Friday, January 31, 2014

ဗုံလုံသီး ဝက်သား အစာသွပ်


ဗုံလုံသီးများကို အပေါ်ယံ အနည်းငယ်ခြစ်ပြီး၊ ကြိုက်နှစ်သက်သလို အပိုင်းလေးများ ပိုင်း၍ အတွင်းမှ အစေ့များကို ဇွန်းဖင်ဖြင့် ကလော်ထုတ်ကာ ဗုံလုံသီးများကို ရေစင်အောင် ​ဆေးထားပါ။ အစာသွပ်မည့် ဝက်သားများကို နုတ်နုတ်ဆင်းထားပါ။ ဂျင်း၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ညက်အောင်ထောင်း၍ နနွင်းမှုန့် အနည်းငယ်တို့ဖြင့် ဆီသတ်ပါ။ ကြက်သွန်ကြော်နံ့ မွှေးပြီး ​ရွှေရောင်သန်းလာပါက ငရုတ်သီး အရောင်တင်မှုန့် အနည်းငယ်ထည့်ပြီး၊ နုတ်နုတ်ဆင်းထားသော ဝက်သားများကို ထည့်ကာ မပြတ်မွှေပေးပါ။ ဆီပြန်ပြီး ခြောက်ခြောက်လေး ဖြစ်လာလျှင် မီးဖိုပေါ်မှချ၍ ဗုံလုံသီးများ အတွင်းသို့ ဆီသတ်ထားသော ဝက်သားများကို အစာသွပ်ပေးပါ။ ပြီးလျှင် အိုးတစ်လုံးထဲတွင် ဆီအနည်းငယ် ထည့်ကာ နနွင်းမှုန့်၊ ငရုတ်အရောင်တင်မှုန့်၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ အနည်းငယ်တို့ဖြင့် ဆီသတ်၍ ဆား၊အသားမှုန့်နှင့် အစာသွပ်ထားသော ဗုံလုံသီးများကို ထည့်ပါ။ရေမမြုတ်တမြုတ်ထည့်ကာ အသာမွှေ၍ အိုးဖုံး ပြီး တည်ထားပါ။ ဗုံလုံသီးများ နူးလာပြီး ဆီပြန်လာပါက အပေါ့အငံ မြည်း၍ ချိုမွှေးပြီး အရသာရှိသော ဗုံလုံသီး ဝက်သား အစာသွပ် ဟင်းလေး သုံးဆောင်လို့ ရပါပြီရှင်။

Shared from ဒေါ်ပု လက်ရာ (FB)

ဘုန်းတော်ကြီးများ၏ စစ်မှန်သော သာသနာပြုနည်းတချို့


-မြန်မာသာသနာမှာတင်စားကြတာ သုံးခုရှိတယ်။ ဗုဓ်စ၊ ဗုဓ်လယ်၊ ဗုဓ်ဆုံး လို့ကြားဖူးတယ်။

-ဗုဓ်စဆိုတာ သဗ္ဗညု ဂေါတမဗုဒ္ဓကိုယ်တော်ကြီး။

-ဗုဓ်လယ်ဆိုတာ အဌကဌာကျမ်းပြု (မှတ်မိသလောက် လက်ရှိဝိသုဒ္ဓိမဂ်ကိုသူပဲစီရင်တာဆိုတယ်) သီဟိုဠ်က အရှင်ဗုဒ္ဓဃောသ။

-နောက်ဗုဓ်ဆုံးဆိုတာ ညောင်ကန်ဦးဗုဓ်။ ညောင်ကန်ဦးဗုဓ်ကို စာရင်းသွင်းရတာက စာတတ်လွန်းလို့တဲ့။ နောက်ဆုံးဝမ်းရောဂါနဲ့အသက်မြော့မြော့ကျန်တဲ့အချိန်အထိ ကုဋီနံရံမှာ စာရေး၊ စာသင်သားတွေက အဲ့ဒါကိုပေရွက်နဲ့ပြန်ကူး။ ဒီလို သံဃာပေါ့။
စကားလဲအပိုတစ်လုံးမှမပြောဘူး။ အလကားသွားရန်စတဲ့ ဦးပေါ်ဦးတောင် လစ်ပြေးရတယ်။ စကားအပိုမပြောခြင်းက သူ့မှာ စကားအပိုပြောဖို့အချိန်သိပ်ရှားတယ်လို့ပြောတယ်။ အလုပ်လုပ်ရင်လဲ အထိရောက်ဆုံး၊ အမှန်ဆုံး၊ အတိုဆုံးလုပ်တတ်တဲ့စရိုက်ပေါ့။
ဦးပေါ်ဦးကတစ်ရက် ဆရာတော်ဦးဗုဓ်ကိုသွားရောတယ်။ ဆရာတော်ကို သူ့ကျောင်းထဲက ရေကန်ဘယ်လောက်နက်သလဲ ဘာညာသွားရောတာပေါ့။ ဆရာတော်က မသိဘူး လို့တစ်ခွန်းထဲဖြေတယ်။ ဦးပေါ်ဦးက ထပ်ကလိတယ်။ ကိုယ့်ကျောင်းထဲမှာ ဒီလောက်နီးတာတောင်မသိဘူး ဘာညာပေါ့။ ဦးဗုဓ်က နီးတိုင်းသိကြေးဆို နင့်နှုတ်ခမ်းမွေးဘယ်နှပင်ရှိလဲနင်သိလားလို့ ပြောလွှတ်လိုက်တာ ဦးပေါ်ဦးထွက်ပြေးရတယ်။
နန်းလုပွဲတွေဖြစ်တော့ ရက်စက်တဲ့ မိဖုရားခေါင်ကြီးမယ်နုကို သတ်ခါနီးဆရာတော်ကို လာလျှောက်တယ်။ မယ်နု...သူ့ကြွေးရှိကဆပ်ရလိမ့်မည်တဲ့။ တစ်သက်လုံးကိုးကွယ်လာတာ ဒီတစ်ခါပဲ စကားထူးထူးခြားခြားမိန့်တယ်ဆိုပြီး အသတ်ခံရကာနီး မယ်နု နှလုံးသွင်းရာတရားရသွားတယ်။ (အနုတ္တရံ ပုညခေတ္တံ လောကဿ)
စိတ်ကလဲမြန်တယ်။ ရဟန်းငယ်တစ်ပါး ကျမ်းပြုထားတာလာစစ်ခိုင်းတာ။ အမှားတွေ့ရင်အဲ့ဒီခေတ်ကထုံးတို့တယ်။ ရဟန်းငယ်နောက်ရက်ပေလွှာလာယူတော့ သူ့ပေထုပ်ကို ထုံးအိုးထဲ ပစ်ထည့်ထားတာတွေ့ရတယ်။ အဲ့လို။

-မင်းတုန်းမင်းလက်ထက် ဗန်းမော်ဆရာတော်ဆိုတာ ရှိတယ်။ အစက ကိုရင်ပျင်းကြီး။ နောက်စာတတ်ချင်လာတော့ စာကျက်တဲ့အခါ ရေတွင်းပေါ်ပျဉ်ပြားခင်းပြီးအဲ့အပေါ်လှဲပြီးကျက်တယ်။ အိပ်ငိုက်ရင်ပြုတ်ကျနိုင်တယ်လေ။ သူ့ဒကာက သူ့ကျောင်းလာတော့ စာကျကနေရင်း ကလေးတွေ လှေခါးလက်ရန်းစီးသလို စီးပြီးကျက်နေတာတွေ့တော့ တော်တော်စိတ်လေသွားတယ်။ ဒါနဲ့မျှော်လင့်ချက်မထားဘူးပေါ့။ ဒီလိုနဲ့ စာစစ်ပွဲလဲရောက်ရော မေးခွန်းမေးမယ့်ဆရာတော်က စာစစ်တဲ့အခါနည်းနည်းထစ်နေလို့ စာစစ်တဲ့သူကစာကိုမရဘူးလားဆိုပြီး ကြိမ်းမောင်းပြီး မေးသမျှ ဂျောင်းဂျောင်းပြေးဖြေပြလိုက်တယ်လို့ ဆိုတယ်။ မင်းတုန်းမင်း ပေါက်ကရတွေလုပ်ရင်လဲ ပစ်စာတွေ ခဏခဏပေးပြီး ဆုံးမတတ်တယ်။ ဒီဆရာကိုဒီဒကာက စိတ်ဆိုးပေမယ့် ပစ်ပစ်ခါခါလဲမလုပ်နိုင်ပြန်ဘူး။

-နောက်လယ်တီဆရာတော်လောင်းရှင်ဥာဏဓဇဟာ စာသင်ချင်လို့ မန္တလေးကိုလာတာ။မင်းဝံတောင်ကို ခြေကျင်လျှောက်ပြီးလာတယ်လို့ ပြောဖူးတယ်။ အားတိုင်းစာရေးနေတယ်တဲ့။ စာရေးတဲ့အခါ ရေနံဆီမီးအိမ်က ခဏခဏ ကုန်လို့ဖြည့်ရလို့ သံဖြူပုံးကြီးကိုရေနံဆီဖြည့်ပေးထားရတယ်လို့ပြောတယ်။ မြန်မာပြည်မှာ ဝိပဿနာဟာ သထုံဇေတဝန်၊ မင်းကွန်းဇေတဝန်တို့ စတဲ့ဆ၇ာတော်တွေလက်ထက်မှာ ရှိပေမယ့် လက်တီဆရာတော်လက်ထက်ကျမှ ဒီစကားလုံးဟာ တအားကျယ်ပြန့်လာတယ်လို့ဦးဆန်းလွင်က ထောက်ပြပါတယ်။ လယ်တီဆရာတော့်တပည့်ံ မိုးညှင်းဆရာတော်တို့လက်ထက်မှာ တရားစခန်းတွေပိုခေတ်စားလာတယ်။

-အရှင်ဇနကာဘိဝံသ မဟာဂန္ဓာရုံဆရာတော်လောင်းလျာဟာလဲ ဒီလိုပဲ။ စာသင်သားဘဝက အင်မတန်ချို့ငဲ့တယ်။ ဘယ်လောက်ချို့ငဲ့သလဲဆိုရင် ထမင်းငတ်လွန်းလို့ မျက်နှာဟာ အမြဲတမ်း တင်းမှုန်နေတတ်တယ်တဲ့။ ဝိနည်းလဲအတော်လေးစားတာမို့ ဒကာ၊ ဒကာမတွေနဲ့သိပ်မရောဝင်တာမျိုးတွေလဲမလုပ်ခဲ့ဘူး။ ရဟန်းတွေကိုစာသင်ပေးတာတွေကိုသိပ် အလေးထားတယ်။ ပရိယတ္တိမရှိဘဲ ပဋိပတ္တိမထွန်းကားဘူးဆိုပြီးစာကိုကြိုးစားသင်တယ်။ စာသင်တိုက်စထောင်ကာစတုန်းက အိမ်သာတောင် အဆင်မပြေတာကို ဖြစ်အောင်ကြိုးစားရတယ်။ သူ့ကျောင်းက ကိုယ်တော်တွေဟာ ဘုရားခေတ်က ဘုရားဥပဒေအတိုင်းနေရတယ်။ ဒကာတွေ ဒကာမတွေနဲ့ရောတာကိုမကြိုက်ဘူး။ ဘုရားဟောတွေဟာ တိုင်းပြည်အတွက်ပါ ထိရောက်နိုင်တယ်ဆိုပြီး အနာဂတ်သာသနာရေးတွေနဲ့ ဘက ကျောင်းတွေအတွက် ဂျပန်ခေတ်ကတည်းက ကြိုသတိပေးခဲ့တယ်။ နောက် ကလေးတွေကျန်းမာကြံ့ခိုင်ဖို့အတွက် မိခင်တွေက ကလေးတွေကို အာဟာ၇ဘယ်လိုထိန်းသိမ်းသင့်ပုံ၊ ဘယ်လိုမွေးမြူသင့်ပုံစတာတွေကိုပါ အလျဉ်းသင့်သလို ဟောလေ့ရှိတယ်။ စိတ်ဓါတ်သိပ်ပြင်းတယ်။ ဂျပန်ခေတ်ဗုံးကြဲနေတုန်း ဗုံးခိုကျင်းထဲဘယ်တော့မှမဝင်ဘူးတဲ။ စာအရေးလဲမပျက်ဘူးလို့ တအံ့တသြမှတ်ချက်ချကြတယ်။ စာရေးရင်ဘယ်တော့မှ ထိုင်မရေးဘူး။ မတ်တပ်ပဲရပ်လျက်ရေးတယ်။ သူ့တပည့်ရဟန်းတွေကိုလဲ ကိုယ့်အပြုအမူကြောင့် သာသနာတော်ကို အကြည်ညိုမပျက်စေနဲ့ကွဆိုပြီး ဆွမ်းဘုန်းပေးတဲ့နေရာမှာ လက်ကိုထားသိုသင့်ပုံ၊ ဝါးတဲ့နေရာအသံမထွက်စေနဲ့ဆိုတာ၊ အမြန်ကြီးမစားနဲ့၊ အနှေးကြီးမစားနဲ့၊ ပလုပ်ကျင်းရင် အင်မတန်သိမ်မွေ့ပါစေ စသဖြင့်ဝိနည်းနဲ့အညီပြောလေ့ရှိတယ်။

-နောက်ထူးခြားတာ မိုးကုတ်ဆရာတော်။ မိုးကုတ်ဆရာတော်ဟာ တစ်ကယ့်ရဟန်းပညာရှိဖြစ်တယ်။ အမရပူရမှာ ရဟန်းတွေကို ရဟန်းလောကမှာ အနက်နဲဆုံး ပဌာန်းတွေကို ညဝါပို့ချတယ်။ ရဟန်းလောကမှာ စာသင်သားတွေအတွက် ပခုက္ကူ၊ မန္တလေးနဲ့ တောင်မြို့ သုံးနေရာမပြည့်စုံရင် စာအစင်မတတ်ဘူးလို့ မှတ်ချက်ချကြတယ်။ အစဉ်အလာအကြီးဆုံးတောင်မြို့မှာ ရဟန်းအချင်းချင်းစာပြန်သင်တဲ့ကိုယ်တော်ဖြစ်တယ်။ လယ်တီဆရာတော်ဟာ ယခင်က အဘိဓမ္မာတွေဟောတတ်တယ်။ နောက်လယ်တီဆရာတော်ကိုယ်စားဟောခွင့်ံရတယ်။ ဆရာတော်က Teaching နည်းပညာသိပ်ကောင်းတယ်။ ဥာဏ်ကွန့်မြူးတာသိပ်ဆန်းကြယ်တယ်။ အင်မတန်နက်နဲတဲ့ ပဋိစ္စသမုဒ်ပါဒ်ကို စက်ဝိုင်းလိုသရုပ်ပြပုံနဲ့ ခွဲဟောတာ လူပြိန်းတွေ သညာသိတော့နားလည်နိုင်ကြတယ်။ အနှစ်သာရကို လူတွေမဆုပ်မိမှာစိုးလို့ ခပ်တင်းတင်းရင်းရင်း ပြောဆိုဆုံးမတတ်တယ်။ ဓမ္မစရိယဦးဌေးလှိုင်က ခေတ်သစ်ကုမာရကဿပပဲတဲ့။ ကုမာရကဿပဆိုတာ ဘုရားလက်ထက်က ဘုရားတရားတော်တွေကို လူတွေနားလည်အောင် အဆန်းတကြယ်ပြန်လည်သင်ကြားပို့ချတဲ့နေရာမှာ ဧတဒဂ်ပဲ။ ဒီလို ဂုဏ်ပြုတယ်။ သိပ်အချိန်တိကျတယ်။ လမ်းလျှောက်ချိန်၊ ဆွမ်းဘုန်းချိန်၊ စာကြည့်ချိန်၊ စာသင်ချိန်၊ အိပ်ချိန် အကုန်အတိအကျပဲ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ တရားအားထုတ်ဖို့အချိန်တန်ပြီဆိုပြီး ကိုယ်တိုင်သေချာ အချိန်ဇယားနဲ့အားထုတ်ခဲ့တယ်လို့ကြားဖူးတယ်။ သူ့တပည့်ရင်းတွေထဲ ဦးအောင်ဇံဝေတို့လဲပါတယ်။ အာဇာနည်နေ့မှာမသေတဲ့ ဦးအောင်ဇံဝေထင်တာပဲ။

နောက်ပထမရွှေကျင်ဆရာတော်ဆိုတာရှိသေးတယ်။ သိပ်ဝိနည်းလေးစားတယ်။ မင်းတုန်းမင်းက ကိုးကွယ်ချင်တယ်။ ဒါပေမယ့် မန်းလေးတောင်ခြေက လူဆင်းရဲတွေဆီမှာပဲ ဆွမ်းခံကြွတတ်တယ်။ တစ်ရက်ဥယျာဉ်ထဲသတင်းသုံးနေတုန်း သင်္ကန်းရုံမလို့ ပြင်နေခိုက်မင်းတုန်းမင်းဝင်ချလာတယ်။ ဒီတော့ဆ၇ာတော်က မြှောက်နေတဲ့သူ့လက်ကို ပြန်မချဘဲထားလိုက်တယ်။ ချိုင်းမွေးတွေအထင်းသားပေါ်လို့ပေါ့။ အနီးက ကျန်ကိုယ်တော်တွေက ပြောကြတယ်။ ဘယ်လိုဖြစ်တာလဲပေါ့။ ဒီတော့ မှ ဆရာတော်က ဝိနည်းအရ သူများလာမှ ကြည့်ကောင်းအောင်လုပ်တာ အာပတ်သင့်လို့ကွ ဆိုပြီးမိန့်တယ်တဲ့။

နောက် ရဟန်းတော်ဦးသီလ။ ရထားစပေါ်ကာစအင်္ဂလိပ်ခေတ်မှာ ရထားဆိုတာစိးကောင်းသလားမစိးကောင်းသလား မသေချာသေးဘဲ စီးတယ်ဆိုပြီး ဂူဖြူဆရာတော်က ကြိမ်းမောင်းတယ်။ ဦးသီလက လျှမ်းလျှမ်းတောက်ကိုယ်တော်။ နာခံနေလိုက်တာများအင်မတန် ကြည်ညိုဖွယ်လို့စာတင်ကြတယ်။ နိဝါတောစဂုဏ်လို့ခေါ်တယ်။ မိမိကိုယ်ကိုယ်နှိမ်ချခြင်းဂုဏ်။ သောဝစတဿဂုဏ်(စာလုံးပေါင်းမှားနိုင်) ဆိုဆုံးမလွယ်မှုဂုဏ်လို့လဲခေါ်ကြသေးတယ်။

မင်းကွန်းဆရာတော် စာရေးနည်းနဲ့အချိန်အသုံးချနည်းက ရှင်းတယ်။ ဆေးလိပ်သမားတွေ၊ ကွမ်းသမားတွေတောင် ဆေးလိပ်သောက်ဖို့အချိန်ရအောင်ရှာနိုင်သေးရင် ဘုန်းဘုန်းတို့လဲ စာသင်စာချ ကြားထဲအားတဲ့အချိန်ရအောင်ရှာပြီးဘာလို့ စာရေးလို့မရရမလဲလို့ မိန့်တယ်။ အဲ့လို အချိန်ကိုအသုံးချတာ။

နောက်မဟာစည်ဆ၇ာတော်ကြီးတို့ အခုလို ဝိပဿနာတရားစခန်းကြီးတွေ ဟိန်းနေအောင်မဖွင့်နိုင်သေးခင်မှာ အင်မတန် ဇွဲနပဲကြီးကြီးနဲ့ တရားပြသူတွေကိုလိုက်ရှာတယ်။ တွေ့ရင်လဲ အင်မတန်လေးစားစွာ သင်ယူတယ်။ နောက် သထုံဇေတဝန်ဆရာတော်တို့နည်းနဲ့ကိုက်တယ်ထင်ပါတယ်။ ညောင်လွန့်ကိုယ်တော်ကြီးတို့ဆီလဲရောက်ခဲ့တယ်လို့ပြောတယ်။ ဒီကနေ ပဋိပတ်ပေါက်မြောက်သွားခဲ့လိုက်တာ ဆဌသင်္ဂါယနာတင်မှာ သီဟိုဠ်ရဟန်းတော်တွေနဲ့ကျန်ရဟန်းတော်တွေတောင် အံ့သြဘနန်းဖြစ်အောင်ထိုးထွင်းဥာဏ်ထူးကဲတယ်။ ပဋိပတ်မှာ ဥာဏ်ပေါက်ထားတာပေါ့။ ပုစ္ဆကလို့ခေါ်တဲ့အမေးပုစ္ဆာထုတ်သူတွေ။ မင်းကွန်းဆရာတော်ကြီးက အဖြေတွေကိုဖြေဆိုသူနေရာကနေလာတယ်။ ဝိသုဒ္ဓိမဂ်ကိုမြန်မာလို စကားပြေနဲ့ရေးတာ ဒေသနာကောသလ္လ(ဖတ်ရှုစဖွယ်)ဖြစ်အောင်ရေးတတ်ပါပေတယ်လို့ ချီးမွမ်းကြရတယ်။

ဒါတွေက သာသနာပြုခဲ့တဲ့သူတွေပါ။ ရဟန်း အကယ်ဒမစ်စစ်စစ်တွေဆိုပါစို့။ ဘယ်လိုသာသနာပြုခဲ့ကြသလဲ အနည်းအကျဉ်းပေါ့။ ဘယ်လို လူရည်လူသွေးတွေနဲ့လဲဆိုတာပေါ့။ သာသနာပြုတယ်ဆိုတာကို တစ်ဖက်ကနေပြန်ဖွင့်ဆိုပြခြင်းပေါ့လေ။


Shared from Myo Set (FB)

Thursday, January 30, 2014

တိုင်းပြည်ရဲ့ အလှဆုံးမိန်းကလေး


တစ်နေ့မှာ ဘုရားရှင်က ရဟန်းတွေကို ဥပမာလေးနဲ့ ဆုံးမတော်မူပါတယ်။ "ရဟန်းတို့၊ ဆိုကြပါစို့။ ကြီးကျယ်များပြားလှတဲ့
တိုင်းသူပြည်သားများရဲ့ ၀ိုင်းအုံကြည့်ရှုခြင်းကို ခံရတဲ့ တိုင်းပြည်ရဲ့ အလှပဆုံးမိန်းကလေးတစ်ယောက်ရှိတယ်။ အဲဒီ အလှပဆုံး မိန်းကလေးဟာ သိမ်မွေ့လှပါစွာ ကနေတယ်။ သီဆိုနေတယ်။ လူအုပ်ကြီးကလည်း စိတ်ဝင်စားစွာ အသက်ရှုမေ့လောက်အောင်ကို ကြည့်ရှုအားပေးနေကြတယ်။

