Saturday, March 31, 2012

Some Dhamma Notes

ဗုဒ္ဓဘုရားရှင် နှင့် ပတ်သက်၍ ဗမာတွေ ဦးတဲ့ 'ဦး(၉)ဦး'

ဘုရားလောင်းဟာ သောင်ကမ်းမှာ ဆံပင်ဖျက်၊ ၀တ်တော်လဲ တော့
သိကြားလည်း ဆံပင်ရတယ်၊ ဗြဟ္မာလည်း ၀တ်လည်းတော်ရတယ်
သို့သော် သူတို့ရတာ ဘုရားရဲ့ ဆံပင်နဲ့ ၀တ်လဲတော်မဟုတ်ဘူး၊
ဘုရားလောင်းရဲ့ ဆံပင်နဲ့ ၀တ်လဲတော်။

ဘုရာဖြစ်ပြီးတဲ့နောက်ပိုင်း
ဗုဒ္ဓကို ချဉ်းကပ်တဲ့ထဲမှာ ဒီကုန်သည် ညီနောင်ဟာ အစောဆုံးဖြစ်တယ်၊
ကုန်သည်ညီနောင်ဟာလည်း ဥက္ကလာပ သားတွေ ဆိုတော့ ရန်ကုန်သား ဗမာစစ်စစ်ပါပဲ။
ဗမာတွေအနေနဲ့ ဗုဒ္ဓဘုရားရှင်နဲ့ ပတ်သက်လို့ ဂုဏ်ယူစရာကောင်းတဲ့ အချက်(၉)ချက်ရှိသေးတယ်။

၁။ ဘုရားကို ဦးစွာဖူးမျှော်ရခြင်း

၂။ တရားကိုဦးစွာနားရခြင်း

၃။ ဆွမ်းဦးစွာ ကပ်ခွင့်ရခြင်း

၎။ သရဏဂုံ ဦးစွာဆောက်တည်ခွင့်ရခြင်း

၅။ ဘုရှားရှင်ရဲ့ ဆံပင်တော်ကို ဦးဦးဖျားဖျားရခြင်း

၆။ ဥပါသကာ ဦးဦးဖျားဖျား ဖြစ်ခြင်း

၇။ ဗုဒ္ဓဘာသာ ဦးဦးဖျားဖျားဖြစ်ခြင်း

၈။ ဥပါသကာ (ဗုဒ္ဓဘာသာ) ဖြစ်တဲ့ထဲ ဒီ ကုန်သည်ညီနောင်ကပဲ
ဥပါသကာ (ဗုဒ္ဓဘာသာ)အစောဆုံးဖြစ်တဲ့ ဧတဒဂ် ကိုရခြင်း

၉။ မြတ်စွာဘုရားရဲ့ ကိုယ်တော်မှ ဖြစ်သော ဓာတ်တော်တွေကို ဌာပနာတဲ့ စေတီထဲမှာ
ရွှေတိဂုံစေတီတော်ကြီးဟာ အဦးဆုံးပါပဲ။
(စေတီဦးလည်း ဗမာပဲ ရတယ်) ။

ရွှေတိဂုံစေတီတော် နှစ် ၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယပွဲတော်
အရှင်ဉာဏိဿရ ဆရာတော်ကြီး ဟောကြားသော - "ရွှေတိဂုံစေတီတော်ကြီး၏ သမိုင်း"
တရားတော်အခွေမှ ကောက်နှုတ်ရေးသားပါသည်။


သမီးလေးဖတ်ဖို့
သမီး သူတော်ကောင်းဖြစ်ခြင်သလား သူတော်ကောင်းတို့ရဲ့ လက္ခဏ(၁၂)ပါအတိုင်းကျင့်ကြံပါ
၁။စိတ်ရှည်ခြင်း 
၂။မကြွားဝါတတ်ခြင်း
၃။ဒေါသမလွန်ကဲခြင်း
၎။အတ္တမာနမကြီးခြင်း
၅။ကျေးဇူးတရားသိတတ်ခြင်း
၆။ဂုဏ်တုဂုဏ်ပြိုင်မလုပ်ခြင်း
၇။မိမိကိုယ်ကျိုးမကြည့်တတ်ခြင်း
၈။သူတပါးအပြစ်ကိုစိတ်မှတ်မထားခြင်း
၉။အပြစ်မြင်အပြစ်တင်မပြောတတ်ခြင်း
၁၀။မကောင်းမှုကိုမနှစ်သက်မလိုလာခြင်း
၁၁။ကုသိုလ်ကောင်းမှုကို ကြိုးပမ်းရယူခြင်း
၁၂။သီးမခံနိုင်တဲ့အထိသီးခံခြင်း 
သူတော်ကောင်းတရား(၁၂)ပါထဲမှာ ကိုယ်ဘယ်လောက်ရထားပြီလဲ ကိုယ့်ကိုယ်ကိုယ်မလိမ်ညာစတမ်း ဆန်းစစ်ဝေဖန် ဖြည်ဆည်းကျင့်ကြံသင့်ပါတယ်သမီး
ချစ်သောသမီးများအတွက် အဖေ

Shared from Kyaw Soe Hein


လူချင်းတူပါလျက် အချို့မှာ အသိ အလိမ္မာ ဉာဏ်ပညာ နည်းပါး၍
အချို့မှာ ဉာဏ်ပညာ ကြီးမားရပါသနည်း။

မြတ်ဗုဒ္ဓ၏အဖြေ….
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် ပညာရှိထံ ချဉ်းကပ်၍ ကုသိုလ် အကုသိုလ်ကိုလည်းကောင်း၊ အပြစ်ရှိ မရှိ၊ မှီဝဲထိုက် မမှီဝဲထိုက်ကိုလည်းကောင်း၊
နောင်သံသရာဝယ် အကျိုးပေးမည့် တရားအချက်တို့ကို လည်းကောင်း မေးမြန်းလေ့ မရှိကြပေ။ ထင်မိ ထင်ရာဖြင့် ဒုစရိုက်များ ပြုတတ်၏။
ထိုသူမျိုးသေလျှင် ငရဲသို့ ရောက်ရတတ်၏။ ငရဲမကျဘဲ လူ့ပြည်သို့ရောက်စေကာမူ အသိ လိမ္မာ ဉာဏ်ပညာကင်း လူဖျင်း လူအ လူမိုက် ဖြစ်ရတတ်လေသည်။

ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် တရားကို နှစ်သက်ကြည်ဖြူနာယူကြသည်။ ကုသိုလ် အကုသိုလ်နှင့် စပ်၍လည်းကောင်း
မှီဝဲထိုက် မမှီဝဲထိုက်ကိုလည်းကောင်း၊ သံသရာဝယ် အကျိုးပေးမည့် တရားအချက်များနှင့် စပ်၍လည်းကောင်း မေးမြန်းလေ့ ရှိကြသည်။ ထိုသူမျိုး သေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏။
နတ်ပြည်မရောက်ဘဲ လူ့ပြည်ရောက်လျှင်လည်း အသိ အလိမ္မာ ဉာဏ်ပညာ ထက်မြက်သူ ဖြစ်ရတတ်ပေသည်။

By:  အနှိုင်းမဲ့ စာတိုပေစများ


‎"တုန်းလေးတုန်း"

ကျင့်ပုံ ကျင့်နည်း ဘုရားဟော တရားတွေကလည်း အဆင်သင့်၊
နည်းပေးလမ်းပြလုပ်မယ့် သံဃာတော်တွေကလည်း အဆင်သင့်၊
ဒီထက် ပြည့်စုံစရာ မရှိတော့ဘူး။
တို့ထဲက ဒကာ၊ ဒကာမတွေက ဘယ်တော့ ကျင့်ကြံမှာတုန်းဗျာ။

လူ့ဘ၀ရောက်တုန်း၊

သာသနာလည်း ပွင့်တုန်း၊

တရားပြပေးမယ့်သူ ရှိတုန်း၊

ကျန်းမာရေးလည်း ကောင်းတုန်း၊

ဒီတုန်းလေးတုန်းကို တိုင်ထောင်ပြီး
အိမ်တစ်ဆောင်လောက် မဆောက်နိုင်ရင်
ဘယ်လိုနေပြီး ဘယ်လိုသေကြမှာပါလိမ့်ဗျာ။

(မဟာဗောဓိမြိုင် ဆရာတော်ကြီး)

by: Lwinoo Ko @ facebook မှ ကူးယူဖေါ်ပြပါသည်။


‎"စေတနာကောင်း၏ သတ္တိ"

သူများကို ထမင်းကျွေး၊ ရေခပ်ပေးသူများဟာ
ထမင်းမငတ်သလို
သူများကို လိမ္မာအောင် စောင့်ရှောက်သူနှင့်
ဉာဏ်တိုးအောင် လုပ်ပေးသူဟာ
အောက်ကျနောက်ကျ မဖြစ်နိုင်ဘူး။

(အရှင်ဇနကာဘိဝံသဆရာတော်ကြီး)

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များ - မှ ကောက်နှုတ်ပူဇော်ပါသည်။

မိတ်ဆွေ (သူငယ်ချင်း)ကောင်းနှင့် တွေ့ဆုံပါင်းသင်း နိုင်ကြပါစေ....

ယနေ့ စာဖတ်ပရိသတ်တွေအတွက် သူငယ်ချင်းကောင်း ရွှေးချယ်ပေါင်းစေချင် ဆိုတဲ့ ဆောင်ပါးလေးတစ်ပုဒ်ကို ရေးသားတင်ပြပေးပါရစေ။ဘ၀မှာသူငယ်ချင်းကောင်းဘယ်လောက်အရေးကြီးသလဲ ဆိုတာ စာဖတ်ပရိသတ်တွေကို သိစေချင်လို့ ရေးသားတင်ပြပေးတာပါ။ မိမိ တို့ ဖြတ်သန်းနေကြရတဲ့ ဘ၀ တစ်လျှောက်မှာသူငယ်ချင်းကောင်း ဖြစ်တဲ့ မိတ်ကောင်းဆွေကောင်း ရှိကြဖို့ အလွန်အရေးကြီးလှပါတယ်။ လောက မှာလူသားတိုင်း တစ်နေ့တာ ရဲ့ ခ...ရီးစဉ်ကို နေ့စဉ်နေ့တိုင်း မသေဆုံးသေးသ၍ ဖြတ်သန်းသွားနေကြရတဲ့ အခါအပေါင်းအသင်း သူငယ်ချင်း များစွာနဲ့ ပေါင်းသင်း ဆက်ဆံနေကြရပါတယ်။

စီပွားရေးရှာဖွေနေကြရတဲ့သူတွေ၊ တရားဓမ္မ ဗဟုသုတ ရှာဖွေနေကြရတဲ့သူတွေ အားလုံးအားလုံးသူငယ်ချင်းကောင်း ဆိုတာ အရမ်းအရေးကြီးပါတယ်။ သူငယ်ချင်းကောင်းရင် ကောင်းသလောက် လိုရာ ခရီးရောက်နိုင်သလို မကောင်းရင် မကောင်းသလောက် မိမိ တို့ရဲ့ စီးပွား ဥစ္စာ အတတ်ပညာ ကုသိုလ်ရေးအားလုံး ထိခိုက်နိုင်ပါတယ်။ မိမိတို့ ပေါင်းသင်း ဆက်ဆံနေကြရတဲ့ သူငယ်ချင်း တွေမှာ သူငယ်ချင်းကောင်းနဲ့ သူငယ်ချင်းဆိုး နှစ်မျိုးရှိကြလေရာ ထို နှစ်မျိုးတွင် သူငယ်ချင်းဆိုးကို သူငယ်ချင်းကောင်းထင်ပြီး မပေါင်း

သင်းမိဖို့ အရေးကြီးသလို သူငယ်ချင်း ကောင်းကိုလည်း သူငယ်ချင်းဆိုး ထင်ပြီး တော့ ရှောင်မနေသင့် ဖို့အလွန် အရေးကြီးလှပါတယ်။

ဒီ ဆောင်ပါးနဲ့ ပတ်သတ်ပြီး ဘုရားရှင် လက်ထက်တော်က အဇာတသတ်လို့ ခေါ်တဲ့ ရှင်ဘုရင်ကြီးကိုလေ့လာကြည့်ကြပါ၊ နမူနာ သင်ခန်းစာအဖြစ် ယူကြပါ၊ ဒေ၀ဒတ် လို့ခေါ်တဲ့ သူငယ်ချင်း ဆိုး သူငယ်ချင်းယုတ် နှင့် အတူတကွ ပေါင်းသင်းဆက်ဆံမိတ်ဆွေလုပ်မိတဲ့ အတွက်ကြောင့် မပြုသင့် မပြုထိုက်တာ၊မကျူးလွန်သင့် မကျူးလွန်ထိုက်တာများကို ကျူးလွန်ခဲ့ ပြုလုပ်ခဲ့တာ စာဖတ်ပရိသတ်များ သိရှိ ပြီးသားဖြစ်ပါလိမ့်မယ်၊ အဇာတသတ်က သူငယ်ချင်းဆိုးကို သူငယ်ချင်းကောင်း ထင်ပြီး ပေါင်းသင်း ဆက်ဆံခဲ့တဲ့အတွက်ကမ္ဘာ တစ် သိန်း က ဖြည့်လာခဲ့တဲ့ ပါရမီတွေ အကုန် ဆုံးရှုံး ခဲ့ရရှာသလို သဗ္ဗညုရှင်တော် မြတ်ဘုရားနဲ့ တွေ့ဆုံခွင့် ရခဲ့ပေမယ့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ကို မရဘဲ ငရဲ ရောက်ခဲ့ရရှာပါတယ်။ ဘာ့ကြောင့် ငရဲရောက်ခဲ့ရသလဲ ဆိုတာကို စာဖတ် ပရိသတ်တွေ သိလောက်ပါပြီ ၊ သူငယ်ချင်း ဆိုး သူငယ်ချင်းယုတ်ကြောင့် ပေါ့နော်..။

ဒီတော့ ပြောလိုတာက စာဖတ်ပရိတ်တွေ အနေနဲ့ သူငယ်ချင်း ကောင်း ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ခေါ်မလဲ၊ သူငယ်ချင်း ယုတ် ဆိုတာ ဘယ်လို ပုဂ္ဂိုလ်မျိုး ဖြစ်မလဲ၊ ဒါကို ဒီဃနိကာယ်ပါထိက၀ဂ် မှာ ဘုရား ဟောထားတာရှိပါတယ်၊ သူငယ်ချင်းကောင်း နဲ့ သူငယ်ချင်း ဆိုး ကို ခွဲခြားပြီး သိတတ်မြင်တတ် ရွှေးချယ် တတ် ပေါင်းသင်း တတ် အောင် သိဖို့ သိပ်အရေးကြီးပါတယ်။

သူငယ်ချင်းကောင်း ကျင့်ဝတ်ငါးပါး

( ၁ ) ကိုယ့် သူငယ်ချင်း တွေကို တတ်နိုင်တာ ပေးကမ်းဝေငှ သုံးစွဲစေခြင်း၊

(၂ ) ဆင်းရဲ လဲ အတူတူ ချမ်းသာလဲ အတူတူ တန်းတူ ဆက်ဆံစေခြင်း။

(၃ ) ကိုယ့် သူငယ်ချင်း ရဲ့ အကျိုးကို လိုလိုလားလား ဆောင်ရွက်ပေးခြင်း။

(၄ ) စကားပြောတဲ့အခါ ချိုချိုသာသာ ပြောဆိုဆက်ဆံခြင်း။

(၅ ) ကိုယ့် သူငယ်ချင်း အပေါ်မှာ ဂတိ သစ္စာ ရှိခြင်း။

သူငယ်ချင်း ကောင်းဆိုရင် ဒီ ကျင့်ဝတ်ငါးပါး နဲ့ ပြည့်စုံရမယ်။


သူငယ်ချင်း ယုတ်ရဲ့ သဘောထား ၄ မျိုး

( ၁ ) ကိုယ့် သူငယ်ချင်းကို ဘာမှ မပေးဘဲ ကိုယ်ကသာယူဖို့ ဘဲ သိတဲ့ သူငယ်ချင်း၊

( ၂ )အပြောသာ ကောင်းပြီး လက်တွေ့ မပါတဲ့ သူငယ်ချင်း၊

( ၃ )တစ်ဘက်သား အကြိုက်ကို လိုက်ပြောပြီး ပေါင်းတတ်တဲ့ သူငယ်ချင်း၊

( ၄ ) ပျက်ဆီးရာ ပျက်ဆီးကြောင်းတွေပဲ ပြောပြီး ဆွဲဆောင်တတ်တဲ့သူငယ်ချင်း၊

ဒီ လေး မျိုးကတော့ တစ်သက်လုံး မပေါင်းရမဲ့ သူငယ်ချင်း ယုတ်တွေပဲ ဖြစ်ပါတယ်။


သူငယ်ချင်း ဆိုးကြောင့် မကောင်းတဲ့ အကျိုးတရား များကို ခံစားခဲ့ရကြောင်း တင်ပြပြီးတော့ သူငယ်ချင်း ကောင်းများနဲ့ ပေါင်းသင်း ခဲ့တဲ့ အတွက် ဘယ်လို အကျိုးတရားတွေရခဲ့သလဲ ဆိုတာ ကို တင်ပြပေးပါအုံးမယ်။

