Sunday, November 30, 2014

ဖလဒါယက နတ်သား


နတ်သား၏ရွှေဗိမာန်သည် (၁၆)ယူဇနာရှိ၍ ဘုံဆောင်အထွတ်ပေါင်း (၇၀၀)ပါရှိ၏။ ထိုနတ်သားကို သရက်သီးလှူသော ကောင်းမှုကြောင့် ဖလဒါယက နတ်သားဟုခေါ်ကြ၏။

ထိုနတ်သားသည် ဂေါတမဘုရားရှင်လက်ထက် ဗိမ္ဗိသာရမင်းကြီး၏ ဥယျာဉ်စောင့်ဖြစ်ပြီး ဘုရားရှင် ဝေဋ္ဌုဝန်ကျောင်းတော်၌ သီတင်းသုံးစဉ်က ကျောင်းဒါယကာဖြစ်သော ဗိမ္ဗိသာရမင်းကြီးသည် အချိန်အခါမဟုတ်ဘဲ သရက်သီးစားလိုသော ဆန္ဒဖြစ်ပေါ်လာပါသည်။ ဗိမ္ဗိသာရမင်းကြီးသည် ဥယျာဉ်စောင့်ကိုရှာ၍ သရက်သီး အရှာခိုင်းသည်။ ဥယျာဉ်စောင့်လည်း ခေတ္တစောင့်ဆိုင်းရန်ပြောပြီး ဥယျာဉ်တော်ရှိ သရက်ပင်တို့မှ မကောင်းသောမြေကို ဖယ်ထုတ်၍ ကောင်းသောမြေကိုလောင်းထည့်သည်။ ကောင်းသောရေကိုလည်း သွန်းလောင်းသည်။ ထိုကဲ့သို့ မြေကောင်းရေကောင်းတို့ဖြင့် ပြုပြင်လိုက်သောအခါ သရက်ပင်တို့သည် မကြာမီပင်
ရွက်ဟောင်းတို့ကြွေပါသည်။ ထိုအခါ ဥယျာဉ်စောင့်သည် ပထမမြေစာဟောင်းတို့ကို ဖယ်ရှားကာ ဖက်သက် သီးစုတ်ဖက်တို့နှင့် ရောနှော၍ ပကတိမြေမှုန့်တို့ကို လောင်းထည့်ပြီး  ရေကောင်းတို့ကို ပြန်လောင်းသည်။ ထိုသို့မြေသစ်ထည့်၍ ရေကောင်း လောင်းလိုက်သောအခါ သရက်ပင်တို့သည် မကြာမြင့်မီပင်လျှင် နုသောအဖူးအငုံ အရွက်နုတို့သည် ရင့်သောအဖူး အငုံဖြစ်ကာ ပွင့်ကြပါသည်။

ထို့နောက်သီးကင်းသီးပြီးမကြာမီပင် ရွှေဝါရောင်အဆင်းရှိ အနံ့အရသာနှင့်ပြည့်စုံသော သရက်သီးလေးလုံးတို့ မှည့်ကြပါသည်။ ဥယျာဉ်စောင့်သည် ထိုသရက်သီးတို့ကို ဆွတ်ယူ၍ ဗိမ္ဗိသာရမင်းကြီးထံ ဆက်သအံ့ဟုသွားသော် လမ်း၌ဆွမ်းခံကြွလာသော အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကို မြင်ပါသည်။ ထိုအခါ ဤသရက်သီးတို့သည် မွန်မြတ်သောအသီးတို့ ဖြစ်သည်။ မထေရ်မြတ်အား လှူဒါန်းအံ့။ ငါ့ကို မင်း သတ်လိုက သတ်စေတော့၊ တိုင်းပြည်မှနှင်ထုတ်လျှင် နှင်ထုတ်စေတော့၊ မင်းကြီးအား ဆက်သသော် မျက်မှောက်၌သာ အကျိုးအနည်းငယ်သာ ခံစားရမည်။
မထေရ်မြတ်အားလှူဒါန်းသော် ဤမျက်မှောက်ဘ၀၌လည်းကောင်း၊ နောင်ဘ၀၌လည်းကောင်း၊ အတိုင်းအရှည် ပမာဏမရှိသော အကျိုးကိုပေးလိမ့်မည်ဟု ကြံစည်၍ မထေရ်မြတ်အား သရက်သီးတို့ကို လှူဒါန်းခဲ့ပါသည်။ ထို့နောက်မင်းကြီးအား အကြောင်းစုံ လျှောက်ထားခဲ့ပါသည်။ 

မင်းကြီးလည်း ထိုအကြောင်း မှန်မမှန်စုံစမ်းသိရှိခဲ့ပါသည်။ အရှင်မဟာမောဂ္ဂလာန်သည် သရက်သီးတို့ကို ဘုရားရှင်အား လှူဒါန်းဆက်ကပ်ခဲ့ပါသည်။ ဘုရားရှင်က အရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်၊ ရှင်မဟာကဿပတို့အား တစ်လုံးစီပေး၍ တစ်လုံးကို မိမိကိုယ်တိုင် ဘုန်းပေးတော်မူပါသည်။ မင်းကြီးလည်းအကြောင်းစုံကို သိရှိသော် ဥယျာဉ်စောင့်အားခေါ်၍ ဤယောက်ျားသည် ရဲရင့်၏။ အသက်ကိုမငဲ့ဘဲ ကောင်းမှုပြု၏ဟု ဆုလာဘ်များချီးမြှင့်၏။ ဥယျာဉ်စောင့်ကလည်း အလှူအဖို့ကို မင်းကြီးအား အမျှပေးဝေခဲ့ပြီးသော် တာဝတိံသာနတ်ပြည်၌ ဖလဒါယက
နတ်သားဖြစ်လေ၏။

ဦးကြင်လှိုင်
ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိစဉ် ကာလ၌ ထင်ရှားသော တန်ခိုးရှင်များ

☆ ရုပ်ပွားဆင်းတု ပူဇော်ရသည့်အကျိုး ☆


☆ မိမိတို့အိမ်တွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို ဘုရားစင်နှင့် ကိုးကွယ်ထားခြင်းဖြင့် ဖော်ပြလတ္တံ့ပါ အကျိုးကျေးဇူး(၉)မျိုးကို ရရှိပါသည်။

☆ (၁) ဘုရားစင်ရှိသည့်အတွက် ဘုရားကို မြင်နေရခြင်း၊ ဘုရားဝေယျာဝစ္စပြုနေရခြင်း၊ ဘုရားကို ကိုင်းညွတ်သည့်စိတ်ဖြင့် မမေ့ခြင်းနှင့် ဘုရားတရားနှင့် ကင်းကွာမနေခြင်းပင် ဖြစ်သည်။

☆ (၂) မြတ်စွာဘုရားကို ဖူးတွေ့ရခြင်းဖြင့် ဗုဒ္ဓဘာသာအပေါ် ပို၍ ယုံကြည်မှု လေးနက်လာသည်။

☆ (၃) အိမ်တွင် ဘုရားစင်ရှိလျှင် စနစ်တကျ ဆည်းကပ် ကိုးကွယ်မှု ပြုခြင်းဖြင့် သတိမြဲခြင်းနှင့် ပညာဉာဏ် ထက်မြက်ခြင်းများ ရှိလာသည်။

☆ (၄) ကုသိုလ်တရားများ တိုးပွားလာသည်။

☆ (၅) စိတ်ညစ်ညူးမှုရှိလာလျှင် ဘုရားစင် ဘုရားရှင်ရှေ့တော်သို့ သွားပြီး ဘုရားပန်းလဲခြင်း၊ မြတ်စွာဘုရားကို အသေအချာကြည့် အာရုံပြုလိုက်ခြင်းဖြင့် စိတ်ညစ်ညူးမှုများ ပပျောက်လာသည်။ အမှားအယွင်းများ မပြုလုပ်မိတော့ဘဲ ရပ်တန်းမှ ရပ်ပြီး စိတ်ကြည်နူးမှု ချက်ချင်းရရှိလာပါသည်။

☆ (၆) အိမ်တွင် ဘုရားစင်ရှိသဖြင့် နာနာဘာဝ ဝိနာဘာဝများ၏ အနှောင့်အယှက်များမှ ကင်းပြီး မကြောက်မရွံ့ နေနိုင်ပါသည်။

☆ (၇) ဆင်းရဲဒုက္ခကို သည်းခံလာနိုင်သည်။

☆ (၈) ဘုရားစင်ကို ပိုးမျှင် ဖုန်များ ကင်းစင်အောင် လှည်းကျင်းသုတ်သင်ပြီး ကျကျ နန ထားလျှင် အိမ်ကျက်သရေ၊ လူ့ကျက်သရေ တက်ပြီးဂုဏ်သိက္ခများ တက်ပါမည်။

☆ (၉) ဘုရားစင်ရှိသဖြင့် မြတ်စွာဘုရားနှင့် အတူပေါင်းသင်း နေရသကဲ့သို့ ဖြစ်ပြီး သူတပါး၏ ချီးမြှောက်မူဇော်မှုကို ခံယူရရှိနိုင်ပါသည်။

☆ မြတ်စွာဘုရား၏ ရုပ်ပွားဆင်းတုတော်ကို ပူဇော်ရှိခိုးကြသည့် သူများမှာ “သက်တော်ထင်ရှား မြတ်စွာဘုရားပါတကား” ဟု ဂုဏ်တော်ကိုးပါးကို စိတ်ရောက်ပြီးကြသူများ ဖြစ်ကြပါသည်။ ဤကဲ့သို့ ပူဇော်ကိုးကွယ်ကြမည်ဆိုလျှင် “သမေစိတ္တေ သမံ ဖလံ”ဆိုသည့် ဘုရားဟောပါဋ္ဌိတော်အရ အကျိုးထူးများ ရရှိနိုင်ပါသည်။

☆ “စိတ္တေ၊ မိမိ၏စိတ်သည်။ သမေ၊ သက်တော်ထင်ရှား မြတ်စွာဘုရားနဲ့ ရုပ်တုဆင်းတုတော်နဲ့ အညီအမျှ ထားနိုင်သည်ရှိသော်။ သမံ ဖလံ၊ ဘုရားအစစ်ကို ပူဇော်ရသကဲ့သို့ အကျိုးတရား အတူတူပင် ရရှိနိုင်ပါသည်။”

☆ သို့ကြောင့် ရုပ်ပွားဆင်းတု ကိုးကွယ်ကြသူများ၏ စိတ်သည် အချုပ်ဖြစ်သည်။ မိမိစိတ်သည် စွမ်းလျှင် မိမိအား အကျိုးပေးစွမ်းမည်သာ ဖြစ်ပေသည်။

