Monday, September 30, 2013

မင်္ဂလာရှိသော နေအိမ်



မိမိတို့ အိမ်တွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို
ဘုရားစင်နှင့် ကိုးကွယ်ထားခြင်းအားဖြင့် ဖော်ပြလတ္တံ့ ပါ
အကျိုးကျေးဇူး (၉) မျိုးကို ရရှိပါသည်။

(၁) ဘုရားစင်ရှိသည့်အတွက် ဘုရားကို မြင်နေရခြင်း၊
ဘုရားဝေယျာဝစ္စ ပြုနေရခြင်း၊ ဘုရားကို ကိုင်းညွတ်သည့်
စိတ်ဖြင့် မမေ့ခြင်းနှင့် ဘုရား တရားနှင့် ကင်းကွာမနေခြင်း။

(၂) မြတ်စွာဘုရားကို ဖူးတွေ့ ရခြင်းဖြင့် ဗုဒ္ဓဘာသာအပေါ်
ပို၍ ယုံကြည်မှု လေးနက်လာသည်။

(၃) အိမ်တွင် ဘုရားစင်ရှိလျှင် စနစ်တကျ ဆည်းကပ်ကိုးကွယ်မှု
ပြုခြင်းဖြင့် သတိမြဲခြင်းနှင့် ပညာဥာဏ် ထက်မြက်ခြင်းများ
ရှိလာသည်။

(၄) ကုသိုလ်တရားများ တိုးပွားလာသည်။

(၅) စိတ်ညစ်ညူးမှု ရှိလာလျှင် ဘုရားစင် ဘုရားရှင် ရှေ့ တော်သို့ 
သွားပြီး ဘုရားပန်းလဲခြင်း၊ မြတ်စွာဘုရားကို အသေအချာကြည့်
အာရုံပြုလိုက်ခြင်းဖြင့် စိတ်ညစ်ညူးမှုများ ပပျောက်လာသည်။
အမှားအယွင်းများ မပြုလုပ်မိတော့ဘဲ ရပ်တန်းမှ ရပ်ပြီး
စိတ်ကြည်နူးမှု ချက်ချင်း ရရှိလာပါသည်။

(၆) အိမ်တွင် ဘုရားစင်ရှိသဖြင့် နာနာဘာဝ ၀ိနာဘာဝများ၏
အနှောက်အယှက်များမှ ကင်းပြီး မကြောက်မရွံ့  နေနိုင်ပါသည်။

(၇) ဆင်းရဲဒုက္ခကို သည်းခံလာနိုင်သည်။

(၈) ဘုရားစင်ကို ပိုးမျှင် ဖုန်များ ကင်းစင်အောင် လှည်းကျင်း
သုတ်သင်ပြီး ကျကျ နန ထားလျှင် အိမ်ကျက်သရေ၊
လူ့ ကျက်သရေ တက်ပြီး ဂုဏ်သိက္ခာများ တက်ပါမည်။

(၉) ဘုရားစင်ရှိသဖြင့် မြတ်စွာဘုရားနှင့် အတူပေါင်းသင်း
နေရသကဲ့သို့  ဖြစ်ပြီး သူတပါး၏ ချီးမြှောက်ပူဇော်မှုကို
ခံယူရရှိနိုင်ပါသည်။

(ဗုဒ္ဓဘာသာကောင်း တစ်ယောက် မှ)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)
photo - တိရတနာ ဘုန်းတော်ကြီးကျောင်း ဘုရားစင်

စုန်လမ်းနှင့် ဆန်လမ်း



အဲဒီလမ်း(၂)လမ်းမှာ များသောအားဖြင့် လူသားတွေဟာ စုန်လမ်းကို အလိုက်များ ကြတယ်။ ဆန်လမ်းကို သိပ်ပြီးတော့မလိုက်ဘူး။

စုန်လမ်းဆိုတာ အကုသိုလ်လမ်း၊ ဆန်လမ်းဆိုတာ ကုသိုလ်လမ်း၊ ရေစုန်ဟာ သိပ်သက်သာတာ။ ဘာမှလှော်ခတ်စရာမလိုဘူး။ အသာလေးလှေပေါ် ထိုင်လိုက်သွားရင် ပါသွားတာပဲ။ ဒါပေမယ့်လို့ စုန်လမ်းရဲ့ နောက်ဆုံးပန်းတိုင်က သမုဒ္ဒရာထဲ ရောက်ပြီးတော့ လှိုင်းတွေ၊ ဝဲတွေရိုက်ပြီးတော့ ရေနစ်ပြီးသေရတယ်။

ရေဆန်ကျတော့ ကူးခတ်ရတာလည်း ပင်ပန်းတယ်။ လှေကိုလည်း လျှာထွက်မတတ်လှော်ရတယ်။ သိပ်ပင်ပန်းပါတယ်။ ဒါပေမယ့်လို့ ဆန်လမ်းရဲ့နောက်ဆုံးပန်းတိုင်က-

ရေသည် မြင့်ရာကနေ နိမ့်ရာကိုစီးဆင်းတဲ့ အတွက်ကြောင့် ဆန်လမ်းရဲ့အဆုံးကျတော့ ရေတွေစတင်စီးဆင်းရာ တောင်ထိပ်ကမ်းပါးပေါ် ရောက်သွားတယ်။ ရေတံခွန်အပေါ်ဆုံး ရောက်သွားတာပေါ့။

အဲဒီကျတော့ သာယာလှပတဲ့ရှုခင်းတွေကို တောင်ပေါ်ကနေ ကြည့်ခွင့်ရမယ်။ ဒါက ဥပမာပေးလိုက်တာပေါ့။

စုန်လမ်းဆိုတာ အကုသိုလ်လမ်းကိုပြောတာ။ အင်မတန်မှလွယ်ကူတယ်။ ဆိုကြပါစို့-

အရက်သောက်ဖို့ ဘာမှမခဲယဉ်းဘူး။ အရက်သမားတွေပေါလိုက်တာ။ အရက်သောက်ဖို့ သင်တန်းတက်စရာမလိုဘူး။ ဖဲရိုက်ဖို့၊ နှစ်လုံး သုံးလုံးကစားဖို့၊ လောင်းကစားလုပ်ဖို့ ဘာမှပင်ပန်းစရာမလိုဘူး။ တအားပေါတာ။ ချဲသမားတွေ အများကြီးပဲ။ ဒါ စုန်လမ်းကို ပြောပြနေတာ လွယ်ကူပုံ။

အပါယ်ကျမယ့်လမ်းတွေ ဘယ်လောက်လွယ်သလဲ အပျော်အပါး မိန်းမတွေလိုက်စားဖို့ ဘာမှသင်တန်း တက်စရာမလိုဘူး။ လွယ်လွယ်လေးပဲ အကုသိုလ်အလုပ်တွေက အပါယ်ကျမယ်လေ။ ဒါ စုန်လမ်းခေါ်တယ်။

ကုသိုလ်လမ်းက ဆန်လမ်းပဲ။ ဒါနပြုကြတယ်။ သီလဆောက်တည်ကြတယ်။ ဘာဝနာပွားကြတယ်။ အဲဒါဆန်လမ်း၊ လူတိုင်း မလုပ်နိုင်ဘူး။ ခဲယဉ်းတယ်။

အဲဒိဆန်လမ်းရဲ့ နောက်ဆုံးပန်းတိုင်က လူချမ်းသာလည်းရမယ်။ နတ်ချမ်းသာလည်းရမယ်။ မိမိက ဆုတောင်းတတ်ပြီးတော့ ဝိပဿနာတရားတွေ နာကြားရှုပွားမယ်ဆိုရင် နိဗ္ဗာန်ချမ်းသာထိပို့ပေးမယ်။ အဲဒါဆန်လမ်းပဲ။

တခြားပုဂ္ဂိုလ်များ မဆိုထားနဲ့။ လင်မယားပင် ဖြစ်စေကာမူ လမ်းသွားတာခြင်းမတူရင် ကုသိုလ်လမ်းနဲ့ အကုသိုလ်လမ်း လျှောက်လှမ်းပုံခြင်းမတူရင်ရောက်တဲ့ဘုံဌာနချင်းလည်း တူမှာမဟုတ်ပါဘူး။

အရှင်ဇဝန(မေတ္တာရှင်-ရွှေပြည်သာ)
Buddhavasa Tiloka

Sunday, September 29, 2013

သိထားသင့်တဲ့ DNA အကြောင်း


- မိဘနှင့်သားသ္မီးတွေဟာ DNA 99.5% တူညီကြပါတယ်။
- လူသားတွေရဲ့ DNA 40-50% ဟာဂေါ်ဖီထုပ်မှာပါတဲ့ DNAနဲ့ တူပါတယ်။
- ငှက်ပျော်သီးတွေနဲ့ ဆိုရင် 50%တူညီပါတယ်။
- ချင်ပန်ဇီမျောကက်တွေနဲ့  လူတွေရဲ့ DNAဟာ 98% တူညီပါတယ်။
- လူသားတစ်ဦးနဲ့ တစ်ဦးရဲ့ DNAဟာ 99% တူညီပါတယ်။
- အမွှာတွေမှာဆိုရင် DNAဟာ 100% တူညီကြပါတယ်။
- ယင်ကောင်တွေနဲ့ ဆိုရင်တော့ 60%တူပါတယ်။
- Cambridge တက္ကသိုလ်မှလေ့လာတွေ့ ရှိချက်အရကျောရိုးမဲ့သတ္တ၀ါတွေ
ထဲမှာမှ တီကောင်တွေရဲ့ DNA တည်ဆောက်ပုံနဲ့ လူတွေရဲ့
DNA တည်ဆောက်ပုံဟာအတူညီဆုံးဖြစ်ပါတယ်။
-လူတစ်ယောက်မှာရှိတဲ့ DNA တွေကိုစီလိုက်ရင် ကမ္ဘာကနေပြီး နေကို
သွားတဲ့ခရီးလမ်းအကွာအဝေးအသွားအပြန်စာထက် အကြိမ် 600ဆ
လောက်ရှိပါတယ်။


ZK(ကနောင်)
Scientist Myanmar

အေးချမ်းမွန် Credit To > Scientist Myanmar < Thanks
Re-posted By ACM 30-9-2013
https://www.facebook.com/excellencemedia

Myanmar Blogger များ၏ နည်းပညာ အခက်အခဲများကို အခမဲ့ ကူညီမည်။


Myanmar နိုင်ငံက လူငယ်တွေ တော်တော်များများ blog လေးတွေ ထောင်ထားကြတာကို တွေ့ရပါတယ်။ တစ်ချို့လည်း စမ်းသပ်တဲ့အနေနဲ့ တင်ကြည့်၊ လုပ်ကြည့်ကြပါတယ်။ နည်းပညာ blog တွေလည်း တော်တော်များများ တွေ့ရပါတယ်။ နည်းပညာ အကြောင်းအရာ မဟုတ်တဲ့ blog တွေလည်း တော်တော်များပါတယ်။ လိုက်ကြည့်မိသလောက် တစ်ချို့တွေ ကိုယ်ပိုင် blog တွေကို ပြင်ရင်း ပြင်ရင်းနဲ့ ပုံစံပျက်သွားတာမျိုးတွေလည်း တွေ့ရပါတယ်။ တစ်ချို့လည်း နဂို blogger template မဟုတ်ဘဲ တစ်ခြား အပြင်က download လုပ်ထားတဲ့ template ကို width ချဲ့ချင်တာတို့ ဘာတို့ လုပ်ချင်တဲ့အခါကျတော့ blogger dashboard ကနေ လုပ်လို့မရတော့ပါဘူး။ အဲဒီအခါ မေးလ်ပို့ပြီးတော့ အကူအညီတောင်းတာတို့၊ chat ကနေ အကူအညီတောင်းတာတို့ ကြုံလာတဲ့အခါကျတော့ ဒီ post လေးတင်ပြီး အခက်အခဲရှိနေသူတွေကို ကူညီပေးဖို့ စိတ်ကူးရလိုက်ပါတယ်။ အတိုချုပ်ပြောရရင်တော့ အခက်အခဲရှိသမျှ ဆက်သွယ်လာရင် ကူညီဖြေရှင်းပေးမယ်လို့ ပြောတာပါ။

ဒါကြောင့်မို့လို့ မြန်မာနိုင်ငံက blogger ညီအစ်ကို၊ မောင်နှမများ မိမိရဲ့ blog နဲ့ ပတ်သတ်ပြီး တစ်ခုခုအခက်အခဲရှိရင် gtu.myowin@gmail.com ကို မေးလ်ပို့ပြီး အခက်အခဲများအတွက် မေးမြန် အကူအညီတောင်းနိုင်ပါတယ်။

ဝိပဿနာဆရာကြီး ဦးဂိုအင်ကာ ကွယ်လွန်ရှာ


ဝိပဿနာဆရာကြီး ဦးဂိုအင်ကာသည် စက်တင်ဘာ ၂၉ ရက် ည ၁၁ နာရီခန့်က သူ၏နေအိမ်တွင် ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိသည်။

သူ၏ ဈာပနကို အောက်တိုဘာ ၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ဘုံဘေမြို့တွင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

ဆရာကြီး ဦးဂိုအင်ကာသည် ၁၉၂၄ ခုနှစ်က မြန်မာနိုင်ငံ မန္တလေးမြို့တွင် မွေးဖွားခဲ့ပါသည်။

PP

အေးချမ်းမွန် Credit To > Popular Myanmar News Journal < Thanks
Re-posted By ACM 30-9-2013
https://www.facebook.com/excellencemedia

ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ) ဝတ်သူများ သတိပြုရန်

ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ/ဂျင်း) များက လူငယ်များ အကြား ရေပန်းစားလာပြီ ဖြစ်တာနဲ့ အညီ သူရဲ့  ဆိုးကျိုးများလည်း သိထားရန် လိုအပ်ပါတယ်။

သေချာတာကတော့ ခပ်ကြပ်ကြပ် ဘောင်းဘီ ဖြစ်တဲ့အတွက် ခါးအောက် ပိုင်း အာရုံကြော စနစ်၊ သွေးလည်ပတ်ကိုကို ကြိမ်းသေ သက်ရောက် မှု ရှိပါတယ်။ လေဝင်လေထွက်လည်း မရှိတဲ့အတွက် အသားတွင်း မှာတင် မကပဲ ပြင်ပ အသားအရည် မှာလည်း ဆိုးကျိုး ရှိလာ နိုင်ပါတယ်။

စကင်နီ ဘောင်းဘီ ဝတ်သော အမျိုးသမီးများဟာ အခြား ဘောင်းဘီ ဝတ်ဆင်လေ့ ရှိတဲ့ အမျိုးသမီးများနဲ့ စာရင် ကိုယ်ဝန်ဆောင်နိုင်ချေ နည်းပါတယ်။ ကိုယ်ဝန်ရှိစဉ် ကာလမှာ စကင်နီ ဘောင်းဘီ ဝတ်ခြင်း ကလည်း ပျက်ကျဖို့ အနီးစပ်ဆုံးပဲ ဖြစ်ပါတယ်။ ခါးပေါ်ပဲ တင်ဝတ်ဝတ်၊ ခါးအောက်ပဲ လျှော ဝတ်ဝတ် သွေးနဲ့၊ အာရုံကြော များကို ကြပ်ကြပ် စည်းထားတဲ့အတွက် ခါးအောက်ပိုင်း တစ်ခုလုံး ဒဏ်ဖြစ်လာ တတ်ပါတယ်။ အာရုံကြောစနစ်ဆိုတာ ခြေဖျားကနေ ဦးနှောက်အထိ အားလုံး ဆက်စပ် နေပြီး ခါးအောက်ပိုင်း အာရုံကြော စနစ် အားနည်းမှုက အခြား ကိုယ်အစိတ်အပိုင်းများသို့လည်း သက်ရောက်မှု ရှိပါတယ်။

ကိုယ်ကြပ်ဘောင်းဘီရဲ့  ဒဏ်ကို အမျိုးသားများ ပိုခံရပါတယ်။ အထူးသဖြင့် ဆီး လမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါများ ဖြစ်နိုင်ချေ ပိုများပြီး ဆီးသွားရ မလွယ်ကူခြင်း၊ ဆီးလမ်းကြောင်းလွဲခြင်း၊ ဆီးလမ်းကြောင်းမှ တစ်ဆင့် ပိုးဝင်ခြင်း၊ ကျောက်ကပ် နှင့် ဆက်စပ်ရောဂါများ ဖြစ်ပွားခြင်းတို့အထိ ဆိုးကျိုး ရှိပါတယ်။

ကိုယ်ကြပ်ဘောင်းဘီ (စကင်နီ ဂျင်း) ဝတ်လေ့ရှိသော အမျိုးသမီး တစ်ဦး ဟာ သားအိမ်လမ်းကြောင်းလွဲပြီး ကလေးမမွေးနိုင်တဲ့ အခြေအနေ အထိ ဖြစ်ခဲ့တာလည်း ရှိခဲ့ဖူးပါတယ်။

အားလုံးချည်းပြောလို့ ကိုယ်ကြပ်ဘောင်းဘီ မဝတ်သင့်ပါဘူးလို့ ဆိုလိုခြင်း မဟုတ်ကြပါဘူး။ ဒီလိုသာ ဖြစ်ကြေးဆိုရင် အားလုံး ဆီးလမ်းကြောင်းနဲ့ ဆိုင် တဲ့ ရောဂါများ ဖြစ်နေကြပြီ ဖြစ်ပါတယ်။ ဖြစ်ကြပေမယ့် ဒါဟာ ချက်ခြင်း မဟုတ်ပဲ တဖြည်းဖြည်းနဲ့ အားယူလာတဲ့ ရောဂါမျိုး ဖြစ်ပါတယ်။ ဗြိတိန်မှာ စကင်နီ ဘောင်းဘီ ဝတ်တဲ့ အမျိုးသား အယောက် ၂၀၀၀ ကို စစ်တမ်းကောက်ထားပြီး ဖြစ်ရာ အမြဲ စွဲဝတ်သူများအတွက် ကျန်းမာရေး ဆိုးကျိုး ပိုများတယ်ဆိုတာကို လေ့လာ တွေ့ရှိထားပါတယ်။

ဒါကြောင့် ကိုယ်ကြပ်ဘောင်းဘီကို ဝတ်ဆင်တဲ့ ဖက်ရှင်ကို နှစ်သက်ပေမယ့် အမြဲ စွဲဝတ်တဲ့ အလေ့အထတော့ မပြုလုပ်ရန် လိုအပ်တယ်လို့ ဆေးပညာရှင်များက တိုက်တွန်းထားကြောင်း သိရပါတယ်။
--
Ref- medic-facts
အောင်ခမ်း ( ရိုးရာလေး )

အေးချမ်းမွန် Credit To > YoYarLay < Thanks
Re-posted By ACM 30-9-2013
https://www.facebook.com/excellencemedia

အဆင့် ၈၁ အချမ်းသာဆုံး Masayoshi Son


Masayoshi Son ( အဆင့် ၈၁ အချမ်းသာဆုံး၊ ပိုင်ဆိုင်မူ $ 12.9 Billion၊ သာမန်မိသားစုမှကြီးပြင်း၊ အသက် ၅၆ )

Son ကို ဂျပန်နိုင်ငံ Tosu ဒေသမှာ မွေးဖွားပါတယ်။ မိဘများဟာ ကိုးရီးယား လူမျိုးများဖြစ်ပါတယ်။ ငယ်စဉ် ကျောင်းနေစဉ် ကိုးရီးယားလူမျိုး များကို အမြင်ကတ်တဲ့ ဂျပန်ကျောင်းသားများက သူ့ကို ခဲများဖြင့် ပစ်ပြီး ရန်ရှာခံခဲ့ရ ဖူးပါတယ်။

အသက် ၁၆ မှာ USA သို့ သွားပြီး ပညာသင်ယူပါတယ်။ အထက်တန်းကျောင်းအောင်ပြီး University of California မှာ computer science နဲ့ economic ကို တွဲပြီး ပညာသင်ဆက်လက်သင်ယူပါတယ်။

ပညာသင်နေတုန်း 1979 မှာvoice-operated multilingual translator ကို တီထွင်နိုင်ခဲ့ပြီး Sharp Company က အမေရိကန် ဒေါ်လာ ၁ သန်းပေးပြီး ၀ယ်ယူလိုက်ပါတယ်။ Son ဟာ အဲ့ငွေကို စုထားခဲ့ပြီး ကျောင်းပြီး ဘွဲ့ရ တော့ ဂျပန်ပြန်ပြီး အဲ့ငွေနဲ့ SoftBank အမည်နဲ့ software နဲ့ computer ဂျာနယ် ရောင်းတဲ့ company ကို တည်ထောင်ပါတယ်။

၂၀၀၁ မှာ Softbank နာမည်နဲ့ အင်တာနက် ၀န်ဆောင်မူပေးတဲ့ company ကို တည်ထောင်ပါတယ်။

၂၀၁၃ မှာတော့ Son ဟာ အမေရိကန် ရဲ့ ဖုန်းနဲ့ အင်တာနက်ကို ၀န်ဆောင်မူပေးတဲ့ Sprint Nextel Compay ရှယ်ယာ ၇၈% ကို $22 Billion နဲ့ ၀ယ်ယူလိုက်ပါပြီ။

Son ဟာ သာမန်မိသားစုကနေ မွေးဖွားလာတာပါ။ ကိုယ်ကျွမ်းကျင်တဲ့ လမ်းကြောင်းကနေ သဌေးဖြစ်အောင် လုပ်ကိုင်နိုင်ပါတယ်။ ဘာမှမရှိလို့ မတိုးတက်နိုင်တော့ဘူး။ မချမ်းသာတော့ဘူးလို့ ညည်းနေသူအတွက်ပါ။ ကံဆိုတာကို အပြစ်မပုံချနဲ့ အလုပ်ကိုအရင်ထလုပ်ကြည့်ရင် လမ်းမြင်ပြီး အဲ့လမ်းအတိုင်းလျှောက်လို့ Sonအတိုင်း သဌေးဖြစ်နိုင်ပါတယ်။ ကံ၊ဥာဏ်၊၀ိရီယ ပါရင် အကုန်ဖြစ်ပါတယ်။ ကံဆိုတာ ကိုယ်တိုင်အလုပ်လုပ်ခြင်းဖြစ်တယ်။


Son ဟာ ပညာသင်ရင်း သင်နေတဲ့ computer science ကို သမားရိုးကျ ကနေ ဖောက်ထွက်စဉ်းစားပြီး digital translator ကို ထွင်ခဲ့တာပါ။ မြန်မာပြည်မှာလည်း မသုံးသေးတဲ့ ဦးနှောက်တွေ အများကြီးကျန်ပါသေးတယ်။ အိပ်နေတဲ့ နဂါးတွေ၊ အိပ်နေတဲ့ Genius တွေ များကြီးပါ။ သူတို့တွေ နိုးလာရင်.. ဘာဖြစ်မယ်တော့ မသိပါ..

သုတစွယ်စုံကျမ်း
--->

Laptop ပြုပြင်ထိန်းသိမ်းရေး

Saturday, September 28, 2013

ဒီကနေ့ခေတ်မှာ Laptop တွေ... Notebook တွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးလာကြပါပြီ... ဘာကြောင့်လဲဆိုတော့ အရင်ခေတ်ကာလနဲ့နှိုင်းယှဉ်ရင် laptop နဲ့ notebook တွေရဲ့ ဈေးနှုန်းဟာ သိသိသာသာ ကျဆင်းလာလို့ပါပဲ... အရင်က တူညီတဲ့ ဈေးနှုန်းတန်ဖိုးတစ်ခုမှာ desktop တစ်လုံးနဲ့ laptop တစ်လုံးယှဉ်လိုက်ရင် desktop ရဲ့စွမ်းဆောင်ရည်က အများကြီးမြင့်မားနေပါလိမ့်မယ်... အခုနောက်ပိုင်းမှာတော့ ကိုယ်တတ်နိုင်တဲ့ဈေးနှုန်းအတွင်းမှာ laptop နဲ့ desktop ရဲ့ စွမ်းဆောင်ရည်ချင်း ယှဉ်ကြည့်လိုက်တဲ့အခါ သိပ်မကွာတော့ပါဘူး... ဒါကြောင့် သယ်ယူရွှေ့ပြောင်းရပိုမိုလွယ်ကူတဲ့ Laptop တွေကို ပိုပြီးလူသုံးများလာကြပါတယ်... ဒါ့အပြင် laptop တွေဟာ နေရာသိပ်မယူသလို အားသွင်းထားပြီး အချိန်တော်တော်ကြာကြာအသုံးပြုလို့ရပါတယ်... laptop တွေရဲ့ အဓိကပြဿနာကတော့ ပြုပြင်ထိန်းသိမ်းတဲ့နေရာမှာဖြစ်ပါတယ်.. အခုဖော်ပြပေးမှာကတော့ laptop တွေကို ထိရောက်ကောင်းမွန်စွာ ပြုပြင်ထိန်းသိမ်းနိုင်မယ့်နည်းလမ်းလေးတွေဖြစ်ပါတယ်...

