Thursday, January 16, 2014

ဂျိုင်းတွေ ဖြူနေအောင် ဘယ်လိုလုပ်ရမလဲ ?


ဂျိုင်းမဲခြင်းဟာလည်း အမျိုးသမီးတွေကို မိမိကိုယ်ကိုယ် ယုံကြည်မှုမဲ့စေတယ်... ဂျိုင်းမဲရခြင်းဟာ မိမိနှင့် မတည့်သော roll on များသုံးခြင်း၊ ဂျိုင်းမွေးရိတ်ခြင်း၊ အမွှေးချွတ်ဆေးများ တို့ကြောင့်လည်း ဖြစ်တတ်ပါတယ်... ဂျိုင်းရဲ့အောက်မှာ ဆဲလ်အသေများ စုပြုံခြင်းကြောင့်လည်း မဲနေတတ်တယ်.. ဂျိုင်းမဲခြင်းကြောင့် အနံ့ဆိုးထွက်ခြင်း၊ ယားယံခြင်းများလည်း ဖြစ်တတ်ပါတယ်

ကဲ... အောက်ပါနည်းလမ်းတစ်ချို့နဲ့ ဖြေရှင်းလိုက်ရအောင်

(၁) ချေထားသောသခွားသီး အရည်တစ်ခွက် ၊ သံပုရာတစ်ဇွန်း နှင့် နနွင်းမှုန့် အနည်းငယ် ရောမွှေပါ။ မိနစ်(၂၀)ခန့်ထားပြီး ရေဖြင့် ဆေးချပါ။

(၂) လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာ စန္ဒကူးအမှုန့် နှင့် နှင်းဆီ ညှစ်ထားသော ရေအား သမအောင် ရောမွှေပြီး (၅) မိနစ်ခန့် နှိပ်နယ်ပါ။ မိနစ် (၃၀) ခန့် ထားပြီး ရေဖြင့်ဆေးချပါ။

(၃) ကုလားပဲမှုန့် (၂) ဇွန်း၊ သံပုရာရည် (၂) ဇွန်းနှင့် နို့ချဉ် အနည်းငယ်အား သမအောင်မွှေပါ။ (၅) မိနစ်ခန့် နှိပ်နယ်ပါ။ မိနစ် (၂၀) ခန့်ထားပြီး ရေဖြင့်ဆေးချပါ။

(၄) မှုန့်ဖုတ်ပေါင်ဒါ နှင့် ရေအား သမအောင် ပျစ်ပျစ်လေးမွှေပါ။ (၁၅) မိနစ်လောက် ထားပြီး ရေဆေးချပါ။

(၅) သံပုရာသီးအား နှစ်ခြမ်းခြမ်းပြီး ဂျိုင်းနေရာအား ပွတ်ပေးပါ။ (၁၀) မိနစ်ခန့် ထားပြီး ရေဆေးချပါ။ (နေ့စဉ်ပြုလုပ်ပေးပါ)

အလှအပရေးရာမှ ဘာသာပြန်သည်။

No comments:

Post a Comment