“ထွက်ရပ်ပေါက်လိုလို၊ ဘိုးတော်လိုလိုနဲ့ ဆံပင်ရှည်ရှည် မုတ်ဆိတ်ဖားလျားနဲ့ ကိုးရိုးကားယားတွေနဲ့ အဆောင်ပေးသလိုလို ဘာပေးသလိုလိုကိုတော့ ဘာခေါ်ပါသလဲ ဘုရား”
“အင်း - အဲဒါမျိုးကိုတော့ ဘုရားမှီ သာသနာမှီပြီး သာသနာပြင်ဘက်ကို ဆွဲခေါ်သွားသူလို့ပဲ ခေါ်နိုင်ပါတယ်။ သာသနာပြုလို့ မခေါ်နိုင်ပါဘူ”
“ဘာဖြစ်လို့လဲ ဘုရား”
“ခုနဟာ သာသနာ၊ ဗုဒ္ဓသာသနာကို ပြောခဲ့ပြီလေ။ ပြုပုံပြုနည်းကိုလည်း ပြောခဲ့ပြီလေ။ အခု ဒီမှာ ထွက်ရပ်ပေါက်လိုလိုနဲ့ ပရိယတ်လည်း သင်မပေး၊ ပဋိပတ်လည်း မကျင့်။ အဆောင်ပေးတာနဲ့ ရာထူးတက်၊ ပစ္စည်းတက်တယ်ဆိုတော့ အကျင့်ပျက်ကုန်ပြီ။ အကျင့်ပျက်တယ်ဆိုတာ ပဋိပတ္တိသာသနာပျက်တာပဲ။
အသွင်က ရှင်ရဟန်းအသွင်နဲ့ ဘိုးတော်လုပ် ဖျက်တာပဲ။
ထွက်ရပ်ပေါက်လုပ်ဖျက်တာပဲ”
(ဓမ္မဒူတအရှင်ပညာဇောတဆရာတော်ကြီး)
~~~~~~~~~~~~~~~~~~~~~~~~
မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၃၉၅) မှ
ကောက်နုတ်ပူဇော်ပါသည်။
No comments:
Post a Comment