အဓိကအားဖြင့် ပြဿနာတွေ့ရှိရတတ်တဲ့ အပိုင်းလေးတွေရှိပါတယ်... အဲ့ဒီအချက်တွေပေါ်မူတည်ပြီး laptop တစ်လုံးကို ပြုပြင်ထိန်းသိမ်းမယ်ဆိုရင်အမျိုးအစားနှစ်မျိုးခွဲခြားနိုင်ပါတယ်... အဲ့ဒါတွေကတော့ အပြင်ပိုင်းပြုပြင်ထိန်းသိမ်းမှုနဲ့ အတွင်းပိုင်းပြုပြင်ထိန်းသိမ်းမှုတို့ပဲဖြစ်ပါတယ်...

အပြင်ပိုင်းပြုပြင်ထိန်းသိမ်းမှု
----------------------------------------------------------------
၁) အားသွင်းခြင်း
၂) အပူ
၃) Hardware အသစ်
၎) သန့်ရှင်းရေး
၅) အသုံးပြုပုံ
၆) သောက်စရာများ
၇) Screen Gurad

► အားသွင်းခြင်း
အားသွင်းခြင်းဟာ laptop တစ်လုံးကိုပြုပြင်ထိန်းသိမ်းတဲ့နေရာမှာ ပထမဆုံးနဲ့ အဓိက လုပ်ဆောင်ရမယ့်အချက်ဖြစ်ပါတယ်... ဘာကြောင့်လဲဆိုတော့ laptop စနစ်တစ်ခုလုံးအား ရရှိတဲ့ လျှပ်စစ်ဓာတ်အားပေါ်မှာ အလုပ်လုပ်ရလို့ပါပဲ... laptop ကို အားသွင်းတဲ့အခါမှာ ဂရုတစိုက်သွင်းဖို့လိုပါတယ်.. laptop ကို သုံးတိုင်း battery level ဘယ်လောက်ရှိလဲဆိုတာကို အရင်ဆုံးကြည့်ပါ... အကယ်လို့ ၁၀% အောက်ရောက်နေပြီဆိုရင် charger ကိုတပ်လိုက်ပါ.... ၁၀% အထက်မှာဆိုရင်တော့ charger တပ်ဖို့မလိုပါဘူး... တစ်ချို့လူတွေက laptop ကို charger နဲ့ အမြဲချိတ်ပြီးသုံးတတ်ကြပါတယ်... ဒါက နည်းလမ်းအမှန် မဟုတ်ပါဘူး... အဲ့ဒီအတိုင်းသင်ဆက်လုပ်သွားမယ်ဆိုရင် တစ်လနှစ်လလောက်အတွင်း battery ရဲ့ စွမ်းဆောင်ရည်ကျဆင်းလာပါလိမ့်မယ်... နောက်ပိုင်းမှာ သင့် laptop ဟာ plug ချိတ်ပြီးမှ သုံးလို့ရမယ့် အနေအထားမျိုးဖြစ်သွားနိုင်ပါတယ်... battery လုံးဝအလုပ်မလုပ်တော့တဲ့ အခြေအနေမျိုးဖြစ်သွားပါလိမ့်မယ်... အကောင်းဆုံးကတော့ သင့် laptop battery ကို သုံးရက်တစ်ခါလောက် အားကုန်တဲ့အထိသုံးပေးတာပါပဲ... နောက်တစ်ချက်ကတော့ အားသွင်းတဲ့အခါမှာ ground ချထားတဲ့ socket မျိုးကို သုံးဖို့ဖြစ်ပါတယ်.. ဒါမှသာ လျှပ်စီးကြောင့် သင့် laptop အစိတ်အပိုင်းတွေ ပျက်စီးခြင်းမဖြစ်အောင်ကာကွယ်နိုင်ပါလိမ့်မယ်...

► အပူ
အပူဟာ laptop တွေအတွက် အန္တရာယ်ပေးနိုင်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်... အပူကြောင့် စနစ်အစိတ်အပိုင်းတွေပျက်စီးစေပါတယ်.. အပူလွန်ကဲတဲ့အခါ တစ်ချို့ circuit တွေလောင်ကျွမ်းပျက်စီးတာမျိုးအထိ ဖြစ်နိုင်ပါတယ်... ဒါကြောင့် အပူလွန်ကဲမှုမရှိအောင် laptop တွေ အမြဲအေးမြနေအောင် သတိပြုလုပ်ဆောင်သင့်ပါတယ်... ဒီအတွက် သင်လိုမှာက cooler pad လိုမျိုး အအေးပေးစနစ်တစ်မျိုးမျိုးဖြစ်ပါတယ်... နောက်တစ်ချက်ကတော့ တစ်ချိန်ထဲမှာ application အများအပြားကို တစ်ပြိုင်နက်မသုံးဖို့ပါပဲ... ဒီအချက်ကလည်း laptop ကို အပူလွန်ကဲစေပါတယ်... ဈေးသက်သာပြီး ပုံတူကူးလုပ်ထားတဲ့ cooling pad တွေကိုလည်း သိပ်အားမကိုးပါနဲ့.. ဒါတွေကိုသုံးလို့ သင့် laptop ပျက်သွားရင် ကုန်ကျစရိတ်ပိုများသွားပါလိမ့်မယ်... ဒါကြောင့် အရည်အသွေးမြင့်ပြီး အာမခံချက်ရှိတဲ့ cooler pad တွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်...

► Hardware အသစ်
keyboard တွေ၊ scanner တွေ၊ mouse တွေနဲ့ printer တွေလိုမျိုး hardware အသစ်တွေကို အသုံးပြုတဲ့အခါ တစ်ချို့ hardware တွေဟာ laptop တွေကနေ support မလုပ်တာတွေ... တွဲသုံးလို့အဆင်မပြေတာတွေ စတဲ့ ပြဿနာတွေနဲ့ရင်ဆိုင်ရစေနိုင်ပါတယ်... ပထမဆုံးအကြိမ်တပ်သုံးလိုက်တုန်းကတော့ အလုပ်ပုံမှန်လုပ်နေတယ်... ဒါပေမဲ့ နောက်ပိုင်းကျတော့ အလုပ်ကောင်းကောင်းမလုပ်တာတွေ blue screen တက်လာတာတွေမျိုး ကြုံရတတ်ပါတယ်... ဒီလိုဖြစ်တာမျိုးဟာ သင့် laptop အတွက် အန္တရာယ်များပါတယ်... external device တွေကို မသုံးခင် အဲ့ဒီ device ရဲ့ specification တွေကို အရင်ဆုံးသေချာဖတ်ပါ... သင့် laptop ရဲ့ model နဲ့ laptop မှာတင်ထားတဲ့ OS တို့မှာ အလုပ်လုပ်နိုင်မလုပ်နိုင်ဆိုတာကို စစ်ပါ... ဒီအချက်အလက်အားလုံးကို hardware manual စာအုပ်မှာ ဖော်ပြထားပါလိမ့်မယ်... ဒါကြောင့် hardware အသစ်တွေကို တွဲဆက်ပေါင်းစပ်ပြီးမသုံးခင် သေချာစွာစစ်ဆေးလေ့လာပြီးမှ သုံးသင့်ပါတယ်....

► သန့်ရှင်းရေး
သင့်အနေနဲ့ သင့် laptop ကို အမြဲသန့်ရှင်းတောက်ပြောင်နေအောင်လည်း ဂရုစိုက်သင့်ပါတယ်... ပထမဆုံးအနေနဲ့ပြောရရင် ဖုန်တွေဟာ သင့် laptop ရဲ့ အဓိကရန်သူဖြစ်ပါတယ်... ဖုန်အများဆုံးတက်တာကတော့ keyboard နေရာမှာဖြစ်ပြီး ခလုတ်တွေရဲ့ကြားထဲကနေ အထဲကိုဝင်လာပါလိမ့်မယ်... ရက်တွေကြာလာတာနဲ့အမျှ ခလုတ်တွေရဲ့အောက်မှာ ဖုန်တွေစုလာပြီး ခလုတ်တွေကြောင်လာတတ်ပါတယ်... ဒီလိုမဖြစ်အောင် ဖုန်သုတ် brush တွေ.. အဝတ်စတွေနဲ့ သန့်ရှင်းရေးလုပ်တဲ့ ဆေးရည်တွေကို သုံးနိုင်ပါတယ်... keyborad ကို သန့်ရှင်းရေးလုပ်ဖို့ brush ကိုသုံးပါ... ဖုန်တွေကို လက်နဲ့ သုတ်ချဖို့မကြိုးစားပါနဲ့ ခလုတ်တွေပျက်နိုင်ပါတယ်....ဒါကြောင့် cleaning kit လေးတွေကို ဝယ်ယူအသုံးပြုသင့်ပါတယ်... screen ကို သန့်ရှင်းရေးလုပ်ဖို့အတွက်တော့ ဆေးရည်နဲ့ အဝတ်စတွေကိုသုံးပါ...

► အသုံးပြုပုံ
laptop ကို မှန်ကန်တဲ့အနေအထားမှာ ထားသုံးဖို့လည်း လိုပါတယ်... မညီညာတဲ့ မျက်နှာပြင်မှာတင်မသုံးပါနဲ့... မညီညာတဲ့မျက်နှာပြင်မှာတင်သုံးရင်လည်း ချက်ချင်းကျိုးပဲ့ ထိခိုက်သွားတာမျိုးတော့ ကြုံရမှာမဟုတ်ပါဘူး... ဒါပေမဲ့ အစိတ်အပိုင်းတွေ တဖြည်းဖြည်းနဲ့ ထိခိုက်ပျက်စီးလာတာကို ကြုံရပါလိမ့်မယ်... အကောင်းဆုံးမျက်နှာပြင်တွေကတော့ စားပွဲတွေ... cooler pad တွေလိုမျိုး ပြင်ညီမျက်နှာပြင်တွေဖြစ်ပါတယ်... cooler pad တွေကို အပူကိုစုပ်ယူစွန့်ထုတ်နိုင်စေရုံသာမက ပြင်ညီမျက်နှာပြင်မျိုးဖြစ်အောင် ဒီဇိုင်းထုတ်ထားတာကို သတိပြုမိပါလိမ့်မယ်...

► သောက်စရာများ
အအေးတွေ... လက်ဘက်ရည်... ကော်ဖီ... ရေ စတဲ့ သောက်စရာတွေကို laptop သုံးရင်းသောက်တာလည်း သိပ်ကောင်းတဲ့အချက်မဟုတ်ပါဘူး... ဘာကြောင့်လဲဆိုတော့ အဲ့ဒီအရည်တွေဖိတ်စင်သွားခဲ့ရင် keyboard ကနေတစ်ဆင့် laptop အတွင်းပိုင်းကို စိမ့်ဝင်သွားနိုင်ပါတယ်... ဒီလိုဖြစ်ခဲ့ရင် တစ်ချို့အစိတ်အပိုင်းတွေ ပုံမှန်အလုပ်မလုပ်တော့တာမျိုး ကြုံရနိုင်ပါတယ်.. ဒါကြောင့် laptop သုံးရင်း တစ်ခုခုသောက်တာမျိုး ကိုရှောင်သင့်ပါတယ်...

► Screen Guard
Screen ပေါ်မှာ အကြောင်းအမျိုးမျိုးကြောင့်ခြစ်မိတာမျိုးမကြုံရအောင် screen guard တွေကို သုံးသင့်ပါတယ်... screen guard တွေဟာ screen ထိခိုက်မှုကို အပြည့်အဝတော့ မကာကွယ်ပေးနိုင်ပေမဲ့ ခြစ်ရာတွေထင်မှာနဲ့ screen ပေါ်ကို ဖုန်တက်မှာတွေကိုတော့ ကာကွယ်ပေးနိုင်ပါတယ်...

အတွင်းပိုင်းပြုပြင်ထိန်းသိမ်းမှု
----------------------------------------------------------------
၁) Antivirus
၂) System restore points
၃) backup

► Antivirus
သင့်စက်က antivirus ကို အမြဲတမ်း update လုပ်ထားဖို့လည်းအရေးကြီးပါတယ်... ဒီနေ့ခေတ်မှာ update မဖြစ်တဲ့ antivirus ကိုသုံးတာ အလုပ်မဖြစ်တော့ပါဘူး... အထူးသဖြင့် အင်တာနက်နဲ့ ချိတ်ဆက်သုံးစွဲတဲ့အခါ virus အမျိုးမျိုးဝင်လာနိုင်ပါတယ်... ပြီးတော့ memory stick တွေနဲ့ တခြား နေရာတွေအများကြီးကနေလည်း ဝင်လာနိုင်ပါတယ်... Virus အားလုံးလိုလို သင့်စနစ်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းအောင်လုပ်ဆောင်နိုင်ပါတယ်... တစ်ချို့ virus တွေကတော့ သင့်ကိုယ်ရေးအချက်အလက်တွေကို ခိုးယူပါလိမ့်မယ်... ဒါကြောင့် ကောင်းမွန်တဲ့ antivirus ကိုသုံးဖို့လိုသလို နေ့စဉ် ဒါမှမဟုတ် ၃ ရက်တစ်ခါလောက်တော့ update လုပ်ပေးသင့်ပါတယ်... လိုင်စင်မရှိတဲ့ software တွေကိုလည်း မသုံးပါနဲ့... အဲ့ဒါကလည်း virus တွေ တိုက်ခိုက်ဖို့ ပစ်မှတ်တွေဖြစ်နေတတ်ပါတယ်... တရားဝင်မဟုတ်တဲ့ antivirus software တွေကိုလည်း အလွန်အကျွံအားမကိုးပါနဲ့.... စိတ်ချယုံကြည်ရတဲ့ တရားဝင် site တွေကပဲ ရယူအသုံးပြုပါ...

► System Restore Points
အကယ်လို့ antivirus တွေ အလုပ်ကောင်းကောင်းမလုပ်တာတို့ window မတက်တာတို့ကြုံလာရင် သင့်အနေနဲ့ ဘာလုပ်လို့ရမလဲ... ဖြေရှင်းနည်းကတော့ restore points တွေ ပြုလုပ်ထားခြင်းပဲ ဖြစ်ပါတယ်... Restore Points တွေဟာ တကယ်အသုံးဝင်ပါတယ်... system က crash ဖြစ်ပြီး OS ကို load မလုပ်နိုင်တော့ဘူးဆိုရင် restore point ကို ပြန်သွားပြီး သုံးလိုက်ရုံပါပဲ... System ကောင်းကောင်းလုပ်နေတုန်းမှာrestore point တစ်ခုလောက်ကို အရင်ဆုံးဖန်တီးထားရပါမယ်...သင်လိုအပ်ရင်လိုအပ်သလို restore point တွေ တစ်ခုထက်မက ထပ်ဖန်တီးလို့ရပါတယ်...

► Backup
သင့် laptop မှာ အရေးကြီးအချက်အလက်တွေရှိနေမယ်ဆိုရင် CD-ROM ဒါမှမဟုတ် တခြားတစ်ခုခုထဲကို backup လုပ်ထားတာက ပိုကောင်းပါတယ်... ဘာကြောင့်လဲဆိုတော့ bad sectors တွေကြောင့် သင့်ရဲ့ hard disk ဟာ ဘယ်အချိန်မှာ damage ဖြစ်သွားမယ်ဆိုတာကို မသိနိုင်လို့ပါပဲ... bad sector တွေကို ရှင်းလင်းဖို့အတွက်ကတော့ သင့် hard disk ကို defrag လုပ်ရပါမယ်... ဒါပေမဲ့ ဘယ်လောက်ပဲ defrag လုပ်လုပ် backup လုပ်ထားတာလောက်တော့ စိတ်ချလို့မရပါဘူး... သင့်စက်ထဲက အချက်အလက်တွေ အချိန်မရွေးပျက်စီးသွားနိုင်တယ်ဆိုတာကို သတိပြုသုံးစွဲရပါမယ်...

နှိုင်းရင့်နွေ
https://www.facebook.com/hnaingyintnway
Ref: All Tech Manuals

ဝိသာခါ၏ အတိတ်ဇာတ်ကြောင်း

ဝိသာခါကျောင်းအစ်မကြီး၏ အတွင်းသရုပ်ပိုင်းသည်
ဤဘဒ္ဒကမ္ဘာမှ သင်္ချာရေတွက်
ကမ္ဘာတစ်သိန်းအထက် အစပြုခဲ့ပါ၏။
ထိုစဉ်က လောက၌ ပဒုမုတ္တရ မြတ်စွာဘုရားသည်
ပွင့်တော်မူလျက် ရှိ၏။ လောက၏ အကျိုးစီးပွားကို
ဆောင်တော်မူဆဲဖြစ်၏။ ထိုအခါက ၀ိသာခါ
အလောင်းအလျာ ဥပါသိကာမသည် ကြီးစွာသော
ကောင်းမှုကို ပြု၏။ ကြီးစွာသော ကောင်းမှုဟူသည်မှာ
မြတ်စွာဘုရားနှင့်တကွ သံဃာတော် တစ်သိန်းတို့ ကို
ခုနစ်ရက်တိုင်တိုင် ဆွမ်းလုပ်ကျွေးခြင်း ဖြစ်၏။
အဆုံးနေ့ ၌ သင်္ကန်းများကို လှူဒါန်းခြင်းဖြစ်၏။

ထို့ နောက် အလှူဒါနပြုသော ဥပါသိကာမတို့ တွင်
အသာဆုံး ဧတဒဂ်ဆုကို ပန်၏။ ထိုဆုကို ရဖို့ အတွက်
ဝိသာခါအလောင်းအလျာသည် ကမ္ဘာတစ်သိန်းတိုင်တိုင်
ဖြည့်ကျင့်ရ၏။ ၀ိသာခါအတွက် အလှူဒါနပြုရာ၌
ဧတဒဂ်ရဖို့ အတွက် ဖြတ်လမ်းဟူ၍ မရှိ၊ လမ်းဟောင်းသာ
ရှိ၏။ လမ်းဟောင်းဟူသည်မှာလည်း ဧတဒဂ်ဆုရဖို့ အတွက်
ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီများကို ဖြည့်ကျင့်ခြင်း ဖြစ်၏။
ထိုသို့ ဖြည့်ကျင့်ရာတွင် အခြားစည်းစိမ်များကို တောင့်တခြင်း
မရှိဘဲ ဒါနပြုရာတွင် ဧတဒဂ်ရဖို့ တစ်ခုတည်းကိုသာ
တောင့်တခဲ့ရ၏။ တောင့်တရုံနှင့် မပြီးသေးဘဲ ကမ္ဘာတစ်သိန်း
တိုင်အောင် ပံ့ပိုးရင်း အချိန်ကို စောင့်ခဲ့ရ၏။ ထိုက်တန်သော
အကျိုးကိုလိုချင်လျှင် ထိုက်တန်သော အချိန်ကို စောင့်ရသည်မှာ
ဓမ္မတာဖြစ်၏။

ဝိသာခါအလောင်းအလျာသည် ထိုဧတဒဂ်ဆုကို
ရဖို့ အတွက် အချိန်ကာလလိုသေးသဖြင့် လူ့ ပြည်၌လည်း
ကျင်လည်ခဲ့ရ၏။ နတ်ပြည်၌လည်း ကျင်လည်ခဲ့ရ၏။
ထိုသို့ ကျင်လည်ခဲ့ရာတွင် ကဿပမြတ်စွာဘုရားရှင်လက်ထက်
ကိကီမင်းကြီး၏ သမီးတော်ဘ၀သည် ထင်ရှား၏။
ဝိသာခါ အလောင်းအလျာသည် ကိကီမင်းကြီး၏
အထွေးဆုံး သမီးတော်ဖြစ်ခဲ့၏။ ထိုစဉ်က သူမ၏ အမည်သည်
သံဃဒါသီ ဟူ၍ဖြစ်၏။ အမည်နှင့်လိုက်လျောအောင်ပင်
ဝိသာခါ အလောင်းအလျာသည် သံဃာတော်အရှင်မြတ်များ၏
ဝေယျာဝစ္စကို အားစိုက်ခွန်စိုက် ဆောင်ရွက်ခဲ့၏။
ကဿပမြတ်စွာဘုရားရှင်၏ ထံတော်၌လည်း အလှူဒါန
ပြုကြသော ဥပါသိကာမတို့ တွင် အသာဆုံး ဧတဒဂ်ဆုကိုပင်
ပန်ခဲ့၏။ ထိုစဉ်က ၀ိသာခါအလောင်းအလျာသည်
အချိန်မကျသေးသဖြင့် ဧတဒဂ်ဆုကို မရရှိခဲ့ချေ။
အချိန်ဟူသည်မှာလည်း တိုတောင်းလှသည် မဟုတ်။
ကမ္ဘာတစ်သိန်းတိုင်အောင်ပင် ဖြစ်၏။

ယခုတော့ အချိန်သည် စေ့ရောက်ပြီ။ ကမ္ဘာတစ်သိန်းကာလသည်
ပြည့်လေပြီ။ ပွင့်ချိန်တန်သောအခါ ပွင့်၍ သီးချိန်တန်မှ သီးကြ
သည်မှာလည်း ဓမ္မတာပင်ဖြစ်၏။ အမှန်အားဖြင့် လောကတွင်
ကြုံကြိုက်ခြင်းဟူ၍ မရှိ။ အကြောင်းတရားတို့ ၏ ပြည့်စုံခြင်းသာ
ရှိ၏။ အကြောင်းတရားတို့ ၏ ပြည့်စုံခြင်းကို အပြည့်အစုံ
မခွဲခြားနိုင်သောအခါ ကြုံကြိုက်ခြင်းဟူ၍ ဆိုကြ၏။
ဝိသာခါကျောင်းအစ်မကြီးသည် ကမ္ဘာတစ်သိန်းအထက်က
အစပြုခဲ့သော မိမိ၏ ကောင်းမှုမျိုးစေ့သည် ယခုတော့
အပင်ပေါက်၍ အသီးကိုသီးပေပြီ။ ၀ိသာခါသည်
ကမ္ဘာတစ်သိန်းအထက်က ပဒုမုတ္တရ မြတ်စွာဘုရားထံတော်၌
စိုက်ပျိုးခဲ့သော မိမိ၏ ကောင်းမှုမျိုးစေ့သည်
ယခုဂေါတမမြတ်စွာဘုရား၏ လက်ထက်တော်တွင် အသီးသီးပေပြီ။
မျိုးစေ့ကို စိုက်ပျိုးခြင်းနှင့် မျိုးစေ့မှ အသီးသီးခြင်းတို့ ကား
နှစ်ပေါင်းကမ္ဘာတစ်သိန်းကြာ၏။ မျိုးစေ့၏ ဓမ္မတာပင်ဖြစ်၏။

မျိုးစေ့၏ အသီးအနေဖြင့် ၀ိသာခါသည် ဆုရှစ်ပါးကို
လည်းကောင်း၊ ဧတဒဂ်ကိုလည်းကောင်း ရမည်ဖြစ်၏။
ဆုရှစ်ပါး ဟူသည်မှာ -

၁။ သံဃာအား အသက်ထက်ဆုံး မိုးရေခံ သင်္ကန်းကို လှူဒါန်းခွင့်ရခြင်း။
၂။ အာဂန္တုက ဧည့်သည်ရဟန်းတို့ အား ဆွမ်းလှူဒါန်းခွင့်ရခြင်း။
၃။ ခရီးသွား ရဟန်းတို့ အား ဆွမ်းလှူဒါန်းခွင့်ရခြင်း။
၎။ ဂိလာနရဟန်းတို့ အား ဆွမ်းလှူဒါန်းခွင့်ရခြင်း။
၅။ သူနာပြုရဟန်းတို့ အား ဆွမ်းလှူဒါန်းခွင့်ရခြင်း။
၆။ ဂိလာနရဟန်းတို့ အား ဆေးဝါးလှူဒါန်းခွင့်ရခြင်း။
၇။ အမြဲတမ်း ယာဂုလှူဒါန်းခွင့် ရခြင်း။
၈။ ဘိက္ခုနီသံဃာအား ရေသနုပ်သင်္ကန်းကို လှူဒါန်းခွင့်ရခြင်း။
တို့ ဖြစ်ကြ၏။

သာသနာတော်၌ အရှင်ကောင်းတို့ အား လှူဒါန်းခွင့်ရခြင်းသည်
နှယ်နှယ်ရရ ဘုန်းကံမဟုတ်။ ယင်းသို့ လှူဒါန်းခွင့်ရခြင်းကို
ကျမ်းဂန်များ၌ သာသနာပြုခွင့်ရခြင်းဟူ၍ ဆိုပါ၏။
အမှန်အားဖြင့် ဘုန်းကံနှင့်ပြည့်စုံသူများသာ သာသနာပြုခွင့်
ရကြ၏။ သာသနာပြုခြင်းနှင့် ပက်သက်၍ ရတနာသုံးပါးအား
ပစ္စည်းလေးပါး လှူဒါန်းခြင်းကို အပြင်ပုံသဏ္ဍာန်အနေဖြင့်
တွေ့ ရမည်ဖြစ်သော်လည်း အတွင်းသရုပ်အနေဖြင့်မူ
တဏှာ လောဘ သတ်ခြင်းကို တွေ့ ရမည်ဖြစ်၏။

