Thursday, January 9, 2014

ထွက်ရပ်ဂိုဏ်းယောင်ယောင်၊ နတ်ဂိုဏ်းယောင်ယောင်


ဘုရားသာသနာတော်က ဘုရားနည်းကို ဟောပြောနေရာမှာလည်း
ထွက်ရပ်ဂိုဏ်းယောင်ယောင်၊ နတ်ဂိုဏ်းယောင်ယောင် အသွင်ဆောင်နေရင် မသင့်တော်ဘူး။


မကြာမီက ပွင့်သစ်စဖြစ်တဲ့ ဌာနတစ်ခုမှာ နတ်ကန်တော့ပွဲ တင်ထားတာကို တွေ့ခဲ့ရကြောင်း ယုံကြည်လောက်တဲ့ ပုဂ္ဂိုလ်များထံမှ ကြားသိရတယ်။

ရဟန်းက နတ်ကို အရိုအသေပြုတယ်ဆိုတာ သင့်တော်ပါ့မလား။

ဘုရားတပည့်တော်ကတော့ ရှင်သာမဏေဘဝ၊ ရဟန်းငယ် ဘဝကတည်းက နတ်ကို ရှင်ရဟန်းက အရိုအသေ မပြုကောင်းဘူး။
နတ်ကသာ ရှင်ရဟန်းကို အရိုအသေပြုသင့်တယ်လို့ အသိအမှတ်ပြုတယ်။ ကန်တော့ပွဲဖြင့် ပူဇော်တယ်ဆိုတာကတော့ အလွန်မသင့်တော်တဲ့အမှုပါပဲ။

လူဒကာ၊ ဒကာမတွေရဲ့ အလိုလိုက်ပြီး ကန်တော့ပွဲ တင်ထားတာကို လက်ခံထားတာများ ဖြစ်လေမလားတော့ မပြောတတ်ပါဘူး။

ဒကာ၊ ဒကာမတွေ ကြည်ညိုအောင်၊ အထင်ကြီးအောင်  သူတို့ အလိုလိုက်ပြီး ထွက်ရပ်ဂိုဏ်းယောင်ယောင်၊ နတ်ဂိုဏ်းယောင်ယောင်
လုပ်တာကတော့ မတော်ဘူး။

တချို့က အဲဒီဂိုဏ်းပုဂ္ဂိုလ်တွေ အသုံးပြုတဲ့ ပါရမီရှင်ဆိုတဲ့ အမည်မျိုး ကိုလည်း ခံယူမိတတ်တယ်။ အဲဒီအမည်မျိုးလည်း မခံယူသင့်ဘူး။

ကမ္မဋ္ဌာန်းတရားဆိုတဲ့အမည်နဲ့ ညီညွတ်တဲ့ ဝိပဿနာဓမ္မကထိက ဆိုတဲ့
အမည်မျိုးကိုသာ ခံယူပြီး ဝိပဿာနာကမ္မဋ္ဌာန်းတရား သက်သက်ကိုသာ ဟောကြားသင့်ပါတယ်။


(မဟာစည်ဆရာတော်ကြီး)
~~~~~~~~~~~~~~~

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၁၆၅)မှ
ကောက်နုတ်ပူဇော်ပါသည်။

No comments:

Post a Comment