ဒီဆန္ဒနဲ့ ပတ်သက်လို့တော့ အဋ္ဌကထာဆရာတော်ကြီးက ဘုရားရှင်ရဲ့ အလိုတော်ကျအတိုင်း သာဓက လေးတွေနဲ့ ထပ်ပြီး ရှင်းပြပါတယ်။
မဂ်ဖိုလ်မရသေးသော်လည်း နှစ်လရှည်ကြာ သီလကို စင်ကြယ်အောင် စောင့်ထိန်းတဲ့ ပုဂ္ဂိုလ်များဟာ သေရာ ညောင်စောင်း လဲလျောင်းနေရတဲ့ အခါ မှာပင် မဂ်ပညာ ဖိုလ်ပညာ အဖြစ်ရောက်အောင် ပညာကို စင်ကြယ် မြင့်တက် စေနိုင်စွမ်း ရှိကြပါတယ်။
“ ကန္ဒရသာလ”လို့ခေါ်တဲ့ အရပ်မှာ ၀ါတော် ၆၀၊ သက်တော် ရှယ်ဆယ် ကျော်ရှိတဲ့ မထေရ်ကြီးဟာ အရွယ်နဲ့ ထပ်တူ ရောဂါပါ ကြီးရင့်တဲ့အတွက် သေ ရာ ညောင်စောင်းမှာ လဲလျောင်းရင်း ညဉ်းညူနေပါတယ်။
မထေရ်ကြီးကို ကြည်ညိုရင်းရှိတဲ့ ရှင်ဘုရင်က ကန်တော့ရှိခိုးဖို့ လာတဲ့အခါ ညဉ်းညူသံကို ကြားရတော့ အထင်သေးပြီး ရှိမခိုးဘဲ ပြန်လှည့်သွားတယ်။ ဒါကို သိတဲ့ လူမမာစောင့် သာမဏေက ဆရာတော်ရဲ့ ညဉ်းညူမှုဟာ တပည်တွေကို ပါ အရှက်ရစေ ပါတယ်ဆိုပြီး ဖြစ်ကြောင်းစုံကို လျှောက်ထားတဲ့အခါ ငါ့ကို ခေတ္တ မျှ အချိန်ပေးပါဆိုတဲ့ သဘောနဲ့ လက်ကာပြပြီး တရားကို နှလုံးသွင်းပါတယ်။
ဆရာတော်ကြီးက ပထမဆုံး သူရဟန်းအဖြစ်နဲ့ နေခဲ့တဲ့ နှစ်ပေါင်း ၆၀ ကာလ တစ်လျှောက် သူကျင့်သုံးဆောက်တည်ခဲ့တဲ့ သီလကို ပြန်ပြီး သုံးသပ် ကြည့်လိုက်တယ်။ ဒီလောက်ရှည်လျားလှတဲ့ ရဟန်းဘ၀တစ်လျှောက်မှာ ပညာ ရှိတို့ ကဲ့ရဲ့ဖွယ်ရာ အသေးအမွှားကလေးကိုပင် ကျူးလွန်ဖောက်ဖျက်ခဲ့ခြင်းမရှိဘဲ သီလစင်ကြယ် သန့်ရှင်းတာကို သိရတဲ့ အခါမှာတော့ မထေရ်မြတ်ကြီးရဲ့ သန္တာန် မှာ အပြစ်ကင်းခြင်းဆိုတဲ့ ချမ်းသာကို အခြေခံပြီး ကျေနပ်ကြည်နူးမှု (ပီတိပါမောဇ္ဇ)ကို ရရှိသွားပါတယ်။
စိတ်ဆိုတာ တစ်ကြိမ်မှာ အာရုံတစ်ခုကိုသာ ယူနိုင်စွမ်းရှိပြီး တစ်မျိုး သာဖြစ်တတ်တဲ့ ဓမ္မသဘာဝအတိုင်း သီလကို အာရုံပြုနေချိန်မှာ ခံစားနေ ရတဲ့ ဝေဒနာကို အာရုံမပြုမိတော့ပါဘူး၊ ဒါကြောင့် သီလကို အာရုံပြုပြီး ကျေနပ် ကြည်နူးတဲ့ စိတ်ကလေးချည်း ဆက်တိုက်ဖြစ်နေတဲ့ အခါမှာ ဝေဒနာကြောင့် ဖြစ်တဲ့ မကျေမနပ်ခံစားမှုနဲ့ ယှဉ်တွဲတဲ့ ညည်းညူးစိတ်များလည်း မဖြစ်တော့လို့ ညည်းညူးသံ စဲသွားပါတယ်။
