"ခင်ဗျား ဒီကိုလာဖို့ ဘာလို့ အဲ့ဒီလောက် ကြာရတာလဲ ? ကျွန်တော့်သား အသက်အန္တရာယ်ရှိနေ တာကို ခင်ဗျား သိရဲ့လား..၊ ခင်ဗျားမှာ စာနာတတ်တဲ့စိတ်..၊ တာဝန်ယူတတ်တဲ့စိတ်လေး နည်းနည်းလေးတောင် မရှိဘူးလား…"
ဆရာဝန်ဖြစ်သူက ပြုံးပြီး အေးဆေးစွာပဲ..
"ကျွန်တော် ဆေးရုံမှာ အဆင်သင့် ရှိမနေခဲ့တဲ့အတွက် ကျွန်တော် စိတ်မကောင်းပါဘူး..၊ ကျွန်တော်လည်း ဖုန်းရတာနဲ့ ချက်ချင်း တတ်နိုင်သလောက် အမြန်ဆုံးလာခဲ့တာပါ..၊ ကဲ..အခု.. ခင်ဗျား စိတ်အေးအေးထားလိုက်ပါတော့..၊ ဒါမှပဲ ကျွန်တော်လည်း ခွဲစိတ်ခန်းကို စိတ်ဖြောင့်ဖြောင့် ၀င်နိုင်မှာ.."
"စိတ်အေးအေးထားရမယ်ဟုတ်လား..၊ အဲ့ဒီ ခွဲစိတ်ခန်းထဲမှာ ရှိနေတဲ့ကလေးဟာ ခင်ဗျားသားဆိုရင် ရော ခင်ဗျား ဒီစကားမျိုးပြောမှာလား..၊ ခင်ဗျားသား အခုပဲ သေဆုံးသွားမယ်ဆိုရင်ရော ခင်ဗျား ဘယ်လိုလုပ်မှာလဲ…"
"ကျွန်တော်တရားနဲ့ ဖြေသိမ့်ပါ့မယ်..။ ကျွန်တော်တို့ဟာ ဒီဘ၀မှာ ခဏတစ်ဖြုတ် လာဆုံကြတဲ့ ဧည့်သည်တွေပါ..။ တစ်ချိန်မဟုတ် တစ်ချိန်ကြရင် ခွဲကြရမယ်ဆိုတာကို တွေးလိုက်မယ်ဆိုရင် ကျွန်တော် ဘာမှခံစားရမှာ မဟုတ်ပါဘူး."
"ကိုယ်တိုင် မကြုံတွေ့ရတဲ့ ဒုက္ခတွေအတွက် အကြံပေးဖို့ဆိုတာ လူတိုင်း လုပ်တတ်ပါတယ်ဗျာ..၊ ခင်ဗျား ကျွန်တော့်ကို တရားချဖို့ မလိုပါဘူး.." လို့ဒေါနဲ့မောနဲ့ အော်ဟစ်ပြီး ထွက်သွားခဲ့ပါတယ်..။
ခဏကြာတော့ ခွဲစိတ်မှုကို စတင်ခဲ့ပါတယ်..။ ခွဲစိတ်မှုဟာ သူရဲ့ ကျွမ်းကျင်မှု ဂရုစိုက်မှု တို့ကြောင့် အောင်မြင်ခဲ့ပါတယ်…။ နာရီအနည်းငယ်ကြာတဲ့အခါမှာတော့ ဆရာဝန်ဖြစ်သူဟာ ခွဲခန်းထဲကနေ ပြုံးရွှင်စွာ ထွက်လာပြီး..
"ဘုရားကိုသာ ကျေးဇူးတင်ပေတော့..၊ ခင်ဗျားသားဟာ အသက်အန္တရာယ်မရှိတော့ပါဘူး.." လို့ ပြောပြီး ကောင်လေးရဲ့ အဖေဖြစ်သူထံမှ စကားသံကိုတောင် မစောင့်တော့ပဲ အလျင်အမြန်ပဲ ပြေးထွက်သွားခဲ့ပါတယ်…။
လူနာကောင်လေးရဲ့ အဖေဖြစ်သူဟာ သူနာပြုဆရာမတစ်ယောက်ကို
"အဲ့ဒီဆရာဝန်က ဘာလို့ အဲ့လောက်ထိ အလျင်လိုနေရတာလဲဗျ…၊ ကျွန်တော်သား အသက်ကို ကယ်တင်ပေးခဲ့တဲ့ သူ့ကို ကျေးဇူးတင်စကားတောင် ပြောဖို့ အချိန်မရလိုက်ဘူး…"
အဲ့ဒီအချိန်မှာ သူနာပြု ဆရာမလေးရဲ့ မျက်ဝန်းမှ မျက်ရည်များ စီးကျလာခဲ့ပြီး
"မနေ့ကပဲ သူ့ရဲ့သားဟာ ကားအက်စီးဒင့် တစ်ခုကြောင့် သေဆုံးသွားခဲ့ပါတယ်..။ မနေ့က ခင်ဗျားသားကို ခွဲစိတ်ပေးဖို့ ဖုန်းဆက်တော့ သူက သူ့သားအသုဘမှာလေ..။ အခုတော့ သူက ခင်ဗျားရဲ့ သားအသက်ကို ကယ်နိုင်ပြီဆိုတော့..၊ သူ့သား အသုဘဆီကို အမီပြန်ရအုံးမယ်လေ…"
( သင်ခန်းစာ - ဘယ်တစ်စုံတစ်ယောက်ကိုမှ အော်ဟစ်ပြီး ဆဲဆိုကြိမ်းမောင်းခြင်း မပြုလုပ်ပါနဲ့..။ သူဟာ သူ့ရဲ့ဘ၀ကို ဘယ်လိုဖြတ်သန်းနေရသလဲဆိုတာ ကိုယ်မှ မသိနိုင်တာပဲလေ…။ )
အောင်ထွန်းဦး
No comments:
Post a Comment