Wednesday, June 29, 2016

အနာကြီးရောဂါသည်များကို ကူညီကြပါ





မေတ္တာရှင် ရွှေပြည်သာ ကြောင့် သိခဲ့ရတဲ့နေရာလေး

လှည်းကူးမြို့နယ် မရမ်းချောင် အနာကြီးရောဂါသည် စခန်း အတွက်

စေတနာရှင်များ အောက်ပါ ဖုန်းနံပတ်အတိုင်း ဆက်သွယ် လှူဒါန်းနိုင်ဖို့ နှိုးဆော်အပ်ပါသည်ရှင်

အလှူရှင်နည်းပါးသွားတဲ့အတွက် တစ်ချို့ရက်တွေဆို ဆန်ပြုတ်သောက်နေရတယ်လို့သိရပါတယ် ရှင်

Shared from M Sai Mon Thar


အပျော်ဆုံးလူ


ဒကာ ဒကာမတွေကို မြတ်စွာဘုရားနဲ့ ပတ်သက်ပြီး ကြည်ညိုစရာကောင်းတာတွေ အများကြီးထဲက တစ်ခုကို ပြောပြချင်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ဒီအချက်ကို သတိရတိုင်း မြတ်စွာဘုရားကို အလွန့်အလွန် ကြည်ညိုတဲ့စိတ် ဖြစ်ပါတယ်။ အဲဒါကတော့ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်တုန်းကဒကာ ဒကာမတွေကို သီဘ ပေးရတဲ့အခါ မြတ်စွာဘုရားက ရှေ့ကတစ်ပုဒ်ဆို ပေးပြီးတော့ ဒကာ ဒကာမတွေက နောက်က လိုက်ဆိုနေတုန်းမှာ မြတ်စွာဘုရားက သမာပတ်ဝင်စားပြီးတော့ နေလိုက်တယ်တဲ့။ ဒီလောက်တိုတောင်းတဲ့ အချိန်ပိုင်းလေး အတွင်းမှာတောင်မှ စိတ်ကို ကြုံရာ အာရုံမှာ မထားပဲနဲ့ ငြိမ်းချမ်း စေတဲ့ အာရုံမှာ ထားတယ်။

မြတ်စွာဘုရား ဆိုတာ မောဟ လုံးလုံး ကင်းသွားပြီ ဖြစ်တဲ့အတွက် သတိ လက်လွတ်နေတဲ့ အချိန်ဆိုတာ မရှိတော့ပါဘူး။ ဒါပေမယ့် များသောအားဖြင့်တော့ ပတ်ဝန်းကျင် လောကီ အာရုံတွေကို အာရုံပြုပြီးတော့ နေရသေးတယ်။ လောကီအာရုံတွေကို အာရုံပြုနေရတာဟာ ဘာပြောပြော နဲနဲတော့ ပင်ပန်းသေးတာပဲ။

မြတ်စွာဘုရားမှာတော့ လုံးဝ ကိလေသာ ကင်းစင်တော်မူတဲ့ အတွက်ကြောင့် ကိလေသာကြောင့် ပင်ပန်းနွမ်းနယ်မှုတော့ မဖြစ်ပါဘူး။ဖြစ်စရာလည်း မရှိပါဘူး။ဒါတောင်မှ ငြိမ်းချမ်းတဲ့ သမာပတ် တစ်ခုခုကို ဝင်စားလေ့ရှိတယ်။ အာရုံမှန်သမျှ ဟာ စိတ်ကို ပင်ပန်းစေပါတယ်။ ဘယ်လို လောကီ အာရုံဖြစ်ဖြစ် စိတ်ကို ပင်ပန်းစေတာချည်းပါပဲ။တရား အင်မတန် ဝါသနာပါတဲ့ အမေရိကန် လူမျိုး ဒကာကြီးတစ်ယောက်က ပြောတယ်။

" Everything that
crosses the mind , wears and
tears the mind. "

" စိတ်ထဲကို ဖြတ်သန်းသွားစေတဲ့ အရာမှန်သမျှဟာ စိတ်ကို ပင်ပန်းနွမ်းနယ်စေတယ်။"

သူသုံးတဲ့ " wears and tears " ဆိုတာ ပွန်းပဲ့သွားစေတယ်။နွမ်းနယ်သွားစေတယ်လို့ ဆိုလိုတယ်။ လောကီအာရုံ ပညက်အာရုံ မှန်သမျှဟာ ပင်ပန်းပါတယ်။ ငါ I သူ I ယောက်ျား I မိန်းမ I ပစ္စည်းဥစ္စာ I
ဂုဏ်ပကာသန I အပျော်အပါး I အဆင့်အတန်း ဆိုတာတွေဟာ စိတ်ကို ပင်ပန်းစေပါတယ်။ သတိလက်လွတ်နေရင် အချိန်ပြည့် ပင်ပန်းစရာတွေချည်းပဲ ကြုံနေရမှာပဲ။ သတိနဲ့နေတတ်မှ။ သတိနဲ့နေတတ်ရင် နဲနဲသက်သာမယ်။

ဒီလို ဘုရားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖတ်ရတဲ့အခါမှာ မှတ်သားပြီးတော့ ဘုရားကို ကြည်ညိုတာနဲ့ပဲ ရသလောက် အချိန်လေး လေး - ငါးစက္ကန့် လောက်ပဲ ဖြစ်ဖြစ် သတိရတိုင်း သတိရတိုင်း သတိလေးနဲ့ နေမယ်လို့ ကိုယ့်ကိုယ်ကို မှာထားလိုက်ပါတယ်။ကိုယ့်ကိုယ်ကို သတိပေးတဲ့ သဘောလည်းပါပါတယ်။ တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ကို ဆောက်တည်တာပါ။ ကိုယ့်ကိုယ်ကို " သတိရတိုင်း သတိရတိုင်း ပစ္စုပ္ပန်တည့်တည့်လေး သိပြီး သတိလေး ကပ်ပြီး နေပါ့မယ် " လို့ ဆောက်တည်လိုက်မယ်ဆိုရင် သိပ်ကောင်းတယ်။

သီလယူတဲ့ အခါမှာ ဆရာသမားများထံမှာ ယူကြတာများတယ်။ ဆရာသမားများထံမှာ သီလယူတယ်ဆိုတာ ဒီသီလကို လုံခြုံအောင် ထိန်းသိမ်းပါ့မယ်လို့ ဆရာသမားကို ချစ်ခင်ကြည်ညိုလေးစားတဲ့ အတွက်ကြောင့် ပေးထားတဲ့ ကတိကို ပိုပြီးတော့ လေးလေးစားစား ကျင့်သုံးဖို့ စိတ်အား ထက်သန်တယ်။ ကိုယ့်ကိုယ်ကိုလည်း ကတိပေးဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကို ချစ်ခင်လေးစားသူ ဆိုရင် အဲဒီလို ချစ်ခင် လေးစားတဲ့ အတွက်ကြောင့် ကိုယ့်ကိုယ်ကို ပေးတဲ့ ကတိကို မြဲအောင် လေးလေးစားစား ထိန်းသိမ်းတယ်။ သတိရတိုင်း သတိရတိုင်း " မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန် မနေပါဘူး " လို့ ကိုယ့်ကိုယ်ကို ကတိပေးပြီးတဲ့ နောက်မှာ ဘယ်နေရာမှာ ဖြစ်ဖြစ် ရသလောက် သတိနဲ့ နေသင့်တယ်။

မေ့တိမေ့လျော့ သတိလက်လွတ်နေတယ်ဆိုတာ မကောင်းပါဘူး။ ဘာပဲလုပ်လုပ် ဘာပဲတွေးတွေး အချိန်မရွေး အခါမရွေး သတိနဲ့နေရတာ အကောင်းဆုံးပဲ။ ဒီလို သဘောပေါက်ပြီး နေရာမရွေး အချိန်မရွေး အလုပ်မရွေး ရသလောက် သတိကပ်ပြီး နေကြတဲ့ ဒကာ ဒကာမတွေ တဖြေးဖြေး များလာတာ သိရလို့ အင်မတန် ဝမ်းသာပါတယ်။

အင်မတန်အလုပ်များတဲ့ ကြားထဲက အချိန်ရအောင် ယူပြီးတော့ မနက်စောစောကတည်းက သတိနဲ့ နေတဲ့ အလေ့အကျင့်ကို လုပ်ကြတယ်။ နိုးကတည်းက အိပ်ရာထဲမှာ အိပ်နေရင်းက သတိလေးကပ်ပြီး အသက်ရှူ တာကို ခဏလုပ်ပြီးမှ အိပ်ရာထ အိပ်ရာသိမ်းတာကို သတိနဲ့
လုပ်ကြတယ်။ မျက်နှာသစ်တာကိုလည်း သတိနဲ့ လုပ်ကြတယ်။ ပြီးတော့မှ နာရီဝက်လောက် တရားထိုင်ကြတယ်တဲ့။ တချို့ အလုပ်များတဲ့ ကြားထဲက တစ်နာရီလောက် ရအောင် ထိုင်ကြတယ်တဲ့။ ဒီလို ကြားရတာ အင်မတန် ဝမ်းသာစရာ ကောင်းပါတယ်။

ဆရာတော် ဦးဇောတိက
( မဟာမြိုင် တောရ )
" အပျော်ဆုံး လူ" စာအုပ်မှ

အူလယ်လယ် အလှူ ရှင်နဲ့ အလှူ ခံ၊ ကံကတော့မခေ


ဇွန်လ ၁-ရက်နေ့ကပေါ့

ကိုမိုက်ကယ်တို့ရဲ့ဆွမ်းစားကအပြန် စားသောက်ကုန်စုံဆိုင်ကြီးတစ်ဆိုင်မှာဝင်ပြီး လိုချင်တာလေးဝယ်တယ်၊ အသိ ဒကာမတစ်ယောက်နဲ့တွေ့တယ်လေ။

သူနဲ့မတွေ့တာလဲကြာပါပြီ။ "ဒကာမကြီး ၀လို့ပါလား"။ ရယ်ကာမောကာနဲ့ "မှန်ပါဘုရား"တဲ့။ "ဆရာတော်လဲ ပိန်နေတယ်"။ "ဟုတ်တယ်၊ ဖျားပြီးစမို့ပါ"လို့ လွယ်လွယ်ပဲပြောလိုက်မိတယ်။ သူကလဲ ဈေးလှည်းတွန်းလျက်၊ ပစ္စည်းတွေကလဲအပြည့်၊ ကိုယ်တို့နှစ်ပါးကလဲ ဈေးလှည်းနဲ့ပေါ့လေ။

"ဆရာတော် ကြုံတုန်း ဒီပစ္စည်းလေးတွေလှူလိုက်ပါရစေဘုရား" တဲ့။ "သာဓုပါ၊ ကျောင်းမှာလဲ အာဂန္တု ဘုန်းကြီးတွေရှိတော့ အဆင်ပြေတာပေါ့ ဒကာမကြီး"။

သူ့လှည်းထဲက ပစ္စည်း ၂-ထုပ် ကိုယ့်လှည်းပေါ်ပြောင်းတင်ပေးတယ်လေ။ ဒကာမကြီးက တကယ်စေတနာအစစ်အမှန်နဲ့လှူနေတာပါ။ သူ့မျက်နှာမှာ ရိုးသားဖြောင့်စင်းတဲ့ စေတနာတွေအထင်းသားပါ။ အလှူခံကလဲ ကျေးဇူးတင်ဝမ်းသာမိတာ အမှန်ပါ။ ဆုတွေဘာတွေပေးပြီး နှစ်ပါးသား စကားတပြောပြောနဲ့ ငွေရှင်းမယ့်ကာင်တာဆီကို သွားလိုက်ကြတယ်။

ကောင်တာပေါ် ပစ္စည်းတွေတင်မှ "ဟာ- သူလှူတာတွေ ငါက ငွေရှင်းရမှာပါလားလို့" သတိရမိတယ်။
ကိုယ့်အဖြစ်ကိုတွေးပြီး ပြုံးမိတယ်။ အဖေါ်ပါတဲ့ အာဂန္တုဘုန်းကြီးကတော့ ဟားတိုက်ပြီးရယ်တယ်လေ။

လှူတဲ့ဒကာမကတော့ ကိုယ်ပိုင်ပစ္စည်းအမှတ်နဲ့ စေတနာနဲ့ ရိုးရိုးသားသားလှူလိုက်လို့ စေတနာအကျိုးတော့ ရပြီးသားပါ။ ရယ်စရာတော့ ဖြစ်သွားတာပေါ့နော်။

သူ့ပစ္စည်းတွေ ပြန်ထုပ်မယ်စိတ်ကူးသေးတယ်။ နေပါစေတော့လေဆိုပြိး ငွေရှင်းမယ်လုပ်တုန်း ဒကာတစ်ယောက်က ဘယ်နိုင်ငံကပါလဲ၊ ဘယ်ကျောင်းကပါလဲ မေးပြီး ဒီပစ္စည်းတွေ သူလှူပါရစေ တဲ့။ သူက ဗီယက်နာမ်နိုင်ငံကပါတဲ့။
$ 50 နီးပါးကျတာကို သူကရှင်းသွားတယ်လေ။
ကံကောင်းသေးတယ်လို့ ဆိုရမှာပေါ့နော်။

ငွေရှင်းပြီး ဒကာက ဘာသာရေးမေးခွန်းတွေ မေးသေးတယ်။ စိတ်ရှည်ရှည်နဲ့ စွမ်းနိုင်သလောက်ရှင်းပြခဲ့ပါတယ်။ သူက မဟာယာန ဗုဒ္ဓဘာသာပါ။

ဖြစ်ပုံကတော့ ဆန်းလိုက်တာလို့ တွေးမိပါရဲ့
.
မြတ်ပဋ္ဌာန်း
ဇွန်လ ၂ ရက်။ ၂၀၁၆

((( ရဟန်းနှင့် ဖေ့စ်ဘုတ် )))


မနေ့က စာရေးဆရာတစ်ယောက်ရဲ့ 'ဖေ့စ်ဘုတ်နှင့်ရဟန်း'ဆိုတဲ့ ပို့စ်ကို ဖတ်လိုက်ရလို့ အခု ဒီစာကိုရေးပါတယ်။

သူက ရဟန်းသံဃာတွေကိုယ်တိုင် ကား၊ ဆိုင်ကယ်မောင်းတာကို တားမြစ်လိုက်တဲ့အကြောင်းနဲ့စ,ထားတယ်။ ဒါက ကျုပ်လည်း လက်ခံသဘောကျတဲ့အချက်ပဲ။ ထိထိရောက်ရောက်အရေးယူလေ သဘောကျလေပါပဲ။

နောက်တစ်ချက်က 'ရဟန်းသံဃာတွေလူထွက်ကုန်တာ ဖေ့စ်ဘုတ်သုံးလို့ပါ' တဲ့။ ကျုပ်မယ် သူ့စာဖတ်ပြီးတော့ 'သြော်---စာရေးဆရာရယ်' ဆိုပြီး သနားသွားမိတယ်။

ဒီလိုအတွေးမျိုးကို သာမန်လူကတွေးတယ် ပြောတယ်ဆိုရင်တောင် ဘာမှအံ့သြမိမှာ မဟုတ်ဘူး။

အခုတော့ စာတွေဖတ်၊ စာတွေရေး၊ စာအုပ်တွေကို စီစဉ်ထုတ်ဝေနေသူလည်းဖြစ်၊ စာပေဟောပြောပွဲစင်မြင့်တွေမှာ တက်ဟောပြီး လူတွေကို အသိပညာမျှဝေနေသူလည်ုးဖြစ်တဲ့ စာရေးဆရာတစ်ယောက်က ဒီလို အတွေးတိမ်တိမ်လေးတွေးပြတော့ ကျုပ်သနားမိတာ လွန်သလား။

ထားပါတော့လေ။ သူပြောသလို 'ရဟန်းသံဃာ အရည်အတွက်လျော့လာရတဲ့အကြောင်းဟာ ဖေ့စ်ဘုတ်သုံးလို့' ဆိုတဲ့ ရမ်းချချက်(--အဲလေ--မှားလို့--)မှန်းဆချက်ဟာ ရာခိုင်နှုန်းအားဖြင့် ၃-ရာခိုင်နှုန်းလောက် မှန်နိုင်ပါတယ်။

ဒါပေမယ့် "အများစုလူထွက်ရတဲ့ အကြောင်းအရင်းဟာ ဖေ့စ်ဘုတ်ကြောင့်ပါ" ဆိုရင် ကျုပ်မေးခွန်းတစ်ခုမေးချင်ပါတယ်။

ဒီနှစ်ကျောင်းအပ်ရာသီမှာ စတုတ္ထတန်း တက်ကြတဲ့ကလေး တစ်သိန်းရှိတယ်ဆိုပါစို့။ နောင်ခြောက်နှစ်ကြာရင် အဲ့ဒီတစ်သိန်းလုံး ဆယ်တန်းစာသင်ခန်းတွေထဲရောက်ကြလိမ့်မယ်လို့ အာမခံနိုင်ပါသလား။

ကဲ---ဟုတ်ပြီ။ အာမမခံနိုင်ဘူးထားလိုက်။ ဒါဆို ဒီနှစ်စတုတ္ထတန်းကလေးတွေနောင်ခြောက်နှစ်
ကြာလို့ ဆယ်တန်းစာသင်ခန်းထဲ မရောက်ကြတာဟာ ဖေ့ဘုတ်ကြောင့်လား။ ဖြေကြည့်။

ဒီမေးခွန်းရဲ့အဖြေကိုရရင် ရဟန်းသံဃာတွေ ဘာကြောင့်အရေအတွက်လျော့နည်းသွားရသလဲ ဆိုတဲ့မေးခွန်းရဲ့အဖြေကို ရပါလိမ့်မယ်။

ဒါက စာရေးဆရာနဲ့ သူ့လိုတွေးမိတဲ့သူတိုင်းကို စဉ်းစားစေချင်တဲ့အချက်ပါ။ ဆက်စပ်မိလို့ သိစေချင်တဲ့အချက်တွေကို တစ်ခါတည်း ပြောလိုက်ပါဦးမယ်။

-----------------------*****--------------------

အွန်လိုင်းသုံးတဲ့ ရဟန်းသံဃာတွေ တောမှာရော မြို့မှာပါ သိန်းချီပြီးရှိနေနိုင်တဲ့ဒီနေ့ခေတ်မှာ တစ်နှစ်ကို ရဟန်းသာမဏေ ငါးသောင်း လူထွက်တယ်ပဲ ထားပါဦး။ ဖေ့စ်ဘုတ်ကြောင့် လူထွက်တဲ့ ရဟန်း,သာမဏေဘယ်နှစ်ပါးပါမယ် ထင်ပါသလဲ?

ပြဿနာက ရဟန်းသံဃာတွေ အွန်လိုင်းတက်ပြီ၊ ဖေ့စ်ဘုတ်သုံးပြီဆိုရင်"မဟုတ်မဟုတ်တွေ
လုပ်တော့မယ်၊ ကြည့်တော့မယ်၊ ကြူတော့မယ်၊ ချက်တော့မယ်" လို့ ထင်နေတဲ့ ကိစ္စပါ။ "ထင်တာမဟုတ်ဘူး ကိုယ်တော်၊ မြင်နေရတာ" လို့ စောဒကတက်ဦးမလား။

ဖေ့စ်ဘုတ်သုံးတဲ့ ရဟန်းအပါးတစ်ရာမှာ ဘယ်နှစ်ပါးလောက်က အဲ့ဒီလိုပေါက်တတ်ကရတွေ လုပ်နေတတ်သလဲ။

ကဲ---ဖေ့စ်ဘုတ်ကို အကျိုးရှိရှိ ကောင်းကောင်း မွန်မွန်သုံးပြီး ဓမ္မအသိဉာဏ်တွေ၊ ဘာသာရေး ဗဟုသုတတွေ၊ သာသနာရေးလုပ်ဆောင်ချက် တွေရေးတင်နေကြတာကျတော့ ခင်ဗျားတို့ ဖတ်ကြသလား။ မဖတ်ပါဘူး။ စာရှည်လို့တို့၊ ဘာသာရေးအကြောင်းမို့လို့တို့၊ အရုပ်မပါလို့တို့နဲ့ ချေးများနေကြတာလေ။

ဟော---ရဟန်းသံဃာတွေရေးတဲ့စာသာ မမြင်ချင်ယောင်ဆောင်ကျော်သွားကြတာ။ ကောင်မလေးတွေတင်တဲ့ ဓာတ်ပုံလှလှမြင်ရင်တော့ နှာဗူးထပြီး အငမ်းမရ Like ပေးလို့ပေး၊ 'ချစ်ချာလေး'ဆိုပြီး အသက်ကြီးကောင်းကြီးမှ နို့စို့သံနဲ့ မှတ်ချက်ဝင်ရေးလို့ရေးနဲ့ လုပ်နေကြတာ မဟုတ်လား။

ရဟန်းလောက သာသနာ့ဘောင်မှာ မကောင်းတဲ့ရဟန်းတွေရှိတယ်ဆိုတာကို မငြင်းဘူး။ ကဲ---ခင်ဗျားတို့ လူလောကမှာရော---လူသူတော်ကောင်းတွေချည်းနေကြသလား ဖြေစမ်းပါဗျာ။

သူတော်ကောင်းတွေချည်းရှိတယ်ဆိုရင် ကျုပ်တို့ ရဟန်းသံဃာတွေ အကုန်လူထွက်ပေးမယ်။ ကဲ ဘယ်နှယ့်လဲ။ လူတွေကြည့်လိုက်တော့ မိန်းမထဘီအောက်က မထွက်ဘူး။ ပြောလိုက်ရင် သောတာပန်စကား ပါးစပ်ကမချ။

ကဲ ကျုပ်မေးမယ်ဗျာ။

အချို့ဆယ်နှစ်လောက်ဖြေမှအောင်တဲ့ ဓမ္မာစရိယ စာမေးပွဲကို တစ်နှစ်ကျရုံလေးနဲ့ အပြစ်တင်တတ်တဲ့ ရဟန်းဒကာ ဒကာမတွေရဲ့ ဖိအားဒဏ်ခံနေရတဲ့ စာသင်သားတွေရှိတယ်ဆိုတာခင်ဗျားသိလား။

လှူတန်းထောက်ပံ့မှုကို စာချုပ်လိုလို၊ ရင်းနှီးမြုတ်နှံမှုလိုလိုနဲ့ ရဟန်းသံဃာကိုဖိအားပေး ချုပ်ကိုင်ချင်တဲ့ လူတွေရှိတယ်ဆိုတာရော ခင်ဗျားသိလား။

ခင်ဗျားတို့တွေရဲ့အိမ်မှာ မိသားစုတွေနဲ့ ကြည်ကြည်နူးနူးလက်ဆုံစားနေကြချိန်မှာ ဘဲဥတစ်ခြမ်း၊ ချဉ်ပေါင်ရွက်တစ်ခွက်၊ စမူဆာတစ်ခုနဲ့ ကိုယ့်ရဲ့ ဘယ်လက်နဲ့ ညာလက်ကို လက်ဆုံစားနေရတာရော ခင်ဗျားသိလား။

ဖျာတစ်ချပ် ကျောတစ်ခင်းစာနေရာလေးမှာနေပြီး မူ,ငယ်,လတ်,ကြီး---စတဲ့ စာမေးပွဲတွေကို တစ်နှစ်တစ်တန်းအောင်ဖို့ ကုန်းရုန်းကြိုးစား နေကြရတာကိုရော ခင်ဗျားသိလား။

ခင်ဗျားသားတွေ ဂျယ်ထောင်လမ်းသလားနေချိန်၊ ခင်ဗျားသမီးတွေ အတိုအကွဲ အပြဲအဟိုက်တွေနဲ့ လမ်းပေါ်ထွက် စပ်စလူးထနေချိန်မှာ ကတုံးပြောင်ပြောင်ကို နေအပူခံပြီး ဆွမ်းခံကြွနေကြတဲ့ သီလရှင် ကိုရင် ရဟန်း သာမဏေတွေကို "ငါ့သားလေး ငါ့သမီးလေးများ ဖြစ်ရင်"ဆိုပြီး ခင်ဗျား ကိုယ်ချင်းစာကြည့်ဖူးလား။

