉာဏ်ကြောင့်လူသားတွေ အခုထိ ရှင်သန်ရပ်တည်နေနိုင်တာပါ။ ဒါကြောင့် ခြုံပြောရရင် တီထွင်မှုတွေ ဖန်တီးမှုတွေဟာ ကြိုဆိုရမယ့် အားပေးရမယ့် အရာလည်း ဖြစ်ပါတယ်။ ဒါဟာ မငြင်းနိုင်တဲ့ အမှန်တရားတစ်ခုပါ။ ဒီတော့ ဖန်တီးသူတွေ တီထွင်သူတွေအနေနဲ့ ဘာများမက်မောစရာရှိလို့ အပင်ပန်းခံ ဖန်တီးကြ တီထွင်ကြရမှာလဲ။

အကြောင်းကြောင်းတွေထဲမှာ အဓိကက ၀ါသနာ၊ အသိအမှတ်ပြုမှု၊ နဲ့ အကျိုးအမြတ် ပါပဲ။ ဖန်တီးတီထွင်သူဟာ ဒီဖန်တီးတီထွင်မှုဟာ သူ့လက်ရာလို့ အသိအမှတ်ပြု ခံချင်မယ်။ ပြီးတော့ ဖန်တီးတီထွင်မှုရဲ့ စီးပွားရေးအရ အကျိုးအမြတ်ကို (သူလိုချင်ရင်ပေါ့) သူခံစားချင်မယ်။ အဲဒါဟာ နောက်ထပ် ဖန်တီးတီထွင်မှုတွေ သူထပ်လုပ်ဖို့အတွက် တွန်းအားပေးတယ်။ ဘေးကလူတွေအတွက်လည်း သူ့လို ဖန်တီးတီထွင်ဖို့ တွန်းအားပေးတယ်။ ဖန်တီးတီထွင်မှုရဲ့ အသီးအပွင့်တွေကိုလည်း လူတွေအားလုံး အကျိုးခံစားရမယ်။

ကော်ပီရိုက်အကြောင်း ဆက်မပြောခင်မှာ ဉာဏဆိုင်ရာ ပိုင်ဆိုင်မှုပစ္စည်း Intellectual Property အမျိုးအစားတွေ အကြောင်း အကြမ်းဖျင်း ပြောပြချင်ပါတယ်။
၁) Copyrights (ဥပမာ။ သီချင်း၊ ကဗျာ၊)
၂) Patents (ဥပမာ။ ကော်ဖီဖျော်စက်လို တီထွင်မှုများ inventions)
၃) Industrial Designs (ဥပမာ။ အအေးပုလင်း ဒီဇိုင်းပုံစံ၊ လက်ကိုင်ဖုန်း ဒီဇိုင်း)
၎) Trademarks (ကုန်ပစ္စည်း ၀န်ဆောင်မှုပစ္စည်း အမှတ်တံဆိပ် )
၅) Geographical Indications (ဥပမာ။ ရှန်ပိန် အရက်၊ ဒါဂျီလင် လက်ဖက်ခြောက်)
၆) Trade Secrets & Confidential Information (ဥပမာ။ ကိုကာကိုလာ ဖျော်စပ်တဲ့ ဖော်မြူလာ)
၇) Plants Varieties Protection (အပင်မျိုးများ ကာကွယ်ခြင်း)

စာပေအနုပညာနဲ့သိပ္ပံဆိုင်ရာ လက်ရာများ literary, artistic and scientific works တွေ နဲ့ပတ်သက်တဲ့ ပိုင်ဆိုင်မှုအခွင့်အရေးတွေကို ကို ကော်ပီရိုက် ဥပဒေက ကာကွယ်မှုပေးပါတယ်။ ကော်ပီရိုက် မူပိုင်ခွင့်တွေကို အခုလို ၂ ပိုင်း ထပ်ခွဲနိုင်တယ်။

(၁) စီးပွားရေးဆိုင်ရာ မူပိုင်ခွင့်များ (Economic Rights)
- ပြန်လည်ထုတ်လုပ်ခွင့် (reproduction)
- ဘာသာပြန်ခွင့် နှင့် မှီငြမ်းခွင့် (translation, adaptation)
- ထုတ်ဝေခွင့် နှင့် လူအများရှေ့မှောက်တွင် တင်ပြခွင့် ဖျော်ဖြေခွင့်(publication, public performance)
- ရုပ်/သံလွှင့်ခြင်း နှင့် အခြား လူထု ဆက်သွယ်ရေးဆိုင်ရာခွင့် (broadcasting, other communication to the public)

(၂) ဂုဏ်သိက္ခာ နှင့် အသိအမှတ်ပြုခြင်းဆိုင်ရာ မူပိုင်ခွင့်များ (Moral Rights)
- ဖန်တီးသူအမည်ခံပိုင်ခွင့် (attribution)
- ဖန်တီးသူ အမည်မှား မဖြစ်စေခွင့် (not to have work falsely attributed)
- ဖန်တီးပစ္စည်းကို မူလဂုဏ်မပျက် ထိန်းသိမ်းခွင့် (integrity)
(အတတ်နိုင်ဆုံး ဆီလျော်အောင် နဲ့ လူတွေ ပိုနားလည်နိုင်အောင် ဘာသာပြန်ကြည့်ထားတယ်။ မှားတာတွေ့ခဲ့ရင် လာထောက်ပြပေးပါ။)

ကော်ပီရိုက်အပြင် သက်ဆိုင်သောမူပိုင်ခွင့်များ (Related Rights) အနေနဲ့ဆိုရင် သရုပ်ဆောင်သူ (performing artists) ထုတ်ဝေသူ (producers of records) စသူတွေရဲ့ အခွင့်အရေးတွေလည်း ရှိပါသေးတယ်။

ကော်ပီရိုက်ပိုင်ရှင်ဟာ သူ့ရဲ့ဖန်တီးမှုကို သူကြိုက်သလိုသုံးစွဲခွင့် exclusive ရထားတယ်။ economic rights အောက်မှာ သူဟာထုတ်လုပ်ရောင်းချ နိုင်ခွင့်ရှိပြီး moral rights အနေနဲ့ သူ့နာမည်နဲ့သူ့ဖန်တီးမှုကြားက သက်ဆိုင်မှုကို သူဟာပိုင်ဆိုင်ပါတယ်။ rights of reproduction ကိုလည်း သူပိုင်တဲ့အတွက် သုံးစွဲသူအနေနဲ့က တကိုယ်ရည်စာ သုံးစွဲဖို့ reproduce လုပ်တာထက် ပိုမိရင် သူ့ကော်ပီရိုက်ကို ထိပါးရာကျနေပါပြီ။

စီးပွားရေးဆိုင်ရာ အခွင့်အရေးတွေက လွှဲပြောင်းချင်ရင် လွှဲပြောင်းပေးလို့ ရနိုင်တယ်။ ဒါပေမယ့် သာမန်အနေအထားမှာ ဂုဏ်သိက္ခာနဲ့ အသိအမှတ်ပြုခြင်းဆိုင်ရာ မူပိုင်ခွင့်တွေဟာ မူလ ဖန်တီးသူဆီမှာပဲ အမြဲရှိနေတယ်။ ဒီတော့ ဘာသာပြန် မှီငြမ်းရေးတယ် ဆိုရင်လည်း မူလရေးသူရဲ့ နာမည်တို့ မူလ ရရှိတဲ့ website တို့ကို ဖော်ပြပေးဖို့ လိုအပ်တယ်။

Copyright ဟာဖန်တီးသူရဲ့ အိုင်ဒီယာ idea ကိုတော့ ကာကွယ်မပေးပါဘူး။ သူ့ရဲ့ဖန်တီးလိုက်တဲ့ပစ္စည်း expression ကိုသာ ကာကွယ်ပေးတာပါ။ ဥပမာ ရှိတ်စပီးယား က ရိုမီယိုနဲ့ဂျုးလိယက် ချစ်ကြ၊ အမျိုးချင်းချင်းမတည့် ၊ သတ်သေကြလို့ သေကွဲ ကွဲကြ ဆိုတဲ့သဘောနဲ့ ဇာတ်လမ်းဆင်ထားပါတယ်။ ဒီဇာတ်လမ်းသဘော ကို နောက်စာရေးဆရာတစ်ယောက်က ယူပြီး ၀တ္ထု အသစ် ရေးခဲ့ရင် ကော်ပီရိုက်ကို ချိုးဖောက်တယ်လို့ ဥပဒေအရတော့ ပြောဖို့ခက်တယ်။ ဒါပေမယ့် စာဖတ်သူကတော့ အိုင်ဒီယာ ခိုးတယ်လို့ သတ်မှတ်ကောင်း သတ်မှတ်မယ်။

ပြန်ပြောရရင် အခြေခံ သဘောတရားအနေနဲ့က ကော်ပီရိုက် မူပိုင်ခွင့် ရဖို့ မှတ်ပုံတင်ဖို့ မလိုအပ်ဘူး။ ဒါပေမယ့် မှတ်ပုံတင်ဖို့ လို-မလို ဆိုတာ သက်ဆိုင်ရာ နိုင်ငံရဲ့ ဥပဒေနဲ့လည်း ဆိုင်ပါတယ်။ ကော်ပီရိုက်မှာ အရေးအကြီးဆုံး အချက်က မူလဖန်တီးမှု (original) ဖြစ်ဖိုပဲ။ သာမန်အားဖြင့်ဆိုရင် စတင်ဖန်တီးသူဟာ ဖန်တီးတဲ့ ပစ္စည်းကို ဖန်တီးတဲ့ အချိန်ကစပြီးတော့ အဲဒီပစ္စည်းနဲ့ ပတ်သက်တဲ့ ကော်ပီရိုက်ကို ပိုင်ဆိုင်တယ်။

