Thursday, January 23, 2014

ထေရဝါဒ အတွင်းရန်သူများ



၁။

“ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးတွေရှေ့က ဂြိုဟ်ခွင် နေ့ဓာတ်နံဓာတ်တွေနဲ့ ဖုံးပြီး ကမ္မဿသတာသမ္မာဒိဋ္ဌိကို မမြင်နိုင်အောင် ဘေးတွေ ခြောက်၊ လာဘ်တွေနဲ့ မြှောက်နေတဲ့ ဗေဒင်ယတြာမှန်သမျှ
သာသနာတော်မှာ ပူးဝင်ကပ်မြှောင်ဖျက်ဆီးနေတဲ့ အဖျက်လုပ်ငန်းတွေလို့သာ မှတ်”

ဦးမာနိက(ကျုံကဒတ်ဆရာတော်)

~~~~~~~~~~~~~~~~~~~~~~~~~~~~

၂။

“မြန်မာပြည်ရှိ လက်ရှိအခြေအနေကို တင်ပြရလျှင် မိမိ၏တာဝန်ကို ကျေပွန်အောင် မဆောင်ရွက်ဘဲ ဓာတ်ရိုက်ယတြာဆင်ပြီး ရာထူးတက်လိုသူများ၊ စီးပွားဥစ္စာတက်လိုသဖြင့် ဂါထာမန္တာန် ရွတ်သူများသည် တန္တရယာန၊ မန္တရယာန၊ ယန္တရယာနအယူများကို
ထေရဝါဒမျက်နှာဖုံးစွပ်ပြီး ထေရဝါဒ၏ အတွင်းရန်သူများ
ဖြစ်မှန်းမသိဖြစ်နေကြလေသည်”

(ဆရာကြီး ဦးရွှေအောင်)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၃။

“လောကမှာ လူတွေက မသိကြလို့ပဲ။ ပိုက်ဆံလည်းမကုန်၊ အချိန်လည်း မကုန်၊ ကံဇာတာညံ့နေတဲ့သူတိုင်းဟာ ဗုဒ္ဓရဲ့ ပရိတ်တော်ကို အမြဲမပြတ်
တစ်နေ့ကို နှစ်ကြိမ်ရွတ်လေ့ရွတ်ထလုပ်ကြမယ်ဆိုရင် လောကီယတြာတွေ မလိုတော့ပါဘူး”

ဆရာမောင်ရင့်ကျူး (မြောင်းမြ)

~~~~~~~~~~~~~~~~~~~~~~~~~~~

၎။

“အထဲက လှိုက်စားနေတဲ့ အနာကြီးကို ပတ်တီးစည်းထားရုံနဲ့ မပျောက်သလို ကံ ကံ၏ အကျိုးကြောင့် ဖြစ်လာတဲ့ သဘောတရားတွေကို ယတြာနဲ့ ဘယ်တော့မှမပျောက်ဘူးလို့ မှတ်ထားစေချင်တယ်”

(ဆရာ ပန်းဒကာကိုတင်မြင့်)

~~~~~~~~~~~~~~~~


မင်းနန်(မော်ကျွန်း)
အမှောင်မှသည် အလင်းဆီသို့ (နှာ ၃၆/၃၇) မှ
ကောက်နုတ်ပူဇော်ပါသည်။

No comments:

Post a Comment