ဘုရားရှင်က သံယုတ္တနိကာယ် မဟာဝဂ္ဂသံယုတ် မှာလဲ ဟောတော်မူတယ်၊ သဂါထာဝဂ္ဂသံယုတ် ပါဠိတော် ကောသလသံယုတ်မှာလဲ ဒီအကြောင်း နဲ့ ပတ်သတ်လို့ ဟောထားပါတယ်။

အရှင်အာနန္ဒာ တစ်ပါးတည်း တိတ်ဆိတ် တဲ့ နေရာ ငြိမ်းချမ်းတဲ့နေရာလေးမှာ ထိုင်ပြီး စဉ်းစားနေတော်မူတယ်..တဲ့၊ အရှင်အာနန္ဒာ စဉ်းစားနေတော်မူတာက သောတာပတ္တိမဂ်ဉာဏ် ကို ရတဲ့နေရာမှာသူငယ်ချင်းကောင်း လို့ ခေါ်တဲ့ ကလျာဏ မိတ်ဆွေ ကြောင့် ရလာမယ် အကျိုးတရားက တစ်ဝက်၊မိမိ ဘာသာ ကြိုးစား အားထုတ်လို ရလာတဲ့ အကျိုးတရားက တစ်ဝက်၊ တစ်နည်း ဆိုရသော် သူငယ်ချင်းမိတ်ဆွေ ကြောင့် ဥစ္စာ ပညာ ကုသိုလ် စသော အကျိုးတရားများစွာ ရလာတာက ရာခိုင်နှုန်း ၅၀ ၊မိမိ တို့ ကိုယ်တိုင် ဇွဲ လုံ့လ ၀ီရိယ တို့ဖြင့် ကြိုးစား လို့ ရလာတာက ရာခိုင်နှုန်း ၅၀၊ သူငယ်ချင်း ကောင်းလို့ ရလာတာက တစ်ဝက်၊ ကိုယ့် ကြိုးစားလို့ ရလာတာက တစ်ဝက် လို့ အရှင်အာနန္ဒာ က စဉ်းစားနေတော်မူသတဲ့...။ သို့သော် အရှင်အာနန္ဒာက အခု ငါ စဉ်းစားနေတာ သူငယ်ချင်း ကောင်းဆိုတဲ့ ပုဂ္ဂိုလ်က တစ်ဝက်၊ကြိုးစား အားထုတ်တဲ့ ပုဂ္ဂိုလ်က တစ်ဝက် လို့ ငါ ထိုကဲ့သို့ စဉ်းစားနေမိပါလား..

ဤကဲ့သို့ငါ စဉ်းစားနေခြင်းသည် မှန်သော်လဲ မှန်နိုင်၏၊ မှားသော်လဲ မှားနိုင်ပေလိမ့်မည်။ မြတ်စွာဘုရားကို လျှောက်ထားကြည့်လျှင် အဖြေမှန်ကို ငါ ရနိုင်ပေလိမ့်မည် ဟု ဆက်၍ စဉ်းစားတော်မူသတဲ့...။ဤသို့အားဖြင့်အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်ကို ဆက်၍ လျှောက်ထားလေ၏၊ မြတ်စွာဘုရား သောတာပတ္တိမဂ်ဉာဏ်နှင့်တကွ ကုသိုလ် ပညာ ဥစ္စာ အဖြာဖြာတို့ကို ရတဲ့နေရာမှာ သူငယ်ချင်းကောင်း မိတ်ကောင်းဆွေကောင်း ဟာတစ်ဝက်၊ ကိုယ်ကြိုးစား အားထုတ်လို့ ရရှိလာတာက တစ်ဝက် လို့ တပည့်တော် ထင်ပါတယ်ဘုရား လို့ လျှောက်ထားတဲ့အခါ မြတ်စွာဘုရားကမာဟေ၀ံ အာနန္ဒ၊ မာဟေ၀ံအာနန္ဒ သကလမေ၀ ဟိဒံ အာနန္ဒ ဗြဟ္မစရိယံ

ယဒိဒံ ကလျာဏ မိတ္တတာ ကလျာဏ သဟာယတာ ကလျာဏ သမ္ပ၀င်္ကတာ။ လို့မိန့်တော်မူပါတယ်။ တစ်ဝက် ကိစ္စပြီးတာ မဟုတ်ပါဘူး အာနန္ဒာ ကလျာဏ မိတ္တ မိတ်ကောင်း ဆွေကောင်းသူငယ်ချင်းကောင်း ရှိတယ်ဆိုတာ တစ်ဝက်သာ ပြီးတာ မဟုတ်ဘူး အလုံစုံ ကိစ္စတွေ ပြီးနိုင်တယ် အာနန္ဒာချစ်သားအာနန္ဒာ မိတ်ကောင်းဆွေကောင်းသူငယ်ချင်းကောင်း ဆိုတဲ့ ငါ ဘုရားရှင်ကို အမှီ ပြုကြ၍ပဋိသန္ဓေ

နေရခြင်း သဘောမှ သတ္တ၀ါ တွေ လွတ်မြောက်ကြရတယ်။ အိုရခြင်း သဘောတရား ၊ နာရခြင်းသဘောတရား၊ သေရခြင်းသဘော တရား တွေမှ သတ္တ၀ါတွေ လွတ်မြောက်ကြရပါတယ်၊ စိုးရိမ် ပူဆွေးငိုကြွေးခြင်းတို့မှ လည်း လွတ်မြောက်ကြရတယ် လို့ ဘုရားရှင် မိန့်တော်မူပါတယ်။

ဒီနေရာမှာ စိုးရိမ်ပူဆွေးငိုကြွေးခြင်းတို့ ဘယ်လိုလွတ်မြောက်သလဲဆိုတာ ဇာတ်လမ်းကိုစိတ်ဝင်စားတဲ့ စာဖတ်ပရိသတ်တွေ အတွက် ဇာတ်ကြောင်းလေးတစ်ပုဒ်လောက်ထုတ်ပြပါဦးမယ်၊ ပဋာစာရီရဲ့ စိုးရိမ် ပူဆွေး ငိုကြွေးခြင်း ဖြစ်ခဲ့ရပုံ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ စာဖတ်ပရိသတ်တွေ သိတဲ့အတိုင်းပဋာစာရီ ဖြစ်ပုံက အမေ လဲ သေတယ်၊ အဖေ လဲ သေတယ်၊ မောင်လဲ သေတယ်၊ ခင်ပွန်းလဲ သေတယ်၊သားလေး နှစ်ယောက်လဲ သေတယ်၊ ဒုက္ခ မျိုးစုံနဲ့ တွေ့ပြီး ပဋာစာရီ ရူးသွားခဲ့တယ်၊ ကမ္ဘာတစ်သိန်း ထက်ကပါရမီ ဖြည့်လာတဲ့ ပါရမီ ရှင်ကြီး လို့ ဆိုပါတယ်၊ ဂေါတမ ရှင်တော် မြတ်ဘုရား လက်ထက်မှာ ၀ိနည်းတော်နဲ့ ပတ်သတ် လို့ ၀ိနယဓရ ဧတဒဂ် ရမယ့် ရဟန္တမလောင်းကြီး လို့လဲ ဆိုပါတယ်၊ ဒီဘ၀မှာ ရဟန္တာဖြစ်မယ့်ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဖြစ်သော်လဲ စိုးရိမ် ပူဆွေး သောက ပဋိဒေ၀ တွေ နဲ့ တွေ့လာတော့ အရူးမဖြစ်ခဲ့ရရှာပါတယ်၊ တစ်နည်းဆိုရသော် သူငယ်ချင်း မိတ်ဆွေကောင်း ဆိုတဲ့ ဘုရားရှင်နဲ့ မတွေ့သေးလို့ ရူးခဲ့ရရှာပါတယ်၊ အရူးမ ရဲ့ ပုံစံ ကိုတော့ ပုံဖော်ပြမနေတော့ပါဘူ ၊ အရူးမ ဆိုတဲ့ အတိုင်း တောင်ပြေး မြောက်ပြေးပေါ့နော် ၊ ပြေးလိုက် ၊ တောင်းလိုက်၊ စားလိုက်နဲ့ ပြေးရင်း လွှားရင်းနဲ့ ဘယ်သူနဲ့ တွေ့သလဲ ဆိုတော့ သူငယ်ချင်းကောင်းနဲ့ တွေ့သွားတယ်၊ မြတ်စွာဘုရား ဆိုတဲ့ လလျာဏမိတ္တ မိတ်ကောင်း ဆွေကောင်း သူငယ်ချင်းကောင်း နဲ့တွေ့သွားတယ်။

မြတ်စွာဘုရားက ပလ္လင်တော်မြတ်ပေါ်မှာ တရားဓမ္မတွေ ဟောကြားနေခိုက်၊ ပဋာစာရီ က ပြေးရင်းလွှားရင်းရောက်လာတဲ့အခါ မြတ်စွာဘုရားက လှမ်းကြည့်ပြီး ခေါ်တော်မူလိုက်တယ်၊ ချစ်သမီး ပဋာစာရီလာခဲ့ လာခဲ့ လို့ ဘုရား ခေါ်တဲ့အခါ ဒီနေရာမှာ ပဋာစာရီ ရဲ့ အတိတ်ကြောင်းလေး နည်းနည်းပြောချင်ပါသေးတယ်၊ ပဋာစာရီ ဟာ ကမ္ဘာတစ်သိန်းထက်က ပဒုမုတ္တရ မြတ်စွာဘုရားထံမှာ သင်္ကန်း လှူဒါန်း ပြီးတော့ နောင်တစ်ဆူ သော ဘုရားထံမှာ ၀ိနည်း ဓိုရ် ဧတဒဂ် ရတဲ့ ဘိက္ခုနီမ ဖြစ်ပါရစေ လို့ ဆုတောင်းလာခဲ့ သတဲ့..နော်။

ဒါကြောင့် မြတ်စွာဘုရား ရှင်က ခေါ်တော်မူလိုက်တဲ့အခါ ပဋာစာရီ က မြတ်စွာဘုရား ကို လှမ်းကြည့်လိုက်တယ်၊ မြတ်စွာဘုရား က ချစ်သမီး ပဋာစာရီ သတ္တ၀ါ တစ်ယောက် သောက ရောက်လို့ ငိုကြွေးရတဲ့ မျက်ရည်ကို စုထားမယ် ဆိုရင် သမုဒ္ဒရာလေးစင် မှာရှိတဲ့ ရေတွေ က နည်းပါသေးတယ်၊ ချစ်သမီး တို့ကျခဲ့ရတဲ့ မျက်ရည်တွေက သမုဒ္ဒရာ လေးစင်းက ရေတွေ ထက် တောင် မကပါဘူး..တဲ့၊ ချစ်သမီး ပဋာစာရီသင် ဘာကြောင့် မေ့လျော့နေရသလဲ လို့ ပြောလိုက်တော့ ပဋာစာရီ သတိ တွေရလာတယ်။တရားနာပရိသတ်ထဲက တစ်စုံတစ်ယောက်က အ၀တ်ကလေး တစ်ခု ပစ်ပေးလိုက်တယ်၊အဲဒီ အ၀တ်ကလေး ပတ်ပြီးတော့ မြတ်စွာ ဘုရား ခြေတော် အစုံ ပြေးပြီးတော့ ဘုရားတပည့်တော်မ ကိုကယ်တော်မူပါဘုရား..လို့ ဆိုတော့ မြတ်စွာဘုရားက တရားဟော ပါတယ်။

နသန္တိ ပုတ္တာ တာဏာယ နပိတာ နာပိ ဗန္ဓ၀ါ အန္တကေ နာဓိပန္နဿ နတ္ထိ ဉာတီသုတာဏတာ။

ဧတ မတ္တ၀သံ ဉ တွာ ပဏ္ဍိတော သီလ သံဝုတော နိဗ္ဗာန ဂမနံ မဂ္ဂံ ခိပ္ပ မေ၀ ၀ိသောဓယေ။

တဲ့..။ ဒီ တရားဒေသနာ အဆုံးမှာ ပဋာစာရီ သောတာပန် ဖြစ်တော်မူသတဲ့..။ မြတ်စွာဘုရားက ပဋာစာရီကို သေမယ့် ဘေးတွေ့လာပြီး ဆိုရင် မသေအောင် ကာကွယ်စောင့်ရှောက်တတ်တဲ့ သားလဲ မရှိပါဘူး ၊သမီးလဲ မရှိပါဘူး၊ အမေလဲ မရှိပါဘူး ၊ အဖေ လဲ မရှိပါဘူး၊ သေ ဘေးနဲ့ တွေ့လာရင် သား ကိုလဲ အားကိုးလို့ မရပါဘူး၊ သမီးကိုလဲ အားကိုး မရပါဘူး ၊အမေ ကိုလဲ အားကိုးလို့ မရပါဘူး ၊ အဖေ ကိုလဲ အားကိုး လို့မရပါဘူး၊ လို့ ဘုရား ရှင် ဟောကြားတဲ့ ဒေသနာ အဆုံး နိဂုံး ချုပ်တဲ့အခါ ပဋာစာရီ လည်း သောတာပန် ဖြစ်တယ်၊ သူငယ်ချင်းကောင်း ဆိုတဲ့ ကလျာဏ မိတ္တ ကိုရတဲ့ အတွက်ကြောင့် သဗ္ဗညု မြတ်စွာဘုရားဆိုတဲ့ကလျာဏ မိတ်ဆွေကောင်းကို ရတဲ့ အတွက် ပဋာစာရီ ရဲ့ ရင်ထဲမှာ ခံစား နေရတဲ့ သောက ပရိဒေ၀ တွေလွတ်မြောက်သွားရတယ်။

ဒီ ဇာတ်လမ်းနှင့် တကွ အရှင်အာနန္ဒာ ရဲ့ တွေးပုံ မြတ်စွာဘုရား ရဲ့ ဖြေကြားပုံ များ ကို

ရူမြင်သုံးသပ်သောအားဖြင့် လောကတွင် မိတ်ကောင်း ဆွေကောင်း သူငယ်ချင်း ကောင်းသည် ရာခိုင်နှုန်း(၁၀၀) လုံးလုံး အရေးပါအရာ ရောက်ကြောင်း သိမြင် နိုင်ပေတော့သည်။ ထိုကြောင့် သူငယ်ချင်း ကောင်းများကို ငွေဖြင့် မလဲ နိုင်သလို ငွေ သည် ရှာ၍ ရနိုင်သော် လည်း သူငယ်ချင်း ကောင်းကို ရှာတွေ့ဖို့ မလွယ်ကူနိုင်ပေ။ သူငယ်ချင်း ကောင်းလျှင် ကောင်းသလောက် ကုသိုလ် ပညာ ဥစ္စာ တိုးသထက် တိုးပွားနိုင်မည်ဖြစ်သလို နောက်သံသရာ အတွက်လည်း ကောင်းလိမ့်မည်ဟု စာဖတ်ပရိသတ်တို့ ရင်ထဲတွင် မမေ့ သင့်

တော့ပေ။

စာဖတ်ပရိသတ် အားလုံး သူငယ်ချင်းကောင်းနှင့် တွေ့စုံကြ၍ ပေါင်းသင်း နိုင်ကြပါစေသော်..။


ရေးသားတင်ပြသူ- အရှင်နန္ဒမဉ္ဇူ

အနှိုင်းမဲ့ စာတိုပေစများ မှ share ပါသည်...

http://www.facebook.com/notes/#!/photo.php?fbid=273811129368683&set=a.262419240507872.61410.262412337175229&type=1&theater

Shared from Ma Monica Pyone

Min Shi Say Chin Tel - Rain Moe and Dawrid

Friday, March 30, 2012

"အတ္တကို အင်တာဗျူးမိခြင်း"