ကော်ပီရိုက်မှာ သက်တမ်းလည်း ရှိပါတယ်။ ဖန်တီးသူဟာ ကော်ပီရိုက်ကို သူ့ ဘ၀သက်တမ်း နဲ့ နောက်ထပ် အနှစ် ၅၀ ကနေ ၇၀ အထိ ပိုင်ဆိုင်နိုင်တယ်။

နိုင်ငံအဆင့်အနေနဲ့တော့ ကော်ပီရိုက်ကို ဘာလို့ လိုက်နာရတာလဲ။ သဘောတရားအားဖြင့် ဖန်တီးတာတွေ အားပေးဖို့။ ပြီးတော့ တရားမျှတဖို့။ (ဒီနေရာမှာ ဖန်တီးသူတွေ ရောင်းချသူတွေ ဘက်ကသာမက သုံးစွဲသူ စားသုံးသူတွေ ဘက်ကပါ ထည့်သွင်းစဉ်းစားဖို့ လိုတယ်ဆိုတာ မငြင်းပါဘူး။ )ဒီ့အပြင် နိုင်ငံတွေမှာ စီးပွားရေးနဲ့ ဆိုင်တဲ့ ပူးပေါင်းကူညီမှုတွေ အတွက် နိုင်ငံတွေ အချင်းချင်း ကြားမှာ လက်မှတ်ထိုးထားရတဲ့ စာချုပ်တွေ၊ အဖွဲ့ဝင်ထားရတာတွေ ရှိတယ်မဟုတ်လား။ အဲဒီလိုဆိုရင် စာချုပ်ပါအချက်တွေ အဖွဲ့ဝင်နဲ့ဆိုင်တဲ့ သတ်မှတ်ချက်တွေကို လိုက်နာရတာပါပဲ။ ကိုယ့်နိုင်ငံရဲ့ ဥပဒေတွေကိုလည်း အဲဒီ သတ်မှတ်ချက်တွေနဲ့အညီ ပြုပြင်ရတယ်။ ကော်ပီရိုက်ဥပဒေဟာ အင်မတန် ကျယ်ပြန့်ပါတယ်။ စင်္ကာပူမှာဆိုရင်တော့ ကုမ္ပဏီဥပဒေပြီးရင် အထူဆုံး စာမျက်နှာအများဆုံးဟာ ကော်ပီရိုက်ဥပဒေပါ။ အခုအထိလည်း ပြင်နေတုန်းပါပဲ။ ကော်ပီရိုက်နဲ့ ပတ်သက်ရင် အရေးကြီးတဲ့ သဘောတူညီချက်တခု ကတော့ Berne Convention (၁၈၈၆) ပါ။ မြန်မာနိုင်ငံကတော့ အဲဒီမှာ လက်မှတ်ထိုးထားတဲ့ နိုင်ငံမဟုတ်သေးပါဘူး။ ဒါပေမယ့် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ဖြစ်သလို ကမ္ဘာ့ကုန်သွယ်မှု အဖွဲ့အစည်းဝင် နိုင်ငံ ဖြစ်တဲ့အတွက် တချို့ သတ်မှတ်ချက်တွေက အကျုံးဝင်တာတွေ ရှိပါတယ်။ နောက်ပိုင်းမှာ စီးပွားရေး နိုင်ငံရေး တိုးတက်လာရင် တဖြည်းဖြည်းနဲ့ အဲဒီလိုစာချုပ်တွေမှာ ပါဝင်လာပြီး ကာကွယ်မှုတွေကို အဆင့်တစ်ခုရောက်အောင် မလွဲမသွေ သတ်မှတ်လိုက်နာရမှာပါ။

(ဒီလို မူပိုင်ခွင့်တွေနဲ့ပတ်သက်တဲ့ အခြေခံဗဟုသုတတွေ ရချင်တယ်ဆိုရင် ဒီအောက်က၀က်ဘ်ဆိုက်မှာ ရှိတဲ့ အဝေးသင် သင်တန်းတွေ တက်ဖို့ တိုက်တွန်းချင်ပါတယ်။ DL 001 နဲ့ DL 101 ကို တက်ပါ။ ပိုက်ဆံတစ်ပြားမှ မပေးရပါဘူး။ DL 101 အတွက်ဆိုရင် အောင်သွားတဲ့အခါ Certificate ရပါမယ်။http://www.wipo.int/academy/en/courses/distance_learning/catalog/c_index.html
)

ဒီပို့စ်ကတော့ ဖတ်ဖူးတဲ့ အခြေခံ သဘောတရားတွေ နဲ့ နိဒါန်းပျိုးလိုက်တာပါ။ သူများရဲ့ မူပိုင်ခွင့်ကို လေးစားသလို ကိုယ့်မူပိုင်ခွင့်ကို ဘယ်လိုကာကွယ်နိုင်မလဲ ဆိုတာကိုတော့ တချိန်က ကိုပုထုဇဉ် ဆိုတဲ့ ဘလော့ဂါ တစ်ယောက် ဘာသာပြန် ရေးထားတဲ့ ဆောင်းပါးလေးတွေကို ပြန်ဖော်ပြပေးပါမယ်။ ကိုပုထုဇဉ်က အခု ဘလော့ဂ် မရှိတော့ဘူးဆိုတော့ အခုနောက်ပိုင်းမှ စရေးတဲ့ ဘလော့ဂါတွေ သတိမထားမိ ဖြစ်နိုင်ပါတယ်။ ကိုပုထုဇဉ်ကို အကြောင်းမကြား နိုင်ပေမယ့် သူ့ရဲ့ creative commons license အရ သူ့ကို credit ပေးပြီး ဖော်ပြပိုင်ခွင့် ရှိတဲ့အတွက် ပြန်ဖော်ပြပေးပါမယ်။ စောင့်ပါ။

အကိုးအကားများ

http://www.wipo.int/about-ip/en/ipworldwide/pdf/mm.pdf

http://www.wipo.int/copyright

http://creativecommons.org/licenses/


မူရင်း - http://pandorao.multiply.com/journal/item/245/245?&show_interstitial=1&u=%2Fjournal%2Fitem

Shared from ရေးမိရေးရာလေးများ Page (FB)

ကျွန်မဘဝရဲ့ ..အရင်းနှီးဆုံး ” တစိမ်း တစ်ယောက်”




သူများတွေနဲ့ မတူ ထူးထူးခြားခြား သူနဲ့ ကျွန်မ ဆုံစည်းခဲ့ကြတာ ဆန်းတယ်လည်း မဟုတ်။ မဆန်းကြယ်သော သာမန်တွေ့ဆုံမှု တစ်ခုကနေ ပဲအစပြုခဲ့ ကြတယ်။ လူတွေ အများကြိး ထဲမှာမှ သူက ထူးထူးခြားခြား တစ်သီးတစ်သန့် ရှိနေတက်တဲ့ သူက ကျွန်မပတ်ဝန်းကျင်က ရှိနေကြ သူတွေနဲ့ ဆန့်ကျင်ပြီး ခပ်တန်းတန်း ရှိနေလို့ကိုပဲ ကျွန်မ သူ့ကို သတိထားမိခဲ့ တာပဲ ဖြစ်ပါတယ်။ သူများတွေနဲ့ မတူဘူးလို့ ကျွန်မ ယူဆထားတဲ့ သူ့မှာ တစ်ကယ်လဲ သူမတူတဲ့ အရည်ချင်းတွေနဲ့ သူနဲ့ စကားပြော မိတဲ့ အချိန်မှာ ကျွန်မ ကောက်ချက် ချမိခဲ့ရတယ်လေ။

စကားအရာမှာ ကျွမ်းကျင် လိမ္မာစွာ ပြောဆို တက်ပါတယ်ဆိုတဲ့ ကျွန်မတောင်မှ တော်တော်လေး သတိထားပြီး ပြောရတဲ့ အနေအထား မျိုးနဲ့ သူက စကားအရာမှာ ကျွမ်းကျင် နေလိုက်တာ။ သူနဲ့ စကားပြောတိုင်း ကျွန်မကို မသိမသာ တစ်မျိုး၊ သိသိသာသာ တစ်မျိုးနဲ့ သူနားလည် ထားတဲ့ သူဘဝရဲ့ ခံယူချက်တွေ၊ သူရဲ့ တစ်စုံတစ်ရာ ကိုအမြဲပဲ လေးလေး နက်နက် တွေးဆ တက်ပုံလေးတွေ ဖွင့်ပြောရင်း သူက ကျွန်မကို စကားအရာမှာ သိမ်းသွင်း ခေါင်ဆောင် နိုင်တာ တစ်ကယ်တော့ မဆန်းပါဘူးလို့ သူနဲ့ သိကျွမ်းတာ ကြာလေလေ ဖြတ်သန်းရတဲ့ ဘဝ အခြေနေ တစ်ခုပေါ်မှာ သူနားလည်ထားတဲ့ အနေအထားတွေကို သုံးသပ်ရင်း ကျွန်မနားလည် လာခဲ့ရတယ်။