မယားနဲ့ သားသမီးနဲ့ အိမ်ကြီးအိမ်ကောင်းမှာ ကိုယ့်စိတ်ကြိုက်နေနေရတဲ့ခင်ဗျား၊ မိဝေး ဖဝေးနဲ့ စည်းကမ်းကလနားတွေကြား ကျဉ်းကျဉ်း ကြပ်ကြပ်နေရတဲ့ ဘဝတွေကို မသိပါဘူး။ မစာနာနိုင်ပါဘူး။ ခင်ဗျား နားမလည်နိုင်ပါဘူး။

ခင်ဗျားတို့ သားသမီးတွေနဲ့ ရဟန်း,သာမဏေ,သီလရှင်တွေကို အသက် ၁၃-နှစ်ချင်း၊ ၁၅- နှစ်ချင်း၊ ၁၈-နှစ်ချင်း၊ အသက်-၂၀ ချင်း ယှဉ်တွေးကြည့်လေ။

ခင်ဗျားတို့ သားသမီးတွေ ကပွဲတွေထဲ ပျော်နေချိန်မှာ သူတို့လည်း ပျော်ချင်ရှာမှာပဲ။

ခင်ဗျားတို့ သားသမီးတွေ ဝတ်ကောင်းစားလှ တစ်နေ့တစ်မျိုးဝတ်နေချိန်မှာ ဒီကိုရင် ရဟန်းသာမဏေတွေလည်း ဝတ်ချင်စားချင်မှာပဲ။

ခင်ဗျားတို့သားသမီးတွေ ဟန်းဆက်အမျိုးမျိုးနဲ့ ဖုန်းပြောင်းကိုင်နေချိန်မှာ သူတို့လည်း ကိုင်ချင်မှာပဲ။

ခင်ဗျားတို့ သားသမီးတွေ ရည်းစားနဲ့ ပလူးနေချိန်မှာ ဒီအရွယ် ရဟန်း,သာမဏေ တွေလည်း ဒီစိတ်ဖြစ်မိမှာပဲ။

ဒါပေမယ့် ကွာခြားချက်က ခင်ဗျားတို့သားသမီး တွေ 'အဝှါ'သရမ်းချင်တိုင်း သရမ်းကြပေမယ့် ရဟန်းသာမဏေတွေက ဘယ်တော့မှ မသရမ်းကြဘူး။ ထိန်းချုပ်ဖို့ကြိုးစားကြတယ်။
( သရမ်းလို့မှမရတာလို့ပြောဦးမလို့လား )
ကိလေသာကုန်တဲ့ ရဟန္တာတွေမှ မဟုတ်ကြတာ၊ အချိန်တန်ရင် သူတို့လည်း ဒီစိတ်ပေါ်တာပဲ။

ခင်ဗျားပြောတဲ့ ဖေ့စ်ဘုတ်ကြီးရှိရှိ မရှိရှိ လူထွက်မယ့်သူက ထွက်ကို ထွက်မှာပဲ။ ဘယ်ရဟန်းသံဃာမှ ဘယ်လောက်ကြာအောင် ဝတ်ပါ့မယ်လို့ စာချုပ်ချုပ်ထားတာမရှိဘူး။
အေး---လူမထွက်ချင်တဲ့သူကလည်း သူရှေ့လာပြီး ပြည့်တန်ဆာနဲ့ မြူဆွယ်ရင်တောင် မထွက်ဘူးဗျ---ရှင်းလား။

ရှေးတုန်းက ခြေသလုံးသားလေးမြင်ရုံ၊ ဗိုက်သားလေးမြင်ရုံနဲ့ လူထွက်ကုန်ကြသတဲ့။ အခုခေတ် တစ်ကိုယ်လုံးမြင်နေတာတောင် တောင့်ခံနေနိုင်တဲ့ စာသင်သားသံဃာတွေရဲ့ ထိန်းချုပ်နိုင်စွမ်းကို သိပ်လျှော့မတွက်ပါနဲ့။

ကျောင်းဝင်းအပြင်ပ လမ်းပေါ် ကားပေါ် ရထားပေါ် အွန်လိုင်းပေါ်က မကောင်းတဲ့ သင်္ကန်းဝတ်တစ်ပါးမြင်တာနဲ့ သာသနာ့ဘောင်က ကျန်တဲ့ကိုယ်တော်တွေလည်း ဒီလိုဖြစ်မှာပဲလို့ တွေးမိတယ်ဆိုရင်-----( ဥပမာပေးတာ ရိုင်းရင် ခွင့်လွှတ် )

အပျက်မတွေဟာ မိန်းမတွေဖြစ်ပေမယ့် မိန်းမတိုင်းဟာ 'အပျက်မ'မဟုတ်ဘူးလို့ ခင်ဗျားဘေးက ခင်ဗျားမယားကိုကြည့်ပြီးတွေး။
မုဒိမ်းကောင်တွေဟာယောကျာ်းတွေဖြစ်ပေမယ့် ယောကျာ်းတိုင်းဟာ မုဒိမ်းကောင်မဟုတ်ဘူးလို့ ခင်ဗျားရုပ်ကို မှန်ထဲကြည့်ပြီးတွေး။

ခင်ဗျားတို့တွေက မကောင်းတဲ့ရဟန်း,သာမဏေ တစ်ပါးပါးမြင်ရင်သာ----

"ငါဘုရားသာသနာ ငါ့သားတွေဖျက်မှပျက်မယ် လို့ ဘုရားဟောခဲ့တာ သိပ်မှန်တာပဲ" ဆိုပြီး တတ်ယောင်ကားလေသံနဲ့ စိုးရိမ်သလိုလို စိတ်ပျက်သလိုလို အပြစ်တင်ချင်ကြတာ။

ကြမ်းပြင်ပေါ်ဝမ်းလျားမှောက်၊ ဒူးပွန်း တံတောင် အပွန်းခံပြီး စာတက် စာကျက် လုပ်နေကြတဲ့ စာသင်သားရဟန်းသံဃာတွေကိုမြင်ရလို့ဆိုပြီး အခုအပြစ်ပြောနေတဲ့လူတွေထဲက ဘယ်နှစ်ယောက်များအားကျပြီး သာသနာ့ဘောင်ဝင်လာဖူးသလဲ။ ဘယ်သူတွေကများ သဒ္ဓါတရားတွေတိုးပွားပြီး သာသနာတော်ကို ဘယ်လောက်အထောက် အပံ့ပေးဖူးသလဲ။

ကဲ---ကုန်ကုန်ပြောလိုက်မယ်---ခင်ဗျားတို့ ကြည်ညိုလှပါတယ်ဆိုတဲ့'တို့ဘုန်းဘုန်း'တွေကို မြင်ရလို့၊ သူတို့ဟောတဲ့တရားတွေကို နာရလို့ ခင်ဗျားတို့အပြစ်တင်နေတဲ့လူတွေထဲက ဘယ်နှစ်ယောက်ကများ မိန်းမတွေထမီကြားက ထွက်လာပြီး သာသနာ့ဘောင်ဝင်လာဖူးသလဲ ဖြေစမ်းပါ။

ဆယ်လ်ဖီဆွဲတာပဲမြင်ပြီး လိပ်ခေါင်းထွက်အောင် စာကျက် စာအံလုပ်နေတာတွေကျ ကန်းချင်ယောင်ဆောင်နေကြတယ်။

ညခင်းဘက် အားတဲ့အချိန်လေး လက်ဘက်ရည်ဆိုင်ထိုင်တာကိုပဲ မြင်ပြီး မျက်စိမှုန်အောင် စာဝါတက်နေကြတဲ့ အချိန်ကျတော့ နားတွေ မျက်စိတွေက ပင်းချင် ကန်းချင်ယောင် ဆောင်ကြတယ်။

အွန်လိုင်းပေါ် ကြူနေ၊ ချက်နေတဲ့ တစ်ပါးတလေကိုပဲ မြင်ပြီး ဘာသာရေး၊ သာသနာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး စတဲ့ အသိပညာဗဟုသုတတွေကို အချိန်ကုန် ဘေလ်ကုန်ခံပြီး ရေးသားဖြန့်ဝေနေကြတဲ့ ရဟန်းသံဃာတွေကိုတော့ မသိချင်ယောင် မမြင်ချင်ယောင်ဆောင်နေကြတယ်။

ဘယ်ရဟန်းသံဃာကမှ "ဖေ့စ်ဘုတ်သုံးရင်း ရဟန္တာဖြစ်တယ်၊ တရားထူးရတယ်" လို့ မကြွေးကြော်ပါဘူးဗျ။ သူ့ရေစီးနဲ့သူ ထိန်းထိန်းသိမ်းသိမ်း လိုက်ပါစီးမျောနေကြရုံပါပဲ။

မြန်မာနိုင်ငံမှာ စာရေးဆရာတွေကို ပညာတတ်အလွှာလို့ သတ်မှတ်ထားကြတာပါ။ အဲ့ဒီပညာတတ်အလွှာကလူတွေကိုယ်တိုင်က ပညာမဲ့အတွေး၊ ကလေးအတွေး၊ ပရမ်းပတာအတွေး တွေးနေကြမယ်ဆိုရင်------

ခင်ဗျားတို့ကို အထင်ကြီးလေးစားလို့ ပင့်ဖိတ်ပြီး ဟောပြောပွဲလုပ် နားထောင်နေကြရှာတဲ့ အောက်ကပရိတ်သတ်တွေကို ဘယ်လိုလုပ်ပြီး အသုံးကျတဲ့အသိပညာတွေပေးကြမှာလဲ။ ဘယ်လိုလုပ်ပြီး အဆင့်မြင့်တဲ့ အတွေးအခေါ်တွေပေးကြမှာလဲ။ စဉ်းစားပေါ့ဗျာ။

အတတ်ကျူးရင် ရူးတတ်သတဲ့။ ကြည့်ကျက်တွေး ကြပါဗျာ။ ကြာရင် ခင်ဗျားတို့စာဖတ်ပရိသတ်တွေ အရူးစာချည်း ဖတ်နေကြရပါဦးမယ်။

အရှင်ကောသလ္လ(ရေဦး)
၃၊ ၆၊ ၂၀၁၆။

အဲဒီ လော်စပီကာသံတွေကို ငါ မုန်းတယ်


မုန်းတယ် မုန်းတယ် အဲဒီ လော်စပီကာသံတွေကို ငါ မုန်းတယ်... ဘယ်နှယ်ဗျာ... အေးအေးလူလူ နေရမလားလို့ ဘုန်းကြီးဝတ်မိပါတယ်... မုဆိုးတွေ သမင်လေးတစ်ကောင်ကို ၀ိုင်းလိုက်နေသလိုပဲ... လေးဘက်လေးလံ ဆူညံလို့... လူကို အသံရဲ့ သားကောင်ဖြစ်နေရော့...

ခများတို့ စဉ်းစားကြည့်ဗျာ... ကျုပ်နေတဲ့ ကျောင်းက ဘုန်းကြီးကျောင်းတွေနဲ့ ပတ်လည်ဝိုင်းထားတာ... လော်စပီကာတွေ ကိုယ်စီနဲ့... တစ်နေ့တစ်နေ့ အဲဒီ လော်စပီကာကြီးတွေကို မြောက်ကိုးရီးယားက အနုမြူ ဒုံးကျည်ကြီးတွေလို မြင်နေပြီ... တအုံးအုံး တဒိုင်းဒိုင်းနဲ့... သေချင်စော်ကို နံနေရော့...

အရှေ့ဘက်ကျောင်းက တစ်နေကုန် တရားခွေတွေ ဖွင့်ထားတာ... မနက်မိုးလင်းတာနဲ့ ပရိတ် ပဋ္ဌာန်း စပြီ... ရောင်းသူမဲ့ ဆိုင်တွေလို သူလဲ ဘုရားရှိခိုး ပျင်းတိုင်း ခိုးသူမဲ့ လုပ်နေတာ... စောစောစီးစီး ဘယ်သူ တရားနာနိုင်မှာတုန်း... နာသူမဲ့ပေါ့... ကြာနီကန် MP3 ဒီဗွီဒီချပ်ကြီးကို တစ်နေကုန် ဖွင့်ထားတာ... တစ်ရပ်ကွက်လုံးက သူ့ကို ဘွဲ့နာမည် ဦးကိတ္တိ ဖျောက်ပြီး (ကြာနီကိတ်) ဆိုပြီး ခေါ်ကြတဲ့အထိ...

အနောက်ဘက်ကျောင်းက တောထွက်ကိုယ်တော်ကြီး ဦးကုမာရ က တမျိုး... သူက ရေဒီယိုကနေ ဂျက်ပင်နဲ့တွဲပြီး လော်စပီကာနဲ့ ပတ်ဝန်းကျင်ကို နှိပ်စက်တာ... လေလှိုင်းမမိတဲ့အခါများဆို တဂြီဂြီ တရှဲရှဲနဲ့... သွားတွေကို ကျိန်းနေရော့... သက်သက်မဲ့ ပတ်ဝန်းကျင်ကို ဒုက္ခပေးနေတာဗျ... ကျုပ်ကျောင်းက ကိုရင်ဒက်ချီးတို့က နာမည်ပေးထားတယ်... (ရေဒီယိုကုမာရွတ်)တဲ့။ ရှာရှာဖွေဖွေ မှည့်တတ်ပ...

တောင်ဘက် ကျောင်းက ဦးဇင်းမဲလုံးက တစ်ဖုံ... ဟုတ်မဟုတ်တော့ မသိဘူး... လူ့ဘ၀တုန်းက သူကြိုက်တဲ့ ကောင်မလေးက နောက်တစ်ယောက်နဲ့ ယူသွားလို့ ဘုန်းကြီးဝတ်လာတာဆိုလား... ဖြစ်တော့ ဖြစ်နိုင်တယ်... တစ်နေကုန် အလွမ်းသီချင်းတွေ သံကုန်ဖွင့်ပြီး အလွမ်းကသိုင်း ရှုမှတ်နေတာ... တွံတေးသိန်းတန်... ဟင်္သာတ ထွန်းရင်... အောင်တင်ဝင်း... ကိုထွန်းရွှေ... ကိုအံ့ကြီး... စုံလို့ပဲ... သူ့ကိုတော့ (တွံတေးမဲလုံး) ဆိုပြီး နာမည်ပြောင် ပေးထားသတဲ့ဗျ...

မြောက်ဘက်ကျောင်းက ဓမ္မာစရိယ ဦးဇင်းလေးကလဲ မခေဘူး... မ.ဘ.သ အဖွဲ့ဝင်ထားတယ်ဆိုလား... တစ်နေကုန် အမျိုးသားရေးတရားခွေတွေ မျိုးစုံဖွင့်တယ်... ၉၆၉ သီချင်းတွေ ဖွင့်တယ်... နားတယ်ကို မရှိတာရယ်... သူ့ဇာတိက မင်းဘူးက ဆိုလား... ကျောင်းက ကိုရင်တွေ ပေါက်ပေါက်ရှာရှာ နာမည်ပေးပုံ ပြောပါတယ်... မင်းဘူးသား မျိုးချစ်ဆရာတော်တဲ့... သူ့ကိုယ်သူ မ.ဘ.သ မျိုးချစ်ဆရာတော်ဆိုပြီး လုပ်နေတာလေ... မှတ်ကရော့...

တခါတခါလဲ သူတို့တွေ လော်စပီကာ ပြိုင်ဖွင့်တာက စိတ်တိုတိုနဲ့ ရယ်ရတာတွေလဲ ရှိသဗျ...

မင်းဘူးသားမျိုးချစ်ဆရာတော်ကျောင်း လော်စပီကာသံက .... (ဒကာ ဒကာမတို့ရေ... လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်က အပ်တစ်စင်းလိုကို ခက်တာပါနော်... သူတို့များ အစိုးရဖြစ်လို့ကတော့ ကုလားနိုင်ငံဖြစ်မှာဗျ)... ဆိုရင် အရှေ့ကျောင်း ကြာနီကိတ်ရဲ့ လော်စပီကာက .... (ဒီနေ့ ဟောကြားမယ့်တရားက မေမေနှင်ထုတ် တေးတစ်ပုဒ်တဲ့... ဘာတဲ့ ပရိတ်သတ်)... ဆိုတာမျိုး...

တောင်ဘက်ကျောင်းက .... (ရန်သူငါးပါးထဲမှာ အင်မတန်ဆိုးဝါး လှတာ... မညှာမတာ ဘယ်သူ့မှ မထောက်ပါ... သူခိုးဓားပြထက် ဆိုးတဲ့ ရန်သူဟာ)... ဆိုရင် ဒီဘက် ရေဒီယို ကုမာရွတ် ရဲ့ လော်စပီကာက .... (အောင်တပ်မတော်ကြီးလဲ ချီတက်လာပါပြီ)... ဆိုပြီး ဖြစ်ကုန်ရော့... ကမောက်ကမတွေပေါ့ဗျာ....

ခများတို့ စဉ်းစားကြည့်ဗျ... ကျုပ်မှာ အရှင်လတ်လတ် ငရဲပြည် ရောက်နေသလိုပဲ... ဒကာ ဒကာမ လာလို့ အေးအေးလူလူ ဧည့်ခံစကားပြောရတယ်ကို မရှိဘူး... အော်ကြီးဟစ်ကျယ်နဲ့... အမြင့်ဆုံး ကီးတွေသုံးပြီး ပြောရတာ... ပြောနေဆိုနေရင်း တိုက်တိုက်ဆိုင်ဆိုင် လော်စပီကာတွေ ရပ်သွားချိန်နဲ့ တိုးလို့ အရူးကြီးလိုဖြစ်သွားတာတွေလဲ ရှိရဲ့...

ကျောင်းမှာ စားစရာ ဆွမ်းမရှိရင်နေ... မှန်ချိုဆေးတော့ အပြတ်ခံလို့ကို မဖြစ်တာ... သောက်ရေအိုးထဲ မှန်ချိုဆေး တစ်ဗူးထည့်ရောပြီး တစ်ကျောင်းလုံး မှီဝဲနေရတဲ့အဖြစ်... ခုဆို တစ်ကျောင်းလုံးလဲ အော်ကြီးဟစ်ကျယ်တွေ ပြောတတ်နေပြီ... လူထွက်ပြီး အဆိုတော်လုပ်ရင် ဟဲဗီးရော့ခ်တွေ တစ်ခေတ်ပြန်ထ.နိုင်တဲ့အထိ... တကယ်ပြောတာ... ကျုပ်ကျောင်းက ခွေးတွေ ဟောင်တာတောင် သူများတကာခွေးတွေထက် အသံ ပိုကျယ်တယ်...

လူပျံတော် မေတ္တာရှင်ကြီးကတော့ အပူရှောင်စခန်းဆိုပြီး လုပ်နေတယ်ဆိုလား... ကျုပ်ကျောင်းမှာတော့ အသံရှောင်ခန်းဆိုပြီး အိမ်သာလိုမျိုး အလုံပိတ် လုပ်ထားရတယ်... ဖုန်းလေးဘာလေး လာတဲ့အခါ အဲဒီထဲမှာ ၀င်ပြော... ကိုရင်တွေကို အရေးကြီးကိစ္စ မှာစရာရှိရင် အဲဒီထဲကို ခေါ်ပြီး ပြောပေါ့... မဟုတ်ရင် အလွဲလွဲအချော်ချော်... ရေစက်ချတဲ့ခွက် ယူခဲ့စမ်းဆိုရင် ရေစစ်တဲ့ဟာကြီး ယူလာလိုလာနဲ့... အရေးထဲ အဲဒီအခန်းကြီးကို အိမ်သာထင်ပြီး ရေးကြီးသုတ်ပြာ ၀င်ပြေးတဲ့ ဒကာမတွေက ရှိသေး...

ကျောင်းမှာ ကိုရင်ဦးဇင်းက မြဲတယ်မရှိဘူး... ကျုပ်ရဲ့ ဒဏ်ကို မခံနိုင်လို့များ မထင်နဲ့... အဲဒီ လော်စပီကာသံတွေကို မခံနိုင်လို့ လူထွက်ကုန်ကြတာ... ဟုတ်မှာပေါ့ဗျာ... လူ့လောကထဲမှာ ပူပူလောင်လောင် မနေချင်လို့ အေးရာအေးကြောင်း လာနေတာ... အိပ်ကောင်းခြင်း မအိပ်ရ... စားကောင်းခြင်း မစားရနဲ့... နားပူဒဏ် လာခံနေရတဲ့အဖြစ်... မထွက် ရှိရိုးလား...

တစ်ခါတစ်ခါလဲ... ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကြံကြံဖန်ဖန် စဉ်းစားမိတယ်... ဒကာ(မ) မထက်လို ထိုင်းနိုင်ငံကို သွား.. နားနှစ်ဖက်ကို ခွဲစိပ်... အလုံပိတ်... ကန်း အေးရော့... နောက်တစ်မျိုးလဲ စဉ်းစားမိတာ ရှိသေးတယ်... အမေရိကန်က တာဝေးပစ် ဒုံးကျည် တီထွင်ရင် ရရှားက ဒုံကျည်ခွင်းတဲ့ ဒုံကျည် တီထွင်သလိုမျိုးပေါ့... ကျုပ်လဲ လော်စပီကာ ဖျက်ခွင်းတဲ့ လော်စပီကာတစ်လုံးလောက်တော့ တီထွင်လိုက်ချင်တာ... ဖွင့်လိုက်တာနဲ့ ဘေးကျောင်းက လော်စပီကာတွေ ပစိပမွ ပျက်သွား အေးရော့...

ဟိုနေ့က ကျောင်းအမကြီး ဖုန်းလှမ်းဆက်တယ်... ဦးဇင်းလေး ဘာလိုသေးလဲတဲ့...

" ဒကာမကြီးရေ... အခြားဟာတော့ ဘာမှ မလိုဘူးဗျို့... လော်စပီကာခွင်းတဲ့ လော်စပီကာတစ်လုံးလောက် အမြန်ဝယ်ပေး... မဟုတ်ရင် ပုဆိုးတစ်ထည်နဲ့ အင်္ကျီတစ်ထည်သာ ၀ယ်ထားပေတော့... အေးချမ်းတဲ့ လူ့ဘောင်လူ့လောကကို ထွက်တော့မယ်ဗျို့..."