အမှန်အားဖြင့် လောက၌ တကယ်တမ်းချမ်းသာအောင်
အားထုတ်ခြင်းဟူသည်မှာ မိမိတို့ ၏ သန္တာန်၌ ကိန်းနေသော
တဏှာ လောဘကို သေအောင် သတ်ခြင်းသာ ဖြစ်၏။
မြတ်စွာဘုရားသည် အနေကဇာတိ သံသာရံ ဥဒါန်းဂါထာတော်ဖြင့်
လောဘကိုနိုင်လျှင် လောကကို နိုင်ပြီးဖြစ်ကြောင်း ဟောကြား
တော်မူထား၏။ ထို့ ကြောင့် လောဘကို သတ်ခြင်းသည်သာ
တကယ်တမ်း သာသနာပြုခြင်းဖြစ်၏။ ပစ္စည်းလေးပါး
လှူဒါန်း၍ လူ့ စည်းစိမ်၊ နတ်စည်းစိမ်၊ ဗြဟ္မာစည်းစိမ်ကို
ရည်မျှော်ခြင်းသည် အနှစ်သာရအားဖြင့် သာသနာပြုခြင်းမဟုတ်။
ဝါဏိဇ္ဇ၀ါဒအရ ကုန်သွယ်ခြင်းသာ ဖြစ်၏။ ထို့ ကြောင့်
အလှူဒါန်နပြုရာ၌ ကုန်သွယ်ခြင်းသဘော မသက်ရောက်
ရလေအောင် အလှူဒါန၏ အတွင်းသရုပ်ကို မြင်အောင်ကြည့်ရ၏။
အလှူဒါန၏ အပြင်ပုံသဏ္ဍာန်နှင့် အတွင်းသရုပ်ကိုလည်းကောင်း
ယင်တို့ ၏ အဆက်အစပ်ကိုလည်းကောင်း မြင်အောင်ကြည့်နိုင်မှ
အဖြေမှန်ကို သိနိုင်မည်ဖြစ်၏။

ဝိသာခါကျောင်းအစ်မသည် တကယ်ပင် သာသနာပြုခဲ့သူဖြစ်၏။
ထို့ ကြောင့်လည်း ၀ိသာခါသည် ဂေါတမမြတ်စွာဘုရား
သာသနာတော်၌ ပစ္စည်းလေးပါး လှူဒါန်းသူ ဥပါသိကာမ
တို့ တွင် အသာဆုံး ဧတဒဂ်ကို ရမည့်သူဖြစ်၏။
ထို့ ကြောင့် သာသနာပြုခြင်းနှင့် ပက်သက်၍ ၀ိသာခါ
ကျောင်းအစ်မကြီး၏ လုပ်ထုံးလုပ်နည်းကို နားလည်အောင်
အားထုတ်အပ်၏။ ထိုသို့ အားထုတ်ရာတွင် ဒါန၏
အပြင်ပုံသဏ္ဍာန်ကိုလည်းကောင်း ၊ဒါန၏ အတွင်းသရုပ်ကို
လည်းကောင်း၊ အပြင်ပုံသဏ္ဍာန်နှင့် အတွင်းသရုပ်တို့ ၏
အဆက်အစပ်ကိုလည်းကောင်း မြင်အောင်ကြည့်ပြီး
သာသနာပြုခြင်း၏ အနက်အဓိပ္ပာယ်ကို နားလည်အောင်
ကြိုးပမ်းအပ်ပါ၏။

ဝိသာခါကျောင်းအစ်မသည် လွန်လေပြီးသော
ကမ္ဘာတစ်သိန်းထက်က ပဒုမုတ္တရ မြတ်စွာဘုရား
ထံတော်၌ မိမိစိုက်ပျိုးခဲ့သော ကောင်းမှုမျိုးစေ့မှ
ယခုအသီးသီးလာသည်ကို မြင်တွေ့ ရသဖြင့်
ဥဒါန်းကျူးရင့်ခြင်းသာ ဖြစ်၏။ စိတ်ဖောက်ပြန်
သောအားဖြင့် သီချင်းကို သီဆိုခြင်းမဟုတ်ဟူ၍
မြတ်စွာဘုရားသည် ရဟန်းတော်များအား
အောက်ပါအတိုင်း တရားဒေသနာတော်ကို ဂါထာဖြင့်
ဟောကြားတော်မူ၏။

- ပန်းသည်သည် ပန်းပုံမှ များစွာသော ပန်းကုံးတို့ ကို
သီကုံးဘိသကဲ့သို့ ၊
- သတ္တ၀ါတို့ သည် ဘ၀ပန်းရုံမှ များစွာသော ကုသိုလ်
ပန်းကုံးတို့ ကို ပြုအပ်ပါ၏။

ပန်းဥယျာဉ်ရှိ ပန်းရုံ၌ ကောင်းသော ပန်းများလည်း
ပွင့်နိုင်၏။ မကောင်းသော ပန်းများလည်း ပွင့်နိုင်၏။
သို့ ရာတွင် ပန်းသည်များကမူ မကောင်းသောပန်းများကို
ပယ်ရှား၍ ကောင်းသောပန်းများကို ရွေးချယ်၍
သီကုံးကြ၏။ ထို့ ကြောင့် ပန်းသည်များသည် မိမိတို့ ၏
ပန်းဥယျာဉ်ရှိ ပန်းရုံများ၌ မကောင်းသော ပန်းများ
မပွင့်နိုင်အောင် ၊ ကောင်းသော ပန်းများ ပွင့်သည်ထက်
ပွင့်နိုင်အောင် ကြိုးပမ်းကြ၏။ သို့ မှသာ ပန်းသည်များသည်
မိမိတို့ ၏ ပန်းဥယျာဉ်ရှိ ပန်းရုံများမှ လှပသော
ပန်းများကို သီးကုံးနိုင်မည်ဖြစ်၏။ ပန်းကုံးများ လှပါမှ
ပန်းကုံးများ၏ တန်ဖိုးသည် မြင့်မားမည်ဖြစ်၏။

ထို့ အတူပင် လောကသည် ပန်းဥယျာဉ်ဖြစ်၍ ဘ၀သည်
ပန်းရုံဖြစ်၏။ လောကတည်းဟူသော ပန်းဥယျာဉ်ရှိ
ဘ၀တည်းဟူသော ပန်းရုံမှ အကုသိုလ်ပန်းများလည်း
ပွင့်နိုင်၏။ ကုသိုလ်ပန်းများလည်း ပွင့်နိုင်၏။
သတ္တ၀ါတို့ သည် မိမိတို့ ၏ ဘ၀တည်းဟူသော
ပန်းရုံမှ အကုသိုလ်ပန်းများ မပွင့်ရလေအောင်
ကုသိုလ်ပန်းများသာ ပွင့်ရလေအောင် ကြိုးပမ်းအပ်၏။

အကုသိုလ်ပန်းများကိုလည်း သီကုံး၍ရ၏။
ကုသိုလ်ပန်းများကိုလည်း သီကုံး၍ရ၏။
အကုသိုလ်ပန်းများကို သီကုံးသောအခါ
သမုဒယသစ္စာပန်းကုံးကို ရ၏။
ကုသိုလ်ပန်းများကို သီကုံးသောအခါ
မဂ္ဂသစ္စာ ပန်းကုံးကို ရ၏။
လောကတည်းဟူသော ပန်းဥယျာဉ်ကို သမုဒယသစ္စာ
ပန်းကုံးများဖြင့် တန်ဆာဆင်သောအခါ
လောကတည်းဟူသော ပန်းဥယျာဉ်သည်
ဒုက္ခသစ္စာသဘောကို ဆောင်ကာ အမြဲတမ်း
မငြိမ်းမချမ်း ရှိပေလိမ့်မည်။ လောကတည်းဟူသော
ပန်းဥယျာဉ်ကို မဂ္ဂသစ္စာပန်းကုံးများဖြင့်
တန်ဆာဆင်သောအခါ လောကတည်းဟူသော
ပန်းဥယျာဉ်သည် နိရောဓသစ္စာ သဘောကိုဆောင်ကာ
အမြဲတမ်း ငြိမ်းချမ်းခြင်း ရှိပေလိမ့်မည်။

ဝိသာခါကျောင်းအစ်မကြီးသည် ပဒုမုတ္တရမြတ်စွာဘုရား
လက်ထက်တော်မှစ၍ ဂေါတမမြတ်စွာဘုရား
လက်ထက်တော်တိုင်အောင် ကမ္ဘာတစ်သိန်းတို့ 
ကာလပတ်လုံး လောကတည်းဟူသော ပန်းဥယျာဉ်ရှိ
ဘ၀တည်းဟူသော ပန်းရုံမှ အကုသိုလ်ပန်းများ
မပွင့်ရလေအောင် ကုသိုလ်ပန်းများ ပွင့်သထက်
ပွင့်ရအောင် ကြိုးပမ်းပြီး ကုသိုလ်ပန်းများကို
သီကုံးထားသော မဂ္ဂသစ္စာပန်းကုံးများဖြင့်
တန်ဆာဆင်လိုက်ရာ ၊ သူမအတွက် လောကတည်းဟူသော
ပန်းဥယျာဉ်သည် မငြိမ်းချမ်းသော ဒုက္ခသစ္စာအဆင့်မှ
ငြိမ်းချမ်းသော နိရောဓသစ္စာ အဆင့်သို့ ရောက်သွားခဲ့လေပြီ။

အကျဉ်းအားဖြင့် ဆိုရလျှင် လောကသည် ပန်းဥယျာဉ်ဖြစ်၏။
ဘ၀သည် ပန်းရုံဖြစ်၏။ ဘ၀ပန်းရုံမှ အကုသိုလ်ပန်းများ
မပွင့်ဘဲ ကုသိုလ်ပန်းများသာ ပွင့်အောင် ကြိုးပမ်းရ၏။
အကုသိုလ်ပန်းများ ပွင့်လျှင် ဘ၀သည် ဒုက္ခဖြစ်၏။
ကုသိုလ်ပန်းများ ပွင့်လျှင် ဘ၀သည် ဒုက္ခနိရောဓ ဖြစ်၏။
ဒုက္ခနိရောဓဟူသည် သိန္တိသုခပင် ဖြစ်၏။

(ဆရာကြီး ဦးရွှေအောင် ရေးသားသော
ဓမ္မပဒ-၀ိသာခါဝတ္ထု မှ)

မေတ္တာဖြင့် စီကုံးပူဇော်သူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

သာဝတ္ထိပြည်မှ သူကြွယ်မတစ်ယောက် အကြောင်း

သာဝတ္ထိပြည်တွင် သူကြွယ်မတစ်ယောက်ရှိ၏။
ထိုသူကြွယ်မသည် ပါဝေယျက၏ ဒါယိကာမဖြစ်၏။
ပါဝေယျကသည် အာဇီဝက တက္ကတွန်းဖြစ်၏။
သူကြွယ်မသည် ပါဝေယျကကို သားအရင်းလို ချစ်၏။
အမှန်အားဖြင့် ထိုသူကြွယ်မသည် ထိုဘ၀၌ပင်
သစ္စာလေးပါးကို ထိုးထွင်း၍သိပြီး သောတာပန်
ဖြစ်လောက်အောင် ပါရမီရင့်သူ ဖြစ်၏။ သို့ ပါလျက်
သူကြွယ်မသည် အာဇီဝကများကို ကိုးကွယ်လျက်ရှိ၏။
အထူးသဖြင့် ပါဝေယျကကို ကိုးကွယ်လျက်ရှိ၏။
သူကြွယ်မသည် ပါဝေယျကကို သားလိုလည်း ချစ်၏။
ကိုးကွယ်စရာ ပုဂ္ဂိုလ်တစ်ဦး အနေဖြင့်လည်း ကိုးကွယ်၏။
သူကြွယ်မသည် ပါေ၀ယ်ကထံ၌ တရားဓမၼကို နာၾကား၏။
ပါေ၀ယ်ကတို ့၏ အာဇီဝကဂိုဏ်း၏ အဆုံးအမအတိုင်းလည်း
လိုက်နာကျင့်သုံး၏။

သို့ ရာတွင် သူကြွယ်မသည်
အာဇီဝကတို့ ၏ အဆုံးအမဖြစ်သော အာဇီဝကတို့ ၏
သာသနာ၌ မဂ္ဂင်ရှစ်ပါးကို အရိပ်အယောင်မျှပင် မတွေ့ ။
မဂ္ဂင်ရှစ်ပါး၏ အရိပ်အယောင်ကို မတွေ့ သော်လည်း
သူကြွယ်မသည် အာဇီဝကများကို ကိုးကွယ်မြဲ ကိုးကွယ်၏။
ပါဝေယျကကိုလည်း ထောက်ပံ့မြဲထောက်ပံ့၏။
သံယောဇဉ်ဆိုသည်က ခက်၏။ တွယ်တာမိလျှင်
ဖြတ်ရက်၏။ အမှန်အားဖြင့် သံယောဇဉ်ဟူသည်
မဂ်ဥာဏ်ဖြင့်သာ ဖြတ်နိုင်သော ကြိုးဖြစ်၏။
သာမာန်လောကီ ကုသိုလ်ဥာဏ်များဖြင့် ပြတ်ပါသော်လည်း
တင်း၍ခံတတ်၏။ ဤသည်ကိုပင် မာရ်နတ်၏ တပ်၌
ကျဆုံးခြင်း ဟူ၍ဆိုရ၏။ ယခုလည်း သူကြွယ်မသည်
ပါဝေယကအပေါ် သားလိုတွယ်တာမိသော သံယောဇဉ်ကြောင့်
မာရ်နတ်၏ တပ်မ၌ ကျဆုံးရခြင်း ဖြစ်၏။

ထိုစဉ်က သာဝတ္ထိပြည်သူပြည်သားများသည် မြတ်စွာဘုရား၏
ကျောင်းတော်သို့  သွားတရားနာလေ့ရှိကြ၏။ သူကြွယ်မသည်
မြတ်စွာဘုရား၏ ကျောင်းတော်သို့ သွား၍ တစ်ခါမျှ တရား
နာယူခြင်း မရှိ။ ထို့ ကြောင့် မြတ်စွာဘုရား၏ ဒါနကထာကိုလည်း
နာကြားဖူးခြင်း မရှိ။ သီလကထာကိုလည်း နာကြားဖူးခြင်း မရှိ။
ဒါနကထာနှင့် သီလကထာတို့ သည် နတ်ပြည်သို့ ရောက်ကြောင်း
လမ်းစဉ်နှင့် ပက်သက်သော တရားဒေသနာများ ဖြစ်ကြ၏။
နိဗ္ဗာန်သို့ ရောက်ကြောင်း လမ်းစဉ်နှင့် ပက်သက်သော
မဂ္ဂကထာကို ကြားနာဖို့ ကား ဝေးလေ၏။

သူကြွယ်မကြီး၏ အိမ်နီးနားချင်းတို့ သည်
ဇေတ၀န်ကျောင်းတော်သို့ သွား၍ မြတ်စွာဘုရား၏
တရားဒေသနာတော်များကို နာကြားကြ၏။ နတ်ပြည်
စည်းစိမ်ကိုလိုလျှင် လိုက်နာကျင့်သုံးရမည့် ဒါနနှင့်
သီလတို့ ကို သူတို့ သည် သိလာကြ၏။ ကာမဂုဏ်တို့ မှ
လွန်မြောက်ပြီး ကာမဂုဏ်ချမ်းသာတို့ ထက် ပိုသော
နိဗ္ဗာန်ချမ်းသာကို ရလိုပါလျှင် လိုက်နာကျင့်သုံးရမည့်
မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကိုလည်း သူတို့ သည်
သိလာကြ၏။ အိမ်နီးနားချင်းကောင်းများအနေဖြင့်
သူတို့ သိလာကြသော တရားဓမ္မများကို သူကြွယ်မအား
ပြောကြားသောအခါ သူကြွယ်မသည် များစွာစိတ်ဝင်စား၏။

သူကြွယ်မ၏ ပါရမီတို့ သည် သူ့ အဆင့်အလျောက် ရင့်လေပြီ။
ထို့ ကြောင့် သူကြွယ်မသည် မြတ်စွာဘုရား၏ ကျောင်းတော်သို့ 
သွား၍ မြတ်စွာဘုရား၏ တရားဒေသနာတော်များကို
များစွာ နာကြားချင်လာ၏။ သူပြောလူပြော ကြားရရုံနှင့်ပင်
မြတ်စွာဘုရား၏ တရားတော်သည် များစွာအံ့ဖွယ်ရှိပါ၏။
တစ်ခါမျှ မကြားဖူးသော နိဗ္ဗာန်ချမ်းသာကိုလည်း ကြားရ၏။
အမှန်အားဖြင့် သူကြွယ်မသည် မိမိ၏ ရင့်သောပါရမီဥာဏ်ဖြင့်
မြတ်စွာဘုရား၏ တရားတော် အတိမ်အနက်ကို ခန့် မှန်းနိုင်၏။
ထို့ ကြောင့် သူကြွယ်မသည် မြတ်စွာဘုရား၏ ကျောင်းတော်သို့ 
သွား၍ မြတ်စွာဘုရား၏ တရားဒေသနာတော်ကို နာကြားလိုခြင်း
ဖြစ်၏။ ပါရမီများက နှိုးဆော်လာသောအခါ ဤသို့ ပင် ဖြစ်ရ၏။
ထို့ ကြောင့် သူကြွယ်မသည် ဇေတ၀န်ကျောင်းတော်သို့  သွား၍
တရားနာရန် ဆုံးဖြတ်လိုက်၏။

ဆုံးဖြတ်ပြီးနောက် ပါဝေယျကအား ပြောကြား၏။
အမှန်အားဖြင့် ပါဝေယျကသည် သူကြွယ်မ၏
ဆိုးတိုင်ပင် ကောင်းတိုင်ပင် ဖြစ်၏။ ထို့ ကြောင့်
သူကြွယ်မက ပါဝေယျကအား ထုတ်ဖော်ပြောပြခြင်းဖြစ်၏။
ထိုအခါ ပါဝေယျကသည် များစွာတုန်လှုပ်သွား၏။
သူ့ အတွက် ဒါယိကာမတစ်ယောက် ဆုံးရှုံးသွားမှာ များစွာစိုးရိမ်၏။
ထို့ ကြောင့် ပါဝေယျကသည် သူကြွယ်မအား ဇေတ၀န်
ကျောင်းတော်သို့ သွားရောက်၍ တရားမနာရန် ပြောကြား၏။
ယခင်ကဆိုလျှင် ပါဝေယျက သဘောမတူသော လုပ်ငန်း
ဟူသမျှကို သူကြွယ်မသည် မလုပ်ဘဲ နေမြဲဖြစ်၏။
ယခုအခါ၌မူ ပါရီမီကံ၏ နှိုးဆော်မှုကြောင့် သူကြွယ်မသည်
ဇေတ၀န်ကျောင်းတော်သို့ သွား၍ မြတ်စွာဘုရား၏
တရားတော်ကို နာယူရန် အလွန်စိတ်သန်လျက်ရှိ၏။
ထို့ ကြောင့် ဒုတိယအကြိမ် သူကြွယ်မသည် ပါဝေယျကအား
ပြောပြန်၏။ ပါဝေယျကလည်း ဒုတိယအကြိမ် တားမြစ်ပြန်၏။
သူကြွယ်မက တတိယအကြိမ် ပါဝေယျကအား ပြောပြန်၏။
ပါဝေယျကလည်း တတိယအကြိမ် တားမြတ်ပြန်၏။

ထိုအခါ သူကြွယ်မသည် တစ်မျိုးကြံ၏။ ပါေ၀ယ်ကကို
တောင်းပန်နေလျှင်တော့ ပါဝေယျကက တာ့းမြစ်နေသဖြင့်
မြတ်စွာဘုရား၏ တရားဒေသနာတော်ကို နာယူဖြစ်မည် မဟုတ်။
မြတ်စွာဘုရားကို အိမ်သို့ ဆွမ်းစားပင့်ပြီး တရားနာမှပဲ
ဖြစ်ပေတော့မည်။ ဤသို့ သူကြွယ်မက ကြံ၏။
ကြံသည့်အတိုင်းပင် မိမိ၏ သားအား ဇေတ၀န်ကျောင်းတော်သို့ 
သွား၍ မြတ်စွာဘုရားအား ဆွမ်းစားပင့်လွှတ်လိုက်၏။
သားလည်း မြတ်စွာဘုရားကို ဆွမ်းစားပင့်ရန် သွား၏။
သို့ ရာတွင် သူကြွယ်မ၏ သားသည် ဇေတ၀န်ကျောင်းတော်သို့ 
တိုက်ရိုက်မသွားဘဲ အာဇီဝကကျောင်းတိုက်သို့ သွား၍
ပါဝေယျကကို တွေ့ ၏။

ပါဝေယျက ကအကျိုးအကြောင်း
မေးမြန်းသောအခါ မိမိ၏ မိခင်က မြတ်စွာဘုရားကို
ဆွမ်းစားပင့်ခိုင်းလိုက်သဖြင့် ဇေတ၀န်ကျောင်းတော်သို့ 
သွား၍ မြတ်စွာဘုရားကို ဆွမ်းစားပင့်ရန် သွားမည်ဖြစ်ကြောင်း
သူကြွယ်မ၏သားက ပါဝေယျကအား ပြော၏။ ထိုအခါ
ပါဝေယျကသည် မြတ်စွာဘုရားကို သွားရောက်မပင့်ရန်
ပြော၏။ သူကြွယ်မ၏ သားကလည်း မိခင်၏ အမိန့် ကို
လွန်ဆန်ရန် မဖြစ်နိုင်ကြောင်း ပြောလျှင် မိခင်၏ အမိန့် ကို
လိုက်နာသည့်အနေဖြင့် "မည်သည့်အိမ် ၊မည်သည့်လမ်းက"ဟု
နေရပ်ကို မပြောဘဲ မြတ်စွာဘုရားအား ဆွမ်းစားကြွတော်မူရန်သာ
လျှောက်ထားပြီး ပြန်လာခဲ့ဟူ၍ မှာကြားလိုက်၏။
သူကြွယ်မ၏ သားသည်လည်း ပါဝေယျက
အကြံပေးသည့်အတိုင်းပင် ဇေတ၀န်ကျောင်းတော်သို့ သွား၍
နေရပ်လိပ်စာ မပြောဘဲ မြတ်စွာဘုရားကို ဆွမ်းစားပင့်လေ၏။
ဝတ်ကျေဝတ်ကုန် သဘောဖြစ်၏။

ထို့ နောက် သူကြွယ်မ၏သားသည် ပါဝေယျက သီတင်းသုံးရာ
အာဇီဝကကျောင်းတိုက်သို့ သွားပြီး ပါဝေယျကအား
အကျိုးအကြောင်း ပြောပြလေ၏။ ပါဝေယျကကိုလည်း
မနက်ဖြန် ဆွမ်းစားကြွရန်ပင့်၏။ ပါဝေယျကနှင့်
သူကြွယ်မသားတို့ က နေရပ်လိပ်စာကို မလျှောက်ထားခဲ့သဖြင့်
မြတ်စွာဘုရားသည် သူကြွယ်မ၏အိမ်သို့  ကြွနိုင်မည်
မဟုတ်သောကြောင့် သူတို့ နှစ်ယောက်က အစားကောင်းများကို
စားရတော့မည်ဟု ကျိတ်၍ ၀မ်းသာနေကြ၏။
ပါဝေယျကနှင့် သူကြွယ်မသား နှစ်ယောက်တို့ သည်
သဗ္ဗညုတဥာဏ်တော်ရှင် မြတ်စွာဘုရား၏ စွမ်းအင်ကို
မသိကြ။ အမှန်အားဖြင့် မြတ်စွာဘုရားသည် သူကြွယ်၏
အိမ်သို့ သွားရာလမ်းကို မဆိုထားနှင့် ၊ ဗြဟ္မာ့ပြည်သို့ 
သွားရာလမ်းကိုလည်း သိ၏။ နတ်ပြည်သို့ သွားရာလမ်းကိုလည်း
သိ၏။ ထိုထို နေရာဒေသ အားလုံးသို့  သွားရာလမ်း အားလုံးကို
မြတ်စွာဘုရားသည် သိတော်မူ၏။

ပါဝေယျကသည် ထိုနေ့ စောစောကပင်လျှင် သူကြွယ်မ၏
အိမ်သို့ လာ၏။ မိမိအတွက် ခင်းထားသော နေရာ၌နေ၏။
ပါဝေယျကအတွက် နေရာကို နောက်ဘက်တိုက်ခန်း၌ ခင်းထား၏။
မြတ်စွာဘုရားသည်လည်း နံနက်စောစောကပင်လျှင်
သပိတ်သင်္ကန်းကို ယူတော်မူ၍ သူကြွယ်မအိမ်သို့ 
ကြွတော်မုပြီးလျှင် မြတ်စွာဘုရားအတွက် ခင်းထားအပ်သော
နေရာ၌ နေတော်မူ၏။ သူကြွယ်မသည် မြတ်စွာဘုရားအား
မွန်မြတ်သော ဘောဇဉ်တို့ ဖြင့် လုပ်ကျွေး၏။ ဆွမ်းစားတော်
မူပြီးနောက် မြတ်စွာဘုရားသည် ဆွမ်းအနုမောဒနာတရားကို
ဟောကြားတော်မူ၏။ သူကြွယ်မသည်လည်း "သာဓု သာဓု"
ဟူ၍ ကောင်းချီးပေးလျက် တရားတော်ကို နာကြား၏။

သူကြွယ်မ၏ သာဓုခေါ်သံကို ကြားသောအခါ ပါဝေယျကသည်
များစွာ တုန်လှုပ်၏။ တည်တံ့၍နေခြင်းငှာ မစွမ်းနိုင်သည်ဖြစ်၏။
ဤဒါယိကာမကြီးသည် မိမိအား ယခင်ကလို ကြည်ညိုသဒ္ဓါ
ရှိတော့မည် မဟုတ်။ ကြည်ညိုသဒ္ဓါ မရှိတော့လျှင်
မိမိအား လှူဒါန်းတော့မည် မဟုတ်။ ပါဝေယျကသည်
ဤသို့ ယူဆပြီး ဆွမ်းပင်မစားတော့ဘဲ မိမိနေရာ
တိုက်ခန်းမှ ထွက်ပြီးလျှင် -