ကျွန်မထပ် အသက်အားဖြင့် အနည်းငယ်သာ ငယ်သော ကောင်လေးတစ်ယောက် အနေနဲ့ သူကို ကျွန်မ မလေးစားပဲ နေလို့မရအောင်ပဲ သူက အရည်ချင်းတွေ ရှိနေတဲ့ လူငယ်တစ်ယောက် အဖြစ်နဲ့ပေါ့။ တစ်ခါတစ်လေ တော့လည်း သူက စကားလုံး ဆန်းဆန်းတွေနဲ့ လူကြီး တစ်ယောက်လို ဒသန ဆန်ဆန် စကားတွေ ပြောတက်ပြီး ကျန်တဲ့ အချိန် တော်တော် များများ မှာတော့ သူက တစ်ကယ့် ကလေးငယ် တစ်ဦးလို အပြစ်ကင်းစင်စွာ ရိုးရိုးသားသားနဲ့ အမြဲတမ်း ကျွန်မရယ်မော စေရန် အတွက်ဆိုပြီး ဟာသတွေ မရိုးအောင် ပြောတက်တဲ့ လူငယ်လေး တစ်ယောက် အဖြစ်နဲ့ ရှိနေတက် ပြန်တယ်။

သူရော ကျွန်မပါ နှစ်ယောက် စလုံး သတိမထား မိလိုက်ချိန်မှာပဲ တစ်ယောက် နဲ့တစ်ယောက်က နားလည်မှု တွေဖလှယ်လို့ တော်တော်လေး ရင်းနှီးကျွမ်းဝင် ခဲ့ကြတာ နှစ်ဦးသား နှလုံးသား ခြင်းမပြောပဲ နားလည်မိခဲ့ ကြတဲ့အချိန် ကစလို့ပေါ့။ ပျော်ရွင်စရာ၊ စိတ်လှုပ်ရှား စရာ၊ ရင်ခုန်စရာ တွေထုံမွမ်းတဲ့ ချစ်ခြင်း သံဇဉ် တစ်ခုနဲ့ အတူ မမျှော်လင့်တဲ့ အချိန် မမျှော်လင့်တဲ့ အကြောင်းအရာ တွေနဲ့ ကျွန်မကို သူက ကြည်နူးမှု တွေ အမြဲတမ်း မရိုးအောင် ပေးစွမ်း နိုင်သူ တစ်ဦး အဖြစ်နဲ့ ချစ်ပြခဲ့တယ်။ သံဇဉ်တွေ တီးခတ်ပြိး သူ့ရဲ့ အသံချိုမြမြ အောက်မှာ ကောင်းကင်က ကြယ်ရိပ်မမြင် လရိပ်မထင်ပဲ အလှဆုံး ဖြစ်ခဲ့ရတယ်။

ချစ်ကြသူတို့ရဲ့ အစဉ်အလာ အတိုင်း ကျွန်မနဲ့ သူ ဖြူစင်တဲ့ နှလုံးသားတွေနဲ့ ရိုးသားစွာ ချစ်ကျွမ်း ဝင်ခဲ့ကြတယ်။ တစ်ခါတစ်ခါ လည်း စိတ်ကောက်ကြ၊ ရန်ဖြစ်ကြ၊ ပြီးတာ့လည်း ပြန်ချစ်လိုက်နဲ့ အချိန်တွေ ကုန်မှန်းမသိ ကုန်ဆုံးရင်း အဲဒီလိုနဲ့ သူနဲ့ ကျွန်မ။ အမည်နာမ တစ်ခုအနေနဲ့ ကဗျာမဆန်ပဲ ကျွန်မရဲ့ အတည်လိုလို စသလိုလို နမ်စား တစ်ခုအဖြစ် ” ချစ် ” လို့ကျွန်မ သူ့ကို ခေါ်တိုင်း အပြုံးတွေနဲ့ ကျေနပ်တက်တဲ့ သူ့မျက်နှာက ပုံရိပ်တွေ မြင်တိုင်း ရင်မှာ ကြည်လင်တဲ့ စမ်းချောင်း လေးတစ်ခု ဖြတ်သန်း စီးဆင်းရသလိုပဲ သူ့အပြုံးတွေဟာ မြင်ရသူ ရင်ကို အေးမြစေ ပါတယ်။

အမြဲတမ်း လွဲနေ တက်တဲ့ ကျွန်မရဲ့ အဖြစ်တွေ မြင်တိုင်း မချိတင်ကဲ လေသံတစ်မျိုးဖြင့် ” မ ကတော့လုပ်ပြီ၊ မ ကတော့ ဖြစ်ရမယ် ” လို့ အပြစ်တင်တယ် လည်းမဟုတ်၊ မချိတင်ကဲ ရေရွတ်လို့ ကျွန်မရဲ့ အမှားတွေကို ထောက်ပြပြိး ဘယ်လိုလေး ဆိုရင်ကော ဆိုပြိး တစ်ဖက်လှည့်နဲ့ ကျွန်မကို အမှန်ပြင်ပေး တက်တဲ့ သူ။ ကျွန်မ စိတ်ညစ်တိုင်း ပျော်စရာ ရှာဖွေပေးတက်တဲ့ သူ့က ကြံကြံဖန်ဖန် ကျွန်မရယ်မော နိုင်ဖို့ဆိုပြိး ဟာသ စာတွေ ရွေးဖတ်တက်တဲ့ သူ။ ကျွန်မ မျက်နှာကို ကြည့်မှန် တစ်ချက်လို အရိပ် တစ်ကြည့်ကြည့် ရှိနေတက်တဲ့ သူကိုယ်တိုင် စိတ်ညစ်တဲ့ အခါမျိုးမှာ ကျွန်မကတော့ သူနဲ့အတူ လိုက်ငို လိုက်ရုံမှ တပါး အခြားမရှိ ဆိုသလို သူကို နှစ်သိမ့် ပေးနိုင်မှုတောင် မရှိတဲ့ ညံ့ဖျင်းသူ တစ်ယောက် အနေနဲ့ပေါ့။



တစ်ခါ တစ်ရံ အကြောင်း အရာ တွေထိပ်တိုက် ဆွေးနွေးပွဲ တွေမှာ မသိမသာ ရှောင် ထွက်လေ့ ရှိတဲ့ ကျွန်မရဲ့ အကျင့်ကို အလွတ် ရနေတဲ့ သူက ” လက်တစ်လုံးခြား စကားပြော ကျွမ်းကျင်တိုင်း ရှောင်ထွက်တယ် “လို့ အမြဲတမ်း ခွင့်လွတ် ပြုံးတွေနဲ့ ပြုံးနေ တက်တဲ့သူ။ ချစ်ကြပြီ ဆိုတော့လည်း နီးနိုင်ဖို့ မျှော်လင့်ဖို့ စိတ်ကူးတွေ ယဉ်မိရင်း ကြိုးစား မိတဲ့အခါ အချစ်နဲ့ ဘဝ ထပ်တူ မကြတဲ့ လောက သဘာဝ အတိုင်း ပြသနာတွေက တံတိုင်းအဖြစ် ကာစီးထား ကြတယ်လေ။ အမျိုးမျိုးသော တံတိုင်းတွေ ထဲမှာမှ ခက်ခဲပြိး ချိုးဖြတ်ဖို့ မလွယ်တဲ့ တံတိုင်းကြီးတစ်ခု သူနဲ့ ကျွန်မကြား ကာရံထားမှတော့ ကျွန်မနဲ့ သူ ပူဆွေးကြ ရုံမှ တစ်ပါး အခြား မရှိတော့လေပြီလေ။ ကျွန်မတို့ နှစ်ယောက်ရဲ့ တွေ့ဆုံမှု တွေဟာ အရင်လို မချိုမြိန် တော့သလို၊ ဟိုအရင်လို ပျော်ရွင် ကြည်နူးဖွယ် လဲ မကောင်းတော့ဘူး။

ပြသနာတွေ အခြေတင်နဲ့ မျက်ရည်တွေက ကျွန်မနဲ့ သူကြားမှာ အချိန်တော်တော်ကြာ နေရာ ယူခဲ့ကြပြီလေ။ တစ်ယောက်ကို တစ်ယောက် နှစ်သိမ့်ဖို့ စကားလုံးတွေ ရှာမရပဲ သောကထဲမှာပဲ တစ်ဝဲလည်လည် ဖြစ်နေတဲ့ သူနဲ့ ကျွန်မ။ ဘယ်လို အကြောင်းအရာ၊ ဘယ်လို ကိစ္စ မျိုးပဲ ရှိရှိ ကိုယ်ကိုကိုယ် စိတ်ချမ်းသာ အောင်နေပါလို့ သူက အမြဲ ပြောတက်သလို၊ မကြာခဏ မျက်ရည်တွေနဲ့ ငိုနေတက်တဲ့ ကျွန်မကိုလည်း စိတ်ဆင်းရဲအောင် နေရပါ့မလားလို့ အပြစ်တင် ပြောဆိုတက်တဲ့ သူ။ ကျွန်မရဲ့ မျက်ရည်တွေ မြင်တိုင်း ဒေါသတွေနဲ့ ရုတ်တရက် ” သူသေသွားရင် ဘယ်လိုလုပ်မလဲ ” တဲ့ ။

” သူနဲ့ အတူ လိုက်သေရဲ လို့လား ” တဲ့။” သေတဲ့ သူက သေသွားပြီ။ ကျန်ခဲ့တဲ့ သူက နေတက်အောင် နေဖို့ ပြင်ဆင်ရမှာ မဟုတ်ဘူး လား ” ရယ်လို့ မချိတင်ခဲ အပြစ်တင် ရေရွတ် တက်တဲ့သူ။ အတွေးတွေ ထဲမှာ ခါးနေအောင် သူနဲ့ ဝေးရမှာ ကြောက်တဲ့ ကျွန်မ အဖို့ ငရဲတစ်မျှ ပူလောင်တဲ့ ညတွေ အများကြိး ဖြစ်လာခဲ့တယ်။ တစ်ကယ်တော့ ကျွန်မနဲ့ သူ ရင်ထဲမှာ တူညီတဲ့ ဆန္ဒ တစ်ခု မတိုင်ပင်ရပဲ ရှိနေခဲ့တာက ” မဖြစ်နိုင်ဘူး ထင်လို့ လက်ပြ နှုတ်ဆက် ခဲ့ဖြစ်ရင်တောင် မိတ်ဆွေ အဖြစ် ရှိနေကြမယ် ” ဆိုတဲ့ အသိလေးပါပဲ။ အမုန်းမရှိတဲ့ ကျွန်မတို့ နှစ်ဦးအတွက် လမ်းခွဲလည်း လွမ်းနေခွင့်တော့ ရှိကြတယ်လေ။