☆ မိမိတို့၏ နေအိမ်များအသီးသီးတွင် ရုပ်ပွားဆင်းတု ကိုးကွယ်ထားပြီးသည်နှင့် လိုက်နာရမည့် စည်းကမ်းများ ရှိပါသည်။ ဘုရားစင်ကို သီးခြားစင်မြင့်နှင့် ကိုးကွယ်ထားရမည်။

☆ စင်ဖြင့်ထားလျှင် စင်ကို ပိတ်လိုက်ကာ၊ သို့မဟုတ် ဇာလိုက်ကာဖြင့် ကန့်လန့်ကာရမည်။ မိမိအာရုံပြု ပူဇော်လိုသည့် အချိန်တွင် ဘုရားစင်လိုက်ကာ ဆွဲဖွင့်၍ ပူဇော်ကိုးကွယ်ရပါသည်။

☆ ဘုရားစင်ရှေ့ ဒူးထောင် ပေါင်ကား မနေရပေ။ မြတ်ဗုဒ္ဓကို အဂါဝရ ဖြစ်အောင် ပြုလုပ်နေထိုင်ကြလျှင် အပြစ်ဖြစ်ပါသည်။ အပြောအဆို ယဉ်ကျေးသိမ်မွေ့ရပါမည်၊ ဘုရားစင် ရှေ့ထားပြီး ဆဲဆိုခြင်း၊ ရန်ဖြစ်ခြင်းများ မပြုလုပ်ရပါ။ အမင်္ဂလာစကားများ မပြောဆိုမိခြင်းသည် အဓိကဖြစ်သည်။

☆သာသနာတော်ဦးစီးဌာန☆
☆Buddhavasa Tiloka☆

စိတ်ရောဂါဟာ ကံတရားကြောင့်ဖြစ်သလား


စိတ်ပညာဆရာများ အလိုအရ ပတ်ဝန်းကျင်ကြောင့်လား။

သူတို့ရဲ့အယူအဆကိုမပြောပေးနဲ့။ ဒါမှဘုန်းကြီးတို့ရဲ့ လမ်းစဉ်ကိုသိမယ်။ ဒီလိုဆိုပါတော့၊ မိမိကုနေတဲ့နေရာတွေမှာ အရှုးတွေဘာတွေတွေ့ရတယ်။ ဒါက ဘုန်းကြီးတို့ရဲ့ကံက အင်မတန်သတ္တိစွမ်းပါတယ်။ တစ်ဘ၀လုံး သူ့ရဲ့သတ္တိပြန့်နေပါတယ်။
သို့သော်လည်း သူ့သတ္တိက နည်းနည်းလေးရယ်။
ပတ်ဝန်းကျင်က သိပ်များတာပဲ။

ဆိုပါတော့ ပစ္စည်းပျက်လို့ရှုးတယ်။ ပစ္စည်းပျက်လို့ စိတ်တွေ တစ်ခါတည်းဖောက်ပြန်ပြီးတော့ ရှုးတယ်။ သို့ပေမယ့် အရင်းခံ ကံကလေးကတော့ နည်းနည်းကလေး လိုက်လာတယ်။ လူတိုင်း
ပစ္စည်းပျက်တဲ့သူတိုင်း ရှုးသလားလို့။ ပစ္စည်းပျက်တဲ့လူတိုင်း မရှုးဘူး။ သူတော့ရှုးလာတယ်။ ဒါဖြင့် ဟိုလူလည်းပစ္စည်းပျက်တယ်။ သူတော့
ဘာလို့မရှုးသလဲ။ သူတော့ဘာလို့ရှုးရသလဲ။ ဒီလိုဆိုတော့ မူလကံချင်းက ဓါတ်ချင်းမတူပြန်ဘူး။ ဒီမှာရုပ်တွေက ရှိနေသေးတယ်။
ကံကြောင့်ဖြစ်တဲ့ ရုပ်တွေကရှိနေတော့ သူတော့ ပစ္စည်းပျက်တယ်။

တစ်ခါစိတ်က ပျက်မှာပေါ့။ ပျက်လည်း ဘာဖြစ်လဲ။ ငတ်မသေပါဘူး။ သူက ဒီလိုသွားလိုက်တယ်။ ဟိုတစ်ယောက်ကတော့ ပစ္စည်းပျက်တယ်လို့ဆိုတော့ စိတ်ကိုညစ်လို့ ငါတော့ လူစဉ်မမှီတော့ပါဘူး။ သေတာပဲကောင်းပါတယ်။ လူ့ပြည်မှာ
မနေချင်တော့ပါဘူးလို့။ သူက လွန်ကဲသွားတယ်။ လွန်ကဲသွားတော့ ရှုးသလိုလိုနှမ်းသလိုလိုနေရာက ရှုးပြီတဲ့ ရှုးပြီတဲ့။ အစတုန်းက
မရှုးတရှုး။ နောက်တော့ သူများက ရှုးပြီတဲ့ရှုးပြီတဲ့ သမုတ်လိုက်တော့ အရှုးဖြစ်သွားတာဘဲ။ ပတ်ဝန်းကျင်က ရှုးပြီတဲ့ရှုးပြီတဲ့
မသမုတ်ဘဲနဲ့ ငါကဘယ်လိုဖြစ်လာတာ။ တစ်နေ့တုန်းက ပျက်တဲ့ပစ္စည်းတွေဟာ ခုပြန်ပြီးတော့ ဘယ်ကရမလဲ စသည်ပေါ့လေ။ မဟုတ်ပေမယ့်လို့ ဖြေဖျော်မှုများပေးမယ်ဆိုရင် ရှုးကိုမရှုးဘူး။ အဲဒါကြောင့် ဘေးက ပတ်ဝန်းကျင်ကြောင့်ဆိုတဲ့ဥစ္စာ အဓိက။

သို့သော် အခြေခံကံကလေးကတော့ မတူကြဘူး။ အဲဒီတော့ ကံက မကင်းစကောင်းဘူးပေါ့။ ကံကြောင့်ရှုးတာတော့မဟုတ်ဘူး။
ပတ်ဝန်းကျင်ကြောင့် ရှုးတာ။ သို့သော် ကံမကင်းဘူး။ မေးသာမေး။ ဘုန်းကြီးက မေးစေချင်လွန်းလို့ကို လက်ခံနေတာ။

အရှင်ဇနကာဘိဝံသ
သိပ္ပံအမြင်နှင့်ဗုဒ္ဓဘာသာအမေးအဖြေများ

နေ ဝင် တော့ မည်


ဘယ်သောအခါမှ ပြန်မရနိုင်တော့တဲ့နေ့ တစ် ရက်။
ညှိုးသောမျက်နှာတို့ဖြင့်ရှိလိမ့်မည်။ သင့် အ ကြောင်းတီးတိုး
ဆို၍နေလိမ့်မည်။ ငိုသံတို့ဖြင့် သင့်ကိုခေါ်၍ ခေါ်၍နေ
လိမ့်မည်။သင့်ကိုချစ်သူတို့သည် ရှိုက်၍ရှိုက်၍ ငိုချေမည်။
သင့်ကိုမုန်းသူတို့လည်း အနည်းငယ်မျှသောစိတ် မ ကောင်း
ခြင်း ဖြစ်ကောင်းဖြစ်မည်။
လိုက်ပို့သောကားတို့ဖြင့် ၎င်းနေရာသည် ရှုပ်ထွေး၍နေလိမ့်
မည်။မိုးရွာမလား။နေပူမလားမသိချေ။လူတို့သည်ခပ်သုတ်သုတ်
ပြန်ဖို့ပြင် လိမ့်မည်။တာဝန် ရှိသောသူကလည်း မီးရှို့ရန်
ပြင် တော့မည်။
သင် သည် ည နေစာမစားရ တော့။နောက်တစ်နေ့နေအထွက်
ကိုသင် မမြင် ရ တော့။သင့်မိတ်ဆွေတို့နှင့် မ တွေ့ရ တော့
အလုပ် လည်းမဆင်းရ တော့။ ဟိုသွားဒီသွားလည်းမလုပ်
ရ တော့။ဘောလုံးပွဲလည်း မကြည့်ရ တော့။ကိုရီးယားကား
လည်းမကြည့်ရ တော့။ အင် တာ နက်လည်း မသုံးရ တော့။
ဒီမို က ရေစီလည်း သင် မသိ တော့။
သင် အိမ် မပြန် ရ တော့ပြီ....။
သင့်စေတနာ တို့သည် သင့်ကိုဖန်တီးလိမ့်မည်။
သင် ဘယ်ရောက်မည်မသိ။ ဘုရားဝတ်တက်ခွင့်မှ
ရပါလေစ။ ဒါနပြုခွင့်မှ ရပါလေစ။ သီလ စောင့်စည်းခွင့်မှ
ရပါလေစ။ တရားနာခွင့်။တရားဆွေးနွေးခွင့်။တရား
အားထုတ်ခွင့်မှ ရ ပါလေစ။
ခေါင်းတိုင် မှမီးခိုးတို့ပျံ့ထွက်လာချေပြီ။
သင် သည် ဘာမှမဟုတ်ချေ။
ဝဋ်ကောင် သက်သက် သာတည်း....။
(ဓာတ်ပုံတင်သောဒကာကြီးကို Credit ပေးပါသည်။
အားလုံးကျန်းမာကြပါစေ။)

Shared from Uwunni Ta (FB)

AIDS ရောဂါပိုးကို ကို နိုင်သည့် တိုင်းရင်းဆေးစွမ်း


ပြည်တွင်းမှာ AIDS လူနာ (ဆေးစစ်၍ သိရသူ) တသိန်းနှစ်သောင်းကျော် ရှိတဲ့အနက် ART (ဝေဒနာရှင်များအတွတ် ကမ္ဘာ့ ကျန်းမားရေးဌာနမှ အထူးထုတ်ထားသည့် ဆေး)မပေးနိုင်သူ နှစ်သောင်းကျော်ရှိနေတော့စိတ်ကျရောဂါဖြစ်ပြီး ဒီဆေးရတဲ့အထိစောင့်နေစရာမလိုပါဘူး။


ဒီရောဂါပိုးရှိနေတယ်လို့ သိရတဲ့သူတော်တော်များဟာ စိတ်ထိခိုက်ခြင်း-စိတ်ဓါတ်ကျခြင်းကြောင့်
ရောဂါတွေတိုးလာကြတာများတယ်၊ တချို့ ဝေဒနာရှင်တွေဟာ ရှက်စိတ်နဲ့  တချို့ ကလည်း ဆေးရုံမှာဆေးမစစ်ရဲ့ ကြဘူး ဟိုရောဂါလို ဒီရောဂါလိုလိုနဲ့ အသေခံသွားကြတယ်။