ပြီးတော့ လူတစ်ယောက်ဟာလည်း သူ့အသက်ကို အရမ်းမြတ်နိုးတယ်။ သေမှာကို ကြောက်တယ်။ ဆိုပါတော့ တစ်စုံတစ်ယောက်က သူ့ကို နုတ်ခမ်းဝထိ ဆီပြည့်နေတဲ့ ပန်ကန်တစ်လုံးကို ပေးပြီး ပြောတယ်
"ဒီမှာ မောင်ရင်၊ မင်းဟာ ဒီဆီပြည့်နေတဲ့ ခွက်ကို ကိုင်ပြီးတော့ ဟိုးမှာ ကနေတဲ့ အလှဆုံးမိန်းကလေး ရှေ့ကနေ ဖြတ်လျှောက်ရမယ်။ မင်းရဲ့ နောက်မှာလည်း လူသန်ကြီးတစ်ယောက်ဟာ ထက်လှစွာသော ဓားကြီး
ကို ချိန်မိုးပြီး နောက်ကနေ လိုက်မယ်။ မင်း ဆီတစ်ပေါက် ဖိတ်တာနဲ့ လည်ပင်းအပြတ်ပဲ"။

ရဟန်းတို့ အဲဒီဆီပန်ကန်ကိုင်တဲ့လူဟာ သူ့ဆီခွက်ကို ဂရုမစိုက်ပဲ သိမ်မွေ့ညက်ညောစွာ ကနေတဲ့ အလှဆုံးမိန်းကလေးကို အာရုံစိုက်ဖြစ်ပါ့မလား? အရှင်ဘုရား သူဟာ သေမှာကို ကြောက်တဲ့အတွက် အလှဆုံးမိန်းကလေးဆီသို့ အာရုံစိုက် မကြည့်နိုင်ပါဘူးဘုရား။

အေး ချစ်သားတို့ အလားတူပဲ သင်တို့ရဲ့ နောက်မှာ သေခြင်းတရားက ကပ်လိုက်နေတယ်။ ဆီပြည့်နေတဲ့ခွက်ကို မဖိတ်အောင် ဂရုစိုက်သလို သင်တို့ဟာ ဒွါရခြောက်ပါးမှ လောဘ၊ ဒေါသ၊ မောဟ၊ မာန စသော အကုသိုလ်ကိလေသာတွေ ၀င်မလာအောင် သတိနဲ့ စောင့်ထိန်းနေရမယ်။ သတိလေးလွတ်ပြီး ကုသိုလ်ပြုဖို့မေ့ပြီး ဒွါရခြောက်ပါးကနေ ၀င်လာတဲ့ ကာမဂုဏ်အပျော်အပါးတွေကို မေ့မေ့လျှော့လျှော့ ခံစားနေမယ်ဆိုရင်တော့ သေမင်းက သင်တို့ကို အချိန်မရွေး ခေါင်းဖြတ်ပြီး အပါယ်လေးပါးကို ပို့လိမ့်မယ် ချစ်သားတို့။

ဒါကြောင့် သင်တို့ရဲ့ ခန္ဓာငါးပါးကို သတိနဲ့ လေ့ကျင့်စောင့်
ထိန်းပါ။ သတိကို တိုးပွားသထက်တိုးပွားအောင် ကျိုးစားပါ။
လုံးဝပြည့်စုံအောင် အားထုတ်ပါ။


(သံယုတ္တနိကာယ)

world of wisdom

Heart Touching Story


ဆရာဝန်တစ်ယောက်ဟာ ဆေးရုံထဲကို အပြေးတစ်ပိုင်းနဲ့ ၀င်လာခဲ့တယ်..။ သူဟာ အရေးကြီးနေတဲ့ ခွဲစိတ်မှုတစ်ခု ပြုလုပ်ရမယ်ဆိုတာကို ဖုန်းလက်ခံရရှိပြီး ချက်ချင်းဆိုသလို အ၀တ်အစားလှဲပြီး ခွဲစိတ်ခန်း ရှိရာဆီကို အပြေးအလွှား ရောက်ရှိလာခဲ့ပါတယ်..။ ခွဲစိတ်ခန်းအရှေ့ဟာ ခွဲခန်းထဲက ကောင်လေးရဲ့ အဖေဖြစ်သူဟာ ဂဏှာမငြိမ်ဖြစ်နေပြီး ဆရာဝန်ဖြစ်သူကို စောင့်စားနေပါတယ်..။ ဆရာဝန်ရောက်လာတာလဲမြင်ရော.. သူက..

"ခင်ဗျား ဒီကိုလာဖို့ ဘာလို့ အဲ့ဒီလောက် ကြာရတာလဲ ? ကျွန်တော့်သား အသက်အန္တရာယ်ရှိနေ တာကို ခင်ဗျား သိရဲ့လား..၊ ခင်ဗျားမှာ စာနာတတ်တဲ့စိတ်..၊ တာဝန်ယူတတ်တဲ့စိတ်လေး နည်းနည်းလေးတောင် မရှိဘူးလား…"

ဆရာဝန်ဖြစ်သူက ပြုံးပြီး အေးဆေးစွာပဲ..

"ကျွန်တော် ဆေးရုံမှာ အဆင်သင့် ရှိမနေခဲ့တဲ့အတွက် ကျွန်တော် စိတ်မကောင်းပါဘူး..၊ ကျွန်တော်လည်း ဖုန်းရတာနဲ့ ချက်ချင်း တတ်နိုင်သလောက် အမြန်ဆုံးလာခဲ့တာပါ..၊ ကဲ..အခု.. ခင်ဗျား စိတ်အေးအေးထားလိုက်ပါတော့..၊ ဒါမှပဲ ကျွန်တော်လည်း ခွဲစိတ်ခန်းကို စိတ်ဖြောင့်ဖြောင့် ၀င်နိုင်မှာ.."

"စိတ်အေးအေးထားရမယ်ဟုတ်လား..၊ အဲ့ဒီ ခွဲစိတ်ခန်းထဲမှာ ရှိနေတဲ့ကလေးဟာ ခင်ဗျားသားဆိုရင် ရော ခင်ဗျား ဒီစကားမျိုးပြောမှာလား..၊ ခင်ဗျားသား အခုပဲ သေဆုံးသွားမယ်ဆိုရင်ရော ခင်ဗျား ဘယ်လိုလုပ်မှာလဲ…"

"ကျွန်တော်တရားနဲ့ ဖြေသိမ့်ပါ့မယ်..။ ကျွန်တော်တို့ဟာ ဒီဘ၀မှာ ခဏတစ်ဖြုတ် လာဆုံကြတဲ့ ဧည့်သည်တွေပါ..။ တစ်ချိန်မဟုတ် တစ်ချိန်ကြရင် ခွဲကြရမယ်ဆိုတာကို တွေးလိုက်မယ်ဆိုရင် ကျွန်တော် ဘာမှခံစားရမှာ မဟုတ်ပါဘူး."

"ကိုယ်တိုင် မကြုံတွေ့ရတဲ့ ဒုက္ခတွေအတွက် အကြံပေးဖို့ဆိုတာ လူတိုင်း လုပ်တတ်ပါတယ်ဗျာ..၊ ခင်ဗျား ကျွန်တော့်ကို တရားချဖို့ မလိုပါဘူး.." လို့ဒေါနဲ့မောနဲ့ အော်ဟစ်ပြီး ထွက်သွားခဲ့ပါတယ်..။

ခဏကြာတော့ ခွဲစိတ်မှုကို စတင်ခဲ့ပါတယ်..။ ခွဲစိတ်မှုဟာ သူရဲ့ ကျွမ်းကျင်မှု ဂရုစိုက်မှု တို့ကြောင့် အောင်မြင်ခဲ့ပါတယ်…။ နာရီအနည်းငယ်ကြာတဲ့အခါမှာတော့ ဆရာဝန်ဖြစ်သူဟာ ခွဲခန်းထဲကနေ ပြုံးရွှင်စွာ ထွက်လာပြီး..

"ဘုရားကိုသာ ကျေးဇူးတင်ပေတော့..၊ ခင်ဗျားသားဟာ အသက်အန္တရာယ်မရှိတော့ပါဘူး.." လို့ ပြောပြီး ကောင်လေးရဲ့ အဖေဖြစ်သူထံမှ စကားသံကိုတောင် မစောင့်တော့ပဲ အလျင်အမြန်ပဲ ပြေးထွက်သွားခဲ့ပါတယ်…။

လူနာကောင်လေးရဲ့ အဖေဖြစ်သူဟာ သူနာပြုဆရာမတစ်ယောက်ကို

"အဲ့ဒီဆရာဝန်က ဘာလို့ အဲ့လောက်ထိ အလျင်လိုနေရတာလဲဗျ…၊ ကျွန်တော်သား အသက်ကို ကယ်တင်ပေးခဲ့တဲ့ သူ့ကို ကျေးဇူးတင်စကားတောင် ပြောဖို့ အချိန်မရလိုက်ဘူး…"

အဲ့ဒီအချိန်မှာ သူနာပြု ဆရာမလေးရဲ့ မျက်ဝန်းမှ မျက်ရည်များ စီးကျလာခဲ့ပြီး

"မနေ့ကပဲ သူ့ရဲ့သားဟာ ကားအက်စီးဒင့် တစ်ခုကြောင့် သေဆုံးသွားခဲ့ပါတယ်..။ မနေ့က ခင်ဗျားသားကို ခွဲစိတ်ပေးဖို့ ဖုန်းဆက်တော့ သူက သူ့သားအသုဘမှာလေ..။ အခုတော့ သူက ခင်ဗျားရဲ့ သားအသက်ကို ကယ်နိုင်ပြီဆိုတော့..၊ သူ့သား အသုဘဆီကို အမီပြန်ရအုံးမယ်လေ…"

( သင်ခန်းစာ - ဘယ်တစ်စုံတစ်ယောက်ကိုမှ အော်ဟစ်ပြီး ဆဲဆိုကြိမ်းမောင်းခြင်း မပြုလုပ်ပါနဲ့..။ သူဟာ သူ့ရဲ့ဘ၀ကို ဘယ်လိုဖြတ်သန်းနေရသလဲဆိုတာ ကိုယ်မှ မသိနိုင်တာပဲလေ…။ )


အောင်ထွန်းဦး

"သေချာတဲ့ လမ်းကို ရွေးပြီးလျှောက်ပါ"


★ တမလွန်ဘဝ နောင်ဘဝကို ဘယ်လိုလုပ်ပြီးတော့ အဖြေရှာမလဲ၊ နောင်ဘဝဖြစ်ဦးမှာလား မဖြစ်ဘူးလား၊ ကိုယ်လုပ်ထားတဲ့ အကုသိုလ်တွေရဲ့ အကျိုးကို ခံရဦးမှာလား၊ မခံရဘူးလား၊
အကုသိုလ်တွေက အကျိုးပေးသလား၊ မပေးဘူးလား ဆိုတာနဲ့ ပက်သက်လာလို့ ရှိရင် အဖြေမထုတ်နိုင်တဲ့အခါမှာ မြတ်စွာဘုရားက သေချာတာလုပ် ဆိုပြီးတော့ မှာခဲ့တယ်၊ အဖြေ မထုတ်နိုင်တဲ့ အခါကျတော့ သေချာတဲ့လမ်းကို ရွေးတဲ့၊ ဘယ်လိုရွေးမတုန်း။

★ ကောင်းပြီ၊ ငါ ဒီဘဝမှာ လူတော်လူကောင်းဖြစ်အောင်
နေလိုက်မယ်၊ လူတော်လူကောင်းဆိုတဲ့ စံနဲ့  ကိုက်အောင်နေလိုက်မယ်၊ လူတော်လူကောင်းဖြစ်အောင် နေလိုက်လို့ရှိရင် နောင်ဘဝရှိတယ် ဆိုလို့ရှိရင်လည်းပဲ အိုကေပဲ၊ နောက်ဘဝမှာ ငါဟာ ကောင်းတဲ့ ဘဝ
ရောက်မယ်၊ နောက်ဘဝ မရှိဘူး ဆိုရင်လည်းပဲ အိုကေပဲ၊
ဒီဘဝမှာ ငါဟာ လူကောင်း လူတော်ဖြစ်တယ်။ ကဲ နှစ်ဖက်စလုံး မကောင်းဘူးလား။

★ ဒီဘဝမှာ ကိုယ့်ကိုကိုယ် လူတော်လူကောင်းဖြစ်အောင် လုပ်ခြင်းဖြင့် နောင်ဘဝရှိရင်လည်း ကောင်းတဲ့ဘဝ ရောက်ဖို့ သေချာတယ်၊ နောင်ဘဝမရှိဘူးဆိုလည်း ဒီဘဝ ငါလူကောင်းပဲ၊ ဟော နှစ်ဖက်ကောင်းတဲ့ လမ်းကိုရွေး။

★ အကုသိုလ်တွေကို တချို့က အကျိုးပေးတယ်လို့ပြောတယ်၊
တချို့ကလည်း အကုသိုလ်တွေ အကျိုးမပေးဘူးလို့လည်း ပြောတယ်၊ ဘယ်ဟာက မှန်သလဲ၊ ကိုယ်တိုင်ဆုံးဖြတ်နိုင်ရမယ်။
မဆုံးဖြတ်နိုင်လို့ရှိရင် သေချာတာလုပ်။ ဘာလုပ်မလဲ၊ အကုသိုလ် မလုပ်ပဲ နေလိုက်ပေါ့။

ဥပမာအားဖြင့် သူများအသက် သတ်လို့ရှိရင် ငရဲကြီးတယ်။
တယောက်က မကြီးဘူး ပြောတယ် ဆိုပါစို့။ ကဲ မသတ်ပဲ နေလိုက်ပေါ့။ မသတ်ပဲနေလိုက်သောအားဖြင့် ကိုယ့်အတွက် ဒီဘဝမှာလည်း ချမ်းချမ်းသာသာနေရတယ်။ အကုသိုလ်က အကျိုးပေးတယ်
ဆိုရင်လည်းပဲ ကိုယ်က မသတ်သည့်အတွက်ကြောင့်
အကျိုးပေးစရာမရှိဘူး။

★ အကုသိုလ်ဆိုတာ မရှိပါဘူးလို့ ပြောတဲ့ ပုဂ္ဂိုလ်တွေရဲ့
အယူဝါဒအရလည်း ပင်ကိုယ်က အကုသိုလ်မရှိတာရယ်၊ ကိုယ်က မလုပ်လို့ မရှိတာရယ်ကြောင့် ဘယ်ဘက်က ကြည့်ကြည့်
ကိုယ့်မှာ အကုသိုလ်ဆိုတာ မရှိဘူး၊ နှစ်ဖက်နှစ်လမ်း ကောင်းသွားပြီ၊ ဟုတ်တယ် မဟုတ်လား။ အကုသိုလ်ကို ကိုယ်တိုင်ကမှ
မလုပ်တာ၊ မလုပ်သည့်အတွက်ကြောင့် အကုသိုလ်က အကျိုးပေးတယ်ဆိုရင်လည်းပဲ ကိုယ်က မလုပ်သည့်အတွက်ကြောင့်
အကျိုးပေးမှာ မဟုတ်ဘူး။

★ အဲဒါ ကာလာမသုတ်မှာ မြတ်စွာဘုရားက ဘဝခရီးလျှောက်တဲ့အခါမှာ သံသယဖြစ်စရာတွေ ကြုံလာလို့ရှိရင် သေချာတဲ့ လမ်းကနေ ရွေးချယ်ပြီးတော့ လျှောက်လို့ ဟောထားတယ်။


(ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)

(ဘခရီးဝယ် ရွေးချယ်ရမယ့်လမ်း တရားတော်မှ)


Shared from နှလုံးသား အာဟာရ (FB)

ကင်စာ အတွက် အထောက်အကူ သင်္ဘောရွက်


ကင်ဆာရောဂါနှင့် အစွမ်းထက် သင်္ဘောရွက် အချို့သည်လည်း သိပြီးသား၊ ဖတ်ပြီးသားများ ဖြစ်ကောင်း ဖြစ်ကြ ပါလိမ့်မည်။

ကိုယ်ကိုယ်တိုင် မခံစား ရသော်လည်း ခံစား နေရသော မိမိ ပတ်ဝန်းကျင်ကို မျှဝေ ပေးခြင်းဖြင့် ကုသိုလ် ယူကြပါစို့...

ဤဆောင်းပါး သည်လည်း ဟိုမှနည်းနည်း ဒီမှနည်းနည်း စုစည်း ထားခြင်းသာ ဖြစ်ပါသည်။ ငွေကုန် ကြေးကျ အလွန်များပြီး ၀မ်းနည်းစရာ အတိပြီး နေသော ကင်ဆာ ရောဂါ ဝေဒနာရှင်များ အတွက် အတိုင်းအတာ တစ်ခုအထိ အကျိုးပြုနိုင် လိမ့်မည်ဟု ထင်မြင်ကာ ပြန်လည် ရေးသား ကုသိုလ်ပြု တင်ပြ အပ်ပါသည်။

သင်္ဘောသီးသည် မြန်မာ လူမျိုးများ အတွက် လွန်စွာ ရင်းနှီးသော အစားအစာ တစ်မျိုး ဖြစ်သည်။ သို့ရာတွင် သင်္ဘောရွက်၏ အစွမ်းကိုမူ လူသိ နည်းလှသည်။ အမှန် တကယ်တွင်တော့ သင်္ဘောရွက်သည် သဘာဝ ဆေးစွမ်း ထက်လှသော အရွက် တစ်မျိုးပင် ဖြစ်လေသည်။

အမေရိကန်၌ သုသေသန လုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား များစွာ ရရှိခဲ့သည်။ ယခုအခါ ဖလော်ရီဒါ တက္ကသိုလ်မှ သုတေသန ပညာရှင်နမ်ဒန်း (Dr. Nam Dang) နှင့် ဂျပန်မှ သူ၏ လုပ်ဖော် ကိုင်ဖက်များက သင်္ဘောရွက်သည် မိန်းမ ကိုယ်ကင်ဆာ၊ ရင်သား ကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် ပန်ကရိယ ကင်ဆာဆဲလ် များကို သတ်နိုင်ကြောင်း Ethnopharmacology ဂျာနယ်တွင် ဖော်ပြခဲ့သည်။ သူတို့အဖွဲ့သည် သင်္ဘောရွက် ခြောက်များကို အသုံးပြု၍ သုတေသန ပြုလုပ်ခဲ့ရာတွင် သင်္ဘော ရွက်ခြောက်ကို လက်ဖက်ရည် ကဲ့သို့ အသုံးပြုခြင်းဖြင့် ကင်ဆာဆဲလ် များကို သေစေ နိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။ သင်္ဘောရွက်မှ စုပ်ယူထားသော အရာများသည် ကိုယ်ခံအား စနစ်ကို ထိန်းညှိရာတွင် အကူအညီပေးသည့် Th1-type cytokins များ ထုတ်လုပ်ခြင်းကို မြှင့် တင် ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ကင်ဆာ ဆဲလ်များကို တိုက်ဖျက်ရာ၌ ကိုယ်ခံအား စနစ်ကို အသုံးပြုသည့် ကုသချက်တွင် သင်္ဘောရွက် များကို အသုံးပြု လာနိုင်တော့ မည်ဟု ဆို၏။ ကမ္ဘာ့နေရာ အနှံ့အပြားတွင် သင်္ဘောရွက်ကို ဆေးဖက်ဝင်သော အရာတစ်ခု အဖြစ် အသုံးပြု နေကြပြီး အထူးသဖြင့် အာရှတိုက်တွင် အသုံး များသည်ဟု ဆို၏။ သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများသည် ပုံမှန်ဆဲလ်များ အပေါ် ဘေးဥပါဒ် ဖြစ်စေမှု လုံးဝ မရှိသောကြောင့် လက်ရှိ အသုံးပြုနေသော ကင်ဆာ ဆေးဝါးများစွာ တို့တွင် ဖြစ်လေ့ရှိသည့် ဘေးထွက် ဆိုးကျိုး များစွာတို့ကို ရှောင်ရှား နိုင်လိမ့်မည် ဟုဆို၏။ သုတေသန ပညာရှင် များသည် ကင်ဆာဆဲလ် ၁၀ မျိုးကို မွေးမြူပြီး သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများနှင့် ၂၄ နာရီကြာ ထိတွေ့ စေခဲ့သည်။ ကင်ဆာဆဲလ် ၁၀ မျိုးစလုံးတွင် သင်္ဘောရွက်ကြောင့် ကြီးထွားမှု အလွန် နှေးကွေး သွားကြောင်း တွေ့ရှိ ခဲ့ရသည်။ ဒေါက်တာဒန်းနှင့် အဖွဲ့သည် သင်္ဘောရွက်မှ နေ၍ ဓာတ်ပစ္စည်းများ ထုတ်ယူခြင်း လုပ်ငန်းစဉ် အတွက် တိုကျို တက္ကသိုလ် မှတစ်ဆင့် မူပိုင်ခွင့် လျှောက်ထားခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

သင်္ဘောရိုး တံတွင် Acetogenin ဓာတုပစ္စည်း ပါဝင်ရာ ၎င်းသည် ဆဲလ်အတွင်းရှိ ATP ထုတ်လုပ်မူ များကို မျှတ စေပါသည်။ ကင်ဆာဆဲလ် များဖြင့် သွေးကြော များရှင်သန်မှုကို Acetogenin က ဖျက်ဆီး ပြစ်ပါသည်။ သင်္ဘောရွက် သတ္တုရည်တွင် Acetogenin အပါအ၀င် ဓာတုပစ္စည်း ၁၀၀ ပါဝင်သည်။ ၎င်းတို့သည် ခန္ဓာကိုယ် ဆဲလ်များကို ဓာတ်ကျဆင်းမှုတွင် ပံ့ပိုး ကူညီပါသည်။ ၁၉၇၆-ခု၊ ဒေါက်တာ မက်လလင်း (ပါကျူး တက္ကသိုလ် ပါမောက္ခ) သည် အမျိုးသား ကင်ဆာသိပ္ပံမှ မေတ္တာ ရပ်ခံချက်ကြောင့် ထိုဆေးပင်၏ ကင်ဆာ ထိရောက်မှုကို စမ်းသပ် ခဲ့သည်။ အပင် ၃၅၀၀ စမ်းသပ်ခဲ့ပြီး အစွမ်းထက် ပစ္စည်း ၅၀-တွေ့ရှိ ခဲ့သည်။ ၎င်းအနက် Acetogenin သည် အလွန် အစွမ်းထက်ပြီး သန်ကောင်များ ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကင်ဆာဆဲလ် တို့ကို တိုက်ဖျက် ပါသည်။ ထို့ပြင် လူနာအား ဆေးကြောင့် ဒုက္ခ မဖြစ် စေခဲ့ပါ။