မထေရ်မြတ်ကြီးဒက သီလစင်ကြယ်မှုကို အာရုံပြုပြီး ဖြစ်ပေါ်လာတဲ့ ပီတိစိတ်အစဉ်ကိုပဲ သတိနဲ့ စူးစိုက်ပြီး သုံးသပ်ဆင်ခြင်တဲ့အခါ ဘယ်စိတ်မှ အမြဲ မတည်ပဲ ဒယ်အိုးထဲထည့်ပြီး လှော်ထားတဲ့ နှမ်းတွေဟာ တဖျစ်ဖျစ် မြည်ပြီး အသံပျောက်သွားသလို ဖြစ်ပြီးသမျှတွေဟာပျောက်ပျောက် သွားတဲ့ အနိစ္စ လက္ခဏာတွေ၊ မခိုင်မြဲတဲ့ အတွက်ကြောင့်ပဲ အမြဲကျေနပ်စရာ ဘာမျှ မရှိတဲ့ ဒုက္ခသဘောတွေ၊ ကိုယ်ထင်သလို ကိုယ်တောင်းတသလို ဖြစ်မလာတဲ့ အနတ္တ သဘောတွေအထိ ထိုးထွင်းသိမြင်တဲ့ ၀ိပဿနာဉာဏ်တွေက စလို့ မဂ်ဉာဏ် ဖိုလ်ဉာဏ် အဆင့်ဆင့်တွေ မြင့်တက်ပြီး အရဟတ္တဖိုလ်ပေါက် ရဟန္တာအဖြစ် ရောက်တော်မူသွားပါတယ်။ သီလစင်ကြယ်ရင် ပညာကို သန်ွှ့စင်အောင် (ကိသောအညစ်အကြေးကင်းအောင်) ဆေးကြောပေးတယ်ဆိုတာ ဒီသဘော ကိုပြောတာပါ။)
မထေရ်ကြီး ရဟန္တာအဖြစ် ရောက်ရှိတော်မူတာကို သိလို့ လာရောက် ကန် တော့တဲ့ ရှင်ဘုရင်ကြီးက တပည့်တော် အခုလာရောက် ရှိခိုးတာဟာ အရှင်မြတ် ရဲ့ ရဟန္တာဂုဏ်တော်ကို အာရုံပြုပြီး ရှိခိုးတာမဟုတ်ပါဘူးဘုရား၊ အရှင်ဘုရား နှစ်ပေါင်း ခြောက်ဆယ်တိုင်တိုင် ကျိုးပေါက် ညစ်နွမ်းခြင်း မရှိအောင် စောင့်ထိန်း ခဲ့တဲ့ သီလဂုဏ်ကို အာရုံပြုပြီး ရှိခိုးတာပါဘုရားလို့ လျှောက်ထားရင်း မိကျောင်း များလို ရှိခိုးကန်တော့ ပါတယ်တဲ့ ။
ရှင်ဘုရင်ကြီး ဒီလို ၀န်ခံလျောက်ထားပြီး ရှိခိုးပုံကို အလေးအနက်တွေးပြီး အတူယူသင့်ပါတယ်၊ ဟုတ်ပါတယ်.. ရှင်ဘုရင်ကြီး ပြစ်မှားမိတာက ရဟန္တာ အဖြစ်ကို ပြစ်မှားမိတာမှ မဟုတ်ဘဲ၊ ပုထုဇဉ်ဘ၀မှာ စင်ကြယ်အောင် စောင့် ထိန်းထားတဲ့ သီလဂုဏ်ကို မသိမမြင်လို့ ပြစ်မှားမိခဲ့တာကိုး၊ ဒါကြောင့် သူပြစ် မှားမိခဲ့တဲ့ ဂုဏ်ကို အာရုံပြုပြီး ကန်တော့တောင်းပန်တာပါ။
ဥဂ္ဂဋိတညူ ခေါ် အကျဉ်းလောက်ဟောပြရုံနဲ့ အကျယ်ကို ဝေဘန်နိုင်စွမ်း ရှိတဲ့ ပညာရှိသူတို့မှာတော့ ထက်မြတ်တဲ့ ပညာစွမ်းအားနဲ့ သီလကို စင်ကြယ်စေ နိုင်ပါတယ်၊ ထင်ရှားတဲ့ သာဓကတစ်ခုကတော့ သန္တတိအမတ်ကြီးပါပဲ။
သန္တတိအမတ်ကြီးဆိုတာ ကောသလမင်းကြီးရဲ့ စစ်ဘက် လက်ထောက် အမတ်ကြီးပါပဲ၊ ပုန်ကန်ခြားနားတဲ့ နယ်ပယ်တစ်ခုကို သန္တတိအမတ်ကြီးရဲ့ စီမံ ကွပ်ကဲမှုနဲ့ အောင်မြင်တဲ့အခါ ဘုရင်ကြီးက ထီးနန်းစည်းစိမ်(၇)ရက် ခံစားခွင့်ပြု ပါတယ်၊ ရှင်ဘုရင် (၇)ရက် လုပ်ခွင့်ပြုတယ် ဆိုပါတော့။