ပီနန္ဒ [မြိုင်]
11-5-2016
ရေးသားသည့်ဆရာတော် = အရှင်ပညာနန္ဒ (ပီနန္ဒ - မြိုင်)
Credit ; Ashin Pyinyar Nanda
Owner's Link ; https://www.facebook.com/pnanda.myaing.3

စွဲမှန်းမသိတဲ့ မောဟစွဲ


ကျမတို့ကို ဝိပဿနာပညာကို အသေးစိတ် သင်ကြားပေးနေတဲ့ ဆရာကြီး ဒေါက်တာဦးစိုးလွင်က ရေသန့်ဗူးတစ်ဗူးကို ကိုင်ပြီး ကျမတို့ကို "ဘာမြင်လည်း" လို့မေးတော့ ကျမတို့အားလုံးကလည်း "ရေ"လို့ ဖြေကြပါတယ်။

ဆရာကြီးက "ကိုယ်တကယ်မြင်တာကို ပြောကြပါ" ဆိုတော့လည်း အားလုံးက "ရေ"လို့ဘဲ ထပ်ပြောကြပါတယ်။ ဆရာကြီးက "ရေဆိုတာ သတ်မှတ်ပညတ်ထားတဲ့ နာမည်တခုသာဖြစ်တယ်။ အင်္ဂလိပ်လိုဘဲ တတ်တဲ့လူက water လို့ ဖြေမယ်။ ကုလားလို တတ်တဲ့လူက ပါနီလို့ ဖြေမယ်။ တရုတ်လိုတတ်တဲ့ လူက စွေ့ လို့ဖြေမယ်။ တကယ်တော့ လူတိုင်း အတူတူမြင်နေတာက ကြည်နေတဲ့ အရောင်လေးပါဘဲ" လို့ ပြောလိုက်တော့မှ ကျမလည်း ဆရာ့ကို တော်တော်အားနာသွားပါတယ်။

ဆရာက ကျမတို့ကို အချိန်တိုင်းအချိန်တိုင်း ရှေ့စိတ်က တကယ် မြင်တဲ့ ကြားတဲ့ နံတဲ့ အရသာရှိတဲ့ ထိတဲ့ အတိုင်းကို ဘာပညတ်မှ သတ်မှတ်ချက်မှ မပါတဲ့ သတိဦးဆောင်တဲ့ နောက်စိတ်ကနေ သိနေအောင် ရှေ့စိတ်ကို နောက်စိတ်နဲ့ သတိကပ်ထားဖို့ တဖွဖွသင်ကြားနေတဲ့ ကြားထဲက ကျမတို့ကလည်း ရှေ့စိတ်က တကယ်တော့ ကြည်နေတဲ့ အရောင်လေးကိုသာ မြင်ကြလျှက်နဲ့ အဲဒီရှေ့စိတ်ကို လွတ်သွားပြီး နောက်စိတ်မှာ တစ်သက်လုံးမှတ်ထားတဲ့ သညာအတိုင်း "ရေ"လို့ဘဲ ဖြေကြပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဝါဒဟာ ကိုးကွယ်ရာ ဘာသာတရားတစ်ခုသာ မဟုတ်ဘဲ အနက်နဲဆုံးသော အခက်ခဲဆုံးသော အမြင့်မြတ်ဆုံးသော ပညာ တခုလည်းဖြစ်ပါတယ်။ ဒီပညာရပ်ဟာ ကျောင်းစာတွေလို အလွတ်ကျက်မှတ်ရုံနဲ့ သိမြင်တတ်မြောက်နိုင်တဲ့ ပညာ မဟုတ်ဘဲ မြတ်စွာဘုရားသင်ကြားပေးခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကျင့်စဉ်အတိုင်း ကိုယ်ကိုယ်တိုင် ကျင့်ကြံအားထုတ်မှသာ ကိုယ်ပိုင်ပညာအဖြစ် မဂ်ဥာဏ်ဖြစ်ထွန်းမည့် အရာပါ။

မြတ်စွာဘုရားက ကျမတို့ကို သဘာဝတရားကြီးရဲ့ ဖြစ်စဉ်နဲ့ သဘာဝတရားကြီးရဲ့ အမှန်တရားကို ဖော်ထုတ်ပြသ သင်ကြား ပေးသွားတာပါ။
၁။ သဘာဝတရားကြီးရဲ့ အမှန်တရားကတော့ သဘာဝတရားကြီးမှာ အတ္တမရှိဘူး။
၂။ သဘာဝတရားကြီးရဲ့ ဖြစ်စဉ်မှာ အရာရာဟာ အကြောင်းတရားပေါ်တည်မှီပြီး အကျိုးတရားတွေက သူ့သဘောသူဆောင်ပြီး အကြောင်းအားလျှော်စွာ ဖြစ်ပေါ်နေကြတာဆိုတဲ့ အနတ္တတရားသာ ဖြစ်တယ်။

တကယ်တော့ ကျမတို့အားလုံး ပြင်ပလောကကြီးကို မြင်ခြင်း ကြားခြင်း နံခြင်း စားခြင်း ထိခြင်း ဆိုတဲ့ အမှုကိစ္စ ၅မျိုးနဲ့သာ ဆက်ဆံနိုင်ကြ ဆက်ဆံနေကြတာပါ။ အဲဒီလို ဆက်ဆံတိုင်းလည်း တကယ်စင်စစ်က အင်မတန်မှ ရိုးရှင်းသန့်စင်တဲ့ အရှိအမှန် ပရမတ်တရားတွေရဲ့ လက္ခဏာတွေဖြစ်တဲ့ အဆင်းအရောင်၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့တွေနဲ့ဘဲ ဆက်ဆံနေကြရတာပါ။

ပရမတ်ရဲ့ သဘာဝအတိုင်း ဒါတွေအားလုံးဟာ ရှေ့စိတ်မှာ အကြောင်းတိုက်ဆိုင်တဲ့ ပစ္စုပ္ပန်တခဏအတွင်း ဖြစ်လည်းဖြစ်ချုပ်လည်းချုပ်ပျောက်သွားတတ်တော့ နောက်စိတ်မှာ အင်မတန်သမာဓိခိုင်တဲ့ သတိမရှိလို့ကတော့ ဒါကိုလုံးဝ မသိမမြင်လိုက်ဘဲ ကျမတို့ကို ဆရာကရေသန့်ဗူးပြမေးတဲ့ အချိန်မှာ တကယ်က အကြည်ရောင်အဆင်းပရမတ်ကိုဘဲ မြင်သိလိုက်တဲ့ အနတ္တနေရာမှာ တသံသရာလုံးကစွဲနေတဲ့ အတ္တတရားက သူ့အလိုအတိုင်း ကြီးစိုးချယ်လှယ် ပြီး အခိုင်အမာ ပညတ်စွဲ"ရေ" ဖြစ်သွားတာပါဘဲ။

"ရေ" ဆိုတာ ကိလေသာဖြစ်ဖို့ အခွင့်အလမ်းနည်းပါးတဲ့ အရာမို့ ရေလို့ အထင်အမြင် အသိအမှတ်မှားရုံသာမှားခြင်းဟာ သိတ်ပြဿနာမရှိပေမဲ့ ဖန်ခွက်တစ်ခုထဲက ပုလင်းတစ်ခုထဲက ပယင်းရောင်အဆင်းကို ပစ္စုပ္ပန်တဲ့တဲ့မှာ ပယင်းရောင်အဆင်းလို့ မြင်ရုံဘဲ မြင်တဲ့ ရှေ့စိတ်ကို နောက်စိတ်က သတိမပြုမိလိုက်ဘဲ အရက်လို့ ပညတ်စွဲ ဝင်သွားရင်တော့ အရက်ကြိုက်တဲ့ လူမှာ လောဘကိလေသာအကုသိုလ်ဖြစ်ရသလို၊ အရက်မုန်းတဲ့သူမှာ ဒေါသကိလေသာအကုသိုလ်ဖြစ်ဖို့ သေချာသွားပါပြီ။ အကြည်ရောင်ရှိတဲ့ အဆင်းကို ရေ၊ ပယင်းရောင်ရှိတဲ့ အဆင်းကို အရက်လို့ အလွဲလွဲ အမှားမှား ထင်မှတ်လိုက်ခြင်းဟာ ကြိုက်လို့စွဲတဲ့ ကြိုက်စွဲ လောဘစွဲ၊ မကြိုက်လို့စွဲတဲ့ မကြိုက်စွဲ ဒေါသစွဲတော့ မဟုတ်ပေမဲ့ ကျမတို့ ပုထုဇဉ်တွေ အားလုံးစွဲနေတဲ့ မသိစွဲ မောဟစွဲပါဘဲ။

ို့ရုပ်ရှင်ရိုက်တဲ့ထဲမှာ အရက်သောက်ပြီး မူးတဲ့အခန်းတွေရိုက်ရင် ပယင်းရောင် အဆင်းရှိတဲ့ ရေနွေကြမ်းကို ပုလင်းထဲထဲ့ ခွက်ထဲထဲ့ သောက်ပြ မူးပြနေကြတာဟာ ပုထုဇဉ်တွေရဲ့ ဒီအမြင်မှားအမှတ်မှားမှု မောဟစွဲကို အခွင့်ကောင်းယူ မျက်လှဲ့ပြနေကြတာပါဘဲ။

ဒီအမှန်တရားကို ကိုယ်ပိုင်ဥာဏ်နဲ့ သိမြင်နိုင်ဖို့ကတော့ ရှေ့စိတ်မှာ ဖြစ်ပေါ်သွားတဲ့ မြင်သိစိတ် ကြားသိစိတ် နံသိစိတ် စားသိစိတ် ထိသိစိတ်တို့ကို သမာဓိခိုင်တဲ့ သတိဦးစီးတဲ့ နောက်စိတ် နဲ့ ကပ်ကြည့်တတ်တဲ့ အလေ့အကျင့်ကို ဝိရိယနဲ့ ပျိုးထောင်ခြင်းက စလေ့ကျင့်ရပါတယ်။

"သမထသည် အသိလွယ်ပြီး အကျင့်ခက်၏။
ဝိပဿနာသည် အကျင့်လွယ်ပြီး အသိခက်၏။" ဆိုတဲ့ ဆိုရိုးစကား အတိုင်း ဝိပဿနာကို ကျင့်ကြံအားထုတ်တော့မယ် ဆိုရင်
၁။ ရုပ်နာမ်ပရမတ်တရားတွေကို သေသေချာချာ ပိုင်းခြား သိရှိနားလည်တဲ့ "နာမရူပပရိစ္ဆေဒဥာဏ်"နဲ့
၂။ ဒီအကျိုးတရားရုပ်နာမ်တွေရဲ့ ဖြစ်ပေါ်ချုပ်ပျောက်နေမှု အကြောင်းတရားတွေ နားလည်သဘောပေါက်တဲ့ "ပစ္စယပရိဂ္ဂဟဥာဏ်" တို့ကို ရရှိပိုင်ဆိုင်ထားဖို့ သိစရာတွေ အများကြီးကို ဆရာသမားကောင်းတွေထံမှာ ဦးစွာသင်ယူထားကြရမှာပါ။

ဒီလိုသင်ယူနေကြခြင်းက မိုးကုတ်ဆရာတော်ဘုရားကြီး မိန်တော်မူခဲ့တဲ့ "ဝိပဿနာတရား အားမထုတ်ခင် ဒိဋ္ဌိကို အသိနဲ့ဖြုတ်နေခြင်း" ပါဘဲ။

(ဤဆောင်းပါးဖြင့် မသိမှု အဝိဇ္ဇာမောဟမှ သိမှု ဝိဇ္ဇာပညာ သို့ ပြောင်းလဲကြောင်း ဝိပဿနာသတိပဌါန်မြတ်တရားကို ဟောကြားတော်မူခဲ့သော ဗုဒ္ဓမြတ်စွာဘုရား အမှူးပြုသော သံဃာအားလုံးနှင့် ဝိသုဒ္ဓိမဂ်ဓမ္မလမ်းဝိပဿနာဆရာကြီး ဦးစိုးလွင် (မန္တလေး)နှင့် လူပုဂ္ဂိုလ် သင်ဆရာ မြင်ဆရာ ကြားဆရာ အားလုံးကို ပူဇော်ကန်တော့ပါ၏။)

မေတ္တာရည်လျှက်
ရွှေဇီးကွက်
Credit to Myint Myint Khin Pe

စိတ်ဖောင်းပွခြင်း


များသောအားဖြင့် ပစ္စည်းဥစ္စာတို့၊
ရာထူးတို့ ရှိလာတဲ့အခါမှာ လူက မာနတော်တော်ကြီးလာတယ်။
မာနကြီးလာတာကို
psychic inflation လို့ခေါ်တယ်။

ဘဝင်မြင့်သွားတာတို့ မာနကြီးသွားတာတို့
ဆိုတာဟာ အတွင်းမှာ empty ဖြစ်နေတဲ့
သဘောကို ထင်ဟပ်ပြတာပဲ။
empty ဖြစ်နေတဲ့ လက္ခဏာကို ပြတာပဲ။
ကိုယ့်ကိုကိုယ် တကယ် တန်ဖိုးရှိတယ်လို့
တကယ်မယုံကြည်ဘဲနဲ့..

စိတ်ထဲမှာ သံသယရှိနေတဲ့သူဟာ
ပြင်ပအရာတွေကို မှီပြီးတော့
အဲဒီအရာတွေအားကိုးနဲ့
ကိုယ့်ကိုယ်ကို တန်ဖိုးရှိတယ်လို့
ပြချင်တယ်။
အဲသလို ပြချင်တဲ့အခါမှာ
မာနကြီးလာတာပဲ။

မာနကြီးတယ်ဆိုတာကိုက
သူ့ကိုယ်သူ ယုံကြည်မူမရှိဘူး
ဆိုတာကို ပြနေတာပဲ။
ဒါတော်တော်လေး
စဉ်းစားဖို့ကောင်းတဲ့ အချက်ပဲ။
မာန်မာနကြီးကြီး နေပြလိုက်တာဟာ
အမှန်တော့ သူ့ရင်ထဲမှာ
ကြိတ်ပြီးတော့ဖြစ်နေတဲ့
လူအထင်မကြီးမှာ ကြောက်တဲ့စိတ်ကို
ဖုံးလိုက်တဲ့ လုပ်နည်းလုပ်ဟန်
တစ်မျိုးဖြစ်တယ်။

စိတ်ဓါတ်အင်အား ပျော့ညံ့တဲ့သူ၊ စစ်မှန်တဲ့သတ္တိမရှိတဲ့သူဟာ
သူတစ်ပါးကို အနိုင်ကျင့်ချင်တဲ့သူ
(ဒုက္ခဖြစ်အောင်၊ စိတ်ဆင်းရဲ
ကိုယ်ဆင်းရဲဖြစ်အောင် လုပ်ချင်တဲ့သူ)
ဖြစ်လာတယ်။

ကိုယ့်ကိုကိုယ် အဆင့်အတန်းမြင့်တဲ့ လူတစ်ယောက်(အတွင်းအားမရှိတဲ့သူ)လို့ မှန်မှန်ကန်ကန် မခံစားရတဲ့သူဟာ လူကြွားကြီးဖြစ်လာတယ်။

ကြွားတာဟာ
လူအထင်မကြီးခံရမှာ ကြောက်လို့။
အဲဒါကိုမှန်မှန်ကန်ကန် နားလည်ဖို့လိုတယ်။
မာနကြီးတာလည်း မကောင်းသလို
ကိုယ့်ကိုကိုယ် အထင်သေးနေတာလည်း မကောင်းပါဘူး။

တချို့က ကိုယ့်ကိုကိုယ်
အထင်သေးတဲ့စိတ် ရှိနေတယ်။
အဲသလို လူကလည်းပဲ
သူ့အရည်အချင်းတွေကို
သေသေချာချာ ထုတ်ဖော်နိုင်မှာလည်း
မဟုတ်သလို သူ့အကျိုးကိုလည်းသူ မဆောင်ရွက်နိုင်ဘူး။
ကိုယ့်ကိုကိုယ် အထင်သေးနေတဲ့
လူတစ်ယောက်ဟာ ကိုယ့်ကိုကိုယ် ကျေနပ်မူမရနိုင်ဘူး။
ကိုယ့်ကိုကိုယ် အပြစ်တင်နေတာ၊
အထင်သေးနေတာတွေဟာလည်း
ရှုံချနေတာဟာလည်း မာနတစ်မျိုးပဲနော်။
မာနဟာ အင်မတန် သိမ်မွေ့တယ်။
ဖြစ်မှန်းမသိ ဖြစ်ဖြစ်သွားတာ
မာနပါပဲ။ ကိလေသာထဲမှာ
ပယ်ရခက်တာလည်း မာနပါပဲ။
ကိုယ်က သတိတော်တော်
ထားနိုင်ပြီး တစ်စစပယ်မှ
တော်ကာကျမယ်။

ဒါကြောင့် ကိုယ်ကိုကိုယ်
အထင်သေးနေတာလည်း မကောင်းဘူး။ မတရားမာနကြီးနေတာလည်း မကောင်းဘူး။
ဒီနှစ်ခုစလုံးကို နားလည်ဖို့ အင်မတန်အရေးကြီးပါတယ်။

(ဆရာတော်ဦးဇောတိက)
(“သဘောထားကြီးပါတယ်” စာအုပ်မှ
ကောက်နှုတ်ချက် ဖြစ်ပါသည်။)

Tags: LIFE
Shared from Ma Aye Mi Khine

ချမ်းသာစွာ အိပ်စက်ရခြင်း ဟူသည်..


အလွန်အေးမြသော ဆောင်းဥတု တစ်ခုတွင် မြတ်စွာဘုရားရှင်သည် ရင်းတိုက်တောထဲရှိ အရွက်ကျဲကျဲ ရင်းတိုက်ပင်ကြီးတစ်ပင်၏ အောက်၌ သီတင်းသုံးနေတော်မူသည်။ နံနက်စောစောလမ်းလျှောက်ထွက်လာသည့် ဟတ္ထကမင်းသားသည် မြတ်စွာဘုရားကို မြင်လေရာရှိခိုးဦးချကာ မေးမြန်းလေသည်။
မင်းသား
အရှင်ဘုရား၊ ညကချမ်းချမ်းသာသာ အိပ်စက်ရပါရဲ့လား။
ဘုရား
အေး၊ ငါချမ်းချမ်းသာသာ အိပ်ရပါတယ်။ လောကမှာ ချမ်းချမ်းသာသာ အိပ်ရတဲ့အထဲမှာ ငါဟာတစ်ယောက် အပါအဝင် ဖြစ်ပေတယ်။
မင်းသား
အရှင်ဘုရား၊ ရာသီကလဲ ဆောင်းရာသီ၊ ရက်ကလဲ အအေး ဆုံးဖြစ်တဲ့ ရက်ထဲမှာ ရောက်နေပါတယ်။ ပီးတော့၊ လေကလဲ တဟူးဟူး တိုက်နေပါတယ်။ ပတ်ဝန်းကျင်မှာလဲပဲ မြေက မညီမညာ နွားခွါဆူးတွေနဲ့  ချွန်တက်ပြီးတော့ နေပါတယ်။ အရှင်ဘုရား သီတင်းသုံးနေတဲ့ ရင်းတိုက်ပင်ဟာ အရွက်တွေ အလွန်ကျိုးတိုးကျဲတဲနဲ့  အုပ်အုပ်ဆိုင်းဆိုင်း မရှိပါဘူး။ အောက် က ခင်းထားတဲ့ မြက်ခင်းကလဲ ပါးပါးကလေးရယ်ပါ။ ဒီလို
နေရာမျိုးမှာ ချမ်းချမ်းသာသာ အိပ်စက်ရ တယ်လို့ဆိုတာ ဘယ်လိုအဓိပ္ပါယ်ပါလဲ ဘုရား။
ဘုရား
အေး၊ မင်းကမေးတော့ ငါဖြေရမယ်။ ငါပြောမယ်၊ အလွန် ကြွယ်ဝတဲ့ သူဌေး ဒါမှမဟုတ် သူဌေးသား တစ်ဦးဟာ လှပ ဆန်းကြယ်တဲ့ တိုက်ကြီးတစ်တိုက်ကို တည်ထားတယ်။ တံခါးတွေ၊ လေသာပြတင်းတွေကို တပ်ဆင်ထားတယ်။ တိုက်ထဲမှာလဲ မွေးရှည်ကော်ဇော ကြီးတွေခင်းလို့၊ အိပ်စက်ရာ သလွန်ညောင်စောင်းကလဲ အင်မတန်မှ ခန်းနားတယ်။ အိစက်ညက်ညောတဲ့ အိပ်ရာကြီးပေါ်မှာအိပ်၊ ဘေးကလဲ ဇနီးလေးယောက်က ခြံရံပြီး ပြုစုနေတယ်။ တစ်ညလုံးလဲ ဆီမီးကလေး ထွန်းထားတယ်။ ဒီလို အနေအထားမျိုးနဲ့  အိပ်စက်နေရတဲ့ သူကို မင်းဘယ်လိုထင်သလဲ။ သိပ်ချမ်းချမ်း သာသာနဲ့  အိပ်ရမယ်လို့ မင်း ထင်သလား။
မင်းသား
အရှင်ဘုရား၊ ဒီလို စည်းစိမ်မျိုးနဲ့  ဒီလို အခြေအနေမျိုးမှာ အိပ်ရမယ် ဆိုရင် အလွန်ချမ်းချမ်းသာသာ အိပ်ရမှာ ဖြစ် ပါတယ်။
ဘုရား
ဒီသူဌေးသားမှာ ရာဂစိတ်တွေ ဖြစ်ပွားလာရင် စိတ်နှလုံးကို ပူပန်စေတတ်တယ်။ ကိုယ်ဆင်းရဲကိုလဲ ဖြစ်စေတတ်တယ်။
အဲဒီ အပူတွေ ရှိနေမယ်ဆိုရင် ဘယ်လောက်ကောင်းတဲ့
အိပ်ရာပေါ်မှာပဲ အိပ်ရ၊ အိပ်ရ ချမ်းချမ်းသာသာ အိပ်ရတယ် ဆိုတာ ဖြစ်နိုင်ပါ့မလား။ ငါဟာ အဲဒီ ဆင်းဆင်းရဲရဲ အိပ်စက်
ရခြင်း အကြောင်းဖြစ်တဲ့ ရာဂတရားကို အလျဉ်းပယ်ထားပြီး
သား ဖြစ်တယ်။ ဒါကြောင့် ငါဟာ ချမ်းချမ်း သာသာ အိပ်စက် ရတာ ဖြစ်တယ်။ နောက်ပီး ငါ့မှာ တအုံနွေးနွေး ရင်ကို ပူနွေး
စေ၊ ပူလောင်စေတတ်တဲ့ ဒေါသတရားလဲ မရှိဘူး၊ လုံးဝဖယ် ရှားထား ပြီးသား ဖြစ်တယ်။ ဒါကြောင့် ငါ့ရဲ့ရင်ဟာ အေးနေ တဲ့အတွက် ချမ်းချမ်းသာသာ အိပ်စက်ရတယ်။ ထို့အတူပဲ အမှန်မသိဘဲ ပူလောင်မှုကို ဖြစ်စေတတ်တဲ့ မောဟတရားကို ငါ့သန္တာန်မှာ အကြွင်းအကျန် မရှိအောင် ဖယ်ရှားထားပြီးသား
ဖြစ်တယ်။ ငါ့ရဲ့ သန္တာန်မှာ နှလုံးသားကို ပူလောင်စေတတ်တဲ့ ရာဂ၊ ဒေါသ၊ မောဟနဲ့  တခြားအကုသိုလ်တရားတွေ ဘာမျှ မရှိဘူး၊ နှလုံးသားဟာ ကြည်လင်အေးမြပြီး ငြိမ်းချမ်းနေတယ်။ ဒါကြောင့် ဘယ်နေရာ၊ ဘယ်အခါမှာပဲဖြစ်ဖြစ်၊ ငါ့ရဲ့နားနေ အိပ်စက်မှုဟာ ချမ်းသာနေတယ်။
မင်းသား
မှန်လှပါ၊ ချမ်းသာစွာ အိပ်စက်ရခြင်းကို ကောင်းစွာ နားလည် သဘောပေါက်ပါပြီ အရှင်ဘုရား။

ဒေါက်တာနန္ဒမာလာဘိဝံသ၊ ချမ်းသာစွာအိပ်စက်ရခြင်း တရားတော်။
Credit to: ဓမ္မရေချမ်းစင်

ကားမောင်းတတ်ပါက ကုသိုလ် (၂) မျိုးရ


ယခုခေတ်အခါသည် ရှေးခေတ်အခါကထက်
မော်တော်ကားများဖြင့် ခရီးသွားလာကြသူများပို၍
များလာကြပေသည်။ အမျိုးသမီးများပင်
မော်တော်ကားများ မောင်း၍ သွားလာနေကြရပေသည်။
မော်တော်ကားမောင်းသူတို့သည် မောင်းတတ်ပါက
ကုသိုလ်အမြဲရကြပေသည်။

