Friday, March 23, 2012

Some Dhamma Notes

‎"ဆန့်ကျင်ဘက်တရားများ

ပွဲကြည့်ပရိသတ် တစ်ဦးအနေဖြင့် မိမိတို့ဧ။် စိတ်ကို ကြည့်ရှုဆင်ခြင်သည့် အလေ့အထကို ပြုသင့်ဧ။်။ထိုသို့ ပြုမိက လေးစားထိုက်ကြည်ညိုထိုက်သော စိတ်သဘာဝတို့ကိုလည်း မိမိတို့ဧ။်စိတ်၌မြင်ခွင့်ရကြဧ။်။ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်သော စိတ်ညစ် စိတ်နွမ်းတို့ကိုလည်း မြင်ခွင့်ရကြဧ။်။ကြင်နာ သနားတတ်သောစိတ်, နိုင်ထက်ကလူ ပြုတတ်သောစိတ်တို့ကိုလည်း မြင်ခွင့်ရကြဧ။်။ဖြောင့်မတ်သည့်စိတ် ကွေ့ကောက်သည့်စိတ်,နူးညံ့သည့်စိတ် ခက်ထန်သည့်စိတ်တို့ကိုလည်း လေ့လာခွင့်ရကြဧ။်။

အကျိုးလိုလားသည့်စိတ်,အကျိုးမဲ့ပြုလိုသည့်စိတ်သဘာဝတို့ကိုလည်း မြင်ခွင့်ရကြဧ။်။လွန်ကျူးပြီး ကျင့်လိုသည့်စိတ် စောင့်ရှောက်ပေးလိုသည့်စိတ် စသည့် ဆန့်ကျင်ဘက် သဘာဝတို့ကိုလည်း မြင်ကြရဧ။်။ကိုယ်ထက်သာ မနာလိုသည့်စိတ်,သံသယစိတ်တို့ ဖြစ်ပေါ်
တတ်ပုံကိုလည်း မြင်ကြရဧ။်။စွန့်လွှတ်ဝံ့သည့်စိတ်,ဆုပ်ကိုင် သိမ်းပိုက်ထားလိုသည့်စိတ် စသည်တို့ဧ။် နှိပ်စက်မှုကို ခံနေကြရသည့် သဘာဝများကိုလည်း သိခွင့်ရကြဧ။်။
ထို့သို့ သိခွင့်ရရှိခြင်းကြောင့် ဖြူစင်တတ်သည့် မိမိတို့ဧ။်စိတ်ကို သိခွင့်ရလာဧ။်။ညစ်နွမ်းယုတ်မာတတ်သည့် မိမိတို့ဧ။်စိတ်ကိုလည်းမြင်ခွင့် ရလာဧ။်။အလိုဆိုး နှိပ်စက်သည်ဖြစ်၍ တဏှာဧ။်အလိုနိုင်ငံသို့ အစဉ်တစိုက် လိုက်ပါနေရသည့် မိမိတို့ဧ။် ဘ၀မှန်ကိုလည်း သိခွင့်ရလာဧ။်။ထိုသို့ သိခွင့်ရလာသည့် သူတစ်ဦးအနေနှင့် မိမိကိုယ်ကို မြတ်နိုးသည့်အခါ မြတ်နိုး၍ ရှက်နိုးသည့်အခါ ရှက်နိုးတတ်လာဧ။်။

ကြည်ညိုနိုင်သည့်အခါ ကြည်ညိုမိ၍ မကြည်ညိုနိုင်သည့်အခါ မကြည်ညိုနိုင်သည်အထိ ရွံရှာဖွယ်ကောင်းသော နိမ့်ကျသော မိမိတို့ဧ။် စိတ်ဖြစ်ပုံကိုလည်း သိခွင့်ရလာဧ။်။ထိုသို့ သိခွင့်ရလာသည့်အတွက် ကောင်းခြင်း ဆိုးခြင်း,နူးညံ့ခြင်း ခက်ထန်ခြင်း,ရိုးသားခြင်း မရိုးသားခြင်း စသည့် ဆန့်ကျင်ဘက်တရားတို့ဧ။်နှိပ်စက်မှုကို ခံနေရသည့် စိတ်ဧ။်သဘောမှန်ကို နားလည်ခွင့် ရလာဧ။်။အမှန်ကို ဖွင့်ကြည့်ခွင့် လေ့လာခွင့် ရလာခြင်းဖြစ်သည်။

ထိုအခါ တစ်လောကလုံးကို မြင်လာဧ။်၊တစ်လောကလုံးကို နားလည်စ ပြုလာဧ။်။ခွင့်လွှတ်နိုင်လာဧ။်၊သည်းခံနိုင်လာဧ။်၊မိမိကိုယ်ကို သနားတတ်လာဧ။်၊သူတစ်ပါးကိုလည်း သနားတတ်လာဧ။်။မိမိကိုယ်ကို မေတ္တာ ဥပေက္ခာ ထားတတ်လာဧ။်၊သူတစ်ပါးကိုလည်း မေတ္တာ ဥပေက္ခာ ထားတတ်လာဧ။်။မိမိအကျိုးကိုလည်း ဆောင်တတ်လာဧ။်။အကျိုးမဲ့ ဖြစ်စေတတ်သည့် အရာများကိုလည်း လျစ်လျူရှုတတ်လာဧ။်။မိမိ ရရှိထားသည့် ခန္ဓာဧ။် သဘောမှန်ကို ရိပ်မိစ ပြုလာခြင်း ဖြစ်သည်။