ဖြစ်စေချင်တဲ့ အတိုင်း ဖြစ်မလာတဲ့ အခါ ဖြစ်လာတာကို လက်ခံပေးဖို့ ကျွန်မတို့ ကြိုးစားရမယ်လေ။ ခွဲခွာ ရသည့်တိုင်အောင် ဆုံစည်းခွင့်ပေးတဲ့ ကံကြမ္မာ ကို ကျေးဇူးတင်ရမယ်။ အလိုချင်ဆုံး အရာတစ်ခုကို ဆုံးရှုံး ပြိးသွားမှတော့ လိုချင်တဲ့ အရာတွေ မရတာတဲ့ ဒဏ်ကို ခံနိုင်ရည်ရှိတဲ့ သူတွေ အဖြစ်နဲ့ သူနဲ့ကျွန်မ နားလည်မှု ယူဖြစ်ခဲ့ ကြတယ်။ တစ်ခါတစ်ခါမှ မဟုတ်ဘူး အမြဲတမ်း ရင်ထဲက ဆန့်ကျင်ဖက် အရာတွေနဲ့ပဲ ရှင်သန် ခဲ့ရတဲ့ ကျွန်မ အတွက် အမှန်တစ်ကယ် ရင်ထဲက ဆန္ဒတွေကိုတော့ လစ်လျှူရှူ ထားရတာ အကျင့်တစ်ခုလို တောင်ဖြစ်နေ ခဲ့ပြီလေ။ ကျွန်မတို့ နှစ်ယောက်ရဲ့ လက်ရှိ အချိန်လေးတွေကို တန်ဖိုးထား ဖို့ပါ။

ဆုံနိုင်ဖို့ ခဲယဉ်းလှတဲ့ လူလောကကြိးမှာ အထူးသဖြင့် ကိုယ်က ချစ်ရတဲ့သူ၊ ကိုယ်ကို မြတ်နိုးတဲ့ သူနဲ့ နေခွင့်ရတဲ့ အခိုက်တန့်လေး၊ ဆုံစည်းခွင့် ရတဲ့ အချိန် ခဏလေး ကိုဘာမဟုတ်တဲ့ စိတ်ညစ် စရာတွေနဲ့ အချိန် ကုန်စေ ရမှာလဲနော်။ ကျွန်မတို့ ရဲ့ အသက်ရှု သံတွေမရပ် သေးသ၍၊ ရင်ခုန်သံတွေ နွေးနေသ၍ ချစ်နေခွင့်တော့ ရှိကြတယ်လေ။ အနည်းဆုံးတော့ ကျွန်မတို့ နှစ်ယောက်မှာ ပြန်လည် တွေးတော စရာ၊ လှပတဲ့ အချိန်ကောင်းတွေ၊ အတိတ်လေးတွေ ကျန်ရစ် နိုင်မယ်လေ။ ဘယ်အချိန်ပဲ တွေးတွေး အမြဲတမ်း နွေးနေမယ့် ချစ်ခြင်း တစုံတရာ ရှိနေမယ် ဆိုရင် နီးခြင်း၊ ဝေးခြင်း ဆိုတာ ပညတ် တစ်ခု အနေနဲ့ပါပဲ။

အဆိုးဆုံး တွေးပြီး အကောင်းဆုံး ပြင်ဆင် လိုက်တဲ့ အချိန်မှာ ကျွန်မရင်ထဲက သောကတွေရော အပူတွေရော လွင့်စင် ပပျောက်သွားခဲ့ရတယ်။ လက်ရှိ အချိန်လေးကိုပဲ ကျွန်မရော သူပါ တန်ဖိုးထားလို့ အကောင်းဆုံး ကြိုးစား ကြတဲ့ အခါ ကျွန်မတို့ရဲ့ လှပတဲ့ အချိန်၊ ပျော်စရာ အတိပြိးတဲ့ ကာလ တစ်ခုကို ပြန်လည် ရောက်ရှိ သွားသလိုပါပဲ။ ပိုင်ဆိုင်ဖို့ မကြိုးစားတဲ့ အခါ မဆုံးရှုံးဘူး ဆိုတဲ့ အသိ၊ နီးဖို့ မကြိုးစားလို့ ဘယ်တော့မှ မဝေးကြမယ့် ကျွန်မတို့ နှစ်ယောက် အတွက် အမြဲတမ်း နှလုံးသားချင်း နီးနေ ကြမှာတော့ အမှန်ပဲလေ။ နီးဖို့ ကြိုးစားရင်း ဝေးသွားကြတဲ့ ချစ်သူ တွေထပ်ဆာရင် ဝေးမှာဆိုးလို့ နီးဖို့ မကြိုးစားတဲ့ ကျွန်မတို့ နှစ်ယောက် အတွက် ဘယ်တော့မှ မဝေးကြဘူး ဆိုတဲ့ အသိက ကျွန်မတို့နှစ်ယောက် ဆီမှာ ခိုင်မာ နေလျှက်။

သူနဲ့ ကျွန်မ အတွက် ကာရံထားတဲ့ တံတိုင်း အမျိုးစားက ကြိးမား လွန်းနေတာက တစ်ကြောင်း၊ ဖျက်ဆီးကျော် ဖြတ်ဖို့ မဖြစ်နိုင်တဲ့ တံတိုင်း အမျိုးစား ဆိုတာထပ် မဖြတ်သင့်တဲ့ တံတိုင်း ဖြစ်နေတာ ကတစ်ကြောင်း ဆုံစည်းရမှ မဟုတ်လဲ လမ်းခွဲရလည်း တစ်ယောက်အပေါ် တစ်ယောက် နားလည်မှု အရှိကြဆုံး လူသားတွေ အဖြစ်၊ တစ်ယောက်အကြောင်း တစ်ယောက် အသိဆုံး လူသားတွေ အဖြစ် ရိုးသားမှု၊ ပွင့်လင်းမှု ၊စာနာမှု တွေနဲ့ ချစ်ခြင်းတွေ အပြည့်၊ နားလည်မှု အရှိဆုံး ဆိုတဲ့ အရင်းနှီးဆုံး တစိမ်း တစ်ယောက် အဖြစ်နဲ့ သူနဲ့ ကျွန်မရဲ့ နေ့ရက်တွေဟာ အဓိပ္ပါယ် ပိုရှိလာခဲ့တယ်။

အဲလိုအခါ မျိုးမှာ မေးနေကြတဲ့ စကား အတိုင်း သူဆီက ” သူသေရင် လိုက်သေမှာလား ” လို့မေးတဲ့ အခါ ” ဘာလို့ သေရမှာလဲ မသေနိုင်ပါဘူး၊ အဲလို လိုက်သေ လိုက်ရင် လွမ်းနေခွင့် တောင်မရပဲ နေမှာပေါ့ အသက်ရှင် ကျန်နေမှ လုပ်ချင်တာ လုပ်လို့ ရမှာဆိုတော့ အနည်းဆုံးတော့ သွားလေသူကို လွမ်းနေခွင့်တော့ ရှိသေးတယ်လေ” လို့ ကျွန်မ ရဲ့ အဖြေကို သူက သဘောကျစွာ ” လက်တစ်လုံးခြား စကားပြော ကျွမ်းကျင်တိုင်း ရှောင်ထွက်ပြန်ပြီ ” လို့ သဘောတကျ ရယ်မောနေတက် ပြန်သည်။

သူနဲ့ ကျွန်မ အတွက် ဆုံစည်းဖို့ ဆိုတာ မရေရာ သလို၊ သေလည်း မသေချာနေဘူး။ လက်ရှိ အချိန် တစ်ခုကနေ နောင်တစ်ချိန် ပြန်ဆုံဖို့ ဆိုတာလည်း မရေရာဘူး။ နောက်တစ်ကြိမ် သူနဲ့ မျက်နှာခြင်း ဆိုင်ပြန်ဆုံတွေ့ ဖို့ဆိုတာလည်း အတိအကျ မပြောနိုင်သလို ပြန်တွေ့ ဖြစ်တဲ့ အချိန်ကြ ရင်လဲ ကျွန်မတို့ နှစ်ယောက်ရဲ့ ဘေးမှာ သက်ဆိုင်သူ တွေကိုယ်စီ ရှိကောင်းလဲ ရှိနေနိုင်တယ်။ ချည်နှောင်မှု ကင်းတဲ့ ချစ်ခြင်း တစ်စုံ၊ အတုတ်နှောင် ကင်းတဲ့ လွတ်လပ်တဲ့ ချစ်ခြင်းနဲ့ အဖြူစင်ဆုံး အရိုးသားဆုံး အပွင့်လင်းဆုံး ၊ သေချာတယ် ကျွန်မတို့ နှစ်ယောက်ရဲ့ ရင်ထဲမှာ တစ်ဦးပေါ် တစ်ဦး နားလည်မှုနဲ့ အခြေတည်တဲ့ ချစ်ခြင်း တစ်စုံကလွဲပြိး တခြား ဘာမှ ရှိနေမှာ မဟုတ်တာ အမှန်ပဲလေ။