ဒီလိုဘဲဆေးရုံက ဆေးကုသရင် စရိတ်တွေ အကုန်မခံနိုင်တဲ AIDS ဝေဒနာရှင်တဦးက ရောဂါ တနေ့ တခြားဆိုးလာလို့  သူမိသားစု တွေပြောရင်လဲ ၀ိုင်းပါယ်ကြမှာစိုးပြီး လူရှင်းတဲ့ ခြံတခုမှာ သေဘို့ ဆုံးဖြတ်ပြီး တဦးတည်း တဲထိုးနေရင်း လဲနေရင်း ရောဂါကလဲဖေါက်နေချိန်မှာ-
အနာတွေပေါက်နေတဲ့ ခွေးပိန်ညောင် တကောင်ဟာ သူ့ အနားက ရှားဇောင်းပင်ကို လာကိုက်ပြီး ထွတ်လာတဲ့ အနှစ်တွေကို ရှာနဲ့လျှက်နေတာတွေ့ ရတယ်...။
ပြီးတော်ရှားဇောင်ပင်နားမှာဘဲ အိပ်နေတယ်၊သူလဲအားနည်းပြီး အိပ်ပျော်သွားခဲ့ပြီး နောက်တနေ့ မှာ ခွေးပိန်က လန်းလန်းဆန်းဖြစ်နေတာတွေ့ ရတယ် ပြည်တွေနဲ့ စိုနေတဲ့အနာတွေလည်းခြောက် သွားတယ်။ အဲဒီဝေဒနာရှင် ဟာ ခွေးပိန်ရဲ့ ဆေးကုနည်းကိုအတုခိုးပြီး ရှားဇောင်းလက်ပတ်ပင်တွေ ကို နေ့ စဉ်မှီဝဲရာက ယနေ့ တိုင်းကျန်းကျန်းမာမာနဲ့  အသက်ရှင်နေပါတယ်။

အောက်မှာဖေါ်ပြထားတာကတော့ ဒေါက်တာဖြိုးသီဟဇော်ရဲ့  တိုင်းရင်းဆေးနဲ့ ကုတဲ့နည်း
+++++++++++++++++++++++++++++++++++
၁..။ ကျွန်တော်တို့ သိတဲ့ Aloevia ( ရှားစောင်းလတ်ပတ် ။ တစောင်းလတ်ပ် ) ပင်ဟာ ကိုယ်ခံအားတတ်စေတဲ့အကျိုးအာနီသင် အပြည့်ရှိတယ် လို့  နိုင်ငံတကာ ကလက်ခံယုံကြည် ထားပါတယ်..။ ဒီ ရှားစောင်းလတ်ပတ်ထဲက အသား ( ဂျယ်လီ တုံး ) ပုံလေးတွေကို ချစ် ယူပြီး သကြားနဲ့  အစိမ်းလိုက်ဖြော်ရည်လုပ်သောက် ခိုင်းထားတာတွေ့ ရပါတယ်....။ ဒီလို သောက်သုံး ချင်းအားဖြင့် ကိုယ်ခံအား ကို မြှင့် တင်ပေးပြီး.... အသားအရည်ကိုလည်း စိုပြည်စေတာတွေ့ ရှိရပါတယ် ခင်ဗျာ...။ ဒီလို လုပ်နည်းကို မြနှ်မာမှာသာမက အနောက်နိုင်ငံကြီးများ , Korea , Africa စတဲ့နိုင်ငံတွေမှာပါအခုလက်ရှိသုံးနေကြတာကို တွေ့ ရှိရပါတယ်ခင်ဗျာ........။
တစောင်းလက်ပတ်ဖျော်ရည်ကို တစ်နေ့ သုံးခွက် မှန်မှန်သောက်ပေးရင် CD4 Cell တွေပြန်
တက်လာတဲ့လူနာတွေအခုမြန်မာနီင်ငံမှာလက်ရှိရှိနေပါတယ်ခင်ဗျာ....။နောက်တစ်ခုကတော့.............................................

၂ ။ ကြက်သွန်နီ ပါခင်ဗျာ..။

ဒီဟာကတော့ ကျွန်တော်သိတာ မကြာသေးပါဘူး...။ မြန်မာ့ ဆေးကျမ်း ထဲက တိုင်းရင်းဆေးဆရာကြီးတွေ သုံးခဲ့တဲ့နည်းလို့ ဆိုပါတယ်......။ ဒီ ကြည်သွန်နီနဲ့  ရောဂါ ပြင်းထန်ရာကနေ သက်သာသွားတဲ့လူတွေ ရှိနေတာအခု လက်ရှိမှာ တွေ့ နေရပါတယ်.........။ ဘာကြောင့်လဲဆိုတာ မသိပေမယ့် ....... AIDS ဖြစ်လို့  ကိုယ်ခံနာ မှာ ယားနာပေါက်တာ တွေ . ၀မ်းသွားတာတွေ . အနာဖြစ်တာတွေ . အားလုံး သက်သာပြီးပျောက်ကင်းသွားတာ တွေ့ ရှိနေရပါတယ်။လူလောကတစ်ခုလုံးက ကုသလို့ မရဘူးဆိုတဲ့ .....ဒီရောဂါ ဆိုးကြီးကို....( ကြက်သွန်နီ ) ဥ က သက်သာအောင်လုပ်ပေးတာ ကျွန်တော်လဲအစကမယုံပါဘူး....။ နောက်မှ ရောဂါရှင်ကိုယ်တိုင် လာပြောမှ သာလက်တွေ့ ယုံခဲ့ပါတယ်.......။ ၀မ်းသာစရာပါခင်ဗျာ....။
သုံးပုံသုံးနည်းက တော့ -
ကြက်သွန်နီ ဥကြီး ၃ ဥလောက်ကိုနေ့ စဉ် အခွံနွာ ... ကြက်သွန်နီဘေးမှာရှိတဲ့ မိုမဲမဲလေးတွေကို
ရေစင်အောင်ဆေးပြီး .....အရည်ရအောင် ထောင်းပါ ..။ ထောင်းတဲ့ ငရုပ်ဆုံ ကလည်း သီးသန့် ဖြစ်ဖို့ လိုပါတယ်...။သန့် ရှင်းရပါမယ် .....။ ရလာတဲ့ အရည်ကို ....တစ်နေ့  သုံးခွက်မှန်မှန် သောက်ပေးပါ.....။ ၁ လ အတွင်းမှာ ရောဂါသက်သာလာတာ .... လက်တွေ့ မြင်ရမှာပါ ခင်ဗျာ.....။ သောက်သုံးနေစဉ်အတွင်း ... ၃ . ၄ ရက် အတွင်းမှာ အရေပြားမွေးညှင်းလေးတွေထဲက နေ ရွ စိ ရွစီ နဲ့ ပိုးလေးတွေ ထွက်လာတယ်လို့  ဆေး ပညာရှင်တွေက ဆိုထား ပါတယ်.....။ ဆက်သာသောက်ပါ..။ စိုးရိမ်စရာမရှိပါဘူး ....။ နည်းနည်းတော့ အနံ့တော့ဆိုး မှာပေါ့ခင်ဗျာ........။ ရောဂါသက်သာသွားရင်လဲ နေ့ တိုင်းတစ်နေ့ သုံးခွက်သာပုံမှန် သောက်သွား ပါတဲ့.........။ သက်တမ်းစေ့အောင် ကျန်းမာစွာ နေနိုင်မှာ ဖြစ်ပါတယ်လို့  တိုင်းရင်းဆေးဆရာများက လက်တွေ့ ဆိုထားပါတယ် ။

Min Burma

Tuesday, November 25, 2014

ပဋ္ဌာန်းဒေသနာနှင့် မျက်မမြင်အဘွားအို


လွန်ခဲ့သောနှစ် တပေါင်းလပြည့်နေ့ညတွင် မြိုင်သာယာရွာ၌ နှစ်စဉ်မပျက်ကျင်းးပမြဲဖြစ်သော ရွာဦးဘုရားစေတီကြီးတွင် မီးထွန်း
ပူဇော်ပွဲနှင့်ဆွမ်းတော်ကြီးတင်ပွဲကြီးကျင်းပခဲ့ပါသည်။

ဘုရားပွဲတော်ကြီးတွင် အငြိမ့်ပွဲ၊ မျက်လှည့်ပွဲများဖြင့် ညဘက်တွင် စည်ကားသိုက်မြိုက်လှပါ၏။ ဘေးပတ်ဝန်းကျင်ရွာများမှနွားလှည်း
များဖြင့် ပွဲလာကြည့်ကြသည်မှာလည်း စည်စည်ကားကားပင်ဖြစ်သည်။

မြိုင်သာယာရွာထဲတွင် အသက်ကြီးရွယ်အိုများလောက်သာ အိမ်စောင့်ကျန်ရစ်နေခဲ့သည်။ ကလေးများ၊ လူငယ်လူရွယ်များ၊ ကာလသား၊ ကာလသမီးပျိုများမှာ ပွဲခင်းထဲသို့ရောက်ရှိနေကြ၏။ မြိုင်သာယာရွာ၏အနောက်ဘက်ပိုင်းတွင်နေထိုင်သော အဘိုးအိုတစ်ဦးရေနွေးအိုးတည်သောမီးဖိုမှ မီးကြွင်းမီးကျန်ကနေပြီး
မီးဖိုဆောင်ကိုမီးစွဲလောင်ပါတော့၏။

မီးဖိုချောင်သက်ကယ်မိုး၊ သက်ကယ်အကာမှစပြီး မီးလောင်ကျွမ်းလိုက်ရာ တစ်အိမ်လုံးသို့ ကူးစက်ပြီး မီးတောက်မီးလျှံများတက်နေပါတော့သည်။ အဘိုးအိုလည်း ဘာမျှမတတ်နိုင်သဖြင့် အိမ်ပေါ်မှဆင်းပြေးရ၏။

ထို့နောက်အဘိုးအိုသည် ပွဲခင်းဆီသို့ အမြန်အပြေးအလွှားသွားပြီး မီးသတင်းကိုပို့၏။

ထိုအချိန်ကား နံနက် ၃ နာရီခန့်အချိန်လောက်ဖြစ်၏။ ရွာမီးလောင်နေသည်ဆိုသည့်သတင်းရရှိလျှင်ရရှိချင်း လူငယ်တချို့ရွာထဲသို့ပြန်ပြေးလာကြ၏။ ထိုအချိန်တွင် အဘိုးအိုအိမ်နှင့်
ကပ်လျက်ရှိသော ပတ်ဝန်းကျင်အိမ်နှစ်အိမ်ကိုပါ မီးစွဲလောင်နေပြီ။