'ဟယ် သူယုတ်မ၊ ရှင်ကြီးဂေါတမအား ဤသို့ သော
ပူဇော်သက္ကာယကို ပြု၏။ သင်သည် ပျက်လေတော့"
ဟူ၍ သူကြွယ်မအား လည်းကောင်း၊ မြတ်စွာဘုရား
အားလည်းကောင်း ဆဲရေး၍ မိမိ၏ အာဇီဝကကျောင်းတိုက်သို့ 
ပြန်သွားလေ၏။

သူကြွယ်မသည် မြတ်စွာဘုရားအား များစွာ အားနာ၏။
မိမိ၏ အဖြစ်ကိုလည်း ရှက်၏။ ထို့ ကြောင့် သူကြွယ်မသည်
မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်၌
ကောင်းစွာ မနာကြားနိုင်ဘဲ ရှိလေ၏။ သမာဓိကို
ဆောက်တည်၍ မရနိုင်ဘဲ ရှိလေ၏။ မြတ်စွာဘုရားသည်
သူကြွယ်မ၏ စိတ်အခြေအနေကို သိတော်မူ၏။
အမှန်အားဖြင့် သူကြွယ်မသည် မြတ်စွာဘုရားထံမှ
ဒါနကို နာကြားရသော်လည်း ဒါနမှန်းမသိ။
သီလကို နာကြားရသော်လည်း သီလမှန်းမသိ။
မဂ္ဂင်ရှစ်ပါး ၀ိပဿနာကို နာကြားရသော်လည်း
မဂ္ဂင်ရှစ်ပါး ၀ိပဿနာမှန်း မသိ။ စိတ်သည်
ပျံ့ လွင့်နေလေ၏။ ထိုအခါ မြတ်စွာဘုရားက
သူကြွယ်မအား တရားတော်၌ လေးလေးနက်နက်
တည်တည်ငြိမ်ငြိမ် နာယူနိုင်စေရန် ဂါထာဖြင့်
အောက်ပါအတိုင်း ဟောကြားတော်မူ၏။

"- အခြားသူများ၏ အပြစ်များကို မကြည့်ရာ။
အခြားသူများ၏ ထိုထို ကောင်းမှု မကောင်းမှု
ပြုမပြုကိုလည်း မကြည့်ရာ။
- မိမိ၏ ကောင်းမှု ပြုသည် မပြုသည်ကိုသာ
ကြည့်ရာ၏။"

ဤဒေသနာတော်ကို ကြားရသောအခါ
သူကြွယ်မသည် စိတ်၏ တည်ငြိမ်မှု သမာဓိကို ရ၏။
သမာဓိကို ရလျှင် အမှန်အတိုင်း သိစွမ်းနိုင်သော
ယထာဘူတဥာဏ်ကို ရ၏။ ယထာဘူတဥာဏ်ကို
ရသောအခါ ခန္ဓာတို့ ၏ ဖြစ်ပျက်ကို မြင်သော
ဝိပဿနာဥာဏ်ကို ရ၏။ ထို့ နောက် ဖြစ်ပျက်တို့ ၏
ကုန်ဆုံးရာ နိဗ္ဗာန်ကို မြင်သော မဂ်ဥာဏ်ကို ရ၏။
သူကြွယ်မရသော မဂ်ဥာဏ်ကား
သောတာပတ္တိမဂ်ဥာဏ် ဖြစ်၏။ ထို့ ကြောင့်
သူကြွယ်မသည် သောတာပန် ဖြစ်သွားလေ၏။
ဂါထာ၏ ဆိုလိုရင်း အဓိပ္ပါယ်အကျဉ်းမှာ
ဤသို့ ဖြစ်၏။ မည်သူပင်ဖြစ်စေ လုပ်ငန်းတစ်ခုခုကို
လုပ်ရာ၌ ဤဂါထာပါ သွန်သင်ချက်အတိုင်း လုပ်ရ၏။
ထိုသို့ လုပ်ပါက လောကီအကျိုးများသာမက
အရိယာသစ္စာကို သိခြင်းတိုင်အောင် လောကုတုတ္တရာ
အကျိုးများကိုပါ ရ၏။

ပတ်ဝန်းကျင်တွင် ကောင်းမှုကို လုပ်သူများလည်းရှိ၏။
မကောင်းမှုကို လုပ်သူများလည်း ရှိ၏။
သဗ္ဗေသတ္တာ ကမ္မဿကာ ဆိုသည့်အတိုင်း သူတို့ 
လုပ်သောကံက သူတို့ အတွက် ဖြစ်၏။
မိမိအတွက် ဖြစ်စေလိုလျှင် ပတ်ဝန်းကျင်၏
ဆွဲဆောင်မှုကို သည်းခံရ၏။ ကောင်းသော
လုပ်ငန်းဖြင့် ဆွဲဆောင်လျှင်လည်း သည်းခံရ၏။
မကောင်းသော လုပ်ငန်းဖြင့် ဆွဲဆောင်လျှင်လည်း
သည်းခံရ၏။ ကောင်းသော လုပ်ငန်းဖြင့်
ဆွဲဆောင်ခြင်းဟူသည်မှာ မိမိကို မြှောက်ခြင်းဖြစ်၏။
မကောင်းသော လုပ်ငန်းဖြင့် ဆွဲဆောင်ခြင်းဟူသည်မှာ
မိမိကို ခြောက်ခြင်း ဖြစ်၏။ ထို့ ကြောင့်
မြှောက်ခြင်း၌လည်း အလေးထားရမည်မဟုတ်။
ခြောက်ခြင်း၌လည်း အလေးထားရမည်မဟုတ်။
ဤသို့ အလေးမထားခြင်းသည်ပင် သည်းခံခြင်း `
ခန္တီပါရမီသဘော သက်ရောက်၏။

ပတ်ဝန်းကျင်၏ ဆွဲဆောင်မှုများကို အလေးမထားဘဲ
မိမိ၏ ရည်မှန်းချက်များကို မျက်ခြည်ပြတ်မခံခြင်းသည်
ဥပေက္ခာပါရမီသဘော သက်ရောက်၏။
ယင်းကိုပင် လျစ်လျူရှုခြင်းဟူ၍ ဆိုရ၏။
အကျဉ်းအားဖြင့် ဆွဲဆောင်မှုများကို တွန်းလှန်နိုင်ခြင်းသည်
သည်းခံခြင်း ခန္တီ၏သဘောဖြစ်၏။ မိမိ၏ ရည်မှန်းချက်အတိုင်း
ဆက်လက်ဆောင်ရွက်နိုင်ရန် စိတ်ကိုထားခြင်းသည်
ဥပေက္ခာ၏ သဘောဖြစ်၏။ အမှန်အားဖြင့်
သူ့ အလုပ်ကို သူလုပ်၍ ကိုယ့်အလုပ်ကို ကိုယ်လုပ်ရမည်
ဖြစ်၏။ ကိုယ့်အလုပ်ကို ကိုယ်က မလုပ်ဘဲ
သူ့ အလုပ်၌ စိတ်ရောက်နေရမည်မဟုတ်။

ထို့ ကြောင့် သူ့ အလုပ်၌ စိတ်မရောက်အောင်
အားထုတ်ခြင်းသည် ခန္တီ၏ သဘောဖြစ်၏။
ကိုယ့်အလုပ်၌သာ ကိုယ်က စိတ်ရောက်အောင်
အားထုတ်ခြင်းသည် ဥပေက္ခာ၏ သဘောဖြစ်၏။
သို့ ဖြစ်လေရာ လုပ်ငန်းဟူသမျှ၌ ဤသဘောနှစ်မျိုးကို
အခြေခံအားဖြင့် လိုအပ်၏။ ဤသဘောနှစ်မျိုးကို
အခြေခံပြီးမှ ဆိုင်ရာဆိုင်ရာ အလုပ်များကို လုပ်ရမည်
ဖြစ်၏။ ဆိုင်ရာဆိုင်ရာ အလုပ်များဟူသည်မှာ
ဒါန သီလ ဘာဝနာဟူသော ကောင်းမှုများ ဖြစ်၏။
အခြေခံသဘောအားဖြင့် ဒါနဟူသည်မှာ
ပံ့ပိုးခြင်း ဖြစ်၏။ သီလဟူသည်မှာ စိတ်ယုတ်မာများ
ဝင်မလာနိုင်အောင် တားဆီးခြင်း ဖြစ်၏။
ဘာဝနာဟူသည်မှာ ဖြူစင်သော စိတ်ကို
မွေးမြူခြင်း ဖြစ်၏ ထို့ ကြောင့် စီးပွားရေး၊
ပညာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး စသော
ရေးရာ အဖြာဖြာတို့ ကို ဆောင်ရွက်ရာ၌
ဒါနသဘောကိုလည်း ပါဝင်အောင် ဆောင်ရွက်ရ၏။
သီလသဘောကိုလည်း ပါဝင်အောင် ဆောင်ရွက်ရ၏။
ဘာဝနာသဘောကိုလည်း ပါဝင်အောင် ဆောင်ရွက်ရ၏။

ထိုသို့ ဆောင်ရွက်ရာတွင် အရေးကြီးသော
ခံယူချက်တစ်မျိုးကို ထားရှိရန် လိုအပ်၏။
ထိုခံယူချက်မှာ မည်သည့်လုပ်ငန်းကို လုပ်လုပ်၊
ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာနှင့်
ထင်ပေါ်ကျော်ကြားမှုများကို မမျှော်မှန်းဘဲ
၏လွတ်လပ်စင်ကြယ်သော စိတ်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်၏။
ယင်းကို နိက္ခမ္မပါရမီဟူ၍ ဆိုရ၏။ အမှန်အားဖြင့်
လောကအတွက် အလုပ်လုပ်ရာတွင် ဘာကိုမျှ
မျှော်ကိုးခြင်းမရှိဘဲ စေတနာမှန် သန့် သန့် ဖြင့်
လုပ်ကိုင်ဆောင်ရွက်ခြင်းသည် နေက္ခမ္မပါရမီအကျင့်ကို
ကျင့်ရာရောက်ပါ၏။ ထို့ ကြောင့် မိမိတို့ ၏
ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုများကို လုပ်ရာ၌
သည်းခံခြင်း ခန္တီ၊ သူ့ အလုပ်၌ စိတ်မရောက်စေဘဲ
မိမိ၏ အလုပ်၌သာ စိတ်ရောက်ခြင်း ဥပေက္ခာ၊
အကျိုးကို မမျှော်ကိုးဘဲ စေတနာသန့် သန့် ကို
ထားခြင်း နေက္ခမ္မတို့ ကို အခြေခံပြီးမှ ဆောင်ရွက်အပ်ပါ၏။

(ဆရာကြီး ဦးရွှေအောင် ရေးသားသော
ဓမၼပဒ-ပါေ၀ယ်က အာဇီ၀က ၀တၳဳ မွ)
မေတ္တာဖြင့် စီကုံးပူဇော်သူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

"အတုယူဖွယ် မိလိန္ဒမင်းကြီး စိတ်ကိုပြုပြင်ပုံ"

မိလိန္ဒမင်းကြီးသည် အရှင်နာဂသိန်ထံ ပြဿနာများ
အထိုက်အလျောက် မေးပြီးနောက်
သာသနာတော်ဝယ် လွန်စွာ အရေးကြီးသော
ပြဿနာတို့ ကို မေးဖို့ ရန်
အကြံဖြစ်လာသောအခါ ထိုပြဿနာများကို
မမေးသေးဘဲ ၇ ရက်ပတ်လုံး မိမိစိတ်ကို
သမာဓိရအောင် ထိန်းသိမ်းစောင့်စည်း
နေပုံမှာ သူတော်ကောင်းတို့ 
အတုယူစရာ ကောင်းလှပါသည်။

စောင့်စည်းပုံကား - နံနက်စောစော အိပ်ယာထပြီးလျှင်
ကိုယ်လက်စင်ကြယ်အောင် ရေချိုး၍ ၀တ်ရိုးဝတ်ဆင်
အ၀တ်တန်ဆာများကို မ၀တ်တော့ဘဲ ဖန်ရည်ဆိုးသော
အ၀တ်ဝါကို ၀တ်ဆင်ကာ ဦးခေါင်းလည်း ခေါင်းတုံးအသွင်
မှတ်ထင်လောက်အောင် ခေါင်းစွပ်လျက် (ရဟန်းမဟုတ်သော်လည်း)
ရဟန်းဟုပင် မှတ်ထင်ရလောက်အောင် ကြံဆောင်ဝတ်ဆင်ပြီးနောက်
(၈) ပါးသော အချက်များကို ၇ ရက်လုံးလုံး မပျက်ပြားအောင်
စိတ်၌ စွဲမြဲစွာ ဆောက်တည်လေသည်။ ၈ ပါးကား -

၁။ ၇ ရက်အတွင်း မင်းကိစ္စကို မပြုတော့ပြီ။
၂။ ရာဂစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
၃။ ဒေါသစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
၎။ မောဟစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
၅။ ကျေးတော်၊ ကျွန်တော်၊ အလုပ်သမား၊ အမှုတော်ထမ်းမျာ
အပေါ်၌ သော်လည်းကောင်း စိတ်ကို နှိမ့်ချ၍ မာန်မာနမဖြစ်အောင်
စောင့်စည်းမည်။
၆။ ကိုယ်မှု နှုတ်မှုများ ထူးခြားစွာ စောင့်ထိန်းမည်။
၇။ မြင်ရ ကြားရ တွေ့ ရ သိရသမျှသော အာရုံများအတွက်
အကုသိုလ်မဖြစ်အောင် မျက်စိ နား စသော ဣနြေ္ဒများကို
စောင့်စည်းမည်။
၈။ အားလုံးသတ္တ၀ါတို့ အပေါ်မှာ မေတ္တာစိတ်ထားမည်။

ဤ (၈) ပါးသော အချက်ကို (၇) ရက်လုံးစောင့်သုံးလျက်
၈ ရက်မြောက်နေ့ ၏ နံနက်အခါဝယ် နံနက်စာ စောစောစား၍
ဣနြေ္ဒကြီးမားလှသော ရဟန်းတော်ကဲ့သို့  စက္ခုနြေ္ဒချပြီးလျှင်
စကားပြောဆင်ခြင်ကာ အရှင်နာဂသိန်အထံသို့  ကြည်လင်ရွှင်ပျ
အေးမြသော စိတ်ဓာတ်ဖြင့် ချဉ်းကပ်လျက် လေးနက်စွာသော
ပြဿနာများကို မေးလျှောက်လေသည်။

ဤမိလိန္ဒမင်းကြီး၏ ၇ ရက်လုံးလုံး စိတ်ပြုပြင်ပုံကို
အတုယူလျက် သူတော်ကောင်းဘက်က
အထက်တန်းရောက်သော အမျိုးသား အမျိုးသမီးများလည်း မိမိနေအိမ်မှာပင် တစ်နေ့ တစ်ရက် တစ်နံနက်စသည်ဖြင့်
ရက်ပိုင်းခြား၍ မိမိသန္တာန်၌ ဖြစ်လေ့ရှိသော
အကုသိုလ်စိတ်များ မဖြစ်ရလေအောင် မကြာမကြာ
အထူးစောင့်စည်း သင့်ပေသည်။ ဤသို့ 
စောင့်စည်းဖန်များလျှင် အကုသိုလ်စိတ်
အထူးနည်းပါးသော သူတော်စင်အဖြစ်သို့  တက်ရောက်၍
သဒ္ဓါထူး ပညာထူး ပေါ်ပေါက်လာပါလိမ့်မည်။
ရက်ပေါင်းအတော်ကြာအောင် နဂိုဖြစ်တတ်သော
အကုသိုလ်စိတ်များ မဖြစ်ဘဲ ရှိပါလိမ့်မည်။

"ဤလောကကြီးကို စိတ်သည် ဆောင်ကြဉ်းအပ်၏။
ဤလောကကြီးကို စိတ်သည် ဆွဲငင်အပ်၏။
သတ္တ၀ါအားလုံးပင် စိတ်တည်းဟူသော တရားတစ်ခု၏
အလိုသို့ လိုက်နေရသည်။" (တရားတော်)

(မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ-
ကိုယ်ကျင့်အဘိဓမ္မာ မှ)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

သုညဘ၀နဲ့ စခဲ့ရသော ဘီလျံနာ သူဌေးများ

Monday, September 30, 2013

၁။ရေးဒီုဘီ

ကမ္ဘာကျော် Dolby Laboratoriesကုမ္ပဏီကို ထူထောင်ထားသူ ဖြစ်သည်။ ယခုအခါ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ဘီလျံချမ်းသာသည်။သို့သော် သူ၏ ပထမဦးဆုံးအလုပ်မှာ ရုပ်သံကုမ္ပဏီဖြစ်သော Ampexမှာ အချိန်ပိုင်း အလုပ်သမားတစ်ဦးဖြစ်သည်။


၂။အော်ပရာဝင်းဖရေး

ဘီလျံနာသူဌေးတစ်ဦးဖြစ်ပြီး အမေရိကန်ရုပ်သံအစီအစဉ်တင်ဆက်သူ၊ မင်းသမီး၊ ထုတ်လုပ်သူနှင့် ပရဟိတာဒါနရှင်အဖြစ် လျှမ်းလျှမ်း တောက်ကျော်ကြားသော အော်ပရာဝင်းဖရေး၏ ပထမဆုံးအလုပ်မှာ နစ်ရှ်ဗယ်လီမြို့ရှိ သူ့ဖခင်၏ ဆံသဆိုင်နံဘေးမှာ ကပ်ကာဖွင့်ခဲ့ရသည့် ကုန်စုံဆိုင်ငယ်ကလေးဖြစ်သည်။


၃။ဒေးဗစ်မာဒေါက်

Doleသစ်သီးကုမ္ပဏီကို ပိုင်ဆိုင်ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ ချမ်းသာသည်။ သူသည် 1943 ခုနှစ်တွင် တပ်မတော်သို့ မ၀င်ခင် ဓာတ်ဆီဆိုင်အလုပ်သမားအဖြစ် ဘ၀စတင်ခဲ့ရသူ ဖြစ်သည်။


၎။တီဘွန်နီပစ်ကန်

အမေရိက၏အကြီးဆုံး ရေနံနှင့် သဘာဝကုမ္ပဏီ တစ်ခုဖြစ်သော Mesa Petroleumကုမ္ပဏီကို ပိုင်ဆိုင်သူဖြစ်သည်။ အမရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံချမ်းသာသည်။ သို့သော် သူ၏ ပထမဆုံးအလုပ်မှာ သတင်းစာပို့သမားဖြစ်သည်။


၅။အင်ဒရူးဘီးလ်

ဘီးလ်ဘဏ်နှင့် ဘီးလေကြောင်းနှင့် အာကာသပညာကုမ္ပဏီကိုထူထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သည်။ သို့သော် သူ၏ ပထမဆုံးအလုပ်မှာ ရုပ်မြင်သံကြားစက် ရောင်းသူဖြစ်သည်။


၆။ချားလ်ရှဝက်ဘ်

ကမ္ဘာ့အကြီးဆုံး အကျိုးဆောင်ကုမ္ပဏီတစ်ခုဖြစ်သည်။ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ လျံချမ်းသာသည်။ သို့သော် သူ၏ပထမဆုံးအလုပ်မှာ သစ်ကြားသီးရောင်းသူဖြစ်သည်။


၇။ဂျွန်အက်ဒ၀ပ် အန်းဒါးဆင်း

Aceအဖျော်ယမကာကုမ္ပဏီကို ထူထောင်သူ ဖြစ်သည်။ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ဘီလျံ ချမ်းသာသည်။ သို့သော် သူ၏ ပထမဆုံးအလုပ် မှာ ပြောင်းဖူးပေါက်ပေါက်ဆုပ်ရောင်းသူ ဖြစ်သည်။


၈။ မက်ခ်ဇက္ကာဘက်

ယခုအခါ Facebook၏ အမှုဆောင်အရာရှိချုပ်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄ ဘီလျံ ချမ်းသာသည်။ သို့သော်သူသည် မထင်မရှားဘ၀ဖြင့် Facebookကုမ္ပဏီကို စတင်ထူထောင်ခဲ့ရသူဖြစ်သည်။


၉။စတိဗ်ဂျော့

Appleကုမ္ပဏီကို ပူးတွဲထူထောင်သူနှင့် အမှုဆောင်အရာရှိချုပ် ဖြစ်သည်။ သို့သော် သူ၏ ပထမဆုံးအလုပ်မှာ အရစ်ကျစနစ်ဖြင့် ပစ္စည်းရောင်းခြင်းဖြစ်သည်။


အေးချမ်းမွန် Credit To >ရေးမိရေးရာလေးများ < Thanks
Re-posted By ACM 28-9-2013
https://www.facebook.com/excellencemedia

ဒီလိုလူတစ်မျိုးရှိတယ်....


ဒီလိုလူတစ်မျိုးရှိတယ်....

သူခေတ်ဆန်ဆန်ဝတ်တာ တခြားလူကြည့်ဖို့
သူမောင်းတဲ့ကားကလည်း တခြားလူကြည့်ဖို့
သူနေတဲ့အိမ်အပြင်အဆင်ကလည်း တခြားလူကြည့်ဖို့
သူလုပ်တဲ့အလုပ်အကိုင်ကလည်း တခြားလူကြည့်ဖို့
သူ့ကလေးကို နာမည်ကြီးကျောင်းထားတာကလည်းတခြားလူကြည့်ဖို့
သူလုပ်သမျှအားလုံးအားလုံး သူ့ရဲ့စိတ်ဝင်စားမှု၊ သူ့ရဲ့အဆင့်၊ သူ့ရဲ့စတိုင်လ်ကို တခြားလူကြည့်ဖို့ ပြသတာဖြစ်တယ်
သူတွေးသမျှ သူထင်သမျှကို တခြားလူရဲ့အကြည့်နဲ့ စံနှုန်းထားပြီးသတ်မှတ်တယ်။
ဒီလိုလူမျိုးကို "မှန်ဘီရိုလူ (Showcase person)"လို့ခေါ်တယ်။ 


----- ထိုင်ဝမ်ကာတွန်းဆရာ Zhū Dé Yōng

Shared from Nine Nine Sanay (FB)

“ အခက်အခဲကို ခုံဖိနပ်လုပ်ပြီး စီးလိုက်စမ်းပါ ”


ဘဝဆိုတာတိုက်ပွဲပဲလို့ အဆိုရှိပါတယ်။တိုက်ပွဲဆိုတာ
နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေပါပဲ။ ဘဝနဲ့
အခက်အခဲဆိုတာ အတွဲလိုက်တည်ရှိနေတဲ့အရာသာ
ဖြစ်ပါတယ်။

အခက်အခဲတွေ့ကြုံရတိုင်း စိတ်ဓါတ်ကျနေမယ်
စိတ်ညစ်နေမယ်ဆိုရင် ဘယ်ပြီးဆုံးနိုင်တော့မှာလဲ။
အခက်အခဲဆိုတာအမြဲတွေ့ကြုံနေရမယ့်အရာသာ
ဖြစ်ပါတယ်။

အခက်အခဲဆိုတာ စိတ်ညစ်နေဖို့ စိတ်ဓါတ်ကျနေဖို
့မဟုတ်ဘူး။ ရင်ဆိုင်ကျော်လွားဖို့ သာဖြစ်တယ်။
အခက်အခဲတွေ့တိုင်းအလွယ်တကူ စိတ်ဓါတ်ကျ
လွယ်တာ၊ အလွယ်တကူစိတ်ညစ်တတ်တာ
မကောင်းဘူး။ကြာရင် အကျင့်ပါပြီး စိတ်ကျရောဂါ
ရနိုင်တယ် ။

အခက်အခဲဆိုတာ ကိုယ့်တစ်ယောက်ထဲအတွက်
မဟုတ်ဘူး။ လူတိုင်းနဲ့ဆက်ဆံနေတာလူတိုင်း
ကြုံတွေ့နေရတာမို့ ကိုယ့်တယောက်ထဲ မဟုတ်ပါဘူး။
ကိုယ့်ထက်ဆိုးတဲ့လူတွေ တပုံကြီးရှိပါတယ်။
လောကကြီးဟာကိုယ့်တစ် ယောက်ထဲအတွက်
ဖန်တီးထားတာမဟုတ်လို့ ကိုယ်ဖြစ်ခြင်တိုင်း
မဖြစ်တာကိုလည်းစိတ်ပျက်ဖို့ မလိုပါဘူး။

အခက်အခဲဆိုတာ ရင့်ကျက်တဲ့ဘဝတစ်ခုပိုင်ဆိုင်
ဖို့ အတွက် အကောင်းဆုံးအရင်းအနှီးဖြစ်ပါတယ်။
အခက်အခဲမရှိတဲ့လူရဲ့ဘဝဆိုတာကတော့ သေနေတဲ့
လူပဲ ဖြစ်မှာပါပဲ။

မြတ်စွာဘုရားတောင် နောက်ဆုံးပရိနိဗ္ဗာန်စံတော်မူတဲ့
အထိ အခက်အခဲကိုဉာဏ်ပညာနဲ့ပဲကျော်လွားဖြေရှင်း
ခဲ့တယ်။နေ့စဉ်ကြုံတွေ့ နေရတဲ့အခက်အခဲတွေကြောင့်
အားမငယ်ပါနဲ့ ၊ အခက်အခဲဆိုတာသင့်ဘဝကို
တောက်ပြောင်အောင်လုပ်ပေးမယ့် အရာတွေပါ။
ဒါကြောင့်အခက်အခဲတွေ့တိုင်း အားမလျော့ပါနဲ့ ၊
အားမပျော့လိုက်ပါနဲ့  အခက်အခဲကို ခုံဖိနပ်လုပ်ပြီး
စီးလိုက်စမ်းပါ။

- အရှင်ဝိလာသဂ္ဂ ( ဗောဓိမြိုင်သစ္စာရွှေပြည်ဆရာတော် )
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

“ ဘေးခတဲ့မျက်ရည်နဲ့ အေးမြတဲ့မဂ်ဆီ သွားရအောင် ”




တစ်ခါတုန်းက မိလိန္ဒမင်းကြီးက အရှင်နာဂသိန် မထေရ်မြတ်ကို မျက်ရည်နဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခု မေးခဲ့ဖူးပါတယ် ။


' အရှင်ဘုရား ... အမေသေလို့ ကျရတဲ့ မျက်ရည်နဲ့ တရားချစ်လို့
ကျရတဲ့ မျက်ရည် ၊ ဘယ်မျက်ရည်က ဆေးဖက်ဝင်ပါသလဲ ?
ဘယ်မျက်ရည်က ဆေးဖက်မ၀င်ပါသလဲ ?