---ရွာပြင်မှာ

ဟန်တပြင်ပြင်နဲ့

ဆင်ဖမ်းမယ်...ကျားဖမ်းမယ်

တကဲကဲနဲ့

ရွာထဲလည်းဝင်ရော

အဒေါ်ရေ

ခွေးကြည့်ပါဦး ဆိုတဲ့လူတွေ

ငါကြုံဖူးတယ်။

---စာမတတ်သူကို

ငါက စာဖတ်ပြတော့

တစ်ကြောင်းလိုသေး

ငါလခွေးလို့

ပြောခံခဲ့ရ ငါ့ဘဝ

ဒါပေမယ့် ...ငါနောင်တ မရခဲ့ပါဘူး။

---သွေးသား မသန့်သူက

သမင်နဲ့ လိပ်သား

ဓာတ်စာတောင်း ...ကောင်းရောလားဗျာ။

---ပေါင်ရင်းခြေပြတ်သူက

ဧရာဝတီမြစ်မင်း

ပျင်းတောင်ပျင်းသေး

ချက်ချင်းပဲ ...ကူးပြချင်တယ်တဲ့။

---လက်နှစ်ဘက် ပြတ်သူက သစ်ပင်တက်မှာ

သူက... အိပ်စပတ် (Expert)တဲ့။

---ဒါတွေကို ပေါင်းခြုံကြည့်တော့

အတ္တမာန် အတ္တဟန်

အတ္တဆန်တယ် ထင်ပါရဲ့။

---နှုတ်က ...ဗုဒ္ဓ

စာက ...ဗုဒ္ဓ

လက်တွေ့ကြတော့ ...အတ္တ

ဆင်ခြင်သင့်တာက ...အနတ္တ။

---ကိုယ့်ဥမှ ကိုယ့်ဥ

ကိုယ်သိ ကိုယ်တတ်

ကိုယ်သာ မြတ်တယ်

ငတ်တဲ့သူ ...ငတ်ပစေ

ငါနဲ့ မဆိုင်

ငါနဲ့ မတည့်ရင်

ငရဲပို့ပစ်မယ်လို့ ကြိမ်းဝါး။

---ကိုယ့်ဟာကို အတ္တကျေးကျွန်

အတ္တနွံမှာ

အတ္တတံခွန်

အတ္တအလံ ထူပြီး

အတ္တနိုင်ငံ ထူချင်သူတွေ

တစ်နေ့တစ်ခြား

ဒုနဲ့ ဒေးနဲ့ များလာပြီ ထင်ပါရဲ့။

---ဘယ်သူသေသေ

ငတေမာရင် ပြီးရော

သဘော မမြင့်မြတ်ရင်ဖြင့်

သောက အထပ်ထပ်နဲ့

လားရာကတော့ ...အဝီစိမှတ်။

---အတ္တလွန်ကဲ

မာန်စွဲပြင်းထန်

ကောင်းမဲ့ သဏ္ဍာန်

ဘယ်လိုပင် ဟန်လုပ်လုပ်

ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း

ဘယ်လိုပဲ ...ဆင်ခြင် ...ဆင်ခြင်

တရားစခန်းတွေ

ဘယ်လိုပဲ ...ဝင်...ဝင်။

---အတ္တမပြုတ်

အတ္တမဖြုတ်ရင်

သင်ဟာ အာ့လကားလူ

ဗုဒ္ဓကို...

မထီမဲ့မြင် အာခံသူလို့

ငါ သတ်မှတ်လိုက်ပြီ။



ကောင်းကောင်း(လက်ပံတန်း)

THAZIN Singapore Success Megazine

September 2010

Wednesday, March 28, 2012

Bunny Phyo: Anniversary :)

ကိုယ့်ဇနီးအပေါ်မှာသစ္စာရှိပါ.......

အမျိုးသား - ကျွန်တော်ကအိမ်ထောင်ရှိပါတယ်။ ဒါပေမဲ့ အခြားမိန်းကလေးတစ်ယောက်ကို

ရူးရူးမူးမူး ချစ်မိနေတယ်။ အဲဒါဘယ်လို လုပ်ရမလဲ။

အတိုင်ပင်ခံ - ဒီမိန်းကလေးဟာ သင့်ဘ၀အတွက် နောက်ဆုံး ချစ်နိုင်တဲ့

မိန်းကလေးဆိုတာ သင်သေချာလား။

အမျိုးသား - ဟုတ်ပါတယ်။

အတိုင်ပင်ခံ - ကွာရှင်းပြီး ခုမင်းချစ်နေတဲ့ တစ်ယောက်ကို ယူလိုက်။

အမျိုးသား - ဒါပေမဲ့ ခုလက်ရှိမိန်းမက နားလည်ပေးတယ် သည်းခံတယ် တော်တယ်။

ကျွန်တော်ဒီလို လုပ်ရင် သူ့အတွက် ရက်စက်ရာ ကျမလား။

အတိုင်ပင်ခံ - အိမ်ထောင်ရေးဆိုတာ တရားတယ် ရက်စက်တယ်လို့ ဆိုတာတွေ မရှိပါဘူး။ ခု

မင်းချစ်နေတာက တခြားမိန်းကလေးဖြစ်နေပြီ။

အမျိုးသား - ဒါပေမဲ့ ကျွန်တော့် မိန်းမက ကျွန်တော့်ကို အရမ်းချစ်တာ။

အတိုင်ပင်ခံ - ဒါဆို သူက ပေးဆပ်မှုနဲ့ ပျော်ရွှင်နေတယ်။

အမျိုးသား - ကွာရှင်းပြီး တခြားမိန်းကလေးကို လက်ထက်လိုက်ရင်

သူနာကျင်ခံစားရလိမ့်မယ်။

အတိုင်ပင်ခံ - အိမ်ထောင်အရပြောရရင် မင်းကို ချစ်နေတဲ့ အချစ်ကို သူမ

ပိုင်ဆိုင်နေမယ်။ ဒါပေမဲ့ ဒီအိမ်ထောင် မှာ မင်းက သူ့ကို ချစ်တဲ့ အချစ် မင်းမှာ

မရှိတော့ဘူး။ မင်းက တခြားတစ်ယောက်ကို မင်းရဲ့အချစ်တွေပေးလိုက်လို့။ မင်း သူ့ကို

မချစ်တော့တဲ့ အတွက် မင်းဆုံးရှုံးနေတာ နာကျင်မှာ မင်းပဲ။

အမျိုးသား - ကျွန်တော် နောက်တစ်ယောက်နဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်သစ်ကို

အစပြုတော့မှာ။ သူ့ ကျွန်တော့်ကို ဆုံးရှုံးတာ။

အတိုင်ပင်ခံ - မင်းမှားနေပြီ။ သူမ က ဒီအိမ်ထောင်မှာ ဒီအချစ်စစ် တစ်ခုနဲ့

သူလျှောက်လှမ်းနေတာ။ သူ့ရဲ့ အချစ်စစ်ကို သူပေးဆပ်တယ်။ သူ ပျော်တယ်။ မင်းသာ

မင်းကို အချစ်စစ်နဲ့ ချစ်နေတဲ့သူကို မင်းလက်လွတ်ဆုံးရှုံးရမှာ။

အမျိုးသား - သူမပြောဖူးတယ်။ သူမက ကျွန်တော်ကလွဲပြီး တခြားတစ်ယောက်ကို

မချစ်နိုင်တော့ဘူးတဲ့။

အတိုင်ပင်ခံ - ဒီလို စကား မင်းကော ပြောဖူးသလား။

အမျိုးသား - ကျွန်တော်………..

အတိုင်ပင်ခံ - မင်းရှေ့ကီဖယောင်းတိုင် ၃ တိုင်ကို ကြည့်လိုက်။ ဘယ်ဟာ

အလင်းဆုံးလဲ။

အမျိုးသား - မသိပါဘူး။

အတိုင်ပင်ခံ - ဒီဖယောင်းတိုင် ၃ တိုင်သာ မိန်းကလေး ၃ ယောက်ကို

ကိုယ်စားပြုနေမယ်ဆိုရင် ဒီ လူ့လောကမှာ မရေမတွက်နိုင်တဲ့ မိန်းကလေးတွေရှိတယ်။

ဒီ ၃ တိုင်တောင် ဘယ်တိုင်က ပို လင်းပြီး တောက်ပ နေတယ်ဆိုတာ မင်းမပြောနိုင်ဘူး။

အခု မင်းချစ်နေတဲ့ တစ်ယောက်က မင်းရဲ့ နောက်ဆုံးချစ်နိုင်တဲ့ မိန်းကလေးဆိုတာကို

မင်း ပြောနိုင်လား။

အမျိုးသား - ကျွန်တော်…………

အတိုင်ပင်ခံ - မင်း အခု ဖယောင်းတိုင်တစ်တိုင်ကို မင်းယူလိုက်။ မင်းစိတ်နဲ့

ကြည့်လိုက် ဘယ်အတိုင် အလင်းဆုံးလဲ။

အမျိုးသား - ကျွန်တော် ကိုင်ထားတဲ့ အတိုင်ပေါ့ဗျာ။

အတိုင်ပင်ခံ - ကယ် နဂိုနေရာပြန်ထားလိုက်။ ဘယ်အတိုင် အလင်းဆုံးလဲ။

အမျိုးသား - မသိတော့ဘူး။

အတိုင်ပင်ခံ - မင်းခုနက ယူလိုက်တဲ့ ဖယောင်းတိုင်က မင်းလက်ရှိ မိန်းမကို

ကိုယ်စားပြုမယ်ဆိုရင် အချစ်ဆိုတာ ရင်ထဲက ဖြစ်လာတဲ့ အတွက် မင်း သူ့ကို ချစ်နေရင်

မင်းစိတ်ထဲမှာ သူဟာအလင်းဆုံး မင်းသာ သူ့ကို စိတ်ထဲမှာ မထားဘူး

နဂိုနေရာမှာဆိုရင် မင်းစိတ်ထဲကို မထည့်တဲ့ အတွက် အလင်းဆုံးကို မင်းတွေ့မှာ

မဟုတ်ဘူး။ ချစ်တယ် မချစ်တယ် ဆိုတာ မင်းရဲ့ စိတ်ပါပဲ။

အမျိုးသား - အော်။ ကျွန်တော်နားလည်ပါပြီ။ တကယ်ကွာရှင်းခိုင်းတာမဟုတ်ပါဘူးလား။

လမ်းမှန်ကို ရောက်အောင် လမ်းညွန်ပြနေတာပါလား။

အတိုင်ပင်ခံ - ကယ် နားလည်ပြီဆိုရင် မင်းရဲ့ စိတ်နဲ့ အလင်းဆုံး

ဖယောင်းတိုင်တစ်တိုင်ကို မင်းစိတ်နဲ့ သွားရှာတော့…..

အမျိုးသား - ကျွန်တော် ရင်ထဲမှာ ဘယ်သူအလင်းဆုံးလဲ ဆိုတာ ကျွန်တော်သိပြီ။

ကျွန်တော့် မိန်းမပါ။

ဒီ လူ့လောကကြီးမှာ အိမ်ထောင်ရေးဆိုတဲ့ တံတိုင်းကြီးပေါ့… တံတိုင်းထဲ နဲ့

တံတိုင်းပြင် ပေါ့။

အပြင်မှာ ရှိနေတဲ့ သူတွေက အထဲဝင်ချင် အထဲမှာရှိတဲ့ သူက အပြင်ထွက်ချင်။ အထဲမှာ

ရှိတဲ့ သူတွေကလဲ အပြင်ဘက်က ရူ့ခင်းတွေကို ကြည့်ချင်။ ရထား

ပိုင်ဆိုင်ထားတာတွေနဲ့ မကျေနပ်ကြဘူး။ မရောင့်ရဲကြဘူး။ မိုးပေါ်ကကြယ်လေးတွေ

လင်းလက်နေတာကို မက်မောကြတယ်။ ကိုယ့်ရဲ့ အိမ်မှာ နွေးထွေးတဲ့ ဟင်းနဲ့

စောင့်နေတာကို မမြင်ကြဘူး။ သာမာန်ရိုးကျ နေ့စဉ်လုပ်ရပ်တွေကို ငြီးငွေ့လာတယ်။

အချစ်သစ်ရဲ့ စိတ်လှုပ်ရှားမှုတွေကို မက်မောလာတယ်။ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကို

အဝေးမှာပဲ ထင်ပြီး နောက်တစ်ယောက် လာခေါ်ဆောင်မှုကို စောင့်စားနေတယ်။.

နောက်တစ်ယောက်ကြောင့် ဘ၀ဟာ စိုပြေလာတယ်လို့ ထင်လာတယ်…. ဒါကို သင်က

ကျေနပ်နေမိတယ်….

တစ်ချို့အရာတွေက မသိစိတ်ကနေ စိတ်ထဲမှာ ဖြစ်ပေါ်လာတယ်… စိတ်ထဲမှာ ဖြစ်လာတဲ့

အတိုင်း လုပ်ကြတယ်….. ဒီလိုနဲ့ ပဲ ဖေါက်ပြန်မှုတွေက များပြားလာတော့တာပေါ့…….

ရေးသားသူ - အိမ့်ရတနာချစ်

Shared from Ma Moenge Aung

Tuesday, March 27, 2012

ဝေဘူဆရာတော်ဘုရားကြီး၏ ဝိပဿနာ ရှုနည်း

နှာဖျား နှာဝမှာ ထွက်လေ ဝင်လေသည် အမြဲတိုက်ဝင်နေသည်။နှာဖျား နှာဝမှာ ကာယသာဒခေါ် ရုပ်အကြည်ဓါတ်က အထိခံနေသည်။

ဝင်လေထွက်လေက ထိလာခြင်း ဖြစ်သည်။ ထိုအထိခံနှင့် ထိတာသည် ရုပ်ချည်းဖြစ်ပြီး ထိတာကို သိတာက နာမ်ဖြစ်သည်။ ကိုယ့်နှာဝကိုဥာဏ်ဖြင့် စောင့်ကြည့်ရမည်။ ထိဝင် ထိထွက်တာကို သိနေစေရမည် ။သိအောင် မှတ်နေရမည်။ ထိုသို့ ထိတာကို သိလျှင် လောဘ ၊ ဒေါသ၊ မောဟ ဖြစ်ခွင့် မရသဖြင့် ငြိမ်းနေသည်။

ဝိပဿနာဟူသည် ပစ္စုပ္ပန် ( ဖြစ်ဆဲ ) ကိုသာ ရှုမှတ်ရသည်။ နှာဝကို ဝင်လေ ထွက်လေ မထိခင် မှတ်၍လည်း မဖြစ် ၊ သိ၍လည်း မဖြစ် ၊ထိပြီးနောက်မှ မှတ်၍ သိ၍ မဖြစ်။ ဝင်လေထွက်လေ ထိဆဲကိုသာ ”ထိတယ် ” ဟု သိနေအောင် မှတ်ရသည် ။ ထိတာကို သိနေလျှင်ရုပ် နှင့် နာမ် သာ ရှိကြောင်း ၊ ငါ သူတစ်ပါး ယောင်္ကျား မိန်းမ မရှိကြောင်း သူတစ်ပါးကို မေးနေဖွယ်မရှိ ၊ မိမိဘာသာ သိလာလိမ့်မည်။ထိတာကို သိနေလျှင် ဥာဏ်အမြင်စင်ကြယ်ပြီး သမ္မာဒိဋ္ဌိ (အမြင်မှန်) ဖြစ်နိုင်သည်။ ထိုသို့ ထိတာကို သိနေလျှင် ရုပ် နှင့်နာမ် ကွဲပြားမှုကိုပါ ဥာဏ်ဖြင့် သိလာ တတ်သည်။ ထိုသို့ သိသော ဥာဏ်ကို နာမရူပ ပရိစ္ဆေဒ ( ရုပ်နှင့်နာမ်ကို ခွဲခြားသိမှု ) ဥာဏ်ဟု ခေါ်သည်။