အဲဒီလိုနဲ့ပဲ ကျွန်မတို့ နှစ်ယောက်က အမေနဲ့ သားလို နွေးထွေးမှုမျိုး၊ တစ်ခါ တစ်ရံ မောင်နှတွေလို ယုယမှုမျိုး၊ တစ်ခါ တစ်လေ တော့လည်း သူငယ်ချင်းတွေလို ပွင့်လင်းမှုတွေနဲ့၊ တစ်ခါ တစ်လေတော့လည်း ဆရာဝန်နဲ့ လူနာလို ဟန်ဆောင်မှုတွေ ကင်းကြပြီး တစ်ခါ တစ်လေတော့လည်း အရမ်းချစ်ကြတဲ့ ချစ်သူ တွေလို ကြင်နာမှုတွေနဲ့။ ဟန်ဆောင်မှု တွေမရှိ တက်မက်မှု ကင်းပြီး ရိုးသားတဲ့ ဖြူစင်တဲ့ ချစ်ခြင်းတွေကို စာနာမှု ဖေးမမှု၊ နားလည်မှု တွေနဲ့အတူ လက်ရှိ အချိန်ကိုပဲ တန်ဖိုးထားလို့ ကျွန်မနဲ့ သူရဲ့ အလှပဆုံး အတိတ်တစ်ခု ကို ဖန်ဆင်းရင်း အနာဂတ်မှာ ကျွန်မတို့ ဘယ်လောက်ပဲ ဝေးဝေး ခံနိုင်ရည်ရှိ စွာကျော်ဖြတ်ဖို့ အတူတူ ရင်ဆိုင် ကြိုးစားရင်း ပစ္စုန်ပ္ပန် ကို အလှဆုံး ဆေးရောင် ချယ်ခဲ့ကြတဲ့ အခါ ကြည်နူးမှုတွေ နဲ့ လောကကြိးက မြင်မြင် သမျှ လှပနေ တော့မှာ မဟုတ်ပါလားရှင်။

#########################

################

########

စာဖတ်သူများအား အစဉ်ထာဝရ

လေးစားလျှက်..

အမြဲကြိုးစားနေမယ့် …

Angelhlaing

Shared from ရေးမိရေးရာလေးများ Page (FB)

အွန်လိုင်းမှာ အချစ်ဇတ်လင်းခင်းမယ့်သူတွေနဲ့ အချစ်ဇတ်လမ်း ခင်းချင်တဲ့သူတွေ အတွက် ရည်စူးပြီး ရေးလိုက်တဲ့ ပိုစ့်ပါ




အွန်လိုင်း အချစ်ဆိုတာ စိတ်ကူးယဉ်အရမ်းဆန်လွန်းတယ်။ အွန်လိုင်းမှာ တစ်ယောက်အကြောင်း တစ်ယောက်မသိပဲနဲ့ ချစ်ခွင့်ပန်ကြတယ်။ အဖြေပေးကြတယ်။ ဒါဟာ အချစ်နဲ့ပါတ်သက်ပြီး ရူးသွပ်မှုလို့ လူတော်တော်များများက ပြောကြတယ်။

အချစ်ကို ကလေးကစားစရာလို ဆော့ကစားတာဟာ နောက်ဆုံးမှာ မိန်းခလေးတွေဘက်ကပဲ နစ်နာတာများပါတယ်။ ယောက်ကျားတဲ့...... စားလို့ရရင် အကုန်စားမှာ ကျားတွေပဲနော်။

ပြောကြည့်ပါ။ သင်သာမိန်းခလေးဆိုရင်....။ သူ့ကိုငါတကယ်မချစ်ပါဘူး၊ ဒါပေမဲ့ အပျော်သဘောနဲ့ သူ့ကိုငါအဖြေပေးတယ်။ သူနဲ့လည်း ဘာမှအများကြီး မဖြစ်သေးပါဘူး၊ ဘာကိုနစ်နာမှာလဲလို့ပေါ့။ ကျနော်က ယောက်ကျားလေး ယောက်ကျားလေးဘက်ကပဲ ပြောမယ်။ ရည်းစားများတဲ့ မိန်းခလေးဟာ မိန်းမကောင်းမဟုတ်တော့သလို ပတ်ဝန်းကျင်မှာလည်း သူ့ရှေ့မှာသာ ဘာမှမပြောပေမဲ့ သူ့နောက်ကွယ်မှာ သူ့အကြောင်းနဲ့ ပါတ်သက်ပြီး မကောင်းသတင်းတွေက မွှေးနေတာကိုလည်း သူမသိဘူးလေ။

ယောက်ကျားလေးဘက်က ကြည့်ကြရအောင်။ယောက်ကျားလေးဘက်က ငါ့မှာနစ်နာစရာမရှိဘူး။ ကြုံတုန်း ကြောင်လိုက်အုံးမယ်ဟ ဆိုတဲ့ သူတွေများပါတယ်။ မိန်းခလေးဘက်ကလည်း၊ အွန်လိုင်းမှာပဲ အပြင်မှာမဟုတ်ပါဘူး။ ဘာမှမဖြစ်ပါဘူးဆိုပြီး အထာတွေပေးတော့ ယောက်ကျားလေးဘက်က
အီစီကလီတွေလုပ်တော့တာပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ တကယ်ချစ်သွားတဲ့သူ အဲဒီ့အပေါ်မှာ သာယာသွားတဲ့သူ ကတော့ ခံစားရမှာ မုချပဲ။ တကယ့်အချစ်နဲ့ နှစ်ဦးနှစ်ဖက်ချစ်ကြရင် အကောင်းဆုံးပေါ့။ တကယ်တော့ အချောင်ရရင်
ဘာမဆိုလိုချင်ကြတာ ယောက်ကျားတွေပါ။

ကျနော့်မှာ အလုပ်အတူတွဲလုပ်နေတဲ့ -Computer Operator -တစ်ယောက်ရှိတယ်။
သူက ဖိလစ်ပိုင်လူမျိုးပါ။ ကျနော်အခုပြောမှာ သူ့အကြောင်းကိုပြောမှာပါ။
အင်တာနက်သုံးတဲ့ သူတွေများသောအားဖြင့်က ချက်တင် မဝင်တဲ့သူ
မရှိသလောက်ရှားပါတယ်။ အဲလိုပဲ သူလည်းချက်တင် ကိုနေ့တိုင်းဝင်ပြီးတော့ကို ချက်တာ။ အွန်လိုင်းမှာ လက်ရှိ သုံးယောက်နဲ့ ကြိုက်နေတုန်းမှာပဲ ဟောင်ကောင်က သူတို့ ဖိလစ်ပိုင်လူမျိုးကောင်မလေး တစ်ယောက်နဲ့ ငြိသွားတယ်။
အဲဒီ ဟောင်ကောင်က ကောင်မလေးကလဲ သူ့ကို လုံးဝကိုကြွေနေတာ။
ကျနော့်သူငယ်ချင်းကလည်း ရုပ်ကဖြောင့်တာကိုး။ (သူတို့က yahoo
-ကိုပဲသုံးတော့ web cam -ကြည့်လို့ရတယ်နော်။)

အဲဒီကောင်မလေးက ဘယ်လောက်တောင်ကြွေလဲဆို၇င် ချက်တင်မှာ Typing ရိုက်ပြီးပြောရတာ အားမရလို့ ည အိပ်ယာဝင် ရင်တစ်ခါ မနက်အိပ်ယာထရင် တစ်ခါ၊ နေ့ခင်း အလုပ်လုပ်နေ့တဲ့ အချိန်မှာ တစ်ခါ၊ တစ်နေ့ သုံးခါ ကျနော့်သူငယ်ချင်းဆီကို ဖုန်းခေါ်ပါတယ်ခင်ဗျာ။ ကောင်မလေးက ဘယ်လောက်တောင်
ချစ်လဲ ဆိုရင် ကျနော့်သူငယ်ချင်းနဲ့ ချက်တင် ဝင်ရင်းနဲ့ သူ့အိမ်က အဖေ၊
အမေတွေကိုပါ ခေါ်ပြီးတော့ သူ့ရဲ့ချစ်သူ ကျနော့် သူငယ်ချင်းနဲ့
မိတ်ဆက်ပေးတယ်။ နောက်ပိုင်းကျတော့ သူနဲ့ကောင်မလေး ချက်တင်ဝင်ရင်းနဲ့ ကောင်မလေး နည်း2 busy -သွားရင် ကောင်မလေး အဖေအမေတွေနဲ့ပါ ခဏတစ်ဖြုတ် ချက်တင်ဝင်ဖြစ်တာ ပုံမှန်လို ဖြစ်လာတယ်။

ယောက်ကျားလေးတစ်ယောက် ရည်းစားနှစ်ယောက် သုံးယောက်အပြိုင်ထားတာ အထူးအဆန်းမဟုတ်ပါဘူးလို့ သင်က ကျနော့်ကို ပြောလိမ့်မယ်။ ကျနော်ပြောဖို့မေ့နေလို့ပါ။ သူ့မှာ ကလေးတစ်ယောက်နဲ့ မိန်းမရှိတယ်နော်။ ကလေးက အသက်တစ်နှစ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ ပြည့်သွားခဲ့တာပါ။
ကျနော်တို့တွေ သူ့ကိုတားကြပါသေးတယ်။ အဲလိုမလုပ်သင့်ဘူး၊ ဟိုမှာ
မင်းအကြောင်းသိသွားရင် အရမ်းခံစားနေရမှာ လို့ပြောပေမဲ့ သူက
သူ့ရည်ရွယ်ချက်နဲ့သူကိုး။ နောက်မှသိလိုက်ရတာက သူက အဲဒီ့ကောင်မလေးဆီကနေ ဟောင်ကောင်ဝင်ခွင့်ဗီဇာ နဲ့ အဲဒီ့မှာလုပ်ဖို့ အလုပ်တွေကိုတောင်ရှာခိုင်းထားပြီးပြီလေ။

