တချို့က တစ်ယောက်တည်းနေရလို့ အထီးကျန်ခံစားရတယ်၊ အထီးကျန်ခြင်းထဲကနေ ရုန်းမထွက်နိုင်ကြဘူး။ တကယ်တော့ အထီးကျန်ခြင်းက ဆန်းသစ်တွေးတောမှုကို ပိုဖြစ်ထွန်းစေပါတယ်။ ရှေးရှေးကနေ ယနေ့ထိတိုင် စာပေပညာရှင်၊ ဂီတအနုပညာရှင်၊ သိပ္ပံပညာရှင်၊ ဒဿနိကပညာရှင်၊ နိုင်ငံရေးပညာရှင် ... စတဲ့ပညာရှင်တွေဟာ အထီးကျန်ခြင်းထဲနစ်မြုပ်ပြီး အလုပ်လုပ်ခဲ့ကြတယ်၊ ဆန်းသစ်ခဲ့ကြတယ်၊ တီထွင်ခဲ့ကြတယ်။ စိတ်ဝိညာဉ်ထဲကနေ အဆုံးမရှိတဲ့ တစ်ယောက်တည်းထီးထီးနေတဲ့ပျော်ရွှင်ခြင်းကို ခံစားခဲ့ကြတယ်။
လောကဓံကြောင့်၊ မိသားစုဆွေမျိုးတွေနဲ့ ခွဲပြီးနေရတာ၊ စားဝတ်နေရေးကြောင့် တစ်နယ်တစ်ကျေးခွဲနေရတာ စတဲ့အကြောင်းအမျိုးမျိုးတွေကြောင့် လူတွေဟာ အထီးကျန်ခြင်းကို ထိတွေ့ခံစားကြရတယ်။ လူတစ်ဦးချင်းရဲ့ မတူတဲ့အကျင့်စရိုက်၊ ပတ်ဝန်းကျင်ရဲ့ ဖိအား၊ ပညာရေးအကျိုးသက်ရောက်မှု၊ မတူတဲ့ရိုးရာယဉ်ကျေးနဲ့ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံနောက်လိုက်ပြီး လူတချို့ရဲ့နားလည်ပေးမှုကိုမခံရတဲ့အခါ အထီးကျန်တဲ့ခံစားမှုကို ပိုခံစားမိတတ်ကြတယ်။
လူအများစုက အထီးကျန်ခြင်းကို စိတ်ဖိအားတစ်မျိုးလို့ ထင်မြင်ကြပြီး မကောင်းတဲ့စိတ်ခံစားမှုနဲ့ ကိုယ့်ကိုယ်ကို ချုပ်နှောင်ထားတတ်ကြတယ်။ တကယ်တော့ တခြားရှုထောင့်ကကြည့်ရင် အထီးကျန်ခြင်းဆိုတာ စိတ်နှလုံးအနားယူခြင်းပဲဖြစ်ပါတယ်။ တစ်ယောက်တည်း ငြိမ်ငြိမ်သက်သက်ထိုင်နေတဲ့အချိန်ဟာ ဗလောင်ဆူလှုပ်ရှားနေတဲ့စိတ်ကို တည်ငြိမ်စေပါတယ်။ ဒါဟာ အထီးကျန်ခြင်းထဲကရလာတဲ့ တည်ငြိမ်အေးဆေးမှုပဲ ဖြစ်ပါတယ်။
Shared from Nine Nine Sanay (FB)
No comments:
Post a Comment