မော်တော်ကားကို ဘီးလိမ့်အောင် မောင်းတတ်ရုံမျှဖြင့်
ကုသိုလ်များရနိုင်သည် ဟူ၍ ဆိုလိုသည် မဟုတ်ပေ။
❖မော်တော်ကားမောင်းသူတို့သည်
“နှလုံးသွင်းကောင်းခြင်း၊ စိတ်ထားမြင့်မြတ်ခြင်း”
တို့ဖြင့် ကုသိုလ်များ ရရှိနိုင်သည် ဟု ဆိုလိုရင်း
ဖြစ်ပေသည်။

မော်တော်ကား မောင်းသူတို့သည် မိမိမောင်းလာသည့်
မော်တော်ကားနှင့် တွေ့ဆုံကြရသည့်
မော်တော်ကားများကို မောင်းလာသူနှင့်
မော်တော်ကားများ၌ လိုက်ပါလာသူတို့ကို
❖ချမ်းသာစေမည်၊
❖ချမ်းသာအောင် လမ်းပေးမည်၊
❖တိမ်းရှောင်ပေးမည် ဟု နှလုံးသွင်းမှု၊
စိတ်ထား မြင့်မြတ်မှုများ ရှိကြပါက အမြဲတမ်း
ကုသိုလ်ရနေကြမည် ဖြစ်ပေသည်။

ဤကဲ့သို့ မိမိမောင်းလာသည့် မော်တော်ကားနှင့်
တွေ့ဆုံကြရသည့် အခြား မော်တော်ကားမောင်းသူ၊
မော်တော်ကားများ၌ လိုက်ပါလာသူတို့ကို ချမ်းသာအောင်
လမ်းပေးမည်ဟူသော စိတ်သည် မေတ္တာစိတ်
ဖြစ်ပေသည်။ မေတ္တာစိတ်သည် မိမိကိုယ်ကိုလည်း
ချမ်းသာစေသည်။ သူတစ်ပါးကိုလည်း ချမ်းသာစေသည်
ဖြစ်၍ အကျိုး (၁၁)မျိုး တို့ကိုလည်း ရရှိစေနိုင်ပေသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“မေတ္တာ ဘာဝနာကုသိုလ် ရရှိပုံ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မေတ္တာစိတ်ဖြင့် မော်တော်ကားမောင်းသူတို့သည်
အခြားသူများ မောင်းလာသော မော်တော်ကားများနှင့်
တွေ့ဆုံရတိုင်း၊ တွေ့ဆုံရတိုင်း မေတ္တာတရား
ပွားများခြင်းကိစ္စ ပြီးမြောက်နေကြပေသည်။
မေတ္တာ ကမ္မဋ္ဌာန်း စီးဖြန်းလျက် မော်တော်ကား
မောင်းနေခြင်း ဖြစ်ပေသည်။ မေတ္တာဘာဝနာ
ကုသိုလ်များကို ရရှိနေကြမည် ဖြစ်ပေသည်။

ဤမေတ္တာဘာဝနာကုသိုလ်သည် သိန်းသန်းကုဋေမက၊
ပစ္စည်းဥစ္စာများ အကုန်အကျခံ၍ ထမင်းအိုး၊
ဟင်းအိုးတစ်ရာဖြင့် ချက်ပြုတ်၍ လှူဒါန်းသည့်
ကြီးကျယ်သော အလှူဒါနထက် ပို၍ မြတ်ပေသည်။
ပို၍ အကျိုးများပေသည်ဟု မြတ်စွာဘုရား
ဟောကြားတော်မူခဲ့ပါသည်။ မေတ္တာအကျိုး
(၁၁)မျိုးကိုလည်း ဟောကြားတော်မူခဲ့ပါသည်။

ဆောင်ပုဒ်။ ။ အိပ်နိုးချမ်းသာ၊ ကောင်းစွာအိပ်မက်၊
ချစ်လျက်လူနတ်၊ စောင့်လတ်နတ်များ၊
မီးဆိပ်ဓားတို့၊ရှောင်ရှားကိုယ်မှာ၊
လျင်စွာစိတ်တည်၊ ရွှင်ကြည်မျက်နှာ၊
သေကာမတွေ၊ လားလေ ဗြဟ္မာ၊
ဆယ့်တစ်ဖြာသည်၊ မေတ္တာပွားမှုအကျိုးတည်း။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“အပစာယန=သီလကုသိုလ် ရရှိပုံ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မော်တော်ကားမောင်းသူတို့သည် အခြား မော်တော်ကား
မောင်းသူများနှင့် မော်တော်ကားများ၌ လိုက်ပါ
လာကြသူများကို အလေးဂရုပြု၍ လမ်းပေးလိုက်သဖြင့်
ပုညကိရိယာဝတ္ထုကုသိုလ် (၁၀)ပါး တို့တွင်
အရိုအသေပြုသည့် အပစာယန ကုသိုလ်များကိုလည်း
ရရှိလိုက်ကြပေသည်။ အရိုအသေပြုသည့်
အပစာယနကုသိုလ်သည် ဒါန၊ သီလ၊ ဘာဝနာ
ကုသိုလ်သုံးမျိုးတို့တွင် “သီလကုသိုလ်” ၌
ပါဝင်နေပေသည်။

❖သို့ဖြစ်၍ ကားမောင်းတတ်သူတို့သည် သီလကုသိုလ်
များကိုလည်း အမြဲတမ်း ရရှိနိုင်ကြပေသည်။သီလ
ကုသိုလ်နှင့် ပြည့်စုံကြသော ပုဂ္ဂိုလ်တို့သည်
အကျိုး (၅)မျိုး ရရှိနိုင်ကြသည် ဟု မြတ်စွာဘုရား
ဟောကြားတော်မူခဲ့ပါသည်။

❖သီလကုသိုလ်နှင့် ပြည့်စုံသော သူတို့သည်
(၁)။ပစ္စည်းဥစ္စာ ရှာဖွေသောအခါ အခက်အခဲ
မရှိပါဘဲ လွယ်လွယ် နှင့် ရရှိနိုင်ခြင်းအကျိုး၊
(၂)။အရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာတို့၌
ကောင်းသော ဂုဏ်သတင်းတို့ဖြင့်
ပျံနှံ့ကျော်ကြားခြင်းအကျိုး၊
(၃)။ရဟန်း၊ မင်း၊ ကုန်သည်၊ အလုပ်သမား ဟူသော
ပရိသတ်လေးပါးသို့ ဝင်ရသောအခါ မျက်နှာမငယ်ပါဘဲ၊
ဝမ်းမြောက် ဝမ်းယာ ဝင်ရောက်ရခြင်းအကျိုး၊
(၄)။ကွယ်လွန်ခါနီးတွင် ကောင်းသော အာရုံနိမိတ်များ
ထင်မြင်လာပြီး မတွေမဝေ သေရခြင်းအကျိုး၊
(၅)။ကွယ်လွန် (သေ) ပြီးသော နောက်ကာလ၌
နတ်ပြည်သို့ ရောက်ရခြင်းအကျိုး ဟူသော
ဤအကျိုး (၅)မျိုးကို ကားမောင်းတတ်သူတို့မှာ
ကောင်းစွာ ရရှိနိုင်ကြပေသည်။

ဆောင်ပုဒ်။ ။ ပစ္စည်းရလွယ်၊ ဂုဏ်ကောင်းကြွယ်၍
မငယ်မျက်နှာ၊ မတွေကာသေ ရောက်လေနတ်ရွာ၊
ဤငါးဖြာ မှန်စွာ သီလအကျိုးတည်း။

ဤကဲ့သို့ ကားမောင်းတတ်သူတို့သည် “မေတ္တာဘာဝနာ
ကုသိုလ်နှင့် အပစာယနသီလကုသိုလ်” ဟူသော
ကုသိုလ် (၂)မျိုးတို့ကို ရရှိနိုင်ကြပေသည်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【မဟာစည်နာယက၊အဂ္ဂမဟာ
ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ-
သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】
Posted by
www.facebook.com/youngbuddhistassociation.mm
[“လွတ်လပ်စွာ Share နိုင်ပါသည်။ ပေ့ခ်ျများအနေနဲ့ share မယ်ဆိုရင်
စာရေးသူ ဆရာတော်၊ စာရေးသူ လူပုဂ္ဂိုလ်အမည်နဲ့ စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association ကို credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]

Credit to: Young Buddhist Association

EQ မြင့် မမြင့် ဘယ်လိုသိနိုင်မလဲ


Dr-Phyo Thiha

ခုခေတ်မှာ IQ မြင့်ဖို့ထက် EQ မြင့်ဖို့က အောင်မြင်မှုအတွက် ပိုအရေးပါတယ်လို့ လက်ခံလာကြပါတယ်။ တချို့အနုပညာသမားတွေ၊ အားကစားသမားတွေ၊ ပညာရှင်တွေဟာ သက်ဆိုင်ရာနယ်ပယ်မှာတော့ ပါရမီရှင်လို့ ပြောရလောက်အောင် ထူးချွန်ကြပေမဲ့ EQ ကနိမ့်နေတဲ့အခါမှာ ထင်သလောက် မအောင်မြင်တာ၊ အောင်မြင်မှုက မကြာရှည်တာမျိုးတွေ တွေ့ဖူးကြမှာပါ။ ဒါကြောင့် EQ မြင့်ဖို့ အရေးကြီးပါတယ်။

ကိုယ်ဟာ EQ မြင့်တဲ့သူ ဟုတ်မဟုတ် ဆိုတာကိုတော့ ဒီအချက်တွေနဲ့ ဆန်းစစ်ကြည့်လို့ ရပါတယ်

၁။ Intrapersonal skill

ကိုယ့်ရဲ့စိတ်ခံစားချက်ကို ဘယ်လောက်ထိ ထိန်းချုပ်နိုင်သလဲဆိုတဲ့ အရည်အချင်းပါ။ ငါက ဒေါသထွက်ရင် ထိန်းမရဘူး၊ ငါ့ကို လာကျောရင် ပြန်ကျောလိုက်ရမှ ဆိုတာတွေက အဲဒီအရည်အချင်း အားနည်းတာကို ပြပါတယ်။ ပုထုဇဉ်လူသားတွေပဲမို့ ဒေါသထွက်တတ်ကြတယ်၊ ၀မ်းနည်းတတ်ကြတယ်၊ အသည်းကွဲတယ်၊ စိတ်လေတယ်၊ အပျော်လွန်သွားတယ်၊ စိတ်ဓါတ်ကျတယ်၊ မျိုးစုံသော စိတ်ခံစားမှုတွေ ရှိပါတယ်။ ဒါတွေ ဖြစ်လာတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် သတိထားမိပြီး အချိန်မီ ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ အဲဒီလို ကိုယ့်ရဲ့စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တဲ့အခါ မလိုအပ်ဘဲ အလုပ်မှာ အဆင်မပြေ ဖြစ်ရတယ်၊ ဆက်ဆံရေးတွေ ပျက်စီးကြရပါတယ်။

၂။ Interpersonal skill

တခြားသူများနဲ့ ပေါင်းသင်းဆက်ဆံနိုင်တဲ့ အရည်အချင်း ဖြစ်ပါတယ်။ ဒီနေရာမှာ စဉ်းစားစရာတွေ အများကြီး ရှိပါတယ်။ ရုံးတစ်ခုမှာ၊ ဆိုကြပါစို့၊ ရှိသမျှ ၀န်ထမ်းအားလုံးက အကျင့်ပျက်တယ်၊ လာဘ်ယူတယ်၊ တစ်ယောက်ကပဲ ဒါမျိုးတွေ လုံးဝမလုပ်တော့ သူ့ကို အားလုံးက မုန်းတယ်၊ အပေါင်းအသင်း အဆက်အဆံ မလုပ်ဘူး။ ဒါမျိုးကို EQ နိမ့်တယ် ပြောလို့ရသလား။

နောက်ပြီး အပေါင်းအသင်းတော့ များတယ်၊ ပေးနိုင်ကမ်းနိုင်၊ ကျွေးနိုင်မွေးနိုင်လို့ဖြစ်ဖြစ်၊ ရယ်စရာဟာသတွေ သိပ်ပြောလို့ဖြစ်ဖြစ်ပေါ့။ အဲဒီလိုဖြစ်တာနဲ့ EQ မြင့်ပြီလား။

အထက်လူကြီးတွေကိုတော့ ၀င်တတ်၊ ထွက်တတ်လို့ ဆက်ဆံရေးအဆင်ပြေပြီး ကိုယ့်အောက်ကလူကျ နှိမ့်ချဆက်ဆံတတ်တဲ့သူမျိုးဆိုရင်ရော။

လူဆိုတာ ကိုယ့်ထက်နိမ့်တဲ့သူကို သနားဖို့ လွယ်တယ်၊ ကိုယ့်ထက်သိပ်မြင့်တဲ့သူကိုလည်း အားကျဖို့ လွယ်ပါတယ်။ တန်းတူလောက်ရှိတဲ့သူ၊ သိပ်မကွာတဲ့သူတွေအပေါ်သာ မုဒိတာပွါးဖို့ ခက်ကြတာပါ။

တကယ်တမ်းတော့ Interpersonal skill မြင့်တယ်ဆိုတာဟာ လူတစ်ဖက်သားကို ဘယ်လောက်ထိ လေးလေးစားစား ဆက်ဆံနိုင်သလဲ၊ ဘယ်လောက်ထိ ဖြည့်တွေးပေးနိုင်သလဲ ဆိုတဲ့ အရည်အချင်းပဲ ဖြစ်ပါတယ်။
သူ့မှာလည်း ခိုင်မာတဲ့ယုံကြည်ချက်ရှိတယ်၊ တစ်ဖက်မှာရှိနေတဲ့၊ သူနဲ့မတူတဲ့ ယုံကြည်ချက်ကိုလည်း လေးစားတယ်၊ လူတွေအားလုံးမှာ တန်ဖိုးတစ်ခုစီတော့ ရှိကြတယ်လို့ မြင်တယ်၊ ဘယ်သူ့ကိုမှလည်း အောက်မကျို့သလို ဘယ်သူ့ကိုမှ အထက်စီးက မဆက်ဆံဘူး။ အကြောင်းကိစ္စတိုင်းမှာ သူဘယ်လိုများနေမလဲ၊ သူဘာလို့များဒီလိုလုပ်တာလဲ ဆိုပြီး သူတစ်ပါးဘက်ကနေ ထည့်စဉ်းစားပေးတတ်ကြတယ်။ ဘယ်တော့မှ သူ့တစ်ဖက်တည်း မကြည့်တတ်ကြဘူး။

ဒီလိုအရည်အသွေးမျိုးရှိမှ Interpersonal skill မြင့်တယ် သတ်မှတ်လို့ ရပါမယ်။

၃။ Flexibility & Adaptability

Smartness ဆိုတာ အခြေအနေအသစ်တစ်ခုမှာ ဘယ်လောက်မြန်မြန် အသားကျသလဲ၊ ပညာရပ်တစ်ခုကို ဘယ်လောက်မြန်မြန်သင်ယူနိုင်သလဲဆိုတာကို ခေါ်တာပါ။ ခုခေတ်လို ဒီနေ့နဲ့မနက်ဖြန်တောင် သိပ်မတူချင်တော့တဲ့ ကာလမှာ ဒီအရည်အသွေးက အရေးပါလာပါတယ်။ ကိုယ်သိထားတဲ့အတိုင်း၊ ကိုယ်လုပ်နေကျအတိုင်းပဲ၊ လွယ်လွယ်နဲ့မပြောင်းနိုင်ဘူး၊ အခြေအနေသစ်တစ်ခုမှာ အခြေကျဖို့ သိပ်ခက်နေတယ်ဆိုရင် အဲဒါကို ပြင်နိုင်ဖို့ လိုပါတယ်။

၎။ Self confident & open minded

အရပ်ပုတာချင်း တူပေမဲ့ တစ်ယောက်က ဒါနဲ့ပတ်သက်ပြီး အငုံ့စိတ်ရှိနေတဲ့အခါမှာ နည်းနည်းလေးမှ အစအနောက်မခံဘူး၊ အရမ်း Sensitive ဖြစ်တယ်။ သူ့ကိုပုတယ်ပြောလိုက်တာနဲ့ ပြန်ချေပတယ်၊ စိတ်သိပ်ဆိုးတယ်။ နောက်တစ်ယောက်ကတော့ စိတ်ဆိုးဖို့မပြောနဲ့၊ သူများမပြောခင်တောင် သူက အရင်စပြောနေလိုက်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အရပ်အမောင်းနဲ့ ပတ်သက်ပြီး အားငယ်မနေဘူး။ လူပုံပန်းသွင်ပြင်ဟာ လူတစ်ယောက်ရဲ့တန်ဖိုးကို အဆုံးအဖြတ် မပေးနိုင်ဘူးဆိုတာကို ကောင်းကောင်းသိထားတယ်။

တချို့ကျ ကိုယ့်ကိုကိုယ်အရမ်းကြော်ငြာတယ်၊ ကိုယ်တော်ကြောင်းတတ်ကြောင်း လူသိပ်သိစေချင်တယ်၊ အချီးကျူးခံချင်တယ်၊ အလေးစားခံချင်တယ်။ အဲဒါတွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတာ၊ အငုံ့စိတ်ဝင်နေတာကို ပြပါတယ်။

၅။ Stress management

ဘ၀မှာ အောင်မြင်ချင်တဲ့သူတိုင်း မလွဲမသွေ ရင်ဆိုင်ရမှာတစ်ခုကတော့ စိတ်ဖိစီးမှုပါပဲ။ ယူရတဲ့တာဝန်က ကြီးလာလေလေ၊ ကိုယ့်နောက်မှာပါလာတဲ့လူတွေ များလာလေလေ၊ စိတ်ဖိစီးမှုကလည်း ကြီးလာလေလေပဲ။ အရည်အချင်းရှိပေမဲ့ အဲဒီ Stress ကို မခံနိုင်တဲ့အခါမှာ မတိုးတက်လာကြတာတွေ မြင်ဖူးမယ်ထင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို ဘယ်လောက်ထိ ထိန်းချုပ်နိုင်သလဲ၊ ထွက်ပေါက်ပေးနိုင်သလဲ ဆိုတာ အရေးကြီးပါတယ်။ ဘာမဟုတ်တာလေးအတွက် သတ်သေကြတာ၊ အကြီးအကျယ် ခံစားနေကြတာတွေ၊ အလဟဿ အချိန်ဖြုန်းပြီး အပျော်အပါးနောက် လိုက်ရင်း ထွက်ပေါက်ပေးလိုက်တာတွေက စိတ်ဖိစီးမှုကို ကောင်းကောင်းမကိုင်တွယ်နိုင်ဘူးဆိုတဲ့သဘောပါပဲ။

၆။ General mood

တစ်ခါတုန်းက အဖိုးကြီးတစ်ယောက် အိပ်နေတုန်း သူရဲ့ မုတ်ဆိတ်မှာ သူ့မြေးလေးတွေက နောက်ပြောင်တဲ့သဘောနဲ့ အင်မတန်အနံ့ပြင်းတဲ့ ခရင်မ်တွေ သွားသုတ်ထားသတဲ့။ အဲဒါနဲ့ အဖိုးကြီးကနိုးလာတော့ အဲဒီအနံ့ဆိုးဆိုးကြီးကို ရနေတာပေါ့။ ဘယ်နားမှာလဲ လိုက်ရှာတယ်၊ မီးဖိုချောင်ထဲသွားတော့လည်းဒီအနံ့၊ အိမ်ရှေ့ထွက်တော့လည်း ဒီအနံ့၊ ဘယ်သွားသွား အနံ့က ရနေတော့ သူက ပြောလိုက်တယ်၊ ဟာ နေရာအနှံ့မှာ ဒီအနံ့ကြီး ရနေတော့တာပါပဲလား တဲ့။ အမှန်တော့ သူ့မုတ်ဆိတ်မှာ စွဲနေတဲ့ ခရင်မ်ရဲ့အနံ့ကို သတိမထားမိဘဲ တစ်လောကလုံးက အနံ့ထွက်နေတယ် ထင်နေတာပါ။

လက်တွေ့မှာလည်း ဒီလိုလူတွေ တွေ့ဖူးပါတယ်။ သူတို့တွေနဲ့ စကားကြည့်လိုက်ရင် ဘယ်တော့မှ သူတို့မှားတယ်ဆိုတာ မရှိဘူး၊ လောကကြီးကပဲ မတရားသလိုလို၊ မကောင်းတဲ့လူတွေနဲ့ပဲ ပြည့်နှက်နေသလိုလို ပြောတတ်ကြတယ်။ နောက်ပြီး လူတစ်ဖက်သားအပေါ် လေးစားမှု၊ ယုံကြည်မှုလည်း နည်းကြတယ်။ ပုံမှန်ကြည့်လိုက်ရင်ကို မျက်နှာထားတွေ ခက်ထန်နေတယ်၊ ရယ်ခဲပြုံးခဲတယ်၊ ဘ၀ကို မပျော်ရွှင်နိုင်ကြဘူး။

အဲဒီလိုလူတွေအတွက် တစ်ခုပြောပြချင်ပါတယ်။

တက္ကသိုလ်တစ်ခုမှာ ဟောပြောခဲ့တဲ့ မျက်စိလည်းမမြင်၊ နားလည်းမကြားတဲ့ ဟယ်လင်ကဲလားရဲ့ မိန့်ခွန်းဟာ ပျော်ရွှင်မှုနဲ့သက်ဆိုင်တဲ့အကြောင်းနဲ့ သူ့ဘ၀မှာ ပိုင်ဆိုင်ခဲ့ရတာတွေအတွက် ကျေးဇူးတင်တဲ့အကြောင်း ပြောသွားခဲ့တာ ဆိုတာပါပဲ။

ဒီအချက်(၆)ချက်နဲ့ ဆန်းစစ်ကြည့်ပါ။ အကယ်၍များ အားနည်းနေသေးတယ်ထင်ရင် ကြိုးစားပြီး ပြင်ကြည့်ပါ။

ကိုယ့်ခံစားချက်တွေ ပိုသတိထားမိစေဖို့၊ ပိုပြီးထိန်းချုပ်နိုင်စေဖို့အတွက် တရားထိုင်ပါ။

သူတစ်ပါးကို လေးစားတတ်ဖို့၊ ကိုယ်ချင်းစာတတ်ဖို့ စာအုပ်များများဖတ်ပါ၊ အထူးသဖြင့် ရသစာပေပေါ့။

ဘယ်အရာကိုမှလည်း တရားသေဆုပ်ကိုင်မထားပါနဲ့။ အရာအားလုံးဟာ အမြဲတမ်းပြောင်းလဲနေပါတယ်။

နောက်ပြီး ကိုယ့်မှာမရှိသေးတာတွေကိုပဲ တွေးပြီး ညည်းညူမနေပါနဲ့၊ ကိုယ့်မှာ ရှိနေတဲ့အရာတွေကိုလည်း တန်ဖိုးထားတတ်ပါစေ။ ကိုယ်ဘယ်လိုမှပြောင်းလဲလို့မရနိုင်တော့တဲ့အရာတွေအတွက် စိတ်ညစ်နေမဲ့အစား အရှိအရှိအတိုင်း လက်ခံပေးလိုက်တာက ကိုယ့်ဘ၀ကို ပျော်ရွှင်မှုတွေ ရလာစေမှာ ဖြစ်ပါတယ်။

By
Dr.Phyo Thiha

သတ္တိခဲ ကြောင်များ


ကြောင်တွေ အများစုဟာ သတ္တိခဲတွေ ဖြစ်တယ်။ တော်ရုံတန်ရုံ နာကျင်မှုတွေကို အံကြိတ်ခံတယ်။

အတွင်း အပြင် ထိခိုက်ဒဏ်ရာရနေလို့ ခန္ဒာကိုယ် အတွင်းမှာ ရောဂါဝင်နေတာကို ကြိတ်ခံတယ်။

