Monday, January 20, 2014

သံသယ


တစ်ခါတုန်းက လူတစ်ယောက်ဟာ သူ့နာရီပျောက်သွားသတဲ့။သူ့အိမ်ထဲမှာ ချွတ်ထားတဲ့ နာရီဆိုတော့ လူတစ်ယောက်ခိုးတာပဲလို့ ထင်သတဲ့။အဲဒါနဲ့သူဟာ ဘယ်သူဖြစ်နိုင်လဲလို့ စဥ်းစားသတဲ့။သူတို့ အိမ်ကို အ၀င်အထွက်လုပ်နေတဲ့ ဘေးအိမ်က ကောင်လေးလို့ ထင်မိတယ်။
အဲဒါနဲ့ ဘေးအိမ်က ကောင်လေးကို သတိထားကြည့်မိတယ်။

ကောင်လေးက လမ်းလျှောက်သွားရင်လဲ သူခိုးပုံစံမျိုး၊ကောင်လေးရဲ့ အကြည့်တွေကလဲ သူခိုးတစ်ယောက်လိုမျိုး ကောင်လေးရဲ့ လေသံတွေကလဲ သူခိုးတစ်ယောက်လို ပုံစံဖြစ်နေတယ်။

ဒါပေမယ့် နောက်နေ့မှာတော့ သူ့နာရီကိုပြန်တွေ့တယ်။သူမေ့ပြီးတော့ ချွတ်ထားခဲ့တာပေါ့။အဲဒီအချိန်မှာဘဲ ကောင်လေးက သူ့အိမ်နားကဖြတ်သွားတယ်။ကောင်လေးလမ်းလျှောက်နေတာကို လမ်းလျှောက်နေတယ်ပဲမြင်တယ်။ဟိုကြည့်ဒီကြည့်လုပ်နေတာကိုဒီအတိုင်းပဲမြင်တယ်။စကားပြောတယ်ဆိုတာ ကိုလဲ စကားပြောသလိုပဲမြင်တယ်။

ဒီအဖြစ်အပျက်လေးကို ဖတ်ပြီးတော့ တစ်ခုခုအသိရလာမှာပါ။ဘာလို့လဲ ဆိုတော့ သံသယဟာ လူကိုအမြင်ပြောင်းလဲစေသည် ဆိုတဲ့အတိုင်း တစ်ယောက်နဲ့တစ်ယောက်ဟာ သံသယ၀င်ရင် ဒီလိုပဲ အပြစ်မြင်နေတတ်ပါတယ်။ဒါကတော့ ဒိလူနဲ့ အိမ်ဘေးကကောင်လေးရဲ့ဇတ်လမ်းပေါ့။ဒါပေမယ့် ကျွန်တော်တို့ရဲ့ မိသားစုတွေ၊ချစ်သူတွေ၊ဇနီးမောင်နှံတွေရော ဒီလိုမျိုး တဟ်ယောက်နဲ့တစ်ယောက်သံသယ၀င်ရင်. . . .


မောင်စိုင်း
http://www.kanaung.net/

No comments:

Post a Comment