မြိုင်သာယာရွာမှ လူငယ် လူရွယ်များသည် ရေပုံးများဖြင့် ရေခပ်၍ ပက်သူကပက်ကြ၏။ အိမ်ခေါင်မိုးပေါ်တက်ပြီး ဂုန်နီအိပ်များရေဆွတ်၍ ရိုက်သူကရိုက်၏။ မီးအားက လေသင့်နေသဖြင့် ပိုမိုအားကောင်းလာ၏။ အိမ်ငါးအိမ်မျှကို ကူးစက်ပြီးလောင်ကျွမ်းပြန်၏။ မီးလောင်ကျွမ်းနေသော အိမ်ငါးအိမ်ကြားတွင် အိမ်တစ်အိမ်ရှိ၏။ ထို
အိမ်တွင် မျက်မမြင်အဘွားအိုကြီးတစ်ဦး နေထိုင်လျက်ရှိ၏။

အဘွားအို၏မြေးမကလေးမှာလည်း ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေ၏။ ဘုန်းတော်ကြီးများကို နံနက်အာရုဏ်ဆွမ်းကပ်ရန် သွားရောက်ကူညီလုပ်ကိုင်နေခြင်းဖြစ်၏။

မီးဟေ့ မီး မီး မီးတွေလောင်နေပြီဟေ့ ဆိုသော လူအုပ်ကြီး၏အသံကို အဘွားအိုကြားနေရ၏။ အဘွားအိုသည်မျက်စိမမြင်ရသဖြင့် မီးဘယ်နေရာမှာလောင်နေသည်ကို မသိပါ။ အိမ်ပေါ်မှပြေးဆင်း
ရန်လည်း တစ်ယောက်တည်း အခက်ကြုံနေရ၏။

အဘွားအိုသည်နောက်ဆုံးတော့ ဘုရားစင်ရှေ့မှာထိုင်ပြီး ဘုရားဝတ်ပြု၏။ နတ်ဒေ၀ါများကို မေတ္တာပို့သ၏။ ထို့နောက်အဘွားက သူရရှိထားသော ပဋ္ဌာန်း ၂၄ ပစ္စည်းကိုရွတ်ဖတ်ပါ၏။ ပဋ္ဌာန်းပါဠိတော် ပစ္စယုဒ္ဒေသ ၂၄ ပစ္စည်းကို တွင်တွင်သာ အကြိမ်ကြိမ်အခါခါ ရွတ်ဖတ်ပူဇော်နေ၏။

နံနက် ၄ နာရီခွဲခန့်တွင် မီးညွှန့်ကြိုးသွား၏။ မီးလောင်မှုလည်း လုံးဝရပ်သွား၏။ အိမ်ခြေ ၁၁ လုံးမျှလောင်ကျွမ်းသွား၏။
ထူးဆန်းသည်ကား မီးလောင်နေသော အိမ်နှစ်လုံးကြားတွင် အဘွား၏အိမ်သည် လုံးဝမီးမလောင်ဘဲ ကျန်ရစ်နေခဲ့သည်ကို မြင်တွေ့ကြရ၏။

ရွာထဲမှာမီးလောင်နေသည်ဟု သတင်းရသဖြင့် အဘွားအို၏မြေးမလေးနှင့် ဘုန်းတော်ကြီးကျောင်းမှ ရဟန်းတော်များ
သည် အပြေးအလွှား အဘွားအိုထံ လာကြ၏။ အချိန်တွင်မီးက ငြိမ်းနေပြီဖြစ်၏။

ရဟန်းတော်များက အဘွားအို၏ အိမ်ပေါ်တက်ပြီး ဒကာမကြီး၊ မီးတွေလောင်နေတာ မသိဘူးလားဟု မေးကြ၏။ အဘွားအိုက တပည့်တော်မီးလောင်နေပြီဆိုတဲ့ လူတွေရဲ့အော်သံကို
ကြားနေရပါတယ်ဘုရား။

အဘွားမကြောက်ဘူးလား။

ရဟန်းတစ်ပါးက ၀င်မေး၏။

ကြောက်တော့ကြောက်တာပေါ့ဘုရား။ ဒါပေမယ့် တပည့်တော်က မျက်မမြင်ဆိုတော့ ဘာတတ်နိုင်မလဲ။ ဒါနဲ့ပဲ တပည့်တော်မ နတ်တွေကို မေတ္တာပို့သပြီး ပဋ္ဌာန်းပူဇော်နေပါတယ်ဘုရား။

အဘွားအို၏စကားဆုံးတော့ ရဟန်းတစ်ပါးက အင်းဒါကြောင့်လည်း
အဘွားအိမ်ကို မီးမကူးတာပေါ့။ ပဋ္ဌာန်းတန်ခိုးက တယ်အစွမ်းထက်
ပါလားဟု မိန့်ကြားတော်မူ၏။

အရှင်သုဓမ္မသာရ
မြတ်မင်္ဂလာစာစောင်
၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ

Sunday, November 23, 2014

ကဲ……ဆဲချင်ကြသေးလား


ရဟန္တာထေရီမကြီးနှစ်ပါး ထိုင်နေတဲ့အချိန်မှာတစ်ပါးကမေးတယ်။အသက်ကလည်းငယ်တယ် အရွယ်လည်းရှိပါရဲ့နဲ့ ဘာကြောင့်အိမ်ထောင်မပြုတာလည်းဆိုတော့ တစ်ပါးကသူ့ဇာတ်ကြောင်းကို ပြောပြတယ်။
သူဟာဘဝတစ်ခုမှာ ကုန်သည်တစ်ယောက်နဲ့လက်ထပ်ခဲ့တယ်။ပေါင်းသင်းပြီးမကြာခင်မှာပဲ ယောကျာင်္းကကုန်ကူးသွားတော့ သူ့မှာကိုယ်ဝန်နဲ့ကျန်ခဲ့တယ်။ယောက္ခမတွေကသူ့သားနဲ့ရတဲ့ကိုယ်ဝန်မဟုတ်ဘူးဆိုပြီး နှင်ချလိုက်တယ်။ဗိုက်တစ်လုံးနဲ့ထွက်သွားခဲ့ရတယ်။ဇရပ်တစ်ခုရောက်တော့ ဗိုက်နာပြီး ခလေးမွေးတယ်။ခလေးကိုဇရပ်မှာခဏထားပြီး ရေသွားရှာနေတုန်း ခရီးသွားတစ်ယောက်ကစွန့်ပစ်ထားတဲ့ခလေးဆိုပြီးယူသွားတယ်။
ဒီလိုနဲ့စိတ်လေပြီးလျောက်သွားနေတုန်း ဓါးမြဗိုလ်ကြီးနဲ့တွေ့ပြီးပေါင်းသင်းခဲ့ပြန်တယ်။မိန်းခလေးတစ်ယောက်မွေးတယ်။တစ်နေ့ခလေးပုခက်ထဲက ပြုတ်ကျပြီးခေါင်းမှာဒဏ်ရာရလို့ ယောကျာင်္းကိုကြောက်ပြီး ထွက်ပြေးခဲ့ပြန်တယ်။
အဲဒီလိုနဲ့ တစ်ယောက်ထဲနှစ်ပေါင်းများစွာလျှောက်သွားနေတုန်း ကုန်သည်လေးတစ်ယောက်နဲ့တွေ့ပြီး အိမ်ထောင်ပြုလိုက်ပြန်တယ်။အဲဒီကုန်သည်ပေါက်စလေးနဲ့ပေါင်းသင်းနေတုန်းမှာပဲ တစ်နေ့ကုန်သည်လေးက မိန်းမငယ်ငယ်လေးတစ်ယောက်ကိုခေါ်လာပြန်လို့ နှစ်ယောက်ပေါင်းရပြန်တယ်။
တစ်နေ့တော့ မယားအငယ်လေးကို သန်းရှာပေးနေတုန်း ခေါင်းကဒဏ်ရာကိုတွေ့တော့ သူ့သမီးဒဏ်ရာနဲ့တူလိုက်တာလို့တွေးပြီး ဇာတိကိုမေးကြည့်တော့ တကယ်ပဲဓါးမြဗိုလ်ကြီးနဲ့ရခဲ့တဲ့ သူ့သမီးဖြစ်နေပါတော့တယ်။
သားအမိနှစ်ယောက်ယူကြုံးမရဖြစ်နေပြီး သူတိုလင်ကိုပြောပြတော့ သူ့လင်ကလည်း တစ်ချိန်ကဇရပ်မှာပျောက်သွားတဲ့ သူ့သားလေးဖြစ်နေပြန်တယ်။
အဲဒါဟာ ရဟန္တာထေရီမကြီးက သူ့ဘဝဇာတ်ကြောင်းကိုပြောပြပြီး သူလောကီမှာမနေဝံ့တော့လို့ တရားထူးရအောင် အားထုတ်ရတာပါလို့…ပြောပြခဲ့ပါတယ်။
အဲဒါဟာသူ "မအေ"နဲ့တပ်ပြီးဆဲခဲ့လို့ပြန်လည်းပေးဆပ်ရတာပါ…တဲ့။ဘယ်လောက်ထိကြောက်စရာကောင်းလိုက်ပါသလဲ…။
ဓမ္မမိတ်ဆွေတို့…………
ဘာကြောင်းနဲ့ပဲဖြစ်ဖြစ် ဘယ်လောက်ပဲဒေါသထွက်နေပါစေ…သူတစ်ပါးကို" မအေ"နဲ့တပ်ပြီးမဆဲဖြစ်အောင် ဂရုစိုက်ကြပါလို့ သတိပေးချင်ပါတယ်။
ဘုရားစာရွတ်လို့ ကုသိုလ်ရတာလည်း ဒီပါးစပ်ကထွက်တာပါပဲ။ဆဲလို့သံသရာမှာ ပေးဆပ်ရမှာလည်း ဒီပါးစပ်ကထွက်တာပါပဲ။
ဘုရားရှင်က "ပါးစပ်ကထွက်တဲ့စကားလုံးတွေဟာ အကျိုးမခံစားရပဲ…ပျောက်ပျက်မသွားပါဘူး"…တဲ့
ပါးစပ် စည်းကမ်းရှိနိုင်ကြပါစေ……

Shared from U Ti Law Ka (FB)

Saturday, November 15, 2014

ကိုယ်ဘာကို ကိုက်သတ်တဲ့ မြွှေ


မြွှေတွေဟာ ကိုယ်ဘာကိုယ် ကိုက်ရင် သေမသေဆိုတဲ့ အရာအတွက အငြင်းပွားနေသူများအတွက် အဖြေကတော့ ပေါ်ပါပြီ။ မြွှေတွေဟာ မိမိကိုယ်ကို ပြန်ကိုက်တတ်ရင်လည်း သေပါတယ်။ လျှာကို ပြန်ကိုက်တာမျိုးတော့ မဟုတ်ပါဘူး။ မိမိရဲက ခန္ဓာကိုယ်ကို လှည့်ပြီးတော့ ပြန်ကိုက်ရင် သေပါတယ်။