ကြောင် အစားအသာက် ပျက်လာတာကိုဘဲ လူတွေ သတိထား တွေရှိ့နိုင်တယ်။ (အိမ်မှာ အစာ မှန်မှန် မကြွေးဘဲ အိမ်တွင်းအိမ်ပြင်မှာ ကြွက်သတ်စားခိုင်းတဲ့ ကြောင်တွေဆိုရင်တော့ အစားအသောက်ပျက်နေတာကိုတောင် လူတွေ မသိနိုင်ဘူး။)

သူတို့ နာကြင်နေတာ အသဲအသန်ဖြစ်နေတာကို မသိတဲ့ သခင်လုပ်သူတွေက ကြောင်နဲ့ လာဆော့ရင် နာကျင်လျှက်နဲ့တောင် သခင်အလိုကျ ဖက်ဆော့တတ်ပါတယ်။

ဒီတော့ သခင်တွေဟာ ကြောင်တွေမှာ ရောဂါ ဖြစ်နေတာ ဒါမှမဟုတ် တစ်ခါတစ်လေ ကားတိုက်ထားလို့ လူရိုက်ခံထားရလို့ သူတို့ကိုယ် အတွင်းမှာ ဒဏ်ချက်ပျင်းနေတာကိုတောင် ချက်ခြင်း မသိနိုင်ဘူး။

ရောဂါကြွမ်း ဘုံးဘုံးကျနေတာတောင် လက်ကလေးတစ်ဖက်ကို ကမ်းပြီး သခင်ကို လှမ်းကိုင်တာတို့ လှမ်းကြည့်ပြီး ညောင်ပြတာတို့ကို လုပ်တယ်။

ကျမကြောင်ကလေး မဆုံးခင် ကလေးက သူမကို နေ့မအိပ် ညမအိပ် ပြုစုတယ်။ အဲဒီအချိန်မှာ ကျမလည်း နေမကောင်းလှဘူး။ ကျမဟာ မနက် ၂ နာရီလောက်မှာ မောပြီ အိမ်မောကျသွားတယ်။ နောက်တနေ့ မနက် ၇ နာရီလောက်မှာ ကျမ ပြန်နိုးလာတဲ့ အခါမှာ သူမဟာ အိပ်ယာပေါ်မှာ ကျမကျောနဲ့ ကပ်လဲနေပြီး သူမဟာ သတိလစ်နေတာကို တွေ့ရတယ်။ သူမရဲ့ ဆုတ်ယုတ်နေတဲ့ နောက်ဆုံး အင်အားကို သုံးပြီး ကြမ်းပြင်ပေါ်က အိပ်ယာပေါ်ကို ကျမ မနှိုးအောင် ခုန်တက်ပြီး ကျမကျောနဲ့ ကပ်လှချခဲ့တာကို သိလိုက်မိတယ်။

အခုအထိ တွေးမိတိုင်း အင်မတန် ရင်ဆို့မိပါတယ်။

အင်္ဂလိပ် ဇီဝဗေဒ နဲ့ တိရိစ္ဆာန် ဆေးကု ပညာရှင်တစုက ၂၀၁၆ ဖေဖော်ဝါရီလမှာ တွေ့ရှိတာကတော့ အောက်က ၁ မှ ၂၃ အထိ ရှိတဲ့ အချက်များကို ကြောင် တစ်ခုခု ဖြစ်နေတာကို သိဖို့ စောင့်ကြည့်ပါလို့ ဆိုပါတယ်။ ကျမလည်း အောက်မှာ ကျမအတွေ့အကြုံကို နည်းနည်း ထပ်ထည့်ထားပါတယ်။

(အထူး သတိပြုရန်။ ကြောင်တွေကို မိမိဘာသာ ဆေးမကုပါနဲ့တဲ့။ တစ်ခုခု ဖြစ်တာ သိတာနဲ့ တိရိစ္ဆာန်ကုဆရာဝန်ဆီကို ချက်ခြင်း သွားပြပါတဲ့။ ကြောင်တွေကို ပါရာစီတီမောလ်လို လူတွေ သောက်တဲ့ အကိုက်အခဲ ပျောက်ဆေးတွေကို တိုက်လျှင် ကြောင်တွေ သေဆုံးပါလိမ့်မယ်တဲ့။)

1 - Cochez la case de litière pour chat (le chat boite).
Check the cat litter box. ကြောင်အီးအီးယိုခွက်ကို စစ်ဆေးပါ။ ကြောင်းဆီးသွား ဝမ်းသွား မှန်မမှန် (များခြင်း နည်းခြင်း) ဆီးနှင့် ဝမ်းတွင် သွေးပါမပါ အနံ့အသက် ပြောင်းမပြောင်းကို စစ်ဆေးခိုင်းတာပါ။

အောက်ပါ လက္ခဏာတွေကို တွေ့လျှင် ကြောင်တစ်ခုခု ဖြစ်နေပါတယ်။

2 - Le chat éprouve des difficultés à sauter.
The cat has difficulty to jump.
ကြောင် ခုန်ရာတွင် (ခုန်တက်ခြင်း ခုန်ဆင်းခြင်းမှာ) ခက်ခဲမှု ရှိနေခြင်း။

3 - Sa démarche est anormale.
Its manner of walking is abnormal.
ကြောင် လမ်းလျှောက်ပုံ ပုံမမှန်ခြင်း။

4 - Il est réticent à bouger
It is reluctant to move.
ကြောင် (မိမိခန္တာကို်ယ်ကို) လှုပ်ရန် ဝန်လေးခြင်း။

5 - Il réagit quand on le palpe à un endroit en particulier.
It reacts when one feels him at a particular location.
ကြောင်ကိုယ်တနေရာကို ကိုင်လိုက်လျှင် တုန့်ပြန်မှု တစ်ခုလုပ်ခြင်း (အော်ခြင်း လူ့လက်ကို ကုတ်ဆွဲခြင်း ကိုက်ခြင်း ထွက်ပြေးခြင်း)

6 - Il fuit /se cache sans raison apparente.
It flees/hides for no apparent reason.
ထွက်ပြေးခြင်း။ အကြောင်းမရှိဘဲ ပုန်းနေခြင်း။

7 - Il ne fait pas sa toilette.
It does not clean itself.
မိမိ မျက်နှာနှင့် ကိုယ် ကို လျှာဖြင့် မလျှက်ခြင်း၊ မျက်နှာမသစ်ခြင်း၊ ကိုယ်လက် မသန့်စင်ခြင်း။

8 - Il joue moins.
It plays less.
အဆော့နည်းလာခြင်း။

9 - Il perd l'appétit.
It loses its appetite.
ခံတွင်းပျက်လာခြင်း။

10 - Son activité physique a globalement diminué.
Less overall physical activities
ကြောင် ကိုယ်လက်လှုပ်ရှားမှု နည်းလာခြင်း။

11 - Il se frotte moins aux gens.
It rubs people less.
လူကို ပွတ်သတ် ခြင်းနည်းလာခြင်း

12 - Son humeur générale a changé (il est par exemple irritable).
Its overall mood has changed (for example it is irritable).
များသောအားဖြင့် ကြောင်မှာ စိတ်ခံစားမှု ပြောင်းလည်းလာခြင်း ။(ဥပမာ ကြောင်စိတ်တိုနေခြင်း။) ကြောင်စိတ်ဆတ်နေခြင်း။

13 - Son tempérament a changé (il n'est plus dynamique par exemple).
Its temperament has changed.(For example, it is no longer dynamic.)
ကြောင် (ပင်ကိုယ်) စိတ်စွမ်းရည် အမျိုးအစား ပြောင်းလည်းလာခြင်း။ ဥပမာ တက်ကြွဖြတ်လတ်မှု မရှိတော့ခြင်း။

14 - Il se tient recroquevillé.
It curls up.
ကြောင်ခွေနေခြင်။

15 - Son poids a changé rapidement et sans raison apparente
Its weight has changed quickly and without any apparent reason.
အကြောင်းတစ်စုံတရာ မရှိဘဲ ကြောင်ကိုယ်အလေးချိန် လျှင်မြန်စွာ ပြောင်းလည်းခြင်း။

16 - Il se lèche particulièrement un endroit du corps.
It licks the particular area of its body.
ကြောင်ဟာ ကိုယ်တနေရာရာကို လျှက်နေခြင်း။

17 - Il tient sa tête basse.
It keeps its head down.
ကြောင်ခေါင်းငုံ့နေခြင်း။

18 - Ses paupières se contractent de façon répétée et involontaire.(blépharospame)
His eyelids contract repeatedly and involuntarily (blepharospasm)
ကြောင်မျက်ခွံများ ထပ်ခါတလည်းလည်း အလိုလို ဆွဲကြုံ့သွားခြင်း။ (မျက်ခွံများ အလိုလို ဖွင့်ပိတ်နေခြင်း။)

19 - Il y a un changement au niveau du comportement alimentaire.
There is a change in eating habit.
အစားအစာ အကြိုက် ပြောင်းလည်းလာခြင်း။ (ဥပမာ၊ နှစ်သက်တဲ့ အစာကို မနှစ်သက်တော့ခြင်း။)

20 - Le chat évite les endroits lumineux.
The cat avoids bright places.
ကြောင်က အလင်းရောင်များတဲ့ နေရာများကို ရှောင်ခြင်း။ (အမှောင်ထဲမှာ သွားခွေနေတာကို ဆိုလိုတယ်။)

21 - Il grogne.
It growls.
ကြောင် သွားဖြီးရန်ထောင်တယ်။

22 - Il gémit.
It moans.
ကြောင် ညီးတယ်။ (နာလွန်းလို့ ညီးနေတာပါ။)

23 - Il ferme anormalement ses yeux/son œil.
It closes one of his eyes or its eye.
မျက်လုံးတစ်လုံး သို့မဟုတ် မျက်လုံးများကို မပိတ်သင့်ဘဲ ပိတ်ထားခြင်း။

ကျမတွေ့ရှိချက်တွေကတော့

ကျမ ယူကေမှာ မွေးထားတဲ့ ကြောင်မလေးဟာ ဆုံးခါနီး နေမကောင်းတဲ့ အခါမှာ လူကို ပိုကပ် ပိုချစ် ပိုအားကိုး လာပါတယ်။

ကိုယ်တွင်းမှာ ပူနေလို့ထင်ပါရဲ့။ မီးဖိုချောင်ထဲက ရေဇလုံထဲကို သူ့ကိုယ်ကို မြှေက်ထဲ့ပေးဖို့ ရေဇလုံအောက်ကနေ အော်ပါတယ်။

မြန်မာပြည်မှာ ကြောင်မလေးတစ်ကောင် ကလေးမွေးတော့ သူ့ကလေးတွေကို ပစ်ထားပြီး သွေးတလူးလူးနဲ့ ကျမဆီ ပြေးလာပြီး ကိုယ်ပေါ်ကို အတင်း တွယ်တက်ပါတယ်။ သွေးလွန်ပြီး ချမ်းနေလို့လား။ ကလေးမွေးတာကို သွေးလန့်သွေးပျက်နေလို့လား မသိပါ။ အားကိုးရာ ရှာတယ်လို့ထင်မိပါတယ်။

The above information (1-23) is from the article below.

http://www.sciencesetavenir.fr/animaux/chats/20160309.OBS6096/douleur-chez-le-chat-23-signes-a-ne-pas-negliger.html

အောက်ကတော့ အရင်က တင်ထားသော ပို့စ်တ်တစ်ခုနှင့် လင့်ပါ။

ကိုယ့်အိမ်မှာ မွေးစကထဲက မွေးထားတဲ့ ကြောင်တွေ အသက်နည်းနည်း ကြီးလာတဲ့ အခါမှာ ရှူးရှူးပန်းတာ ခဏခဏဖြစ်လာရင် အကျင့်ပျက်လာတယ်ဆိုပြီး မရိုက်ကြပါနဲ့။ မနှင်ထုတ်ပါနဲ့။ ရက်ရက်စက်စက် အဝေးမှာ သွားမစွန့်ပစ်ကြပါနဲ့။
တစ်ချို့ကြောင်တွေမှာ ကျောက်ကပ်နဲ့ ဆီးအိမ်ရောဂါကို အသက်မကြီးခင်မှာ ရကြတယ်။ လူတွေလိုပါဘဲ အသက်ငယ်ငယ် အသက်ကြီးကြီး ကြောင်တွေမှာလည်း ရောဂါမျိုးစုံ ဝင်တတ်ကြပါတယ်။
ဒီ ကြောင်တွေ အတော်များများမှာ ဘာကြောင့် ကျောက်ကပ်နဲ့ ဆီးအိမ် ရောဂါတွေ ရတယ်ဆိုတဲ့ အကြောင်းရင်းကို ဆရာဝန်တွေ သေသေချာချာ မသိကြသေးပါဘူး။
တစ်သက်လုံး ကြွေးထားတဲ့ အစားအစာတွေနဲ့ မတည့်လို့ ကြောင်ကို အဆိတ်သင့်စေလို့လည်း ဖြစ်နိုင်တယ်။ သူတို့ တောထဲက အဆိတ်သင့်နေတဲ့ ကြွက်တွေ ငှက်တွေ နဲ့ တစ်ခြား အကောင်ပလောင်တွေကို စားမိလို့လည်း ကျောက်ကပ်နဲ့ ဆီးအိမ်ကို ထိခိုက်သွားတာလည်း ဖြစ်နိုင်တယ်။
များသောအားဖြင့် ကြောင်တွေမှာ ကျောက်ကပ်နဲ့ ဆီးအိမ် ရောဂါ စဖြစ်ဖြစ်ခြင်းမှာ လူတွေ မသိနိုင်ကြဘူး။ ကြောင်တွေက ဆီးသွား ဝမ်းသွားတဲ့ အခါမှာ အင်မတန် သိုသိပ်ပြီး စည်းကမ်းရှိလို့ တတ်နိုင်သမျှ ကြိုးစား ထိမ်းနိုင်နေသေးတော့ အိမ်ထဲမှာ တပြန်းပြန်း ဆီးတွေ မထွက်ကြအောင် အပြင်မှာ ခဏခဏ ဆီးသွားကြတယ်။ ဒါကြောင့် ကြောင်တွေမှာ ရောဂါရှိနေပြီဆိုတာကို စောစောစီးစီး လူတွေ မရိပ်မိကြဘူး။
တိုက်ခန်းမှာ မွေးထားတဲ့ ကြောင်တွေကတော့ ကြောင်အီးအီးယို ဆီးသွားခွက် ခဏခဏ လည်းပေးရပြီဆိုလျှင် သိနိုင်ပါတယ်။ သာမန်ထက် ဆီးသွားလွန်နေတာကို သိသိခြင်း တိရိစ္ဆာန် ဆရာဝန်ဆီကို ခေါ်သွားကြပါ။
များသောအားဖြင့် ရောဂါကျွမ်းလာတဲ့အခါမှာတော့ ကြောင်တွေလည်း ဘယ်လိုမျှ မထိန်းသိမ်းနိုင်တော့လို့ အိမ်ပေါ်မှာ အိပ်ယာပေါ်မှာ ဆီးတွေ ထွက်ကျကုန်ကြတယ်။
ဒီလိုဖြစ်လာတာဟာ အကျင့်ပျက်လာတာ မဟုတ်ပါ။ ရောဂါကြွမ်းလာလို့ ဆီးမနိုင်တော့တာဖြစ်ပါတယ်။
တတ်နိုင်သူက တိရိစ္ဆာန်ကု ဆရာဝန်တွေဆီမှာ မတတ်နိုင်သူတွေ စေတနာနဲ့ ဖွင့်ထားတဲ့ တိရိစ္ဆာဆေးရုံတွေမှာ ခြောက်လတစ်ခါ တနှစ်တစ်ခါ သွားပြီး မိမိမှာရှိတဲ့ ကြောင်ဖြစ်ဖြစ် ခွေးဖြစ်ဖြစ်ရဲ့ ကျမ်းမာရေးကို ဆေးစစ်ကြပါ။
ကြောင်တွေ ဆီးသွားလွန်တဲ့အခါမှာ dehydration ဖြစ်လာပြီး အသက်အန္တာရယ်ကို ထိခိုက်လာပါလိမ့်မယ်။ လူတွေက လျှစ်လျူထားလျှင် ပိန်လှီလာပြီး အရိုးပြိုင်းပြိုင်း အမွှေးစုတ်ချွန်းချွန်းနဲ့ နံစော်လာပါလိမ့်မယ်။ အဲဒီအခါမှာ ကုရခက်လာပါလိမ့်မယ်။
ဒီလို ရောဂါသည်းလာတဲ့ ကြောင်တွေကို နားလည်မှုပေးကြပါ။ ကြင်နာကြပါ။ ဆေးကုသပေးပါ။
ကြောင်ကို ပိုအဟာရဖြစ်တဲ့ အစာတွေကြွေးပြီး ရေကို မပြတ်သောက်နိုင်အောင်လည်း ဖန်တီးပေးပါ။
တတ်နိုင်သူတွေက ဆေးခန်းကို ခေါ်သွားပြီး ကြောင်က ကြိုက်ကြိုက် မကြိုက်ကြိုက် သွေးကြောထဲကို အဟာရဓါတ်အားဆေးတွေ သွင်းပေးသင့်ပါတယ်။ မတတ်နိုင်သူတွေအတွက်ကတော့ ကြောင်ကို ခပ်မြန်မြန် ဆေးထိုးပြီး သက်သောင့်သက်သာနဲ့ ခပ်မြန်မြန် အသက်ထွက်အောင် လုပ်ပေးကြပါ။
မနေ့က တင်ထားတဲ့ ပြင်သစ်ဘာသာနဲ့ လင့်က်ကို ထပ်တင်ပေးပါတယ်။ ဆောင်းပါးထဲမှာ အသေးစိတ် ဒီအကြောင်းကို ရေးထားပါတယ်။ ပြင်သစ်လိုကဖြစ်ဖြစ် အင်္ဂလိပ်လိုကဖြစ်ဖြစ် ဘာသာပြန် ဆောင်းပါးရေးပြီး စာစောင်တွေမှာ ထည့်ပြီး လူထုကို ပညာပေးနိုင်ပါတယ်။

http://www.sciencesetavenir.fr/animaux/chats/20160304.OBS5832/ce-que-vous-devez-savoir-sur-l-insuffisance-renale-chronique-feline.html

ကွန်မင့်။

ကြောင်တွေကို မြန်မာပြည်ဖွားတစ်ချို့က ချစ်လွန်းလို့ အစာသိပ်ကြွေးတော့ အဝလွန်နေတာကို လှတယ်ဆိုပြီး ဖေ့စ်ဘွတ်က်မှာ တင်တာ တွေ့ဘူးတယ်။ တစ်ချို့ဆိုရင် ကြမ်းပြင်ပေါ်မှာ ပြဲပြဲကြီး ဖြစ်နေတယ်။ ထတောင် သိပ်ထ လမ်းလျှောက်နိုင်တဲ့ ပုံမပေါ်ဘူး။

ကျမလည်း မြန်မာပြည်မှာ နေတုန်းက ဘုတ်ဘုတ်ဆိုတဲ့ ကြောင်ထီးတစ်ကောင်ကို အတင်း အစာကြွေးခဲ့တယ်။ ဗိုက်ဝလို့ ဆက်မစားနိုင်တာတောင် ခွက်ကို သူ့ပါးစပ်နားကပ်ပြီး စားပါ ဘုတ်ဘုတ်ရယ်ဆိုတော့ မစားခြင်းဘဲတောင် စားရှာတယ်။ အင်မတန်ဝပြီး အကောင်က ရှည်ပြီး ကြီးမားနေတာကို သိပ်ကြိုက်ခဲ့တယ်။ ၁၉၈၈ နှစ်မှာ ယူကေထွက် မလာခင်မှာ၊ သူဌေးမကြီး တစ်ယောက်ကို ပေးခဲ့တယ်။ သူတို့လည်း ကျမလိုဘဲ အတင်း ဘုတ်ဘုတ်ကြီးကို အစာ စွတ်ကြွေးတယ်။

ဒါဟာ ကိုယ့်ကြောင်ကို အချစ်နဲ့ သတ်ပစ်တာဖြစ်တယ်။ အဝလွန်တော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆီးချိုဖြစ်၊ သွေးထဲ အဆီပိတ်၊ နှလုံး ကျောက်ကပ် ပင်ကရီယားစစ်တွေကို ပျက်စီးအောင် အစာ အလွန်အကျူး ကြွေးတာဖြစ်တယ်။

အနောက်နိုင်ငံတွေမှာ တိရိစ္ဆာန်ဆရာဝန်တွေက ဒီလို ဝတဲ့ ကြောင်တွေ ဆေးခန်းရောက်လာရင် တိရိစ္ဆန်တွေကို ကာကွယ်တဲ့ RSPC အဖွဲ့ဝင်တွေကို လက်တို့လိုက်ကြတယ်။

RSPC နဲ့ ရဲအဖွဲ့ဝင်တွေပေါင်းပြီး ကြောင်ပိုင်ရှင်ကို တိရိစ္ဆာန်ကို ညှင်းဆဲမှုနဲ့ အရေးယူတယ်။ ကြောင်တွေကိုလည်း သိမ်းယူပြီး diet ချက်ခြင်း လုပ်ပေးကြတယ်။ ကြောင်ပိုင်ရှင်က မခံ့လေးစားတာမျိုး လုပ်ရင် တရားရုံးအထိ ပို့ပြီး ဒဏ်ရိုက် သိပ်ဆိုးနေရင် ထောင်ချတယ်။ တိရိစ္ဆာန် မွေးစားခွင့်ကို နှစ်ချီပိတ်တာ တစ်သက်လုံး ပိတ်တာမျိုးကို လုပ်ကြတယ်။

Shared from Than Saw

ဓုတင် (၁၃) ပါး


အပ္ပစ္ဆတာဂုဏ် ဤ ဓုတင် အကျင့်တို့ကို စွမ်းနိုင်သမျှ ကျင့်ကြံလျှင် ကိလေသာပါး ကုသိုလ်ပွါး၍ အကျိုးများလှ၏။ သို့သော် မိမိ ဓုတင်ဆောင်သူ ဖြစ်ကြောင်း အများသိအောင် လူတွေ့တိုင်း ပြောပြလျက် ကျင့်လျှင်ကား ဓုတင်္ဂအပ္ပိစ္ဆတာ (ဓုတင်၌ အလို လောဘနည်းခြင်း) ဂုဏ်နှင့် မဟပ်မိတော့ပေ။ ထို့ကြောင့် ဓုတင်ဆောင်သူတိုင်း အောက်ပါမထေရ် နှစ်ပါး၏ ဝတ္ထုကို အမြဲမပြတ် ဆင်ခြင် နှလုံးသွင်းအပ်ပေသည်။

ဓုတင်ကို လျှို့ဝှက်သူ သီဟိုဠ်ကျွန်း (ယခု သီရိလင်္ကာ) အရှေ့တောင်ပိုင်း စိတ္တလတောင် ၌ ညီနောင် မထေရ် နှစ်ပါး သီတင်းသုံးလျက်နေကြ၏။ တနေ့သော် နောင်တော် မထေရ် ဆွမ်းဘုဉ်းပေးပြီး၍ ပလုတ်ဆေးနေစဉ် ညီတော်မထေရ် ရောက်လာပြီးလျှင် "ကြံပိုင်း ဘုဉ်းပေးပါဦး ဘုရား" ဟုဆိုကာ ကြံပိုင်းကို ဆက်ကပ်၏။ နောင်တော် မထေရ်က အလိုမရှိတော့ကြောင်း မိန့်ကြားသောအခါ "အရှင်ဘုရား ဧကာသနိက်ဓုတင် ဆောက်တည်ပါသလား ဘုရား" ဟု ညီတော်က မေး၏။

ထိုအခါ နောင်တော်က "ကဲ ကြံပိုင်းယူခဲ့ပါ" ဟု ဆိုကာ ကပ်လာသော ကြံပိုင်းကို ဘုဉ်းပေး၏။ နောက်မှ ဓုတင်ကို ပြန်၍ ဆောက်တည်၏။