တုပ်ကွေးရောဂါနှင့် ပတ်သက်၍ အမေရိကန် ကျောင်းသား တစ်ဦးမှ သိရှိရသည်မှာ ၎င်း၏ သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အား ချည့်နဲ့ နေပါသည်။ ဖခင်ဖြစ်သူသည် စိတ်ပူပြီး ဆေးမြီးတိုကို လိုက်ရှာရာ သင်္ဘောရွက် အရည်ကို သာလျှင် မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ် အရေတွက် ၄၅.၅ ရှိကြောင်း၊ သို့သော် သင်္ဘောရွက် ဆေးကို မှီဝဲ ပြီးနောက် သွေးအဆင့် ၁၃၅-အထိ မြင့်တက်သွား ကြောင်း ၊ ဆရာဝန်တို့ တောင်မှ အံ့အား သင့်ပြီး ကလေးကို ဆေးရုံမှ ဆင်းစေသည်။ ထိုသတင်းသည် တစ်မြို့လုံး ပျံ့နှံ့ သွားပါသည်။ ၎င်းတို့၏ ဆေးမြီးတို အရ သင်္ဘောရွက် နှစ်ရွက်ကို ဆေးကြော ထုထောင်း စစ်ချရမည်။ ထိုအခါ အရွက်တစ်ရွက်လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်းမှီဝဲပါ။ ပြုတ်ခြင်း၊ အပူပေးခြင်း မပြုလုပ်ပါနှင့်။ ဆေးအာနိသင်ပြယ်တတ်သည်။ အရွက်ဖွားဖွားကို ရွေးပါ။ အလွန် ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။

(ဆေးမြီးတို) သင်္ဘောရွက် အလတ်စား တို့ကို ဆေးကြောပြီး ဂေါ်ဖီကဲ့သို့ တောက်တောက် စဉ်းကာ ဒယ်အိုးထဲတွင် ရေနှစ် လီတာဖြင့် ပြုတ်ပါ။ အဖုံး ဖွင့်ပါ။ ၄-ခွက် ၂-ခွက်တင် ပြုတ်ပါ။ ထို့နောက်စစ်ပြီး ဖန်ပုလင်းထဲတွင် ထည့်ထားပါ။ ရေခဲ သေတ္တာထဲတွင် ထည့်လျှင် ၃-၄-ရက် ခံမည်။ အကယ်၍ နောက်ကျသွားပါက စွန့်ပစ်လိုက်ပါ။ စားပွဲဇွန်း သုံးဇွန်း(သို့) ၅၀ မီလီမီတာကို ၁ရက် သုးံကြိမ် တိုက်ပါ။ ဤသင်္ဘောရွက် ကုထုံး ဇာတ်လမ်းသည် အခြား ဆေးဖက်ဝင် ကုထုံးများထက် ပိုမို ဆန်းပြားသည်။ ၄င်းအရွက်ကို သီးဖျော်စက်ထဲ ထည့်မွေကာ သောက်ခြင်း သည်လည်း လွယ်ကူလျှင် မြန်သော ပြီးထိ ရောက်သော ဆေးမြီးတို တစ်ရပ် ဖြစ်ပါကြောင်း...... သတင်းကောင်း ပါးအပ်ပါသည်။

လူသား အားလုံး ကင်ဆာ ရောဂါဆိုးကြီး ဖြစ်ခြင်းမှ ကင်းဝေး ကြပါစေ...။


Kyaw Nyein Thant

သဘာဝအတိုင်း အစိမ်းစားခြင်းဖြင့် ကျန်းမာ နုပျိုစေမည့် အစားအစာများ


ချက်ပြုတ် ခြင်းဟာ အစားအစာ ထဲမှာ ပါတဲ့ တချို့ အာဟာရ ဓာတ်တွေကို ဆုံးရှုံး စေတာကြောင့် အစိမ်းစားရင် အစားအစာ ထဲမှာပါတဲ့ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေကို ပိုမို ရရှိ စေပါတယ်။

ဒါပေမဲ့ အစားအစာတိုင်း ကိုတော့ အစိမ်းစားလို့ မရပါဘူး။ အသား၊ ငါးလိုမျိုး အစာတွေ မှာတော့ ရောဂါပိုးတွေ ပါဝင်တဲ့ အတွက်ကြောင့် သေချာ ကျက်အောင် ချက်ပြုတ် ပြီးမှ စားသင့် ပါတယ်။

ဒါပေမဲ့ အောက်ပါအစာ တွေကိုတော့ အစိမ်းစားပေးရင် သင့်ကို ကျန်းမာ နုပျို စေနိုင်ပါတယ်။

-ဓာတ်တိုး ဆန့်ကျင် ဂုဏ်သတ္တိ (Antioxidant) ရှိတဲ့ အစာတွေဟာ အိုမင်းမှုကို ဖြစ်စေတဲ့ ဓာတ်တိုး ပစ္စည်း (Free Radical) တွေကို ဖယ်ရှား ပေးတဲ့ အတွက် အစိမ်းစား သင့်ပါတယ်။ မုန်လာဥနီ၊ သံပရာသီး၊ ဂရိတ်ဖရုသီး တွေမှာ Anti-oxidant တွေ များစွာ ပါဝင်ပြီး အကောင်းဆုံး အာနိသင်ကို ရဖို့ နေ့စဉ် အစိမ်းစား ပေးသင့်ပါတယ်။

-ဆာလ်ဖာ ပါဝင်တဲ့ အစိမ်းစား နိုင်တဲ့ အစားအစာ တွေဟာ သင့်အရေပြား၊ ဆံပင်၊ လက်သည်း ခြေသည်းနဲ့ အဆစ်တွေကို ကောင်းမွန်အောင် ထိန်းသိမ်းပေး နိုင်ပါတယ်။ ကညွတ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်သီးတောင့်အနီ၊ ဖရုံစေ့ စတဲ့ အစားအစာ တွေမှာ ဆာလ်ဖာ ပါဝင်ပါတယ်။

-Phytochemical တွေ ပါဝင်တဲ့ မုန်လာဥနီ၊ ဘယ်ရီသီး၊ တရုတ်နံနံ၊ ပန်းဂေါ်ဖီပွင့်၊ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်ကောင်း တွေကိုလည်း အစိမ်းစားနိုင်ပြီး သင့်ကို ကျန်းမာနုပျို စေနိုင် ပါတယ်။

-ကျောက်ပွင့်လိုမျိုး ပင်လယ်ထွက် အရွက်တွေကို အစိမ်းစားခြင်းဟာ သင့်ခန္ဓာ ကိုယ်ထဲမှာ ရှိတဲ့ အဆိပ်အတောက်တွေကို လျော့နည်းစေပါတယ်။

-အစွမ်းထက် Anti-oxidant ဖြစ်တဲ့ Coenzyme Q 10 ဟာ ခန္ဓာကိုယ်ရဲ့ ဆဲလ် အားလုံးမှာ ရှိပါတယ်။ ဒါပေမဲ့ အသက်ကြီး လာတာနဲ့ အမျှ လျော့နည်း လာပါ တယ်။ မြေပဲနဲ့ ပန်းဂေါ်ဖီ စိမ်းကို အစိမ်းစားခြင်းဟာ ဟန်ချက် ထိန်းနိုင်စေပြီး အိုမင်းမှု ဖြစ်စဉ် တွေကို လျော့ပါး သက်သာ စေပါတယ်။

Tip

အစိမ်းစားမယ့် အစားအစာ တွေကို မစားခင် ရေစင်စင် ဆေးပါ။ အကောင်းဆုံး ကတော့ ဘုံပိုင်က စီးကျနေတဲ့ ရေအောက်မှာ မိနစ် အနည်းငယ် ပွတ်တိုက်ရင်း ဆေးကြောပေးပါ။

Ref: Good Health

အနေဝေးသူတွေရဲ့ အချစ်ရေး ဘာကြောင့်မချမ်းမြေ့ရတာလဲ


အထင်ကြီးခြင်းနဲ့ နှစ်သက်ကျေနပ်ခြင်းတွေ ရှိတဲ့ ပထမပိုင်းလအနည်းငယ် ကုန်ဆုံးသွားတဲ့အခါမှာတော့ အချစ်ရေး ဆိုတာ ထင်သလောက် မလွယ်ကူတော့ပါဘူး။ အနေဝေးနေကြတဲ့ ချစ်သူမျိုးတွေအတွက်ဆို ပိုလို့တောင်မှ ခက်ခဲပါသေးတယ်။
အချစ်ရေးဆိုတာ စိတ်ခံစားမှုတွေ အရင်းအနှီးကြီးစွာ မြှုပ်နှံထားရတဲ့အရာပါ။ အချစ်ရေးတစ်ခု တည်ဆောက်တဲ့နေရာမှာ အားထုတ်မှုတွေလည်း အများအပြား လုပ်ရပါသေးတယ်။ အထင်ကြီးခြင်းနဲ့ နှစ်သက်ကျေနပ်ခြင်းတွေ ရှိတဲ့ ပထမပိုင်းလအနည်းငယ် ကုန်ဆုံးသွားတဲ့အခါမှာတော့ အချစ်ရေး ဆိုတာ ထင်သလောက် မလွယ်ကူတော့ပါဘူး။ အနေဝေးနေကြတဲ့ ချစ်သူမျိုးတွေအတွက်ဆို ပိုလို့တောင်မှ ခက်ခဲပါသေးတယ်။
အဖြေရှာကြည့်တဲ့အခါ အနေဝေးသူတွေမှာ ချစ်ခရီးလမ်းတစ်ခုအတွက် လိုအပ်တဲ့အရာတွေ မလုံလောက်တဲ့ အဖြစ်မျိုး ရှိနေကြပါတယ်။

(၁) လုံလောက်တဲ့ ဆက်သွယ်မှု မရရှိခြင်း
ခိုလေးတွေနဲ့စာပို့တဲ့ခေတ် မဟုတ်တော့သလို ပီဇာမှာရင်တောင် နာရီဝက်ထက် နောက်မကျပဲ အိမ်တိုင်ရာရောက် လာပို့တဲ့ ခေတ်ကြီးထဲမှာ ဆက်သွယ်မှု မလုံလောက်ဘူးလို့ ပြောလိုက်ရင် လက်ခံချင်ကြမှာ မဟုတ်ဘူး။ ဟုတ်ပါတယ်။ သင်တို့မှာ စမတ်ဖုန်းကိုယ်စီရှိကြတယ်။ ဖေ့ဘုတ်စ် ၊ gtalk စတဲ့ application တွေလည်းစုံလို့။ တစ်နေကုန် ဒီapplication တွေသုံးလို့ စကားပြောနေတယ် ဆိုဦး ပြည့်စုံတဲ့စိတ်ချမ်းသာမှု ရရှိလို့လား။ လအနည်းငယ်အကြာမှာ ဒီလိုချည်းပဲ အမြဲတမ်းဝေးနေမယ် ဆိုရင်တော့ တခြားမှန်ကန်တဲ့နည်းလမ်းတစ်ခု ရှာဖွေကြည့်ဖို့ လိုလာပြီလို့ စတင်ခံစားမိလာပါလိမ့်မယ်။

(၂) ယုံကြည်ကိုးကွယ်မှု ကင်းမဲ့လာခြင်း

လိမ်လည်ဖို့ အခါအခွင့်သင့်ပြီး အခြေအနေပေးလာတဲ့အခါ သင့်အနေနဲ့ သူမမသိသေးသရွေ့ ဘာမှမဖြစ်နိုင်ဘူးလို့ ထင်နေလိမ့်မယ်။ ဒီအခါ သစ္စာရှိမှုနဲ့ တစ်ဦးအပေါ် တစ်ဦး ကတိထားမှုတွေဟာ အချိန်တိုင်းမှာ ပျက်ပြယ်နေတတ်ပါတယ်။ တစ်လင်တစ်မယားဆိုတဲ့ စနစ်အပေါ်မှာ စိန်ခေါ်မှုတွေ ရှိလာပါတယ်။ ဒါတွေကို ကြံ့ကြံ့မခံနိုင်တဲ့အခါ သင်တို့ရဲ့ ဆက်ဆံရေးမှာ အဖုအထစ်တွေ ဖြစ်လာပါတော့တယ်။

(၃) အတူတကွ တည်ဆောက်နိုင်သော ရေရာတဲ့အနာဂတ် မရှိခြင်း
သင့်ရဲ့ လူနေမှု ဘ၀ပုံစံ၊ ရွေးချယ်မှုနဲ့ အနာဂတ်အစီအစဉ်တွေ ကြားမှာ နောက်ထပ် ဆုံတွေ့နိုင်ဖို့ သေချာတဲ့ အကြောင်းပြချက်မရှိနိုင်တော့ဘူး။ သင်တို့ရဲ့ ဘ၀နှစ်ခုဟာ မျဉ်းပြိုင်တွေလို ပဲ ဆုံမှတ်တစ်ခုထားဖို့ ခဲယဉ်းလာတဲ့အခါ ဒီဆက်ဆံရေး အေးခဲသွားပါလိမ့်မယ်။ နှစ်ဦးသားမှာ ဆုံတွေ့ချင်စိတ် အမှန်တကယ် ရှိနေကြတယ်ဆိုဦးတော့ အချစ်ထက် ဦးစားပေးရမယ့် အရာတွေ ဘ၀မှာကြုံလာတဲ့အခါ ရင်နာစွာနဲ့ ဒီလမ်းကို ရွေးချယ်ရတတ်ပါတယ်။

(၄) သံသယတွေ ၀င်လာခြင်း

သူမတကယ်ပဲ အတန်းတက်နေတယ်လို့ သင်ဘယ်လိုသိနိုင်မလဲ။ သူမကို အမြဲတမ်း စိတ်မကုန်နိုင်သူ တစ်ယောက်နဲ့ ပါတီမှာ ရှိနေတာများလား။ သူမ လိမ်နေတာများလား။ ဒီလိုပဲ အနေဝေးနေတဲ့ ဆက်ဆံရေးဆိုတာ သံသယတွေများစွာနဲ့ ရှိနေတတ်ပါတယ်။ သင်တို့နှစ်ဦးရဲ့ ဆက်သွယ်မှု မလုံလောက်တော့တဲ့ အချိန်ကစလို့ သူမရဲ့ သစ္စာရှိမှု ၊ သံယောဇဉ်ရှိမှုတွေ အပေါ် အမြဲလိုလို သံသယ၀င်နေပါလိမ့်မယ်။

(၅) ဆက်လက်တည်မြဲဖို့ ဆန္ဒမရှိတော့ခြင်း
ဆယ်ကြိမ် စကားပြောကြတဲ့အခါ ကိုးကြိမ်လောက်က ရန်ဖြစ်နေရမယ်။ အပေါ်မှာ ပြောခဲ့တဲ့ အပျော်ရှာမိတာတွေ ၊ သံသယ၀င်မိတာတွေ ၊ ဆုံတွေ့ဖို့အခွင့်အလမ်း နည်းပါးလာတာတွေကို အခြေခံလို့ သင်တို့ဟာ တစ်ဦးပေါ်တစ်ဦး သည်းခံနိုင်စွမ်းနဲ့ ချိုသာပြေပြစ်စွာ ပြောဆိုနိုင်စွမ်းတွေ ကင်းမဲ့လို့ နေပါပြီ။ ကြာလာတော့လည်း ငြင်းခုံရတာတွေ ၊ ရန်ဖြစ်ရတာတွေကို ငြီးငွေ့လို့ လာပါပြီ။ တစ်ဦးအပေါ်တစ်ဦး အသည်းခွဲလိုတဲ့ ဆန္ဒ မရှိကြသော်လည်းပဲ သင်တို့ရဲ့ ဒီအချစ်ရေးကြီးက အဓိပ္ပါယ်မဲ့လာတယ်လို့ ထင်နေကြပါပြီ။ ဒီအခြေအနေဟာ နှစ်ဦးစလုံးအတွက် စိတ်ဆင်းရဲစရာ အခြေအနေဖြစ်တာကြောင့် တစ်ယောက်ယောက်ကစလို့ သွားခွင့်ပြုလိုက်ပါတော့။

ဒီတော့ အနေဝေးနေတဲ့ ချစ်ခြင်းတစ်ခုကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါ အရေးအကြီးဆုံး ကတော့ သစ္စာရှိမှုပါ။ မမြင်ရ ၊ မတွေ့ရသော်လည်းပဲ သူဟာ ကိုယ့်အပေါ် ကတိတွေချိုးဖောက် နေတယ်ဆိုရင် အလိုလို ခံစားမိတတ်ကြပါတယ်။ ကျန်တဲ့ကိစ္စတွေကတော့ အဆင်ပြေအောင် တတ်နိုင်သမျှ ညှိယူလို့ရကြမယ်လို့ ထင်ပါတယ်။ ဖြစ်တတ်တဲ့ ပြဿနာလေးတွေ သိထားတဲ့အခါ ကြိုတင်ရှောင်ရှားရင်း ပြင်ဆင်လို့ရနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Shared from Myawady News (FB)

အသိဥာဏ်ရဖို့ .........


လူတွေဟာ သေခါနီးကျမှ ကပ်ပြီးတော့ သံဝေဂ ရကြတယ် ........

အချိန်နှောင်းသွားပြီ မရတော့ဘူး။

ဒါကြောင့် - - - သေခါနီးမှာ ကပ်ပြီးတော့ သံဝေဂ မရကြပါနဲ့။ စောစောစီးစီး သံဝေဂရကြပါ။

စောစောစီးစီး ကြိုကြိုတင်တင် လုပ်သင့်တဲ့ အလုပ်တွေကို လုပ်ပါ။လူ့ဘ၀ကိုရတာ အသိဥာဏ်ရဖို့ပါ။

ဘ၀ရဲ့ အနှစ်သာရဟာ အသိဥာဏ်ပါ။ အသိဥာဏ် ဆိုတာမှာ တရားအသိဥာဏ်က အဓိကပါ။

ဒီအသိဥာဏ်ကိုမှ မရလိုက်ရင် တစ်သက်လုံး ရှာတာ သုံးလာတာ သေခါနီး ဘာကျန်သလဲ ? ဘာအဖတ်တင်သလဲ ?

ဘာမှ အဖတ်မတင်ဘူး။ တစ်ခုမှ ယူသွားလို့ မရဘူး။ သွားကြားထိုးတံ တစ်ချောင်းတောင် ယူသွားလို့ မရဘူး။

ဒါကြောင့် - အခုအချိန်ရှိတုန်းမှာ အချိန်မဖြုန်းဘဲနဲ့ စားဝတ်နေရေးအတွက် လုပ်နေရင်းကြားထဲမှာ ရသမျှ အချိန်လေး နည်းနည်းဖြစ်ဖြစ် ငါးမိနစ်ဖြစ်ဖြစ် ရအောင်ယူပြီး တရားအားထုတ်ပါ ။ဆယ်မိနစ် ရရင် ဆယ်မိနစ် အားထုတ်ပါ။ ငါးမိနစ် လေး ငါး ဆယ်ကြိမ်ဆိုရင် နည်းတာ မဟုတ်ဘူး။

တရားအားထုတ်လာရင် တရားအားထုတ်ဖို့အချိန်ကို ယူတတ်လာပါလိမ့်မယ်။

ဒီစကားကို ပြောတာ အကြိမ်များလာတော့ အချို့ တပည့်တွေက လက်တွေ့လုပ်ကြည့်ပြီးတော့ ပြောလာတယ်။

"တပည့်တော်တို့က အရင်တုန်းက တရားအားထုတ်ဖို့ အချိန်မရှိဘူးလို့ ထင်နေခဲ့တာ။ အခုတော့ ရသလောက် အားထုတ်တဲ့ အလေ့အကျင့်ကို လုပ်လိုက်တော့ အချိန်ရလာတယ်" တဲ့။

အရေးမကြီးတဲ့ကိစ္စနဲ့ အပြင်ထွက်တာမျိုး မလုပ်တော့ဘူး။အရေးမကြီးတဲ့ အပျင်းပြေ ဖတ်တဲ့ စာတွေ မဖတ်တော့ဘူး။အရေးမကြီးတဲ့ ရေဒီယို နားထောင်တာ တီဗွီကြည့်တာ ဗွီဒီယိုကြည့်တာ မလုပ်တော့ဘူး။

ဒါတွေလျှော့လိုက်တာနဲ့ပဲ တရားအားထုတ်ဖို့အချိန် တစ်နေ့ နှစ်နာရီ သုံးနာရီလောက် ရနေတယ် တဲ့။ ဒီကြားထဲမှာလည်း သွားရင်း လာရင်း လုပ်ရင်း ကိုင်ရင်း သတိကို ကပ်ထားပါတယ် တဲ့။

အဲဒီလို မရမက ရသလောက် ယူပါ ။

We eat to live, we don't live to eat.

အသက်ရှင်ဖို့ စားနေရတာ ၊ စားဖို့ အသက်ရှင်နေတာ မဟုတ်ဘူး။

စားဝတ်နေရေးဟာ ခန္ဓာဝန်ထမ်းတာပါ။ မလုပ်မဖြစ်ဘူး။ လုပ်ရမယ်။

ဒါပင်မဲ့ - - - လူ့ဘ၀ရတာဟာ အသိဥာဏ်ရဖို့ပါ။ အဲဒီ အသိဥာဏ်ရဖို့ ကြိုးစားကြပါ ........


*** ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ) ၏ ဘ၀ဆိုတဲ့ကျောင်း စာအုပ်မှ ကောက်နုတ်ဖော် ပြပါသည်။ ***

~~~ ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ပါစေ ~~~
Shared from Burmese Treasure (FB)

ဘယ်သူကိုယ့်လောက် ကြီးသလဲ


Friday, January 31, 2014

တနေ့ တော့ နွားကျောင်းသားလေး လေးယောက် အကြွား ပြိုင်ကြသတဲ့ 

ပထမတစ်ယောက်.......ငါတို့  ဘကြီး မွေးထားတဲ့  ကျွဲဘို့ တင်ကြီး ဆိုရင် ဘယ်လောက်ကြီးသလဲ မမေးနဲ့  .. ဟိုတုန်းက ဒူဝံကြယ်ဆိုတာ တောင်အ၇ပ်မှာရှိတာတဲ့ 
သူဘကြီးရဲ့  ကျွဲဘို့ တင်ကြီး နား၇ွက်ကို ခြင်ကိုက်တော့ ကျွဲကြီးက လန့်ပီး ဂျို ခါလိုက်တာ ဒူဝံကြယ်နဲ့  ချိတ်ပီး ဒူဝံကြယ် မြောက်အရပ်ကို ရောက်သွား ဆိုပဲ

ဒုတိယတစ်ယောက်......ငါတို့  အဖိုး ပိုင်တဲ့ သစ်ပင်ကြီးဆို ဘယ်လောက်များ မြင့်လိုက်သလဲမပေးနဲ့ အဲဒီအပင်ပေါ်က ငှက်သိုက် ဥလေးတွေနဲ့ ပြုတ်ကျရင်တောင် ငှက်ဥတွေ အောက်မရောက်ခင်မှာ ငှက်လေးတွေ က အတောင်ပေါက်ပီး ပြန်ထွက်သွားသတဲ့ ..အဲဒီလောက်ကို မြင့်သတဲ့ 

တတိယတစ်ယောက်......ငါတို့ ဘထွေး ပိုင်တဲ စပါးပုံဆိုရင် ဘယ်လောက်မြင့်တယ် မသိ လပြည့်ညဆို လမင်းကြီးထဲက အဖိုးကြီးနဲ့  အဖွားကြီးက ဆန်ဖွတ်ဖို့ အတွက် အဲဒီ စပါးပုံက လှမ်းခပ်သတဲ့ ..

ကဲ.....သူနဲ့မှပဲ အကုန်ရပ်ကြတော့တယ်

နောက်ဆုံးတယောက်.......ငါတို့  အဘိုး တီးတဲ့ စည်တော်ကြီး ဆိုရင် တချက်လောက် တီးလိုက်တာနဲ့  တာဝတိံသာမှာ အိပ်နေတဲ့  သိကြားမင်းနဲ့..အ၀ီစိမှာ အိပ်နေတဲ့  ငရဲမင်းတောင် လန့် နိုးသတဲ့ 

ကဲ....ဒီလိုဆိုတော့ လွန်တာပေါ့ ...အားလုံးက ၀ိုင်းမေးကြပါပီ

ဒါဆို မင်းအဖိုးက ဒီလောက် ကြီးတဲ့  စည်ကြီးကို ဘာသားနဲ့  လုပ်ပီး ဘယ်သရေနဲ့  ကျပ်သလဲတဲ့ .... နောက်ပီး ဒီစည်ကို တီးတဲ့ မင်းအဖိုးကလည်း အကြီးကြီး ဆိုတော့ ဘယ်က ဆန်တွေ ကို စားသလဲတဲ့ လေ

သူဖြေတော့လဲ ဟုတ်တာပဲ

စည်ကိုတော့ ဒုတိယ တယောက် အဖိုး၇ဲ့  သစ်ပင်ကြီးနဲ့ လုပ်ပါ တယ်တဲ့ 
သရေကိုတော့ ပထမ တယောက် ဘကြိး၇ဲ့ ကျွဲကြီး နဲ့  လုပ်ပါတယ်တဲ့ 
သူ့ အဘိုး စားဖို့ အတွက်တော့ တတိယ တယောက်ရဲ့  စပါးပုံကို ဆန်ထောင်းစားပါတယ်တဲ့

ကဲ ................အေးရော

သားငယ်

ပြည်မြန်မာ

Facebook Fan Page



Favorite Collections

https://www.facebook.com/pages/Favorite-Collections/273212476167679

Monday, January 27, 2014

ဆေးဝါးမကူဘဲ ဖြေရှင်းနိုင်သော ဝေဒနာများ


ကျန်းမာရေး ပြဿနာတချို့က ဆေးဝါးမလိုဘဲ မိမိဘာသာ အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။ အောက်ပါ ဝေဒနာတချို့ကို ဆေးဝါးမကူဘဲ အလွယ်တကူဖြေ ရှင်းနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

လေပွခြင်း

ဖြေရှင်းနည်း ။ ။ ဒိန်ချဉ်သောက်ပါ

လေပွတာက အများစုမှာ ဖြစ်တတ်ကြပြီး ဖြစ်နိုင်တဲ့ အကြောင်းတွေ ကလည်း များစွာရှိပါတယ်။ အစာမကြေတာ၊ လက်တို့စ်နဲ့ မတည့်တာ၊ အမျှင် ဓာတ်ကြွယ် ဝတာတွေကို အလွန်အမင်း စားမိတာနဲ့ တချို့ဆေးဝါး တွေကြောင့် လေပွတာကို ဖြစ်စေပါ တယ်။ လေပွတာကို အကျိုးပြု ဘက်တီးရီးယားတွေ နဲ့ အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။ အူလမ်းကြောင်းမှာ အကျိုးပြု ဘက်တီးရီးယား တွေနည်းသွားတဲ့ အခါမျိုး မှာ အစာတွေကို ချေဖျက်ဖို့နဲ့ မှိုပိုးတွေ ပွားများမှုကို ဟန့်တားဖို့ အားနည်းသွား တတ်ပါတယ်။ အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်တဲ့ ဒိန်ချဉ် သောက်ပြီး လေပွတာကို အလွယ်တကူ ဖြေရှင်းနိုင် ပါတယ်။ ဒိန်ချဉ်ကို စတော်ဘယ်ရီနဲ့ ရောပြီး စားနိုင်ပါတယ်။

ဓာတ်မတည့်ခြင်း

ဖြေရှင်းနည်း ။ ။ နှာခေါင်းစည်းတပ်ထားပါ

အမေရိကန်နိုင်ငံမှာ လူပေါင်း ၁၀-၂၀ ရာခိုင် နှုန်းလောက်က ပန်းဝတ်မှုန်တွေနဲ့ ဓာတ်မတည့်မှုကို ခံစားနေရပါတယ်။ ဓာတ်မတည့် တာကြောင့် နှာ ခေါင်းပိတ်တာ၊ နှာရည်ယိုတာ၊ နှာချေတာနဲ့ ဖျား တာတွေကို ခံစားရနိုင်ပါတယ်။ ပန်းပေါင်းစုံဖူးပွင့်တဲ့ ရာသီတွေမှာ အိမ်အပြင်ထွက်တဲ့အခါ နှာခေါင်းစည်း တပ်သွားပါ။ ပျားရည် တစ်နေ့ လက်ဖက်စားဇွန်းတစ် ဇွန်းသောက်ပါ။ လေ့လာသူတွေက ပျားရည်က ပန်း ဝတ်မှုန်နဲ့ ဓာတ်မတည့်မှုဖြစ်တာကို သက်သာစေ တယ်လို့ တွေ့ရှိခဲ့ပါတယ်။

စိုးရိမ်စိတ်များခြင်း

ဖြေရှင်းနည်း ။ ။ တရားထိုင်ပါ၊ ယောဂကျင့်ပါ

အင်္ဂလန်နိုင်ငံမှာ အရွယ်ရောက်သူတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ဘဝတစ်လျှောက်လုံး မှာ စိုးရိမ်စိတ်များတဲ့ ဝေဒနာကို ခံစားနေရပါတယ်။ စိုးရိမ်စိတ်များတာကြောင့် မလိုလားအပ်တာတွေကို မဆင်မခြင်လုပ်တတ်ကြပါတယ်။ ဒီလိုဖြစ်ရတာဟာ ဦးနှောက်အတွင်းမှာ ဟော်မုန်းဓာတ်တွေ မညီမမျှ ဖြစ်တာကြောင့်ပါ။ တရားထိုင်တာ၊ ယောဂကျင့် တာတွေနဲ့ စိုးရိမ်သောကတွေကို လျော့နည်းသက် သာစေပါတယ်။ အရီဇိုးနားတက္ကသိုလ်မှလေ့လာမှု အရ အေရိုးဗစ်လေ့ကျင့်ခန်းပြုလုပ်တာက စိုးရိမ် စိတ်တွေကို လျှော့ချနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

အိပ်ရေးပျက်များခြင်း

ဖြေရှင်းနည်း ။ ။ လက်ဖက်ရည်သောက်ပါ

အိပ်မပျော်တာ၊ အိပ်ရေးမဝတာကို လူတိုင်းနီး ပါး ခံစားဖူးကြမှာပါ။ သင်ရဲ့ လူမှုပေါင်းသင်းဆက် ဆံရေး ကောင်းလွန်းတာက အိပ်ပျက်စေတဲ့ အကြောင်း တစ်ခုပါ။ Facebook စာမျက်နှာတွေ ဖတ်ရှုနေတာ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ချက်တင်လုပ်နေတာ၊ ညဘက်အိပ်ချိန်လွန်တဲ့ အထိ ဖုန်းပြောနေတာတွေ က သင့်ကို အိပ်ပျက်စေတဲ့အကြောင်းတွေပါ။ ကော်ဖီ သောက်မယ့်အစား ချမ်မိုမိုင်းခတ်ထားတဲ့ လက်ဖက် ရည်သောက်ပေးတာက အိပ်ချင်စိတ်ကို ဖြစ်ပေါ် စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

ဗောက်ထခြင်း

ဖြေရှင်းနည်း ။ ။ သံလွင်ဆီ အသုံးပြုပါ

သင့်ဦးရေပြားမှာ ဗောက်ထတာကြောင့် ယား ယံတာ၊ ဆံပင်ပေါ်မှာ ဗောက်တွေ အဖတ်လိုက် ကပ်နေတာ စိတ်အနှောင့်အယှက် ဖြစ်နေပါသလား။ ဦးရေပြား ဗောက်ထတာ အများစုက ဆဲလ်ဟောင်း နေရာမှာ အသစ်လဲတာကြောင့်ဖြစ်ပြီး ဆိုးဆိုးရွားရွား ဗောက်ထ တာမျိုးကတော့ မှိုပိုးကြောင့် ဖြစ်တတ်ပါတယ်။ ခေါင်းမလျှော်ခင် သံလွင်ဆီကို အပူပေးပြီး ဦးရေပြားအနှံ့ သေချာစွာ လိမ်းပြီးမှ ဇင့်၊ လက် ဖက်စိမ်းပါတဲ့ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပါ။


ကျန်းမာရေးသတင်းများ

လိမ္မော်သီး ဖျော်ရည်၏ ကောင်းကျိုးများ


(၁) ကင်ဆာရောဂါကို ကာကွယ်ပေး နိုင်ပါသည်။

(၂) ကိုလက်စရော ဓာတ်ကို လျော့ချပေး နိုင်ပါသည်။

(၃) သွေးတိုးရောဂါ အတွက် ကောင်းမွန်ပါသည်။

(၄) အဆုပ်ကိုလည်း သန့်ရှင်းပေး နိုင်ပါသည်။

(၅) အသားအရည်ကိုလည်း လှပစေနိုင်ပါသည်။

(၆) ရောဂါများ ကိုလည်း ဖယ်ရှားပေးနိုင် ပါသည်။

(၇) မျက်လုံး အတွက်လည်း ကောင်းမွန်ပါသည်။

(၈) ခန္ဓာကိုယ်ကိုယ်လည်း စွမ်းအားဖြစ်စေ နိုင်ပါသည်။

(၉) မောပန်းချိန်တွေ သောက်ပါက အမောပြေစေ နိုင်ပါသည်။ 


ကျော်လင်းနိုင် (ကျန်းမာရေးသတင်းများ)

စောစောအိပ်ယာ ထခြင်းဟာ ကျန်းမာရေး အတွက် ကောင်းမွန်


နံနက်စောစော အိပ်ယာထခြင်းဟာ ကျန်းမာရေး အတွက် ကောင်းမွန်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ နောက်ကျမှ အိပ်ယာထသူတွေထက် စောစော အိပ်ယာထသူတွေက ဦးနှောက်ဥာဏ်ရည်မှာလည်း ပိုမိုကောင်းပါတယ်။ ယနေ့ လူအများစုဟာ ညဥ့်နက်အောင် အလုပ်လုပ်ပြီး နောက်ကျမှ အိပ်တတ်ကြပါတယ်။ တကယ်တော့ အဲဒီလို နေထိုင်ခြင်းဟာ ကျန်းမာရေး အတွက် အလွန်ထိခိုက် ပါတယ်။

နံနက်စောစော လေ့ကျင့်ခန်းလုပ်ခြင်း

နံနက်စောစော ထပြီး လေ့ကျင့်ခန်း လုပ်ခြင်းဟာ ကိုယ်အလေးချိန် မြင့်တက်မှုကို မဖြစ်စေပါဘူး။ ဒါ့အပြင် ဆီးချို သွေးချို ရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ တစ်နေကုန် အညောင်းထိုင်သူတွေ အတွက် နံနက်စောစော လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။

ပျော်ရွှင်မှု ရရှိနိုင်

လေ့လာမှုတွေအရ နံနက်ခင်းမှာ လေ့ကျင့်ခန်း လုပ်သူတွေဟာ ပျော်ရွှင်မှုကို ရရှိနိုင်ပါတယ်။ ဘာလို့ဆိုတော့ လေကောင်းလေသန့်များကို ရှုရှိက်ရခြင်းကြောင့် စိတ်ကို လန်းဆန်းစေနိုင်လို့ပါ။ ဒါကြောင့် အလုပ်ပင်ပန်းလို့ စိတ်ညည်းငွေ့ သူတွေအနေနဲ့ နံနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။

ဥာဏ်ရည်ကို ဖွံဖြိုးနိုင်

ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ နံနက်စောစော ထသူတွေဟာ နေမြင့်မှ ထသူတွေထက် လေ့လာမှု အားကောင်းစေ တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါကြောင့် နံနက်စောစောထပြီး စာကျက်ခြင်းဟာ ကျောင်းသား၊ ကျောင်းသူတွေ အတွက် အကောင်းဆုံးပါ။

သက်ကြီးသူများနဲ့ စောစောအိပ်ယာထခြင်း

နံနက်စောစော အိပ်ယာထပြီး လမ်းလျှောက်သော
သက်ကြီးသူများသည် နေမြင့်မှ အိပ်ယာထသော သက်ကြီးသူများထက် ပိုပြီး ကျန်းမားရေး ကောင်းမွန်ပါတယ်။ ဒါ့အပြင် တစ်ခြားသော ရောဂါများကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။


ကျော်လင်းနိုင် (ကျန်းမာရေးသတင်းများ)

Sunday, January 26, 2014

သတိဖြင့် ဘ၀ပင်လယ်ကူးသူ


■ ကုသိုလ်တရားတို့၌ မမေ့မလျော့မပေါ့မတန်
ထက်သန်သော သတိရှိရင် ဘ၀ပင်လယ် မြစ်ပြင်
ကျယ်ကြီးကို ကူးနိုင်တယ်။ ခန္ဓာဝန်ထမ်းဆောင်ရင်း
စားဝတ်နေရေး အလုပ်လုပ်ရင်းနဲ့တောင်မှ အပ္ပမာဒ
ဆိုတဲ့ သတိလေးကိုင်ထားတဲ့ ပုဂ္ဂိုလ်ဟာ တရား
အလုပ်လုပ်နေတာ၊ ဘ၀ပင်လယ်ကူးနေတဲ့ ပုဂ္ဂိုလ်ပဲ။

■ မအားလို့ ကုသိုလ်မရဘူးဆိုပြီး အားငယ်စရာမလိုပါဘူး၊
ပိုက်ဆံမရှိလို့ ကုသိုလ်မလုပ်ရဘူးဆိုပြီး အားငယ်စရာ
မလိုဘူး၊ နေ့တိုင်းကုသိုလ်ထုပ်ပေါ် တက်ထိုင်နေကြတာ။
အပ္ပမာဒ သတိရှိသူအတွက် စိတ်မနိုင်လို့ ကိလေသာ
ဖြစ်တာတောင်မှ အမြတ်ထွက်တယ်။သတိပဋ္ဌာန်လုပ်ငန်းစဉ်
အသိလေးတွေပါလာတဲ့အခါ ကိလေသာဖြစ်တာတောင်မှ
ဘာဝနာအာရုံဖြစ်သွားတယ်၊

■ အပ္ပမာဒသတိရှိသူတွေအတွက် တကယ်လို့ လူမမာကြီး
ဖြစ်သွားရင်တောင်မှ ဝေဒနာနုပဿနာသတိပဋ္ဌာန်လေး
ကိုင်ပြီး ရှုမှတ် ပွားများ အားထုတ်တတ်ရင် လူမမာဘ၀နဲ့
အမြတ်ထွက်တယ်။သာသာနာအတွင်း လူဖြစ်တဲ့ သတိရှိ
သူအတွက် ဘာမှအရှုံးမထွက်တာမရှိဘူး။အမှိုက်ပုံထဲက
ရွှေထုပ်ကောက်တယ်ဆိုတာ ဒါပေါ့။


Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

Saturday, January 25, 2014

Magic Potatoes for Curing Diseases!! (Both English and Burmese Versions)


(English Version)

Step 1) Clean the three same-sized potatoes. (Don't peer).
Step 2) Blend or grate the potatoes.
Step 3) By using a clean cloth to wrap the pieces of potatoes after blending or gratting, and then get the liquid from squeezing it.
Step 4) If you want to make the liquid more tasty, you can put a little bit of honey.
Step 5) Drink one cup of potato liquid every morning.

If you can drink that potato liquid one to two cups everyday, diseases (such as liver diseases, diabetes, stomachache, kidney diseases, heart diseases, high blood pressures, waist pain, shoulder pain or neck pain diseases) can be cured!

A Japanese monk named "Ashin Tomeezawa" revealed this healthy medicine.

Shared this with the hope for everyone to be healthy due to the easy preparation.

Credit to Original Writer...
and donated for the sake of good health for everyone!

This can also be cured for cancer!
Potatoes for Cancer patients...
Link => http://greenkstar.blogspot.com/2012/01/blog-post_6865.html

For people who are suffering from back pain due to long usage of computers...
Link =>  http://greenkstar.blogspot.com/2013/03/blog-post_2472.html

********************************

(Burmese Version)

အာလူးစိမ်းရည် ဓာတ်စာ


အရွယ်အစားတူ အာလူးစိမ်း ၃ လုံးကိုရေစင်အောင်ဆေးပါ။
(အခွံမနွှာပါနှင့်) အာလူးကို Blender နဲ့ကြိတ် (သို့) သခွားခြစ်နဲ့ ဖြစ်ဖြစ်ခြစ်ပါ။
... သန့်ရှင်းသောပိတ်စိမ်းပါးလေး နှင့် အရည်ညှစ်ယူပါ။ (အုန်းနို့ညှစ်သလို) အဲဒီအရည်ကို အရသာကောင်းချင်ပါက ပျားရည် အနည်းငယ် ထည့်သောက်ပါ။
မနက်တိုင်း တစ်ခွက်နှုန်း သောက်ပေးနိုင်ပါတယ်။

အဲဒီအရည်ကို တစ်ခွက်ကနေ နှစ်ခွက်အထိ နေ့စဉ်သောက်နိုင်မယ် ဆိုရင်တော့ အသည်းရောဂါ၊ ဆီးချိုရောဂါ၊ အစာအိမ်ရောဂါ၊
ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ခါးနာ၊ ပခုံးနာ၊ ကျီးပေါင်းရောဂါ တွေပျောက်ကင်းနိုင်တယ်လို့ ဆိုပါတယ်။

လူအများအတွက် ကျန်းမာရေးဓာတ်စာအဖြစ် ထုတ်ဖော် ဆော်သြခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာဘုန်းတော်ကြီး
အရှင်တိုမီဇာဝ ဖြစ်ပါတယ်။

ကိုယ်တိုင် လွယ်ကူစွာ ဖော်စပ်နိုင်တာကြောင့်
အကျိုးများစေနိုင်မယ် ထင်လို့ ဝေမျှလိုက်ပါတယ်။


Credit to Orginal Writer and
ကျန်းမာရေးအတွက် တဆင့်ကူးယူ ဒါနပြုပါသည်။


*** ကင်ဆာရောဂါအတွက် ''ထူးတဲ့အာလူး'' ***
Link => http://greenkstar.blogspot.com/2012/01/blog-post_6865.html

** ကွန်ပျူတာ သမားများ အတွက် ကိုယ်တွေ့ ခါးနာ ပျောက်ဆေးနည်း **
Link => http://greenkstar.blogspot.com/2013/03/blog-post_2472.html


Thursday, January 23, 2014

ကြက်သားပဲရည်သုပ်၊ စမူဆာပဲရည်သုပ်


ရန်ကုန်မှာဆိုရင် အိသက်မမကြီး ခဏခဏ၀ယ်လာတတ်တာပါ။
ဗဟန်းရေ တာရှည်လမ်းပေါ်က ဗမာမိသားစုရောင်း တဲ့ ကြက်သားပဲရည်သုပ်က သန့်လည်းသန့်ပြီး စားလို့လည်း အလွန်ကောင်းပါ တယ်။
ရောင်းတဲ့ အစ်မကိုယ်တိုင်ကလည်း သနပ်ခါးလေးနဲ့သန့်သန့်လေးရယ်။
တော်တော်စားလို့ကောင်းပါတယ်။ ရှူးရှူး ရှဲရှဲပေါ့။

ပါဝင်ပစ္စည်းများ (လေးချပ်စာ)
...........................................
• ကြက်သား - ၁ကောင်
• တခြားကြက်အစိတ်အပိုင်းများ
• နနွင်းမှုန့် - စားပွဲဇွန်း ၂ ဇွန်း
• ပဲမှုန့် - ဆန်ချိန်ခွက် ၂ ခွက်
• Gram မဆလာ - စားပွဲဇွန်း ၅ ဇွန်း
• ဂေါ်ဖီ - ၁ လုံး
• ငရုတ်သီးစိမ်း - ၁၀ တောင့်
• ကြက်သားမှုန့် - ၂ ဇွန်း
• ပူစီနံ - အနည်းငယ်
• ငရုတ်သီးမှုန့် - လိုသလောက်
• ငံပြာရည် - လိုသလောက်
• သံပရာသီး - လိုသလောက်

ပဲမှုန့်ကို ရေလီတာဝက်စိမ်ထားပါ။ ကြက်သားကို လေးခြမ်းတုံးကာ
ကြက်သားမှုန့် ၂ ဇွန်း၊ မဆလာ၂ ဇွန်း၊ နနွင်းမှုန့် ၂ ဇွန်းထည့်ပြီး
တခြားကြက်အစိတ်အပိုင်းများပါထည့်ကာ ပြုတ်ထားပါ။
ကြက်အသည်းကို အရမ်းမမာအောင် နောက်ဆုံးမှထည့်ပါတယ်။
ကြက်သားများထုတ်ကာ လှီးစိတ်ထားပါ။ ကြက်ပြုတ်ရေကို ချန်ထားပါ။
ငရုတ် သီးစိမ်း၊ ဂေါ်ဖီပါးပါးလှီးထားပါ။

ပဲကျိုရန်
.............
၁။ ပဲရည် ဖြည်းဖြည်းချင်း လောင်းထည့်ပြီးကျိုပါ။
ရေ ၁ လီတာခန့်ထပ်ထည့်ပါ။ ကြက် သားမှုန့် စားပွဲဇွန်း ၂ ဇွန်း၊ မဆလာ ၃ ဇွန်းထည့်ကျိုပါ။
ကြက်သားပြုတ်ရည်များ ပါရောပါ။ ပဲရည်ကျက်ပြီး ပဲစိမ်းနံ့ပျောက်ပြီး
မဆလာနံ့မွှေးတတ်လာပြီဆိုရင် ဟင်း ရေအရသာမြည်းပြီး
အပေါ့၊ အငန်ထပ်ဖြည့်ကာ မီးမျှင်းမျှင်းနဲ့ ပူနေပါစေ။ မပျစ် မကျဲအနေမှာထားပါ။

၂။ ဟင်းရည်ရပြီဆိုတော့ ပွဲပြင်ရအောင်နော်။ ကြက်သားများအရင်ထည့်
လှီးထားသော ဂေါ်ဖီ၊ ငရုတ်သီးစိမ်း၊ ပူစီနံ၊ ငရုတ်သီးမှုန့်တို့ဖြင့် ပွဲပြင်ပြီး
ဟင်းရည်ပူပူကိုလောင်းကာ သံပရာရည်၊ ငံပြာရည်လိုသလိုထည့်စားနိုင်ပါပြီ။

စမူဆာသုပ်
...............
• စမူဆာ
• Chick Pea - ၁ ဘူး
• အာလူး - အနေတော်၎လုံး
• ဂေါ်ဖီ - ၁လုံး
• ငရုတ်သီးစိမ်း - ၅ တောင့်
• ပူစီနံ - အနည်းငယ်
• ငရုတ်သီးမှုန့် - လိုသလောက်
• သံပရာသီး - လိုသလောက်

စမူဆာလေးများကိုကြော်ထားပါ။ အာလူးကိုပြုတ်ပြီး အတုံးသေးလေးများ လှီးထားပါ။
ပဲပြုတ် ရေက အထက်ပါအတိုင်း ပြုတ်နိုင်ပါတယ်။ ကြက်သားပြုတ်ရေမရှိရင်
ကြက်သားမှုန့်သုံးလို့ရပါတယ်။

ပွဲပြင်ရန်
...........
စမူဆာလေးများ ညှပ်ထည့်ပါ။ အာလူး၊ ပဲစေ့၊ ဂေါ်ဖီ၊ ငရုတ်သီးစိမ်း၊
ပူစီနံ၊ ငရုတ်သီးမှုန့်တို့ဖြင့် ပွဲပြင်ပြီး ဟင်းရေပူပူကိုလောင်းကာ သံပရာရည်၊
ငံပြာရည် လိုသလိုထည့်စားနိုင်ပါပြီ။


..................................
Htet Family's Creation
..................................
www.htetfamily.com

“ စိတ်ထိခိုက်ရတဲ့အခါ ... ”



ဖြစ်ပေါ်လာတဲ့ပြဿနာ အပေါ်
အမျှင်မပြတ်အောင် လက်ခံပြီးတွေးနေတတ်တယ်။

အဲဒီလိုတွေးပြီးဝမ်းနည်းကြေကွဲနေရတာကို
• ကိုယ်ကိုကိုယ်တိုင်က ကျေနပ်သလိုလိုလည်း
ခံစားလာတတ်တယ် ။
• ဒီခံစားမှုသောက ကိုလည်း စည်းစိမ်ခံသလို
စွဲလာတတ်တယ် ။

ကြာလာတော့လွမ်းနေရ ၊ ဆွေးနေရမှ
စိတ်ကနေသာ ၊ ထိုင်သာရှိသလိုဖြစ်လာတယ် ။

♦ အံသြစရာကောင်းတာက
စိတ်ဆင်းရဲစရာ ၊ စိတ်ပူစရာ
တစ်ခုခုကိုမရှိပဲနေရတဲ့အခါ
ဟာတာတာဖြစ်နေတတ်တယ် ။

♦ ဒါကြောင့်အဲဒီလိုလူမျိုးဟာ ဝမ်းနည်းစရာတစ်ခုခု
ခံစားဖို့ အမြဲတမ်းပြဿနာရှာနေတတ်တယ် ။

♦ ဒီအခြေအနေရောက်လာပြီဆိုရင်
စိတ်ထိခိုက် ၊ စိတ်ဓါတ်ကျလွယ်တဲ့သူဖြစ်လာပြီး
ကြာရင်ကုစား ရခက်ခဲပါတယ် ။

စာထဲမှာကတော့ဒါကို
“ပဋိဃသံယောဇဉ်” လို့ခေါ်ပါတယ် ။

သံယောဇဉ်ဆိုတာ ကြာလေ ၊ ခိုင်မြဲလေ
ဖြစ်တတ်တာမို့ သတိထားပြီးမြန်မြန်ကုစားဖို့လိုပါတယ် ။

တရားရှုမှတ်မှု ကသာ ဒီအခြေအနေကနေ
အမြန်ဆုံး ကျော်လွှား နိုင်မှာဖြစ်တဲ့အတွက်
နိုင်သလောက်ကစပြီးလုပ်ပါလို့ အကြံပြုလိုက်ပါရစေ။


- (ဗောဓိမြိုင်သစ္စာရွှေပြည် ဓမ္မရိပ်သာဆရာတော်)

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

ရှင်ဥပဂုတ္တ အကြောင်း


(၂၀၀၈- ခုနှစ်၊ ဧပြီလထုတ် မြတ်ပန်းရဂုံ စာစောင်ပါ မောင်ဇေယျာ (ရန်ကုန်)၏ မေးခွန်းကို ဖြေကြားထားခြင်း ဖြစ်ပါသည်။)