' ဒကာတော်မြတ် ... ရာဂ၊ဒေါသ၊မောဟ စတဲ့ ကိလေသာ အညစ်အကြေးတွေနဲ့ ညစ်နွမ်းပူလောင်နေတဲ့ မျက်ရည်ဟာ
ဆေးဖက် မ၀င်တဲ့ မျက်ရည် ဖြစ်ပါတယ် .။

တရားဓမ္မနဲ့ ယှဉ်တဲ့ နှစ်သက်ဝမ်းမြောက်မှု ပီတိသော
မနဿတွေနဲ့ သန့်စင်အေးမြနေတဲ့ မျက်ရည်ကတော့
ဆေးဖက်ဝင်တဲ့ မျက်ရည်ဖြစ်ပါတယ်။ '

ပါဋ္ဌိလို 'ဘေသဇ္ဇအဿု' ဆိုတာ မြန်မာလိုတော့ ဆေးဖြစ်တဲ့
မျက်ရည် ၊ ဆေးဖက်ဝင်တဲ့မျက်ရည် ၊ ဆေးပေါင်းခတဲ့
မျက်ရည်ပေါ့။

ပါဋ္ဌိလို 'အဘေသဇ္ဇအဿု' ဆိုတာကတော့ မြန်မာလို ဆေး
မဖြစ်တဲ့မျက်ရည် ၊ ဆေးဖက်မ၀င်တဲ့မျက်ရည် ၊ ဆေးပေါင်းခ
တဲ့မျက်ရည်၊ တနည်းအားဖြင့် -ဘေးဖြစ်တဲ့မျက်ရည်၊ဘေးဖက်ဝင်တဲ့မျက်ရည်၊ဘေးပေါင်းခတဲ့မျက်ရည်ပေါ့.....။

ကိလေသာအခြေခံတဲ့ မျက်ရည်မှန်သမျှ ၀မ်းနည်းလို့ပဲ ကျကျ ၊
ဝမ်းသာလို့ပဲ ကျကျ ၊ဘေးပေါင်းခတဲ့ မျက်ရည်ပါပဲ .....။
စိတ်ညစ်စရာ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရလို့ ၀မ်းနည်း
ပြီးကျတဲ့ မျက်ရည်မှ ဘေးပေါင်းခတာ မဟုတ်ပါဘူး ...။

စိတ်ချမ်းသာစရာ၊စိတ်ပျော်ရွှင်စရာ အဖြစ်အပျက်တွေနဲ့
ကြုံတွေ့ရလို့ ၀မ်းသာပြီးကျတဲ့ မျက်ရည်ဟာလည်း
ဘေးပေါင်းခပါတယ်...။ကိလေသာအခြေခံတဲ့ မျက်ရည်
ဆိုတဲ့နေရာမှာ ဖိုမရေးရာ တပ်မက်မှုကိုသာ ကိလေသာလို့ ခေါ်တာမဟုတ်ပါဘူး ...။

မိဘနဲ့သားသမီး၊ဆရာနဲ့တပည့်၊ညီအကိုမောင်နှမအချင်းချင်း၊မိတ်ဆွေအပေါင်းအသင်းအချင်းချင်း၊လုပ်ဖော်ကိုင်ဖက်
အချင်းချင်း၊ဆရာဒကာအချင်းချင်း၊သံယောဇဉ်အနှောင်အဖွဲ့နဲ့ ရစ်ပတ်တွယ်တာနေမှုမှန်သမျှ ကိလေသာတွေချည်းပါပဲ ...။

သက်မဲ့အရာဝတ္တုတွေအပေါ် တမြတ်တနိုးနဲ့ နှစ်ခြိုက်စွဲလမ်း သံယောဇဉ်တွယ်နေတာတွေ အားလုံးလည်း ကိလေသာတွေပါပဲ ...။

ဘယ်လို သံယောဇဉ်မျိုးကြောင့်ပဲ မျက်ရည်ကျကျ ၀မ်းနည်းတဲ့
ကိလေသာ၊၀မ်းသာတဲ့ကိလေသာ၊ကိလေသာကို အခြေခံတာ
ဖြစ်တဲ့ အတွက် ဘေးပေါင်းခတဲ့မျက်ရည်တွေချည်းပါပဲ ...။

တခြား ပြင်ပဘေးတွေ ဘာမှမတွေ့ရသေးဘူးပဲ ထားပါဦး စိတ်ပူလောင်တဲ့ဘေး၊စိတ်ရှုတ်ထွေးတဲ့ဘေး၊စိတ်မတည်မငြိမ်
ယောက်ယက် ခတ်တဲ့ဘေး၊စိတ်လှုပ်ရှားတဲ့ဘေး ကတော့ အတွင်းဘေးအဖြစ်နဲ့ သေချာပေါက် ရင်ဆိုင်ကြုံတွေ့ရမှာပါ ...။

ဝမ်းသာလို့ ကျတဲ့မျက်ရည်ဟာ လောဘအပူနဲ့ စိတ်ယောက်
ယတ်ခတ်ပြီး ဘေးခနေပါတယ် ..........

ဝမ်းနည်းလို့ ကျတဲ့မျက်ရည်ဟာ ဒေါသအပူနဲ့ စိတ်တင်းကျပ်ပြီး ဘေးခနေပါတယ် ..........

ဘုမသိ ဘမသိ အလိုလိုကျတဲ့မျက်ရည်ဟာ မောဟအပူနဲ့
စိတ်လွှင့်မျောပြီး ဘေးခနေပါတယ် ........

ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးနဲ့ တွေ့ကြုံခွင့်ရတဲ့အခိုက် ကံကောင်းတာတစ်ခုကတော့ ဘေးပေါင်းခတဲ့မျက်ရည်ကို ဆေး
ပေါင်းခတဲ့ မျက်ရည်အဖြစ် အသွင်ပြောင်း ထုတ်လုပ်နိုင်ခြင်းပါပဲ .....။

တနည်းအားဖြင့် -

ပြောရရင်တော့ ဘေးခတဲ့မျက်ရည်နဲ့ အေးမြတဲ့ မဂ်ဆီ အရောက်သွားနိုင်ခြင်းပါပဲ .......

ဘေးကိုဆေးဖြစ်အောင် လုပ်နိုင်တဲ့နည်းလမ်းတွေ မြတ်စွာဘုရားရှင်က အပြည့်အစုံ ပေးထားပါတယ် .......

ဘေးကို ဆေးဖြစ်အောင် လုပ်တဲ့နေရာမှာ ကိုယ့်ဘက်က ပေးရမယ့် တန်ဖိုးကတော့" ယောနိသော မနသိကာရ " လို့ခေါ်တဲ့ စိတ်ထား တတ်မှု ၊ စိတ်ထားမှန်မှု ပါပဲ .....။

စိတ်ထားတတ်မှ၊စိတ်ထားမှန်မှ ဘေးကိုဆေးဖြစ်အောင် လုပ်နိုင်ပါတယ် .....

စိတ်ထားမတတ်ရင်၊စိတ်ထားမမှန်ရင် ဘေးကိုဆေးဖြစ်အောင် မလုပ်နိုင်ပါဘူး .....။
ဘေးပြီးတော့ဘေး ၊ ဘေးထက်ဘေးတွေပဲ တိုးပွားလာနိုင်ပါတယ် .....
- Young Buddhist's Association
ပါရမီဓာတ်ခံအရ ကိုယ်ကိုယ်တိုင်က စိတ်ထားမတတ်ခဲ့ စိတ်ထားမမှန်ခဲ့ရင်တောင်မှ စိတ်ထားတတ်အောင်၊စိတ်ထားမှန်အောင် လမ်း ညွှန်ပေးနိုင်တဲ့ ဆရာကောင်း သမားကောင်း၊မိတ်ကောင်း ဆွေကောင်းတွေရဲ့ အကူအညီကြောင့် ကိုယ့်ရဲ့ ဘေးခမျက်ရည်ဟာ ဆေးခ မျက်ရည်အဖြစ် အလိုလို အသွင်ပြောင်းသွားနိုင်ပါတယ် .....။

ကူညီသူရဲ့ လမ်းညွှန်ချက် မှန်ကန်ဖို့တော့ အရေးကြီးပါတယ် ...။မေတ္တာမှန်ရုံနဲ့ မပြီးပါဘူး၊ပညာပါ မှန်ဖို့ လိုအပ်ပါတယ် ...။

မြတ်စွာဘုရားရှင်လို ပုဂ္ဂိုလ်မျိုးရဲ့ အကူအညီကိုသာ ရလိုက်လိုက်လို့ကတော့ ကိုယ့်ရဲ့ ပူလောင်နေတဲ့ ဘေးခမျက်ရည်ဟာ အလွန် တရာအေးမြတဲ့ ဆေးခမျက်ရည်အဖြစ် အချိန်မဆိုင်း ချက်ချင်းပြောင်းလဲသွားမယ်ဆိုတာ ယုံမှားသံသယဖြစ်စရာ မရှိပါဘူး .....။

မြတ်စွာဘုရားရှင်လက်ထက်တုန်းက ပဋာစာရာ(အများပြော ပဋာစာရီ) ဆိုတာ ဘေးပေါင်းခတဲ့မျက်ရည်တွေနဲ့အကြီးအကျယ် ပူလောင်ရူးသွပ်ခဲ့ရသူတစ်ဦးပေါ့ .......

ခင်ပွန်းသည်က မြွေကိုက်လို့သေ၊သားကြီးက ရေနစ်လို့သေ၊သားငယ်က စွန်ချီလို့သေ၊မိဘနှစ်ပါးနဲ့အစ်ကိုက လေကြီးမိုးကြီးကျပြီး အိမ်ပြိုပိလို့သေ၊တစ်နေ့တည်းမှာ အချစ်ရဆုံးသူခြောက်ဦးတို့ရဲ့ ခြောက်လောင်းပြိုင်သေပွဲကြီးနဲ့ရင်ဆိုင်ကြုံတွေ့လိုက်ရတဲ့ ပဋာစာရာ မှ မရူးသွပ်ရင် ဘယ်သူရူးသွပ်ဦးမှာလဲ ???

အကြင်နာတရားကင်းမဲ့တဲ့လူတွေက 'အရူးမ၊အရူးမ 'လို့ခေါ်ပြီး သဲနဲ့ပက်၊ခဲနဲ့ပေါက် လုပ်ကြပေမယ့် အကြင်နာတရားပြည့်ဝ တဲ့ မြတ်စွာဘုရားရှင်ကတော့ သူ့ရဲ့တရားပွဲဆီ ပဋာစာရာ မရောက်ရောက်လာအောင် စိတ်တန်ခိုးအားနဲ့ ဆွဲခေါ်ဆောင်ယူတော် မူပါတယ် ....။

ဘုရားတန်ခိုးတော်နဲ့ တရားပွဲထဲရောက်လာတဲ့ ပဋာစာရာကို သဘောထားသေးသိမ်တဲ့ မေတ္တာတရား ခေါင်းပါးတဲ့ တရားနာ ပရိတ်သတ်က နှင်ထုတ်ကြပါတယ် .....။

မြတ်စွာဘုရားရှင်ကတော့ မေတ္တာတရားကြီးမားသူပီပီ ပဋာစာရာကို နှင်မထုတ်ဖို့ တရားနာပရိတ်သတ်ကို မိန့်ကြားပြီး အနီးနား ထိ ရောက်လာတဲ့ ပဋာစာရာကို " နှမလေးရယ် ...သတိလေးတစ်ချက်လောက် ထားလိုက်ပါဦးကွယ်" လို့ နှုတ်ခွန်းဆက် မေတ္တာ တရားစကား မိန့်ကြားတော်မူလိုက်ပါတယ် .....။

မြတ်စွာဘုရားရှင်ရဲ့ မေတ္တာဓာတ်၊ဓမ္မဓာတ်ကြောင့် အရူးစိတ် ပြေပျောက်ပြီး အသိစိတ်ဝင်ရောက်လာတဲ့ ပဋာစာရာကို မြတ်စွာဘုရားရှင် က ဘေးပေါင်းခတဲ့မျက်ရည် ပမာဏအကြောင်းနဲ့ ဘေးပေါင်းခတဲ့ မျက်ရည်ကို ဆေးပေါင်းခအောင် အသွင်ပြောင်းပုံ နည်းလမ်း အကြောင်း အခုလို မိန့်ကြားတော်မူပါတယ် .....။

"ချစ်နှမ ပဋာစာရာ . . . သမုဒ္ဒရာလေးစင်းထဲမှာရှိတဲ့ရေတွေဟာ တကယ်တော့ နည်းနည်းလေးပါကွယ် . . .ဘာမှမပြောပလောက်ပါ ဘူး...။

သံသရာမှာ ဆင်းရဲဒုက္ခတွေနဲ့ ကြုံတွေ့ရလို့ ပူပင်သောကဖြစ်ပြီး ကျခဲ့ရတဲ့ သတ္တ၀ါတစ်ဦးတစ်ယောက်ရဲ့ မျက်ရည်တွေကမှ သမုဒ္ဒရာလေးစင်းထဲက ရေတွေထက် အင်မတန် များပြားလွန်းလှတာပါ . . .၊နည်းနည်းနောနောမှ မဟုတ်ပါပဲလား ??? ချစ်နှမရယ်...."

"သမုဒ္ဒရာလေးစင်းထက်များတဲ့ မျက်ရည်တွေ ကျခဲ့ဖူးလှတာတောင် ခုချိန်ထိ ဘာလို့များ မေ့လျော့နေချင်ရသေးတာလဲ . . . မမေ့လျော့သင့်တော့ဘူးလေ . . . ခုချိန်ကစပြီး မမေ့မလျော့ မပေါ့မဆတဲ့ သတိတရားနဲ့ နေထိုင်မှုပုံစံသစ် ပြောင်းလိုက်ပါတော့ ချစ်နှမရယ် . . . နော် . . ."

မြတ်စွာဘုရားရှင်ရဲ့ မျက်ရည်တရားကို နားကြားရတဲ့အတွက် ပဋာစာရာရဲ့ ရင်ထဲက ပူလောင်မှုတွေ ငြိမ်းအေးသွားပါတယ်၊နုလုံးသား ထဲက ရှုပ်ထွေးမှုတွေ ရှင်းလင်းသွားပါတယ်...။

စိတ်ထဲက နောက်ကျုမှုတွေ ကြည်လင်သွားပါတယ် ၊ သွေးထဲက လှုပ်ရှားမှုတွေ ငြိမ်သက်သွားပါတယ် ......။

ပဋာစာရာရဲ့ စိတ်အစဉ် ငြိမ်အေးရှင်းလင်း ကြည်လင်ငြိမ်သက်သွားပြီဆိုတော့မှ မြတ်စွာဘုရားရှင်က

"မိဘဆွေမျိုး၊သားသမီး၊ဇနီး ခင်ပွန်း၊မိတ်ဆွေ စတဲ့ အပေါင်းအဖော်တွေဟာ အားကိုးမှီခိုရာ အစစ်မဟုတ်ကြောင်း၊အို နာ သေရေး စတဲ့ တကယ့်ဒုက္ခဘေးတွေနဲ့ တွေ့ကြုံလာတဲ့အခါ ဘယ်သူ့ကိုမှ အားကိုးမှီခိုလို့ မရကြောင်း၊အသိဥာဏ်ရှိတဲ့ သူတော်ကောင်းဟာ ကိုယ့်ရဲ့ နိဗ္ဗာန်သွားလမ်းကို သီလ အခြေခံပြီး အမြန်ဆုံး တည်ဆောက်လျှောက်သင့်ကြောင်း" ရှင်းလင်းမိန့်ကြားတော်မှုပါတယ် .....။

တရားတော်ရဲ့အဆုံးမှာ ပဋာစာရာ သောတပန်တည်သွားပါတယ် .....။

နောက်တော့ -

ဘိက္ခုနီမ ပြုပြီး တရားဆက်အားထုတ်လိုက်တာ ပဋိသမ္ဘိဒါလေးပါးနဲ့တကွ ရဟန္တာဖြစ်သွားတဲ့အပြင် ၀ိနည်းဆောင်တဲ့ ဘိက္ခုနီတွေထဲ မှာ အသာဆုံးအမြတ်ဆုံး ဧတဒဂ်ဘွဲ့ကိုပါ ဆွတ်ခူးရရှိသွားပါတယ် .....။

ပဋာစာရာရဲ့ ဘေးပေါင်းခနေတဲ့ သောကမျက်ရည်ဟာ ဘုရားအဆုံးအမတရားတော်ကြောင့် ဆေးပေါင်းခတဲ့ ဓမ္မမျက်ရည်အဖြစ် အသွင်ပြောင်းသွားခဲ့ပါတယ် ...။

မြတ်စွာဘုရားရှင်ရဲ့ ကျေးဇူ့တရား ကြီးမားလှပါတယ် .....။


"အရူးမမို့ အဖက်မလုပ်ဘူး ၊အဖက်မလုပ်နဲ့" ဆိုတဲ့ သူတော်ကောင်းစိတ်မရှိသူတွေနဲ့ချည်းသာ တွေ့ဆုံရမယ်ဆိုရင်တော့ ပဋာစာရာ ရဲ့ ဘ၀ အခုလို လှပလာတော့မှာ မဟုတ်ပါဘူး .....။
လူအများစုရဲ့ သဘောက ကိုယ်ကသာ မိတ်ကောင်းဆွေကောင်း
လိုချင်တယ် ၊ကိုယ်ကတော့ သူတစ်ပါးရဲ့ မိတ်ကောင်းဆွေကောင်း
ဖြစ်ဖို့ မကြိုးစားချင်ကြပါဘူး .....။

သူတစ်ပါးအပေါ် နေရာတကာ အပြစ်မြင်၊အပြစ်တင်တဲ့ စိတ်နဲ့ အဆင့်အတန်းခွဲခြားပြီး ဆက်ဆံချင်ကြပါတယ် ....။
ကိုယ့်အတွက် ရပေါက်ရှိမှ ပေါင်းချင်ကြပြီး ရပေါက် မရှိရင် မပေါင်းချင်ကြပါဘူး ...။
ဒါကိုပဲ ' လူမှုဆက်ဆံရေးတော်တယ်' လို့ တလွဲ ဂုဏ်ယူတတ်ကြပြန်ပါသေးတယ်။
အမှန်ကတော့ -

တကိုယ်ကောင်းဆန်တာပါ ... မေတ္တာတရားခေါင်းပါးတာပါ .....။
ပဋာစာရာ ကျခဲ့ရတဲ့မျက်ရည်ဟာ တကယ်တော့ ကာမဂုဏ်အာရုံကို အကြောင်းပြုပြီး ကျခဲ့ရတာမို့ ဘေးပေါင်းခတဲ့မျက်ရည်ပါ ...။
ဒါပေမယ့် -

မြတ်စွာဘုရားရှင်ရဲ့ သဘောတရားအဆုံးအမနဲ့ ကျင့်နည်းကြံနည်း အဆုံးအမတရားတွေကြောင့် ဘေးပေါင်းခတဲ့မျက်ရည် ဟာ ဆေးပေါင်းခတဲ့မျက်ရည်အဖြစ် အသွင်ကူးပြောင်းခဲ့ရပါတယ် .....။

လူသားတိုင်း လူသားတိုင်း သက်ရှိသက်မဲ့ ကာမဂုဏ်အာရုံတစ်ခုခုကို အကြောင်းပြုပြီး မျက်ရည်ကျခဲ့ကြဖူးမှာပါ .......
ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ ကိုယ်မဖြစ်ချင်တာတွေ ဖြစ်လာတဲ့အခါ ငိုခဲ့ကြဖူးမှာပါ .........
မငိုတောင်မှ စိတ်ဆင်းရဲတာ၊စိတ်မချမ်းသာတာ၊စိတ်ပူပန်တာ၊စိုးရိမ်ကြောင့်ကြတာ၊၀မ်းနည်းကြေကွဲတာတွေတော့ ဖြစ်ဖူးကြမှာပါ ....
ဘာကြောင့်ပဲ ငိုငို ၊ ငိုတယ်ဆိုတာ အဘိဓမ္မာတရားကိုယ်ကတော့
ဒေါသပါပဲ ။
ငိုနေတဲ့အချိန်မှာ ဖြစ်နေတဲ့စိတ်ဟာ ဒေါသစိတ်ပါ ။

စိတ်ဆင်းရဲတာ၊စိတ်ပူပန်တာ၊စိုးရိမ်ကြောင့်ကြတာ၊၀မ်းနည်းကြေကွဲတာတွေဟာလည်း ဒေါသစိတ်တွေချည်းပါပဲ .......။

အဲဒီလို ဒေါသစိတ်တွေ ဖြစ်ပေါ်လာရင် သက်ဆိုင်ရာဒေါသရဲ့
အပြစ်ကိုလည်း မြတ်စွာဘုရားအဆုံးအမတွေနဲ့အညီ ဆင်ခြင်
နှလုံး သွင်းရပါမယ် .....။

ဖြစ်ပေါ်နေတဲ့ ဒေါသကိုလည်း ဖြစ်ပေါ်နေတဲ့အတိုင်း သတိပဋ္ဌာန်နည်းလမ်းနဲ့အညီ ရှုမှတ်ပွားများရပါမယ် .....

စိတ်ဆင်းရဲရင် "စိတ်ဆင်းရဲတယ်"၊ စိတ်ပူရင် "စိတ်ပူတယ်" ၊
စိတ်ညစ်ရင် "စိတ်ညစ်တယ်" ၊ ၀မ်းနည်းရင် "၀မ်းနည်းတယ်" ပေါ့ .....။
ဘယ်လိုပဲ ရှုမှတ် ရှုမှတ် ဒေါသကို ရှုမှတ်နေတာပါပဲ ........