အရှင်ရေ၀တ (စိတ္တလတောင်ကျောင်း-ဖားအောက်တောရ) “ဆန့်ကျင်ဘက် တရားများ ” တရားဒေသနာတော် အကျဉ်းချုပ် Dhamma Writer Myo Thiri Kyaw @ Facebook.com မှရေးသားပူဇော်ပါသည်။
By: ဗုဒ္ဓဟောကြား မြတ်တရား Like Page


ဘုန်းကြီးတို့ရော ယောဂီတို့ရော - ဂင်္ဂါဝါဠု သဲစုမက - သမုဒ္ဒ၀ါဠု သဲစုမက ဘုရားအဆူဆူပွင့်သွား ကြတာတောင် ပါမသွားဘူး။
ဘယ်ချောင်ကပ်ပြီး ဘယ်ရှောင်တိမ်းလို့ ဘယ်အလည်လွန်နေကြတယ် မသိဘူး။
ဘုန်းကြီး လည်တွေ
ယောင်္ကျား လည်တွေ
မိန်းမ လည်တွေ ချည်းပဲ
သံသရာလုံး လည်လာခဲ့တာ ရှောင်တိမ်းခဲ့တာ ကိုယ့်ကိုကိုယ် သနားစရာ ၀မ်းနည်းစရာတွေ။ အခု ဘုရားစစ်ဘုရားမှန် ၊ တရားစစ် တရားမှန် ၊ သံဃာစစ် သံဃာမှန် တွေ တွေ့ လဲတွေ့နေပြီ။
အချိန်လဲရသေးတယ် --- အားထုတ်လို့လဲရသေးတယ်
ချောင်ကပ်မနေကြနဲ့တော့
ရှောင်တိမ်းမနေကြနဲ့တော့
ကြိုးစားအားထုတ်ကြတော့

မောင်းထောင်မြေဇင်းဆရာတော်



"၂၀၁၂ အတွက် ထိချက်ပြင်းသော အဆုံးအမများ (၁၈၇)"

~~~မေတ္တာမှန်သော်ချစ်တာပြန်မမျှော်~~~

စိတ်အေးချမ်းမှု လိုလားသူတိုင်း
တုံ့ပြန်မှု မျှော်လင့်တဲ့စိတ်
ပတ်သက်မှု သာယာတဲ့စိတ်
ဖြစ်လာခဲ့ရင် “ဒါမေတ္တာမဟုတ်ဘူး၊ တဏှာ” လို့
ရဲရဲကြီး ဆုံးဖြတ်နိုင်ဖို့ လိုပါတယ်။
“တဏှာမဟုတ်ပါဘူး၊ မေတ္တာပါ” လို့
ကိုယ့်ကိုယ်ကိုယ် လိမ်ညာပြီး စကားလုံးအကောင်းတွေနဲ့ချည်း
နှစ်သိမ့်ကျေနပ်နေရင်တော့
တဏှာလှည့်ပတ်နေသမျှခံနေရ၊
ပူလောင်နေရဦးမှာပါပဲ။
မေတ္တာစစ် မေတ္တာမှန်မှာ
တုံ့ပြန်မှုကိုလည်း လုံးဝမမျှော်လင့်သလို
ပတ်သက်မှုကိုလည်း
လုံးဝမသာယာပါဘူး။

(အရှင်ဆန္ဒဓိက ၏ စိတ်အားဖြည့် ဓမ္မနှင်းပွင့် စာအုပ်မှကူးယူဖော်ပြပါသည်။)

Written by Dhamma writer Su Su Hlaing @ Facebook.com



မေတ္တာပို့နေသူ မိမိမှာတော့ ငြိမ်းချမ်းတယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

မေတ္တာပို့သောကြောင့် သင့်ရဲ့ ပြုံးရွှင်မှုကို ရပါတယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

ကျွန်ုပ်ကဆဲမိလျှင် သင့်ရဲ့ ဆဲဆိုငြိုငြင်မှုသာ ပြန်ရမယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

မေတ္တာဆိုတာ အလျှားအနံ မရှိပေမဲ့ အသွားအပြန် ရှိနိုင်တယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

လောကကြီး ငြိမ်းချမ်းနေတာ မေတ္တာတရားကြောင့် ဖြစ်ပါတယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

မေတ္တာပွားလို့ ဈာန်ရလျှင် ဗြဟ္မာ့ပြည်သွားနိုင်တယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

မေတ္တာဈာန်ကို အခြေခံလို့ ဝိပဿနာပွားနိုင်ရင် ဆင်းရဲငြိမ်းနိုင်တယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

Shared from Buddha In My Life


"စိတ်ပိုင်းဆိုင်ရာ ပရဟိတ"
တစ်ဖက်သားကို အတွေးအခေါ်၊ အယူအဆ မှန်ကန်စေမယ့်၊
စိတ်ဓာတ်နဲ့ အသိညဏ် ရင့်ကျက်မြင့်မြတ်စေမယ့် စာပေတွေ ရေးသားတာ၊
ဟောပြောချက်တွေ ပို့ချတာ၊ စကားတွေ ပြောဆိုတာဟာလည်း
စိတ်ပိုင်းဆိုင်ရာ ပရဟိတ အလုပ် လုပ်တာပါပဲ။
အရှင်ဆန္ဒာဓိက

No comments:

Post a Comment