မေး။ ။ ရပ်ကွက်ဓမ္မာရုံကဖွင့်သော အလွန် နာမည်ကြီးသော ဆရာတော်ကြီးတစ်ပါး (ပျံလွန်ပြီး)၏ အရှင်ဥပဂုတ္တရဟန္တာဇာတ်
တော် ကို နာကြားလိုက်မိသဖြင့် စိတ်ထဲမှာ မရှင်းလင်းသည့် အချက်များကို မေးချင်စိတ် ပေါ်ခဲ့ရပါသည်။

ထိုဆရာတော်ကြီးက အရှင်ဥပဂုတ္တသည် ယခုအထိ သက်ရှိထင်ရှား ရှိနေသေးကြောင်း ၊ တောင်သမုဒ္ဒရာမှာ ကြေးပြာသာဒ်ဖြင့် သီတင်း
သုံးနေကြောင်း၊ ပိယဒဿီခေါ် ကလေးငယ်အား အရှင်ဥပဂုတ္တ အမည်ဖြင့် မာရ်နတ်ကို နှိမ်နင်းမည့်အကြောင်း မြတ်စွာဘုရားကိုယ်တိုင် ဗျာဒိတ်တော် ထားခဲ့ကြောင်း အကျယ်တဝင့် ဟောပါသည်။

သို့သော် ကျွန်တော်ဖတ်ဖူးသော ဓမ္မစာပေများတွင် အရှင်ဥပဂုတ္တ ဆိုသည်မှာ မဟာယာနတို့ ဖန်တီးထားသော ဇာတ်ဝတ္ထုသာ ဖြစ်ကြောင်းလည်း အကိုးအကားများစွာဖြင့် ပြထားပါသည်။ သို့သော် ပိဋကတ် စာပေတတ်ကျွမ်းသော ရဟန်ပုဂ္ဂိုလ် လူပုဂ္ဂိုလ်အချို့
ကပင် အရှင်ဥပဂုတ္တ တကယ်ရှိကြောင်း ရေးကြပြောကြလေရာ ကျွန်တော်(တို့)မှာ မည်သည်ကို အတည်ယူရမည် မသိတော့ပါ။


ဖြေ။ ။ အရှင်ဥပဂုတ္တ ရှိကြောင်း ရေးသားသောစာပေ ပညာရှင်တို့၏ ကိုးကားရာ ကျမ်းစာများမှာ မဟာယာနကျမ်းများ ဖြစ်သောကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များအနေဖြင့် (ထိုမထေရ် တကယ်ရှိ မရှိ နောက်ထား) ထေရ၀ါဒ သင်္ဂါယနာတင် ပိဋကတ်တော်များ၌ ခိုင်ခိုင်
မာမာ မပါရှိဟူသော အချက်ကို ရှေးဦးစွာ သိထားသင့်၏။

မြတ်ဗုဒ္ဓ၏ ဒေသနာတော်ကို လေ့လာရာ၌ ဘုရားရှင်၏ မူရင်း စကားတော် ဖြစ်သော ပါဠိတော်၊ ထိုပါဠိတော်၌ အသိခက်သော အနက်အဓိပ္ပာယ်တို့ကို ဖွင့်ပြသော အဋ္ဌကထာ၊ ထိုအဋ္ဌကထာကိုပင် ထပ်ဆင့်ဖွင့်သော ဋီကာဟု အဆင့်ဆင့်ရှိရာ ဋီကာဆရာ၏ မှတ်ချက်သည် ပါဠိတော်၊ အဋ္ဌကထာလောက် မခိုင်မာသည်မှာ ထင်ရှားပါသည်။

အရှင်ဥပဂုတ္တ အကြောင်းအရာသည် ပိဋကတ်စာပေတွင် ၀ဇီရဗုဒ္ဓိဟူသော ၀ိနည်းဋီကာကျမ်းတစ်ဆောင်ထဲ၌သာ တွေ့ရ၏။ (သဒ္ဒါကျမ်းကိုကား စာရင်းမသွင်းတော့ပါ။ တချို့ကား မိလိန္ဒပဉှာကျမ်းတွင် လည်း ပါသည်ဆို၏။ သို့ရာတွင် ဆဋ္ဌမူ၌ သူတို့ထုတ်ပြသော ပါဠိကို မတွေ့ရ။)

အရှင်ဥပဂုတ္တဟူသော ရဟန္တာပုဂ္ဂိုလ်တစ်ပါးရှိခဲ့ မရှိခဲ့ကိစ္စကို မငြင်းလိုပါ။ ဗုဒ္ဓဘာသာဝင် မြန်မာလူထု လက်ခံထားသော အရှင်ဥပဂုတ္တနှင့် ပတ်သက်သော ယုံကြည်ချက် လက်ခံထားချက်တို့ကိုသာ ပါဠိတော် အဋ္ဌကထာနှင့် ဆန့်ကျင်မှုရှိ မရှိ စီစစ်ကြည့်လိုပါသည်။

(၁) ရှေးဦးစွာ စီစစ်ပြလိုသည်မှာ ”အရှင်ဥပဂုတ္တသည် ယခုတိုင် အသက်ထက်ရှားရှိသေးလျက် တောင်သမုဒ္ဒရာတွင် ကြေးပြာသာဒ်၌ နေတော်မူ၏” ဟူသော အချက် ဖြစ်၏။
”မယှံ ဘိက္ခဝေ ဧတရဟိ အပ္ပကံ အာယုပ္ပမာဏံ ပရိတ္တံ
လဟုကံ၊ ယော စီရံ ဇီဝတိ သော ၀ဿသတံ အပ္ပံ ဝါ
ဘိယျော။”
”ဒီ။ ၂၊ ၃။သံ။၁၊ ၃၉၈။အံ။၂၊ ၅၀၃-စသည်)

ရဟန်းတို့ ယခုအခါ ငါဘုရား၏ အသက်အတိုင်းအရှည်သည် နည်းပါလှ၏၊ တိုတောင်းလှ၏၊လျှင်မြန်လှ၏၊ အသက်အရှည်ဆုံး သောသူသည် အနှစ်တစ်ရာသော်လည်း၊ အနှစ်တစ်ရာထက် အနည်းငယ် ပိုလွန်၍သော် လည်းကောင်း (အသက်ရှင်နေရ၏) 
(ဒီ။ မြန်။၂၊၁၁)

အပ္ပံ ဝါ ဘိယျောတိ ဝဿသတတော ဝါ ဥပရိ အပ္ပံ အညံ ဝဿသတံ အပတွာ ဝီသံ ဝါ တိံသံ ဝါ စတ္တာ လီသံ ဝါ ပဏ္ဏာသံ ဝါ သဋ္ဌိ ဝါ ၀ဿာနိ ဇီဝတိ။ ဧဝံ ဒီဃာယုကော ပန အတိဒုလ္လဘော အသုကော ကိရ ဧဝံ စိရံ ဇီဝတိ တတ္ထ တတ္ထ ဂန္တွာ ဒဋ္ဌဗ္ဗော ဟောတိ။
(ဒီ၊ဋ္ဌ။၂၊၆)

အနည်းငယ်ပိုလွန်၍သော်လည်းကောင်း-ဟူသည် အနှစ်တစ်ရာထက် အနည်းငယ် ပိုလွန်၍သော်လည်းကောင်းတည်း။ နောက်ထပ် အနှစ်တစ်ရာသို့ မရောက်မူ၍ အနှစ် နှစ်ဆယ်သော်လည်းကောင်း၊ သုံး ဆယ်သော်လည်းကောင်း၊ လေးဆယ်သော်လည်းကောင်း၊ ငါးဆယ် သော်လည်းကောင်း၊ ခြောက်ဆယ်သော်လည်းကောင်း အသက်ရှင် တတ်၏။ သို့ရာတွင် `ဤသို့ အသက်ရှည်သူကား ရှားလှ၏။`ဤ သူသည် ဤမျှ ကြာမြင့်စွာ အသက်ရှင်သတတ်`ဟု ထိုထိုအရပ်သို့ (အထူးအဆန်းသဖွယ်) သွားရောက် ကြည့်ထိုက်၏။ ”

အထက်ပါ ပါဠိတော်အဋ္ဌကထာနှင့် မြန်မာပြန်ဆိုချက်များကို ထောက်ဆ၍ အရှင်ဥပဂုတ္တနှင့် ပတ်သက်သော ခံယူချက်ကို လက်ခံ လျှင် ဘုရားရှင် စကားကို လက်မခံရာရောက်၏။ ထေရ၀ါဒ ပိဋကတ်က မည်သူမဆို အသက်တစ်ရာတမ်းတွင် အသက်နှစ်ရာ ထက် မကျော်နိုင်ဟု ဆို၏။ အရှင်ဥပဂုတ် လက်ခံသူတို့ကား နောင်ဘုရားပွင့်
သည်အထိ အသက်ရှည်မည့်ပုဂ္ဂိုလ်အဖြစ်ယူဆကြ၏။ ဤကား ပထမကွဲလွဲချက်တည်း။

(၂) အချို့ကလည်း `ရဟန်းတို့ မကြံသင့်သော ဈာန်ရပုဂ္ဂိုလ်၏ ဈာန်အရာကို မကြံအပ်၊ ယင်း(ဈာန်အရာ)ကို ကြံသူသည် ရူးသွပ်ရန် ဆင်းရဲပင်းပန်းရန်သာဖြစ်၏။ “ (အင်၊ မြန်။ ၄၊ ၁၀၃)ဟူသော ပါဠိတော်ကို ထောက်ဆ၍ တန်ခိုးအရာ မကြံသာသည်မဟုတ်ပါလော- ဟု မေးလိုကြပေလိမ့်မည်။

တန်ခိုးအရာ မကြံသာသည်မှာ မှန်ပါသည်။ သို့သော်လည်း တန်ခိုးသည် တန်ခိုးအရာ၌သာ စွမ်းနိုင်ပါသည်။ မျက်စိမည်မျှပင် ကောင်းကောင်း အသံကို မမြင်နိုင်ပါ။ နားမည်မျှပင်ကောင်းကောင်း အနံ့ကို မရှုနိုင်ပါ။ အလားတူပင် တန်ခိုးမည်မျှပင်ကြီးကြီး “ပျက်တတ်သော သဘောကို မပျက်အောင် မတားနိုင်ပါ၊ သေတတ်သော သဘောကို မသေအောင် မစွမ်းဆောင်နိုင်ပါ။”

အောက်ပါစကားရပ်မှာ မဟာပရိနိဗ္ဗာနသုတ်လာ ဘုရားရှင် မိန့်တော်မူချက်ဖြစ်၏။ “အာနန္ဒာ၊ မြတ်စွာဘုရားသည်ကား ပြီးစီးခြင်း၏ အခြေခံ ဣဒ္ဓိပါဒ် တရားလေးပါးတို့ကို ပွားများထားပြီး ဖြစ်၏။
လေ့ကျင့်ထားပြီးဖြစ်၏။ တည်ရာကဲ့သို့ ပြုထားပြီးဖြစ်၏။
ဆောက်တည်ထားပြီးဖြစ်၏။ ကောင်းစွာဆည်းပူးထားပြီး ဖြစ်၏။ ကောင်းစွာအားထုတ်ထားပြီး ဖြစ်၏။

အာနန္ဒာ- သို့ဖြစ်၍ မြတ်စွာဘုရားသည် အလိုရှိခဲ့သော် အာယုကပ် ပတ်လုံးဖြစ်စေ၊ အာယုကပ်ထက် လွန်၍ဖြစ်စေ တည်နိုင်ပေ၏”ဟု (မိန့်တော်မူ၏)။” (ဒီ၊မြန်၊၂။၁၁၁)
ယင်းသုတ်အဋ္ဌကထာတွင် “ဧတ္ထ စ ကပ္ပန္တိ အာယုကပ္ပံ။ တသ္မိံ တသ္မိံ ကာလေ ယံ မနုဿာနံ အာယုပ္ပမာဏံ ဟောတိ၊ တံ ပရိပုဏ္ဏံ ကရောန္တော တိဋ္ဌေယျ၊ ကပ္ပါဝသေ သံ ဝါ တိ -“အပ္ပံ ဝါ ဘိယျော” တိ ဝုတ္တဝဿသတတော အတိရေကံ ဝါ။” (ဒီ၊ဋ္ဌ၊ ၂။၁၄၄)ဟု ဖွင့်ဆိုထား၏။

ဆိုလိုရင်းမှာ ဣဒ္ဓိပါဒ်လေးပါး ပွါးများထားသူသည် ကပ်ပတ်လုံးဖြစ်စေ ကပ်ထက်လွန်၍ဖြစ်စေ တည်နိုင်ပေ၏- ဟူရာ၌ ကပ္ပ=ကပ်ဟူသော စကားအရ မဟာကပ်၊ ကပ်ကမ္ဘာစသည်ကို မယူရ၊ လူတို့၏ အသက်တမ်းဟူသော အာယုကပ်ကို ယူရမည်ဟု ဆိုလို၏။

အာယုကပ်ထက်လွန်၍ တည်နိုင်သည်ဟူရာ၌လည်း အနှစ်တစ်ရာထက် အနည်းငယ် ပိုလွန်ကာ နေနိုင်၏။ အနှစ်နှစ်ရာတိုင်အောင် မည်သူမျှ မနေနိုင်။ ဤသို့လျှင် ဘုရားရှင်သော်မှ အသက်နှစ်ရာကျော်အောင် မနေနိုင်ဘဲ ပရိနိဗ္ဗာန် ဝင်စံခဲ့ရပါလျက် အရှင်ဥပဂုတ္တက နေနိုင်သည်ဟု လက်ခံလျှင် အရှင်ဥပဂုတ္တသည် ဘုရားရှင်ထက် တန်ခိုးကြီး၏ဟု ယူဆရပေတော့မည်။

(၃) နောက်တစ်ချက် စိစစ်လိုသည်မှာ အရှင်ဥပဂုတ္တ တန်ခိုးပြသည့် ကိစ္စဖြစ်၏။
“န ဘိက္ခဝေ ဂိဟီနံ ဥတ္တရိမနုဿဓမ္မံ ဣဒ္ဓိပါဋိဟာရိယံ
ဒေဿတဗ္ဗံ၊ ယော ဒေဿယျ၊ အာပတ္တိ ဒုက္ကဋဿ။”
(ဝိ၊၄၊၂၄၇)
“ရဟန်းတို့၊ လူတို့၏ ကုသိုလ်ကမ္မပထ တရားဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို လူတို့အား မပြအပ်၊ ပြသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏။” (ဝိ၊မြန်၊ ၄၊ ၂၇၈)
ဤကား ဘုရားရှင် ပညတ်တော်မူချက် ဖြစ်၏။

ယင်းအဋ္ဌကထာတွင် “ဣဒ္ဓပါဋိဟာရိယန္တိ ဧတ္ထ ဝိကုဗ္ဗနိဒ္ဓိပါဋိ ဟာရိယံ ပဋိက္ခိတ္တံ၊ အဓိဋ္ဌာနိဒ္ဓိ ပန အပဋိက္ခိတ္တာတိ ဝေဒိတဗ္ဗာ။” (ဝိ၊ဋ္ဌ၊၄၊ ၄၆) “တန်ခိုးပြာဋိဟာ -ဟူသော စကားရပ်၌ ဝိကုဗ္ဗနိဒ္ဓိ တန်ခိုးပြာဋိဟာကိုသာ ပယ်မြစ်ခြင်းဖြစ်၏။ အဓိဋ္ဌာန် တန်ခိုး ပြာဋိဟာကိုကား မပယ်မြစ်အပ်ဟု မှတ်အပ်၏။” ဟု ဖွင့်ပြထားပါသည်။

သို့ဆိုလျှင် ဘုရားရှင် ပယ်မြစ်တော်မူအပ်သော ဝိကုဗ္ဗနိဒ္ဓိ တန်ခိုး
ပြာဋိဟာဟူသည် အဘယ်နည်း။
“သာ ဟိ `ပကတိဝဏ္ဏံ ဝိဇဟိတွာ ကုမာရကဝဏ္ဏံ ဝါ ဒေဿတိ
နာဂဝဏ္ဏံ ဝါ၊ ဝိဝိဓမ္ပိ သေနာဗျူဟံ ဒေဿတီတိ” ဧဝံ အာဂတာ ဣဒ္ဓိ ပကတိဝဏ္ဏဝိဇဟနဝိကာရဝသေန ပဝတ္တတ္တာ ဝိကုဗ္ဗနိဒ္ဓိ နာမ။” (သာရတ္ထ၊၁။၁၃၉)ဟူသော ဋီကာအဖွင့်အရ ဝိကုဗ္ဗနိဒ္ဓိဟူသည် -တန်ခိုးရှင်သည် မိမိ၏ ပင်ကိုယ်အဆင်းကို စွန့်၍ မင်းသားသဏ္ဌာန်၊ နဂါးသဏ္ဌာန်ဖြစ်အောင် စီမံပြုလုပ်ကြောင်းဖြစ်သော တန်ခိုးပြာဋိဟာ မျိုး၊ အထူးထူး အပြားပြားသော စစ်ဆင်ဟန် စသည်ကို စီမံ ပြုလုပ်ကြောင်း ဖြစ်သော တန်ခိုးပြာဋိဟာမျိုးတည်း။”

ပင်ကိုယ်အဆင်းကို မစွန့်ဘဲ မိမိကိုယ်ကိုပင် အဆင်းအမျိုးမျိုး၊
ပုံသဏ္ဌာန်အမျိုးမျိုး၊ အရေအတွက်အများအပြားဖြစ်အောင် အဓိဋ္ဌာန်ကြောင်းဖြစ်သော အဓိဋ္ဌာနိဒ္ဓိကိုကား ပြကောင်း၏။ သို့ရာတွင် “မာရ်နတ်သားလည်း မိမိလွှတ်သော လက်နက်မရောက်သည်ကို မြင်လျှင် အမျက်ထွက်၍ ကြီးစွာသော နွားဥသဘအဟန် ဖန်ဆင်း၍ မီးကို ငြိမ်းစေခြင်းငှါ ပြေးလာ၏။ ရှင်ဥပဂုတ်လည်း ကျားအဟန် ဖန်ဆင်း၍ ကြောက်မက်ဖွယ်သော အသံကိုမြည်လျက် လိုက်၏။ လူအပေါင်းတို့လည်း ကြည့်ကြကုန်၏။

မာရ်နတ်သားလည်း နွားဥသဘအဖြစ်ကို စွန့်၍ ဦးခေါင်းခုနစ်လုံး ရှိသော နဂါးအဟန်ကို ဖန်ဆင်း၍ ကျားကို ကိုက်အံ့သောငှါ လိုက်၏။
ရှင်ဥပဂုတ်လည်း ကျားအသွင်ကို စွန့်၍ ဂဠုန်အဟန် ဖန်ဆင်းပြီး
ဖမ်းလေ၏။” (ဇိနတ္ထ၊ ၇၉၃) စသည်ကို ထောက်ဆ၍ အရှင်ဥပဂုတ္တ၏ တန်ခိုးပြမှုမှာ ဝိကုဗ္ဗနိဒ္ဓိ တန်ခိုးဖြစ်ကြောင်း ထင်ရှား၏။

“အရိယာပုဂ္ဂိုလ်ဖြစ်သော ရဟန်းယောက်ျား၊ ရဟန်းမိန်းမ ဟူသော
ပုဂ္ဂိုလ်နှစ်ယောက်တို့သည် စေတနာရှိသည်ဖြစ်၍ အာပတ်သို့ ရောက်
ခြင်းငှါ မထိုက်ကုန်။” (ဝိ၊မြန်၊၅။ ၃၂၉) ဟူသော ပါဠိတော်စကားအရ
အရှင်ဥပဂုတ္တသည် အရိယာပုဂ္ဂိုလ်သာမှန်လျှင် အာပတ်သင့်မှန်းသိ
လျက် ကျူးလွန်မည်မဟုတ်ပါ။

ဤသို့လျှင် အရှင်ဥပဂုတ္တ၏ အတ္ထုပ္ပတ္တိသည် ထေရဝါဒပိဋကတ် နှင့်
ဆန့်ကျင်သော အရာများစွာရှိသောကြောင့် ဆရာအများက တကယ်
မရှိဘဲ လုပ်ကြံဖန်တီးထားသော ဇာတ်ကောင်အဖြစ် မှတ်ယူကြပါသည်။

(၄) “ဧတ္ထာဟ - ကိံ ဘဂဝတော မာရာဝဋ္ဋနပဋိဃာတာယ သတ္တိ နတ္ထီတိ ? အတ္ထိ။ တထာပိဿ ပစ္ဆာ ဥပဂုတ္တကာလေ ပသာဒဟေတုတ္တာ
အဓိဝါသေတိ။” (ဝဇီရ၊ ၆၃)

အထက်ပါ ပါဠိသည် ဝဇီရဗုဒ္ဓိဋီကာလာ စကားရပ်ဖြစ်၏။ မြတ်စွာဘုရား
ရှင် ဝေရဉ္စာပြည်တွင် ဝါဆိုခိုက် မာရ်နတ်၏ လှည့်ပတ်မှု ကြောင့် တစ်ဝါ
တွင်လုံး မြင်းကုန်သည်တို့၏ မြင်းဝိုင်းတို့၌ ဆွမ်းခံကာ မြင်းစာဖြစ်သော
မုယောဆန်တို့ကို ထောင်းကာ ဘုဉ်းပေးကြရသည်ကို အများသိပြီးဖြစ်၏။

အဋ္ဌကထာတွင် ဘုရားရှင်သည် ဝေရဉ္စာပြည်၌ ဝါကပ်တော်မူရန် ပင့်ဖိတ်ထားသော ဝေရဉ္စသူဋ္ဌေးကြီးနှင့် ဝေရဉ္စပြည်သူတို့ မာရ်နတ်လှည့်ပတ်သဖြင့် ဆွမ်းလောင်းဖို့ မေ့လျော့ကြမည်ကို သိပါလျက် မြင်းကုန်သည်တို့အား ချီးမြှောက်တော်မူလို၍ ဝေရဉ္စာပြည် ၌ပင် ဝါကပ်တော်မူခဲ့ကြောင်း -စသည်ဖြင့် အချက်အလက်များစွာကို ဖွင့်ပြထား၏။

သို့ရာတွင် မာရ်နတ်လှည့်ပတ်ခြင်းကို ဘုရားရှင် တားနိုင်/မတားနိုင် ပြဆို
ဆွေးနွေးထားခြင်း မရှိ။ ဝဇီရဗုဒ္ဓိဋီကာတွင်သာ အထက်၌ ထုတ်ပြထား
သော ပါဠိအတိုင်း အမေးအဖြေပုံစံဖြင့် ဖွင့်ပြထား၏။ ထိုပါဠိရပ်၏ အဓိပ္ပါယ်မှာ “ဘုရားရှင်အား မာရ်နတ်လှည့်ပတ်ခြင်းကို တားမြတ်နိုင်သော အစွမ်းသတ္တိ မရှိသလော? ရှိပါ၏။ ထိုသို့ရှိသော်လည်း နောင်အခါ အရှင်ဥပဂုတ္တလက်ထက်၌ ထိုမာရ်နတ်၏ ကြည်ညိုခြင်း၏ အကြောင်း ဖြစ်သောကြောင့် သည်းခံတော်မူ၏။” ဟု ဖြစ်၏။

ထိုစကားရပ်သည် အဋ္ဌကထာ၌ မပါသလို ဝဇီရဗုဒ္ဓိဋီကာ၏ နောက်မှရေး
သော အလားတူ ဝိနည်းအဋ္ဌကထာဖွင့် ဋီကာကြီးနှစ်စောင် ဖြစ်သော
သာရတ္ထဒီပနီဋီကာနှင့် ဝိမတိဝိနောဒနီ ဋီကာတို့တွင်လည်း အရိပ်အမြွက်မျှပင် ထောက်ခံရေးသားမှုကို မတွေ့ရခြင်း၊ ဘုရားရှင်သည် ဝါတွင်းသုံးလပတ်လုံး မုယောဆွမ်းကို ဘုဉ်းပေးရခြင်းမှာ ဝိပါက်တော်ကြောင့် ဖြစ်၏။

မည်သူမျှတားမရသော ကံအကျိုးကို ဘုရားရှင်ရှောင်လွှဲတော် မူလေ့မရှိခြင်း၊ မာရ်နတ်ကိုလည်း သည်းညည်းမခံ တုန့်ပြန် တားမြစ်လေ့မရှိခြင်း စသောအကြောင်းများ ကြောင့် ဝဇီရဗုဒ္ဓိဋီကာလာ စကားရပ်သည် အားနည်းနေသည်ကို တွေ့ရ၏။ ထို့ကြောင့် ဆရာအများက ပမာဏမြောက်သော အကိုးအကားအဖြစ် မမှတ်ယူကြခြင်း ဖြစ်ပေမည်။



မေး။ ။ (၂) ကျွန်တော့်မိတ်ဆွေတစ်ယောက်ကမူ ရှင်ဥပဂုတ္တကို ယုံကြည်ကိုးကွယ်သူ ဖြစ်နေရာ “တကယ်ရှိရှိ မရှိရှိ ကိုယ်စိတ်ထဲမှာ ရဟန္တာအနေနဲ့ ကြည်ညိုကိုးကွယ်တာပဲ အကျိုးရှိပါတယ်” ဟု ချေပပါ သည်။ ထို့ကြောင့် အမှန်တရားတစ်ခုကို ကိုင်စွဲလိုပါသောကြောင့် စာပေ ပညာရှင်များက ဉာဏ်အလင်းပြပေးတော်မူကြပါရန်။

ဖြေ။ ။ (၂) အရှင်ဥပဂုတ္တ တကယ်ရှိရှိ မရှိရှိ ကိုယ့်စိတ်ထဲတွင် ရဟန္တာ
အမှတ်ဖြင့် ကြည်ညိုကိုးကွယ်နိုင်လျှင် အကျိုးရှိသည် မှန်ပါသည်။
ရဟန္တာဟု အမှတ်ရှိပါလျက် မိုးတားပေးဖို့ အစောင့်ချသလို ဆက်ဆံ
လျှင်လည်း အပြစ်ဖြစ်နိုင်ပါသည်။

ဤတွင် ထေရဝါဒကိုးကွယ်မှု အရိုအသေပေးမှု အစဉ်အလာ တစ်ခုကို
ဖော်ပြလိုပါသည်။ မိမိတို့စိတ်တွင် ကြည်ညိုစိတ်ဖြစ်ကာ အရိုအသေပေး
ရာ အလေးအမြတ်ပြုရာတွင် သီလ-သမာဓိ-ပညာစသော ဂုဏ်ကို
အာရုံပြုရသည်လည်း ရှိ၏။ မိမိအပေါ် ကျေးဇူးများမှုဟူသော ဂုဏ်ကို
အာရုံပြုရသည်လည်း ရှိ၏။

ဥပမာ-ဘုရားရှင်နှင့် သာဝကများရှိရာတွင် ဘုရားရှင်ကိုသာ အရိုအသေ
ပြုရ၏။ အခြားသာဝကများအား ဘုရားရှင်နှင့် ထပ်တူမပြုရ။ ဘုရင်ကြွ
လာလျှင်လည်း ဘုရားရှင်ကို ကျောပေးကာ ဘုရင်ကို အရိုအသေမပြုရ။
“မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်ပြီးသော် သင့်၍ ထင်ရှားရှိတော်မူစဉ်
မသင့်သောအာပတ်သည် ရှိ၏။”ဟု ပရိဝါပါဠိတော်တွင် လာရှိ၏။

အဘယ်ကြောင့် အဘယ်အာပတ်သင့်သနည်းဟူမူ မိမိထက် ဝါကြီးသော
ရဟန်းကို ဘန္တေ= (အရှင်ဘုရား)ဟု ခေါ်ရမည့်အစား အာဝုသော=
(ငါ့ရှင်)ဟု အငယ်ကို ခေါ်သည့် အာလုပ်ပုဒ်ဖြင့် ခေါ်ခြင်းကြောင့် ဒုက္ကဋ်
အာပတ် သင့်ခြင်းဖြစ်၏။ သို့ရာတွင် ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်
ကမူ မိမိထက် မည်မျှပင် ဝါကြီးစေကာမူ ဘန္တေ-ဟု မခေါ်ရ။ အာဝုသော- ဟုပင် ခေါ်ရ၏။ ဘုရားရှင်ကိုလည်း ဘန္တေ၊ ရဟန်းအချင်းချင်းလည်း ဘန္တေ-ဟု ခေါ်လျှင် ဘုရားရှင်နှင့် ရဟန်းများကို တန်းတူထားရာရောက်၏။

သီလ သမာဓိ ပညာစသော ဂုဏ်ရည်အားဖြင့် များစွာမကွာခြားသော ပုဂ္ဂိုလ်အများကို ဆည်းကပ်ရာ အရိုအသေ ပေးရာ၌ကား အသက်သိက္ခာကြီးသူကို ရှေးဦးစွာ ဆည်းကပ်ရ၊ အရိုအသေပေးရ၏။ ထိုပုဂ္ဂိုလ်အပေါင်းတွင် မိမိအား အထူးကျေးဇူးများ သော ပုဂ္ဂိုလ်ကို အထူးဆည်းကပ်မှု ၊ အထူးအရိုအသေပေးမှု ပြုနိုင်၏။ အခြားပုဂ္ဂိုလ်များအား မထီလေးစား ပြုရာမရောက်။

အိမ်တစ်အိမ်တွင် အသက်သိက္ခာကြီးမားသော ဒေါ်ကြီး ဒေါ်လေးများ ရှိသော်လည်း မိမိအပေါ် အထူးကျေးဇူးများသော မိခင်ကိုသာ (အဒေါ်ကိုကျော်၍) အထူးဆည်းကပ်မှု အထူးအရိုအသေ ပေးမှု ပြုနိုင်၏။ ဂုဏ်သိက္ခာချင်းတူပါလျက် မိခင်ကိုကျော်၍ အဒေါ်ကိုသာ (တစ်ခုခု ပေးလိမ့်မည်အထင်ဖြင့်) ကပ်ဖားသမှု အထူး အရိုအသေပြုနေလျှင်ကား မိခင်ကို စော်ကားရာ အလေးမရာ ရောက်၏။

သီလ-သမာဓိ-ပညာ စသောဂုဏ်ဖြင့်ပင်ယှဉ်ယှဉ်၊ မိမိတို့အပေါ် (သာသနာတော်အပေါ်) ကျေးဇူးများသည့်ဂုဏ်ဖြင့်ပင် ယှဉ်ယှဉ် အရှင်ဥပဂုတ္တသည် အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန် စသော ပုဂ္ဂိုလ်များထက် မသာလွန်ပါ။ ဤသို့ မသာပါသည်ကို သာသည်ဆိုပြီး ပိုမိုကာ အလေးအမြတ်ထားပါလျှင် “အမေကိုကျော်ကာ ဒွေးတော် လွမ်းခြင်း” သာ ဖြစ်ပါလိမ့်မည်။ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန် စသည်တို့ကို စော်ကားရာ အလေးမထားရာ
ရောက်ပါလိမ့်မည်။

ရုပ်တု ရုပ်ပွား ထုလုပ်ကိုးကွယ်သူတို့၏ မူလရည်ရွယ်ချက်မှာ ရုပ်ပွားတော်ရှေ့တွင် ထိုင်၍ ထိုရုပ်ပွားရှင်၏ ဂုဏ်ကို လွယ်ကူလျင်မြန်စွာ အာရုံပြုနိုင်ဖို့သာ ဖြစ်ပါသည်။ တနည်းအားဖြင့် မိမိတို့သန္တာန်တွင် သဒ္ဓါ-သတိစသော တရားကောင်းများ အလွယ်တကူ ဖြစ်ပွားနိုင်ဖို့သာ ဖြစ်ပါသည်။

ထိုသဒ္ဓါ၊ သတိ-စသော ကုသိုလ်တရားကောင်းများ မိမိတို့ သန္တာန်၌ ဖြစ်ပွား အားကောင်းလာသောအခါ ထိုကုသိုလ်တရားကောင်း တို့၏ စွမ်းအင်ကြောင့် အကျိုးပေးရန် အလှည့်စောင့်နေသော အကုသိုလ်ကံတို့ မှေးမှိန်၍ ကုသိုလ်ကံတို့ အကျိုးပေးခွင့်သာသဖြင့် ကောင်းကျိုးဖြစ်ပွားတတ်သည်လည်း ရှိ၏။ ထိုသူတော်ကောင်းကို နတ်ကောင်းတို့ စောင်မသည့်အခါလည်း ရှိ၏။

သို့ရာတွင် ထိုပုဂ္ဂိုလ်သည် ထိုသဘောတရားတို့ကို မသိမမြင်နိုင်ရကား မိမိကိုးကွယ်သော ရုပ်ပွားက မိမိကို စောင်မကယ်တင်သည်ဟု ထင်လာ၏။ ထိုသို့သော ပုဂ္ဂိုလ်မျိုးကို အကြောင်းပြု၍ ရုပ်တုထုစရာ အရာဝတ္ထုသည် အမျိုးမျိုး အစားစား ကွဲပြားလာ၏။ ယင်း၏ ဂုဏ်သတ္တိလည်း ထူးခြားလာ၏။ တဖန် ရုပ်တု၏ ပုံသဏ္ဌာန်လည်း ကွဲပြားလာပြန်၏။ ဘုရားရှင်ကို ဆင်စီးစေ၏။ မြင်းစီးစေ၏။ မကိုဋ် စလွယ်တပ်ပေး၏။

ရတနာမျိုးစုံ စီခြယ်ပေး၏။ ပုံသဏ္ဌာန် အမျိုးမျိုးအလိုက် တန်ခိုးစွမ်းရည်
အမျိုးမျိုး ကွဲပြားကြောင်း လုပ်ကြံဖန်တီးကြ၏။ ဤသို့ဖြင့် ကိုးကွယ်ဆည်းကပ်ရာတွင် အကျိုးရမှုသည် ကိုးကွယ်ဆည်းကပ်
သူ၏ အဇ္ဈတ္တသန္တာန်၌ဖြစ်သော သဒ္ဓါ၊ သတိစသော ကုသိုလ်တရားတို့နှင့် မဆိုင်တော့ပဲ ဗဟိဒ္ဓသန္တာန်၌ရှိ သော အကိုးကွယ်ခံ ရုပ်တုပုံသဏ္ဌာန်နှင့် ဆိုင်လာ၏။

ဤသို့ဖြင့် ကောင်းနိုးရာရာ လက်ခံကိုးကွယ်လာခဲ့ကြရာ အပြစ်မဆိုသာသော ရှင်သီဝလိ၊ ရှင်ဥပဂုတ်တို့မှ အစပြု၍ သူရဿတီ နှင့် ကာဠီမယ်တော်လည်း ရောက်လာခဲ့၏။ ယခုအခါ ဥတည်ပွားနှင့် ကွမ်ယင်မယ်တော်လည်း ရောက်လာခဲ့ပြီဖြစ်၏။

ဤသို့ဖြင့် “သိပ်အရေးမကြီးပါဘူး၊ စာတတ်ပေတတ် ဆရာတော် ကြီးတွေတောင်မှ ဘာမှမပြောပဲ ကိုယ်ကရေးကြီးခွင်ကျယ် လုပ်နေစရာ မလိုပါဘူး” စသည်ဖြင့် လျစ်လျူရှုတတ်ကြရာ မကြာမီ ဗုဒ္ဓဘာသာဝင်တို့၏ ဘုရားစင်တွင် ရှီဝ၏ လိင်ရုပ်ကိုပါ ဖူးတွေ့ရတော့ မည်ဖြစ်သည်။


ဆရာတော်ရဝေထွန်း (အရှင်တိလောကသာရ)

ထေရဝါဒ အတွင်းရန်သူများ



၁။

“ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးတွေရှေ့က ဂြိုဟ်ခွင် နေ့ဓာတ်နံဓာတ်တွေနဲ့ ဖုံးပြီး ကမ္မဿသတာသမ္မာဒိဋ္ဌိကို မမြင်နိုင်အောင် ဘေးတွေ ခြောက်၊ လာဘ်တွေနဲ့ မြှောက်နေတဲ့ ဗေဒင်ယတြာမှန်သမျှ
သာသနာတော်မှာ ပူးဝင်ကပ်မြှောင်ဖျက်ဆီးနေတဲ့ အဖျက်လုပ်ငန်းတွေလို့သာ မှတ်”

ဦးမာနိက(ကျုံကဒတ်ဆရာတော်)