အမတ်ကြီးက ရှင်ဘုရင်ဖြစ်တုန်း ရသမျှ အခွင့်အရေးကို အပြည့်အ၀ သုံး လိုက်မယ်ဆိုပြီး သူ့အပေါင်းအသင်းတွေရော နိုင်ငံအတွင်းမှာ ကျော်ကြားတဲ့ ကချေသည် အကျော်အမော်တွေကော အားလုံးခေါ်ပြီး သောက်ပွဲ စားပွဲ ပျော်ပွဲ ကြီးကို ၇ ရက်လုံးလုံး ပြုလုပ်တယ်။ သူ့အတွက်လည်းစပယါရှယ် မော်ဒယ် ကချေသည် လေးတစ်ယောက်ခေါ်ပြီး က ဆို စားသောက်ရင်း နေ့မအား ည မအား ပျော်ပါးသတဲ့။
ခနှစ်ရက် ပြည့်တဲ့အခါမှာတော့ အအိပ်ပျက်၊ အစားပျက်နဲ့ နေ့စဉ်ရက် ဆက် ကဆို ဖော်ဖြေရတဲ့ ကချေသည်ကလေး သီဆိုကခုန်ရင်းက အရုပ်ကြိုး ပြတ် ပုံကျပြီး အမတ်ကြီး ရင်ခွင်ထဲမှာ အသက်ပျောက်သွားပါလေရော။
မထင်မှတ်ဘဲ ဗြုံးကနဲသေပွဲကြုံရပုံကို ကိုယ်တွေ့ကြုံလိုက်ရတဲ့အခါ သောက အပူတွေ တစ်ကိုယ်လုံး လောင်မြိုက်သွားလို့ ခုနှစ်ရက်လုံးလုံး သောက် ထားတဲ့ သေအရက်တွေတောင် ငွေ့ပျံ့ကုန်ပြီး မူးတာတွေ ဘယ်ရောက်ကုန်မှန်း တောင် မသိနိုင်တော့ဘူး ဖြစ်သွားသတဲ့။
ဒီသောကကို ဘုရားရှင်ကလွဲလို့ ဘယ်သူမှ မကုစားနိုင်ဘူးဆိုတာ သတိရပြီး နောက်လိုက် ဗိုလ်ပါ ပရိသတ်များနဲ့အတူ ဘုရားရှင်ထံမှောက် ရောက်သွားတဲ့ အခါမှာတော့ ဖြစ်ကြောင်းကုန်စင်သိရတဲ့ ဘုရားရှင်က ရှည်လျား လှတဲ့ သံသရာ တစ်လျောက်မှာ ဒီလို ချစ်ခင်ရသူတွေရဲ့ သေဆုံးရခြင်းကို အကြောင်းပြုပြီး ကျခဲ့ ရတဲ့ မျက်ရည်တွေဟာ စုဆောင်းထားနိုင်မယ်ဆိုရင် သမုဒ္ဒရာ လေးစင်းထဲက ရေတွေထက်တောင် များခဲ့လှပြီလို့ အစချီပြီး….
အမတ်ကြီး… ရှေ့က ကြုံတွေ့ခဲ့ရသမျှတွေဟာ အခု မရှိတော့ဘူး၊ ဒါဟာ သင်္ခါရတရားတို့ရဲ့ သဘောဓမ္မတာပဲ၊ ဒီအတိတ် သင်္ခါရတွေကို အောက်မေ့ပြီး ဖြစ်နေတဲ့ စွဲလမ်းမှု ပူပင်မှု တွေကိုလည်း စွန့်ပယ်လိုက်တော့။
မရောက်လာသေးတဲ့ သင်္ခါရတွေ အတွက် ကြိုတွေးပြီး နှိပ်စက်နေတဲ့ ကိလေသာတွေကိုလည်း မဖြစ်ပေါ်စေနဲ့။
အခုရောက်ဆဲ ပစ္စပ္ပန် ခန္ဓာကြီးကလည်း ခဏမစဲ တသဲသဲ ဖောက်ပြန် နေတာမို့ ငါပဲ.. သူပဲ လို့ အစွဲ အယူ မမှားစေနဲ့။
အဲဒီလို နှလုံးသွင်းနေလိုက်ရင် သင့်မှာ လောင်ကျွမ်းနေတဲ့ ကိလေသာမီး တွေ ငြိမ်းသွားမယ်လို့ အဓိပ္ပါယ်ရတဲ့ တရားစကားကို ဟောကြားလိုက်တဲ့အခါ ဉာဏ်ပညာအလွန် ထက်မြတ်တဲ့ ပုဂ္ဂိုလ်ပီပီ အခုလိုနှလုံးသွင်း ဆင်ခြင်ရင်း ဖြစ်ပေါ် လာတဲ့ အသိတရားက သီလသိက္ခာကိုပါ စင်ကြယ်အောင် သုတ်သင် ပေးလိုက်လို့ သိက္ခာသုံးပါးလုံး ပြည့်စုံကာ မင်းမြောက်တန်ဆာတွေ ၀တ်ဆင် ထားရင်းကပဲ ရဟန္တာဖြစ်သွားပါတော့တယ်။