ကြံပိုင်းကို မဘုဉ်းပေးလျှင် မိမိ ဧကာသနိက်ဓုတင် ဆောက်တည်သည်ကို ညီတော် သိသွားမည်စိုးသဖြင့် နှစ်ပေါင်း ငါးဆယ်ပတ်လုံး ဆောက်တည်လာသော ဓုတင်ကို အပျက်ခံ၍ ကြံပိုင်းကို ဘုဉ်းပေးခြင်း ဖြစ်၏။ အလိုနည်းခြင်း = အပ္ပိစ္ဆတာဂုဏ်နှင့် လွန်စွာ ပြည့်စုံလှသဖြင့် ကြည်ညိုဖွယ် ကောင်းလှပါပေသည်။

ဓုတင်္ဂ = ဓုတင် ဆိုသည်မှာ ကိလေသာတို့ကို တဒင်္ဂပဟာန်အားဖြင့် ခါထုတ်တတ် ဖျက်ဆီးတတ်သော အကျင့် ကို ခေါ်သည်။

ယင်း ဓုတင်သည်-

ပံ့သကူ ဓတင် = ပံ့သကူ သင်္ကန်းကို ဝတ်ရုံသုံးဆောင်သော အကျင့်
တိစီဝရိက် ဓုတင် = သင်္ကန်း သုံးထည်ကိုသာ ဝတ်ရုံ သုံးဆောင်သော အကျင့်
ပိဏ္ဍပါတ် ဓုတင် = ဆွမ်းခံ၍ စားသော အကျင့်
သပဒါနာစာရိက ဓုတင် = အိမ်စဉ်မကျော်ပဲ ဆွမ်းခံသော အကျင့်
ဧကာသနိက် ဓုတင် = တနေရာတည်း၌သာ ဣရိယာပုထ် မပြောင်းပဲ စားသော အကျင့်
ပတ္တပိုဏ် ဓုတင် = စားခွက်တခုတည်း၌သာ စားဖွယ်အားလုံး ထည့်၍ စားသော အကျင့်
ခလုပစ္ဆာဘတ် ဓုတင် = တော်ပြီဟု ထားမြစ်ပြီးနောက် စားကောင်းအောင်ဝိနည်းကံ ပြုထားသော စားဖွယ်ကိုပင် မစားတော့သော အကျင့်
အာရညကင် ဓုတင် = တောရကျောင်း၌ နေသော အကျင့်
ရုက္ခမူ ဓုတင် = သစ်ပင်အောက်၌နေသော အကျင့်
အဗ္ဘောကာသိက ဓုတင် = အမိုး မရှိသော လဟာပြင်၌နေသော အကျင့်
သုသာန် ဓုတင် = သုသာန်၌ နေသော အကျင့်
ယထာသန္တတိ ဓုတင် = မိမိ အတွက် ချထားသော ကျောင်းအိပ်ရာ နေရာ၌သာနေသော အကျင့်
နိသဇ္ဇိ ဓုတင် = မလျောင်းပဲ သွား၊ ရပ်၊ ထိုင် ဣရိယာပုထ်ဖြင့်သာ နေသော အကျင့်အားဖြင့် ၁၃ ပါး ရှိ၏။

၁။ ပံ့သကူ ဓုတင် ဆောက်တည်ပုံ

ပံ့သကူ ဓုတင် ဆောက်တည်သော ရဟန်းသည် တစုံ တယောက်က လှူဒါန်းသော သင်္ကန်းကို မဝတ်ရုံရ၊ သူတပါးလွှင့်ပစ်ထားသော အဝတ်များကို ကောက်ယူ လျှော်ဖွပ် ချုပ်ဆိုး၍ရသော ပံ့သကူ သင်္ကန်းကိုသာ ဝတ်ရုံရသည်။

ဆောက်တည်ပုံ

"ဂဟပတိဒါန စီဝရံ ပဋိက္ခိပါမိ" ဟု ပါဠိဘာသာဖြင့် ဖြစ်စေ၊
"ဒါယကာ လှူဒါန်းသော သင်္ကန်းကို ပယ်ပါ၏" ဟု မြန်မာ ဘာသာဖြင့် ဖြစ်စေ၊
"ပံသုကူလိကင်္ဂံ သမာဒိယာမိ" ဟု ပါဠိဘာသာဖြင့် ဖြစ်စေ၊
"ပံ့သကူ သင်္ကန်းကို ဝတ်ရုံလေ့ ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏" ဟု မြန်မာ ဘာသာဖြင့် ဖြစ်စေ ဆောက်တည်ရ၏။

ဒါယကာ လှူဒါန်းသော သင်္ကန်းကို သာယာသော ခဏ၌ပင် ပံ့သကူဓုတင် ပျက်တော့၏။ ပျက်လျှင် ပြန်၍ ဆောက်တည်ကျင့်သုံးနိုင်၏။ တခြား ဓုတင်များလည်း ဤနည်းအတိုင်းပင်။

၂။ တိစီ ဝရိက် ဓုတင် ဆောက်တည်ပုံ

တိစီဝရိက် ဓုတင် ဆောက်တည်သော ရဟန်းသည် ခါးဝတ်သင်းပိုင်၊ ကိုယ်ရုံ ဧကသီ၊ ဒုကုဋ် သင်္ကန်းကြီး ဟူသော သင်္ကန်းသုံးထည်ကိုသာ ဝတ်ရုံ သုံးဆောင်ရသည်။ ထိုသုံးထည်မှ တပါး တခြား သင်္ကန်းကို မဝတ်ရုံ မသုံးဆောင်ရ။

ဆောက်တည်ပုံ

"စတုတ္ထက စီဝရံ ပဋိက္ခိပါမိ"
"ဝတ်လောက် ရုံလောက် လေးထည်မြောက် သင်္ကန်းကို ပယ်ပါ၏။"
"တေစီဝရိကင်္ဂံ သမာဒိယာမိ။"
"သုံးထည်သော သင်္ကန်းကို ဝတ်ရုံလေ့ရှိသော ရဟန်း၏ အကြောင်း စေတနာကို ဆောက်တည်ပါ၏။"

ဤ ဆောက်တည်ပုံ လေးမျိုးအနက် တမျိုးမျိုးကို ရွတ်ဆို၍ ဆောက်တည်ရ၏။ နောက် ဓုတင်များ ဆောက်တည်ရာ၌လည်း ဤနည်းတူပင်။

ဝတ်လောက် ရုံလောက် လေးထည်မြောက် သင်္ကန်းကို သာယာသော ခဏ၌ပင် တိစီဝရိက်ဓုတင် ပျက်တော့၏။

၃။ ပိဏ္ဍပါတ် ဓုတင် ဆောက်တည်ပုံ

ပိဏ္ဍပါတ် ဓုတင် ဆောက်တည်သော ရဟန်းသည် ဆွမ်းခံ၍ ရသော ဆွမ်းကိုသာ ဘုန်းပေးရ၏။ ပင့်ဖိတ်၍ ကပ်လှူသော သံဃဘတ် စသည်ကို မဘုဉ်းပေးရ။

ဆောက်တည်ပုံ

"အတိရေကလာဘံ ပဋိက္ခိပါမိ"
"ဆွမ်းခံ ဆွမ်းထက် အပိုအလွန် ဖြစ်သော ဆွမ်းကို ပယ်ပါ၏။"
"ပိဏ္ဍပါတိကင်္ဂံ သမာဒိယာမိ။"
"ဆွမ်းခံခြင်း အလေ့ရှိသော ရဟန်း၏ အကြောင်း စေတနာကို ဆောက်တည်ပါ၏။"

ဆွမ်းခံ ဆွမ်းမှ တပါးသော ပင့်ဖိတ် ကပ်လှူသော သံဃဘတ် စသည်ကို သာယာသော ခဏ၌ပင် ပိဏ္ဍပါတ်ဓုတင် ပျက်တော့၏။

၎။ သပဒါနစာရိက ဓုတင် ဆောက်တည်ပုံ

သပဒါနစာရိက ဓုတင် ဆောက်တည်သော ရဟန်းသည် အိမ်စဉ်မကျော်ပဲ အိမ်အစဉ်အတိုင်း ဆွမ်းရပ်ရ၏။ သို့သော် ဘေးရန်ရှိသော အိမ်၊ လမ်း၊ ရွာ စသည်ကို လည်းကောင်း၊ ဆွမ်းမရသော အိမ်၊ လမ်း၊ ရွာ စသည်ကို လည်းကောင်း ကျော်သွားနိုင်၏။ တခြား အရပ်သို့ ဖဲသွားနိုင်၏။

ဆောက်တည်ပုံ

"လောလုပ္ပစာရံ ပဋိက္ခိပါမိ"
"မက်မောသော တဏှာဖြင့် အိမ်စဉ်ကျော်၍ ဆွမ်းခံသွားခြင်းကို ပယ်ပါ၏။"
"သပဒါနစာရိကင်္ဂံ သမာဒိယာမိ။"
"အိမ်စဉ်အတိုင်း ဆွမ်းခံသွားသော ရဟန်း၏ အကြောင်း စေတနာကို ဆောက်တည်ပါ၏။"

မက်မောသော တဏှာဖြင့် ဆောက်တည်သော ရဟန်းသည် တနေ့လျှင် တနေရာတည်း၌သာ တထိုင်တည်းသော ဣရိယာပုထ်ဖြင့် ဆွမ်း ဘုဉ်းပေးရ၏။ နှစ်နေရာ သုံးနေရာ စသည်ဖြင့် နေရာအများ၌ မဘုဉ်းပေးရ။

ဆောက်တည်ပုံ

"နာနာသနဘောဇနံ ပဋိက္ခိပါမိ"
"နေရာအများ၌ စားခြင်းကို ပယ်ပါ၏။"
"ဧကာသနိကင်္ဂံ သမာဒိယာမိ။"
"တထိုင်တည်း၌သာ စားလေ့ရှိသော ရဟန်း၏ အကြောင်း စေတနာကို ဆောက်တည်ပါ၏။"

နှစ်နေရာ သုံးနေရာ စသည်၌ ဘုဉ်းပေး သုံးဆောင်လျှင် ဧကာသနိက်ဓုတင် ပျက်တော့၏။

၆။ ပတ္တပိုဏ်ဓုတင် ဆောက်တည်ပုံ

ပတ္တပိုဏ် ဓုတင် ဆောက်တည်သော ရဟန်းသည် ခဲဖွယ် ဘောဇဉ်ကို တခွက်တည်း တသပိတ်တည်း၌သာ ထည့်၍ စားရသည်။ နှစ်ခွက် သုံးခွက် စသည်၌ ထည့်၍ မစားရ။ တခွက်တည်း၌ စားဖွယ် အမျိုးမျိုးတို့ကို တပြိုင်တည်း ဖြစ်စေ၊ တမျိုးပြီးမှ တမျိုးဖြစ်စေ ထည့်၍ စားနိုင်၏။ ဟင်းရွက်စိမ်းများကိုမူ လက်ဖြင့် ကိုင်၍ စားနိုင်၏။ ဓုတင် မပျက်ပေ။ သို့သော်လည်း လက်ဖြင့် ကိုင်ထားခြင်းမှာ ကြည့်၍ မလျော်သဖြင့် သပိတ်ထဲ၌ ထည့်ထားခြင်းသာလျှင် အကောင်းဆုံး ဖြစ်၏။

ဆောက်တည်ပုံ

"ဒုတိယကဘာဇနံ ပဋိက္ခိပါမိ"
"နှစ်ခုမြောက်သော စားခွက်ကို ပယ်ပါ၏။"
"ပတ္တပိဏ္ဍိကင်္ဂံ သမာဒိယာမိ။"
"တခွက်တည်း၌ ရှိသော စားဖွယ်ကိုသာစားလေ့ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏"

နှစ်ခုမြောက်သော စားခွက်ကို သာယာသော ခဏ၌ပင် ပတ္တပိုဏ်ဓုတင် ပျက်တော့၏။

၇။ ခလုပစ္ဆာဘတ်ဓုတင် ဆောက်တည်ပုံ

ခလုပစ္ဆာဘတ် ဓုတင် ဆောက်တည်သော ရဟန်းသည် ဆွမ်းစားစဉ် "တော်ပြီ" ဟု ပယ်မြစ်ပြီးနောက် စားလိုပြန်၍ အတိရိတ်ဝိနည်းကံ ပြုထားသော ဆွမ်းဘောဇဉ်ကို မစားရ။ ( ခလုပစ္ဆာဘတ်ဓုတင် မဆောက်တည်သော ရဟန်းများမှာမူ အတိရိတ်ဝိနည်းကံပြုလျှင် နောက်တဖန် ပြန်၍ စားနိုင်၏။ )

ဆောက်တည်ပုံ

"အတိရိတ္တဘောဇနံ ပဋိက္ခိပါမိ"
"အတိရိတ် ဝိနည်းကံပြု၍ စားခြင်းကို ပယ်ပါ၏။"
"ခလုပစ္ဆာဘတ္တိကင်္ဂံ သမာဒိယာမိ။"
"ပယ်မြစ်ပြီးမှ အတိရိတ် ဝိနည်းကံ ပြု၍ရသော ဆွမ်းကို မစားသော ရဟန်း၏ အကြောင်း စေတနာကို ဆောက်တည်ပါ၏။"

အတိရိတ် ဝိနည်းကံ ပြုထားသော ဆွမ်းဘောဇဉ်ကို စားသော ခဏ၌ပင် ခလုပစ္ဆာဘတ်ဓုတင် ပျက်တော့၏။

၈။ အာရညကင်ဓုတင် ဆောက်တည်ပုံ

အာရညကင် ဓုတင် ( တောရဓုတင် ) ဆောက်တည်သော ရဟန်းသည် အနီးဆုံး ရွာနှင့် လေးအတတ်သင်ဆရာ၏ ညှို့တင်ထားသော ကုလလေးနှင့် အပြန်ငါးရာ အနည်းဆုံး ဝေးကွာသော တောရကျောင်း၌ နေရသည်။ အကြောင်းကိစ္စ တခုခုဖြင့် ရွာအတွင်း၌ နေ၍ အရုဏ်မတက်မီ တောရကျောင်းသို့ ပြန်လာပြီးလျှင် တောရကျောင်း၌ပင် အရုဏ်တက်စေမူ ဓုတင် မပျက်ပေ။

ဤ၌ အာရညကင်ဓုတင် လောက်သော အကွာအဝေးကို "အလယ်အလတ်ဖြစ်သော ဒေသတောင်တာဖြင့် ယူလျှင်ပင် ဆိတ်ငြိမ်ရာ ဝိဝေကကို ရတော့သည်။ ထို့ကြောင့် ဤ မြန်မာဒေသ၌ အများသုံးဆောင်ကြသည့် ဟင်္သာတောင် (=၁၈ လက်မ) သံတောင်(=၂၄ လက်မ) တို့ဖြင့် လေးတောင်တာကို ကုလလေးတာဟု ယူသင့်သည်" ဟု ကျေးဇူးတော်ရှင် မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီး ပရမတ္ထ သရူပဘေဒနီကျမ်း၊ ဒုတိယတွဲ၊ စာမျက်နှာ ၁၁၅ ၌ ဆုံးမတော်မူသည်ကို မှတ်သားရ၏။

ဆောက်တည်ပုံ

"ဂါမန္တသေနာသနံ ပဋိက္ခိပါမိ"
"ရွာကျောင်းကို ပယ်ပါ၏။"
"အာရညိကင်္ဂံ သမာဒိယာမိ။"
"တော၌ နေလေ့ရှိသော ရဟန်း၏ အကြောင်း စေတနာကို ဆောက်တည်ပါ၏။"

ရွာကျောင်း၌ နေလိုသော စိတ်ဖြင့် အရုဏ်တတ်ချိန်တွင် ရွာကျောင်း၌နေသော ခဏ၌ပင် အာရညကင်(တောရ) ဓုတင် ပျက်တော့၏။

၉။ ရုက္ခမူဓုတင် ဆောက်တည်ပုံ

ရုက္ခမူ ဓုတင် ဆောက်တည်သော ရဟန်းသည် အုတ်ကြွပ်၊ ကျောက်ပြား၊ အင်္ဂတေ၊ သက်ကယ်၊ သစ်ရွက် တို့တင် တခုခုဖြင့် မိုးထားသော အရိပ်အာဝါသ၌ မနေရ၊ သစ်ပင်အောက်၌သာ နေရသည်။

ဓုတင်ဆောင်ပုဂ္ဂိုလ် အမြတ်စား၊ အလတ်စား၊ အညံ့စားဟု သုံးမျိုးသုံးစား ရှိသည့်အနက် အမြတ်စား ပုဂ္ဂိုလ်မှာ သစ်ပင်ကောင်း သစ်ပင်သန့် မရွေးချယ်ပဲ မည်သည့် သစ်ပင်အောက်၌ မဆို သစ်ရွက်ပုံများကို ကိုယ်တိုင် ခြေဖြင့် ဖယ်ရှင်း၍ နေရသည်။ အလတ်စား ပုဂ္ဂိုလ်မှာ သစ်ပင်အောက်သို့ ရောက်လာသူများကို အရှင်းခိုင်းနိုင်ခွင့် ရှိသည်။ အညံ့စား ပုဂ္ဂိုလ်မှာမူ ကျောင်းသား သာမဏေတို့ကို ခေါ်၍ သစ်ရွက်ရှင်း၊ သဲခင်း၊ တံတိုင်းကာ၊ တံခါး တပ်စေလျက် နေခွင့်ရှိသည်။

ဆောက်တည်ပုံ

"ဆန္နံ ပဋိက္ခိပါမိ။"
"အမိုးရှိသော အရိပ်အာဝါသကို ပယ်ပါ၏။"
"ရုက္ခမူလိကင်္ဂံ သမာဒိယာမိ။"
"သစ်ပင်အောက်၌ နေလေ့ရှိသော ရဟန်း၏ အကြောင်း စေတနာကို ဆောက်တည်ပါ၏။"

အမိုးမိုးထားသော အရိပ်အာဝါသတွင် နေသော ခဏ၌ပင် ရုက္ခမူဓုတင် ပျက်တော့၏။

၁၀။ အဗ္ဘောကာသိကဓုတင် ဆောက်တည်ပုံ

အဗ္ဘောကာသိကဓုတင် ဆောက်တည်သော ပုဂ္ဂိုလ်သည် ဟင်းလင်းပြင် လွင်တီးခေါင်၌သာ နေရ၏။ အမိုးရှိသော အရိပ်အာဝါသ၌ ဖြစ်စေ၊ သစ်ပင်အောက်၌ ဖြစ်စေ မဝင်မနေရ။

သို့သော်လည်း ဥပုသ်ပြု၊ တရားနာ၊ စာသင်၊ စာချရန် ဖြစ်စေ၊ ဆရာ ဥပဇ္ဈာယ် တို့၏ ဝတ်ကြီး ဝတ်ငယ် ပြုရန် ဖြစ်စေ ဝင်နိုင်၏။ ဓုတင် မပျက်ပေ။ ထိုအကြောင်းများကြောင့် အမိုးရှိရာသို့ ဝင်နေစဉ် မိုးရွာလျှင် မိုးတိတ်သည်အထိ ဆက်လက် နေနိုင်၏။

ဆောက်တည်ပုံ

"ဆန္နဉ္စ ရုက္ခမူလဉ္စ ပဋိက္ခိပါမိ။"
"အမိုးကို လည်းကောင်း၊ သစ်ပင်ရင်းကိုလည်းကောင်း ပယ်ပါ၏။"
"အဗ္ဘောကာသိကင်္ဂံ သမာဒိယာမိ။"
"အမိုးမရှိသော ဟင်းလင်းပြင်၌ နေလေ့ရှိသော ရဟန်း၏ အကြောင်း စေတနာကို ဆောက်တည်ပါ၏။"

အမိုးရှိရာသို့ ဖြစ်စေ၊ သစ်ပင်အောက်သို့ ဖြစ်စေ ဝင်လျှင် အဗ္ဘောကာသိကဓုတင် ပျက်တော့၏။

၁၁။ သုသာန်ဓုတင် ဆောက်တည်ပုံ

သုသာန် ဓုတင် ဆောက်တည်သော ရဟန်းသည် သုသာန်သို့ ညအခါသွား၍ "သန်းခေါင်ယံပတ်လုံး သုသာန်၌ နေ၍ မိုးသောက်ယံ၌ သုသာန်မှ ထွက်သင့်သည်" ဟု အင်္ဂုတ္တိုရ်ဆောင်မထေရ်များ မိန့်ကြား၏။

လူတို့က သုသာန်ဟု သတ်မှတ်ထားသော်လည်း လူသေအလောင်း မချ မမြှုပ် မဖုတ်မရှို့ရသေးလျှင် သုသာန်မမည်ပေ။

အစီအစဉ် ဤသုသာန်ဓုတင် ဆောက်တည်သော ရဟန်းသည် သံဃာများ၏ အကြီးအမှူး မထေရ်ကြီးနှင့် သက်ဆိုင်ရာ နယ်မြေ အာဏာပိုင်တို့ကို ကြိုတင် အကြေင်းကြားပြီးနောက် သုသာန်သို့ မိမိသွားမည့် လမ်းတွင်ရှိသော သစ်ပင်၊ သစ်ငုတ်၊ ချုံပုတ်၊ တောင်ပို့ စသည်တို့ကို နေ့အခါကပင် သွားရောက်ကြည့်ရှု၍ ကောင်းစွာ မှတ်သားထားရမည်။

ဘီလူး စသည်တို့ နှစ်သက်တတ်သော နှမ်းထောင်း၊ ပဲထမင်း၊ ငါး၊ အမဲ၊ နို့ရည်၊ ဆီ၊ တင်လဲ စသော ခဲဖွယ် စားဖွယ်တို့ကို မမှီဝဲ မသုံးဆောင်ရပေ။

ဆေက်တည်ပုံ

"နသုသာနံ ပဋိက္ခိပါမိ။"
"သုသာန် မဟုတ်သော အရပ်ကိုပယ်ပါ၏။"
"သောသာနိကင်္ဂံ သမာဒိယာမိ။"
"သုသာန်၌ နေလေ့ရှိသော ရဟန်း၏ အကြောင်း စေတနာကို ဆောက်တည်ပါ၏။"

သုသာန် မဟုတ်သော အရပ်၌နေလျှင် သုသာန်ဓုတင် ပျက်တော့၏။ "သုသာန်သို့ မသွားသောနေ့၌ ဓုတင် ပျက်သည်" ဟု အင်္ဂုတ္တိုရ်ဆောင် မထေရ်များ မိန့်ကြ၏။

၁၂။ ယထာသန္ထတိဓုတင် ဆောက်တည်ပုံ

ယထာသန္ထတိ ဓုတင် ဆောက်တည်သော ရဟန်းသည် မိမိအား ချထားသော ကျောင်းအိပ်ရာ နေရာ၌သာလျှင် နေရ၏။ ကျောင်းအိပ်ရာ နေရာ၌ မက်မောသော တဏှာဖြင့် ချထားပေးသည့်အတိုင်း မနေပဲ မိမိစိတ်ကြိုက် ကျောင်းအိပ်ရာနေရာ၌ မနေရပေ။ နေရာ၌ နေလိုသော တဏှာဖြင့် ရဟန်းငယ်များကို နေရာမှ ထသွားအောင် မပြုလုပ်ရပေ။

ဆောက်တည်ပုံ

"သေနာသနလေလုပ္ပံ ပဋိက္ခိပါမိ။"
"ကျောင်းအိပ်ရာ နေရာ၌ မက်မောသော တဏှာကို ပယ်ပါ၏။"
"ယထာသန္ထတိကင်္ဂံ သမာဒိယာမိ။"
"ချထားပေးသော နေရာ၌ နေလေ့ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏။"