~~~~~~~~~~~~~~~~~~~~~~~~~~~~

၂။

“မြန်မာပြည်ရှိ လက်ရှိအခြေအနေကို တင်ပြရလျှင် မိမိ၏တာဝန်ကို ကျေပွန်အောင် မဆောင်ရွက်ဘဲ ဓာတ်ရိုက်ယတြာဆင်ပြီး ရာထူးတက်လိုသူများ၊ စီးပွားဥစ္စာတက်လိုသဖြင့် ဂါထာမန္တာန် ရွတ်သူများသည် တန္တရယာန၊ မန္တရယာန၊ ယန္တရယာနအယူများကို
ထေရဝါဒမျက်နှာဖုံးစွပ်ပြီး ထေရဝါဒ၏ အတွင်းရန်သူများ
ဖြစ်မှန်းမသိဖြစ်နေကြလေသည်”

(ဆရာကြီး ဦးရွှေအောင်)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၃။

“လောကမှာ လူတွေက မသိကြလို့ပဲ။ ပိုက်ဆံလည်းမကုန်၊ အချိန်လည်း မကုန်၊ ကံဇာတာညံ့နေတဲ့သူတိုင်းဟာ ဗုဒ္ဓရဲ့ ပရိတ်တော်ကို အမြဲမပြတ်
တစ်နေ့ကို နှစ်ကြိမ်ရွတ်လေ့ရွတ်ထလုပ်ကြမယ်ဆိုရင် လောကီယတြာတွေ မလိုတော့ပါဘူး”