နှာဖျား နှာဝမှာ ထိလိုက် ပျောက်လိုက် တရိပ်ရိပ် ဖြစ်ပျက်နေပုံကို ရှုမှတ် သိမြင်နေရမည် ။ ထိုသို့ သိမြင်နေတာ ကြာလာလျှင်ဝိပဿနာ သမာဓိ တစထက် တစ တိုးတက်ပြီး နှာဖျား နှာဝမှာ သာမက တစ်ကိုယ်လုံးမှာ တရိပ်ရိပ် တရွှရွှ အနတ္တ ( မိမိမစိုးပိုင်မှု ) သဘောတို့ကို သိမြင်လာ လိမ့်မည်။ ပါးစပ်က မဆိုရပေ။ ဝိပဿနာ အလုပ်ဟူသည် ထိမှုကို ကြည့်ရူ သိမှတ်နေရုံသာ ဖြစ်သည် ။ ထိုသို့ ရှုမှတ်နေလျှင် တစ်နေ့ထက် တစ်နေ့ တိုးတိုးပြီး အလိုလို သိလာမည်ဖြစ်သည်။ ဤသို့ဖြင့် တရိပ်ရိပ် ဖြစ်ပေါ်သော ထိမှု သိမှုတို့ကို ရှုမှတ်နေရင်းပင် မဂ်ဥာဏ် ဖိုလ်ဥာဏ်တို့ ဆိုက်ရောက်လာမည် ဖြစ်သည် ။

မဂ်ဥာဏ် ဖိုလ်ဥာဏ် ရပြီးနောက် ဖလသမာပတ်ကို ဝင်စားချင်လျှင် မိမိလာခဲ့သည် ဝိပဿနာ လမ်းကို ပြန်ကြည့်ရသည် ။ ဖလသမာပတ်ကိုဝင်စားချင်လျှင် မိမိလာခဲ့သည့် ဝိပဿနာလမ်းကို ပြန်ကြည့်ရသည်။ ဖလသမာပတ်ဟူသည် ကိုယ်ပိုင်အိမ်နှင့် တူပေသည် ။သို့ဖြစ်၍ မဂ်ဥာဏ် ဖိုလ်ဥာဏ်ရရှိရန် ထိမှု သိမှုကို လုံ့လဝီရိယဖြင့် ကြည့်ရှု မှတ်သားနေကြ ရပါမည်။

Shared from Ko Kyaw San

ဖြေဆည်မိပါတယ်

ကောင်မလေးရေ Facebook ဖေ့ဘုတ်ဖွင့်လိုက်တိုင်း ကောင်မလေးကို ဦးဦးဖျားဖျား ရှာနေမိတယ် နံနက် ၈ နာရီ နေ့လည် ၂ နာရီ ညနေ ၅ နာရီ ည ၆ နာရီ ည ၁၀ နာရီ ရှာနေမိတယ်..မျှော်ရတာ ရင်မောလာတယ် ကောင်မလေးရေ… အဲဒါ ကောင်မလေးကို စွဲလန်းနေမိလို့လား..စိတ်မောရပါတယ်ကလေးရယ်…ကောင်မလေးက ဖေ့ဘုတ်ပေါ်တက်လာတော့ ကိုယ့်များ မေးခေါ်ပြောထူးလုပ်မလားလို့ မျှော် မိတယ် လုံးဝ chatting ချက်တင်ဝင် စကားမပြောသွားတော့ ၀မ်းနည်းမိပြန်တယ်..စိတ်မကောင်းလို့ ကိုယ့် စိတ် ကို ကိုယ်ဖြေဆည်မိပါတယ်…။

အော် အချိန်တန်တော့လည်း လူတွေဟာ သေသွားကြရတာပါပဲ..သေတော့လည်း အားလုံးကို ခွဲခွာသွားကြရတာပါ … အကယ်၍များ အခုနေ ကောင်မလေးကို စွဲလန်းစိတ်နဲံ့ သေ သွားခဲ့သော် အပါယ်ဒုက္ခရောက်မှာ သေချာတယ် .. စွဲလန်းမိတဲ့စိတ် သံယောဇဉ် သည် ဒုက္ခကို ဖြစ်စေတယ် တဲ့

ကောင်မလေးရေ စိတ် ကို ဖြေဆည်ယင်း ကောင်မလေးအကြောင်းတွေးမိပြန်တယ်…ကိုယ်ကသာ သူ့ကိုမျှော်နေတာ .. သူကကိုယ့်ကိုသတိမရပါဘူး.. သူ ဖေ့ဘုတ်သုံးပြီး ပြန်ခါနီး နှုတ်ဆက်လျှင် ကိုယ့်ကို နှုတ်ဆက်ဘို့ သတိမရဘူး ကောင်လေးတွေကို မေးခေါ်ပြောထူးလုပ် နှုတ်ဆက်သွားတော့တာပါပဲ .. ကိုယ့်ကြတော့ သတိမရပါလားလို့ ၀မ်းနည်းမိပြန်တယ်လေ.. အင်း စိတ် ကို ဖြေဆည်ပြီးနေရပါတယ် ကောင်မလေး ရေ

တကယ်ဆို လူတွေ အားလုံးဟာ တနေ့နေ့ တချိန်ချိန် ရှင်ကွဲ ကွဲလျှင်ကွဲ ၊ မကွဲလျှင် သေကွဲ ကွဲ ရမှာပါ ၊ သေ ကွဲ ကွဲ ပြီးတာတောင် ဘုံ ဘ၀ တွေ ကွဲကြရဦးမှာပါ ၊ ကွဲကွာကြရဦးမှာပါ ။ Facebook မှာ ဆုံပြီး Facebook ထဲမှာပင် ကွဲကွာကြ တာ သဘာဝ ပါပဲလေ ၊ သဘာဝ လောက က ဖြစ်တတ် ပျက်တတ် တဲ့ သဘောရှိတာပါပဲ ၊ စွဲလန်းမနေတော့ပါဘူး ကောင်မလေးရေ

အင်း စိတ် ဆိုတာ မျောက်စိတ်လိုပါပဲ ဟိုခုန်ဒီခုန် နဲ့ .. မစွဲလန်းတော့ပါဘူးလို့ ဆုံးမယင်း ကောင်မလေးနဲံအတူတူ ဘုရားသွားကျောင်းတက် လုပ်ချင်လာတယ် … ဒါနဲ့ ကောင်မလေးကို ပြောမိတယ် အတူတူ ဘုရားသွားကျောင်းတက်လုပ်ရအောင်လို့ .. ကောင်မလေးက No တဲ့ .. ကိုယ်စိတ်မကောင်းဘူးကွာ.. ၀မ်းနည်းမိတယ်.. အင်း ၀မ်းနည်းမိပြန်တော့ ဖြေဆည်ရပြန်တာပေါ့

ကောင်မလေး ကို ကိုယ့်ကို အမြဲ သတိရ နေစေချင်တယ် .. ဖြစ် မလာဘူး လေ .. တွေးစမ်းပါ .. လောကဆိုတာ ဖြစ်စေချင်တာတွေ ဖြစ်လာလို့လား ပျက်စေချင်တာတွေ ပျက်သွားလို့လား … လောကကြီးကို အစိုးရလို့လား .. ကောင်မလေးကို စိုးမိုးဘို့မပြောနဲ့ ကိုယ့်ကိုကိုယ်ရော အစိုးရ လို့လား အမိန့်ပေးစမ်းပါ မအိုနဲ့ မနာနဲံ မသေနဲ့ .. ကိုယ့်ကိုကိုယ် အမိန့်ပြန်ပေးတယ် ဝေဒနာတွေ မဖြစ်နဲံ့လို့ .. အမိန့်ပေးလို့မရပါ .. ကိုယ့်ကိုကိုယ်တောင် မပိုင်တာ ၊ ကောင်မလေးကို ကိုယ်ဖြစ်စေချင်သလို ဖြစ်အောင်လုပ်လို့မရဘူးလေ .. အရာရာဟာ သူ့သဘောသူဆောင်လို့ ဖြစ် ပျက် နေတာလေ ၊ ဖြစ်ပြီးတော့လည်းပျက်သွားတာပါပဲ ၊ ဘာမျှ မရှိပါတကား ၊ ဘာမျှ ငါ့ပိုင် မဟုတ်ပါတကား ၊ ငါ ဆိုတာကော တကယ်မရှိပါတကား

စိတ် ထဲ နည်းနည်းပေါ့ သွားတယ် ကောင်မလေးရေ .. ကိုယ့်ဆရာက ဆုံးမဘူးတယ် .. တသံသရာလုံးကျ တဲ့ မျက်ရည် အနာဂမ်ဖြစ်မှ သိမ်းမှာတဲ့ .. မျက်ရည်ကျတယ်ဆိုတာ အနာဂမ်မဖြစ်သေးလို့ပါလား

ဖြစ် ပျက် မြင် ၊ ဖြစ် ပျက် မုန်း ၊ ဖြစ် ပျက် ဆုံး ကိုမသိသေးသ၍ မင်း မျက်ရည်ကျနေဦးမှာလား တဲ့

ဖြေဆေး ဖြေဆေး အကောင်းဆုံး ဖြေဆေး .. ငါ ဆိုတာ တကယ်ရှိတာ မဟုတ်ဘူးလို့ သိလျှင် ငါ မြင်တယ် ငါ ခံစားတယ် ငါ မှ ဖြစ်ရလေခြင်းရယ်လို့ ရင်ကျိုးမရ ပူလောင်တာတွေ သက်သာသွားမှာပါ တဲ့ အပူမီးတွေ ငြိမ်းအောင် ၀ိပဿနာ ဖြေဆေး ကိုပဲ အားကိုးပါရစေတော့ ကောင်မလေးရေ .. တကယ်ဆို ကိုယ် အားကိုးရမှာက ကိုယ့်တရားပါပဲ ကိုယ်တွေ့ ၀ိပဿနာ တရားပါပဲံ ကောင်မလေးရေ

တရားနှလုံး ကိုယ်စီသုံး ရွှင်ပြုံးကြပါစေ

Shared from Ko Kyaw San


ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံနှင့် အဓိကကျင့်စဉ်

ငါးပါးသီလဟာ အဓိကကျင့်စဉ်လား

... “အရှင်ဘုရား၊ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အဓိက အခြေခံကျင့်စဉ်ဟာ ဘာပါလဲဘုရား၊ အခြားဘာသာတွေမှာလို ဥပမာ-ခရစ်ယာန်ဘာသာမှာ ပညတ်တော်ဆယ်ပါး၊ အစ္စလာမ်ဘာသာမှာဆိုရင် တနေ့ ဘုရားဘယ်နှခါ ဝတ်ပြုရမယ်၊ အရက် သေစာ ရောင်းဝယ်မှု သောက်စားမှု မပြုရဘူး၊ လောင်းကစား မလုပ်ရဘူး၊ ဝင်ငွေရဲ့ ရာခိုင်နှုန်းမည်မျှကို ဆင်းရဲသားတွေကို ပေးလှူရမယ် စသည်ဖြင့် ပညတ်ချက်တွေ ရှိပါတယ်။ တပည့်တော်တို့ ဗုဒ္ဓဘာသာမှာကော အဲဒီလိုမျိုး ရှိပါသလား။ ငါးပါးသီလဟာ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အဓိက အခြေခံကျင့်ဝတ် ဖြစ်ပါသလား”လို့ ခဏ ခဏ မေးလျှောက်ခံရသည်။

ငါးပါးသီလကို ဗုဒ္ဓဘာသာ၏ အဓိက အခြေခံကျင့်ဝတ်ဟု အများစုက ထင်တတ်ကြသည်။

ထို့ကြောင့် အခြားဘာသာဝင်တယောက်က – “မင်းတို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အခြေခံကျင့်ဝတ်က ဘာလဲ” ဟု မေးလာသောအခါ ငါးပါးသီလဟု ဖြေတတ်ကြသည်။

ထိုအခါ အခြားဘာသာဝင်များက “မင်းတို့ရဲ့ ဘာသာရေးအခြေခံကျင့်ဝတ်က ငါးပါး၊ တို့ရဲ့ ဘာသာရေး အခြေခံကျင့်ဝတ်က ဆယ်ပါး၊ တို့များဘာသာက ပိုကောင်းတယ်” ဟု ဆိုသည်နှင့် ကြုံသောအခါ ဗုဒ္ဓဘာသာဝင်တို့မှာ ဇဝေဇဝါ ဖြစ်ရတော့၏။

ဘာသာရေးအခမ်းအနားတိုင်း၌ ခံယူဆောက်တည်လေ့ရှိသောကြောင့် ငါးပါးသီလကို မိမိတို့ ဗုဒ္ဓဘာသာဝင်များ၏ အဓိက အခြေခံကျင့်ဝတ်ဟု အလွယ်တကူ မှတ်ယူတတ်ကြသည်။

အမှန်မှာ ငါးပါးသီလသည် ဗုဒ္ဓဘာသာဝင်တို့၏ မူပိုင် အဓိကကျင့်ဝတ် မဟုတ်။

ဘုရားရှင် မပွင့်မီကပင် ပညာရှိသူတော်ကောင်းတို့ လက်ခံ ကျင့်သုံးခဲ့သော ကျင့်ဝတ်များ ဖြစ်သည်။ ကမ္ဘာ့လူသားတိုင်းက အချိန်မရွေး လက်ခံ ကျင့်သုံးသင့်သော ကျင့်ဝတ်များလည်း ဖြစ်သည်။



ဗုဒ္ဓဘာသာဝင်တို့၏ အဓိကကျင့်စဉ်

စင်စစ်အားဖြင့် ဗုဒ္ဓဘာသာဝင်များ၏ အဓိက အခြေခံကျင့်စဉ်မှာ အလယ်အလတ်လမ်းစဉ် (မဇ္ဈိမပဋိပဒါ) ဖြစ်သည်။

ထိုအခြေခံကျင့်စဉ်ကို ဘုရားရှင်သည် ဗာရာဏသီပြည် မိဂဒါဝုန်၌ ဟောကြားသည့် ပထမဦးဆုံး တရားတော်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။

ထိုလမ်းစဉ်သည် ကာမဂုဏ်အာရုံများကိုလည်း လိုက်စားမှု မပြု။ ခန္ဓာကိုယ်ကိုလည်း နှိပ်စက် ညှင်းပန်းမှု မပြုရသည့် အချက်ရှစ်ချက် ပါဝင်သော လမ်းစဉ် ဖြစ်သည်။

ထိုလမ်းစဉ်ကို လောက သံသရာမှ လွတ်မြောက်ရေးအတွက်သာ အလေးထား၍ ဟောကြားထားသော်လည်း နေ့စဉ်ဘဝအတွက်လည်း ဆွဲယူ အသုံးပြုနိုင်သည်။

အလယ်အလတ်ဟူသော စကားလုံးကို မျှတမှု၊ အစွန်းမရောက်မှု ဟူသော အဓိပ္ပာယ်နှင့် နေ့စဉ်ဘဝအတွက် အသုံးပြုပါက အရာရာတွင် အလွန်အကျွံ မဖြစ်စေဘဲ သင့်တင့်မျှတ ပျော်ရွှင်ချမ်းမြေ့စွာ ပြုမူနေထိုင်သွားနိုင်ပါလိမ့်မည်။

အစားအသောက် အနေအထိုင် အပျော်အပါး စသည်များကို လူ့သဘာဝအရ မကင်းနိုင်သဖြင့် ပြုလုပ်သော်လည်း အလွန်အကျွံ မဖြစ်ဖို့ အရေးကြီး၏။

အလယ်အလတ် မျှတဖို့ အရေးကြီး၏။

မျှတစွာ သုံးဆောင်ခံစားလျှင် ပျော်ရွှင်မှု သုခကို ရနိုင်မည် ဖြစ်၏။





မဇ္ဈိမပဋိပဒါ ကျင့်ရှစ်ဖြာ

(အလယ်အလတ်လမ်းစဉ်)

ဘုရားရှင်ဟောကြားထားသည့် အလယ်အလတ်လမ်းစဉ်မှာ -

- သမ္မာဝါစာ

- သမ္မာကမ္မန္တ

- သမ္မာအာဇီဝ

- သမ္မာဝါယာမ

- သမ္မာသတိ

- သမ္မာသမာဓိ

- သမ္မာသင်္ကပ္ပ

- သမ္မာဒိဋ္ဌိ ဆိုသည့် အချက်ရှစ်ချက် ပါသည့် လမ်းစဉ် ဖြစ်သည်။

ထိုရှစ်ပါးကို အကျဉ်းချုပ်က သီလ၊ သမာဓိ၊ ပညာ ဆိုသည့် ဗုဒ္ဓဘာသာဝင်များ၏ အခြေခံ အဓိကအချက်များကို တွေ့ရမည် ဖြစ်သည်။