ပုံမှာမြင်တွေ့နေရတဲ့မြွှေက သြစတေးလျနိုင်ငံက သစ်ပင်များမှာ နေထိုင်ကျက်စား တတ်တဲ့ အညိုရောင်မြွှေ ဖြစ်ပါတယ်။ သူဟာ ရည်ရွယ်ချက် ရှိရှိ မိမိကိုယ်ကို ကိုက်လို့ သေခြင်း ဖြစ်ကြောင်း လေ့လာသူတို့က တွေ့ရှိခဲ့ပါတယ်။ Matt Hagan လို့ အမည်ရတဲ့ လူက တွေ့ရှိပြီး ယင်းမြွှေဟာ မသေခင်မှာ လူးလိမ့်လို့ နေသေးကြောင်း တွေ့ရှိသူ အမျိုးသမီးကလည်း ဆိုပါတယ်။ မိမိကိုယ်ကိုယ် ကိုက်လိုက်အပြီး ကိုယ့်အဆိပ်ကို ခံစားလို့ လူးလိမ့်ပြီးမှ သေသွား သတဲ့။ ကိုယ်မှာ သွားကိုက်ရာ ရှိကြောင်း ဆိုပါတယ်။


မြွှေတွေဟာ ရည်ရွယ်ချက် ရှိရှိ ကိုက်ပြီးတော့ သေလေ့ မရှိပါဘူး။ ယင်းမြွှေဟာ သူ့ကိုယ်သူ မကိုက်သတ်ခင်မှာ မခံစားနိုင်တဲ့ ဝေဒနာ တစ်ခုကြောင့်မို့ ယခုလို ကိုက်ခြင်း ဖြစ်ကြောင်း မြွှေလေ့လာသူ Matt Hagan က ပြောကြားခဲ့ ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
‪#‎aungkham_yyl‬
‪#‎news_yyl‬

Tuesday, November 11, 2014

ချီးမြောက်ခံထိုက်တဲ့သူ


ဖျားနေတဲ့ မြင်းတစ်ကောင် ရှိပါတယ်။ မြင်းဟာ အတော်အဖျားတတ်နေပြီး လုံးဝ မထနိုင် ပါဘူး။ မြင်းနဲ့အတူ ဆိတ်တစ်ကောင်ကိုလည်း မွေးထားပါတယ်။ ဒါနဲ့ လယ်ပိုင်ရှင်က မြင်းကို ကုဖို့ အတွက် ဆေးဆရာခေါ်ပါတယ်။ ဆေးဆရာ ဟာ ၃ ရက်နဲ့ ပျောက်အောင် သူ ဆေးတိုက် ကုပေးကြည့်မယ်၊ အကယ်၍ မသက်သာရင် သူ့ရောဂါ အခြား အကောင်တွေကို ကူးမှာစိုးလို့ သတ်ပစ်ဖို့သာ ရှိတော့ကြောင်း ပြောပါတယ်။

ဒါကို ကြားတဲ့ ဆိတ်က မြင်းကို တိုးတိုးတိတ်သွားပြောတယ်။ "ဟေ့ကောင်၊ မင်း ထတော့။ မင်းခုလို ဖျားနေရင် အနာဂတ် မကောင်းဘူး" လို့ သွားပြောပါတယ်။ ဒါလည်း မြင်က မလှုပ်နိုင်ပါဘူး။

ပထမနေ့ ဆေးတိုက်ပါတယ်။ ဆေးအတိုက်ခံရပြီး မြင်းအနားကို လူမရှိတော့ ဆိတပ်က ပြန်ကပ်ပြီး သွားပြောတယ်။ မင်း မြန်မြန် ထတော့။ နေကောင်းအောင် နေတော့။ အားရှိစမ်းပါ။

ဒုတိယနေ့ ဆေးတိုက်ပါတယ်။ ဆိတ်ကလည်း "သယ်ရင်း.. မင်းမပြေးနိုင်သေး ရင်တောင် ထနိုင်အောင် အရင်ကြိုးစားကွာ" ဆိုပြီးတော့ ပြောပြီး တွန်းအားပေးရာ မြင်းက ထနိုင်လာပါတယ်။

တတိယ နေ့အရောက်မှာ ဆေးအတိုက်ခံရပြီး မြင်းကို ဆိတ်က ထပ်မံ အားပေး အားပေး ပြန်ပါတယ်။ ဒီတော့ မြင်းဟာ ထနိုင်ယုံရင်တင် မက ပြေးပါ ပြေးနိုင်ခဲ့ပါတယ်။ ဆိတ်ဟာလည်း ဝမ်းသာ မဆုံးပါပဲ။

နောက်နေ့အရောက် ခြံထဲမှာ ပတ်ပြေးနေတဲ့ မြင်းကို မြင်ပြီး လယ်သမားဟာ ဝမ်းသာပါတယ်။ ဒါနဲ့ သူဟာ ဆေးဆရာနဲ့ သူ့မိတ်ဆွေ တွေကို ပြောပါတယ်။ "ကျနော့မြင်း ပြန်လည် ကျန်းမာရေးကောင်းပြီး သန်မာတဲ့ အထိမ်းအမှတ် အနေနဲ့ ဒီည ဆိတ်သားဟင်း ချက်စားကြရအောင်ဗျာ"

သင်ခန်းစာ

တစ်ခါတစ်ရံ လူမှု ပတ်ဝန်းကျင်မှာ၊ လုပ်ငန်းခွင်ဟာ တကယ် ချီးကျူးခံထိုက်တဲ့သူ၊ ချီးမြောက်ခံထိုက်တဲ့သူ၊ အထိမ်းအမှတ်ပြုပေးခံ ထိုက်တဲ့သူ၊ ကျေးဇူးအတင် ခံသင့်သူ တို့ဟာ ချောင်ထဲကို ရောက်ပြီး ကံမကောင်းရင် ဒုက္ခတောင် အပေးခံရတတ်ပါတယ်။ ဒါကြောင့် မိမိဟာ မြဲတမ်း ကုပ်နေဖို့၊ တစ်ယောက်တည်းနေနေလို့ မရပဲ ပတ်ဝန်းကျင်မှာ မိမိရဲ့ အရည်အချင်း (skill) ကို ထုတ်ပြနိုင်ဖို့ လိုအပ် ပါသေးတယ်။
.
အောင်ခမ်း (ရိုးရာလေး)
#aungkham_yy
#article_yyl
www.yoyarlay.com

Monday, November 3, 2014

လောဘအပို လိုမလိုက်နဲ့ ၊ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ


တစ်ခါတုန်းကသီဟိုဠ်ကျွန်းမှာ “ဓမ္မိကတိဿ”ဆိုတဲ့ မင်းကြီးတစ်ပါး ရှိခဲ့ဖူးပါတယ်။ တစ်နေ့တော့ မင်းကြီးရာဇပလ္လင်ပေါ်မှာ ထိုင်နေတုန်း
“ခါသားကင်သုံးကောင်” လာဆက်ကပ်ပါတယ်။ အဲဒီခါသားကင်က မင်းကြီးနားကိုက်ရောဂါ ခံစားနေရတဲ့အတွက် သီလစင်ကြယ်တဲ့သူ
တစ်ယောက်က “ပံ့သကူသား”အဖြစ် အပ်အပ်စပ်စပ် စီစဉ်ပေးထားတဲ့ ခါသားကင်ပါ။

မင်းကြီးက ခါသားကင်ကို တစ်ဖဲ့ဖဲ့ပြီး စားလိုက်စဉ်ပဲ ရှေ့ဆက်မစားဝံ့အောင် ဖြစ်သွားပါတယ်။ တစ်ခြားကြောင့်တော့ မဟုတ်ပါဘူး။ လှူနေကျ သံဃာတော်တွေကို သတိရသွားလို့ပါ။
ဒါကြောင့် ရှေ့ဆက်မစားတော့ပါဘူး။ ခါသားကင်သုံးကောင်ကို သိမ်းထားခိုင်းလိုက်ပါတယ်။

ဆွမ်းခံချိန်ရောက်လာတော့ ကြွလာနေကျ ရဟန်းတော်တစ်ပါး ကြွလာပါတယ်။ ရဟန်းတော်ရဲ့ နောက်မှာ “တောထွက်ရဟန်းကြီး” တစ်ပါးလည်း ကပ်ပါလာပါတယ်။ မင်းကြီးက ရဟန်းတော်နဲ့ တောထွက်ရဟန်းကြီးကို ခါသားကင် တစ်ကောင်စီ လှူလိုက်ပါတယ်။
ရဟန်းတော်ကော၊ တောထွက် ရဟန်းကြီးကော နေရာမှာတင် ထိုင်ဘုဉ်းပေးကြပါတယ်။

တစ်ဝက်လောက်ရောက်တော့ မင်းကြီးက သူစားဖို့ ရည်စူးထားတဲ့ ကျန်ရှိနေတဲ့ ခါသားကင်တစ်ကောင်ကို လိုက်ပွဲအဖြစ် ရဟန်းတော်ကို ကပ်ပါတယ်။ ဒါပေမယ့် ရဟန်းတော်က လက်ကာပြီးတားလိုက်ပတယ်။

တောထွက်ရဟန်းကြီးကို ကပ်တဲ့အခါမှာတော့ တောထွက်ရဟန်းကြီးက ယူပြီး တစ်ခါတည်း အကုန် ဘုဉ်းပေးလိုက်ပါတယ်။ မင်းကြီးလည်း သူ့နားရောဂါအတွက် စားဖို့
ရည်စူးထားတဲ့ ခါသားကင် မစားလိုက်ရတော့ စိတ်နှလုံးမသာမယာ ဖြစ်သွားပါတယ်။

■ဆွမ်းစားခြင်းကိစ္စပြီးလို့ ပြန်ကြွမယ်လုပ်တော့ မင်းကြီး ကရဟန်းတော်အနားကပ်သွားပြီး “အရှင်ဘုရား …
နောက်တစ်ခါကြွလာရင် အလိုက်သိတဲ့ နောက်လိုက် ရဟန်းကို ခေါ်ခဲ့ပါဘုရား” လို့ တိုးတိုးလေး ကပ်မှာ လိုက်ပါတယ်။

တကယ်တော့ ....
●ရဟန်းတော်က တောထွက်ရဟန်းကြီး ကို မင်းကြီးပင့်ထားတဲ့ ရဟန်းလို့ ထင်နေသလို၊
●မင်းကြီးကလည်း တောထွက်ရဟန်းကြီးကို ရဟန်းတော်ရဲ့နောက်လိုက် ရဟန်းလို့ ထင်နေတာပါ။
ဒါပေမယ့် ရဟန်းတော်က တောထွက်ရဟန်းကြီး “မင်းပြစ်မင်းဒဏ်” သင့်မှာစိုးလို့ အသာငြိမ်နေလိုက်ပါတယ်။