ကျောင်းအိပ်ရာနေရာ၌ မက်မောသော တဏှာဖြစ်ကာမျှဖြင့် ယထာသန္ထတိဓုတင် ပျက်တော့၏။

၁၃။ နိသဇ္ဇိဓုတင် ဆောက်တည်ပုံ

နိသဇ္ဇိ ဓုတင် ဆောက်တည်သော ရဟန်းသည် သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း ဣရိယာပုထ် ၃ ပါးဖြင့်သာ နေရ၏။ လျောင်းသော ဣရိယာပုထ်ဖြင့် မနေရ၊ လဲလျောင်း၍ မနေရ။

ဆောက်တည်ပုံ

"သေယျံ ပဋိက္ခိပါမိ။"
"လဲလျောင်းအိပ်ခြင်းကို ပယ်ပါ၏။"
"နေသဇ္ဇိကင်္ဂံ သမာဒိယာမိ။"
"ထိုင်လျက် နေလေ့ရှိသော ရဟန်း၏ အကြောင်း စေတနာကို ဆောက်တည်ပါ၏။"

လျောင်း၍ အိပ်စက်ခြင်းကို ပြုကာမျှနှင့်ပင် နိသဇ္ဇိဓုတင် ပျက်တော့၏။

အပ္ပစ္ဆတာဂုဏ် ဤ ဓုတင် အကျင့်တို့ကို စွမ်းနိုင်သမျှ ကျင့်ကြံလျှင် ကိလေသာပါး ကုသိုလ်ပွါး၍ အကျိုးများလှ၏။ သို့သော် မိမိ ဓုတင်ဆောင်သူ ဖြစ်ကြောင်း အများသိအောင် လူတွေ့တိုင်း ပြောပြလျက် ကျင့်လျှင်ကား ဓုတင်္ဂအပ္ပိစ္ဆတာ (ဓုတင်၌ အလို လောဘနည်းခြင်း) ဂုဏ်နှင့် မဟပ်မိတော့ပေ။ ထို့ကြောင့် ဓုတင်ဆောင်သူတိုင်း အောက်ပါမထေရ် နှစ်ပါး၏ ဝတ္ထုကို အမြဲမပြတ် ဆင်ခြင် နှလုံးသွင်းအပ်ပေသည်။

ဓုတင်ကို လျှို့ဝှက်သူ သီဟိုဠ်ကျွန်း (ယခု သီရိလင်္ကာ) အရှေ့တောင်ပိုင်း စိတ္တလတောင် ၌ ညီနောင် မထေရ် နှစ်ပါး သီတင်းသုံးလျက်နေကြ၏။ တနေ့သော် နောင်တော် မထေရ် ဆွမ်းဘုဉ်းပေးပြီး၍ ပလုတ်ဆေးနေစဉ် ညီတော်မထေရ် ရောက်လာပြီးလျှင် "ကြံပိုင်း ဘုဉ်းပေးပါဦး ဘုရား" ဟုဆိုကာ ကြံပိုင်းကို ဆက်ကပ်၏။ နောင်တော် မထေရ်က အလိုမရှိတော့ကြောင်း မိန့်ကြားသောအခါ "အရှင်ဘုရား ဧကာသနိက်ဓုတင် ဆောက်တည်ပါသလား ဘုရား" ဟု ညီတော်က မေး၏။

ထိုအခါ နောင်တော်က "ကဲ ကြံပိုင်းယူခဲ့ပါ" ဟု ဆိုကာ ကပ်လာသော ကြံပိုင်းကို ဘုဉ်းပေး၏။ နောက်မှ ဓုတင်ကို ပြန်၍ ဆောက်တည်၏။

ကြံပိုင်းကို မဘုဉ်းပေးလျှင် မိမိ ဧကာသနိက်ဓုတင် ဆောက်တည်သည်ကို ညီတော် သိသွားမည်စိုးသဖြင့် နှစ်ပေါင်း ငါးဆယ်ပတ်လုံး ဆောက်တည်လာသော ဓုတင်ကို အပျက်ခံ၍ ကြံပိုင်းကို ဘုဉ်းပေးခြင်း ဖြစ်၏။ အလိုနည်းခြင်း = အပ္ပိစ္ဆတာဂုဏ်နှင့် လွန်စွာ ပြည့်စုံလှသဖြင့် ကြည်ညိုဖွယ် ကောင်းလှပါပေသည်။
( အံ-ဋ္ဌ ၁၊ ၅၉ )

Shared from ဓမ္မရေချမ်းစင်

လေ့ကျင့်ခန်းလုပ်စရာမလို အစားလျော့စရာမလိုသော ဗိုက်ချပ်နည်း



ဒီနည်းလမ်းလေးက ယုမွန် ကိုယ်တိုင်လုပ်ခဲ့တဲ့နည်းလမ်းလေးထဲကတစ်ခုပါ။ဟိုးအရင်က ပေါင်ချိန် ၁၄၅ပေါင်ရှိခဲ့ဖူးတယ် အရပ်က ၅ပေ၇ဆိုပေမဲ့ အဲ့ပေါင်ချိန်နဲ့က ဝတဲ့ဘက်မှာ ရောက်နေတာပေါ့။ပိုဆိုးတာက ဗိုက်ပူတာပါ။ဝိတ်ချလိုက်တာ ပေါင်၁၀၀ဘဲရှိတော့တဲ့အထိပါ။ခုတော့ ၁၂၂ပေါင်ပါ ဒါပေမဲ့ဘယ်လောက်ဝလာဝလာ ဗိုက်မပူလာတော့ဘူး။တကယ်ထိရောက်တဲ့နည်းလေးပါ။အစားရှောင်စရာမလိုပါဘူး။သေချာပုံမှန်လေးလုပ်သွားရင် ဗိုက်ချပ်ပြီး ခါးသေးစေပါတယ်။Gymဆော့ဖို့လည်း အချိန်မပေးနိုင်တဲ့သူတွေ အစားလည်းမရှောင်နိုင်တဲ့သူတွေ အဆီကျဆေးတွေ မသောက်ချင်တဲ့သူတွေအတွက် လုပ်သင့်တဲ့နည်းလမ်းကောင်းတစ်ခုပါ။ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့နည်းပါ။

*****
မနက်အိပ်ရာထထချင်းမှာ ရေတစ်ဖန်ခွက် သောက်ပေးပါရေသန့်ဗူးကြီး 1Literရဲ့တစ်ဝက်-0.5liter)(ဒါမှမဟုတ်)သောက်နိုင်တဲ့သူက ၂ဖန်ခွက်သောက်ပေးပါ ပြီးမှ မျက်နှာသစ် အပေါ့ပါးသွားပါ။မနက်စာကို ရေသောက်ပြီး ၁နာရီကြာမှ စားပါ။မနက်စာစားပြီးပြီးချင်း ရေထပ်မသောက်ရ။နောက် ၁နာရီကြာမှ ရေပြန်သောက်ရမည်။
****
နေ့လည်စာ ထမင်းမစားခင် နာရီဝက်အလို ရေ၁ခွက်သောက်ရမယ်။ပြီးမှ ထမင်းစား ထမင်းစားရင်လည်း ဖြေးဖြေးနဲ့ကြေညက်အောင်ဝါးစားသင့်ပါတယ်။စားနေစဉ်အတွင်း ရေခဲရေ/ကော်ဖီ သောက်ခြင်းကိုလည်းရှောင်ပါ။ပိုပြီး အဆီတွေစုစေပါတယ်။ထမင်းစားပြီး ၁နာရီကြာမှ ရေပြန်သောက်ရမည်။
***
ညစာ မစားခင်နာရီဝက်အလို ရေသောက်ရမယ်။ပြီးမှ ထမင်းစား။ထမင်စားချိန်နဲ့ အိပ်ချိန်ကို အနည်းဆုံး၂နာရီခွာရမယ်။အိပ်ရင်လည်း ရေတစ်ခွက်သောက်ပြီးမှ အိပ်ရမယ်....
****
ထိုင်တဲ့အခါမှာ အမြဲခါးကို မတ်မတ်ထိုင်ပါ။ခွေခေါက်ထိုင်ချင်းက အဆီပိုတွေစုစေပါတယ်။ခါး မတ်မတ်ထိုင်ပါ။ခါးမတ်ထိုင်ချင်းဖြင့် ခန္ဓာကိုယ်ပုံစံပါ smart ကျစေပြီး သွားလာနေထိုင်မှု့ပုံစံမှာ ကျန်မာရေးနှင့်ညီညွတ်ပြီး ပို၍ကြည့်ကောင်းလာစေပါသည်။

(PS....ထမင်းစားပြီးပြီးချင်းရေမသောက်ဖို့ပါ။ထမင်းစားပြီးချင်း ပိန်ချင်ဇောနဲ့လမ်းလျှောက်တာဟာလည်း သိပ်ကိုမှားယွင်းတဲ့အပြုမူပါ။အစာချေဖျက်အားကို ကမောက်ကမဖြစ်စေပါတယ်။လဲလှောင်းချင်းလည်း မပြုရပါ။အနည်းဆုံး ထမင်းစားပြီး ၂နာရီကြာမှ အိပ်စက်အနားယူသင့်ပါတယ်)

နည်းလမ်းလေးတွေက သိပ်ကိုရိုးရှင်းပါတယ်။အဓိကက ရေသောက်နည်းနဲ့ ဗိုက်ချပ်စေတာပါ။အစားမစားခင် နာရီဝက်အလို ရေသောက်ပေးရင် အစာကြေလွယ်စေပါတယ်။တခြား အချိန်တွေမှာလည်း ရေကို ပုံမှန် သောက်လို့ရပါတယ်။အဓိကက မစားခင်နဲ့ စားပြီးအချိန်လေးပါ။ရေကိုလည်း ရိုးရိုးရေဘဲ သောက်သုံးသင့်ပါတယ်။အစပိုင်းမှာ လုပ်ရတာသတိထားနေရတော့ ခက်ခဲတယ်ထင်ရပေမဲ့ နောက်ပိုင်းပုံမှန်လေးလုပ်သွားပေးရင် အဆင်ပြေမှာပါ။အမေရိကန်ကျန်းမာရေးသုတေသီတွေကအစ ထမင်းစားပြီး ရေသောက်တာဟာ ကျန်းမာရေးနဲ့ မညီညွတ်ကြောင်းပြောထားပါတယ်။ရေကိုလည်း နဲနဲ နဲ့ခဏခဏ သောက်ပေးဖို့လိုပါတယ်။ရေသောက်ပေးချင်းအားဖြင့် ခန္ဓာကိုယ်ထဲမှာ မလိုလားအပ်တဲ့ အရည်တွေနဲ့ အဆိပ်တောက်တွေကို ဆီး၊ဝမ်း၊ချွေး၊သလိပ် အဖြစ်စွန့်ထုတ်ပေးပါတယ်။ အဆီပိုတွေကျစေပါတယ်။ရေသောက်ခြင်းအကျိုးကျေးဇူးတွေကတော့ အများကြီးပါ။အသေးစိတ်တော့ရေးမပြတော့ဘူးနော်။ဒီနည်းလမ်းလေးက အဓိက ဗိုက်ချပ်စေတာပါ။လူတစ်ယောက်က အရမ်းဝနေရင်တောင် ဗိုက်ကလေးချပ်နေရင်ကိုအဝတ်စားဝတ်ရတာလည်း အဆင်ပြေ ကြည့်ရတာလည်း အရမ်းsmartဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်😊

**ယုမွန်ရေးထားတဲ့ထဲမှာ ရေကိုအမြဲသောက်ပါလို့ မပြောထားပါဘူး၊သေချာ သောက်ရမဲ့အချိန်လေးမှာ စနစ်တကျသောက်ပေးဖို့ဘဲ ရေးထားတာပါ။ကျန်တဲ့အချိန် တွေမှာရေဆာရင်ဆာသလိုသောက်ပေးလို့ရပါတယ်ရှင်

Yu Mon#
Credit to: Yu Mon

“အချိန်မရှိဘူး”


ဒီနေ့ စာဖတ်ဖို့ အချိန်မရှိဘူး
နောင်နှစ်အနည်းငယ်မှာ Junior တွေကိုယ့်ကိုကျော်သွားတဲ့အဖြစ်ကို ထိုင်ကြည့်ဖို့ အချိန်ရှိရလိမ့်မယ်
.
ဒီနေ့ အားကစားလုပ်ဖို့ အချိန် မရှိဘူး
ဒါဆို နောင်တချိန်မှာ ကျွန်တော်တို့ ဆေးရုံမှာ အိပ်နေဖို့ အချိန်ရှိရလိမ့်မယ်
.
ဒီနေ့ ကိုယ်ရှိနေတဲ့ အိမ်ထောင်ရေးကို ဂရုစိုက်ဖို့ အချိန်မရှိဘူး ဆိုရင်
နောင်နှစ်အနည်းငယ်မှာ အိမ်ထောင်ရေးအသစ်တည်ဆောက်ဖို့ အချိန်ရှိရလိမ့်မယ်
.
ဒီနေ့ ကိုယ့် ကလေးနဲ့ နေပေးဖို့ အချိန်မရှိဘူးဆိုရင်
နောင်တချိန်မှာ ဒီလို အခွင့်အရေးကောင်းကို ထောင်ပြီးနှာမျောဖို့ အချိန်ရှိရလိမ့်မယ်
.
ဒီနေ့ ကိုယ်ချစ်တဲ့ အလုပ်လုပ်ဖို့ အချိန်မရှိဘူးဆိုရင်
နောင်အချိန်ပေါင်းများစွာ ကိုယ်မချစ်တဲ့ အလုပ်လုပ်ဖို့ အချိန်ကောင်းကောင်းရှိရလိမ့်မယ်
.
အစရှိသဖြင့်
ကိုယ်နဲ့ ကိုက်တဲ့ ဥပမာကို ဖြည့်ပြီး စဉ်းစားလို့ရပါတယ်
.
ဒီနေ့ ကျွန်တော်တို့ ကိုယ်လိုအပ်မယ့်အလုပ်ကို အချိန်ပေးပြီးလုပ်ဖို့ အချိန်ပေးမှာလား?
ဒါမှမဟုတ်
နောင်တချိန်မှာ ဒီလိုအရာကောင်းကောင်းကို ကျွန်တော်တို့ ထိုင်ပြီးနှာမျောဖို့ အချိန်ပေးမှာလား ?
.
ကျွန်တော်အဲ့လိုရေးတော့ ကျွန်တော် Post ကိုအခုမှ စဖတ်တဲ့သူငယ်ချင်းတွေက
မေးခွန်းတွေအများကြီးတွေ ထွက်လာလိမ့်မယ်
အချိန်တကယ်မရှိတာဘယ်လိုလုပ်မှာလဲ ?
အစရှိသဖြင့်ပေါ့
ဒါဆိုရင်ဒီ link အတိုင်း Post တစ်ခုကို အရင်ဖတ်ကြည့်ပါ
ပိုပြီး နားလည်လိမ့်မယ်

https://goo.gl/dAGWbF
.
ဒီနေ့ကတော့ ဒီလောက်ပါပဲ ဗျ
ကျွန်တော်ကို အားပေးတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါသည်
အောင်မြင်မှု ကိုဦးတည်သော နေ့လေးတစ်ရက်ဖြစ်ပါစေ

Credit to: အောင်မြင်သူ ဘယ်လိုတွေးလဲ ? : Online Skill Courses

ဉာဏ်စဉ် (၁၆) ပါး


၁။ နာမရူပပရိစ္ဆေဒဉာဏ် = နာမ်ရုပ်ကို ပိုင်းပိုင်းခြားခြား သိတတ်သောဉာဏ် (ဒုက္ခသစ္စာကို သိသောဉာဏ်)၊

၂။ ပစ္စယပရိဂ္ဂဟဉာဏ် = နာမ်ရုပ်၏ အကြောင်းတရားကို ပိုင်းခြားယူတတ်သောဉာဏ် ( သမုဒယသစ္စာကို သိသောဉာဏ်)၊
(ဤဉာဏ် နှစ်ပါးကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်ကြသည့် သိသင့် သိထိုက်သော ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားနှင့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတည်းဟူသော အကြောင်း သမုဒယသစ္စာတရားတို့ကို ထိုးထွင်းသိမြင်တတ်သော ဉာဏ်များ ဖြစ်ခြင်းကြောင့် ဉာတပရိညာဟူသော အမည်ကို ရရှိကြပေသည်။)

၃။ သမ္မသနဉာဏ် = ယင်း ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု ရှုပွားသုံးသပ်တတ်သော ဉာဏ်၊

၎။ (က) ဥဒယဗ္ဗယဉာဏ် (အနုပိုင်း) (တရုဏဝိပဿနာပိုင်း) = ယင်းသင်္ခါရတရားတို့၏ ဖြစ်မှု ပျက်မှုကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ရှုမြင်လျက် အနိစ္စဟု ဒုက္ခဟု အနတ္တဟု ရှုပွားသုံးသပ်တတ်သောဉာဏ်၊
( ခ ) ဥဒယဗ္ဗယဉာဏ် (အရင့်ပိုင်း) (ဗလဝ၀ိပဿနာပိုင်း) = ဝိပဿနာညစ်ညူးကြောင်း ဥပက္ကိလေသ အညစ်အကြေးတို့မှ လွတ်မြောက်သွားသော, အကြောင်းတရားနှင့် တကွသော ရုပ်နာမ်ဓမ္မ သင်္ခါရတရား
တို့၏ ဖြစ်မှု ပျက်မှုကို ခဏပစ္စုပ္ပန်သို့ ဆိုက်ရောက်အောင် ရှင်းရှင်းလင်းလင်း သိမြင်ကာ လက္ခဏာရေးသုံးတန်သို့ တင်ကာ ရှုပွားသုံးသပ်တတ်သောဉာဏ်၊ (ဤသမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ် နှစ်မျိုးတို့ကား သင်္ခါရတရားတို့၏ ဖြစ်မှု ပျက်မှုကို အာရုံယူ၍ အနိစ္စဟု ဒုက္ခဟု အနတ္တဟု စူးစမ်းဆင်ခြင် ဆုံးဖြတ်တတ်သော ဉာဏ်များ ဖြစ်ခြင်းကြောင့် တီရဏပရိညာဟူသော အမည်ကို ရရှိကြပေသည်။)

၅။ ဘင်္ဂဉာဏ် = (ဉာတ+ဉာဏ အမည်ရသည့်) သင်္ခါရတရားတို့၏ အပျက်သက်သက်ကို အာရုံယူကာ အနိစ္စ ဒုက္ခ အနတ္တဟု ရှုမြင်တတ်သောဉာဏ်၊

၆။ ဘယဉာဏ် = သင်္ခါရတရားတို့၏ ပြိုပြိုပျက်ပျက်နေသဖြင့် ကြေက်လန့်ဖွယ်ကောင်သည့် သဘောကို အာရုံယူကာ အနိစ္စ ဒုက္ခ အနတ္တဟု ရှုမြင်တတ်သောဉာဏ်၊

၇။ အာဒီနဝဉာဏ် = ပြိုပြိုပျက်ပျက်နေသည့် သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တပြစ်ချက်တို့ကို ရှုမြင်တတ်သောဉာဏ်၊

၈။ နိဗ္ဗိဒါဉာဏ် = ယင်းသင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ ပြစ်ချက်တို့ကို ရှုမြင်နေရသည့်အတွက် သင်္ခါရတရားတို့အပေါ်၌ ငြီးငွေ့ ရွံမုန်းသောဉာဏ်၊

၉။ မုစ္စိတုကမျတာဉာဏ် = ယင်းသင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ ပြစ်ချက်တို့ကို ရှုမြင်နေရသည့်အတွက် သင်္ခါရတရားတို့မှ လွတ်မြောက်လိုသောဉာဏ်၊

၁၀။ ပဋိသင်္ခါဉာဏ် = သင်္ခါရတရားတို့မှ လွတ်မြောက်လိုသဖြင့် သင်္ခါရတရားတို့၏ အပျက်ကို အာရုံယူကာ အနိစ္စ ဒုက္ခ အနတ္တဟု တစ်ဖန် ပြန်ရှုသောဉာဏ်၊

၁၁။ သင်္ခါရုပေက္ခာဉာဏ် = သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ ပြစ်ချက်တို့ကို ကွက်ကွက်ကွင်းကွင်း ရှုမြင်နေရသဖြင့် သင်္ခါရတရားတို့အပေါ်၌ ကြောင့်ကြမှု တောင့်တမှု မရှိတော့ဘဲ အညီအမျှ လျစ်လျူရှုတတ်သောဉာဏ်၊

၁၂။ အနုလောမဉာဏ် = ရှေ့ပိုင်း ဝိပဿနာဉာဏ်များနှင့် နောက်ပိုင်း အရိယမဂ်ဉာဏ်ကို ဆီလျော်အောင် ပြုလုပ်ပေးသောဉာဏ်၊

၁၃။ ဂေါတြဘုဉာဏ် = ပုထုဇန်အနွယ်ကို လွှမ်းမိုးလျက် အရိယအနွယ်သို့ ရောက်အောင် နိဗ္ဗာန်ကို အာရုံယူကာ ဖြစ်ပေါ်လာသောဉာဏ်၊

၁၄။ အရိယမဂ်ဉာဏ် = ပယ်သင့်ပယ်ထိုက်သော ကိလေသာတို့ကို အကြွင်းမဲ့ပယ်သတ်လျက် နိဗ္ဗာန်ကို သိသောဉာဏ်၊

၁၅။ အရိယဖိုလ်ဉာဏ် = အရိယမဂ်ဉာဏ်က ပယ်သတ်ထားပြီးသည့် ကိလေသာတို့ကို ငြိမ်းသထက်ငြိမ်းအောင် ငြှိမ်းလျက် နိဗ္ဗာန်ကို သိမြင်နေသောဉာဏ်၊

၁၆။ ပစ္စဝေက္ခဏဉာဏ် ----
(က) မဂ်ကို ဆင်ခြင်ခြင်း,
( ခ ) ဖိုလ်ကို ဆင်ခြင်ခြင်း,
( ဂ ) နိဗ္ဗာန်ကို ဆင်ခြင်ခြင်း,
(ဃ) ပယ်ပြီးကိလေသာကို ဆင်ခြင်ခြင်း,
( င ) မပယ်ရသေးသော ကိလေသာကို ဆင်ခြင်ခြင်း ----။

(ဘင်္ဂဉာဏ်မှ စ၍ အနုလောမဉာဏ်သို့ တိုင်အောင်သော ဝိပဿနာဉာဏ်တို့ကား သင်္ခါရတရားတို့၏ အပျက်သက်သက်ကိုသာ အာရုံယူ၍ လက္ခဏာရေး သုံးတန်သို့ တစ်လှည့်စီ တင်ကာ ရှုပွားသုံးသပ်တတ်သော ဉာဏ်တို့ချည်း ဖြစ်ကြသည်။ ယင်းဉာဏ်တို့သည် သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို ပိုင်းပိုင်းခြားခြား သိလျက် ပယ်သင့်ပယ်ထိုက်သော ကိလေသာတို့ကို တဒင်္ဂအားဖြင့် ပယ်စွန့်နိုင်ခြင်းတည်းဟူသော ဤအကြောင်းပရိယာယ်အားဖြင့် ပဟာနပရိညာဟူသော အမည်ကို ရရှိကြပေသည်။ သို့သော် ဂေါတြဘုဉာဏ်ကား သင်္ခါရတရားတို့၏ အပျက်ကို အာရုံမယူဘဲ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို စတင် အာရုံယူသော ဉာဏ်ဖြစ်သော်လည်း ကိလေသာတို့ကို အြွကင်းမဲ့ မပယ်သတ်နိုင်သဖြင့် အရိယမဂ်ဉာဏ်ဟူသော အမည်ကို မရရှိပေ။ ဤကား လောကီပရိညာ သုံးပါးတည်း။)