ဘုရားရှင်သည် အဓိကအချက်သုံးချက်ကိုပင် အခြေခံ၍ လေးဆယ့်ငါးနှစ် ကာလပတ်လုံး တရားဒေသနာအမျိုးမျိုးကို ဒေသအသီးသီးတွင် ပုဂ္ဂိုလ်သတ္တဝါများ၏ စိတ်အခြေအနေကို ကြည့်၍ ဟောကြားခဲ့၏။

အလယ်အလတ်လမ်းစဉ်တွင် အချက်ရှစ်ချက်သာ ပါဝင်သော်လည်း ထိုရှစ်ချက်၏ အနက်အဓိပ္ပာယ်ကို အသေးစိတ် လေ့လာကြည့်က မည်မျှကျယ်ဝန်းကြောင်းကို ဖော်ပြပါအတိုင်း တွေ့နိုင်သည်။

သမ္မာဝါစာ

သမ္မာဝါစာ (ကောင်းမွန် မှန်ကန်သော စကား) ဆိုသည်မှာ -

(၁) မဟုတ်မမှန်သော စကားကို မပြောဆိုဘဲ မှန်ကန်သော စကားကို ပြောဆိုခြင်း။

(၂) တယောက်နှင့်တယောက် အထင်အမြင်လွဲအောင်၊ ခင်မင်မှုပျက်ပြားအောင်၊ ရန်ငြိုးဖွဲ့အောင် အတို့အထောင် ကုန်းချောစကားကို မပြောဆိုဘဲ အချင်းချင်း အဆင်ပြေအောင်၊ ခင်မင်မှုတိုးပွားအောင် ပြောဆိုခြင်း။

(၃) ရုန့်ရင်းကြမ်းတမ်းသောစကား၊ ရိုင်းစိုင်းသောစကား၊ ဆဲရေးတိုင်းထွာသောစကားများကို မပြောဆိုဘဲ ယဉ်ကျေးသိမ်းမွေ့သောစကားကို ပြောဆိုခြင်း။

(၄) အနှစ်သာရ မရှိသော ရောက်တတ်ရာရာ စကားများကို မပြောဆိုဘဲ မိမိသူတပါး နှစ်ဦးသားတို့ အကျိုးရှိမည့် စကားကို ပြောဆိုခြင်းတို့ ဖြစ်သည်။

သမ္မာကမ္မန္တ

သမ္မာကမ္မန္တ (ကောင်းမွန် မှန်ကန်သော ပြုလုပ်မှု) ဆိုသည်မှာ -

(၁) သူတပါးအသက်ကို မသတ်ဘဲ သတ္တဝါများ၏ အသက်ဘေးအန္တရာယ်ကို ကာကွယ်စောင့်ရှောက်ခြင်း။

(၂) သူတပါးပိုင် ပစ္စည်းဥစ္စာကို ခိုးယူခြင်း၊ ဖျက်ဆီးခြင်း၊ မတရား သိမ်းပိုက်ခြင်း စသည်တို့ကို မပြုလုပ်ဘဲ သူတပါး၏ စည်းစိမ်အိုးအိမ်ကို ကာကွယ် စောင့်ရှောက်ပေးခြင်း။

(၃) လင်ရှိမယား၊ မယားရှိလင်၊ အိမ်ထောင်ရှင်များနှင့် လိင်ဆက်ဆံမှု မပြု။ သူတပါး၏ သားပျို သမီးပျိုများကို အတည်တကျ လက်ထပ်ပေါင်းသင်းလိုစိတ် မရှိဘဲ အပျော်သက်သက်ဖြင့် လိင်ဆက်ဆံမှု မပြုဘဲ မိမိ၏ ဇနီးမယား လင်ယောက်ျားနှင့် သစ္စာရှိရှိ ပေါင်းသင်းနေထိုင်ခြင်းတို့ ဖြစ်သည်။

သမ္မာအာဇီဝ

သမ္မာအာဇီဝ (ကောင်းမွန် မှန်ကန်သည့် အသက်မွေးမှု) ဆိုသည်မှာ -

အဆိပ်၊ လက်နက်၊ သေအရက်၊ မူးယစ်ဆေးဝါး၊ ငါး တိရစ္ဆာန်အသားတို့ကို ရောင်းဝယ်ဖောက်ကားခြင်း၊ လူကို ရောင်းကုန်အဖြစ် သတ်မှတ်၍ စီးပွားရှာခြင်းတို့ မလုပ်ဘဲ သူတပါးတို့ကို မထိခိုက်စေမည့် စီးပွားရေးဖြင့် အသက်မွေးခြင်း ဖြစ်သည်။

အထက်ပါ အလယ်အလတ်လမ်းစဉ် သုံးပါးသည် အကျင့်သီလနှင့် ပတ်သက်သည့် လမ်းစဉ်များ ဖြစ်သည်။

ထိုလမ်းစဉ်သုံးပါးကို လေ့လာကြည့်လျှင် သူ့အသက် မသတ်ရ၊ သူ့ဥစ္စာ မခိုးရ၊ သူတပါး သားမယားနှင့် လိင်ဖောက်ပြန်မှု မပြုရ၊ လိမ်ညာ မပြောရ၊ သေအရက် ရောင်းဝယ်ဖောက်ကား သောက်စားမှု မပြုရ ဆိုသည့် ငါးပါးသီလတွင် ပါသည့် အချက်များကိုလည်း တွေ့ရမည် ဖြစ်သည်။

ထိုအကျင့်သီလနှင့်ဆိုင်သည့် ကျင့်ဝတ်များကို လူတိုင်း အတိအကျ လိုက်နာကျင့်သုံးလျှင်ပင် လူတိုင်း ဘေးရန်ကင်းကွာ စိတ်ချမ်းသာ၍ လောကကို သာယာ ချမ်းမြေ့မှုဖြင့် အလှဆင်နိုင်ပါလိမ့်မည်။

သမ္မာဝါယာမ

သမ္မာဝါယာမ (မှန်ကန်သည့် အားထုတ်မှု) ဆိုသည်မှာ -

(၁) မကောင်းသည့်အမှုများ (သူတပါး၏ အသက်ကို သတ်မှု၊ သူတပါးပစ္စည်းဥစ္စာ ခိုးယူ ဖျက်ဆီးမှု၊ သူတပါး ဇနီးမယား လင်ယောက်ျားနှင့် လိင်ဆက်ဆံမှု၊ သူတပါး သားပျို သမီးပျိုများကို ဖျက်ဆီးမှု၊ မမှန်မကန် ပြောဆိုမှု၊ အချင်းချင်း စိတ်ဝမ်းကွဲအောင် ပြောဆိုမှု၊ ရိုင်းစိုင်းကြမ်းတမ်းသည့် စကားကို ပြောဆိုမှု၊ အကျိုးမရှိ ရောက်တတ်ရာရာ စကားများကို ပြောဆိုမှု၊ သူတပါး တရားသဖြင့် ကြီးပွားချမ်းသာနေသည်ကို မကြားလို မမြင်လိုမှု၊ သူတပါး၏ ဘဝစည်းစိမ်ကို ဖျက်ဆီးလိုစိတ်ရှိမှု)ကို မပြုလုပ် မပြောဆို မကြံစည်မိအောင် အားထုတ်ခြင်း။

(၂) ထိုမကောင်းမှုများကို ပြုလုပ်မိခဲ့သော်လည်း အမှားကို ပြုပြင်ရန် သင်ခန်းစာယူရုံမျှလောက် မဟုတ်ဘဲ ပြန်လှန်တွေးတော ပူပန်မနေမိစေရန် အားထုတ်ခြင်း။

(၃) ကောင်းသည့်အမှုများ (ပေးကမ်းစွန့်ကြဲမှု၊ ကိုယ်ကျင့်တရားကောင်းအောင် ကြိုးစားမှု၊ စိတ်ဓာတ်မြင့်မြတ်ဖြူစင်အောင် ကြိုးစားမှု၊ မိမိထက် အသက် ဂုဏ်သိက္ခာကြီးသူတို့ကို ရိုသေလေးစားမှု၊ သူတပါးတို့အား ကူညီစောင့်ရှောက်မှု၊ မိမိကောင်းမှုပြုသည်ကို သူတပါးတို့အား ပြောကြား၍ ဝမ်းသာအတုယူစေမှု၊ သူတပါးတို့ ကောင်းမှုပြုသည်ကို ဝမ်းသာအတုယူမှု၊ တရားပေစာ နာကြား ဖတ်ရှု၍ ဗဟုသုတ ရယူ ပြုမူကျင့်ကြံမှု၊ မိမိသိပြီးသား တရားများကို သူတပါးတို့အား ပြောကြား၍ သိစေ ကျင့်ကြံစေမှု၊ မိမိ၏ အယူအဆ သံသယတို့ကို စာပေလေ့လာခြင်း မေးမြန်းခြင်းဖြင့် မှန်ကန်စေမှု) ကို ပြုလုပ်ရန် ကြိုးစားခြင်း။

(၄) ပြုလုပ်ပြီးသော ကောင်းမှုများကို သတိရ၍ နောက်ထပ်တဖန် ပြုလုပ်ရန် ကြိုးစားခြင်း တို့ ဖြစ်သည်။

သမ္မသတိ

သမ္မာသတိ (မှန်သော အမှတ်သတိရှိမှု) ဆိုသည်မှာ -

မိမိ၏ ခန္ဓာကိုယ်အတွင်း၌ ဖြစ်ပျက်လှုပ်ရှားနေမှု၊ အကောင်းအဆိုး စသည့် အမျိုးမျိုး ခံစားမှု၊ စိတ်၏ ဖြစ်ပျက်လှုပ်ရှားမှု အခြေအနေ၊ မြင်မှုကြားမှု စသည့် သဘာဝ အခြေအနေများကို စောင့်ကြပ် ကြည့်ရှု သတိပြုနေခြင်း ဖြစ်သည်။

သမ္မာသမာဓိ

သမ္မာသမာဓိ (မှန်သော တည်ငြိမ်မှု) ဆိုသည်မှာ -

သမထ ဝိပဿနာတရားကို ရှုမှတ် အားထုတ်သည့်အခါ ရှုမှတ်သည့် တရားအပေါ်တွင် စိတ်တည်ငြိမ်နေခြင်း ဖြစ်သည်။ ထိုသို့ စိတ်တည်ငြိမ်နေသည့်အခါ ကာမဂုဏ်အာရုံများနှင့်ပတ်သက်သည့် ကြံစည်မှု၊ သူတပါးကို ထိခိုက်နစ်နာစေမည့် တွေးကြံမှု၊ ကိုယ်စိတ်နှစ်ပါး ထိုင်းမှိုင်းလေးလံမှု၊ စိတ်မငြိမ်မသက် လှုပ်ရှားမှု၊ ယုံမှားတွေးတောမှုများ စိတ်ထဲတွင် မရှိတော့ဘဲ စိတ်သည် ကြည်လင်နေသည်။

စိတ်ကြည်လင်ရာမှ အဆင့်ဆင့် တက်ပြီး ဝမ်းသာမှု၊ စိတ်ချမ်းသာမှုများ ဖြစ်လာသည်။

စိတ်တည်ငြိမ် အားကောင်းလာသည့်အခါ စိတ်ထဲတွင် ဝမ်းနည်းဝမ်းသာ ချမ်းသာဆင်းရဲဆိုသည့် သဘောတရားများကို ခံစားမှု မရှိတော့ဘဲ ရှုမှတ်သည့် အာရုံအပေါ်တွင်သာ စိတ်သည် အသိတရားလေးနှင့် တည်ရှိနေခြင်း ဖြစ်သည်။

အထက်ပါ အလယ်အလတ်လမ်းစဉ် သုံးခုသည် လောကုတ္တရာရေးရာပိုင်းတွင် သမာဓိဆိုသည့် အပိုင်းနှင့် ဆက်စပ်နေသည်။

သို့သော် ထိုလမ်းစဉ်များကို နေ့စဉ်ဘဝ လူ့လောကနယ်ပယ်တွင်လည်း အသုံးချ၍ ရနိုင်ပါသည်။

မိမိ၏ နေ့စဉ်ဘဝတွင် မိမိဘာလုပ်နေသည်ကို သိနေရမည်။

မိမိသူတပါး နှစ်ဦးသားတို့အတွက် ကောင်းတာ လုပ်နေတာလား၊ မကောင်းတာ လုပ်နေတာလား ဆိုသည်ကို သိနေရသလို အကျိုးရှိ,မရှိကိုလည်း သတိပြုမိဖို့ လိုသည်။

မိမိ၏ အပြောအဆို အနေအထိုင် အပြုအမူ အကြံအစည်များကို သတိနှင့် စောင့်ကြည့်၍ အပြစ်မရှိ ကောင်းမည့် အကျိုးဖြစ်ထွန်းမည့် အလုပ်များကို လုပ်ဆောင်ရပါမည်။

ဤသို့ ပြုလုပ်လျှင် အရာရာတွင် အမှားနည်း၍ မိမိအတွက် အောင်မြင်မှု ရသကဲ့သို့ အခြားသူများကိုလည်း ထိခိုက်နစ်နာစေမည် မဟုတ်သဖြင့် သာယာချမ်းမြေ့သည့် လူ့အဖွဲ့အစည်းကို ဖြစ်စေပါလိမ့်မည်။

လောဘဖြစ်စရာ ဒေါသဖြစ်စရာ စသည့် မကောင်းသော အာရုံများကို အမှတ်ရနေခြင်းမျိုး (မိစ္ဆာသတိ) မဖြစ်စေဘဲ မိမိပြုလုပ်ခဲ့သည့် သူတပါးအကျိုး သည်ပိုး ဆောင်ရွက်ခဲ့သည်များကို သတိရနေလျှင်လည်း သမ္မာသတိ ဖြစ်နေပါသည်။

မိမိပြောဆို ပြုလုပ်သည့် ကိစ္စများတွင် တည်ကြည်မှု ခိုင်မာမှု ရှိရပါမည်။ ခုတမျိုး တော်ကြာတမျိုး အမျိုးမျိုး ပြောင်းလဲ၍ သစ္စာမရှိ ကတိမတည်သည့် အဖြစ်ကို မရောက်စေရပါ။

ထို့ပြင် ဟိုယောင်ယောင် သည်စပ်စပ် ယောင်ခြောက်ဆယ်အဖြစ်မျိုး မရောက်စေဘဲ အကျိုးရှိမည့် အလုပ်ကို စွဲစွဲမြဲမြဲ အောင်မြင်အောင် လုပ်ဆောင်ရမည်။

ဤနေရာတွင် မိမိ၏ ကိုယ်ကျိုးကိုသာ ကြည့်ပြီး တရားသောနည်းဖြင့် အသက်မွေး ရှင်သန်နေသည့်သူများကို ထိခိုက်နစ်နာစေမည့်အလုပ်၊ မိမိနှင့်သူတပါး နှစ်ဦးသားတို့အတွက် အကျိုးမရှိ မကောင်းသည့် အလုပ်များကို စွဲလမ်းလုပ်ဆောင်နေခြင်းမျိုး (မိစ္ဆာသမာဓိ) မဖြစ်အောင် ရှောင်ကြဉ်မည်ဆိုလျှင် ကောင်းသော တည်ကြည်မှုမျိုး ဖြစ်နေပါမည်။

သမ္မာသင်္ကပ္ပ

သမ္မာသင်္ကပ္ပ (မှန်သော ကြံစည်မှု) ဆိုသည်မှာ -

ရှုမှတ်နေသည့် ကမ္မဋ္ဌာန်းအာရုံအပေါ်ကို အမှတ်သတိလေး ကပ်ရောက်နေစေရန် တွန်းတင်ပေးနေသည့်သဘော ဖြစ်သည်။

ထို့အပြင် ကာမဂုဏ်အာရုံများကို သုံးဆောင် ခံစားဖို့ မစဉ်းစား၊ သူတပါး၏ စည်းစိမ်ဥစ္စာကို ပျက်စီးအောင် မည်သို့ လုပ်ရမည်ကိုလည်း မတွေးတော၊ သူတပါးကို ကိုယ်ရောစိတ်ပါ ထိခိုက်နစ်နာအောင် ကြံဆောင်ခြင်းလည်း မပြုဘဲ မိမိအောက် အစစ အရာရာ နိမ့်ကျသူများ ဆင်းရဲနွမ်းပါးသူများကို မည်သို့ ကူညီထောက်ပံ့ရမည်နည်းဟု မိမိသူတပါး နှစ်ဦးသားတို့အတွက် ကိုယ်ရောစိတ်ပါ ချမ်းသာအောင် စိတ်ကူး ကြံဆောင်ခြင်း ဖြစ်သည်။