နောက်တစ်နေ့ ဆွမ်းခံကြွတဲ့အခါမှာတော့ ရဟန်းတော်က “ကိုရင်ငယ်” တစ်ပါးကို နောက်လိုက်အဖြစ် ခေါ်ခဲ့ပါတယ်။ နန်းတော်ရောက်တဲ့အခါ မင်းကြီးက ယာဂု နဲ့ ခါသားကင် တစ်ကောင်ကို ရဟန်းတော်ကို အရင်ကပ်ပါတယ်။ နောက် ကိုရင်ကိုကပ်တဲ့အခါမှာတော့ ကိုရင်က
တစ်ဝက်သာကပ်ဖို့ လက်အမူအရာနဲ့ပြပါတယ်။တစ်အောင့်လောက်ကြာတော့ မင်းကြီးက ရဟန်းတော်ကို လိုက်ပွဲအဖြစ် ခါသားကင် ကပ်ပြန်ပါတယ်။ ရဟန်းတော်က လက်ကာပြီး တားလိုက်ပါတယ်။ နောက် ကိုရင်ကိုကပ်ပြန်တော့ ကိုရင်ကလည်း လက်ကာပြီး တားလိုက်ပါတယ်။

မင်းကြီးလည်း မိမိစားချင်လှတဲ့ “ခါသားကင်”ကို ရဟန်းတော်တွေကို ဦးစွာကပ်လိုက်ရတဲ့အတွက် တော်တော်လေး စိတ်ချမ်းသာသွားပါတယ်။ ဒါကြောင့် ရဟန်းတော်တွေနဲ့ မလှမ်းမကမ်းမှာ ထိုင်ပြီး၊ “အင်း …. အလိုက်သိတတ်တဲ့ ရဟန်းတော်တွေ့ရတော့လည်း ငါစားချင်တဲ့ ခါသားကင်ကို စားခွင့်ရတော့တာပဲ” လို့ ပြောရင်း ခါသာကင်ကို စားလိုက်တာ စားနေဆဲမှာပဲ နားထဲက ပြည်ပုပ်တွေ ထွက်ကျလာပြီး နားရောဂါလည်း
တစ်ခါတည်း ပျောက်သွားပါတော့တယ်။

မင်းကြီးက ကိုရင်ကိုကြည်ညိုသွားပြီး “ကိုရင့်ကို နေ့စဉ် ဆွမ်းရှစ်ပွဲလှူပါတယ်”လို့ ဖိတ်လိုက်ပါတယ်။ ကိုရင်ကလည်း အဲဒီဆွမ်းရှစ်ပွဲကို “ဥပဇ္ဈာယ်ဆရာတော်ကို လှူပါတယ်”လို့ ပြန်ပြောလိုက်ပါတယ်။ နောက် မင်းကြီးက ဆွမ်းအုပ်တွေဆင့်ကဲ၊
ဆင့်ကဲလှူပေမယ့် ကိုရင်က ဆရာတွေချည်း လှူပစ်ပါတယ်။
ငါးခုမြောက်ကျမှပဲ မိမိအတွက် အလှူခံလိုက်ပါတော့တယ်။

-【သံယုတ်အဋ္ဌကထာ၊ တတိယတွဲ၊ ရထောပမသုတ်၊
စာမျက်နှာ ၆၉၊၇၀၊၇၁။ 】

“သန္တုဋ္ဌိ” ကို ပုဒ်ခွဲပြီး မြန်မာပြန်ရင် သ= မိမိမှာရှိနေတဲ့ဥစ္စာနဲ့ ၊
တုဋ္ဌိ=နှစ်သက်ခြင်း ၊ရောင့်ရဲခြင်းလို့ ပြန်ရပါ့မယ်။ လိုရင်းကတော့ ရောင့်ရဲခြင်းပါ။ ဒီတော့ စီးပွါးရှာတဲ့အခါ၊ ပညာရှာတဲ့အခါ မှာ
“ဒီလောက်ဆိုရင် တော်ရောပေါ့” ဆိုပြီး သန္တုဋ္ဌိ လုပ်လိုက်ရမလားလို့ မေးစရာရှိပါတယ်။ အဲဒီအပြုအမူဟာ သန္တုဋ္ဌိ မဟုတ်ပါဘူး။
“၀ီရိယမရှိတာ နဲ့ ပျင်းရိတာ”ပါ။

ခန္ဓာရှိနေတဲ့အတွက် မိသားစုရှိနေတဲ့အတွက် ပညာကော၊ စီးပွါးရေးကော ကြိုးကြိုးစားစား ရှာရပါမယ်။ တစ်နေတာရှာလို့ တစ်ထောင်ရလာရင် ငါးရာကို မိသားစုအတွက်သုံးပြီး ၊ ကျန်ငါးရာကို စုထားလိုက်တာကိုမှ သန္တုဋ္ဌိ လို့ ခေါ်တယ်။ တရားနည်း နဲ့ ရှာတဲ့
အလုပ်မှန်သမျှ ၀ီရိယကို လျော့မချရပါဘူး။ တရားနည်းနဲ့ ရှာနေသမျှ ကာလပတ်လုံး သန္တုဋ္ဌိ လို့ခေါ်ပါတယ်။ တရားတဲ့ နည်းနဲ့ ရှာနေသမျှ ကာလပတ်လုံး သန္တုဋ္ဌိ မပျက်ပါဘူး။ မတရားတဲ့နည်းတွေပါလာမှသာ သန္တုဋ္ဌိ ပျက်သွားတာပါ။

ဒါကြောင့် ဥဒါန်းအဋ္ဌကထာ(၂၀၇)မှာ-
●မတရားတဲ့နည်းနဲ့ ပစ္စည်းရယူမူကို ပယ်စွန့်ပြီး ၊
●တရားတဲ့နည်းနဲ့ ပစ္စည်းရမှုကို နှစ်သက်ခြင်း၊
●တရားသဖြင့် ရတဲ့ပစ္စည်းတွေကို နှစ်သက်ခြင်း
ကိုလည်း “သန္တုဋ္ဌိ” လို့ ခေါ်ကြောင်း ဖွင့်ပြထားပါတယ်။

“သန္တုဋ္ဌိ” နဲ့ ပရိယာယ်တူ ပါဠိ တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ “သန္တောသ” ဆိုတဲ့ ပါဠိပါ။ စာထဲမှာ သန္တောသ သုံးမျိုးကို ပြထားပါတယ်။ “သန္တောသ သုံးမျိုး” ဆိုတာက-

(၁)။ ယထာလာဘသန္တောသ = ကောင်းသည်ဖြစ်စေ၊မကောင်းသည်ဖြစ်စေ ရရသမျှသော ပစ္စည်းတို့ဖြင့် ရောင့်ရဲခြင်း။
(၂)။ ယထာဗလသန္တောသ = မိမိရရှိထားသော ပစ္စည်းများထဲမှ
မိမိကျန်းမာရေးကို ချင့်ချိန်ပြီး ၊စားသင့်သည့်အစားအစာ၊
ဝတ်သင့်သည့်အ၀တ် စသည်တို့ကို ရွေးချယ် သုံးဆောင်၍ ရောင့်ရဲခြင်း။
(၃)။ ယထာသာရုပ္ပသန္တောသ=မိမိရရှိထားသောပစ္စည်းထဲမှ
ကောင်းနိုးရာရာဟူသမျှကို ပရဟိတအတွက် အသုံးချ၍၊ မိမိကတော့ သင့်တင့်သော ခပ်ညံ့ညံ့ပစ္စည်းများကိုသာ သုံးဆောင်၍ ရောင့်ရဲခြင်းတို့ဖြစ်သည်။

●နံပါတ်(၂) သန္တောသ က “ကျန်းမာရေး”ကို သတိပေးထားတာဖြစ်ပြီး၊
●နံပါတ်(၃) သန္တောသ ကတော့ “ပရဟိတ”ကို မမေ့ဖို့ သတိပေးထားတာပါ။
မြတ်စွာဘုရားက ပရဟိတလုပ်တဲ့နေရာမှာလည်း ကိုယ်က ခပ်ညံ့ညံ့ကိုပဲ သုံးဆောင်ပြီး၊ ပရဟိတအတွက်တော့ ကောင်းနိုးရာရာတွေကိုသာ သုံးစွဲပေးလိုက်ဖို့ ကရုဏာတော်နဲ့
လမ်းညွှန်တော်မူခဲ့တာပါပဲ။

ပစ္စည်းဝတ္ထုတွေကို နေ့စဉ်နဲ့အမျှ သုံးစွဲနေကြတာဆိုတော့ ကိုယ်ရဲ့သုံးစွဲမှုဟာ “သန္တောသ” ပါရဲ့လား။ ပါတယ်ဆိုရင် ဘယ်လို “သန္တောသ” မျိုးပါတာလဲ။နံပါတ်(၃) သန္တောသ မျိုးအထိ
ပါနိုင်ပြီလားဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်သင့်ပါတယ်။

►မျက်မှောက် ပစ္စုပ္ပန်ဘ၀မှာ
“ရုပ်ရည်၊ ပညာ၊ ဥစ္စာ၊ ရာထူး” စသည်တွေ ပြည့်စုံရုံတင်မက၊ ဘ၀မှာ ဘာလုပ်လုပ် “ပထမနေရာ” ကိုပဲ ရောက်ကြရသူတွေ ရှိပါတယ်။
အဲဒီပုဂ္ဂိုလ်တွေဟာ အတိတ် အတိတ်ဘ၀တွေက “တတိယသန္တောသ”ကို ဦးထိပ်ထားဖြည့်ဆည်းခဲ့ကြလို့ပါ။
လူငယ်စကားနဲ့ ပြောရရင်တော့ ရှယ်တွေပဲ ရွေးလှူခဲ့လို့ ဒီဘ၀မှာ ရှယ်တွေပဲစုပြီး အကျိုးပေးနေတာပါ။ ဒီတော့ ကိုယ်က နောက်ဘ၀မှာ ရှယ်အကျိုးပေးခံချင်တယ် ဆိုရင်တော့ ရှယ်ပစ္စည်းတွေ ရွေးပြီး လှူဖြစ်ဖို့ပါ။ စာလိုပြောရင်တော့ “တတိယသန္တောသ” ကို ဖြည့်ကျင့်ဖို့ပါပဲ။

“သန္တောသ” အကြောင်းပြောရင် သန္တောသ ရဲ့ ဆန့်ကျင်ဘက်ကိုပါ ထည့်ပြောမှ ပြည့်စုံမှာပါ။ “သန္တောသ” ရဲ့ ဆန့်ကျင်ဘက်တွေကတော့
(၁)။ ပါပိစ္ဆာ
(၂)။ မဟိစ္ဆာ
(၃)။ အတြိစ္ဆာတို့ပါပဲ။

