Thursday, January 16, 2014

မယုံကြည်ရာ အကြောင်း (၁၀) ပါး


၁။ တဆင့်စကားကြားရုံမျှဖြင့် အမှန်ဟု မယူကြကုန်လင့်။

၂။ မိဘ ဘိုးဘွားများအဆက်ဆက်ပြောစကားများ ဖြင့်လည်း အမှန်ဟု မယူကြကုန်လင့်။

၃။ ဒီဟာက ဒီလိုတဲ့ဟူ၍ မသေမချာ စကားဖြင့်လည်း အမှန်ဟု မယူကြကုန်လင့်။

၎။ စာပေကျမ်းဂန်နှင့် ညီညွတ်ရုံမျှဖြင့်လည်း အမှန်ဟု မယူကြကုန်လင့်။

၅။ ဤအတိုင်းသာဖြစ်လောက်ရာ၏ဟူ၍ကြံဆခြင်းဟူသော
အကြောင်းဖြင့်လည်း အမှန်ဟု မယူကြကုန်လင့်။

၆။ နည်းလမ်းယုတ္တိဖြင့် ချိန်ဆနိုင်ခြင်းဟူသော အကြောင်းဖြင့်လည်း
အမှန်ဟု မယူကြကုန်လင့်။

၇။ အကြောင်းခြင်းရာကို ကြံဆခြင်းဖြင့်လည်း အမှန်ဟု မယူကြကုန်လင့်။

၈။ တွေးကြံစဉ်းစား၍ ကြေနပ်နှစ်သိမ့် လက်ခံထားသော မိမိ အယူအဆနှင့် ညီညွတ်ယုံဖြင့်လည်း အမှန်ဟု မယူဆကြကုန်လင့်။

၉။ နာယူထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်ခြင်းမျှလည်း အမှန်ဟု မယူကြကုန်လင့်။

၁၀။ မိမိတို့၏ ဆရာဖြစ်သော ရဟန်း၏ စကားဖြစ်ရုံမျှဖြင့်လည်း အမှန်ဟု မယူကြကုန်လင့်။

(မြတ်ဗုဒ္ဓ)


Aye Chan Mon# Credit To :နှလုံးသားအာဟာရ > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

No comments:

Post a Comment