သမ္မာဒိဋ္ဌိ

သမ္မာဒိဋ္ဌိ (မှန်သော အမြင်) ဆိုသည်မှာ -

ရုပ်တရား နာမ်တရားများ၏ သဘော သဘာဝနှင့် အဖြစ်အပျက် အဆက်အစပ်တို့ကို ကိုယ်တွေ့ မှန်ကန်စွာ သိနားလည်ခြင်း ဖြစ်သည်။

ထိုသို့ သိနားလည်သည့်အခါ အရာရာတွင် တပ်မက်ခြင်း ကင်း၍ ဆင်းရဲခြင်းမှလည်း အပြီး လွတ်မြောက်ပါတော့သည်။

နေ့စဉ်ဘဝ၌လည်း မည်သည့်ကိစ္စမျိုးတွင်မဆို ချစ်ခြင်း မုန်းခြင်း မသိနားမလည်ခြင်း ကြောက်ရွံ့ခြင်းများကို အခြေခံ၍ မှားယွင်း ဘက်လိုက်မှု မရှိဘဲ အကျိုးသင့် အကြောင်းသင့် မှန်ကန်စွာ ရှုမြင်သုံးသပ် ကျင့်သုံးနိုင်ရပါမည်။

အရာရာတွင် ကိုယ်ချင်းစာမှု၊ ခွင့်လွှတ်နားလည်မှု၊ သည်းခံမှုများနှင့် ရှုမြင်နိုင်လျှင် တယောက်နှင့်တယောက် အထင်အမြင်လွဲခြင်း၊ အပြစ်တင်ခြင်း၊ မကျေနပ်ခြင်း၊ ပြန်လှန်ပုတ်ခတ်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်းများ ဖြစ်မလာနိုင်သည့်အတွက် လူတိုင်း စိတ်ဆင်းရဲခြင်း ကင်းဝေး၍ ချမ်းသာသုခကို အပြည့်အဝ ရရှိနိုင်ပါမည်။

ထို့ကြောင့် အလယ်အလတ်လမ်းစဉ် (ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံ အဓိကကျင့်စဉ်)ကို မိမိတို့ကိုယ်တိုင်လည်း နားလည်အောင် အသေအချာ လေ့လာ၍ အတိအကျ လိုက်နာကျင့်သုံး၊ အခြားသူများကိုလည်း လိုက်နာကျင့်သုံးစေရန် ပြောပြတိုက်တွန်းပေးခြင်းဖြင့် လောက သံသရာ နှစ်ဖြာသောဌာနတို့၌ အေးငြိမ်းမှုကို ရယူနိုင်ကြပါစေဟု ဆန္ဒပြုရပါတော့သည်။ ။

အရှင်ပညာသီဟ

(၁၉၉၆ခုနှစ် အောက်တိုဘာ-နိုဝင်ဘာထုတ်၊ လောကချမ်းသာစာစောင်၊ အတွဲ-၆ အမှတ်-၄ မှ)

အနှိုင်းမဲ့စာတိုပေစများ မှ ကူးယူဖော်ပြပါသည်။

http://www.facebook.com/photo.php?fbid=268069486603098&set=a.268065706603476.60191.100002001476957&type=3&theater#!/profile.php?id=100000120712369

Shared from Ma Monica Pyone


အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက် မျက်နှာပေါင်းတင်နည်းများ

အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေက အရမ်းဂရုစိုက်ရမယ့် အသားအရေပိုင်ရှင်တွေပါ။ ဒါပေမယ့် သေချာဂရုစိုက်ပေးရင် ၀င်းပကြည်လင်ပြီး ပိုတောင်ကြည့်လို့ကောင်းသေးတယ်နော်။ အဆီပြန်တဲ့ အသားအရေအကြောင်းနဲ့ ဆောင်ရန် ရှောင်ရန်တွေကို အဆီပြန်တဲ့ အသားအရေအကြောင်း သိကောင်းစရာအဖြာဖြာ ဆိုတဲ့ ပို့စ်လေးမှာ ဖတ်ကြည့်ပါ။ အဆီပြန်တဲ့ အသားအရေရှိတဲ့သူတွေဟာ အဆီပိုတွေနဲ့ ၀က်ခြံဖြစ်စေတဲ့ဆဲလ်သေတွေကို ဖယ်ရှားနိုင်အောင် ချွေးပေါက်တွေ သန့်စင်ပြီး ချွေးပေါက်မကျယ်အောင် မှန်မှန်ပေါင်းတင်ပေးသင့်တယ်လေ။ အဲဒီတော့ အဆီပြန်တဲ့ အသားအရေပိုင်ရှင်သူငယ်ချင်းတွေအတွက် အကောင်းဆုံးဖြစ်မယ့် ပေါင်းတင်နည်းတွေကို ရင်နှင်းပြောပြပေးမယ်နော်။


(၁) နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ဒိန်ချဉ်လက်ဖက်ရည်ပန်းကန်လုံးတစ်ခွက်စာကိုရောပြီးရင် မျက်နှာအနှံ့လိမ်းပြီး ၁၀ မိနစ် ထားထားနော်။ ပြီးတော့ ရေအေးလေးနဲ့ ဆေးချလိုက်ပါ။ သူငယ်ချင်းရဲ့မျက်နှာလေးဟာ သန့်စင်ပြီး ၀င်းပလာပါလိမ့်မယ်။


(၂) ငှက်ပျောသီးမှည့်တစ်လုံး၊ ပျားရည်တစ်ဇွန်းနဲ့ လိမ္မော်ရည်စက်အနည်းငယ်ကို ရောမွှေလိုက်နော်။ သေသေချာချာကြေညက်သွားရင် ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာ ပါးပါးလေး သုတ်လိမ်းပြီး ၁၅ မိနစ် လောက်ထားလိုက်ပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ဆေးလိုက်ပါ။ ဒီနည်းလေးက မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေကိုလည်း သန့်စင်စေပါတယ်။


(၃) ခရမ်းချဉ်သီး (အလတ်စား) တစ်လုံးကို အရည်ထွက်လာအောင် ကြိတ်ပါ။ ပြီးရင် သံပုရာရည်လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ရောပြီး မျက်နှာပေါ်မှာလိမ်း၊ ၁၀ မိနစ်ထားပြီးရင် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ ချွေးပေါက်ကလေးတွေကို ကျဉ်းစေတဲ့အပြင် ၀က်ခြံတွေကိုလည်း လျော့နည်းသက်သာစေပါလိမ့်မယ်။


(၄) ရေစင်စင်ဆေးထားတဲ့ စတော်ဘယ်ရီသီး ၄ - ၆ လုံးကို ခွက်ထဲထည့်ပြီး ခရင်းနဲ့ ချေလိုက်နော်။ ပြီးတော့ ဒိန်ချဉ်တစ်ဇွန်းနဲ့ရောပြီး မျက်နှာမှာ သုတ်လိမ်းပြီး မိနစ် ၂၀ ထားပါ။ ပြီးရင် ရေအေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။


(၅) ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါတဲ့ ပန်းသီးတစ်လုံးကို အခွံခွာ၊ အစိပ်သေးသေးလေးတွေ လှီးပြီး မွှေစက်ထဲ ထည့်ပြီး အနှစ်လေးရတဲ့အထိ မွှေပါ။ ပြီးရင် ပျားရည်လက်ဖက်ရည်ဇွန်း ၃ ဇွန်းနဲ့ရောပြီး မျက်နှာပေါ်မှာ ပါးပါးလေးလိမ်းပါ။ ၁၅ မိနစ် ပြည့်ရင်ရေနွေးလေးနဲ့ ဆေးချလိုက်ပါ။ ချွေးပေါက်ကျဉ်းပြီး နူးညံ့ကြည်လင်တဲ့ မျက်နှာလေးကို တွေ့ရမှာပါ။


(၆) နောက်တစ်နည်းကလည်း ပန်းသီးနဲ့ ပျားရည်ပါပဲ။ ပန်းသီးတစ်ဝက်ကို အခွံခွာပြီး ရေနွေးထဲမှာ ခဏစိမ်လိုက်နော်။ ပြီးတော့ ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်းရယ်၊ ဂျုံမှုန့် ၂ ဇွန်းရယ်နဲ့ ပေါင်းပြီး အနှစ်လေးရတဲ့အထိ ချေပါ။ ပြီးတော့ မျက်နှာပေါ်မှာ ၁၀ မိနစ်ထားပြီး ရေဆေးချလိုက်ပါ။ ချွေးပေါက်တွေကျယ်ပြီး ၀က်ခြံလည်းရှိတဲ့ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအတွက်တော့ အရမ်းအသုံးဝင်တဲ့ နည်းလေးပါပဲ။


(၇) အလွယ်ဆုံးနည်းလေးကတော့ သခွားသီးကို ပါးပါးလှီးပြီး မျက်နှာပေါ်မှာ မိနစ် ၂၀ လောက် ကပ်ထားပေးပါ။ ဒီလိုလုပ်တာက မျုက်နှာရေဓာတ်ကို ထိန်းသိမ်းပေးပြီး စိတ်ဖိစီးမှုတွေကိုလည်း လျော့ချပေးတယ်လေ။ မျက်နှာပြင်ကို ချောမွေ့စေပြီး အရေးအကြောင်းတွေ အစက်အပြောက်တွေကိုလည်း သိသိသာသာလျော့နည်းစေပါတယ်။


(၈) သခွားသီးကို အတုံးသေးသေးလေးတွေ ဖြစ်အောင်တုံးပြီး ဒိန်ချဉ်လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဂျုံမှုန့် လက်ဖက်ရည်ပန်းကန်လုံးတစ်ခွက်စာနဲ့ မွှေစက်ထဲမှာ လုံးဝကြေညက်သွားတဲ့အထိ ထည့်မွှေပါ။ ပြီးတော့ မျက်နှာပေါ်မှာ ၁၀ မိနစ်လိမ်းထားပြီး မျက်နှာသစ်လိုက်နော်။ ဒီနည်းက ချွေးပေါက်တွေကို သန့်စင်စေပြီး ၀က်ခြံတွေလည်း သက်သာစေတယ်လေ။


တစ်ပတ်ကို တစ်ခါမှန်မှန် လုပ်ရင် အရမ်းအကျိုးရှိပါတယ်။ လုပ်ကြည့်နော် သူငယ်ချင်းတို့..။

Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com မှ ကူးယူဖော်ပြပါသည်

Shared from Wai Lin Shein


ဝက်ခြံတွေကိုပျောက်ကင်းစေတဲ့ သဘာဝရဲ့ပဉ္စလက်စွမ်းအားများ

သူငယ်ချင်းတို့ကို ဒုက္ခပေးနေတဲ့ဝက်ခြံတွေကို နှိမ်နင်းပေးဖို့နည်းလမ်းတွေ ကြိုးစားပမ်းစားရှာထားပေးပါတယ်။ ဈေးကြီးကြီးပေးရတဲ့ အလှကုန်တွေကို လှည့်မကြည့်ပါနဲ့တော့။ သူငယ်ချင်းတို့ရဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့ စားစရာလေးတွေရဲ့ ပဉ္စလက်ဆန်တဲ့အစွမ်းတွေကပဲ သူငယ်ချင်းတို့ကိုလှအောင် ကူညီပေးမှာပါ။ အကုန်အကျလည်းအများ၊ ဓာတ်မတည့်မှာလဲမပူရ၊ လွယ်လည်းလွယ်၊ ထိလည်းထိရောက် ဘယ်လောက်ကောင်းလဲနော်။ စမ်းကြည့်ကြပါအုံး။
ပန်းသီး
ပန်းသီးလေးရဲ့အစွမ်းနဲ့ သင့်အသားအရေကို ပြောင်းလဲရအောင်။ ပန်းသီးလေးကို ပါးပါးလှီးပြီး ရေနွေးပူလောင်းလိုက်ပါ။ ရေတွေကိုစုပ်ပြီး ပန်းသီးအသားလေးပိုနူးညံ့သွားပါစေ။ ပြီးရင် ခဏအအေးခံထားပြီး ၀က်ခြံရှိတဲ့နေရာတွေပေါ်မှာ ကပ်ထားလိုက်နော်။ ဒီနည်းလေးက အရေပြားအထူးကုဆရာဝန်ကြီးတွေ ထောက်ခံထားတဲ့ အကောင်းဆုံးနည်းတွေထဲက တစ်ခုပါ။ ၀က်ခြံကို မြန်မြန်ပျောက်ကင်းစေတဲ့ ပန်းသီးအက်ဆစ်ရဲ့နူးညံ့ချောမွတ်စေတဲ့အစွမ်းကို သူငယ်ချင်းအရမ်းကြိုက်သွားမှာ သေချာတယ်နော်။
သရက်သီး
“အသီးမှာသရက်”တဲ့။ သရက်သီးလေးကတော့ အကောင်းဆုံးအရသာကိုပေးသလို အသားအရေအတွက်လဲ အရမ်းကောင်းပါတယ်။ မျက်နှာအသားအရေကို ထိန်းသိမ်းတာကို ဆိုင်မှာအကုန်အကျခံပြီး သွားလုပ်စရာမလိုပဲ အိမ်မှာပဲလုပ်နိုင်မယ့် နည်းလေးပဲလေ။ သရက်သီးကို အခွံခွာပြီး သရက်သီးအသားတွေကို ခရင်းနဲ့ ကြေညက်အောင် ချေပေးပါ။ ပြီးတော့ ရလာတဲ့အနှစ်ကို မျက်နှာအနှံ့လိမ်းပြီး စက်ဝိုင်းသဏ္ဍာန်သေချာလေးနှိပ်ပေးနော်။ ၅-၁၀မိနစ်ကြာရင် ရေနဲ့သေချာဆေးချလိုက်ရုံပါပဲ။ မျက်နှာလေးက သန့်စင်ချောမွတ်ပြီး ချွေးပေါက်တွေပါ ကျဉ်းသွားပါလိမ့်မယ်။
သံပုရာသီးနဲ့ ဒိန်ခဲ
ဒီနှစ်မျိုးကလည်း သင့်ရဲ့ဝက်ခြံပြသနာကို ကူညီပေးနိုင်တယ်နော်။ ဒိန်ခဲနဲ့သံပုရာရည်လက်ဘက်ရည်ဇွန်း ၂ ဇွန်းစာစီကို ရောမွှေလိုက်ပါ။ ရလာတဲ့အနှစ်လေးတွေကို ၀ါဂွမ်းနဲ့ဆွတ်ပြီး ၀က်ခြံပေါ်ကပ်ထားလိုက်ပါ။ မျက်နှာတပြင်လုံး မလုပ်ရဘူးနော်။ ဒီနည်းလေးကို တစ်ပတ်တစ်ခါလုပ်ရင် ၀က်ခြံတွေ တဖြည်ဖြည်းပျောက်သွားပါလိမ့်မယ်၊
ရေနွေးကြမ်းနဲ့ မုန်လာဥနီ
ဒီနှစ်မျိုးအတွဲက နည်းနည်းတော့ထူးဆန်းမှာပဲနော်။ ဒါပေမဲ့ အရေပြားအထူးကုဆရာဝန်ကြီးတွေရဲ့ ထောက်ခံချက်ရထားတဲ့နည်းလေးပါ။ အနေတော်မုန်လာဥနီတစ်လုံးကို ရေစင်အောင်ဆေးပြီး ပြုတ်လိုက်ပါ။ ပြီးရင် ရေနွေးကြမ်းနဲနဲနဲ့ရောပြီး ညက်အောင်ချေပေးပါ။ သေချာကျေညက်တဲ့ အနှစ်လေးတွေ ရပြီဆိုရင်တော့ ၀က်ခြံတွေပေါ်အုံလိုက်ပါ။ ၁၅မိနစ်လောက်နေရင် ရေနွေးလေးနဲ့ဆေးချလိုက်ရုံပါပဲ။
လိမ္မော်သီးနဲ့ကြက်ဥ
အရွယ်တော်လိမ္မော်သီးတစ်လုံးကို အရေညှစ်ပြီး ကြက်ဥအကာနဲ့ ရောမွှေလိုက်နော်။ ရလာတဲ့အနှစ်ကို ၀က်ခြံပေါ်အုံပြီး ၁၅ မိနစ်ထားပါ။ ပြီးတော့ ရေဆေးချတာနဲ့ ၀က်ခြံက ရောင်တာရော နာတာပါ သက်သာသွားစေတဲ့အတွဲလေးပါ။