(၁)။ ပါပိစ္ဆာ ဆိုတာက = မိမိမှာ သီလ၊ သမာဓိ စတဲ့ဂုဏ် မရှိဘဲနဲ့ ရှိသယောင် ဟန်ဆောင်လိုတာ၊ ဟန်ဆောင်ချင်တာပါ။

(၂)။ မဟိစ္ဆာ ဆိုတာက = မိမိမှာ သီလ၊ သမာဓိ ဂုဏ်နည်းနည်းပဲ ရှိတာကို များများရှိသယောင် ဟန်ဆောင်လိုတာ၊ ဟန်ဆောင်ချင်တာပါ။

(၃)။ အတြိစ္ဆာ ဆိုတာက = မိမိရရှိတဲ့ ပစ္စည်းဝတ္ထုကို အကောင်းမထင်ဘဲ၊ သူတစ်ပါးရရှိတာကိုပဲ အကောင်း ထင်နေတတ်တာပါ။ သုံးခုလုံးဟာ “အလိုဆိုးတွေ”ချည်းပါပဲ။
အလိုဆိုးရှိတဲ့သူဟာ သန္တောသ မဖြစ်သလို၊ သန္တောသ ရှိတဲ့သူဟာလည်း အလိုဆိုး မဖြစ်ပါဘူး။