ဆင်ခြင်မှု၊ရှုမှတ်မှု ဆိုတဲ့ နည်းလမ်းနှစ်မျိုးနဲ့ ဘုရားအဆုံးအမကို လိုက်နာကျင့်သုံးသွားမယ်ဆိုရင် ပူလောင်တဲ့မျက်ရည်ဟာ
အေးမြတဲ့ မျက်ရည် ဖြစ်သွားပါလိမ့်မယ် .....။

ဘေးပေါင်းခတဲ့ မျက်ရည်ဟာ ဆေးပေါင်းခတဲ့မျက်ရည် ဖြစ်သွား
ပါလိမ့်မယ် .....။
အနာဂါမိ မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ်နဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သွားပြီဆိုရင်တော့ မျက်ရည်သမုဒ္ဒရာလည်း ထာဝရခန်းခြောက်သွား ပါပြီလေ . . . .။

- အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

Shared from Young Buddhist's Association (FB)

Saturday, September 28, 2013

အထီးကျန်ခြင်းမှရသော စိတ်နှလုံးအနားယူခြင်း

လူ့ဘဝမှာ စောင့်စားရတဲ့ရက်တွေ အကြိမ်ကြိမ်မကရှိသလို အထီးကျန်ခြင်းလည်း တစ်ကြိမ်မက ခံစားကြရတယ်။

တချို့က တစ်ယောက်တည်းနေရလို့ အထီးကျန်ခံစားရတယ်၊ အထီးကျန်ခြင်းထဲကနေ ရုန်းမထွက်နိုင်ကြဘူး။ တကယ်တော့ အထီးကျန်ခြင်းက ဆန်းသစ်တွေးတောမှုကို ပိုဖြစ်ထွန်းစေပါတယ်။ ရှေးရှေးကနေ ယနေ့ထိတိုင် စာပေပညာရှင်၊ ဂီတအနုပညာရှင်၊ သိပ္ပံပညာရှင်၊ ဒဿနိကပညာရှင်၊ နိုင်ငံရေးပညာရှင် ... စတဲ့ပညာရှင်တွေဟာ အထီးကျန်ခြင်းထဲနစ်မြုပ်ပြီး အလုပ်လုပ်ခဲ့ကြတယ်၊ ဆန်းသစ်ခဲ့ကြတယ်၊ တီထွင်ခဲ့ကြတယ်။ စိတ်ဝိညာဉ်ထဲကနေ အဆုံးမရှိတဲ့ တစ်ယောက်တည်းထီးထီးနေတဲ့ပျော်ရွှင်ခြင်းကို ခံစားခဲ့ကြတယ်။

လောကဓံကြောင့်၊ မိသားစုဆွေမျိုးတွေနဲ့ ခွဲပြီးနေရတာ၊ စားဝတ်နေရေးကြောင့် တစ်နယ်တစ်ကျေးခွဲနေရတာ စတဲ့အကြောင်းအမျိုးမျိုးတွေကြောင့် လူတွေဟာ အထီးကျန်ခြင်းကို ထိတွေ့ခံစားကြရတယ်။ လူတစ်ဦးချင်းရဲ့ မတူတဲ့အကျင့်စရိုက်၊ ပတ်ဝန်းကျင်ရဲ့ ဖိအား၊ ပညာရေးအကျိုးသက်ရောက်မှု၊ မတူတဲ့ရိုးရာယဉ်ကျေးနဲ့ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံနောက်လိုက်ပြီး လူတချို့ရဲ့နားလည်ပေးမှုကိုမခံရတဲ့အခါ အထီးကျန်တဲ့ခံစားမှုကို ပိုခံစားမိတတ်ကြတယ်။

လူအများစုက အထီးကျန်ခြင်းကို စိတ်ဖိအားတစ်မျိုးလို့ ထင်မြင်ကြပြီး မကောင်းတဲ့စိတ်ခံစားမှုနဲ့ ကိုယ့်ကိုယ်ကို ချုပ်နှောင်ထားတတ်ကြတယ်။ တကယ်တော့ တခြားရှုထောင့်ကကြည့်ရင် အထီးကျန်ခြင်းဆိုတာ စိတ်နှလုံးအနားယူခြင်းပဲဖြစ်ပါတယ်။ တစ်ယောက်တည်း ငြိမ်ငြိမ်သက်သက်ထိုင်နေတဲ့အချိန်ဟာ ဗလောင်ဆူလှုပ်ရှားနေတဲ့စိတ်ကို တည်ငြိမ်စေပါတယ်။ ဒါဟာ အထီးကျန်ခြင်းထဲကရလာတဲ့ တည်ငြိမ်အေးဆေးမှုပဲ ဖြစ်ပါတယ်။

Shared from Nine Nine Sanay (FB)

ဘုရားသခင် လွှတ်လိုက်တဲ့လူ

ငါတို့ရဲ့အိမ်ထောင်သက်(၃)နှစ်အတွင်းမှာ ငါတို့ရန်ဘယ်နှခါဖြစ်ခဲ့မှန်း ငါမမှတ်မိတော့ဘူး။ ငါဟာ မှတ်ဉာဏ် သိပ်မကောင်းတဲ့မိန်းမမှန်း နင်သိပါတယ်။ ဒါပေမဲ့ နင်နဲ့ရန်ဖြစ်ခဲ့သမျှကိုတော့ ငါ့နှလုံးသားထဲ မှတ်ကျောက်တင်ထားတယ်။

တစ်ခါက နင်နဲ့ငါရန်ဖြစ်တော့ နင်ကနင့်ကိုယ်လုံးနဲ့ အိမ်တံခါးဝကို တင်းတင်းပိတ်ထားတယ်။ ညနက်သန်းခေါင်မှာ ဒီခေါင်းမာတဲ့မိန်းမ အိမ်ကနေ ထွက်သွားမှာစိုးလို့ဖြစ်တယ်။

တစ်ခါက နင်နဲ့ငါရန်ဖြစ်တော့ အိမ်တံခါးကိုဆောင့်ပိတ်ပြီး နင်ထွက်သွားခဲ့တယ်။ ငါအမီလိုက်ပြီးရှာခဲ့ပေမယ့်နင့်ကိုမတွေ့ခဲ့ဘူး။ တိတ်ဆိတ်သွားတဲ့အိမ်ထဲမှာ ငါ့တစ်ယောက်တည်း အသံကုန်အော်ငိုမိတယ်။ အဲဒီမှာ တခြားအခန်းထဲကနေ နင်အမြန်ထွက်လာပြီး ငါ့ကိုပွေ့ဖက်တယ်။ အဲဒီနောက် ငါတို့ရန်ဖြစ်တိုင်း နင့်ကို ငါရှာတွေ့နိုင်မယ့်နေရာမှာပဲ နင်ပုန်းတော့တယ်။

တစ်ခါက နင်နဲ့ငါရန်ဖြစ်တော့ တစ်ပတ်လောက် ငါတို့စကားမပြောခဲ့ကြဘူး။ အဲဒီနေ့က အိမ်ပြန်ရောက်တော့ အခန်းတံခါးကို ငါဘယ်လိုဖွင့်ဖွင့် ဖွင့်မရခဲ့လို့ နင့်ဆီဖုန်းမဆက်ချင်ဘဲ ဆက်လိုက်ရတယ်။ ငါ့ဖုန်းရတော့ နင်အိမ်အမြန်ပြန်ခဲ့တယ်။ နောက်မှသိရတာက တံခါးဖွင့်မရအောင် နင်လုပ်ခဲ့တယ်တဲ့။ အဲဒီတုန်းက ငါစိတ်လည်းတိုသလို ခံလည်းခံစားခဲ့ရတယ်။

တစ်ခါက နင်နဲ့ငါရန်ဖြစ်တော့ အမေ့အိမ်ပြန်မလို့ ငါအဝတ်အစားတွေသိမ်းတယ်။ အဲဒီမှာနင်က ငါ့ကို တင်းတင်းလေးဖက်ပြီး ဆို့ဆို့နင့်နင့်နဲ့ "နင်ဒီအတိုင်း ဆင်းမသွားပါနဲ့။ ငါက နင်ရဲ့ အရေးအကြီးဆုံးပစ္စည်းပါ။ ငါ့ကိုလည်း နင်နဲ့ တပါးတည်းယူသွားပါ" လို့ဆိုတယ်။ နောက်ဆုံးတော့ ငါတို့ အပျော်ခရီးထွက်ဖြစ်ခဲ့ကြတယ်။

တစ်ခါက နင်နဲ့ငါရန်ဖြစ်တော့ ငါစိတ်တိုပြီး နင်နဲ့အတူ တွဲရိုက်ထားတဲ့ဓာတ်ပုံကို ဆွဲဖြဲပစ်လိုက်တယ်။ အဲဒီဓာတ်ပုံကို တစ်ညလုံး နင်ပြန်ကပ်နေခဲ့တယ်။

တစ်ခါက နင်နဲ့ငါရန်ဖြစ်တော့ နင်နဲ့ကွာရှင်းဖို့ ကွာရှင်းစာချုပ်ကို ငါလိုက်ရှာခဲ့တယ်။ နောက်မှသိရတာက အဲဒီကွာရှင်းစာချုပ်ကို ငါရှာမတွေ့အောင် နင်ဖွက်ထားခဲ့တယ်။

ငါဟာ နင်နဲ့ရန်ဖြစ်ဖို့ ဘုရားသခင်စေလွှတ်လိုက်တဲ့လူလို့ နင်ပြောတယ်။ နင်နဲ့ရန်ဖြစ်ရတာ ဘယ်လောက်ထိ နားလည်မှုရှိလိုက်သလဲ၊ ဘယ်လိုအချိန်မျိုးမှာ အော်ငေါက်ရမယ်ဆိုတာကို သိတယ်၊ ဘယ်လိုအချိန်မျိုးမှာ မျက်ရည်ကျရမယ်ဆိုတာကို သိတယ်၊ ဘယ်လိုအချိန်မျိုးမှာ ပစ္စည်းပစ်ပေါက်ရမယ်ဆိုတာကို သိတယ်၊ ဘယ်လိုအချိန်မျိုးမှာ ပြန်ခေါ်ရမယ်ဆိုတာကို သိတယ်.....

ဟုတ်ပါတယ်.. ငါတို့ရဲ့အိမ်ထောင်ရေးဟာ ရန်ဖြစ်တဲ့အိမ်ထောင်ရေးပါ....

အခုလည်း ငါတို့မကြာခဏ ရန်ဖြစ်ကြတာပါပဲ။ ဒါပေမဲ့ အိမ်တံခါးကို နင့်ကိုယ်လုံးနဲ့ ပိတ်မထားတော့ဘူး။ ကွာရှင်းစာချုပ်ကို နင်ဖွက်မထားတော့ဘူး။ နင့်ကိုငါ ခွဲမသွားဘူးဆိုတာကို နင်သိထားလို့ဖြစ်တယ်။ ဟုတ်ပါတယ်.. နင်ကိုခွဲသွားရင် ငါငိုလိမ့်မယ်။

ရန်မဖြစ်တဲ့အိမ်ထောင်ရေး၊ မျက်ရည်မကျတဲ့အိမ်ထောင်ရေး၊ နင်နဲ့ပြန်မခေါ်တဲ့ အိမ်ထောင်ရေး၊ မပြုံးမရယ်တဲ့ အိမ်ထောင်ရေးမျိုး ငါမလိုချင်ဘူး။ ရန်ဖြစ်တဲ့၊ မျက်ရည်ကျတဲ့၊ ပြုံးရယ်တဲ့အိမ်ထောင်ရေးမျိုးမှာ နင်နဲ့အတူ ငါတဖြည်းဖြည်း အိုမင်းသွားချင်တယ်။ ငါ အကြိမ်ကြိမ်ပစ်ပေါက်ခဲ့လည်းမပျက်မစီးဘဲကျန်နေတဲ့ ငါတို့ရဲ့အိမ်ထောင်ဦးထမင်းအိုးက ငါတို့ရဲ့အိမ်ထောင်ရေးလို ကြံ့ခိုင်၊ ကျန်းမာပြီး ငါတို့အတွက် ထမင်းတွေချက်ပေးနေတုန်းပဲ။

နင့်ကိုငါချစ်လား မချစ်ဘူးလားဆိုတာကို ငါမသိဘူး။ ငါသိတာကတော့ နင့်ကိုခွဲသွားရင် ငါငိုမိလိမ့်မယ်။ ငါဟာ နင်နဲ့ရန်ဖြစ်ဖို့ ဘုရားသခင်လွှတ်လိုက်တဲ့လူဖြစ်တယ်။

မူရင်း-- http://www.duwenzhang.com/wenzhang/aiqingwenzhang/20110330/176884.html

နိုင်းနိုင်းစနေ (Wednesday, May 18, 2011)

နာကျင်မှုရဲ့အနက်အဓိပ္ပာယ်


ပုံပြင်တစ်ပုဒ်မှာ ငါးတစ်ကောင်ဟာ ခုန်တဲ့အချိန်မှာ မတော်တဆ ကမ်းပေါ်ကိုခုန်တက်မိတယ်။ ငါးဟာ ရေထဲပြန်ရောက်ဖို့ ဘယ်လိုပဲကြိုးစားကြိုးစား မရခဲ့ဘူး။ ဒီလိုနဲ့နောက်ဆုံးမှာ အင်အားတွေကုန်ခမ်းပြီး ကြိုးစားခုန်ဖို့ ငါးလက်လွှတ်လိုက်တယ်။ ကမ်းပေါ်မှာပဲသေဆုံးသွားဖို့ သူစောင့်နေခဲ့တယ်။

အဲဒီအချိန်မှာ ငါးနံဘေးနား ပုရွက်ဆိတ်တစ်အုံရောက်လာပြီး ငါးသေနိုင်တယ်၊ သေကိုသေရမယ်လို့ ဝိုင်းဝေဖန်ကြတော့တယ်။ အဲဒီမှာ ပုရွက်ဆိတ်လေးတစ်ကောင်က "ငါးသေမယ်လို့ မပြောနိုင်သေးဘူး... သူ့ကို ရေထဲရောက်အောင် ငါတို့လုပ်နိုင်တယ်" လို့ဆိုတယ်။

ပုရွက်ဆိတ်လေးရဲ့ စကားကိုကြားတော့ ကျန်ပုရွက်ဆိတ်တွေက တအံ့တသြနဲ့ "ငါးကိုရေထဲ ဘယ်လိုပြန်ပို့မလဲ?"ဆိုတော့ပုရွက်ဆိတ်လေးက "ငါးကို ကျွန်တော်တို့ ဝိုင်းဆွဲဖို့မဟုတ်ဘူး။ ငါးကို ကျွန်တော်တို့ ဝိုင်းကိုက်ကြဖို့ပါ" လို့ ပြန်ပြောတယ်။

ပုရွက်ဆိတ်လေးပြောတာကို အားလုံးကအဓိပ္ပာယ်ရှိတယ်ဆိုပြီး ငါးပေါ်ကိုဝိုင်းတက် ကိုက်ကြတော့တယ်။ ပုရွက်ဆိတ်တွေ အားကုန်ကိုက်တော့ ငါးဟာ နာကျင်မှုဒဏ်ကို မခံမရပ်နိုင်ဖြစ်ပြီး ထထခုန်ပါတော့တယ်။ ခုန်ရင်းခုန်ရင်း ငါးဟာ ရေထဲကို ရောက်သွားတော့တယ်။

ခန္ဓာကိုယ်ပေါ်က နာကျင်မှုပဲဖြစ်ဖြစ်၊ စိတ်ထဲက နာကျင်မှုပဲဖြစ်ဖြစ် နာကျင်မှုတွေက သူ့အဓိပ္ပာယ်နဲ့သူ ရှိနေပါတယ်။ ခန္ဓာရဲ့နာကျင်မှုက ကျွန်တော်တို့ရဲ့ခန္ဓာကိုယ် ထိခိုက်နေပြီဆိုတဲ့အကြောင်း၊ ကျွန်တော်တို့ သတိပြုဖို့လိုအပ်ပြီဆိုတဲ့အကြောင်း သတိပေးတာဖြစ်တယ်။ စိတ်ရဲ့နာကျင်မှုကိုတော့ ဘယ်လိုအဓိပ္ပာယ်ကောက်ယူဖို့ ကျွန်တော်တို့သိနားလည်ရင် ကျွန်တော်တို့အတွက် ကြီးပြင်းရင့်ကျက်ဖို့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။

ခန္ဓာကိုယ်ရဲ့ နာကျင်မှု
××××××××××××

ခန္ဓာကိုယ်ထဲက အင်္ဂါအဖွဲ့အစည်းတစ်ခုစီတိုင်းဟာ ကျွန်တော်တို့ ခန္ဓာကိုယ်အသက်တစ်ခုလုံးရဲ့ ကျန်းမာရေးအတွက် တာဝန်ကိုယ်စီရှိတယ်ဆိုတာကို ကျွန်တော်တို့သိထားပါတယ်။ ခန္ဓာကိုယ်ပေါ်က နာကျင်မှုဆိုတာကလည်း အင်္ဂါအဖွဲ့အစည်းတစ်ခုခုရဲ့ သတိပေးအချက်ပြဖြစ်တယ်။ ဒီလိုအချက်ပြက ခန္ဓာကိုယ်ကို ကျွန်တော်တို့ ဂရုစိုက်ဖို့လိုအပ်ပြီဖြစ်ကြောင်း၊ ကျန်းမာရေးအခြေအနေနဲ့ ကင်းကွာနေပြီဖြစ်ကြောင်း ဖော်ပြတာဖြစ်တယ်။

နေ့စဉ်ဘဝမှာ ကျွန်တော်တို့ဟာ နာကျင်မှုကို ကောင်းကောင်းဖယ်ထုတ်တတ်ကြတယ်။ နာကျင်လာပြီဆိုတာနဲ့ အနာပျောက်ဆေးတွေ စားတတ်ကြတယ်။ နာကျင်မှုကိုပျောက်အောင် လုပ်နိုင်တာကောင်းပါတယ်။ ခန္ဓာကိုယ်ထဲမှာ နာကျင်မှုရှိတာဟာလည်း အရေးပါတဲ့အချက်တစ်ခုဆိုတာ ကျွန်တော်တို့ မမေ့သင့်ဘူး။ ခန္ဓာကိုယ်ကို ဂရုစိုက်သင့်ပြီဖြစ်ကြောင်း ကျွန်တော်တို့ကို အသိပေးတဲ့အချက်ပြဖြစ်လို့ပါပဲ။

ဥပမာအားဖြင့် ပြောရရင် နှလုံးရောဂါမဖြစ်ခင် ရင်ဘတ်စူးအောင့်တာမျိုး... ဒီလို စူးအောင့်တာက ကျွန်တော်တို့မှာ ဘာရောဂါဖြစ်နိုင်ပြီဖြစ်ကြောင်း အသိပေးတာပဲဖြစ်တယ်။ အချိန်မီကုသဖို့၊ ဆေးဝါးမှီဝဲဖို့ အချက်ပြတာဖြစ်တယ်။ တကယ်လို့ ဒီလိုနာကျင်မှုအချက်ပြတာမရှိရင် ရောဂါဖြစ်နေမှန်း ကျွန်တော်တို့မသိနိုင်တော့ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေတတ်ပါတယ်။

ဒါကြောင့် အင်္ဂါအဖွဲ့အစည်းတစ်ခုခုရဲ့နာကျင်မှုက ခန္ဓာကိုယ်ကို ပိုဂရုစိုက်သင့်ပြီ၊ ကျန်းမာရေးကို အလေးထားသင့်ပြီဆိုတဲ့ အကျိုးအမြတ်ကိုရတယ်။ ဒီလိုအင်္ဂါအစိတ်အပိုင်းရဲ့ နာကျင်မှုအချက်ပြကို တကိုယ်ကောင်းဆန်တယ်လို့ ပြောလို့ရသလို တကိုယ်ကောင်းမဆန်ဘူးလို့လည်း ပြောလို့ရပါတယ်။ တကိုယ်ကောင်းဆန်တယ်ဆိုတာက ဒီအင်္ဂါအစိတ်အပိုင်းတွေဟာ သူတို့ရဲ့ကျန်းမာရေးအတွက်၊ အနာတရမဖြစ်ဖို့အတွက် အချက်ပြတာဖြစ်တယ်။ တကိုယ်ကောင်းမဆန်ဘူးဆိုတာက သူတို့ဟာ သူတို့ရဲ့တန်ဖိုးနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို တာဝန်ထမ်းဆောင်နေတာ၊ ပေးဆပ်နေတာဖြစ်တယ်။

ဒီအင်္ဂါအစိတ်အပိုင်းတွေက သူတို့တာဝန်ကို သူတို့ထမ်းဆောင်နေတယ်။ အချက်ပြတာဟာလည်း သူတို့ရဲ့တာဝန်အရဖြစ်တယ်။ ဒီလိုအချက်ပြကို မှန်ကန်တဲ့တုန့်ပြန်မှုနဲ့ ခန္ဓာကိုယ်ကို အလေးထားသင့်ပြီဖြစ်ကြောင်း အသိပေးတာဖြစ်တယ်။

စိတ်ရဲ့နာကျင်မှု
××××××××

အခက်အခဲ၊ ဆင်းရဲဒုက္ခ ဒါမှမဟုတ် အသဲကွဲတာနဲ့ ရင်ဆိုင်ကြုံတွေ့တဲ့အခါ ကျွန်တော်တို့ရဲ့စိတ်မှာ နာကျင်တဲ့ဝေဒနာကို ခံစားရတယ်။ ဒီလိုနာကျင်မှုက သင်ခန်းစာတစ်မျိုး၊ ဒီလိုနာကျင်မှုကို ကျွန်တော်တို့ ဘယ်လို သဘောထားမယ်ဆိုတဲ့အပေါ်မူတည်ပြီး ကိုယ့်ကိုယ်ကိုအောင်နိုင်ဖို့ ကျွန်တော်တို့ကို အခွင့်အရေးပေးပါလိမ့်မယ်။ နာကျင်မှု အမျိုးမျိုးရှိတယ်။ ဥပမာ......

နစ်နာတဲ့နာကျင်မှု----- ကိုယ်အလေးထားသူ ဒါမှမဟုတ် ကိုယ်အရမ်းချစ်တဲ့သူ အထင်လွှဲတဲ့အခါ

ထိခိုက်တဲ့နာကျင်မှု----- ကိုယ်အလေးထားသူ ဒါမှမဟုတ် ကိုယ်အရမ်းချစ်တဲ့သူ စွန့်ပစ်သွားတဲ့အခါ

လိမ်ညာခံရတဲ့နာကျင်မှု----- ကိုယ်အလေးထားသူ ဒါမှမဟုတ် ကိုယ်အရမ်းချစ်တဲ့သူ လိမ်ညာသွားတဲ့အခါ

သစ္စာဖောက်ခံရတဲ့နာကျင်မှု --- ကိုယ်အလေးထားသူ ဒါမှမဟုတ် ကိုယ်အရမ်းချစ်တဲ့သူ သစ္စာဖောက်သွားတဲ့အခါ

ဒီလိုနာကျင်မှုတွေက တစ်ခါတလေမှာ စကားလုံးနဲ့ဖော်ပြလို့မရသလို ထုတ်ဖော်ပြသလိုလဲ မရနိုင်ဘူး။ နာကျင်တဲ့အခါ ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်တယ်၊ ကြေကွဲတယ်၊ ထိခိုက်တယ်၊ အော်ဟစ်ဆဲဆို ပေါက်ကွဲချင်စိတ်ဖြစ်တယ်။ စိတ်တိုနာကျင်လွန်းလို့ ခန္ဓာကိုယ်တောင် တုန်လှုပ်နိုင်တယ်။ သွေးတိုးနိုင်တယ်။

ဒါပေမဲ့ ဒီလိုနာကျင်မှုကလည်း သူ့အဓိပ္ပာယ်နဲ့ သူရှိနေခဲ့တယ်။ အဲဒီအဓိပ္ပာယ်ကို ကျွန်တော်တို့ ဖတ်သိနားလည်နိုင်ရင်၊ အပြုသဘောနဲ့ ရင်ဆိုင်ဖြေရှင်းဖို့သင်ယူတတ်ခဲ့ရင် အချစ်ရဲ့ တကယ့်အနက်အဓိပ္ပာယ်ကိုသိဖို့ ဒီနာကျင်မှုတွေက ကျွန်တော်တို့ကို သိနားလည်စေပါလိမ့်မယ်။ အချစ်မှာ တကယ်နာကျင်ခဲ့ဖူးသူကမှ အချစ်ရဲ့တန်ဖိုး၊ အချစ်ကို ပိုတန်ဖိုးထား နားလည်မှာဖြစ်တယ်။

တစ်ခါဆုံးရှုံးရင် တစ်ခါကြီးပြင်းသတဲ့။ တကယ်လို့ သင့်ကိုယ်သင် ပိုရင့်ကျက်ချင်ရင် တစ်ခါလောက်တော့ အသဲကွဲကြည့်ပါ။ ရင့်ကျက်တဲ့လမ်းဆီ သင်ရောက်သွားပါလိမ့်မယ်။ ဘဝထဲက အခက်အခဲ၊ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ကြုံတွေ့ပြီးမှ လူဟာ ပိုကြံ့ကြံ့ခံ သန်မာလာတာဖြစ်တယ်။ သေဆုံးတာကို တွေ့ကြုံဖူးသူတစ်ယောက်က လက်လွှတ်ဖို့ကို ပိုသိနားလည်လာတာဖြစ်တယ်။

ဒါကြောင့် ခန္ဓာကိုယ်ပေါ်က နာကျင်မှုပဲဖြစ်ဖြစ်၊ စိတ်ထဲက နာကျင်မှုပဲဖြစ်ဖြစ် သူ့အဓိပ္ပာယ်နဲ့သူရှိပါတယ်။ ဒီနာကျင်မှုတွေကို လက်ခံနိုင်တဲ့စိတ်နဲ့ သေသေချာချာသိနားလည်နိုင်မှ ကျွန်တော်တို့ကို အပြုဆောင်တဲ့အရာတွေ ပိုပေးလာနိုင်မှာဖြစ်တယ်။ နာကျင်မှုထဲကနေ ကြီးပြင်းရင့်ကျက်ဖို့ ပိုသင်ယူနိုင်မှာဖြစ်ပါတယ်။


မူရင်း-- http://www.rs66.com/a/1/87/tengtongdeyiyi_78731_3.html

နိုင်းနိုင်းစနေ (Friday, December 09, 2011)

Friday, September 27, 2013

ကမ္ဘာ့ထိပ်တန်း လစာအမြင့်ဆုံးရသော အောင်လက်မှတ် ၁၅ မျိုး


PMP (Project Management Professional)
အနိမ့်ဆုံးလစာ ဒေါ်လာ တစ်သိန်းမှာစ၍ရရှိသော အောင်လက်မှတ်မျိုးဖြစ်သည်။

CAMP (Certified Associate in Project Management)
အနိမ့်ဆုံးလစာ ဒေါ်လာ ၁၀၁၁၀၃ ရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်။

ITIL (IT Infrastructure Library)
အနိမ့်ဆုံးလစာ ဒေါ်လာ ၉၅၄၁၅ ဒေါ်လာရရှိုနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်။

CISSP (Certified Information System Security Professional)
အနိမ့်ဆုံးလစာ ဒေါ်လာ ၉၄၀၁၈ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်။