အဲဒီလိုနဲ့ သူနဲ့ အဲဒီကောင်မလေးတို့ ချစ်လာကြတာ သုံးလခွဲလောက်ကြာတော့ သူငယ်ချင်းတွေ အားလုံးက မင်းမိန်းမနဲ့ ကလေးကိုငဲ့ညှာပါကွာလို့ အတန်တန် နားချတဲ့စကားတွေကြောင့် အဲဒီ့ကောင်မလေးကို သူ့ရဲ့အကြောင်းကို အမှန်ကိုပြောပြခဲ့တယ်။ ကလေးတစ်ယောက်နဲ့ မိန်းမ ရှိတယ်ဆိုတဲ့ အကြောင်းပေါ့။ ပထမ ပြောတုန်းက ကောင်မလေးက မယုံဘူး။
ဒါပေမဲ့ နောက်ပိုင်းဓါတ်ပုံတွေပါပြ တော့မှသူယုံသွားတယ်။
ဒါပေမဲ့ အဲဒီ့မှာတင်ဇာတ်လမ်းကပြီးသင့်နေပေမဲ့ ကောင်မလေးက တကယ့်ကို ချစ်သွားခဲ့တာ ဆိုတော့သူ့ခမျာ အရူးအမူးဖြစ်နေခဲ့တယ်။

နောက်ဆုံးကောင်မလေးကဘာပြောလဲဆို
တော့ အဲဒီသူ့ရဲ့မိန်းမထံ ပြန်မသွားပဲနဲ့
သူ့ဆီကိုလာခဲ့ဖို့၊ သူ့ဘက်ဗီဇာ လုပ်ပြီးပို့လိုက်မယ်၊
ဒီမှာအလုပ်ပါရှာထားပေးမယ် တဲ့။ အခုထက်ထိတော့ သူရဲ့အကြောင်းကို
အားလုံးသိနေတာတောင် အဲဒီကောင်မလေးခမျာ အဆက်အသွယ်မဖြတ်ပဲနဲ့ ဖုန်းခေါ်တာကတစ်မျိုး၊ SMS message -တွေကတစ်ဖုံ၊ chatting -မှာ ချက်ကြတာတစ်မျိုးနဲ့ အဆက်အသွယ်မပြတ်သေးတာ ဘယ်သူ့ဘက်က အပြစ်ရှိတယ်လို့

သူငယ်ချင်းတို့ ထင်ကြပါလဲ။


ချစ်သူစုံတွဲတိုင်း အချစ်ကို မဆော့ကစားပဲ တကယ့်အချစ်စစ်အချစ်မှန်နဲ့
ချစ်ကြတဲ့ ချစ်သူစုံတွဲတွေသာ ဖြစ်ကြရင် ဒီလောကကြီးဟာ အရမ်းကို
သာယာကြည်နူးဖွယ်ကောင်းမှာပဲနော်။ အခုတော့..........။

မိန်းမဆိုတာ စိတ်ကွယ်ရင် ဘာကြီးဖြစ်နေပါစေ ကျူးလွန်တဲ့သူ ဆိုရင်
အချောင်ရရင် အကုန်လုပ်တာကတော့ ယောက်ကျားတွေလေ။

သူဌေးမိန်းမက ဒရိုင်ဘာနဲ့ဖောက်ပြားတာ ဘာကြောင့်လဲ အသက်ကြီးနေတဲ့ ဦးလေးကြီးတစ်ယောက်ရဲ့ မိန်းမ နောက်လင်ငယ်နေတာ ဘာကြောင့်လဲ။
ယောက်ကျားအဝေးမှာ ရောက်နေလို့ နောက်တစ်ယောက်နဲ့ အဖော်ပြုနေတာ ဘာကြောင့်လဲ။ တကယ်တော့ မိန်းခလေးဘက်က ဖောက်ပြန်ဖို့ အခွင့်အရေးတွေ
ပေးနေခဲ့ရင်တောင် မြင့်မြတ်တဲ့ ယောက်ကျားသာမှန်ရင်
ရှောင်နိုင်အောင်ရှောင်ခဲ့ရမှာပေါ့။ အခုတော့ အများကြီးကို တွေ့နေခဲ့ရတယ်။
ခလေးသုံးယောက်နဲ့ မိန်းမ ရှိနေပေမဲ့ မြူဆွယ်တဲ့ မိန်းမနောက်ကို
ကောက်ကောက်ပါအောင်လိုက်သွားတဲ့သူတွေ၊ ပိုက်ဆံမက်လို့ လာမြူဆွယ်တဲ့ ကောင်မလေးကို မရှောင်နိုင်ပဲ ဝင်တိုးခဲ့မိလို့ နောက်ဆုံး အေးချမ်းနေတဲ့
မိသားစုလေးပြိုကွဲသွားရတာတွေဟာ နောက်ဆုံးမှာ ဘယ်သူ့မှာ အပြစ်ရှိလဲ။ တကယ်တော့ ဘယ်သူမပြု မိမိမှုပါ။ ကျနော်တို့ ဗုဒ္ဓဘာသာအရ ကြည့်ရင်လည်း ဒု သ နသော ဆိုတဲ့ ကြောက်စရာ ငရဲဆိုးကြီးကိုဆင်းနေတဲ့ ယောက်ကျားတွေ
အခုဒီခေတ်ကြီးထဲမှာ အများကြီးပါ။

(ကျနော်အခုပြောနေတာတွေက သက်သေရှိပါတယ်။)

မိန်းခလေးတွေရဲ့ အချစ်ဟာ တဇွတ်ထိုးဆန်တယ်။ ချစ်ပြီးရင်
မပြောင်းလဲချင်ကြဘူး။ အဲဒီမှာ ဘာဖြစ်လာလဲဆိုတော့ သူတို့ချစ်မိတဲ့သူဟာ
မလွတ်မလပ်ကြီး ဖြစ်နေတာမျိုး၊ ဒါမှမဟုတ်သူတို့ကိုယ်တိုင်ကမလွတ်မလပ် ဆိုတာမျိုး ဆိုရင် အားလုံးမှာ စိတ်ဆင်းရဲစရာတွေနဲ့ နှစ်ပါးရတော့မှာအပြင်
ပတ်ဝန်းကျင်မှာလည်း အရှက်ရစရာ၊ သံသရာမှာလည်း ငရဲရစရာ ကိစ္စတွေကို လုပ်ဖို့ ကြိုးစားနေသလိုမျိုးဖြစ်နေပြီလေ။ အဲဒါကြောင့်မိန်းခလေးတွေအနေနဲ့
ကိုယ့်ဘက်ကသူ့ကို ဘယ်လောက်ချစ်ချစ် အဖြေကို လွယ်လွယ်မပေးပဲ
သူ့အကြောင်းကို သူ့ဆီကမဟုတ်ပဲ တစ်ခြားသူဆီက အရင်သိအောင်စုံစမ်းသင့်ပါတယ်။

မိန်းခလေးတစ်ယောက်ရဲ့ ဘဝဆိုတာ စက္ကူဖြူတစ်ရွက်လိုပါပဲ။ အစွန်းအထင်းမခံဘူး။
မှားသွားတာကို ပြန်ဖျက်လို့ရပေမဲ့ အဲဒီ့အမှားကြီးကတော့ ဘဝနဲ့တူတဲ့
စာရွက်ဖြူလေးပေါ်မှာ အမြဲတမ်းထင်ကျန်ရစ်နေမှာပါလေ။
ကိုယ်တကယ်အားကိုးလောက်တဲ့ ယောက်ကျားဆိုတာ ရှိတော့ ရှိတယ် ရှားသွားပါပြီ။
မြင်တတ်အောင်ကြည့်ဖို့ အရေးကြီးတယ်။ ဒူးနဲ့မျက်ရည်သုတ်နေရတဲ့
မိန်းခလေးတွေ ဒီလောကမှာ များလာပြီ။

ဘဝဆိုတာ လုပ်ချင်တာတွေနဲ့ချည်း ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။
လုပ်သင့်တာတွေအတွက်ကိုလည်း ဦးစားပေးသင့်ပါတယ်။
လုပ်ချင်တာတွေချည်းလုပ်နေတဲ့သူ
ဟာ မဖြစ်သင့်တဲ့ အမှားတွေနဲ့လုံးပန်းနေရတော့မှာလေ။

ဘာပဲဖြစ်ဖြစ်ပါ။ လုပ်ချင်တာထက် လုပ်သင့်တာကို
တစ်ခါတစ်လေမှာဦးစားပေးလိုက်ပါ။ အဲဒီ့အကျိုးကျေးဇူးကို
လက်ငင်းမစံစားရတောင် နောင်တစ်ချိန်မှာ မုချစံစားရလိမ့်မယ်။


Credit - Original up-loader

Shared from ရေးမိရေးရာလေးများ Page (FB)

Tuesday, April 9, 2013

တန်ဖိုးမဲ့သွားသော...