“ရောင့်ရဲခြင်းဟာ ရုပ်လှကြောင်း”
~~~~~~~~~~~~~~~~~~~~~~~
“ရောင့်ရဲခြင်းဟာ ရုပ်လှကြောင်း”လို့လည်း စာမှာဆိုထားပါတယ်။

ဘုရားအလောင်း “တေမိမင်းသား” ဘ၀ တောထဲမှာ တစ်ပါးတည်း ရှိနေစဉ် ကာလမှာ ရုပ်ရည်အဆင်းတွေက နန်းတော်ထဲမှာ နေတာထက် ပိုလှနေပါတယ်။ ဒါကိုတွေ့တဲ့ ခမည်းတော်မင်းကြီးက
“ချစ်သား… နန်းတော်ထဲမှာ အစားကောင်း၊ အသောက်ကောင်းတွေ စားနေတုန်းက ဒီလောက်မလှဘူး။ တောထဲမှာ တစ်ပါးတည်းနေပြီး
အချက်အပြုတ် အကြော်ကင်းတဲ့ သစ်သီး၊ သစ်ရွက်တွေပဲ စားနေရပြီး ဘာဖြစ်လို့ ရုပ်ရည်အဆင်းတွေက ပိုလှနေရတာလဲ..” လို့မေးတော့
ဘုရားအလောင်းတေမိမင်းသားက

အတီတံနာနုသောစာမိ၊
နပ္ပဇပ္ပါမိနာဂတံ။
ပစ္စုပ္ပန္နေနယာပေမိ၊
တေန၀ဏ္ဏောပသီဒတိ။
(ဇာတ်၊ဋ္ဌ၊ ဆဋ္ဌတွဲ၊ နှာ၃၁။)

“ခမည်းတော် …. ကျွန်တော်ဟာ ဖြစ်ခဲ့ဖူးတဲ့ စည်းစိမ်ကို ပြန်တောင်းတပြီး ပူပန်မနေပါ။ မဖြစ်သေးတဲ့ စည်းစိမ်ကိုလည်း တောင်းတ မျှော်လင့်မနေပါ။ ယခုပစ္စုပ္ပန်ကာလမှာ ရနေတဲ့ စည်းစိမ်လာဘ်လာဘနဲ့ပဲ ရောင့်ရဲနေပါတယ်။ အဲဒီလို ရောင့်ရဲနေတဲ့အတွက် သားတော်ရဲ့ အဆင်းက ယခင်ထက်ပိုလှနေတာပါ” လို့ ပြန်ပြောလိုက်ပါတယ်။

ခေတ်ကာလအလျောက် ပစ္စည်းဆန်းတွေကတော့
ဆင့်ကဲဆင့်ကဲ့ပေါ်နေကြမှာပဲ။ တချို့ ပစ္စည်းဆန်းတွေကိုတော့ အလုပ်တစ်ခုလို၊ ဒါမှမဟုတ် မင်္ဂလာတစ်ခုလိုကို သဘောထားပြီး
ရောင့်ရဲလိုက်ရပါတယ်။ ပြီးတော့ ပစ္စည်းဆန်းကို ၀ယ်လို့ ကုန်ကျမယ့်ငွေကို လောကအတွက် လိုအပ်နေမယ့် နေရာကို မျက်စိမှိတ်ပြီး လှူပစ်ရပါတယ်။ အဲဒီအတွက် ပြန်ရတဲ့ ပီတိက ဘာနဲ့မှ မလဲနိုင်ပါဘူး။ အလုပ်တစ်ခုလို ပြုပြုသွားရင်း စွဲသွားပါလိမ့်မယ်။

ဘာပဲပြောပြော သံသရာရဲ့ ဘ၀တစ်ခုမှာ “ပထမနေရာ”ကို ရဖူးလိုက်ချင်တယ် ဆိုရင်တော့ “တတိယသန္တောသ” လေးကို သတိရလိုက်ဖို့ပါပဲလေ။

-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
အပ္ပမာဒေန သမ္ပာဒေထ။
-【အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ) ၏
“မင်္ဂလာအတွေးများ” နှာ ၁၆၃ - ၁၆၉ မှ-
ကူးယူပူဇော်မျှဝေပါသည်။】
Posted by
www.facebook.com/youngbuddhistassociation.mm
[မင်္ဂလာအတွေးများ(၂၄) သန္တုဋ္ဌိစ ဧတံမင်္ဂလမုတ္တမံ။
ရောင့်ရဲလွယ်ခြင်းသည် မြတ်သော မင်္ဂလာမည်၏။
လောဘအပို လိုမလိုက်နဲ့ ၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ။]

Saturday, November 1, 2014

လိုချင်တာ ရစေသော ဒါနအစွမ်းနှင့် သာရဏီယကျင့်ဝတ် ဖြည့်ကျင့်နည်း


အရှင်တိဿမထေရ်မြတ်သည် တစ်ခါက စေတိယတောင် ဂိရိဘဏ္ဍာ မဟာပူဇာခေါ် ဘုရားမီးပူဇော်ပွဲ သံဃာဒါန အလှူပွဲကြီးတစ်ခုသို့ ကြွရောက်တော်မူရ၏။ ရဟန်းသံဃာများအား လောင်းလှူရန် လှူဖွယ်အမျိုးမျိုးတို့ကို ကြည်ညိုဖွယ် ခင်းကျင်းပြသထားသော နေရာသို့ ကြွသွားကာ -

" ဒကာတို့ ဒီထဲမှာ ဘယ်ဟာအကောင်းဆုံးလဲ " ဟု မေးတော်မူရာ သင်္ကန်းချုပ်ရန် ပိတ်စနှစ်ခု အကောင်းဆုံးဖြစ်ကြောင်း လျှောက်ထားလျှင် -

" အဲဒီ အကောင်းဆုံးပိတ်စနှစ်ခု ဦးပဉ္ဇင်းပဲ ရမှာပါ " ဟု ပြောဆိုထွက်သွား၏။ အမတ်ကြီးတစ်ဦးသည် ထိုသို့ပြောဆိုသည်ကို ကြားရသဖြင့် မထေရ်ငယ်တစ်ပါးက ဤသို့ပြောသွားကြောင်း မင်းကြီးအား သွား၍လျှောက်လိုက်သည်။ မင်းကြီးက -

" ကိုယ်တော်ငယ်လေးတွေဆိုတာ ဒီလိုပဲ အကောင်းကြိုက်တာ ထုံးစံပါပဲ။ ဒါပေမယ့် ဒီ နူးညံ့ချောညက်တဲ့ အဝတ်နှစ်ထည်ကတော့ မထေရ်ကြီးများနှင့်ပဲ သင့်တော်ပါတယ် " ဟုဆိုကာ -

သတ်သတ်မှတ်မှတ် အထက်ဆုံးက တင်ထားလေ၏။ သံဃာတော်များ ဝါစဉ်အလိုက် မထေရ်ကြီးများမှစ၍ ကြွရောက်အလှူခံကြရာ မင်းကြီးကိုယ်တိုင်ပင် လောင်းလှူလေ၏။ သို့ရာတွင် မထေရ်ကြီးများအတွက် သီးသန့်ရည်ရွယ်ပြီး အပေါ်ဆုံးက တင်ထားသော အဆိုပါပိတ်စနှစ်ခုမှာ မင်းကြီးလက်ထဲ ရောက်မလာ။ အခြား လှူဖွယ်ဝတ္ထုများကိုသာ ကိုင်မိလျက်သားဖြစ်နေ၏။

မထေရ်ကြီးများအားလုံး လောင်းလှူပြီးနောက် အရှင်တိဿမထေရ်ငယ် အလှည့်သို့ရောက်သောအခါမူ အဆိုပါပိတ်စနှစ်ခုကို ကိုင်မိလျက်သား ဖြစ်နေ၏။ မင်းကြီးလည်း မထေရ်ငယ်၏ လက်ထဲသို့ ဆက်ကပ်လိုက်ပြီးနောက် အနီး၌ရှိနေသော အမတ်ကြီးအား ပြုံး၍ မျက်ရိပ်မျက်ချေပြကာ မထေရ်ငယ်အား ခေတ္တဆိုင်းငံ့ထားရန် လျှောက်ထားခိုင်းလိုက်၏။

သံဃဒါန အလှူပွဲကြီးလည်း ပြီးဆုံး၍ သံဃာများ ပြန်လည်ကြွသွားလေ၏။ မင်းကြီးနှင့်အမတ်များကမူ အရှင်တိဿမထေရ်အား လှူဖွယ်များ ထပ်မံလှူဒါန်းကာ မထေရ်ငယ်ရှေ့၌ ရိုသေစွာထိုင်၍ ရှိခိုးပြီးလျှင် မင်းကြီးက -

" အရှင်ဘုရား ဘယ်အချိန်က ဒီတရားထူးကို ရခဲ့ပါသလဲဘုရား "ဟု လျှောက်လေ၏။ မထေရ်လည်း မိမိ၌ ထင်ရှားမရှိသော တကယ်မရသောဂုဏ်ကို ပရိယာယ်မျှဖြင့်ပင် မပြောဆိုပဲ -

" ဒကာတော်မင်းကြီး ဦးပဉ္ဇင်းမှာ လောကုတ္တရာတရားထူး မရရှိသေးပါဘူး " ဟု အမှန်အတိုင်းပြောဆိုလိုက်ရာ -

" အရှင်ဘုရား ဒါဖြင့် ဒီပိတ်စနှစ်ခုကတော့ ဦးပဉ္ဇင်းပဲကျမှာပဲလို့ ဘယ်လိုလုပ်ပြီး ပြောဆိုနိုင်ပါသလဲဘုရား "

" မှန်ပါတယ် ဒကာတော်မင်းကြီး ဦးပဉ္ဇင်းဟာ ဘုရားဟောတော်မူထားတဲ့ " သရဏီကျင့်ဝတ် " ဆိုတာရှိပါတယ်။ အဲဒါကို ကျင့်နေတာပဲ ဦးပဉ္ဇင်း အဲဒီ သရဏီယကျင့်ဝတ်ကို ကျင့်တဲ့အချိန်ကစပြီး လှူဖွယ်ပစ္စည်းအမျိုးမျိုး ခွဲဝေလှူဒါန်းကြတဲ့ နေရာမျိုးမှာ အကောင်းဆုံးပစ္စည်းဟာ ဦးပဉ္ဇင်းလက်ထဲ အလှူခံရလေ့ရှိပါတယ် "

" သာဓု သာဓု သာဓုပါဘုရား အရှင်ဘုရားရဲ့ ကျင့်ဝတ်ဟာ အလွန်ပဲ မွန်မြတ်လှပေတယ်ဘုရား "

ဤသို့လျှောက်ကာ မင်းနှင့် အမတ်ကြီးတို့လည်း အရှင်တိဿမထေရ်အား ဝမ်းသာအားရ ဝတ်ပြုကာ ပြန်ကြလေ၏။
----------------------

သာရဏီယကျင့်ဝတ် ဖြည့်ကျင့်နည်း
-------------------------------------

သာရဏီယကျင့်ဝတ်တရား ခြောက်ပါးရှိ၏။ (သတ္တ - အဂုတ္တရပါဠိတော် သာရဏီယဝဂ်နှင့် မူလပဏ္ဏာသ ကောသမ္ဗိယသုတ် စူဠဂေါသိင်္ဂသုတ် သာမဂါမသုတ် ဝိနည်း မဟာဝဂ္ဂတို့၌ ) မြတ်စွာဘုရား ဟောတော်မူထား၏။

" ရဟန်းတို့ သီတင်းသုံးဖော် (အတူတကွနေရသူ)များ၏ ချစ်ခင်ခြင်း လေးစားခြင်းကို ပြုတတ်ကုန်သော ဤ သာရဏီယတရား ၆ ပါးတို့သည် သီတင်းသုံးဖော်တို့အား သဂြိုဟ်ထောက်ပံ့ရန် မငြင်းခုံရန် ညီညွတ်ရန် တစ်ပေါင်းတည်း စည်းလုံးရန် ဖြစ်ကုန်၏။ တရား ၆ ပါးကား -

၁။ မေတ္တာကာယကံထားခြင်း

၂။ မေတ္တာဝစီကံထားခြင်း

၃။ မေတ္တာမနောကံထားခြင်း

၎။ မိမိပိုင်ပစ္စည်းများကို သီလရှိသော သီတင်းသုံးဖော်တို့နှင့် မခွဲခြား မကန့်သတ်ဘဲ အတူတကွ (အများဘုံဆိုင်သကဲ့သို့ သဘောထား၍) သုံးစွဲခြင်း

၅။ တူညီသော ကိုယ်ကျင့်သီလရှိခြင်း

၆။ တူညီသော အယူဝါဒရှိခြင်းတို့ဖြစ်၏။

သာရဏီယကျင့်ဝတ်ကို ဖြည့်ကျင့်လိုသော ပုဂ္ဂိုလ်သည် ဤအင်္ဂါ ၆ ပါးနှင့် ပြည့်စုံရ၏။ မေတ္တာသုံးမျိုးထားပုံမှာ လွယ်မယောင်နှင့် ခက်လှပေသည်။

ထို ၆ မျိုးတွင် မိမိပိုင်ပစ္စည်းဆိုသည်မှာ ပထမဆုံးခံ၍ ရသောဆွမ်းပင်တည်း။ ထိုဆွမ်းမှစ၍ သီတင်းသုံးဖော်များနှင့် မခွဲခြားမကန့်သတ်ဘဲ အများဆိုင်ကဲ့သို့ သဘောထားပြီး သုံးဆောင်ရသည်။ ဘယ်ပုဂ္ဂိုလ်ကိုသာ ပေးမည်။ ဘယ်လောက်ကိုသာ ပေးမည်ဆိုသော အကန့်အသတ်မထားရ ဓမ္မိယလဒ္ဓ=တရားဖြင့် အပ်စပ်သောပစ္စည်းလည်း ဖြစ်ရမည်။ ဆွမ်းကိုခံယူကတည်းက သံဃာတော်များနှင့်အတူ သုံးစွဲမည်ဟု ရည်မှတ်ထားရမည်။

ရဟန်းသည် မိဘနှင့်ဆရာ ဥပဇ္ဈာယ် စသောသူတို့အား ပေးကျွေးကောင်း၏။ အပြစ်မရှိ။ သို့သော် ဤသာရဏီယဝတ်ကျင့်လျှင်ကား ဗလိဗောဓတစ်ခုပင် ဖြစ်၏။ မပေးရ။ အကယ်၍ပေးလိုက ကန့်သတ်ပေးနိုင်သော သူမျိုးကားရှိသေး၏။ ဥပမာ သူနာရဟန်း သူနာပြုရဟန်း အာဂန္တုရဟန်း ခရီးသွားရဟန်း သပိတ်သင်္ကန်း မကိုင်တွယ်တတ်သေးသော ရဟန်းသစ်များကိုမူ ပေးလိုလျှင် ပေးနိုင်၏။

ယင်းသို့ ပေးစရာရှိလျှင်ပေး၍ ကျန်သောဆွမ်းကို တိုက်တာရှိ အတူနေမထေရ်ကြီးမှစ၍ နောက်ဆုံးမထေရ်များအဆုံးထိ ကြီးစဉ်ငယ်လိုက် ပုဂ္ဂိုလ်လိုက်၍ ပေးလှူရသည်။ အနည်းငယ် အနည်းငယ် စတိပေး ပေးလှူခြင်းမဟုတ်။ ထိုသံဃာများ အလိုရှိသလောက် လှူရသည်။ မလုံလောက်လျှင် ထပ်မံဆွမ်းခံပြီး ရှေးနည်းအတူ မထေရ်ကြီးမှစ၍ ကောင်းမွန်သမျှကို အကုန်ပေးလှူရ၏။ အားလုံး သံဃာများအားပေးလှူပြီး ကြွင်းကျန်သော ဆွမ်းကိုသာ မိမိစားရသည်။ (ဒုဿီလကိုမူ မပေးဘဲနေနိုင်၏)။
-------------------------

ကျင့်ရမည့်ကာလနှင့် ရသောအကျိုး
------------------------------------

ဤသာရဏီယကျင့်ဝတ်ကို ကျင့်ရသည်မှာ အသိဥာဏ်ရှိ၍ ယဉ်ကျေးသော ပရိတ်သတ်တွင် ကျင့်ရလျှင် ပြည့်မြောက်လွယ်၏။ ထိုပရိတ်သတ်မျိုးကား အခြားတစ်နေရာရာက ရထားလျှင် မယူတော့ချေ။ မရရှိသေးစေကာမူ အတိုင်းအရှည်ပမာဏကိုသိပြီး အလှူခံ၏။ အပိုအလို လက်မခံ ဤကျင့်ဝတ်ကား လိုအပ်လျှင် ထပ်၍ထပ်၍ပင် ဆွမ်းခံလှည့်၍ ရရသမျှကို သံဃာအားပေးလှူပြီး ကျန်သည်ကိုသာ စားရသော အကျင့်ဖြစ်ရာ ၁၂နှစ်ကျင့်လျှင်ပင် ထိုကျင့်ဝတ်ပြည့်စုံပြီးမြောက်သည်ဟု ဆိုရ၏။ ထိုအောက်ကား မလျော့စေရ။

အကယ်၍ ၁၂နှစ်ပြည့်ခါနီးမှ ဆွမ်းသပိတ်ကို ဆွမ်းစားကျောင်း၌ ထား၍ ခရီးသွားစဉ် သံဃာများက သာရဏီရကျင့်နေသူ၏ သပိတ်မှန်းသိ၍ အားလုံးခွဲဝေ စားပစ်လိုက်သော်လည်း ငါ့ဆွမ်းတွေကို အကုန်စားပစ်ကြသည် ချန်မှ မချန်ထားလေဟု စိတ်မကွက်ရ။ ဒေါမနဿမဖြစ်ရ။ ထိုစိတ်ဖြစ်လျှင် သာရဏီယကျင့်ဝတ် ပျက်သွားသည်။ တစ်ရက်တာမျှ ပြန်အစားကျင့်၍ မရ။ အစကစ၍ ၁၂နှစ်ပြန်ကျင့်သုံးရသည်။

ငါ့သီတင်းသုံးဖော်များက ငါ့ကို မပြောမဆို မပန်ကြားဘဲတောင်မှ ဘုဉ်းပေးချီးမြောက်ကြပေတယ်။ ငါ ကံကောင်းလေစွ ဟု ဝမ်းမြောက်ဝမ်းသာ ၁၂နှစ်တာတွင် တစ်စုံတစ်ရာ စိတ်ကွက်ခြင်း မရှိရအောင် ကျင့်ရလေသည်။ ထိုသို့ ၁၂နှစ်တာပတ်လုံး ချွတ်ယွင်းချက်မရှိ ပြည့်စုံပြီးမြောက်အောင် ကျင့်နိုင်ပါလျှင် -

၁။ လူများ ဣဿာမစ္ဆေရမရှိ ချစ်ခင်ကြည်ညိုခြင်း။

၂။ နတ်များ ချစ်ခင်ကြည်ညိုခြင်း

၃။ ပစ္စည်းလာဘ်လာဘ ရလွယ်ခြင်း

၎။ သပိတ်တစ်လုံး၌ရှိသော ဆွမ်းမျှဖြင့် ပေးလှူ၍ မကုန်ခြင်း

၅။ ပစ္စည်းခွဲဝေလှူဒါန်းရာ (မဲချရာလည်း ပါဝင်နိုင်၏)တွင် အကောင်းဆုံးကို ရခြင်း

၆။ တိုင်းပြည်ပျက်ခြင်း ငတ်မွတ်ဘေးဆိုက်ခြင်းနှင့်ကြုံလျှင် ကူညီခြင်းအကျိုးများ မုချရနိုင်ပေသည်။

(မ-ဋ္ဌ-၂-၂၉၃-၅ကောသမ္ဗိယသုတ်နှင့် အံဋ္ဌ- ၃-၉၂-ဒီဋ္ဌ-၂-၁၄၄)

ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ချမ်းမြေ့နိုင်ကြပါစေ။

Shared from Ko Latt (FB)
Photo Credit to: Original Uploader