CCIE ( Certified Cisco Routing and Switching)
အနိမ့်ဆုံးလစာ ၈၈၈၂၄ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်။

CCVP (Certified Cisco Voice Professional)
အနိမ့်ဆုံးလစာ ၈၈၈၂၄ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်။

ITIL Master (IT Infrastructure Library Master)
အနိမ့်ဆုံးလစာ ၈၆၆၀၀ ဒေါ်လာရရှိနိုင်သော အောင်ရရှိနိုင်သောမျိုးဖြစ်သည်။

MCSD (Microsoft Certified Solution Developer)
အနိမ့်ဆုံးလစာ ၈၄၅၂၂ ဒေါ်လာရရှိုနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်။

CCNP (Cisco Certified Network Professional)
အနိမ့်ဆုံးလစာ ၈၄၁၆၁ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်။

RHCE (Red Hat Certified Engineer)
အနိမ့်ဆုံးလစာ ၈၃၆၉၂ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်။

MCITP (Microsoft Certified IT Professional)
အနိမ့်ဆုံးလစာ ၈၂၉၄၁ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်။

CCSP (Cisco Certified Security Professional)
အနိမ့်ဆုံးလစာ ၈၀၀၀၀ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်။


MCAD (Microsoft Certified Application Developer)
အနိမ့်ဆုံးလစာ ၇၉၄၄၄ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်။

MCITP (Database)
အနိမ့်ဆုံးလစာ ၇၇၀၀၀ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်။

MCDBA (Microsoft Certified Database Administrator)
အနိမ့်ဆုံးလစာ ၇၆၉၆၀ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်။

CNet အယ်ဒီတာအဖွဲ့၏ ရွေးချယ်မှုဖြစ်သည်။
လစာမှာ တစ်နှစ်ပျမ်းမျှ လစာဖြစ်သည်။


Original up-loader ( < --- Credit )

Shared from ရေးမိရေးရာလေးများ (FB)

အောင်မြင်သူ နှင့် မအောင်မြင်သူ


တချို့လူများ အောင်မြင်ကြသည်။ အများစုက မအောင်မြင်ကြ။

အဘယ်ကြောင့်နည်း-----
အောင်မြင်သူ သည် မိမိ ဘာကိုအလိုရှိကြောင်း ကောင်းစွာသိသည်။ အလိုရှိရာကို ရယူရန် နည်းလမ်း အကြံအစည်လည်း ရှိသည်။ မိမိ၌ ရယူ နိုင်စွမ်းရှိသည် ဟုလည်း ယုံကြည်သည်။ ပြီး မိမိ နေ့စဉ်ဘ၀၏
အချိန်ကာလအများစုကို မိမိလိုရာ ရရှိရေးကိစ္စထံတွင် နှစ်မြုပ်သုံးစွဲသည်။

မအောင်မြင်သူ ၌ ဘ၀ရည်မှန်းချက် တိတိကျကျမရှိ။ အောင်မြင်မှု မအောင်မြင်မှု ဟူသည် ကံအကြောင်း တရားသာ ဖြစ်သည်ဟု သူ ယုံကြည်သည်။ ထို့ကြောင့် မလွှဲမရှောင်သာသည့်အခါ မျိုးမှတစ်ပါး ကိုယ်စွမ်းကိုယ်စ ထုတ်လေ့မရှိ။

အောင်မြင်သူ သည် စည်းရုံးရေးသမားကောင်းဖြစ်သည်။ မိမိ ပစ္စည်း မိမိအလုပ်ကို အစွံထုတ်ရောင်းချတတ်သူဖြစ်သည်။ မိမိလုပ်ငန်းအစီအစဉ်တွင် သူတစ်ပါးတို့ အားတက်သရော ၀ိုင်းဝန်းပါဝင်လာအောင် စည်းရုံးသိမ်းသွင်းတတ်သူဖြစ်သည်။

မအောင်မြင်သူ ကား အပြစ်ရှာသမားဖြစ်သည်။ တစ်ဖက်သား စေတနာပျက်အောင် လုပ်သူမျိုးဖြစ်သည်။ မိမိနှင့်ဆက်ဆံရသူ မှန်သမျှထံ အဆိုးမြင်စိတ်တွေ ကူးစက်ပျံ့နှံ့အောင် သူ အားထုတ်နေတတ်သည်။

အောင်မြင်သူ သည် စဉ်းစားပြီးမှ စကားပြောသူဖြစ်သည်။ သူ့စကားလုံးတွေကို အလွန်ချင့်ချိန်သည်။ တစ်ဖက်လူများနှင့် ပတ်သက်၍ နှစ်သက်စရာ ချီးကျူးစရာများကို အထူးဂရုပြုဖော်ထုတ်သည်။ မိမိ မနှစ်သက်သည်ကို တတ်နိုင်သမျှ သိမ်းဆည်း သိုသိပ်သည်။ ဝေဖန်ပြစ်တင်စကား မဆိုမိအောင် သတိထားသည်။

မအောင်မြင်သူ ကား ၎င်းနှင့် ဆန့်ကျင်ဘက်။ မစဉ်းစား စကားတွေပြောမည်။ သူ့စကားကြောင့် တစ်ဖက်လူ စိတ်ထိခိုက်ရမည်။ မိမိကို မုန်းတီးစေမည်။ အဲသည်က ဆင့်ပွားလာသည့် ဆိုးကျိုးတွေကို မိမိပင် တစ်
နေ့ခံစားရမည်။

အောင်မြင်သူ သည် အကြောင်းကိစ္စရပ်များနှင့် ပတ်သက်၍ ပြည့်စုံလုံလောက်စွာ သိရှိပြီးသည့်အခါမှသာ ယင်းတို့နှင့် စပ်လျဉ်းသည့် မိမိအမြင်ကို သူတစ်ပါးရှေ့၌ ကျိုးကြောင်းသင့်မြတ်စွာ တင်ပြပြောဆိုသည်။

မအောင်မြင်သူ ကား သေချာစွာ စူးစမ်းလေ့လာမှု မပြုဘဲ ဝေဖန်မည်။ မှတ်ချက်ချမည်။ မိမိ လုံးဝနားမလည်သည့် ကိစ္စကိုလည်း ၀င်ရောက်စွက်ဖက်ပြောဆိုမည်။

အောင်မြင်သူ သည် အချိန်ကိုလည်းကောင်း၊ ငွေကိုလည်းကောင်း စနစ်တကျ စီမံခန့်ခွဲသုံးစွဲသည်။

မအောင်မြင်သူ ကား အချိန်ကိုတန်ဖိုးမထား။ ငွေကိုလည်း မလေးစား။ ပစ်စလက်ခတ် ပရမ်းပတာ ဖြုန်း
တီးပစ်တတ်သည်။

Original up-loader ( < --- Credit )
Shared from ရေးမိရေးရာလေးများ (FB)

အရှုံးကိုဝန်ခံတဲ့ အရည်အချင်း



အနောက်နိုင်ငံသားတွေ အမြဲပြောတယ်။

"ဒီမိုကရေစီအရည်အချင်းဆိုတာ ကျောင်းဘောလုံးပြိုင်ပွဲကနေလေ့ကျင့်ပေးလိုက်တာ"တဲ့။ ဒီလိုလေ့ကျင့်ပေးလိုက်တဲ့ ဒီမိုကရေစီအရည်အချင်းရဲ့ နံပါတ်တစ်အချက်က အရှုံးကိုဝန်ခံတဲ့အရည်အချင်းဖြစ်တယ်။ --- ရှုံးရဲတယ်၊ လှလှပပရှုံးဝံ့တယ်။

အမေရိကန်ရွေးကောက်ပွဲနှစ်တွေမှာ နိုင်ငံရေးသမားတို့ရဲ့ လူထုဟောပြောပွဲတွေကို ကြည့်ဖန်များရင် သူတို့ရဲ့စည်းကမ်းဥပဒေကို ဖော်ထုတ်တတ်လာတယ်။ ကိုယ့်ပါတီ၊ ကိုယ့်ပါတီဝင်ရဲ့ မူဝါဒသဘောထားတွေက ပြည်သူ့အပေါ်အကျိုးရှိစေမယ်ဆိုတာမျိုးကို ဆိုလိုတာမဟုတ်ဘူး.. တစ်ဘက်ပါတီရဲ့မူဝါဒက တိုင်းပြည်ကိုနစ်နာ၊ ပြည်သူကိုနစ်နာစေတယ်ဆိုတာတွေ ဖြစ်တယ်။ ဒါတွေက ကြားဖန်များရင် စိတ်ကုန်ဖို့ကောင်းလာတယ်။ ဒါပေမယ့် ဟောပြောပွဲတစ်ခုကိုတော့ အခွင့်ရရင်ရသလို ကျွန်တော်နားထောင်ဖြစ်၊ ကြည့်ဖြစ်တယ်။ အဲဒီဟောပြောပွဲက ရွေးကောက်ပွဲပြီးတဲ့နောက်တစ်ရက်မှာ ရွေးကောက်ပွဲရှုံးနိမ့်သွားသူရဲ့ အရှုံးကိုဝန်ခံတဲ့ဟောပြောပွဲဖြစ်တယ်။

ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ... ရှေ့တစ်ရက်ကပဲ ဒီသမ္မတအဖြစ်အရွေးခံမယ့်လူဟာ လူစုလူဝေးရှေ့မှာ စကားတွေ လေးလေးနက်နက် ပြတ်ပြတ်သားသားပြောလို့။ တစ်ဘက်လူထက် ကိုယ်ဘယ်လောက် တော်ကြောင်း၊ တတ်ကြောင်းတွေ။ အခုတော့ ပြည်သူပေးတဲ့မဲအရေအတွက်နဲ့ အဆုံးအဖြတ်ပေးတော့ စည်းမျဉ်းအတိုင်း ဒီရွေးကောက်ပွဲရှုံးသူဟာ ပြည်သူလူထုရှေ့မှာပဲ ရှုံးကြောင်းဝန်ခံရတယ်။ ဒီမျက်နှာ ဘယ်နားထားမလဲ၊ ဒီအရှုံးဝန်ခံတဲ့ဟောပြောပွဲကို ဘယ်လိုပြောရမလဲ။

အရှုံးကိုဝန်ခံတဲ့ဟောပြောပွဲက ဗီဒီယိုကင်မရာရှေ့မှာပြောရတယ်။ များသောအားဖြင့် စစချင်းတစ်ခွန်းမှာပြောတာက "ကျွန်တော်ခုနားကပဲ အရွေးခံရသူဆီ ဖုန်းဆက်ပြီး သူသမ္မတရွေးခံရတာကို ဝမ်းမြောက်ကြောင်း ဂါဝရပြုလိုက်ပါပြီ"။ စည်းမျဉ်းစည်းကမ်းအတိုင်း ရွေးကောက်ပွဲရှုံးသူက သူ့ကိုအားပေးထောက်ခံတဲ့ ပြည်သူလူထုတွေထံ "အခု... ကျွန်တော်တို့ရဲ့ပြိုင်ဘက်ပါတီက သမ္မတအဖြစ် ရွေးချယ်ခံလိုက်ရပါပြီ။ သူဟာ အမေရိကန်နိုင်ငံသားတို့ရဲ့ သမ္မတပါ၊ ကျွန်တော့်ရဲ့သမ္မတ၊ ခင်ဗျားတို့ရဲ့သမ္မတပါ"လို့ အယူခံဝင်ပါတယ်။

အရှုံးဝန်ခံဟောပြောပွဲက စည်းလုံးမှုရဲ့ဟောပြောပွဲဖြစ်တယ်။ ရှုံးနိမ့်သူရဲ့ တစ်နှစ်နီးပါးကာလအတွင်း လှုပ်ရှားလှုံ့ဆော်ခဲ့တဲ့ နောက်ဆုံးအကြိမ် ဟောပြောပွဲဖြစ်တယ်။ ပြိုင်ပွဲက အနိုင်အရှုံးရလဒ်ကို သိနေပြီ... ရှုံးတဲ့သူက ဒီနောက်ဆုံးအရှုံးဝန်ခံပွဲကို ကောင်းကောင်းသရုပ်ဆောင်ရပါတယ်။ အရှုံးကိုဝန်ခံတဲ့အရည်အချင်းဟာ နိုင်ငံရေးသမားအတွက် အရေးပါတဲ့အရာမို့ပါ။

ဒီမိုကရေစီနိုင်ငံရေးကို "မျှတတဲ့ကစားပွဲ"လို့ အမြဲတင်စားပါတယ်။ အိုလံပစ်အားကစားပြိုင်ပွဲအတိုင်း တန်းတူတဲ့စည်းမျဉ်းစည်းကမ်းအောက်မှာ ပြိုင်ပွဲဝင်ကြပါတယ်။ အနောက်နိုင်ငံသားတွေက "ဒီမိုကရေစီအရည်အချင်းဆိုတာ ကျောင်းဘောလုံးပြိုင်ပွဲကနေလေ့ကျင့်ပေးလိုက်တာ"လို့ အမြဲပြောတယ်။ ဒီလိုလေ့ကျင့်ပေးလိုက်တဲ့ ဒီမိုကရေစီအရည်အချင်းရဲ့ နံပါတ်တစ်အချက်က အရှုံးကိုဝန်ခံတဲ့အရည်အချင်းဖြစ်တယ်။ --- ရှုံးရဲတယ်၊ လှလှပပရှုံးဝံ့တယ်။

ဒါကြောင့် ရွေးကောက်ပွဲရှုံးသူရဲ့ အရှုံးဝန်ခံဟောပြောပွဲက အရေးပါပါတယ်။ စကားကို လှလှပပပြောသလား မပြောဘူးလား... ဒါဟာ စိတ်ပန်းလူပန်း သူအစွမ်းကုန်ကြိုးစားခဲ့တဲ့ ရွေးကောက်ပွဲမှာ သူ့အတွက် အကောင်းဆုံး အဆုံးသတ်ပုဒ်မတစ်ခုအဖြစ် သက်ရောက်သွားမှာဖြစ်တယ်။ ရွေးကောက်ပွဲမှာပါဝင်တဲ့ ပြည်သူလူထုအနေနဲ့က ဒီပွဲဟာ အရွေးမခံရသူမှာ ကျဉ်းမြောင်းတဲ့စိတ်၊ သဘောထားသေးသိမ်တဲ့စိတ်ရှိ မရှိ စမ်းသပ်တာပဲဖြစ်တယ်။ အရွေးမခံရသူမှာ ဒီမိုကရေစီနိုင်ငံရေးသမားတို့ ရှိအပ်တဲ့အရည်အချင်းရှိ မရှိ ဆန်းစစ်တာပဲဖြစ်တယ်။

အမေရိကန်သမ္မတအဖြစ် ဝင်ရောက်ရွေးချယ်မယ့်သူတွေဟာ ဒီသဘောထားကို နားလည်ထားကြတယ်။ ဒါကြောင့် ကံမကောင်းအကြောင်းမလှလို့ အရှုံးဝန်ခံတဲ့အရည်အချင်းကိုထုတ်ဖော်ပြသရတဲ့အခါ မျှော်လင့်ချက်မဲ့တဲ့အနေအထားကို ရောက်သွားသည့်တိုင် ရှိသမျှအင်အားနဲ့ စင်ပေါ်မှာ နောက်ဆုံးသရုပ်ကို အကောင်းဆုံးဆောင်သွားတတ်ပါတယ်။ ဒါဟာ ရွေးကောက်ပွဲပြီးတိုင်း အရှုံးဝန်ခံဟောပြောပွဲတွေ ကြားနားထိုက်တဲ့အကြောင်းရင်းပဲ ဖြစ်ပါတယ်။

မူရင်းရေးသားသူ -- Lín dá
မူရင်းလင့် -- http://qmch6946.blog.163.com/blog/static/10564958020130673328764/

နိုင်းနိုင်းစနေ(26, Sept, 2013)

အသင်္ချေ ဘယ်လောက်ကြာလဲ


အရှင်ဒေါက်တာနန္ဒမာလာဘိဝံသရဲ့ တရားတော်မှာတော့ အသင်္ချေ ဆိုတာ အတိအကျ ဘယ်လောက်ဆိုတာ မတိုင်းတာနိုင်လို့ အသင်္ချေလို့ဆိုခြင်းဖြစ်တယ်လို့ မိန့်ဆိုထားပါတယ်။

ဒါကို အချို့ ဆရာတော်များက အသင်္ချေ ဆိုတဲ့ အရေအတွက်ဟာ ၁ရဲ့ နောက်မှာ သုည အလုံးရေပေါင်း ၁၄၀ ရှိတယ်လို့ ဟောကြားခဲ့တယ်။
ဒါကလည်း အသင်္ချေ တစ်ခုနဲ့ တစ်ခုနဲ့ မတူပါဘူး ပျမ်းမျှ တွက်ထားတဲ့ သဘောလေးပါပဲ။ တချို့ အသင်္ချေက သုည အလုံးရေပေါင်း ၁၄၀ ထက် နည်းရင်နည်းမယ်၊
ဒီထက် များတာလည်းရှိတယ်။ ဒါကြောင့် အသင်္ချေ ဆိုတာ မရေမတွက်နိုင်လောက်အောင်များပြားတဲ့ အရေအတွက်လို့ မှတ်ယူလို့ရပါတယ်။
ဒါက ဘာကို မရေမတွက်နိုင်တာလဲဆိုတော့ ကမ္ဘာကြီး တစ်ခု ဖြစ်ပြီးပျက်သွားတဲ့ အကြိမ် အရေအတွက်ကို ပြောတာပါ။
ပဒုမုတ္တရ ဘုရားရှင် နှင့် ဂေါတမ ဘုရားရှင်ရဲ့ ကြားမှာတော့ ကမ္ဘာပေါင်း တစ်သိန်းလို့ ရေတွက်လို့ ရခဲ့လို့ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းဆိုသာဖြစ်လာတာ။

အသင်္ချေ ဘယ်လောက်ကြာလည်းဆိုတာ ထားလိုက်ပါဦး - တစ်ကမ္ဘာ ဘယ်လောက်ကြာလည်းဆိုတာကို စာပေလာ အရပြောရရင် တစ်ယူဇနာရှိသော ဂိုဒေါင်အတွင်းမှာ
မုန်ညင်းစေ့ကလေးများကို အပြည့်သွင်းပြီး အနှစ်တစ်ရာကြာမှ တစ်စေ့ တစ်စေ့ယူပြီး ပစ်ပါတဲ့။ အဲဒီ မုန်ညင်းစေ့သာ ကုန်သွားဖွယ်ရှိမယ်။ တစ်ကမ္ဘာဆိုတဲ့ အချိန်အခါက မကုန်တတ်သေးဘူးတဲ့။

ဒါက ကမ္ဘာတစ်ခု ရပ်တည်နေတဲ့ အချိန်ကိုပဲပြောသေးတယ်၊
ပျက်သွားတဲ့ကာလ ပျက်ပြီး ကမ္ဘာတစ်ခုအဖြစ် ပြန်ရပ်တည်ဖို့ အချိန်ကာလတွေ မပါသေးပါဘူး။
ဒီလို ဂေါတမ မြတ်စွာဘုရားပါရမီ ဖြည့်ကျင့်ခဲ့တဲ့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းအတွင်းမှာ သမ္မာသမ္ဗုဒ္ဓ ခေါ် သဗ္ဗညုမြတ်စွာဘုရား နှစ်ကျိပ်ခုနှစ် (၂၇) ဆူ သာပွင့် ထွန်းတော်မူခဲ့တယ်။
ဒါကြောင့် ဘုရားမပွင့်တဲ့ ကမ္ဘာပေါင်းလည်း မရေမတွက်နိုင်အောင်ပါပဲ။

လေးသင်္ချေ ကို ဘယ်လိုတွက်မလဲ

၁ ။ ဒီပင်္ကရာဘုရားရှင် နှင့် ကောဏ္ဍည ဘုရားရှင်နှစ်ဆူတို့၏ ကြားကာလ - တစ်သင်္ချေ ။
၂ ။ ကောဏ္ဍည ဘုရားရှင်နှင့် မင်္ဂလ ဘုရားရှင်နှစ်ဆူ တို့၏ ကြားကာလ - တစ်သင်္ချေ ။
၃ ။ သောဘိတ ဘုရားရှင်နှင့် အနောမဒဿီ ဘုရားရှင်နှစ်ဆူ တို့၏ ကြားကာလ တစ်သင်္ချေ ။
၎ ။ နာရဒ ဘုရားရှင် နှင့် ပဒုမုတ္တရ ဘုရားရှင် နှစ်ဆူတို့၏ ကြားကာလ - တစ်သင်္ချေ ။
၅ ။ ပဒုမုတ္တရ ဘုရားရှင်ပွင့်တော်မူပြီးနောက် ကမ္ဘာပေါင်း တစ်သိန်း ။

ဒီတော့ မေးနေကြ မေးခွန်းဖြစ်တဲ့ အသင်္ချေဘယ်လောက်ကြာလည်းဆိုတဲ့ အဖြေက ကမ္ဘာပေါင်း မရေမတွက်နိုင်အောင် ဖြစ်ပြီးပျက်သွားတဲ့ အကြိမ်အရေအတွက်ကို ဆိုလိုကြောင်း ပြောရင်းနှင့် အဆုံးတတ်လိုက်ပါတယ်။

( မေတ္တာဖြင့် D-eXistence 27 Sep 2013 )

Shared from World of Wisdom (FB)

"ကျောင်းသားဟောင်းများ မိတ်ဆုံစားပွဲ"


ကျောင်းပြီးပြီးငါးနှစ်အကြာ... မင်္ဂလာဆောင်ပြီးသူတွေက တစ်ဝိုင်း၊ မင်္ဂလာမဆောင်သေးသူတွေက တစ်ဝိုင်း
၁ဝနှစ်အကြာ... ကလေးရှိသူတွေက တစ်ဝိုင်း၊ ကလေးမရှိသူတွေက တစ်ဝိုင်း
၁၅နှစ်အကြာ... လက်ရှိအိမ်ထောင်နဲ့က တစ်ဝိုင်း၊ နောက်တစ်ယောက်ပြောင်းယူထားသူတွေက တစ်ဝိုင်း
၂ဝနှစ်အကြာ... အသောက်ကြမ်းသူတွေက တစ်ဝိုင်း၊ သိပ်မသောက်သူတွေက တစ်ဝိုင်း
၂၅နှစ်အကြာ... ပြည်တွင်းနေသူတွေက တစ်ဝိုင်း၊ ပြည်ပကပြန်လာသူတွေက တစ်ဝိုင်း
၃ဝနှစ်အကြာ... အသားစားသူတွေက တစ်ဝိုင်း၊ သက်သတ်လွတ်သမားတွေက တစ်ဝိုင်း
၃၅နှစ်အကြာ... ပင်စင်ယူပြီးသူတွေက တစ်ဝိုင်း၊ ပင်စင်မယူရသေးသူတွေက တစ်ဝိုင်း
၎ဝနှစ်အကြာ... သွား" ရှိသူတွေက တစ်ဝိုင်း၊ သွား" မရှိတော့သူတွေက တစ်ဝိုင်း
၄၅နှစ်အကြာ... ကိုယ်တိုင်လာနိုင်သူတွေက တစ်ဝိုင်း၊ တွဲပြီးခေါ်လာရသူတွေက တစ်ဝိုင်း
၅ဝနှစ်အကြာ... လာမယ်လို့ပြောပြီး လာတဲ့သူတွေက တစ်ဝိုင်း၊ လာမယ်လို့ပြောပြီး မလာနိုင်တဲ့သူတွေကြောင့် လွတ်နေတာက တစ်ဝိုင်း
၅၅နှစ်အကြာ... လာနိုင်သူတွေက တစ်ဝိုင်း၊ မလာနိုင်တော့တဲ့သူတွေရဲ့ ဓာတ်ပုံတွေက တစ်ဝိုင်း
၆ဝနှစ်အကြာ... စားပွဲတစ်ဝိုင်းပြည့်အောင် လူတွေ မစုံနိုင်တော့ပါ....

လူ့ဘဝက တိုတောင်းလွန်းတယ်၊ ဒီစာကိုကြိုက်နှစ်သက်ရင် သင့်ကျောင်းနေဖက် သူငယ်ချင်းကောင်းတွေကိုလည်းမျှဝေပေးလိုက်ပါ...
လူ့ဘဝမှာ ပျော်ပျော်နေဖို့၊ ကျန်းမာရေးကို ဂရုစိုက်ဖို့၊ အစားအသောက်တွေ ဆင်ခြင်ဖို့ သတိပေးလိုက်ပါ...
အသက်ရှင်နေချိန်မှာ အရာရာဟာလှပပါတယ် . . .