ဆရာမောင်ရင့်ကျူး (မြောင်းမြ)

~~~~~~~~~~~~~~~~~~~~~~~~~~~

၎။

“အထဲက လှိုက်စားနေတဲ့ အနာကြီးကို ပတ်တီးစည်းထားရုံနဲ့ မပျောက်သလို ကံ ကံ၏ အကျိုးကြောင့် ဖြစ်လာတဲ့ သဘောတရားတွေကို ယတြာနဲ့ ဘယ်တော့မှမပျောက်ဘူးလို့ မှတ်ထားစေချင်တယ်”

(ဆရာ ပန်းဒကာကိုတင်မြင့်)

~~~~~~~~~~~~~~~~


မင်းနန်(မော်ကျွန်း)
အမှောင်မှသည် အလင်းဆီသို့ (နှာ ၃၆/၃၇) မှ
ကောက်နုတ်ပူဇော်ပါသည်။

အဆောင်လက်ဖွဲ့


ကျောင်းမှန်မှန်တက် (စာမခက်ပါဘုရား)၊
စာမှန်မှန်ကျက် (စာမခက်ပါဘုရား)၊

အတန်းတက်ရမှာ။

အခုတော့ စာပေသင်တုန်းကတော့ ဘိုင်စကယ်တစ်စီးနဲ့ တစ်မြို့လုံး အလေလိုက်နေတာ။ စာမေးပွဲနီးခါမှ ဘောလ်ပင်လေး မန်းပေးပါဦး၊ ပေတံလေး မန်းပေးပါဦးနဲ့ အာပုပ်စော်နံရုံအပြင် ဘာများဖြစ်လာဦးမှာလဲ။ ပြောစမ်း။

ဘာညွန့်ကလေး ဆောင်လိုက်ပါဦး၊ ညာညွန့်ကလေး ဆောင်လိုက်ပါဦး။

စာမေးပွဲနီးရင် ဘုန်းကြီးကျောင်းက ကံ့ကော်ပင်လည်း မခံနိုင်ဘူး။
ဘာလုပ်တာတုံး ဒါတွေက။ ဒီကံ့ကော်ညွန့်တွေ၊ သပြေညွန့်တွေက တို့အပေါ် ဘာစေတနာရှိလဲ။ (ဘာစေတနာမှ မရှိပါဘုရား)။
ဘာမှ စေတနာမထားနိုင်တဲ့ဟာတွေကို တခြားက ရိုက်စားလုပ်တာနဲ့
အဟုတ်ထင်ပြီး လုပ်နေကြတာ။

ဒါကြောင့် ဘုန်းကြီးက စာမေးပွဲနီးလာပြီဆိုရင် ဝါးရင်းတုတ်ထမ်း စောင့်နေတာ။ ကျောင်းတက်တုန်းကတော့ ကျောင်းမှန်မှန်မတက်၊ စာမှန်မှန်မကျက်ဘဲနဲ့ ခုမှ ကံ့ကော်ညွန့်ဆောင်ချင်တာနဲ့၊ ဘာဆောင်ချင်တာနဲ့ အဓိပ္ပာယ်မဲ့လုပ်ရပ်တွေ သိပ်လုပ်နေတယ်။
လောကဦးနှောက်မရှိဘူး။ ပြောလိုက်ရင် ဘွဲ့ထူးတွေ ဘီအေ၊ ဘီအီးဒီ၊ ဘမ်ဘီဘီအက်စ်နဲ့။ ပြီးတော့ လမ်းဘေးက ကိုယ့်လောက်မှ အဆင့်မရှိတဲ့လူတွေက ပြောတာ နားထောင်နေကြတယ်။
ဦးနှောက်က ဘယ်လောက် အောက်တန်းကျသွားသလဲ။


အရှင်နရပတိ ဖြူးဆရာတော်
~~~~~~~~~~~~~~~~
မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၄ရ၅) မှ
ကောက်နုတ်ပူဇော်ပါသည်။

Wednesday, January 22, 2014

ရုပ်ပွားဆင်းတု ကိုးကွယ်နည်း


အကျိုးကျေးဇူးတွေရလာအောင် ဘုရားကို ကြည်ညိုတတ်ကြတယ်။
အဲဒီလိုကြည်ညိုတော့ ဒီပုံဆိုရင်တော့ အန္တရာယ်မင်းမယ်၊
ဒါနဲ့ ထုထားရင်တော့ အန္တရာယ်ကင်းမယ်ဆိုပြီးတော့ အဲဒီလို ကြည်ညိုတတ်ကြတာပဲရှိတယ်။

ဒီအသားနဲ့ထုရင်၊ ဒီပုံထုရင်တော့ လာဘ်လာဘတွေ ပေါမယ်ဟေ့၊
စီးပွားဥစ္စာတွေ တက်တယ်ဟေ့ ဆိုပြီးတော့ ကြည်ညိုတတ်ကြတာတွေ ရှိပါတယ်။

အဲဒီလို ကြည်ညိုတဲ့အခါ သဒ္ဓါတရားကို ပြန်ကြည့်ပါ။

အန္တရယ်ကင်းအောင်၊ အန္တရာယ်တွေ မလာရအောင် လို့၊ ဟာ - ဒက္ခိဏသာခါဆိုရင် မီးကွင်းတယ်ဟေ့၊ ဘာသားဆိုရင် ဘယ်လိုဖြစ်တယ်ဟေ့၊ ရေဆန်သားဆိုရင် ဘယ်လိုဟေ့ စသည်အားဖြင့်
အန္တရာယ်တွေကင်းအောင် ကိုးကွယ်တယ်ဆိုတာက ကြောက်တဲ့ ဒေါသ ပါနေတယ်။

အန္တရာယ်ကင်းအောင်လို့ ကိုးကွယ်တာထက် ကိုးကွယ်ရင် အန္တရာယ် ကင်းတယ်ဆိုတဲ့ အသိချင်းက ကွာသွားပြီ။

အန္တရာယ်ကင်းအောင် ကြောက်လို့ ကိုးကွယ်တယ်ဆိုရင်တော့
အဲဒီ သဒ္ဓါတရားက အားနည်းသွားတယ်။ အစစ်လည်း ဖြစ်ခဲတယ်။

နောက်တစ်ခုက အကျိုးစီးပွားတွေဖြစ်အောင်လို့ ကိုးကွယ်တယ် ဆိုပြန်တော့လည်းပဲ ဘာတွေ ရောတတ်သလဲဆိုတော့ လောဘ ရောတတ်တယ်။

ဟာ - ဒီဘုရားကို ဒီလိုပုံလေးထုမှ လာဘ်လာဘတွေ ရွှင်တယ်ဆိုရင်
အဲဒီအတိုင်း လိုက်လုပ်ကုန်ရော။ အဲဒီအတိုင်းလိုက်လုပ်တော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ လက္ခဏာတော်ကြီးငယ်တွေ အကုန်ပျောက်ကုန်ရော။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ လက္ခဏာတော်ကြီးငယ်တွေနဲ့ တူအောင်လို့ ဆိုတာ တကယ့်ကို သဒ္ဓါတရားနဲ့ ပုံတော်ကို ကြည်ညိုတဲ့နေရာမှာ စိတ်ထဲကကို ဘုရားရှင် ကိုယ်တော်မြတ်ကို လက္ခဏာတော်ကြီးငယ်တွေနဲ့ ဒီလိုပုံ ဒီလိုပုံလို့ သိလေလေ၊ ပိုပြီးတော့ သဒ္ဓါက တက်လေလေပဲ။

သဒ္ဓါက တက်လာတော့ ဦးပဉ္စင်းတို့ စောစောက ပြောသလို
ဘုရားဆင်းတုတော်ကို ရွေးတယ်၊ ရွေးတယ်ဆိုတဲ့ သဒ္ဓါတရားက တကယ့် သဒ္ဓါတရား မဟုတ်သေးပါဘူးတဲ့။

တကယ့် သဒ္ဓါတရား အစစ်ကျတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ လက္ခဏာတော်ကြီးငယ်တွေကို အာရုံပြုတယ်။ လက္ခဏာတော် ကြီးငယ်တွေကို ဘာကြောင့် အာရုံပြုတတ်တာလဲဆိုတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ အသားအရေတွေ၊ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ ခြင်္သေ့မင်းကဲ့သို့ ရင်ဘတ်တော်တွေ၊
အဲဒါတွေကို မြင်လိုက်တွေ့လိုက်ရတာနဲ့ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ဖြည့်ဆည်းခဲ့တဲ့ ပါရမီတွေအထိ သွားမြင်တယ်။


(ဓမ္မဒူတ အရှင်ဆေကိန္ဒ ဆရာတော်)
~~~~~~~~~~~~~~~~~~~~
မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၅၄၃) မှ
ကောက်နုတ်ပူဇော်ပါသည်။

သာသနာပွဲ ... ဘယ်လဲ? .... ဘာလဲ?


သာသနာပွဲဆိုတာ တစ်နည်းအားဖြင့်
ဘုရားကိုလှူထားတဲ့ ဘုရားပွဲ မဟုတ်လား။

ဘုရားမှာ အုန်းသီးစိမ်းနဲ့ ငှက်ပျောသီးစိမ်းကို ပွဲလုပ်ပြီးလှူတာ။
ဂိုဏ်းသမားတွေ လုပ်ကြတာပဲ။

သူတို့ကတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ကြတယ် မသိဘူး။

တကယ်ဆိုရင် ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို စားဖွယ် သောက်ဖွယ်တွေ လှူမယ်ဆိုရင် အဆင်သင့် ဘုဉ်းပေး သုံးဆောင်နိုင်အောင် စီစဉ်ပြီးလှူရတယ်။

သံဃာတော်တွေက အုန်းသီးကို ကိုယ်တိုင်ခွဲ၊ ငှက်ပျောသီးကို ကိုယ်တိုင်အုပ်ပြီးစားတာ တွေ့ဖူးလို့လား။ အဲဒီလိုလုပ်ရင်လည်း အာပတ်တွေ သင့်တော့မှာပေါ့။

နောက်ပြီး စားသောက်ဖွယ်ကိုလှူရင်လည်း မွန်းမတိမ်းခင်လှူရတယ်။
မွန်းတိမ်းသွားရင် ဘုရားအမှူးရှိတဲ့ သံဃာတော်တွေက အဲဒီ လှူဖွယ်ဝတ္ထုကို အကပ်မခံကြဘူး။

ကာလလွန်ပြီ ဖြစ်တဲ့အတွက် အလှူဒါန်းသူမှာလည်း အလှူရဲ့အကျိုးကို ရသင့်သလောက် မရဘူး။

အခုတော့ အုန်းပွဲငှက်ပျောပွဲကို ၂၄နာရီပတ်လုံးသာမက ငှက်ပျောသီး မမှည့်မချင်း၊ အုန်းမသီးမခြောက်မချင်း ဘုရားစင်ပေါ် တင်ထားတာဆိုတော့ ဘုရားရှင်ကို စောင့်ကြည့်ခိုင်းထားသလို ဖြစ်မနေဘူးလား။

ငှက်ပျောသီးလည်း မှည့်ရော၊ အစိမ်းနဲ့ လဲ၊ အမှည့် စားလိုက်ကြရော မဟုတ်လား။

တစ်ခါတလေ ငှက်ပျောသီးဟာ အမှည့်လွန်ပြီး ပုပ်နေတာတောင် တွေ့ဖူးတယ်။

အဲဒီတော့ သာသနာပွဲလှူတဲ့အဓိပ္ပာယ်က ဘယ်လို အကျိုးသက်ရောက်တော့မှာလဲ။

တကယ်ဆိုရင် ပွဲက အဓိကမဟုတ်ပါဘူးဗျာ။
ကိုယ်ကျင့်တရားကသာ အဓိကပါ။

ကိုယ်ကျင့်တရားမကောင်းဘဲ ပွဲတွေ လမ်းတွေ ဘယ်လောက်လုပ်နေနေ
ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။


