Saturday, December 24, 2016

မုန်းသူကို ချစ်အောင် လုပ်တဲ့ မင်းကွန်းဆရာတော်ကြီးရဲ့ နည်း


ဂျပန်ခေတ်တွင် မစိုးရိမ်ဆရာတော်ဘုရားကြီးသည် မင်းကွန်း ဘက်၌ ၀ါဆိုတော်မူခဲ့သည်။ ထိုမှစ၍ မစိုးရိမ်ဆရာတော်ကြီးထံသို့ မင်းကွန်း ဓမ္မနာဒါ ကျောင်းတိုက်မှ စာချဘုန်းကြီး ဦးဝိစိတ္တသာရာဘိဝံသ သည် နေ့စဉ် စာဝါလိုက်လေ့ရှိ၏။

တစ်နေ့သ၌ မစိုးရိမ်ဆရာတော်ကြီးက စာဝါပို့ချပေးရင်း
“ဦးပဉ္ဇင်း လောကမှာ ကိုယ်နဲ့ ဆန့်ကျင်ဘက်ရန်သူ တစ်ယောက်ရှိနေခြင်းဟာ အဆင်းရဲဆုံးပဲ” ဟူ၍ ဆုံးမတော်မူလေသည်။
ထိုစဉ်က စာချဘုန်းကြီး ဦးဝိစိတ္တကို အမြဲတမ်းရန်လုပ်နေသည့် ဘုန်းကြီးတစ်ပါးသည် ဓမ္မနာဒ ကျောင်းတိုက်အနီး၌ ရှိလေ၏။ ဦးဝိစိ တ္တအနေနှင့် အဆိုပါဘုန်းကြီး ကိုယ်ကျိုးနည်းအောင် ဘာတစ်ခုမျှ မပြု လုပ်ရပါဘဲနှင့် အကြောင်းမရှိ ဆန့်ကျင်ဘက်လုပ်နေသည် ဟု ယူဆကာ ၎င်းဘုန်းကြီးအပေါ်၌ မေတ္တာထားမရဘဲ ဖြစ်နေလေသည်။ ထိုအကြောင်း ကို မစိုးရိမ် ဆရာတော်ဘုရားကြီးက သိရှိတော်မူသဖြင့် ဦးဝိစိတ္တအား တမင်ဆုံးမလိုက်ခြင်း ဖြစ်လေ၏။

ဆရာတော်ကြီး၏ အဆုံးအမကို နာယူပြီးနောက် ဦးဝိစိတ္တသည် ၎င်း အပေါ် ဆန့်ကျင်ဘက်ပြုလုပ်နေသည့် ဘုန်းကြီးအပေါ် အထူးမေတ္တာပို့ ပေးနေခဲ့၏။ စားဖွယ်သောက်ဖွယ် အထူးအဆန်းကလေးများ ရရှိလာပါ ကလည်း မသုံးစွဲဘဲ ထိုဘုန်းကြီးထံသို့ ကိုယ်တိုင်သွားရောက်လှူဒါန်း လေ၏။ ညနေခင်းနှင့် အားလပ်ချိန်များတွင် ၎င်းအပေါ် ကဏ္ဍကောစ ပြုလုပ်နေသည့် ဘုန်းကြီးထံသို့ အကြောင်းမရှိအကြောင်းရှာ သွား ရောက်လည်ပတ်လေ့ရှိ၏။

နေ့စဉ်တွေ့ရဖန်များ ပို့သသည့်မေတ္တာကလည်း စူးရှသဖြင့် ကဏ္ဍ ကောစပြုလုပ်နေသည့် ဘုန်းကြီးလည်း ဦးဝိစိတ္တနှင့် တစ်ရက်ထက် တစ်ရက် ဆက်ဆံရေးပြေပြစ်လာပြီး အမုန်းစိတ်များ ချစ်ခင်လာတော့ ၏။ ဦးဝိစိတ္တ အဖို့လည်း စိတ်ချမ်းသာရာ ရရှိသွားတော့သည်။

Credit: သုတဇုန်
fb.com/thutazone
www.thutazone.com

No comments:

Post a Comment