***ဖားအောက်တောရဆရာတော် ***

ကျွန်မရဲ့ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းမှုအကြောင်း


ကျွန်မကိုကလေးမွေးပြီး ဝိတ်ဘယ်လိုထိန်းလည်းဆိုတာ လာလာမေးကြတာများလို့ ကျွန်မရဲ့အတွေ့အကြုံလေးတွေကို အားလုံးနဲ့မျှဝေပေးပါ့မယ်ရှင် ။ ကိုယ်ကအလှကြိုက်တဲ့သူဆိုတော့ အင်္ကျီအဝတ်အစားဝတ်တဲ့နေရာမှာ အဆင်ပြေအောင်အမြဲတစ်စေ ခန္ဓာကိုယ်ကိုခပ်သွယ်သွယ်အနေအထားမျိုးဖြစ်အောင် ထိန်းသိမ်းဖြစ်ပါတယ် ။ ပိန်တာဝတာအရေးမကြီးပေမယ့် ကျွန်မရဲ့ခန္ဓာကိုယ်ကခပ်ပြားပြားမို့ ဝလာတဲ့အခါပုံမကျပန်းမကျနဲ့ တစ်ခြားလူတွေထက်ပိုကြည့်ရဆိုးပါတယ် ။ အဲ့ဒါကြောင့် ကိုယ့်ကိုကိုယ်ကြည့်ကောင်းနေအောင် ခပ်သွယ်သွယ်အနေအထားမှာပဲကြိုးစားထိန်းသိမ်းပါတယ် ။

ကျွန်မတွေ့တွေ့နေရတဲ့ လွဲမှားနေတဲ့ခန္ဓာကိုယ်အလေးချိန်ထိန်းတဲ့အမြင်လေးတစ်ခုကိုအရင်ပြင်ပေးပါရစေ ။ အဲ့ဒါကတော့ တစ်ချို့အမျိုးသမီးတွေက ပွဲတွေလမ်းတွေသွားစရာရှိမှ တစ်ပွဲတိုးဝိတ်ချကြတာကိုပါ ။ နောက်ရက်ကျတော့အရင်ကလိုပြန်စားကြပြီး ဒုံရင်းကနေဒုံရင်းပြန်ဖြစ်သွားကြတာပါပဲ ။ ကျွန်မအမြင်တော့ အချိန်လေးယူပြီး ခန္ဓာကိုယ်ဝိတ်ချတာက ကျန်းမာရေးအတွက်လည်းကောင်းမယ် ရေရှည်မှာလည်းခန္ဓာကိုယ်အလေးချိန်တည်ငြိမ်မယ်ထင်တယ် ။ တစ်ရက်နှစ်ရက်လောက် အငတ်ခံ ။ တစ်ပေါင်နှစ်ပေါင်လောက်ကျသွားတဲ့အခါကျေနပ်ပြီး နောက်ရက်မှာပြန်စားလိုက်နဲ့ ။ အဲ့လိုကျလိုက်တက်လိုက်မြန်တဲ့ ခန္ဓာကိုယ်ကပိုဝိတ်အတက်လွယ်ပါတယ် ။

ကျွန်မကလေးမွေးပြီးကာစက ၁၃၅ ပေါင်ပါ ။ ပုံမှန်ဆို ၁၀၈-၁၁၅ ပတ်ခြာလည်လောက်ရှိနေတဲ့သူက ၁၃၅ ဆိုတော့ ပေါင် ၂၀ လောက်တင်ကျန်နေခဲ့တာပေါ့နော် ။ ကလေးမွေးထားလို့ ဗိုက်ကလည်းခွဲထားလို့ လေ့ကျင့်ခန်းယူလို့မရသေးတဲ့အချိန်မှာ အစားနဲ့အရင်ထိန်းရပါတယ် ။ ပထမဆုံးအချက်ကတော့ ကလေးကိုအမေနို့တိုက်ပါတယ် ။ အမေနို့တိုက်ရင် ခန္ဓာကိုယ်ထဲမှာသိုလှောင်ထားတဲ့ အဆီပိုတွေကယ်လိုရီအပိုတွေပါသွားလို့ ဝိတ်ကျအောင်တစ်ဖက်တစ်လမ်းကအထောက်အကူပြုပါတယ် ။

အစားအသောက်ဘယ်လိုထိန်းသင့်လည်း ?

Diet စတဲ့အချိန်ကစလို့ ကျွန်မ ကစီများတာတွေ ၊ အချိုတွေ ၊ သရေစာမုန့်လေးတွေနဲ့ မလိုင်တွေ အကုန်ဖြတ်လိုက်ပါတယ် ။ ကိုယ်ကကော်ဖီကြိုက်လွန်းသူဆိုတော့ ကော်ဖီ ၊ လက်ဖက်ရည် မဖြတ်ပါဘူး ။ ပထမသုံးလလောက်မှာ အဲ့ဒါတွေလုံးဝမစားပဲ ပုံမှန် မနက်စာ နေ့လည်စာနဲ့ ညစာကိုပဲ အားကိုးပြီးစားပါတယ် ။ မနက်စာကိုစိတ်ကြိုက်စားပါတယ် ။ နေ့လည်စာကိုတော့ ထမင်းနည်းနည်းနဲ့ အသားငါး အသီးအရွက်ပိုစားပါတယ် ။ ညစာကိုတော့ တတ်နိုင်သလောက် ကစီဓာတ်မပါအောင်စားပါတယ် ။ ကြားထဲမှာဗိုက်စာရင် အသီးဒါမှမဟုတ်ကော်ဖီလေး အာသာပြေအောင်သောက်ပါတယ် ။ အဲ့လိုသုံးလလောက် အစားထိန်းလိုက်ပြီး နောက်သုံးလအတွက်တော့ ကိုယ်စားချင်တာလေးတွေကို အသာပြေလောက်စားပါတယ် ။ အစားထိန်းလိုက်တာမှာ တစ်ပတ်တစ်ပေါင်လောက်ပုံမှန်ကျပြီး တစ်လမှာငါးပေါင်လောက်ကျပါတယ် ။

ကျွန်မကကိုယ့်ကိုကိုယ်အကျင့်တစ်ခုလုပ်ထားပါတယ် ။ အဲဒါကတော့ အစားစားရင်ဗိုက်တင်းအောင်မစားပဲ အာသာပြေတင်းတိမ်ရင် ချက်ခြင်းရပ်ပြစ်တာပါ ။ စပြီးကျင့်ယူတဲ့အချိန်မှာ ခက်ခဲပါတယ် ။ အစားစားလို့ စိတ်ကျေနပ်တာတဲ့ရပ်လိုက်ပါ ။ ကိုယ့်ကိုကိုယ်လည်းစိတ်ထဲကနေ ငါစားချင်တာစားလိုက်ရပြီ ဝိတ်မတက်အောင်အခုနေရပ်လိုက်တော့မယ်လို့ပြောပါ ။ ချက်ခြင်းမသိသာပေမယ့် ကြာလာတဲ့အခါ စားချင်တာစားနေရပေမယ့် ဝိတ်သိပ်မတက်တဲ့ကောင်းကျိုးကိုသိသိသာသာမြင်ရပါလိမ့်မယ် ။ အဲ့ဒါလေးကို သတိထားကျင့်သုံးစေချင်ပါတယ် ။

လူတစ်ယောက်ကတစ်နေ့ကို ၂၀၀၀ ကယ်လိုရီလောက်ပဲလိုအပ်ပြီး နို့တိုက်မိခင်ဆို ၂၅၀၀ ကယ်လိုရီလောက်ပဲလိုတာမို့ နို့တိုက်နေလို့နှစ်ယောက်စာစားရမယ်ဆိုတဲ့ မှားယွင်းတဲ့အယူအဆကြီးကို မေ့ထားစေချင်ပါတယ် ။ နို့တိုက်မခင်တွေ နို့တိုက်ရတော့ဗိုက်ကဆာ ကလေးအာဟာရမပြည့်မှာစိုးလို့ပိုစားနဲ့ နောက်ပိုင်းမှာမထိန်းနိုင်မသိမ်းနိုင် ဝိတ်တွေတက်ပြီးကျန်ခဲ့တော့တာပါပဲ ။ ကျွန်မအကြံပေးချင်တာတော့ စားတဲ့သောက်တဲ့နေရာမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို လုံလောက်ရုံလောက်စားပေးရင် ကလေးရောလူကြီးရောအတွက်အဆင်ပြေပါတယ် ။ ကိုယ်စားတဲ့အစာတွေ ကယ်လိုရီဘယ်လောက်ရှိလည်းဆိုတာသိချင်ရင် internet မှာရှာတာမျိုးဖြစ်ဖြစ် အစားအသောက် package တွေရဲ့နောက်ကျောမှာပါတာတွေကနေတဆင့်ဖြစ်ဖြစ် သိနိုင်ပါတယ် ။

လေ့ကျင့်ခန်းဘယ်လိုယူကြမလည်း ?

ကိုယ်အလေးချိန်ကျသွားပြီးတဲ့နောက်မှာတော့ လျော့လျဲပြီးကျန်ခဲ့တဲ့ ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်းလေးတွေလုပ်ရပါတယ် ။ လေ့ကျင့်ခန်းလုပ်တာမှာ အလေးချိန်မြန်မြန်ကျဖို့အတွက် ခပ်မြန်မြန်အကြိမ်ရေများများလုပ်ရတဲ့ လေ့ကျင့်ခန်းတွေရှိသလို လျော့လျဲသွားတဲ့နေရာတွေပြန်ကျစ်လစ်အောင်လုပ်ရတဲ့လေ့ကျင့်ခန်းတွေလည်းရှိပါတယ် ။ အဆီကျအောင် ဝိတ်ကျအောင်လုပ်ရတဲ့လေ့ကျင့်ခန်းတွေကိုတော့ ကျွန်မဝမ်းဗိုက်ကအဆီတွေနဲ့ ပေါင်ကအဆီတွေခပ်မြန်မြန်ကျအောင် ဗိုက်ကချုပ်ရိုးစိတ်ချရတဲ့အချိန်ကနေစပြီးလုပ်ပါတယ် ။ ၁၅ မိနစ်ကနေစလို့ တစ်နေ့နည်းနည်းစီတိုးသွားပြီး ၃၀ မိနစ်လောက်အထိအချိန်ပေးပြီး လေကျင့်ခန်းတွေလုပ်ပါတယ် ။ ခါးလှည့်ကွင်းလှည့်တာတို့ ပြေးတာတို့အဓိကလုပ်ဖြစ်ပါတယ် ။ အဲ့လိုလေ့ကျင့်ခန်းကို တစ်ပတ်လေးရက် နှစ်လလောက်လုပ်ပြီးတဲ့အချိန်မှာတော့ ခန္ဓာကိုယ်အလေးချိန်က အပျိုတုန်းကအလေးချိန်ပြန်ဖြစ်သွားပါပြီ ။ ဒါပေမယ့် အဆီတက်ခဲ့တဲ့နေရာတွေ ကိုယ်ဝန်ဆောင်ခဲ့တဲ့ဝမ်းဗိုက်နေရာတွေက လျော့လျဲပြီးကျန်ခဲ့ပါတယ် ။

ဝိတ်ကျပြီးကျန်ခဲ့တဲ့နေရာတွေ ပြန်ကျစ်အောင်လုပ်ရတာ အခက်ခဲဆုံးပါ ။ အခုထိလုပ်နေရတုန်းပါ ။ ဗိုက်သားအတွက်တော့ အိပ်ထမတင် တင်ပါးအတွက်ကို Hip bridge လို့ခေါ်တဲ့ ပက်လက်လှန်ခါးကိုမတင်တဲ့လေ့ကျင့်ခန်းယူပါတယ် ။ လက်မောင်းနဲ့ကျောနောက်ဖက်အတွက်ကိုတော့ အလေးတုံးလေးတွေမပြီး ပြန်ကျစ်လစ်အောင်လုပ်ပါတယ် ။ Workout နဲ့ပက်သက်လို့တော့ အရမ်းမသိပါဘူး ။ လိုအပ်တယ်ထင်တဲ့နေရာတွေအတွက် လေ့ကျင့်ခန်းကို Workout Application တွေ download လုပ်ထားပြီး သူတို့လမ်းညွှန်ချက်တွေအတွက်လိုက်နာပြီး လေ့ကျင့်ခန်းယူပါတယ် ။ တစ်ကယ်ထိရောက်ပါတယ် ။ ကိုယ်က body building လုပ်ချင်တာမဟုတ်ပဲ ကြွက်သားလေးတွေပြန်ကျစ်အောင်လောက်ပဲမို့ သိပ်ပြင်းထန်တဲ့ workout တွေတော့မလုပ်ပါဘူး ။ ကလေးကိစ္စလုပ်ရ workout လုပ်ရနဲ့ သိပ်ပင်ပန်းလို့ပါ ။

အပေါ်ကပြောသွားတဲ့ အတိုင်းကိုယ့်ကိုကိုယ်ထိန်းသိမ်းတာ အခုဆိုဝိတ်က ၁၀၅-၁၁၀ ဝန်းကျင်နားမှာပဲ တစ်သမတ်တည်းရှိနေပါတယ် ။ အဲ့ထက်သိပ်တက်သွားပြီဆို အစားသေချာပြန်ထိန်းစားလိုက်ပါတယ် ။ နောက်တစ်ခုပြောပြချင်တာက ပိန်တုန်းကဝတ်တဲ့အင်္ကျီတွေကို ဝသွားလို့မတော်တော့ပါဘူးဆိုပြီး တစ်ခြားမပစ်လိုက်ပါနဲ့ ။ တစ်နေ့နေ့မှာပြန်တော်နိုင်ရမယ်ဆိုပြီး အမြဲထုတ်ပြီးဝတ်ကြည့်ပါ ။ တစ်ဖြည်းဖြည်းဝိတ်ကျလာပြီးတော်လာရင် စိတ်ဓာတ်ခွန်အားပိုပိုကောင်းလာပြီး ဝိတ်ချတဲ့နေရာမှာ ပိုအထောက်အကူပြုပါတယ် ။ ကျွန်မဆိုအမြဲကိုယ့်ကိုကိုယ် ကိုယ်နဲ့ကွက်တိဝတ်ရတဲ့အင်္ကျီတွေနဲ့ ဝရင်မတော်တော့ဘူးဆိုတာလေး သတိပေးဖြစ်ပါတယ် ။ အဲ့လိုအသိကြောင့် အစားအသောက်ကိုမလိုအပ်ပဲ အများကြီးမစာ
ဖြစ်တော့ပါဘူး ။ အင်္ကျီဝယ်ရင်လည်း ကိုယ်ဝတ်နေကျ Size 4 , Small ကိုပဲဝယ်ပါတယ် ။ အဲ့ဆိုဒ်ကိုပဲထိန်းထားပြီး ဆိုဒ်မပြောင်းသွားအောင် ဂရုစိုက်ရင်းနဲ့လည်း ကိုယ့်ရဲ့အလေးချိန်ကို တစ်သမတ်တည်းဖြစ်နေအောင် ထိန်းလို့ရပါတယ် ။

ပိန်ဆေးတွေပေါ်ကျွန်မအမြင် ။

ပိန်အောင်ကိုယ်အလေးချိန်ကျစေတဲ့ဆေးတွေသောက်တာ ကျွန်မအနေနဲ့လုံးဝကန့်ကွက်ပါတယ် ။ ပိန်ဆေးအတော်များများမှာ ခန္ဓာကိုယ်အတွက်ဘေးထွက်ဆိုးကျိုးတွေရှိပါတယ် ။ နှလုံးတုန်တာ ညဘက်တွေအိပ်မပျော်တာတွေ ဟိုမုန်းတွေ balance မဖြစ်လို့ စိတ်ဂနာမငြိမ်တာတွေ စတာမျိုးဖြစ်တာတွေ့ဖူးပါတယ် ။ နောက်ဆုံးမစားမလျှော့နိုင်ရင်တောင် ကိုယ်လက်လှုပ်ရှားမှုကိုအားပြုပြီး ဝိတ်ထိန်းပါ ။ ဝလို့ပိန်ဆေးသောက်တဲ့သူတွေက အဲ့ဆေးမသောက်ရရင် ငါတော့ပြန်ဝတော့မှာပဲဆိုတဲ့ စိတ်ကြီးဖြစ်ပြီး ပိန်ဆေးကိုစွဲသွားတာမျိုးတွေလည်းဖြစ်နိုင်ပါသေးတယ် ။ ကျွန်မကတော့ ပိန်ဆေးကိုလုံးဝအားမပေးပါဘူး ။

Detox Tea တွေ Mint tea တွေလိုမျိုး မလိုအပ်တဲ့အဆိပ်တွေနဲ့ အဆီတွေချေဖျက်ပေးနိုင်တာမျိုးကတော့ ပိန်ဆေးသောက်သိပ်မဆိုးတာကြောင့် သောက်တာကိစ္စမရှိဘူးပေါ့နော် ။

ခြုံပြောရရင် ကစီဓာတ်များတဲ့အစာတွေ အချိုရည်တွေ မလိုင်တွေအဆီများတာတွေကို အာသာပြေလောက်ပဲစားတတ်အောင်ကျင့်ယူပါ ။ ဗိုက်အရမ်းတင်းအောင်စားတဲ့အကျင့်ကိုဖြောက်ပါ ။ ကိုယ့်အတွက်သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို တစ်နေ့မှာအနည်းဆုံး ၁၅ မိနစ် တစ်ပတ်မှာ လေးရက်လောက်လုပ်နိုင်အောင်ကြိုးစားပါ ။ ဝိတ်ကိုတစ်ပွဲတိုးကျအောင်လုပ်တာထက် ရေရှည်မှာဖြည်းဖြည်းချင်းကျသွားဖို့ကို စိတ်ရှည်ရှည်နဲ့ plan ချပါ ။

အားလုံးထက်အရေးကြီးတာကတော့ ကိုယ့်ကိုကိုယ်လေးစားပြီး ကိုယ့်ခန္ဓာကိုယ်လေးကိုကြည့်ကောင်းအောင်နေဖို့လိုတယ်လို့ စိတ်လေးထားပါ။ ကိုယ့်ကိုကိုယ်မချစ်ပဲ ပစ်စလတ်ခတ်နေမှတော့ ဘယ်သူကမှလည်းကိုယ့်ကိုချစ်ခင်အထင်ကြီးနိုင်ပါတော့မလည်းနော် ။ အထူးသဖြင့် အိမ်ထောင်သည်ကလေးအမေ အမျိုးသမီးတွေပါ ။ ကိုယ့်သားသမီးနဲ့အိမ်ထောင်ဖက်က ကိုယ့်ကိုလေးစားချစ်ခင်ဖို့ဆို အရင်ဆုံးကိုယ်ကလည်းသူတို့မျက်လုံးထဲမှာ လေးစားချစ်ခင်စရာအမျိုးသမီးဖြစ်နေဖို့လိုတယ်နော် ။ အိမ်အလုပ်တွေနဲ့ ဝိတ်ချဖို့လှဖို့အချိန်မရှိဘူး ဆင်ခြေမပေးပါနဲ့ ။ ကိုယ့်ဘဝကို အိမ်ထောင်ဖက်နဲ့ကလေးတွေအတွက် ထိုက်သင့်သလောက်ပေးဆပ်ပြီးရင် ကိုယ့်ကိုကိုယ်ပျော်ရွှင်အောင်ထားဖို့အချိန်လေးတစ်ခုလည်းပေးသင့်ပါတယ် အမျိုးသမီးတို့ရေ ။ ကိုယ့်ကိုကိုယ်ကြည့်ကောင်းအောင်ပြင်ဆင်ရင်းနဲ့ ဘာနဲ့မှဝယ်မရတဲ့ ယုံကြည်မှုကိုဖြည်းဖြည်းချင်းတည်ဆောက်ကြမယ်နော် ။

‪#‎phyodaybyday‬
Credit to: Phyodaybyday

Tuesday, June 28, 2016

Ko TNO ပူဇော်ထားသောတရားတော်များ


အများအတွက်လွန်စွာအပင်ပန်းခံပြုစုထားတဲ့ကိုThein Naing Ohnကိုအလေးအနက်သာဓုခေါ်ဆိုအပ်ပါတယ်ဗျာ
ရည်မှန်းရာသို့အမြန်ဆုံးဆိုက်ရောက်စေမည့်အားကြီးသောအထောက်အပံ့များဖြစ်ပါစေ
ဒို့ကတော့ထပ်ဆင့်စုစည်းဖြန့်ဝေပေးတဲ့ပွဲစား(Respresentative)သာသာမျှပါပဲ

1.အနုသယ(၇)ပါး{မဟာစည်}

https://m.facebook.com/notes/thein-naing-ohn/အနုသယ-ခုနှစ်ပါး/290900944586224/

2.ချမ်းမြေ့ဆရာတော်ဘုရားကြီး

https://m.facebook.com/notes/thein-naing-ohn/ချမ်းမြေ့ဆရာတော်ဘုရားကြီး-တရားတော်များ/290905977919054/

3. ရွှေဥမင်ဥုးတေဇနိယ

https://m.facebook.com/notes/thein-naing-ohn/၀ိပဿနာဆိုတာဘာလဲ-တရားတော်များစုစည်းမှု/290906927918959/

4. drop boxတင်တရားများ

https://m.facebook.com/notes/thein-naing-ohn/dropbox-တွင်-တင်ထားပြီးသမျှသော-တရားတော်များ-download-ရယူရန်/290913601251625/

5.ဝိပဿနာတရားတော်များစုစည်းမှု

https://m.facebook.com/notes/thein-naing-ohn/၀ိပဿနာတရားတော်များ-စုစည်းမှု/290919484584370/

6.ရွှေဥမင်ဥုးတေဇနိယစာအုပ်များ

https://m.facebook.com/notes/thein-naing-ohn/ဆရာတော်-အရှင်တေဇနိယရွှေဥမင်-ဆရာတော်-စာအုပ်များ/290922404584078/

7. ကျင့်ကြံရှုပွါးဝိပဿနာ

https://m.facebook.com/notes/thein-naing-ohn/ကျင့်ကြံ-ရှုပွား-၀ိပဿနာတရား-နှင့်-၀ိပဿနာတရားတော်များ-စုစည်းမှု/290923141250671/

8. မဟာစည်ဝိပဿနာ

https://m.facebook.com/notes/thein-naing-ohn/မဟာစည်ဆရာတော်ဘုရားကြီး-တရားတော်များ/290930424583276/

9.အထွေထွေဝိပဿနာ

https://m.facebook.com/notes/thein-naing-ohn/အထွေထွေ-၀ိပဿနာတရားတော်များ/290932991249686/

10. ပဋိစ္စ သမုပ္ပါဒ်

https://m.facebook.com/notes/thein-naing-ohn/ပဋိစ္စသမုပ္ပါဒ်တရားတော်-link-များ/291540984522220/

11.သိသင့်သိထိုက်သောတရားတော်များ

https://m.facebook.com/notes/thein-naing-ohn/သိသင့်သိထိုက်သော-တရားတော်များ-စုစည်းမှု/291541824522136/

12. သိကောင်းစရာလယ်တီ

https://m.facebook.com/notes/thein-naing-ohn/သိကောင်းစရာ-လယ်တီဝိပဿနာတရားတော်များ-စုစည်းမှု/291543761188609/

13. ဖါးအောက်တရားများ

https://m.facebook.com/notes/thein-naing-ohn/ဖားအောက်ဆရာတော်-တရားများ/291547204521598/

14. ပဌာန်းတရားတော်များ

https://m.facebook.com/notes/thein-naing-ohn/ပဋ္ဌာန်းတရားတော်များ/291548007854851/

15. မြစိမ်းတောင်ဆရာတော်အရှင်ဇာနေယျ

https://m.facebook.com/notes/thein-naing-ohn/မြစိမ်းတောင်-ဆရာတော်-အရှင်ဇာနေယျ-ကြောင်းကျိုးသိက-ကျိုးများလှ-တရားတော်မှ-ပြန်လည်-/291548404521478/

Credit to: Ko Thein Naing Ohn