စာရေးဆရာကိုမြင့်ဌေး (ဟင်္သာတ)
~~~~~~~~~~~~~~~~~~~~
မင်းနန်(မော်ကျွန်း)
အမှောင်မှသည် အလင်းဆီသို့ (နှာ-၅၁) မှ
ကောက်နုတ်ပူဇော်ပါသည်။

အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ…


တခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါး နန်းတက်ခဲ့တယ်…… ထိုတိုင်းပြည်ရဲ့ အနီးအနားမှာ အလွန်းအင်အားကြီးပြီး စစ်လိုလားတဲ့ ဘုရင်ကြီးတစ်ပါးရှိတယ်….. ထိုဘုရင်ကြီးဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့ အတွေးအ ခေါ်တွေကို သဘောကျလို့ အခွင့်အရေးတစ်ခုပေးလိုက်ပါတယ်…..
အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲတဲ့ မေးခွန်းတစ်ခုပါ…. ဘုရင်ငယ်လေးအတွက် အချိန်တစ်နှစ်ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်….
“လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ “ အဲဒီမေးခွန်းကတော့ ဘုရင်းလေးနဲ့ ပညာရှိအမတ်တွေကို ခက်ခဲရှုတ်ထွေးစေ တော့တာပါဘဲ…..တချိုက မဖြစ်နိုင်တဲ့ မေးခွန်းလို့ထင်ကြတယ်……

ဒါပေမယ့် အချိန်းတစ်နှစ်ရဖို့အတွက် အဖြေရှာဖို့ လက်ခံလိုက်ရတာပေါ့။ဒါနဲ့ သူ့တိုင်းပြည်မှာရှိတဲ့ မင်းညီမင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရားသူကြီးတွေ၊ ပြည်သူပြည်သားတွေနဲ့ ပြည့်တန်ဆာ အမျိုးသမီးတွေပါ မကျန် ဆင့်ခေါ်ပြီး အဖြေရဖို့ ကြိုးစားပါတော့တယ်….

ဒါပေမဲ့ ပြည့်စုံ ကျေနပ်ဖွယ်ရာ အဖြေတော့ မရခဲ့ပါဘူး…. နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့ စုန်းမအိုကြီး တစ်ယောက် သာလျှင် ဒီအဖြေကို ဖြေနိုင်လိမ့်မယ်လို့ လျှေက်တင်ကြတယ်…..စုန်းမကြီးဟာ အလွန်တန်ဖိုးကြီးတဲ့ အဖိုးအခကိုတောင်းဆိုလိုက်ပါတယ်… အဖြေပေးရမဲ့ နောက်ဆုံးရက်ဟာ တဖြေးဖြေးနီးလာပါပြီ….စုန်းမကြီးဟာလဲ သူ့တောင်းဆိုချက်ကို အရင်လိုက်လျှောမှ အဖြေပေးနိုင်မယ်လို့ ဆိုပါတယ်… တောင်းဆိုချက်ကတော့ ဘုရင်လေးရဲ့ ယုံကြည် အားအကိုရဆုံးသူငယ်ချင်း လဲဖြစ်၊ နိုင်ငံရဲ့ သူရဲကောင်း စစ်ဦးစီးလဲဖြစ်တဲ့ အမတ်ကြီးကို လက်ထပ်ပေး ဖို့ပါဘဲ….

ဘုရင်လေးလဲ အလွန်တုန်လှုပ် ချောက်ချားနေတာပေါ့… စုန်းမကြီးပုံစံက ခါးကုန်းကုန်း၊ ကျောကုန်းဘုနှင့် အမြင်ဆိုရွားလှတယ်။သွားကလဲ ရှေသွား တစ်ချောင်းထဲရှိတယ်… အနံ့အသက်ကလဲ ဆိုရွားလှတယ်… စကားအပြောအဆိုကလဲ ကြမ်းတမ်း ညစ်ညမ်းလှတယ်… ထိုဆိုရွားလှတဲ့ စုန်းမကြီးနဲ့ နူးညံ့သိမ်မွေ့ စိတ်သဘောကောင်းတဲ့ သူရဲ့ သူငယ်ချင်းနဲ့ ယူဖို့ တိုက်တွန်းဖို့ရာမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာပေါ့… ဒါပေမယ့် အမတ်ကြီးကတော့ တိုင်းပြည်နဲ့ လူမျိုးအရေးနဲ့ ယှဉ်ရင်ဒီကိစ္စဟာ သူ့အတွက် အရေးမကြီးကြောင်း ပြောဆိုပြီး အဆိုကို လက်ခံပါ့မယ်လို့ ဘုရင်လေးကို လျှေက်တင်လိုက်ပါတယ်… ဒီလိုနဲ့ မင်္ဂလာပွဲအစီအစဉ်ကို ကြေငြာလိုက်ပြီး ဘုရင်လေးအတွက် အဖြေကို စုန်းမကြီးက ပေးလိုက်ပါတော့တယ်..

“လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အမှန်တကယ် အလိုချင်ဆုံးအရာက ………………….
သူတို့ရဲ့ ဘဝကိုသူတို့ စိတ်တိုင်းကျ စီမံခန့်ခွဲချင်တာပါဘဲ“ ထိုအခါမှ ပြည်သူတွေလဲ အဖြေကိုသိပြီး ဘုရင်ကြီးကလည်း စစ်မပြုတော့ဘဲ ဘုရင်လေးတို့ တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်…အမတ်ကြီးနဲ့ စုန်းမကြီးတို့ရဲ့ မင်္ဂလာပွဲ ဘယ်လိုဖြစ်သွားလဲ????

ဘုရင်လေးလဲ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနဲခြင်းတွေကို တပြိုင်နက် ခံစားနေရပြီပေါ့…. သိမ်မွေ့ယဉ်ကျေးတဲ့ သူငယ်ချင်းနဲ့ အလွန်မသတီစရာ စုန်းမတို့ရဲ့ လက်တွဲရမယ့် ဘဝအရေးကို စဉ်းစားမိလို့ပေါ့…. အမတ်ကြီးလဲ ဆိုးရွားလှတဲ့ ဘဝကို ရင်ဆိုင်ဖို့ မင်္ဂလာအိပ်ခန်းတွင်းကို ဝင်သွားရပြီ…

ဒါပေမယ့် အိပ်ခန်းတွင်းမှာတော့ အလွန်လှပတဲ့ အမျိုးသမီးလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရလို့ အရမ်းအံ့သြသွားတာပေါ့…“ဘာတွေဖြစ်ကုန်ပြီ လဲ မိန်းကလေးရေ“ လို့ လှမ်းမေးလိုက်တယ်…. “သင်ဟာကျွန်မနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ အလွန်မသတီစရာကောင်းတဲ့ ရုပ်နဲ့တွေ့ပေမဲ့ ကြင်နာစွာ ဆက်ဆံခဲ့တယ်… ဒီအတွက်ကြောင့် စိတ်ထားကောင်းတဲ့ သင့်ကို အခွင့်အရေးတစ်ခု ပေးချင်ပါတယ်….

ဒါကတော့ နေ့ဘက် ဒါမှမဟုတ် ညဘက် ရှင်ကြိုက်တဲ့ အချိန်ပိုင်းမှာ အခုလို လှပမွေးပျံ့တဲ့ပုံစံနဲ့ တွေ့မြင်နိုင်အောင် ဖန်ဆင်းထားမယ်လို့ ဆုံးဖြတ်ထားပါတယ်…“လို့ပြန်ပြောလိုက်ပါတယ်။ ဘယ်လောက်များ ရက်စက် နာကျင်စေတဲ့ မေးခွန်းပါလိမ့်… အမတ်ကြီးလဲ သေချာစဉ်းစားပြီး အဖြေပေးရတော့မယ်… နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေးကို မိတ်ဆွေတွေအလယ်မှာ ပြသပြီး ညအချိန်မှာ စုန်းမကြီးနဲ့ အတူတူအိပ်မလား... ဒါမှမဟုတ် နေ့ပိုင်းမှာ စုန်းမကြီးကိုပြသပြီး ကိုယ်ပိုင်အချိန်ဖြစ်တဲ့ ညအချိန်မှာ ပျော်ရွှင်ဖွယ်ရာ အချိန်တွေကို ပိုင်ဆိုင်မှာလား..??? အမတ်ကြီး ဘာရွေးလိုက်တယ်ဆိုတာကို ဆက်မဖတ်သေးဘဲ သင်ကိုယ်တိုင်ဆိုရင်ကော ဘာကို ရွေးချယ်မှာလဲ………?????

အမတ်ကြီး ရွေးချယ်လိုက်တာကတော့ “ မင်းသဘောအတိုင်းပါဘဲကွာ “အဲဒီစကားကို ကြားလိုက်တဲ့အခါ အမျိုးသမီးလေးက အောက်ပါအတိုင်း ကြေငြာလိုက်ပါတော့တယ်….. “အချိန်တိုင်း လှပတဲ့ပုံစံနဲ့ ရှင့်ကိုမြင်တွေ့စေချင်ပါတယ် “ဘာကြောင့်လဲဆိုတော့ သူမဘဝကို သူမ စိတ်ကြိုက် စီမံခွင့် ရရှိခဲ့လို့ပါ… ပုံပြင်လေးရဲ့ အဓိက ဆိုလိုရင်းက ဘာလဲ….????


credit-Myanmar Newsupdates

Aye Chan Mon# Credit To :စာအုပ်မြို့တော် · > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Taxi မောင်းသူတစ်ဦး ထံမှရတဲ့ အသိပညာတစ်ခု


တစ်နေ့ ကျွန်တော် Taxi ငှားစီးခဲ့ပါတယ်။ Taxi မောင်းသူဟာ အသက် ၃၀ ၀န်းကျင်လူငယ်လေးပါ။ ၀တ်စားထားတာလည်း T-Shirt အဖြူနဲ့ စတိုင်ပင်အနက်နဲ့ပါ။ နေကာမျက်မှန်လေး တပ်ထားပါတယ်။ မောင်းနေရင်း ဆီဆိုင်မှာ ဆီဝယ်ထည့်ခွင့်တောင်းပြီး ဆီဝင်ထည့်ပါတယ်။ ဆီထည့်ပြီးတော့ ပေးတဲ့ဘောက်ချာကို ဗလာစာအုပ်တစ်အုပ်မှာ တွဲချုပ်ထားလိုက်ပါတယ်။ ကားပေါ်မှာ အစုံပါလာသဗျာ.. ဒါနဲ့စကားတွေ စမိလိုက်ပါတယ်ပေါ့.. အတိုချုပ်ပြောရရင် အဲ့ဒီ့ညီလေးဟာ ၀င်ငွေကို အချိုးချသုံးသူဆိုတာ အံ့ဖွယ် တွေ့လိုက်ရပါတယ်။ စာရင်းစာအုပ်ကလေးမှာ အသေးသုံး ၁၀၀ ကအစ ထည့်ရေးထားပါတယ်။ မသိသူဖတ်မိရင် ဘာတွေမှန်းတောင် မသိမှာပါ။ အကြောင်းအရာတွေကို ထိပ်ဆုံးစာမျက်နှာမှာ + လေးတွေနဲ့ မာတိကာ ထုတ်ထားပါတယ်။ တစ်နေ့ချင်း စာရင်းသွားပါတယ်။ ဥပမာ- ထမင်းစား ဆိုတာက ပုံမှန်မဖြစ်နေအလုပ်မို့ +++ ပေးထားပါတယ်။ ဆီထည့်ဆိုရင်လည်း +++++ ငါးလုံး ပေးထားပါတယ်။ လက်ဖက်ရည်သောက်၊ ကွမ်းစားတွေကိုတော့ ---- အနုတ်လေးလုံး ပေးထားပြန်ပါတယ်။ ဒီလိုပဲ သူ့စာအုပ်မှာ + - တွေနဲ့ မှတ်တမ်းရေးပါတယ်တဲ့။ ဗဟုသုတ ရစရာကတော့ မဖြစ်မနေ ကိစ္စအသုံးတွေကို + ပြပါတယ်။ အပို သုံးအဖြုန်းတွေကို - ပြပါတယ်။ ညအိမ်ပြန်ရင် တစ်ရက်စာ စာရင်းချုပ်လို့ အပေါင်းကတော့ ပုံမှန်ရှိနေတတ်ပြီး -- တွေများလာရင် နောက်နေ့ အစားချေစနစ်နဲ့ အနုတ်တွေကို ညီအောင် မသုံးဘဲ နေပါတယ်တဲ့။ အတန်းကတော့ ၇ တန်းပဲ သင်ဖူးပါတယ်တဲ့ဗျာ။ စာရင်းထားတာနဲ့ တွက်တာ Account သမားတွေ ဆလံသရပါလိမ့်မယ်။ တစ်နေ့ဝင်ငွေကိုလည်း သီးသန့် ကော်လံနဲ့ တွက်ထားသဗျာ ၁၅၀၀၀ ၀င်တဲ့ပေါ့ဗျာ - အ၀တ်ပွန်းခ ၅၀၀ - အသက်ရှင်ကြေး ၁၀၀၀ - အချိန်ကုန်ခ ၅၀၀၀ ဒီသုံးခုကို သီးသန့် ပြန်စုထားပါတယ်တဲ့ တစ်နေ့ကို ၆၅၀၀ မရမနေ ပြန်စုပါတယ်တဲ့။ မပြည့်ရင် + တွေ - တွေကို အစားချေပါတယ်တဲ့ သန်းထိုက် လိုလူတောင် ထိုင်ကန်တော့ချင်စိတ် ပေါက်မိသွားပါတယ်။ ဆက်ပြောသည်မှာ အ၀တ်ပွန်းခ ၅၀၀ ကိုစုပြီး တစ်လတစ်ကြိမ် အ၀တ်ပြန်ဝယ်ပါတယ်။ အဟောင်းကို အပေါင်ဆိုင်ပို့ပြီး မရွေးဘဲ ထားလိုက်ပါတယ်တဲ့။ ရောင်းရင် ပေါင်သလောက် မလွယ်သလို တန်ဖိုးလည်း မရလို့ပါတဲ့။ သူ့မှာ အ၀တ်အား ၅ စုံထက် ပိုမထားပါတဲ့။ အသက်ရှင်ကြေး ၁၀၀၀ ကိုစုပြီး တစ်လတစ်ခါ မိဘပြန်ပေးပါတယ်တဲ့။ သူတို့ကြောင့် အသက်ရှင်နေရလို့ပါတဲ့ဗျာ.. အချိန်ကုန်ခ ၅၀၀၀ ကိုတော့ နောက်ဆက်ရမယ့် အချိန်အတွက် ပြန်စုနေပါတယ်တဲ့ အရင်းအနှီးတစ်ခုရရင် ပြန်သုံးပါတယ်တဲ့။ ဒီကားက ကိုယ်ပိုင်ပါတဲ့ဗျာ ဒါဆို မင်းတွက်တဲ့အထဲမှာ Owner ကြေး မတွေ့ပါလားလို့မေးတော့ နောက်တစ်စီးဝယ်ဖို့အတွက် ဆတူအရင်းဆိုတဲ့ ခေါင်းစဉ်မှာ သီးသန့်ထားပါသတဲ့.. အများကြီးပြောချင်ပါသေး၊ စာတစ်အုပ် ရေးလို့ရတယ်ဗျာ အမှတ်တရ

-သန်းထိုက်(ရွှေရိပ်)

Aye Chan Mon# Credit To : စာအုပ်မြို့တော်> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

ပုဇွန်ကဲ့သို့  ပါးလွှာနူးညံ့တဲ့ အခွံတွေပါတဲ့ အစားအစာတွေကို သတိပြုပြီး စားသုံးသင့်


ကျွန်တော်တို့ဟာ တစ်ခါတစ်ရံ သူငယ်ချင်း အပေါင်းအသင်း မိဘ ဆွေမျိုးတွေနဲ့ အတူ အနောက်တိုင်း စားသောက်ဆိုင်တွေ ရောက်ဖြစ်တဲ့ အခါ ပုဇွန်၊ ဂဏန်း၊ ငါး အဲဒါတွေ အကုန် ပါဝင်တဲ့ ပင်လယ်စာ ခပ်ကြီးကြီး တစ်ပွဲနဲ့ အတူ ၀ိုင်သောက်တတ်တဲ့ သူက၀ိုင်၊ ၀ိုင်မသောက် တတ်တဲ့ သူတွေ အတွက် Vitamin C ပါဝင်တဲ့ Orange Juiceလို ဖျော်ရည်မျိုးကို တွဲဖက်ပြီး စားသုံး ခဲ့ကြဖူး ပါတယ်။ အဲ့ဒီလိုပဲ တစ်ချို့ တရုတ် မင်္ဂလာဆောင်တွေ ညစာစားပွဲ တွေမှာ ဘူဖေး ကျွေးတဲ့ အခါ ပုဇွန် တစ်ပန်းကန်နဲ့ အတူ Orange Juice တစ်မျိုးကတော့ ပါဝင်မှာ သေချာ ပါတယ်။ ဒီလိုတွဲဘက် စားသုံးမှု မျိုးဟာ ဘာမှ မထူးဆန်းတဲ့ အလွန်ကို ဘေးကင်းတဲ့ ရိုးရှင်းမှု့လေးလို့ ကျွန်တော်တို့ ထင်ခဲ့ကြပါတယ်။ တကယ်တော့ ပုဇွန်လို ပါးလွှာတဲ့ အခွံပါး လေးတွေ ပါတဲ့ ပင်လယ်စာ မျိုးနဲ့ Vitamin C ပါဝင်တဲ့ Orange Juice ကို တစ်ချိန်ထဲမှာ တွဲဘက် စားသုံးတဲ့ အခါ အခန့် မသင့်ရင် အသက် အန္တရာယ်ကိုပါ စိုးရိမ်ရကြောင်း ကျွန်တော်တို့  အခုသိခဲ့ ရပါပြီ ။

ထိုင်ဝမ် နိုင်ငံမှာ အမျိုးသမီး တစ်ဦးဟာ မမျှော်လင့်ဘဲ သူမရဲ့ နား၊နှာခေါင်း၊ ပါးစပ်နဲ့ မျက်လုံး တွေကနေ သွေးတွေ ထွက်ပြီး ရုတ်တရက် သေဆုံး သွားခဲ့ပါတယ်။

သူမရဲ့ ရုပ်ကလာပ်ကို ခွဲစိတ်ပြီး စစ်ဆေးတဲ့ အခါ Arsenic အဆိပ်သင့်လို့  သေဆုံးရကြောင်း အဖြေထွက် လာပါတယ်။ အဲဒီ Arsenic အဆိပ် ဟာ ဘယ်က လာပါသလဲ ။ ရဲတွေဟာ သေမှု့ သေခင်း ဖွင့်ပြီး အပြင်းအထန် စစ်ဆေးမှူ့တွေ လုပ်ပါတော့တယ်။

ဆေးတက္ကသိုလ် တစ်ခုရဲ့ ပါမောက္ခတစ်ဦး ကိုလည်း ဒီပြဿနာကို ဖြေရှင်းဖို့ ဖိတ်ခေါ်ခဲ့ ပါတယ်။

ပါမောက္ခကြီးဟာ နာရီဝက်ခန့် သေသူရဲ့ အစာအိမ်ထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေ အားလုံးကို သေသေချာချာ စစ်ဆေးပြီး နောက်မှာတော့ ဒီလျှို့ဝှက်ချက်ကို ဖြေ ရှင်း နိုင်ခဲ့ ပါတယ်။

သေသူဟာ အသတ်ခံရတာ မဟုတ်သလို ကိုယ့်ကိုယ်ကို သတ်သေ ခဲ့တာလည်း မဟုတ်ပါဘူး၊ သတိ လတ်လွတ် ဖြစ်မှူ့ကြောင့် မတော်တဆ သေဆုံး ခဲ့ရတာပါလို့ ပါမောက္ခကြီး ကပြောခဲ့ပါတယ်။

“ဘာကြောင့် မတော်တဆ သေဆုံးရတာလဲ” ဆိုပြီး လူတွေဟာ အံ့ သြကုန် ကြပါတယ် ။ “Arsenic အဆိပ်ဟာ သေသူရဲ့ အစာ အိမ်ထဲကနေ ထွက်လာတာပါ။ သေသူဟာ ဗီတာမင် စီကို နေ့တိုင်း မှီဝဲခဲ့ပါတယ် ၊ ဗီတာမင်စီ ဟာလည်း သူ့အလိုလိုဆို ပြဿနာ မရှိပါဘူး၊ သူမဟာ ညစာစားချိန်မှာ ပုဇွန်တွေ တော်တော်များများ စားသုံးခဲ့ ပါတယ်၊ ပုဇွန်စား တာကလည်း ပြဿနာ မဟုတ် သေးပါဘူး။ သူမနဲ့ အတူတူ ညစာမှာ ပုဇွန်စားတဲ့ သူတွေလည်း ဘာမှ မဖြစ်ခဲ့ပါဘူး ၊ ဒါပေမယ့် သူမဟာ ပုဇွန်စားရင်းနဲ့ တချိန်တည်းမှာပဲ ဗီတာမင်စီ ပါဝင်တဲ့ ဖျော်ရည် တစ်ခုခုကို သောက်ခဲ့ပါတယ်. အဲဒီအချက်ဟာ ပြဿနာပါပဲ” လို့  ပါမောက္ခကြီးက ရှင်းပြခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ချီကာဂို တက္ကသိုလ်ရဲ့ သုတေသီတွေဟာ ပုဇွန်ကဲ့သို့ ပါးလွှာနူးညံ့တဲ့ အခွံတွေ ပါတဲ့ အစားအစာတွေမှာ သိပ်သည်းဆ မြင့်မားတဲ့ ပိုတက်ဆီယမ် အာဆင်းနစ် ဒြပ်ပေါင်း ငါးမျိုး ပါဝင်တာကို လေ့လာတွေ့ ရှိခဲ့ ကြပါတယ်။

အဲဒီလတ်ဆတ်တဲ့ အစားအစာ တွေဟာ လူရဲ့ ခန္ဓာကိုယ်ကို ဘေးမဖြစ်စေ ပါဘူး ဒါပေမယ့် သူဟာ ဗီတာမင်စီနဲ့ ပေါင်းစပ် မိသွားရင်တော့ ဓါတ်ပြုမှုတွေ ဖြစ်လာပြီး မူလက အဆိပ်အတောက် မရှိတဲ့ ပိုတက်ဆီယမ် အာဆင်းနစ် ဒြပ်ပေါင်း ငါးမျိုး (As anhydride, also known as arsenic oxide, the chemical formula for As205)ဟာ အဆိပ်ရှိတဲ့ ပိုတက်ဆီယမ် အာဆင်းနစ် ဒြပ်ပေါင်း သုံးမျိုး (also known as arsenic trioxide, a chemical formula (As203), which is commonly known as arsenic to the public! ) အဖြစ် ပြောင်းလဲ သွားပါတယ်။

အာဆင်းနစ် အဆိပ်ရဲ့ အဓိပ္ပာယ်ကတော့ လူရဲ့ ခန္ဓာကိုယ်မှာ အရေး အပါဆုံး အစိတ်အပိုင်းတွေ ဖြစ်တဲ့ နှုလုံး ၊ အသည်း ၊ ကျောက်ကပ် ၊ အူသိမ်နဲ့ အာရုံကြော တွေ ရဲ့ သွေးကြော တွေကို ပေါက်ထွက်ပြီး ခန္ဓာကိုယ် မလှုပ်ရှားနိုင်ခြင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့် အာဆင်းနစ် အဆိပ်ကြောင့် သေတဲ့ လူတွေဟာ နား၊နှာခေါင်း၊ ပါးစပ်နဲ့  မျက်လုံး တွေကနေ သွေးထွက်တဲ့ လက္ခဏာတွေ ဖြစ်လာပါတယ်။

ဒါကြောင့် ပုဇွန်ကို ဗီတာမင်စီနဲ့ ပူးတွဲ မစားကြဖို့ သတိပေး ထားပါတယ်။


Shared from Myawady News (FB)

ပြက္ခဒိန်လှလှ လှူဒါန


ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား၊ ဘုန်းတော်ကြီးကျောင်း အချို့တွင် မင်းသား မင်းသမီး ရုပ်ပုံလှလှကလေးများပါသော
ပြက္ခဒိန်များ ချိတ်ဆွဲထားသည်ကို တွေ့ရပါသည်။ အချို့ပုဂ္ဂိုလ်များက ဤသို့သော ရုပ်ပုံများပါသော ပြက္ခဒိန်မျိုးကို သံဃာတော်များအား မလှူအပ်-ဟု ဆိုကြပါသည်။ လှူအပ်-မလှူအပ် ရှင်းလင်း ပေးတော်မူပါဘုရား။
- ( ဇေယျာနိုင်-မာန်အောင်၊ ရခိုင်ပြည်နယ် )

( ဖြေ )
အလှူဒါန၀တ္ထုခေါ် မပေးလှူကောင်းသော အလှူ ၁၀-ပါး။ ပေးလှူသော် ကုသိုလ်မရ။ အပါယ်ကျတတ်သော အလှူ ၁၀-ပါးမှာ-

၁။ သမဇ္ဇဒါန-ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )။
၂။ မဇ္ဇဒါန-သေရည်သေရက်အလှူ။
၃။ ဣတ္ထိဒါန-မိန်းမအလှူ။
၎။ ဥသဘဒါန-နွားလား၊ မြင်းလား အလှူ။
၅။ စိတ္တကမ္မဒါန-ကာမဂုဏ်ကို နိုးကြွစေသော
ပန်းချီဆေးရေး အလှူ။
၆။ သတ္ထဒါန-လက်နက် ခဲယမ်းမီးကျောက် အလှူ။
၇။ ၀ိသဒါန-အဆိပ်အလှူ။
၈။ သင်္ခလိကဒါန-လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ။
၉။ ကုက္ကုရ သူကရ ဒါန-ကြက် ၀က် သားကောင်အလှူ။
၁၀။ တုလာကူဋ မာနကူဋ-ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူ။

ဤမပေးလှူကောင်းသော အလှူ ၁၀-ပါးတွင် အမှတ် ၅-စိတ္တကမ္မဒါန၌
ရိုးရိုးဘုရားကျောင်းကန် ပန်းမန် တောတောင် ဆေးရောင်စုံစုံ ရုပ်ပုံကားချပ်များထက် ကာမဂုဏ်ကို နိုးကြွစေသည့် လှပသော ၊
ဝိသဘာဂ မိန်းမ ယောက်ျား နှစ်ပါးသွားစုံတွဲ အနဲနဲသော ရုပ်ပုံကားချပ်များ လှူဒါန်းမှုမျိုးကို ဆင်ခြင်ရန် သင့်ပေသည်။


- [ဆရာတော်ရဝေထွန်း (အရှင်တိလောကသာရ)]
( မြတ်မင်္ဂလာစာစောင် )

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
----------------------*----------------------
ဆက်စပ်ပိုစ် ►
“အပါယ်လေးပါးရောက်ကြောင်း အလှူဒါန(၁၀) ပါး”
[https://www.facebook.com/photo.php?fbid=614665255210157&set=a.617313618278654.1073741834.129054333771254&type=1&theater]

နောက်ဘုရားကို မျှော်မနေနဲ့


မည်သည့်ခေတ်က စတင်ပေါ်ပေါက်လာသည်၊ မည်သည့် ပုဂ္ဂိုလ်က "စတင်" ဝါဒဖြန့်ချိခဲ့သည်ဟု တပ်အပ်သေချာ မပြောနိုင်သော်လည်း နောက်ဘုရားမျှော်ဝါဒကို ရှေးသူဟောင်းအချို့နှင့် ယနေ့
မျက်မှောက်ကာလ ပုဂ္ဂိုလ်အချို့လည်း လက်ခံ ယုံကြည်လျက်ရှိကြ၏။ " နောင် အရိယမေတ္တေယျဘုရား ပွင့်တော်မူခါ လက်ဦးစွာဖူးတွေ့ရ၍ မဂ်ဖိုလ်နိဗ္ဗာန်ကို ရလိုပါ၏ " ဟုဆုတောင်းသူတွေလည်း ရှိ၏။ အရိယမေတ္တေယျဘုရားရှင်ကို ဖူးမြင်ရလျှင် ကျွတ်တမ်း ဝင်လိမ့်မည်ဟူသော ယုံကြည်ချက်ပင်လျှင် စင်စစ် သဘာဝမကျပါ။ ဂေါတမမြတ်စွာဘုရားကို ဖူးမြင်ရသူများတွင် ကျွတ်တမ်းဝင်သူတို့ ရှိသကဲ့သို့ ( ဘုရားရှင်၏စကား နားမထောင်သောကြောင့် )
အဇာတသတ်ကဲ့သို့ အဝီစိရောက်သွားသူများလည်း ရှိကြောင်း အလေးအနက် သတိမူ ဂရုထားအပ်ပါ၏။ နောက်ဘုရားကို မျှော်မနေသင့်ကြောင်း ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော် ဘုရားကြီးက ဤသို့ ဩဝါဒ ချီးမြှင့်တော်မူခဲ့ပါ၏။

" ယုံကြည် --- ကျန်းမာ စသော အင်္ဂါငါးချက်နှင့်ညီရင် တရားရတာပဲ "

" မှန်ပါ့ဘုရား "

" ဒါနဲ့တောင် နောက်လာမယ့် အရိမေတ္တေယျဘုရားကို စောင့်နေဦးမယ် ဆိုရင် ဟောဒီဘုရားကို သပိတ်မှောက်ရာ ရောက်တော့တာပေါ့ "

" မှန်ပါ့ဘုရား "

" မင်းတို့တစ်တွေက နောက်ဘုရားကို မျှော်နေတယ် ဆိုရင်တော့ ဒီဘုရားကို စော်ကားရာလည်းကျတယ်၊ အားမနာရာလည်း ရောက်တယ်"

" ဒီဘုရားရဲ့ သတိပဋ္ဌာန်ကို သပိတ်မှောက်တဲ့ သဘောလည်း ဖြစ်ကုန်တယ်"

" မှန်ပါ့ဘုရား "

" ပါရမီတွေက ပြည့်နေပြီ၊ နောက်ထပ်ဖြည့်ဖို့ရန် မလိုတော့ဘူး။ အခုရ အခုကူးမယ်ဆိုတဲ့ သူတွေအဖို့ ပါရမီတွေက လုံလောက်နေပြီ၊ ကြိုးစားဖို့ပဲ လိုတော့တယ်။"

" မှန်ပါ့ဘုရား "

"သဗ္ဗညုဘုရားတို့၊ ပစ္စေကဗုဒ္ဓတို့အတွက် ပါရမီလိုတယ်။ အဂ္ဂသာဝက၊ မဟာသာဝက၊ အသီတိသာဝကတို့အတွက်လည်း ပါရမီလိုတယ်။ ရိုးရိုးပကတိသာဝကတို့အတွက်လည်း ပါရမီလိုတယ်။ ရိုးရိုး ပကတိသာဝက အဖြစ်နဲ့ နိဗ္ဗာန်ကို ကူးမယ့်သူတွေအဖို့ ပါရမီ မလိုတော့ဘူး။ ပြည့်နေပြီ။ လုံလောက်နေပြီ။ အဲဒါကြောင့် ပါရမီအလိုက် မဟုတ်ဘူး။ ဉာဏ်အလိုက် တရားရလိမ့်မယ်လို့ ဘုန်းကြီးတို့က ပြောတယ်။"


the eXistence မှ မင်းနန် (မော်ကျွန်း) ရေးသားပြုစုထား
သော - "ဆရာတော်ကြီးများ၏ ဩဝါဒတော်များ" စာအုပ်
(စာမျက်နှာ- ၁၂၅ ) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

world of wisdom

လူတစ်ယောက်ကို ချစ်မိတဲ့အခါ


လူတစ်ယောက်ကို ချစ်မိတဲ့အခါ ...
ကိုယ်က သူရဲ့အရိပ် ဖြစ်လာတယ်။

ကိုယ်က သူ့အနားကို မရောက်နိုင်ပေမယ့် ...
ကိုယ့်စိတ်က သူ့ဆီမှာပဲ အမြဲရောက်နေတယ်။

ကိုယ်က သူ့အပေါ် ...
ဂရုစိုက်တာလေးတွေကိုလည်း ပြချင်တယ်။

အရေးကြီးတဲ့ အလုပ်တွေနဲ့ ...
ဘယ်လောက် ရှုပ်ရှုပ် ...
ဖုန်းလေးတော့ ခဏဆက်ချင်တယ် ...။

နေကောင်းရဲ့လား ?
ဘယ်ကို သွားပြီး ဘာတွေ လုပ်နေလဲ ?

ပျော်ရွှင်စရာလေးတွေ ...
အဆင်မပြေမှုလေးတွေကို ...
ပြောပြရင်း ရင်ဖွင့်ချင်သလို ...

သူ့ရဲ့နှစ်သိမ့်မှု ...
သူ့ရဲ့အားပေးမှုတွေက ...
ကိုယ့်အတွက် ...
အားဆေးတစ်ခွက်လို ဖြစ်လာတယ်။


မြ၀ဏိုးစံ