*** ထိုင်ဝမ်မှာ ကျောင်းအတူတက်ခဲ့ကြတဲ့ မြန်မာပြည်က ကျွန်မသူငယ်ချင်းတချို့က WeChatမှာ Group လုပ်ပြီး ပြောကြဆိုကြ ဆက်သွယ်ကြတယ်။ တစ်နေ့က အဲဒီGroup ထဲ သူငယ်ချင်းတစ်ယောက်ဖိတ်လို့ ကျွန်မရောက်သွားတယ်။ မတွေ့တာနှစ်တော်တော်ကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေ၊ အဆက်အသွယ်ပြတ်နေတဲ့ သူငယ်ချင်းတွေကို တွေ့တယ်။ အားလုံးက ကလေးတွဲလဲကြီးတွေနဲ့... သူတို့ပြောတာ နားထောင်လိုက်၊ ရယ်လိုက်၊ ဓာတ်ပုံကြည့်လိုက်ပေါ့။ ညီမငယ်တစ်ယောက်က ဒီမိတ်ဆုံစားပွဲ"စာကို မျှဝေလာတော့ စစချင်းမှာ ကျွန်မဖတ်ပြီး ရယ်မိသေးတယ်။ စစဖတ်တော့ ဟာသလိုလို ဘာလိုလိုကိုး၊ ဖတ်ရင်း ဖတ်ရင်း အောက်ဆုံးနားရောက်တော့ စိတ်ထဲတစ်မျိုးဖြစ်သွားတယ်... ဝမ်းနည်းသလိုလို ဘာလိုလိုနဲ့ ဘယ်လိုခံစားချက်မျိုးလဲ မပြောတတ်ဘူး။ ကျွန်မတို့သူငယ်ချင်း အချင်းချင်းဆုံဖြစ်ရင်လည်း ဒီစာထဲကအတိုင်း ဘယ်သူက ဘာဖြစ်နေပြီ.. ဘယ်သူက ဘာဖြစ်သွားပြီနဲ့ ပြောတတ်ကြတယ်။ တကယ်လည်း ဘဝဆိုတာ တိုတိုလေးရယ်.. နှစ် ၆ဝအကြာကို ကိုယ်လည်းခဏဏလေးနဲ့ ရောက်သွားမှာပဲ။ ဒါမှမဟုတ် ရောက်ချင်မှလည်းရောက်မှာ။ ဒါကြောင့် အသက်ရှင်နေတုန်းလေး..
ပျော်ပျော်နေပါ.. ကျန်းမာရေးကို ဂရုစိုက်ပါ.. အမုန်းရန်ငြိုးတွေ လျော့ပါ.. အသောက်အစား ဆင်ခြင်ပါလို့... <<< ကျောင်းနေဖက်၊ ကျောင်းမနေဖက် သူငယ်ချင်းတွေကို မှာချင်ပါတယ်...

Shared from Nine Nine Sanay (FB)

Thursday, September 26, 2013

အချိန်ဖြုန်းတဲ့အကျင့်

အချိန်ဖြုန်းနည်းတွေ အင်မတန် ပေါများနေတဲ့ခေတ်မှာ ဘဝအဓိပ္ပါယ်
မဲ့သွားဖို့ အင်မတန် လွယ်နေတယ်နော်။ အသက်ရှင်ရက်နဲ့ ဘဝသေ
သွားတဲ့သူတွေဟာ များလာဖို့ရာပဲ အလားအလာရှိနေပါတယ် ။အဲဒီလို
အဖြစ်ဖို့ဟာ အားလုံးဝိုင်းစဉ်းစားမှနော်။ ကိုယ့်ညီအစ်ကို မောင်နှမ ၊
ဆွေမျိုးသားချင်းတွေ ထဲမှာ အဲသလိုလူတွေ မဖြစ်လာဖို့ ၊ကိုယ့်သားသမီးတွေ မြေးမြစ်တွေထိအောင် အဲသလိုလူတွေ မဖြစ်လာဖို့ ဘယ်လိုလုပ်ရင်ကောင်းမလဲ။ ဘယ်လို ကြိုတင်ပြီးတော့ ကာကွယ်မလဲ ဆိုတာကို စဉ်းစားမှ။

နေ့စဉ် အသိဥာဏ်တိုးနေတဲ့ အရာတစ်ခုခုကို လုပ်ရမယ် ။စာအတူတူဖတ်မယ်။
စာအကြောင်း ဆွေးနွေးမယ်။နေ့စဉ် တန်ဖိုးရှိတဲ့ အလုပ်တစ်ခုခုကို လုပ်ရမယ်။
ဆက်ဆံရေးမှာ ရိုးရိုးသားသား ချစ်ချစ်ခင်ခင် လှိုက်လှိုက်လှဲလှဲ ဆက်ဆံရေးမျိုး ရှိရမယ်။

အချိန်ကုန်ရင်ပြီးရော ဆိုပြီးတော့ အပျင်းပြေရုံသက်သက်သာ လုပ်တဲ့သူဟာ တစ်နေ့တော့ အသက်ရှင်လျက် ဘဝသေတဲ့သူ ဖြစ်သွားမှာပဲ။ ဒါ့ကြောင့် ကလေးတွေကို အဲဒီလို အချိန်ဖြူန်းတဲ့အကျင့်ကို ပေါ့ပေါ့တန်တန် လွှတ်ပေးမထားဖို့ အင်မတန် အရေးကြီးပါတယ်။

(ဆရာတော်ဦးဇောတိက)
(တွေးမိတိုင်း ပျော်တယ်) စာအုပ်မှ ကူးယူတင်ပြ ဓမ္မဒါနပြုပါသည်။
Shared from မြတ်ဗုဒ္ဓအလင်း (FB)

*အွန်လိုင်းပေါ်မှ တရားတော်များ*

Posted by ပန်းခင်း on September 1, 2010 at 9:00am

ဗုဒ္ဓ၏ တရားတော်များကို ဤ website တွင် ပူဇော်တင်ပြရသော ကုသိုလ်အဖို့ဘာဂကိုတရားနာကြရကုန်သော လူ၊
နတ်၊ ဗြဟ္မာသတ္တဝါအပေါင်းတို့နှင့် တကွ ၃၁-ဘုံသားတို့ အား အမျှပေးဝေ ပါတယ်။ အမျှရကြ၍
ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ၊ ချမ်းသာကြပါစေ၊....သူတော်ကောင်း၊ သူမြတ်လောင်းတို့ ပေးပို့သော
ကုသိုလ်အဖို့ဘာဂ နှင့် အမျှကိုလည်း ကျွန်တော်၊ ကျွန်မတို့ က ဝမ်းမြောက် ဝမ်းသာ
သာဓုအနုမောဓနာ ခေါ်ဆိုပါကုန်၏.... အားလုံး.....အမျှ....အမျှ....အမျှ....ယူတော်မူကြပါကုန်လော့.............

~~~~

သာဓု....သာဓု.....သာဓု.......

~~~~

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု......ဗုဒ္ဓသာသနံ
စိရံ တိဋ္ဌတု.......ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု

~~~~

အပိုင်း၂ပိုင်းဖြင့်ခွဲခြားဖော်ပြပေးထားပါတယ်..

~~~~


http://dhammadownload.com/

တွင်တရားတော်များ စုံလင်စွာဖြင့်စုစည်းထားပါတယ်။

(Listen + Download + Watch)


--------

http://theinngu.org/ (သဲအင်းဂူဆရာတော်)

http://www.mahasi.org.mm/(မဟာစည်-၁)

http://www.mahasi.org/(မဟာစည်-၂)

http://www.dhammaceti.org/home.htm(ဘုန်းဘုန်းကောသလ္လ)

http://dhammaduta.net/(အရှင်ပညိဿရ-ဓမ္မဒူတ)

http://www.shweparami.net/(အရှင်ဆန္ဒာဓိက)

http://www.yawainwe.net/(အရှင်ရာဇိန္ဒ)(ရဝေနွယ်-အင်းမ)

http://mettashin.com/(အရှင်ဇ၀န)(မေတ္တာရှင်-ရွှေပြည်သာ-၁)

http://mettashin.dhammathukha.com/index.php?option=com_content&view=frontpage
(အရှင်ဇ၀န)(မေတ္တာရှင်-ရွှေပြည်သာ-၂)

http://www.shwehinthar.com/buddhism/(ရွှေဟင်္သာဆရာတော်)

http://www.sitagu.org/home/(သီတဂူဆရာတော်)

http://www.pilotsayadaw.net/(အရှင်ဇေယျပဏ္ဍိတ-ပိုင်းလော့ဆရာတော်)

http://www.chanmyay.org/(ချမ်းမြေ့ဆရာတော်)

http://majjhimagonyi.info/(အရှင်ကောဝိဒ-မဇ္ဈိမဂုဏ်ရည်)

http://www.paauktawya.org/(ဖားအောက်တောရဆရာတော်)

http://www.phyusayadaw.com/(ဖြူးဆရာတော်)

http://www.theravada-3p.org/(ဆရာဦးမြင့်လွင်-သန့်တည်ပွား)

http://www.mogokinsightny.org/(မိုးကုတ်ဆရာတော်ဘုရားကြီး)

http://realenlightenment.org/(အရှင်ဥတ္တမသာရ)

http://www.lknt.org/(အရှင်လောကနာထ)

http://lknt115.blogspot.com/(အရှင်လောကနာထ)

http://kathitwinemyanmar.blogspot.com/(ကသစ်ဝိုင်ဝိပဿနာဓမ္မရိပ်သာ)

http://www.dhammaduta.co.cc/(အရှင်ဆေကိန္ဒ-ဓမ္မဒူတ

http://www.dhammaonline.org/index.php
ပိုင်းလော့ဆရာတော်၊ အရှင်ပုညာနန္ဒ၊ အရှင်အာဒိစ္စရံသီ
တို့၏ တရားတော်များ

http://www.theinngu.org/images/stories/audio/DVD/သဲအင်းဂူဆရာတော်ဘုရား၏တရားတော်များ

http://theinngu.org/သဲအင်းဂူဆရာတော်-၂

http://www.mahasi.org.mm/မဟာစည်ဆရာတော်-၁

http://www.mahasi.org/မဟာစည်ဆရာတော်-၂

http://www.dhammaceti.org/home.htmဘုန်းဘုန်းဦးကောသလ္လ

http://www.dhammadutabago.net/အရှင်ပညိဿရ-ဓမ္မဒူတ

http://www.shweparami.net/အရှင်ဆန္ဒာဓိက

http://www.yawainwe.net/အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)

http://mettashin.com/အရှင်ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ-၁)

http://mettashin.org/အရှင်ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ-၂)

http://www.shwehinthar.com/buddhism/ရွှေဟင်္သာဆရာတော်

http://www.sitagu.org/home/သီတဂူဆရာတော်

http://www.pilotsayadaw.net/အရှင်ဇေယျပဏ္ဍိတ
(ပိုင်းလော့ဆရာတော်)

http://www.chanmyay.org/
ချမ်းမြေ့ဆရာတော်

http://majjhimagonyi.info/
အရှင်ကောဝိဒ
(မဇ္ဈိမဂုဏ်ရည်)

http://www.paauktawya.org/
ဖားအောက်တောရ
ဗုဒ္ဓသာသနာ့ရိပ်သာ

http://www.dhammaweb.net/
ဖားအောက်တောရ ဆရာတော်

http://www.phyusayadaw.com/
ဖြူးဆရာတော်

http://www.theravada-3p.org/
ဆရာဦးမြင့်လွင်-သန့်တည်ပွား

http://www.mogokinsightny.org/
မိုးကုတ်ဆရာတော်ဘုရားကြီး-၁

http://www.lknt.org/
ဗုဒ္ဓတရားတော်များ
(အရှင်လောကနာထ-၁)

http://lknt115.blogspot.com/
ဒဿနခရီးစဉ်
(အရှင်လောကနာထ-၂)

http://kathitwinemyanmar.blogspot.com/
ကသစ်ဝိုင်ဝိပဿနာ
ဓမ္မရိပ်သာ

http://www.dhammaduta.co.cc/
အရှင်ဆေကိန္ဒ (ဓမ္မဒူတ-၁)

http://www.venkawwida.net/
အရှင်ကောဝိဒ (မြိတ်-၁)

http://www.manatphyan.com/
အရှင်နာယကာလင်္ကာရ

http://www.dhammadownload.com/AudioInBurmese.htm
ဆရာတော်အစုံ-မြန်မာလိုနာယူရန်

http://www.dhammadownload.com/AudioInEnglish.htm
ဆရာတော်အစုံ-အင်္ဂလိပ်လိုနာယူရန်

http://www.myittawardiparahita.com/
မေတ္တာဝါဒီ ဆရာတော်-ဘဒ္ဒန
္တစန္ဒောဘာသ

http://www.bhikkhu-revata-paauk.com/
အရှင်ရေ၀တ-ဖားအောက်တောရ

http://kovida.multiply.com/
အရှင်ကောဝိဒ-စစ်ကိုင်း

http://uzinlay.blogspot.com/
ဦးဇင်းလေး

http://www.ashinkumara.com/
အရှင်ကုမာရ

http://2000mgmo.blogspot.com/
ဦးဝိစိတ္တာဘိဝံသ (၀ီရသူ)

http://attalwinpyin.blogspot.com/
Great Expectation

http://cittasukhamm-kr.blogspot.com/
စိတ္တသုခ
မြန်မာဘုန်းတော်ကြီးကျောင်း

http://www.kelasa.org/
အလိုတော်ပြည့်ဆရာတော်
အရှင်ကေလာသ

http://www.ayeyikechaung-mahasi.com/
ဦးကောဝိဒ (မြိတ်)-၂

http://dhammadutaonline.com/
အရှင်ဆေကိန္ဒ (ဓမ္မဒူတ-၂)

http://www.saddhamaransi.org
သဒ္ဓမ္မရံသီရိပ်သာ

http://www.kannifoundation.org
ကန္နီဝိပဿနာပြန့်ပွားရေးအဖွဲ့

http://www.mogokdhamma.net/
မိုးကုတ်ဆရာတော်ဘုရားကြီး

http://maymaelapyaewann.blogspot.com/
မေမေ့လပြည့်ဝန်း
(အရှင်ကဉ္စန-ပူနေး)

http://ashin-neminda.blogspot.com/
အရှင်နေမိန္ဒ

http://lknt8.blogspot.com/
အနတ္တလက္ခဏာသုတ်
(ပါဠိ-မြန်မာ-အင်္ဂလိပ်)
(အရှင်လောကနာထ-၃)

http://www.aungyadana.org/
အရှင်ကောဝိဒ
(အောင်ရတနာကျောင်း)

http://lknt4.blogspot.com/
ဓမ္မပဒ (အရှင်လောကနာထ-၄)

http://www.triplegem.plus.com/
နိဗ္ဗာန

http://ashinnyanadipa.blogspot.com/
ဓမ္မရတနာ (အရှင်ဉာဏဒီပ)

http://www.ustream.tv/recorded/1919321
ပိုင်းလော့ဆရာတော်ဘုရားကြီး၏
တရား

http://www.buddhistvihara.net/
ဓမ္မပါလ

http://sitagustar2010.blogspot.com/
အရှင်ကောဝိဒ
(အိန္ဒိယ-ပူနေး)

http://dhammaganga.blogspot.com/
ဓမ္မဂင်္ဂါ

http://www.vpandavacara.com/
အရှင်ပဏ္ဍ၀ါစာရ (ဓမ္မဥယျာဉ်)

http://www.dhammagarden.blogspot.com/
Dhamma Garden Center

http://ashinnagavamsa.blogspot.com/
အရှင်နာဂ၀ံသာလင်္ကာရ

http://thitsaralin.blogspot.com/
သစ္စာအလင်း

http://sonesiyar.blogspot.com/
အဖြူရောင်မေတ္တာ-၁

http://pnth.org/
အဖြူရောင်မေတ္တာ-၂

http://myattayar.blogspot.com/
မေတ္တာရေစင်

http://www.dhammaratha.com/
ဓမ္မရသ (ကိုအောင်ဦး)

http://eternalsamsara.co.cc/
ရည်ရွယ်ရာ
(ကိုငြိမ်းလွင်)

http://thitsartayar.dhammathukha.com/index.php?option=com_content&view=frontpage&Itemid=5
သစ္စာတရား (ကိုဝင်းမြင့်)

http://531collections.co.cc/
ကိုသူရဲ့တရားစံအိမ်

http://www.ymba-mephi.co.cc/
ထေရ၀ါဒ ဗုဒ္ဓဘာသာ
လူငယ်များအသင်း

http://vimuttisukha.blogspot.com/
ဝိမုတ္တိသုခ

http://www.dhammaflavour.net/
ဝိမုတ္တိရသ-၁

http://vimuttirasa.com/
ဝိမုတ္တိရသ-၂

http://tavoy-sayarlay.blogspot.com/
ရွှေကြာ (ထားဝယ်ဆရာလေး)
ကိုရီးယား

http://ywetwar.blogspot.com/
ရွက်ဝါ

http://alinnyaung.blogspot.com/
အလင်းများရှိရာသို့
လျှောက်လှမ်းခြင်း

http://aung-myay.blogspot.com/
အောင်မြေ

http://dlwanwai.blogspot.com/
အလှတရား-၁ (ကိုလွမ်းဝေ)

http://ahlataya.blogspot.com/
အလှတရား-၂

http://htunhlaing.blogspot.com/
ကိုထွန်းလှိုင်-၁

http://htunhlaing5.blogspot.com/
ကိုထွန်းလှိုင်-၂

http://thukhayate.blogspot.com/
သုခရိပ်-၁

http://dhammathukha.com/index.php?option=com_content&view=section&id=2&layout=blog&Itemid=1
ဓမ္မသုခ (သုခရိပ်-၂)

http://www.kautay.co.cc/
ကောက်တေး (ကိုသိင်္ခ)

http://lightofdhamma.22web.net/
ဓမ္မအလင်းရောင်

http://pyayzaw.phpnet.us/
ဓမ္မလင်းရောင်ခြည်

http://minwai85.blogspot.com/
ကိုမင်းဝေ

http://nyeinayetun.blogspot.com/
အေးငြိမ်းပျော်ရွှင်
(ကိုငြိမ်းအေးထွန်း)

http://dhammafocus.myanmarbloggers.org/
ဓမ္မဆုံချက်

http://soethuhein.iblogger.org/
မြတ်ဗုဒ္ဓ၏အဆုံးအမများ
(စိုးသူဟိန်း)

http://dhammayate.22web.net/
ဓမ္မရိပ်

http://www.internationalmeditationcentre.org/
ဆရာကြီးဦးဘခင်

http://buddhasound.page.tl/
မြတ်ဗုဒ္ဓတရားတော်များ
(ကိုဇော်နိုင်ထွန်း)

http://www.dhammaransi.net/
ဓမ္မရံသီ လူငယ်ဝတ်အသင်း

http://burmarmaung.blogspot.com/
ရွှေစကားများ

http://www.theravada-3p.org/
ဆရာဦးမြင့်လွင်
(သန့်-တည်-ပွား)

http://sitagumn2004.blogspot.com/
ထေရ၀ါဒ ဗုဒ္ဓသာသန
နုဂ္ဂဟအသင်း

http://myatbuddha.blogspot.com/
ဓမ္မရသ

http://theravadasarsanar.blogspot.com/
ထေရ၀ါဒ ဗုဒ္ဓသာသနာ
ပြန့်ပွားရေး

http://www.ashinkumara.com/
အရှင်ကုမာရ

http://kovida.multiply.com/
အရှင်ကောဝိဒ (စစ်ကိုင်း)

http://thukakarme.blogspot.com/
သုခကာမီ(၂) အမျိုးသမီးသင်
ပညာရေးကျောင်း

http://upasaka969.blogspot.com/
ဥပါသကာ

http://www.burmaborn.com/
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု

http://futurelife09.blogspot.com/
မပြီးဆုံးသောနေ့ရက်များကို
ကျော်ဖြတ်ခြင်း

http://barwanarbala.co.cc/
ဘာဝနာဗလဖိုရမ်

http://mawluu.blogspot.com/
မင်္ဂလာသတင်းစဉ်

http://attalwinpyin.blogspot.com/
Great Expectation

http://littlebang.wordpress.com/
Little Bang

http://marcusjournal.blogspot.com/
Marcus’ Journal

http://lokachantha.blogspot.com/
လောကချမ်းသာ

http://www.latkhatmg.co.cc/
သစ္စာရှင်

http://dhammawisdom.blogspot.com/
Wisdom of Dhamma

http://ymoon-mun.blogspot.com/
Reflection

http://meditation4beginners.blogspot.com/
Easy Meditation For
Beginneres

http://koluuaww.blogspot.com/
ကိုလူသြ

http://lkntnew.blogspot.com/
ယနေ့ရေးသော တရားတော်များ

http://kyawkyawoo81.blogspot.com/
အနှစ်သာရ

http://ehlar22.ning.com/
Buddha (အဲလာ)

http://kyawkyawsoe-monywa.blogspot.com/
အပြန်လမ်း

http://www.myitthapaytaw.co.cc/
ပေတော

http://mmtheravada.org/
ထေရ၀ါဒ ဗုဒ္ဓဘာသာ
လူငယ်များအသင်း

http://www.refineplace.co.cc/
ကိုငယ်

http://thukakarme1.blogspot.com/
တရားလက်ဆောင်စကားများ

http://bodhimyine.blogspot.com/
ဗောဓိမြိုင်ဓမ္မရိပ်

http://www.universaltruthplace.blogspot.com/
သစ္စာတရားများ စုဝေးရာ

http://mgayechan.blogspot.com/
မောင်အေးချမ်း

http://sarsanayaungchi.com/
သာသနာ့ရောင်ခြည်

http://dhammayanantmm.blogspot.com/
ဓမ္မရနံ့

http://www.dhammamittar.co.cc/
ဓမ္မမေတ္တာ

http://dhammaransi.ning.com/


http://www.dhammayaysin.com/
ဓမ္မရေစင်

http://www.myawaddykoekun.blogspot.com/
မြ၀တီကိုခွန်

http://buddha-speech.blogspot.com/
ဗုဒ္ဓံ ဓမ္မံ သံဃံ

http://supremeenlightenment.blogspot.com/
Buddha - The Supreme
Enlightenment

http://www.thukakarme1.blogspot.com/
သုခကာမီဆရာလေး

http://2.megumi21.com/
မယ်ဂုမိ

http://tayardaw.blogspot.com/
မဟာဆန်သော တရားတော်များ

http://solomonn.0fees.net/wordpress/
ဆော်လမွန်မင်းသားလေး

http://dhammadhamma.googlepages.com/
Dhamma ဓမ္မ

http://vimuttisukha.wordpress.com/
ဝိမုတ္တိသုခ
(ကိုဝိဆိုဒ်နဲ့ နာမည်တူ)

http://everyone-it.blogspot.com/
စစ်ကိုင်းတောင်ရိုး
ဆွမ်းလောင်းအသင်း

http://www.peterzawlinn.f2s.com/Payate/Payate.htm
ပရိတ်၊ ပဋ္ဌာန်းနှင့်
အခြားတရားလင့်များ

http://naynaynaing.blogspot.com/2008/05/blog-post.html
ပရိတ်ကြီး ၁၁ သုတ်
ဒေါင်းလုပ်ယူရန်

http://www.moethout.com/
ကြုံရာဆုံရာရဲ့
အိပ်မက်သို့ တမ်းတခြင်း
(မိုးသောက်-၁)

http://mindfulness.moethout.com/
(မိုးသောက်-၂)

http://sandarthuriya.wordpress.com/
စန္ဒာသူရိယ

~~~~~ အပိုင်း ( ၂ ) ~~~~
http://www.burmaborn.net/dailyradio/mediaplayer.php 24 hours Dhamma Talk



http://www.peterzawlinn.f2s.com/Payate/UVicitta/UVicittaParittas.htm
ဦးဝိစိတ္တသာရ websites ပရိတ်ကြီး ၁၁ သုတ်အပါအ၀င် အသံတော်+စာသား

http://www.peterzawlinn.f2s.com/Payate/UUttamasara/UUttamasaraParittas.htm
တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး အသံတော်+စာသား

http://www.mogokinsightny.org/
မိုးကုတ်ဆရာတော်ကြီး မူရင်း
နယူးယောက်Website အရှေ့အရပ်ရှိသောအနန္တသတ္တ၀ါတို့... မေတ္တာပို့ auto ပွင့်

http://www.mogokinsightny.org/circle_myanmar/
မိုးကုတ်ဆရာတော်ကြီး
မူရင်း Website မှ ပစ္စသမုပ္ပဒ်လည်ပုံတရားAuto ပွင့်သည်

http://naynaynaing.blogspot.com/2008/05/blog-post.html
ပရိတ်ကြီး ၁၁
သုတ် Mp3 တစ်သုတ်ချင်း

http://www.dhammaonline.org/Chanting.php ပရိတ်ကြီး ၁၁ သုတ်
ပဌာန်းပါလိတော် များစာအုပ် Free download

http://sharingtofrds.blogspot.com/2007/06/blog-post_2835.html
ဓမ္မ+အိုင်တီ Free Download and Special For ရွှေလင်းယုန်

http://video.google.com/videoplay?docid=7215802796121086188
ရွှေလင်းယုန်ပရိတ်ကြီး စ-ဆုံး

http://solomonn.0fees.net/wordpress/?page_id=12
ဓမ္မဗဟုသုတ

http://uk.geocities.com/kabarmakyay/index.htm
..
၁၁ သုတ် ၏
စာသား ပါဌိ စ-ဆုံး

http://www.mediafire.com/?ivigvxcydic
မင်းကွန်းဦးဝိစိတ္တ ပရတ်ကြီး ၁၁
သုတ် MP3 Download


~~~~


တတ်နိုင်သမျှရှာဖွေ တင်ပေးထားပါတယ်..

လိုအပ်ချက်များရှိပါက ပြောကြားနိုင်ပါတယ်..


မိတ်ဆွေတို့မှာလဲ နောက်ထပ်တရားတော်များ Linkများ၇ှိပါက ကွန်မန့်တွေရေးပေးထားခဲ့ပါခင်ဗျာ။

Shared from အပြုံးပန်းဈေးခင်း