◘ဒီလိုပါပဲ....
တစ်ယောက်က ဂရုစိုက်နေလွန်းရင်...
တစ်ယောက်က ရင်ခုန်ဖို့ မေ့ရမှာပဲလေ....။

◘ဒီလိုပါပဲ...
တစ်ယောက်က ရိုးသားပေးလွန်းရင်...
တစ်ယောက်က တန်ဖိုးထားရမှန်း မသိဖြစ်ရမှာပဲလေ..။

◘ဒီလိုပါပဲ...
တစ်ယောက်က မျက်ရည်တွေစတေးရရင်...
တစ်ယောက်က ပျော်ရွှင်မူတွေနဲ့ ပြုံးပျော်နေရမှာပဲလေ...။

◘ဒီလိုပါပဲ..
တစ်ယောက်က နာကျင်ခံစားနေရရင်...
တစ်ယောက်က လွတ်လပ်မူတွေနဲ့ ရယ်မောနေရမှာပဲလေ...။

◘ဒီလိုပါပဲလေ...
တဖက်သတ်ချစ်နေသူတယောက်ဆိုတာ...
သူ့အတွက်ဆိုတာ .. တွေးနေမိသမျှတော့...
ကိုယ့်ကိုကိုယ်တောင် ဥပက္ခာ ပြုနေမိမှာပဲလေ..။

◘မင်းအလင်္ကာ

Shared from အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ Page (FB)

ပြောင်းလဲသွားတဲ့ ရင့်ကျက်မှု



ဘယ်လောက်ပဲရင့်ကျက်အောင်..
လေ့ကျင့်နေပါစေ....
နာကျင်မူတွေရှိလာရင်...
ကလေးတယောက်လို...
ငိုကြွေးနေမိတုန်းပဲလေ....။

ဘယ်လောက်ပဲ အတွေ့ကြုံတွေ..
ကြီးရင့်နေပါစေ..
ဂရုစိုက်မူတွေမရှိတော့ရင်...
ကလေးတယောက်လို...
ဆိုးနွဲ့နေမိတုန်းပဲလေ....။

ဘယ်လောက်ပဲသက္ကရာဇ်တွေပြောင်းလို့..
အသက်ရွယ်ကြီးနေပါစေ...
အချစ်တွေသာလျော့သွားရင်..
ကလေးတယောက်လို...
လိုတာရအောင်ပူဆာနေမိမှာပဲလေ....။

အချစ်နဲ့တွေ့ရင် ... ကလေးတစ်ယောက်လိုပဲ..
အပြစ်ကင်းတက်ကြတယ်။
ကျေးဇူးပြုပြီး အရောင်တော့မဆိုးခဲ့ပါနဲ့...။

◘မင်းအလင်္ကာ

Shared from အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ Page (FB)

" ရှင်ကွဲ "




လှည့်ထွက်သွားတဲ့
ခြေလှမ်းတွေမှာ
သံယောဇဉ်တွေ
တပွေ့တပိုက်ကြီးနဲ့...

အဆင်ပြေပါ့မလားလို့
အတွေးတစ်ချက်နဲ့တင်
လှည့်ပြန်ချင်စိတ်တွေက
တ၀ဲလည်လည်...

အံကိုကျိတ်လို့
နှလုံးသားကိုချနင်းလိုက်တယ်။

တချိန်က အချစ်တွေအတွက်
ငါ..နောင်တမရသလို


လှည့်ထွက်ခြင်းတွက်လည်း
ငါ..မနှမျှောတော့ဘူး။

သွားပါတော့...

ငါပဲမှားတာပါ
ရင်ဘက်တစ်ခုလုံးနဲ့ရင်းပြီး
ချစ်ခဲ့သူက အရှုံးပဲဟာ
နောင်ဘ၀သာရှိရင် တောင်းဆုပြုချင်တယ်
ရှင်ကွဲ ဆိုတာ မကြုံပါရစေနဲ့လို့။


မနောဖြူ

(ကဗျာအဟောင်းလေးပါ)

Shared from အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ Page (FB)

Post Type: Love



ရန်တွေဖြစ်တိုင်း တောင်းပန်တယ်ဆိုတာ
ငါ့ဘက်က အမြဲ မှားနေလို့တော့ မဟုတ်ပါဘူး
နင့်ကိုငါ အလေးထားတာ သိစေချင်တာလည်းပါတယ်


စိတ်ကောက်ကြတိုင်း အရင်ပြန်ချော့တယ်ဆိုတာ
ငါ့ဘက်က အမြဲ အလျှော့ပေးချင်လို့တော့ မဟုတ်ပါဘူး
နင့်ရဲ့အဝေးမှာ ငါမနေနိုင်တာလည်းပါတယ်


နားလည်မှု့လွဲတိုင်း စိတ်ရှည်ရှည်နဲ့ရှင်းပြတယ်ဆိုတာ
ငါ့ဘက်က အမြဲလွဲချော်နေလို့တော့ မဟုတ်ပါဘူး
နင့်ကိုငါက အရမ်းချစ်နေလို့လည်းပါတယ်


တကယ်တော့....ချစ်သူနှစ်ယောက်ရဲ့အနာဂါတ်ဆိုတာ
သူတို့တွေရဲ့ တန်ဖိုးထားတက်မှု့နဲ့ သစ္စာရှိမှု့ပေါ်မှာပဲ မူတည်ပါတယ်
အချစ်ဆိုတာ ချစ်တက်သွားရင် မာနဆိုတာ ပြောပလောက်တဲ့ အရာတခုမဟုတ်တော့ဘူး..။



မနောဖြူ

Shared from အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ Page (FB)

< ကိုယ် နဲ့  သင် >




ကိုယ်ချစ်တဲ့သူ နဲ့  တူတူရှိရင်
အရင်က အလုပ်ခွင်မှာ အရမ်းကို လူကြီးဆန်ခဲ့ပင်မယ့်
အခုတော့ မင်း နဲ့ တွေ့ ရင် အလိုလို ကလေး ဆန်သွားတယ်


ကိုယ်ချစ်တဲ့သူ နဲ့  တူတူရှိရင်
အရင်က အိမ်မှာ ကလေးလို နေခဲ့ပင်မယ့်
အခုတော့ မင်း နဲ့  တွေ့ ရင် အလိုလို လူကြီးဆန်ပြီး အကြံဥာဏ်ပေးမိတယ်

ကိုယ်ချစ်တဲ့သူ နဲ့  တူတူရှိရင်
အရင်က ဖြစ်သလို ဝတ်စား ဆင်ယင်နေခဲ့ပင်မယ့်
အခုတော့ မင်း နဲ့  တွေ့ မယ်ဆိုရင် အလိုလို မှန်ရှေ့  က မခွာ ဘဲ ပြင်ဆင်နေတတ်တယ်

ကိုယ်ချစ်တဲ့သူ နဲ့  တူတူရှိရင်
အရင်က စကားလေး တခွန်းကို ၂ခါ ပြောရင် နားထောင်ရတာ စိတ်မရှည်ခဲ့ပင်မယ့်
အခုတော့ မင်းနဲ့  တွေ့ ရင် မင်းပြောသမျှကို မမောတမ်း နားထောင်နေတတ်တယ်


ကိုယ်ချစ်တဲ့သူ နဲ့  တူတူရှိရင်
အရင်က ကိုယ့်ကို တခြား နာမ်စားနဲ့  ခေါ်ပြီးသုံးစွဲရင် မကြိုက်ခဲ့ပင်မယ့်
အခုတော့ မင်း ခေါ်ဝေါ်တဲ့ နံမည်ပြောင်လေး တွေကို အရမ်း သဘောကျခဲ့တယ်


ကိုယ်ချစ်တဲ့သူ နဲ့ တူတူရှိရင်
အရင်က လူတွေကို မပြုံးပြတတ်ဘူးလားလို့ မေးခံရအောင် အပြုံးအရယ်တွေ အရမ်းကို နည်းပါးခဲ့ပင်မယ့်
အခုတော့ မင်းနဲ့  တွေ့ ရင် သူ့ အလိုလို ကို ပြုံးပြနေတတ်တယ်

ကိုယ်ချစ်တဲ့သူ နဲ့  တူတူရှိရင်
အရင်က လူတွေကို အရမ်းနားလည်ပေးတတ်ခဲ့ပင်မယ့်
အခုတော့ မင်းနဲ့  တခြား သူ တယောက် စကားပြောတာ သိရရုံဘဲ အလိုလို စိတ်တိုနေတတ်တယ်


ကိုယ်ချစ်တဲ့သူ နဲ့ တူတူရှိရင်
အရင်က အမြဲတမ်း ဆုံးဖြတ်ချက် ကို ကိုယ်တိုင် ချနိုင်မှ ကျေနပ်ခဲ့ပင်မယ့်
အခုတော့ မင်းနဲ့  အရာရာ ကို အတူတူတိုင် ပင်ပြီး ဆုံးဖြတ်ချက် ချချင်နေခဲ့တယ်

ကိုယ်ချစ်တဲ့သူ နဲ့  တူတူရှိရင်
အရင်က ကိုယ့်ဟာကိုယ် စိတ်ဓာတ်မာကျောတယ် ထင်နေခဲ့ပင်မယ့်
အခုတော့ မင်းကို အရာရာ မှီခိုပြီး ဖြတ်သန်းချင်တဲ့ မိန်းခလေး တယောက် ဖြစ်ချင်နေခဲ့တယ်

ကိုယ်ချစ်တဲ့သူ နဲ့ တူတူရှိရင်
အရင်က အချစ်ဆိုတဲ့ အရာကို ပြက်ရယ်ပြုခဲ့ပင်မယ့်
အခုတော့ မင်းနဲ့  စိတ်ဆိုး စိတ်ကောက် ပြီး ချစ်သူဘဝကို ဖြတ်သန်းချင်နေခဲ့တယ်