သန္တတိအမတ်ကြီးဟာ လူဝတ်ကြောင်နဲ့ အတိအကျ ပြောရရင်တော့ မင်းမြောက်တန်ဆာတွေ ၀တ်ဆင်ရင်းကပဲ ရဟန္တာဖြစ်သွားတာပါ၊ အရဟတ္တဖိုလ် အဆင့်ဆိုတဲ့ ဂုဏ်ကြီးဟာ ဓမ္မနယ်ပယ်မှာ အကြီးဆုံး ဂုဏ်ကြီးပဲ ဖြစ်ပါတယ်။
ဂုဏ်နဲ့ ဒြပ်နဲ့ ထပ်မိမှခံနိုင်တယ် ဆိုတာ အခြားဂုဏ်နဲ့ ဒြပ်တွေမှာ မှန်ချင်မှ မှန်မှာဖြစ်ပေမယ့် အရဟတ္တဖိုလ်ဆိုတဲ့ ဂုဏ်အတွက်တော့ ရဟန်းအဖြစ်ဆိုတဲ့ သဏ္ဍာန်ဒြပ် ရှိမှသာ ရေရှည်ဆက်တည်နိုင်ပါတယ်၊ လူဝတ်ကြောင် အဖြစ်နဲ့ ကတော့ နောက်တစ်နေ့ အရုဏ်မတက်မီ အချိန် အထိသာ ဆက်တည်နိုင်တာ မျိုးပါ။
သန္တတိအမတ်ကြီးဟာ ရဟန်းဝတ်ဒြပ်မရှိတာရယ်၊ သူ့ရဲ့ အသက်အပိုင်း အခြားကလဲ ဒီနေ့ပဲကုန်ဆုံးတော့မှာ ရယ်တို့ကြောင့် ရဟန်းအဖြစ်ကို မရနိုင် တော့ပဲ အဲဒီနေ့မှာပဲ ပရိနိဗ္ဗာန်ပြုရမှာပါ၊ ဒါကို သန္တတိအမတ်ကြီး ကိုယ်တိုင် လည်းသိလို့ ဘုရားရှင်ကို လျှောက်ထားပါတယ်။
ဒီအတိုင်းသာ ပရိနိဗ္ဗာန်ပြုသွားခဲံ့ရင် မနေ့ကအထိ ခုနှစ်ရက်လုံးလုံး မူးရူး နေတဲ့ အမတ်ကြီးက အခုပဲ ဘုရားရှင်ထံမှာ တနားနာ အခုပဲ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်ပြုတယ်ဆိုတာ မသိသူတွေက မယုံနိုင်တဲ့အတွက် ပြစ်မှားကြလိမ့်မယ်။
ဒီလို ပြစ်မှားမိသူများဟာလည်း အရိယာ ကို ပြစ်မှားတဲ့ အန္တရာယ်ကြီး ကျရောက်ပြီး မဂ်ဖိုလ်ရနိုင်ခွင့် ပိတ်ပင် သွားနိုင်တယ်၊ ဒါကြောင့် အားလုံးသိသာ အောင် တန်ခိုးပြာဋိဟာပြဖို့ ဘုရားရှင်က တိုက်တွန်းခွင့်ပြုတော်မူလို့ ထန်းတစ် ဆင့် ကနေ ထန်းခုနှစ်ဆင့်အထိ ခုနှစ်ကြိမ်တိုင်တိုင် ကောင်းကင်ကို ပျံတက် လိုက် ဘုရားရှင်ခြေတော်ကို ဦးခိုက်လိုက်နဲ့ ရှိခိုးကန်တော့ပြီးမှ ပရိနိဗ္ဗာန် ပြု သွားပါတယ်။
ဒါက ထက်မြက်တဲ့ ပညာကြောင့် သီလပါ စင်ကြယ်သွားတဲ့ သာဓကပါ။ ဒါကြောင့် သီလနဲ့ ပညာဟာ လက်နှစ်ဘက်နဲ့တူတယ်။ တစ်ဘက်သန့်စင်ရင် ကျန်တစ်ဘက်ကို သန့်စင်စေပြီး အမြင့်ဆုံး ကျက်သရေအထိ တိုးတက်စေတယ် လို့ ဆိုရတာ ပါပဲ။
ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)
Shared from Shwe Yee
No comments:
Post a Comment