Sunday, March 25, 2012

အိုနေ့မင်္ဂလာ အတွက် အိုခြင်းအလင်္ကာ။

ငါ့ရဲ့ပျိုမြစ်ခြင်းကမ်းပါးကို ဇရာရေလှိုင်းတွေက တဖြည်းတဖြည်း တိုက်စားသွားကြပြီ။

ကြည့်ကောင်းအောင် အမြဲဖြီးလိမ်းခြယ်သနေရတဲ့ ငါ့ခန္ဓာကိုယ်ကို ဇရာမီးကတဖြည်းဖြည်း လောင်ကျွမ်းအိုမင်းစေခဲ့ပြီ။

အသက်ထက်စာရင် ပိုနုနေတယ်လို့ မြှောက်ပင့်ပြီးဆိုလာတဲ့စကားအပေါ် ကျေနပ်နေမိတဲ့ငါ့ကို ဇရာက ဟားတိုက်ရယ်မောနေခဲ့ပြီ။

အသားအရေ လှပအောင်ဆိုပြီး အမြဲထိန်းသိမ်းယုယနေရတဲ့ ခန္ဓာဝန်ထုပ်ကြီးကို ဇရာတရားက အတုအပ အဖြစ်ပြနေခဲ့ပြီ။

ပျိုမြစ်ခြင်းမှာ မာန်ဝင်ခဲ့တဲ့ ငါ အခုတော့ အိုခြင်းသခင်ရဲ့ရှေ့တော်မှောက် ဒူးထောက်ခစားနေရပြီ။

မရပ်မနားခုတ်မောင်းနေတဲ့ အချိန်ရထားကြီးကလည်း ငါ့ကို နုပျိုခြင်းတို့ရဲ့ ဝေးရာဆီကို ခေါ်ဆောင်သွားနေပြီ။

အိုသူကမွေးခဲ့တဲ့ တို့ရဲ့ကိုယ်ထဲမှာ အိုသွေးတွေ လည်ပတ်စီးဆင်းနေကြပြီလေ။

( ထာဝရ)
Shared from Ashin Therasarmi

No comments:

Post a Comment