ကိုယ်ချစ်တဲ့သူ နဲ့ တူတူရှိရင်
အရင်က ဘယ်လောက် အရပ်မှ ဘယ်လို ပုံစံမှ ဘယ်လောက်ချမ်းသာမှ ရွေးမယ်လို့ စဉ်းစားခဲ့ပင်မယ့်
အခုတော့ မင်း ဘယ်လို ပုံဘဲ ဖြစ်ဖြစ် မင်းကို မင်း မို့ လို့ ရွေးချယ်မိတယ်

ကိုယ်ချစ်တဲ့သူ နဲ့ တူတူရှိရင်
အရင်က ဘယ်အရာဖြစ်ဖြစ် ကိုယ့်အနားက ထွက်ခွာသွားရင် ဘာမှမဖြစ်ခဲ့ပင်မယ့်
အခုတော့ မင်း ကို ငါ့ အနားက ထွက်ခွာ သွားမှာ ကြောက်နေခဲ့တယ်


ကိုယ်က ဘာမှမဟုတ်ဘဲ ပြောဆို လိုက်တဲ့ စကားလေးတခွန်းက တခြားလူအတွက် ဓားတချောင်းမဖြစ်ပါစေနဲ့ 

ကိုယ်က ဘာမှမဟုတ်ဘဲ ပြုမူ လိုက်တဲ့ အမူအရာလေးက တခြားလူအတွက် အရိပ်မည်း မဖြစ်ပါစေနဲ့ 

ကိုယ်က ဘာမှမဟုတ်ဘဲ လုပ်လိုက်တဲ့ အမှတ်တရတွေက တခြားလူအတွက် အိမ်မက်ဆိုး မဖြစ်ပါစေနဲ့ 

သူကို အရမ်းချစ်တယ်လို့ ခံယူထားတဲ့ သင်နဲ့  သင့်ကို ပြန်ချစ်တယ်လို့ ယုံကြည်ထားတဲ့ သူ နားလည်မှုတွေနဲ့  အမြဲတမ်းပျော်ရွှင်စွာလက်တွဲသွားနိုင်ကြပါစေ~~~


( ဇင် နှင်း )

Shared from အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ Page (FB)

Post Type: Love



လူတချို့ကို သင့်တော်သည်ထက်...
ပိုပြီး ဂရုစိုက်မိလို့....
သူတို့ နားမလည်တက်တဲ့အခါ...
ကိုယ်နဲ့မထိုက်တန်စွာ..
နာကျင်မူတွေ ရတက်တယ်...။

လူတချို့ကို သင့်တော်သည်ထက်..
ပိုပြီး ကြင်နာပြမိလို့...
သူတို့ တန်ဖိုးမထားတက်တဲ့အခါ...
ကိုယ်နဲ့ မထိုက်တန်စွာ...
ခံစားမူတွေ ရတက်တယ်....။

လူတချို့ကို သင့်တော်သည်ထက်..
ပိုပြီး ချစ်ခဲ့မိလို့..
သူတို့ မျက်ကွယ်ပြုတဲ့အခါ...
ကိုယ်နဲ့ မထိုက်တန်စွာ..
ကြေကွဲမူတွေ ရတက်တယ်...။

◘ထိခိုက်နာကျင်မူဆိုတာ
◘ကိုယ်ချစ်သလို တုန့်ပြန်မူမရလို့မဟုတ်ဘူး...
◘သူတို့ဘေးနားကနေထွက်သွားဖို့..
◘ဘယ်တော့မှ ကိုယ့်ရဲ့ရဲရင့်မူကို မရှာဖွေမိလို့လေ....။


◘မင်းအလင်္ကာ

Shared from အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ Page (FB)

Post Type: Love



တစ်ခါတလေ ကိုယ်တစ်ယောက်ထဲ
တခြားသူတွေက ဥပက္ခာပြုနေတယ်လို့ ခံစားရရင်

တခါတလေ ကိုယ်ရဲ့ အပြုအမူတချို့က
တခြားသူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာဖြစ်နေရင်

တခါတလေ ကိုယ်ရဲ့ ဂရုစိုက်မှု တချို့က
တခြားသူအပေါ် အမှိုက်တခုလို ဖြစ်နေခဲ့ရင်

ကိုယ်စိတ်ကိုတောင် တခါတလေ အလိုမကျတဲ့
လောကကြီးမှာ သူတပါးအပေါ် မျှော်လင့်ချက်
အများကြီးထားမိရင် တခါတလေတော့ ခံစားမှုဆိုတာလဲ
ကိုယ့်အတွက် နာကျင်မှုတွေ ဖြစ်လာစေတယ်လေ

웃❤유
✿✿✿ Poem ✿✿✿

Shared from Poem Page (FB)

Facebook Story



အမေ ။ ။ လုံးဝ သဘောမတူနိင်ဘူး ..
ငါတို့က ကိုယ့် Post ကိုယ့် Note နဲ့ နေတဲ့ မျိုးရိုးအေ့ ။
သူတို့လို ဟိုကဒီကနေ လမ်းဘေး Copy တွေကို
Credit မပေးပဲ ခိုးချနေတဲ့ မျိုးရိုးနဲ့ လုံးဝ သဘောမတူနိင်ဘူး ..

သမီး ။ ။ မဟုတ်ပါဘူး.. အမေရယ်
သမီး ကောင်လေးက Share ပဲ လုပ်တာပါ ..

အမေ ။ ။ အိုအေ .. Share ပဲလုပ်လုပ် ဘာပဲလုပ်လုပ်
Post တခုတောင် လက်ကြောတင်းအောင် မတင်နိင်တဲ့
အကောင်နဲ့တော့ ဘယ်လိုမှ သဘောမတူနိင်ဘူး ...

အဖေ ။ ။ ဟုတ်တယ် သမီး .. သမီး ကောင်လေး ဟိုတခါ
ဖေဖေ့ Post အောက်မှာလည်း ဝင်ဆဲသွား သေးတယ် ။

အကို ။ ။ ဒီမှာ ညီမလေး .. ဒီကောင်က ကုပ်ကမြင်း ..
Wall ပေါ်မှာ ဘုရား ဘုရား ၊ Chat Box မှာ ကားယားကားယားလုပ်နေတဲ့ ကောင် .. ။ နင် ဒီကောင်နဲ့ မပတ်သတ်နဲ့ ။

အမေ ။ ။ မဖြစ်ဘူး .. မဖြစ်ဘူး ။ ညည်းကို ငါ့ မိတ်ဆွေ Page Admin ရဲ့ သားနဲ့ မြန်မြန် Relationship လုပ်ခိုင်းမှ ဖြစ်တော့မယ် ။ မနက်ဖြန် ကျရင် သူတို့ တမိသားစုလုံးက အကောင့်တွေကို ညည်း Add ထားရမယ် ။ ဒါပဲ ။

အကို ။ ။ ကြာတယ်ဗျာ .. မနက်ဖြန် ဒီကောင့် Account ကို Report ဝိုင်းတင်ကြမယ် ။ တဆွေလုံး တမျိုးလုံး Report လုပ်ရင် သေချာပေါက် ပျက်တယ် ။


သမီး ။ ။ ရက်စက်လိုက်တာ .. အမေတို့ရယ် ...အဟင့် (ကျဥ ကျဥ )


*** နောက်ဆုံး တကယ် အကြီးကြီး ကြေကွဲဖို့ ကောင်းတာက Facebook ပေါ်မှာ .......


ကောင်မလေး ။ ။ သူ .. သူနဲ့ ဒို့ ကို မိဘတွေက Like မလုပ်နိင်ဘူးတဲ့ ။ ဒို့ကိုလည်း Page Admin တယောက်ရဲ့ သားနဲ့ Relationship လုပ်ခိုင်းကြတော့မယ် ။ ဒို့ကို Unfriend လိုက်ပါတော့ ကွယ် ... အဟင့်ဟင့် ( ပလောက် .. ပလောက် )

ကောင်လေး ။ ။ ဘာ !!!
မင်းတို့ မိသားစု အဲ့လောက် Like တွေ ၊ Share တွေ မက်မှန်း အစက မသိခဲ့ဘူးကွာ ... ခုတော့ Page Admin ရဲ့သားနဲ့ ဆိုတော့ ... ဟားးး
မင်း တဘဝလုံး အတွက် Connection ကောင်းပြီပေါ့ကွာ ... ဟားဟားဟားး (ဂရား ဂရားး)

ကောင်မလေး ။ ။ အဲ့လိုမျိုး မပြောပါနဲ့ သူရယ် ....
ဒို့က ငယ်ငယ်တည်းက မိဘတွေ Suggest သမျှကို
Confirm ရတဲ့ သူပါ ...တခါမှကို Cancel မလုပ်ရဲတဲ့ သူပါကွယ်.. ဒို့ကို ခွင့်လွှတ်ပါနော် ..ဒို့ကို Unfriend မြန်မြန်လုပ်လိုက်ပါတော့နော်... ဒို့ မခံစားနိင်တော့ဘူး ..
ကြာရင် ဒို့ Accocount ကို ဒို့ Deactivate လုပ်မိတော့မယ် .. .အဟင့်ဟင့် ( ကျအု .. ကျအု )

ကောင်လေး ။ ။ ဂလောက် ဖစ်နေတာာ .. မတာမ .. Block ပြီဟ .. ...Block ပြီ / Block !!!!!!


ထိုအချိန်မှ အစပြု၍ အနှီ သူငယ်သည် Facebook ပေါ်တွင် မဖြစ်ညစ်ကျယ် Page လေးတခု
ထောင်ကာ ပေါက်တတ်ကရများကို ရေးသား နေလေတော့သည် တမုံ့ ။


~ ရင်ကွဲပက်လက်လမ်းဆုံ ~

Shared from ရင်ကွဲပက်လက်လမ်းဆုံ (FB)