စတော်ဘယ်ရီရွက်

စတော်ဘယ်ရီသီးလေးတွေဟာ အရမ်းစားလို့ကောင်းသလို စတော်ဘယ်ရီရွက်လေးတွေဟာလည်းအရမ်းအသုံးဝင်ပါတယ်။ ဒီနည်းလေးက အလွယ်ဆုံးလို့တောင် ပြောရမလားပဲ။ စတော်ဘယ်ရီရွက်လေးတွေကိုရေအေးအေးနဲ့ သေချာဆေးပြီး ၀က်ခြံပေါ်ကပ်လိုက်ရုံပဲလေ။ ၁၀ မိနစ်နေရင် ခွာလိုက်။ ၀က်ခြံက နာတာရော ရောင်တာကိုရော အရွက်လေးက ယူပစ်လိုက်သလို သက်သာသွားမှာပါ။ ဒီထက်လွယ်တာတောင် ဒီလောက်လွယ်မှာမဟုတ်ဘူးနော်။

ကြက်ဥနဲ့ပျားရည်

အသားအရေလှပဖို့အတွက် အသုံးများတာလေးနှစ်ခုပါ။ ဒီနှစ်ခုကို ၀က်ခြံတွေအတွက်လည်း သုံးနိုင်ပါသေးတယ်နော်။ ကြက်ဥတစ်လုံးရဲ့အကာနဲ့ ပျားရည်လက်ဘက်ရည်ဇွန်း ၁ဇွန်းကို ရောလိုက်ပါ။ သမအောင်ရောမွှေပြီး ၀က်ခြံတွေပေါ်လိမ်းလိုက်ပါ။ မိနစ်သုံးဆယ်နေရင် ရေနဲ့သေချာဆေးချလိုက်ရုံပါပဲ။ တပတ်ကို တစ်ခါပုံမှန်လုပ်ပေးရင် ၀က်ခြံတွေ သက်သာပျောက်ကင်းသွားအောင် စွမ်းဆောင်နိုင်တဲ့ နည်းလေးပါပဲ။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက အနံ့နံတော့ သုံးရမှာတွန့်မသွားနဲ့အုံးနော်။ သူ့ရဲ့ဓာတ်တိုးဆန့်ကျင်သတ္တိကို ဘာမှမယှဉ်နိုင်ဘူးလေ။ ကြက်သွန်ဖြူအခြမ်းလေးနဲ့ ၀က်ခြံပေါ်ကို အနည်းဆုံးသုံးခါပွတ်ပေးပါ။ အားနဲ့ပွတ်ရင်အသားအရေထိနိုင်လို့ ညင်ညင်သာသာလေး ပွတ်ပေးနော်။ ပြီးတော့ ၁၅မိနစ်လောက်နေရင် ရေနွေးလေးနဲ့ သစ်လိုက်ပါ။ အမာရွတ်မကျန်အောင်လည်း ကာကွယ်ပေးတဲ့ အဖိုးတန်နည်းလေးပါပဲ။

ဂျုံ

ဂျုံမှာ အဆီပိုတွေဖယ်ရှားပေးနိုင်တဲ့၊ ချွေးပေါက်တွေကို လုံးဝသန့်စင်စေတဲ့၊ မျက်နှာပေါ်က အစက်အပြောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ အံ့သြလောက်စရာအစွမ်းတွေရှိတယ်နော်။ ၀က်ခြံကုဖို့ဆိုရင်တော့ ဂျုံမှုန့်နဲနဲကို ရေသန့်နဲ့ ရောလိုက်ပါ။ ၀က်ခြံပေါ်ပဲ လိမ်းလည်း ရတယ်။ တမျက်နှာလုံးလိမ်းလည်း ရတယ်နော်။ ၁၅ - ၂၀ မိနစ်ကြာရင် ရေအေးအေးလေးနဲ့သာဆေးချလိုက်ပါ။ ၀က်ခြံက ရောင်နေတာလည်း သက်သာ၊ ချွေးပေါက်တွေလည်း သန့်စင်ပြီး၊ ၀က်ခြံရာလေးတွေပါ သက်သာသွားမှာ..။ ဘယ်လောက်ကောင်းလဲနော်။

သံပုရာရည်

သံပုရာရည်မှာ ဘက်တီးရီးယားပိုးတွေကို တိုက်နိုင်တဲ့အစွမ်းရှိတဲ့အစွမ်းရှိတော့ ၀က်ခြံတွေကို ကုသနိုင်တာပေါ့။ သံပုရာရည်ကို ၀ါဂွမ်းနဲ့တို့ပြီး ၀က်ခြံတွေပေါ်တို့ပေးပါ။ ရေပြန်ဆေးချစရာ မလိုဘူးနော်။ ၀က်ခြံပျောက်သွားတဲ့အထိတော့ တစ်နေ့ကိုသုံးကြိမ် လုပ်ပေးရမှာပါ။

သင်္ဘောသီး

သူငယ်ချင်းတို့ရဲ့ နီရဲပြီးရောင်နေတဲ့ ၀က်ခြံတွေအတွက် သင်္ဘောသီးလေးကိုလည်း အားကိုးနိုင်ပါသေးတယ်။ သင်္ဘောသီးက အရည်လေးကို ၀က်ခြံပေါ်တို့ထားလိုက်ရုံပါပဲ။ မိနစ် ၂၀ ထားပြီး ရေဆေးချလိုက်တဲ့အခါ ၀က်ခြံက နီတာ ရောင်တာ နာတာတွေ သက်သာသွားလိမ့်မယ်နော်။

ခရမ်းချဉ်သီး

အသားအရေကို သန့်စင်စေသလို အရောင်လည်းကျစေတဲ့ ခရမ်းချဉ်သီးလေးကလည်း ၀က်ခြံပြဿနာကို အစွမ်းပြဖြေရှင်းပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးကို ပါးပါးလှီးပြီး ၀က်ခြံတွေပေါ် ကပ်ပေးပါ။ ၁၅ မိနစ်ကြာလို့ ရေဆေးချလိုက်ရင် သူငယ်ချင်းရဲ့အသားအရေလေး ပြောင်းလဲသွားတာကို တွေ့ရလိမ့်မယ်နော်။

သခွားသီး

အရေပြားပြဿနာအမျိုးမျိုးမှာ သုံးနိုင်တာကတော့ သခွားသီးလေးပါပဲ။ သခွားသီးက သူငယ်ချင်းတို့ကို ၀က်ခြံနဲ့ ဘာမှမဆိုင်တဲ့သူတွေဖြစ်အောင် လုပ်ပေးနိုင်တယ်နော်။ သခွားသီးကို ပါးပါးလှီးပြီး ၀က်ခြံရှိတဲ့ နေရာတွေပေါ်မှာ မိနစ် ၂၀ လောက် ကပ်ထားပြီး ရေအေးလေးနဲ့ ဆေးလိုက်ပါ။ ပုံမှန်သာလုပ်ရင် ၀က်ခြံဆိုတာ ဘာလဲလို့တောင် ပြန်မေးနေရမယ်တဲ့။

နည်းတွေကတော့ အများကြီးပဲ။ ဖတ်ရတာ မောသွားပြီလား။ ဒီလောက်ဆို ဘယ်နည်းလေးကကိုယ်နဲ့ သင့်တော်မလဲဆိုတာရွေးပြီးပြီဟုတ်..။ အော်.. လောကြီးပြီး မျက်နှာမသစ်ပဲ မလုပ်လိုက်နဲ့နော်။ အပေါ်က နည်းတွေအားလုံးကို မျက်နှာသစ်ပြီးမှ လုပ်ရမှာပါ။ သဘာဝသစ်သီးလေးတွေရဲ့ အစွမ်းကို သူငယ်ချင်းတို့ ကျေးဇူးတင်ရမှာပါ။ မသိသူကျော်သွား သိသူဖော်စား တဲ့။ တကယ်လည်း စားလို့ရတာတွေပါပဲ။ :P ၀က်ခြံရဲ့ သားကောင်အဖြစ်က အမြန်ဆုံးလွတ်နိုင်ပါစေ သူငယ်ချင်းတို့။

Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com မှ ကူးယူဖော်ပြပါသည်

Shared from Wai Lin Shein


ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ် အမဲစက်တွေအတွက်

ဆယ်ကျော်သက်တွေနဲ့ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေကို အများဆုံးဒုက္ခပေးနေတဲ့ ပြဿနာပေါ့။သူငယ်ချင်းတို့အတွက် နဲနဲပဲဖြစ်ဖြစ် အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ် ပိုကောင်းတဲ့နည်းလေးတွေ တွေ့ရင်လည်းပို့စ်တင်ပေးပါအုံးမယ်။ လောလောဆယ်တော့ အောက်ကနည်းတွေကို စမ်းကြည့်ပါအုံးနော် သူငယ်ချင်းတို့။

ဝက်ခြံက စပေါ်လာတဲ့အချိန်ထဲက လူကို စိတ်အနှောင့်ယှက်ပေးတယ်။ ပျောက်သွားရင်လည်း အမာရွတ်တွေကျန်ခဲ့ရော။ အလှအပကြိုက်တဲ့သူတွေအတွက်တော့ မဟာရန်သူတော်ကြီးပေါ့။ ၀က်ခြံအဖုက ပေါ်တာခဏပဲ။ ကျန်ခဲ့အမာရွတ်တွေက နှစ်ရှည်လများ စိတ်ဒုက္ခပေးတော့တာ။ အဲ့ဒီတော့ အဲဒီအမာရွတ်တွေကို ကြိုးစားပမ်းစား ရှင်းပစ်ကြရအောင်နော်။

တစ်ခုပြောပြချင်တာကတော့ အောက်ကနည်းတွေက အရမ်းဆိုးတဲ့အမာရွတ်တွေအတွက်တော့ မရဘူးနော်။ ပြီးတော့ ၀က်ခြံက ပိုးဝင်ရောင်ရမ်းနေရင်လည်း မလုပ်သင့်ဘူးလေ။ ဒါကြောင့် အရမ်းဆိုးတဲ့အမာရွတ်တွေရှိရင် ၀က်ခြံတွေကပိုးဝင်ရောင်ရမ်းနေရင်တော့ အရေပြားအထူးကုဆရာဝန်ကြီးတွေကိုပဲ အားကိုးရမှာပါ သူငယ်ချင်းတို့။


ရှောက်၊ သံပုရာရည်၊ သံပုရို

သံပုရာသီးကတော့ အရေပြားရဲ့အနာအဆာတွေကို ဖယ်ရှားပေးတဲ့နေရာမှာ ဆရာကြီးပဲလေ။ သံပုရာရည်က Citric Acid ဟာ အရေပြားကိုနုပျိုစေတဲ့ Alpha Hydroxy Acids (AHA) နွယ်ဝင်ပေါ့။ AHA ဟာ ဆဲလ်ဟောင်းတွေကို ဖယ်ရှားပေးတယ်။ ဆဲလ်သစ်တွေဖြစ်ပေါ်တာကို အားပေးတယ်။ အရေပြားရဲ့ ကျုံဆန့်နိုင်တဲ့သတ္တိကို ပြန်လည်ရရှိစေပြီး အမာရွတ်ကိုလည်း ဖျော့သွားစေတာကြောင့် ၀က်ခြံအမာရွတ်တွေအတွက်တော့ အရမ်းအသုံးဝင်တယ်လေ။ အဲ့ဒီတော့ သံပုရာရည်လေးကို အမာရွတ်ပေါ်တို့ထားပြီးခဏနေရင် ရေဆေးချလိုက်နော်။ တချို့ကလည်း သံပုရာရည်ကို ညမအိပ်ခင် အမာရွတ်ပေါ်လိမ်းပြီး အိပ်နိုင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် အရမ်းနုတဲ့ အသားအရေတွေတော့ အဲလိုမလုပ်သင့်ဘူးထင်တာပဲ။


စန္ဒကူး

စန္ဒကူးကလည်း ၀က်ခြံအမာရွတ်တွေကို ပျောက်ကင်းစေတဲ့နေရာမှာ နာမည်ကြီးပါတယ်။ ဒါပေမယ့် စန္ဒကူးကို နှင်းဆီရည်နဲ့ ရောပေးရမှာပါ။ ၂ခုရောပြီး အနှစ်ပျစ်ပျစ်လေးဖြစ်လာတဲ့အခါ လိမ်းအိပ်လိုက်ပါ။ မနက်နိုးရင် မျက်နှာသစ်လိုက်ပေါ့။ အမာရွတ်တွေ ပျောက်ကင်းသွားတဲ့အထိ လုပ်ပေးရမှာပါ။


ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို ပါးပါးလှီးပြီး အမာရွတ်တွေပေါ် ပွတ်ပေးပါတဲ့။ ခရမ်းချဉ်သီးမှာVitamin A တွေ အများကြီးပါတယ်လေ။ Vit A က ၀က်ခြံထွက်တာကို လျှော့နည်းစေတယ်။ အသားအရေကို လန်းဆန်းစေတယ်။ အမာရွတ်တွေနဲ့ အသားအရေပျက်စီးတာတွေကိုလည်းပျောက်ကင်းသက်သာစေတယ်လေ။


သံလွင်ဆီ

သံလွင်ဆီက စားစရာတွေကို ပိုပြီးအရသာရှိစေသလို သင့်ကိုပိုလှလာအောင်လည်း စွမ်းဆောင်ပေးနိုင်တယ်နော်။ သံလွင်ဆီကို အမာရွတ်ပေါ်လူးပြီး နှိပ်နယ်ပေးပါ။ သံလွင်ဆီက အစိုဓာတ်ကို ဖြည့်ဆည်းပေးပြီး အသားအရေကိုနူးညံ့စေလို့ အမာရွတ်တွေကို မသိသာစေတော့ဘူးပေါ့။


ပျားရည်

ပျားရည်ကို သောက်မယ်၊ ပျားရည်နဲ့ မျက်နှာပေါင်းတင်ပေးမယ်ဆိုရင် ပျားရည်ရဲ့အစိုဓာတ်ဖြည့်ပေးတဲ့အစွမ်းကြောင့် ၀က်ခြံအမာရွတ်တွေကို ကုသရာမှာ ထိရောက်မှုရှိတယ်လေ။ ပျားရည်က ဒီလောက်စားလို့ကောင်းတာ၊ အသားလည်းလှစေတယ်ဆိုတော့ စမ်းကြည့်သင့်တယ်နော်။


Vitamin E

Vit E က အသားကိုလှစေတာ လူတိုင်းသိတယ်ဟုတ်?? Vit E က ၀က်ခြံအမာရွတ်မှ မဟုတ်ဘူးနော်။ အမာရွတ်တိုင်းကို သက်သာပျောက်ကင်းစေနိုင်တယ်လေ။ ကလေးမွေးပြီးလို့ ဗိုက်ကြောပြတ် ကျန်ခဲ့သူတွေအတွက်လည်း အသုံးဝင်ပါသေးတယ်။ ၀က်ခြံအမာရွတ်တွေအတွက်တော့ တော်တော်စွမ်းတယ်ဆိုပဲ။ Vit E အဆီလေးကို ၀က်ခြံအမာရွတ်တွေပေါ် သေချာစိမ့်ဝင်သွားအောင် လိမ်းပေးပါ။ အမာရွတ်တွေ တဖြည်းဖြည်းသက်သာလာပြီး သိပ်မဆိုးတဲ့ အမာရွတ်တွေဆိုရင် အချိန်တိုအတွင်းမှာ လုံးဝသက်သာပျောက်ကင်းစေနိုင်တယ်ဆိုတော့ သူ့အစွမ်းကအံ့မခန်းပါပဲနော်။


သခွားသီး

အရေပြားပြဿနာအမျိုးမျိုးမှာ သုံးနိုင်တာကတော့ သခွားသီးလေးပါပဲ။ ၀က်ခြံအမာရွတ်တွေမှာလည်း သုံးနိုင်တယ်လေ။ သခွားသီးရည်လတ်လတ်ဆပ်ဆပ်ကိုအမာရွတ်တွေပေါ် လိမ်းပေးပြီး မိနစ် ၂၀ ထားပါ။ ပြီးတော့ ရေအေးလေးနဲ့ မျက်နှာသစ်လိုက်နော်။ နေ့တိုင်းလုပ်သွားရင် အမာရွတ်တွေလည်း သက်သာလာမယ့်အပြင် အသားအရေလည်း လှလာမှာဆိုတော့ စမ်းကြည့်သင့်တာပေါ့။

နည်းတွေကတော့ အများကြီးပါပဲ သူငယ်ချင်းတို့ရေ။ ကိုယ်နဲ့ အဆင်ပြေနိုင်တာလေး ရွေးလုပ်ကြည့်ပေါ့။ အားလုံးကတော့ သူ့ဟာနဲ့သူ အစွမ်းထက်မှာပါ။ တခုပဲ :D စိတ်ရှည်ဖို့ပဲ လိုတယ်နော်။ အမာရွတ်တွေကို လုံးဝပျောက်ကင်းစေတယ်ဆိုတဲ့ကမ္ဘာကျော်ထုတ်ကုန်တွေတောင် တရက်ကို ၃ - ၄ ကြိမ် လိမ်းရပေမယ့် အနည်းဆုံး ၆ လ လောက်နေမှ အမာရွတ်တွေပျောက်တာ ဆိုတော့လေ။ အဲဒီတော့ ကိုယ်လှဖို့ပဲ သယ်ရင်းတို့ရယ် စိတ်ရှည်ရှည်နဲ့ ကြိုးစားလိုက်ကြစို့နော်။ Fighting !!!!

Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com မှ ကူးယူဖော်ပြပါသည်

Shared from Wai Lin Shein

ပျားရည်၏ ကောင်းကျိုးများ






ပျားရည်မှာကျန်းမာရေးဆိုင်ရာ ကောင်းကျိုးအချက်အလက်တွေ မြောက်များစွာ ရှိနေတယ်ဆိုတာကို ကျွန်တော် တို့ လေ့လာကြည့်ရအောင် ။ သူ့ရဲ့ကောင်းကျိုးတွေနဲ့ သင့်ရဲ့ လူနေမှု ဘ၀ကျန်းမာရေး မှာ လွန်စွာ အသုံးဝင် ပါတယ်တဲ့ ။ ပျားရည်ရဲ့ ချိုမြတဲ့ အရသာဟာ သင့်ရဲ့ အရသာ အာရုံခံ အဖုလေးတွေကို လှုံ့ဆော်ပေး ယုံသာ မကပဲ အစာစားချင်စိတ်ကိုလည်း ဖြစ်ပေါ်စေပါတယ် ။ ဒါ့အပြင် အစားအစာများ ချက်ပြုတ်ရာမှာလည်း မွှေးပျံ့ သင်း ကြိုင်နေအောင် အသုံးပြုနိုင်ပြီး ပျားရည်နဲ့ မုန့်အမျိုးမျိုး ကို ပြုလုပ်စားသုံးနိုင်ပါသေးတယ် ။ ကယ်လို ရီ မြောက်များ စွာပါဝင်ပြီး လည်ချောင်းယားယံပြီး မသက်မသာ ဖြစ်တာတွေကိုလည်း ဖုံးအုပ်ကာ ကွယ်ပေး ထားနိုင်ပါတယ် ။ ယခုဆိုရင်စမ်းသပ်လေ့လာသူတွေဟာ ပျားရည်ရဲ့ ဆေးပညာဆိုင်ရာ ကောင်းကျိုး (medical benefits ) တွေကို ရှုထောင့်ပေါင်းစုံကနေ နည်းလမ်းပေါင်းများစွာနဲ့ စမ်းသပ်အဖြေထုတ်နေကြပြီဖြစ်ပါတယ် ။

ပျားရည်ဟာ သင့်ရဲ့ အာခံတွင်းထဲမှာ စိတ်ကျေနပ်မှု ဖြစ်စေယုံသာမကပဲ ပိုးသန့်စင်စေခြင်း ( Antiseptic) ၊ ဓါတ်တိုး ဆန့်ကျင်ပစ္စည်း (Antioxidant) ၊ ခန္ဓာကိုယ်သန့်ရှင်းစင်ကြယ်စေခြင်းစတာတွေကို လုပ်ဆောင်ပေး ပါတယ် ။ အမျိုးသမီးတွေမှာဆိုရင်လည်းအရေပြားနဲ့ အသားအရည်ကို ၀င်းပစိုပြည်စေပြီး ခြုံငုံပြီးကြည့် မယ်ဆို ရင် အနာကျက်မြန်ခြင်း ။မျက်ခမ်းစပ်ရောဂါကို ကာကွယ်ပေးနိုင်ခြင်းစတဲ့ ဦးခေါင်း ကနေ ခြေထောက် အထိ ကျောင်းကျိုးများစွာကို ပေးစေပါတယ် ။ ပျားရည်ရဲ့ အနာကျက်မြန် တဲ့ ကောင်းကျိုး ကို ရှေးနှစ်ပေါင်း များစွာကတည်းက အသုံးပြုခဲ့ကြပြီး အထူးသဖြင့် ပြတ်ရှနာများမှားပိုအသုံးဝင်ပါတယ် ။ သာမန်ဖျား နာမှုနဲ့ ရောဂါတွေမှာလည်း ကုသမှု အဖြစ်အသုံးပြုနိုင်ပြီး မျိုးဆက်တစ်ခုမှနေ၍ နောက်တစ်ခုကို ကျန်း မာရေးကောင်း ကျိုးတွေကို ဆင့်ကဲပေးစေပါတယ် ။ UMF Manuka Honey လို့ခေါ်တဲ့ပျားရည်ဟာဆိုရင် ယနေ့ပျား ရည်ရဲ့ကျန်းမာေ၇းဆိုင်ရာ ဆွေးနွေးမှုတွေမှာ အရသာအရှိဆုံး ပျားရည်ဆေးအဖြစ် ထည့်သွင်းပြော ဆိုနေကြပြီဖြစ်ပါတယ် ။ ဒီပျားရည်ဟာ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ယုံတင်မကပဲ တစ်ရှူးများ အနာ ကျက်မြန်ခြင်းကို ကာကွယ်ပေးခြင်း ၊ အမာရွတ်ဖြစ်ခြင်းနှင့် ရောင်ရမ်းခြင်းများကို လျော့နည်းစေခြင်း စတဲ့အချက်တွေ ရရှိပါတယ် ။ ဒါ့အပြင် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ ၀မ်းသွားခြင်း ၊ အစာမကြေခြင်း ၊ အစာအိမ်အနာများနဲ့ ၀မ်းပျက်ဝမ်းလျှောခြင်း ( GE) ကိုပါ ကုသဖို့အတွက် အသုံးပြုနိုင်ပါတယ် ။

ပျားရည်ကို အစားအစာတွေမှာ အသုံးပြုခြင်းနဲ့ ကောင်းကျိုးတွေကတော့ ပျားရည်ကို ရရှိတဲပင် ရင်း နဲ့ နေရာဒေသအပေါ် မူတည်ပါတယ် ။ ပျားတွေကနေရရှိတဲ့ပျားရည်ကို အသုံးပြုပြီးတော့ propolis , royal jelly , beewax ( ပျားဖယောင်း ) စတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်ပြီး အသက်ရှုမ၀ခြင်း ၊ ဆံပင်ကျွတ်ခြင်း ၊ အိပ်မပျော်ခြင်း ၊ အဆင်အမြစ်နာခြင်း ၊ ၀က်ခြံနဲ့ မှိုပိုးဝင်ခြင်းစတာတွေမှာပါ အသုံးပြုတာကြောင့် ပျားရည်ကို ရိုးရာဆေး ( Traditional medicine) အဖြစ်နေရာအတော်များများမှာ အသုံးပြုနေကြပါပြီ ။ ဆက်လက်ပြီး ကျန်း မာရေး ဆိုင်ရာကောင်းကျိုးတွေကို အသေးစိတ်လေ့လာကြည့်ရအောင် ။

၁ ။ Natures's Energy Booster

အရသာ ကောင်းလွန်းတယ်ဆိုတဲ့ အပြင်ပျားရည်ရဲ့ကောင်းကျိုးတွေအများကြီး ရှိပါသေးတယ် ။ သဘာဝ ကစီဓါတ် ပင်ရင်း ( Natural source of carbohydrate) ဖြစ်ပြီး လူတွေရဲ့ ခန္ဓာကိုယ် ကို ခွန်အားနဲ့ စွမ်း အင်တွေကို ပေးစေပါတယ် ။ ဒါကြောင့် ပျားရည်ကို စွမ်းဆောင်ရည်မြင့်မားစေဖို့ အကူပစ္စည်း (Booster) အဖြစ်အပြင် ကြွက်သားများညောင်းညာခြင်း ၊ မောပမ်းနွမ်းနယ်ခြင်းတွေကိုလည်း လျော့နည်းစေပါတယ် ။ သဘာဝ သကြားအချိုအရသာဟာ လေ့ကျင့်ခန်းပြုလုပ်ခြင်းောကာင့် ဖြစ်ပေါ်လာတဲ့ မောပန်းခြင်းတွေကို ကာကွယ်ပေးနိုင် ပါတယ် ။ ပျားရည်ထဲမှာပါတဲ့ ဂလူးကို့စ်ကို ခန္ဓာကိုယ်က လျှင်မြန်စွာ စုပ်ယူပြီး စွမ်းအင်ကိုတိုး တက်စေပါတယ် ။ အဲဒီအချိန်မှာ fructose ကိုတော့ ဖြေးညှင်းစွာ စုပ်ယူပြီ့း energy ကို ပုံမှန်ပဲပေးစေ ပါတယ် ။ သွေးတွင်း သကြားဓါတ်ကိုလည်း တခြားသကြားဓါတ် များနှင့်ယှဉ်လျှင်ထိမ်း ညှိပေးနိုင်ပါတယ် ။ ဒါကြောင့် ပျားရည်ရဲ့ကျန်းမာရေးကောင်းကျိုးတွေကိုသိစေဖိုပအတွက်

- သင်အလုပ်သွားခါနီးတိုင်းပျားရည်တစ်ဇွန်းခန့် သောက်သုံးသွားနိုင်ပါတယ် ။
- မနက်ပိုင်းတွေမှာ မကြည်မလင်နိုးထတတ်ပြီး စွမ်းအားမပြည့်သလိုခံစားနေရရင် ပျားရည် ကို သောက် သုံး ကြည့်နိုင်ပါတယ် ။
- သင့်ကလေးငယ်တွေဟာ ပင်ပင်ပန်းပန်းဆော့ကစားပြီးကျောင်းသွားဖို့ ငြင်းဆန်နေပါသလား ။ ပျားရည်နဲ့ sandwiches ကိုပြင်ဆင်ပေးလိုက်ပါ ။ ဒါဆို တစ်နေ့လုံး စွမ်းအားပြည့်ပြီး လန်းဆန်းတက်ကြွနေပါလိမ့်မယ် ။

၂ ။ Immunity System Builder

ပျားရည်ရဲ့ကောင်းကျိုးအများကြီးထဲကမှ အဖိုးတန်တဲ့အရာတစ်ခုကတော့ immune system booster အဖြစ်ဆောင်ရွက်ပေးခြင်းပါပဲ ။ ပျားရည်ရဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့ ဘတ်တီးရီးယားပိုးမွှားတွေကို သတ်နိုင် တဲ့ အစွမ်းက အစာအိမ်နဲ့အူလမ်းကြောင်းကို တိုးတက်ကောင်းမွန်စေပြီး သင့်ကို ကျန်းမာပျော် ရွင်စေနိုင် ပါတယ် ။ ပြင်ပပိုးမွှားတွေကို တိုက်ထုတ်နိုင်ပါတယ် ။ ဒါကြောင့် မနက်စာမစားခင်လေးမှာ ပျားရည် တစ်ဇွန်းနဲ့ lemon တစ်ဇွန်းလောက်နဲ့ ရောပြီး ရေနွေးနွေးနဲ့ ဖျော်စပ်သောက်သုံးခြင်းအားဖြင့် ပျားရည် ရဲ့ကောင်းကျိုးတွေကို သိနိုင်ပါတယ် ။

၃ ။ Honey is Anti-Cancer !!

ပျားရည်ဟာ ကင်ဆာကို ကာကွယ်ပေးနိုင်သလား ဆိုတာ မသေချာပေမယ့် လူအများစုကတော့ ပျားရည်ရဲ့ ကင်ဆာ ကာကွယ်ခြင်း ( Carcinogen preventing) နဲ့ ကင်ဆာကာကွယ်ခြင်းဂုဏ်သတ္တိ ( Anti-tumour properties) တွေကို စူးစမ်းလေ့လာနေကြဆဲဖြစ်ပါတယ် ။

၎ ။ အိမ်တွင်းအသုံးဝင်မှုများ

- မီးလောင်နာနှင့် ပြတ်ရှနာများ

ရှေးနှစ်ထောင်ပေါင်းများစွာကတည်းက ပျားရည်ကို အိမ်တွင်းသုံးဆေး ၀ါးတစ်လက်အဖြစ် များစွာ သော ရော ဂါတွေနဲ့ yeast ပိုးဝင်ခြင်းတွေမှာ သုံးလာခဲ့ကြပါတယ် ။ အဆစ်အမြစ်နာခြင်း မှာလည်းအသုံး ၀င်ပြီး သူ့ရဲ့ ပိုးသတ်နိုင်တဲ့စွမ်းရည်ကြောင့် အချို့သော ဘတ်တီးရီးယားတွေရဲ့ကြီးထွားနိုင်မှု ကို တားဆီးပေးပြီး အနာသန့် ရှင်းစေခြင်းနဲ့ ပိုးမ၀င်ခြင်းကို ဖြစ်စေပါတယ် ။ အရေးပေါ် သဘာဝ ဆေးစွမ်းတစ်လက်အနေနဲ့လည်း ပြည်တည်နာများ ၊ အပူလောင်ခြင်း ၊ ဓါးရှခြင်း ကို လည်းသက်သာစေပါတယ် ။ပျားရည်ဟာ လေထဲက စွတ်စိုထိုင်း မှိုင်းမှုကို စုပ်ယူနိုင်စွမ်းရှိပြီး အနာကျက်ခြင်းကို အားပေးပါတယ် ။ ရောင်ရမ်း နာကျင်မှုများ ကိုလည်း လျော့နည်းစေပြီး အမာရွတ်တည်ခြင်းကို နည်းစေပါတယ် ။ Anitbacterial property များစွာပါဝင်တဲ့ UMF Manuka ကို wound dressing အတွက် အသုံးများကြပါ့တယ် ။

-အရက်သောက်သူများအတွက်
သင်ဟာ တခါတရံမှာ အများကြီး သောက်မိတယ်ဆိုရင် ပျား၇ည်ကို သုံးစွဲကြည့်ပါ ။ ပျားရည်ဟာ အစာအိမ်ကို သိမ်မွေ့စေပြီး fructose ပါဝင်တဲ့အတွက် အသည်းကနေ အရက်ကို oxidation ဖြစ်စေတဲ့အရှိန်ကို မြင့်တက်စေပါတယ် ။ ဒါကို sobering agent လို့လည်းခေါ်ပါတယ် ။ လိမ္မော်ရည် 80ml မှာ ပျားရည် 15ml နှင့် ဒိန်ချဉ် 70ml ရောစပ် မွှေနှောက်ကာ အရက်နာကျခြင်းကို ဖြေပေးနိုင်ပါတယ် ။

-ချောင်းဆိုး အာသီးရောင်ခြင်း
အာသီးရောင်ချောင်းဆိုးခြင်းကိုလည်း ပျားရည်က နိုင်စေပါတယ် ။ Professional singer တွေဟာ sore throats ကိုကာ ကွယ်ပေးနိုင်ဖို့အတွက် သီချင်းမဆိုခင်မှာ ပျား၇ည်ကို သောက်သုံးလေ့ရှိကြပါတယ် ။ တ ရုတ်တွေ ကတော့ အပူများရင်အာသီးရောင်တယ်လို့ ယုံကြည်ကြပြီး ပျားရည်ကို သောက်သုံးကြပါတယ် ။ ပျားရည်နှစ် ဇွန်းခန့်နဲ့ lemon လေးဇွန်း ကိုရောစပ် ဆားအနည်းငယ်ထည့်ပြီး အာသီးရောင်နေ စဉ်အ တွင်း သောက် သုံးကြည့်ပါ ။

- အိပ်မပျော်ခြင်း
သင်အိပ်မပျော်ဘူးလား ။ နို့နဲ့ပျားရည်ကို သောက်သုံးကြည့်ပါ ။ နို့ပူပူလေး တစ်ခွက်ကို ပျားရည်တစ် ဇွန်းခန့်ရော စပ်ပြီး အအေးခံသောက်သုံးပါက နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ် ။

Ref : Internet ( Benefits of honey )

Shared from Wai Lin Shein

မြင်သူငေးလောက်စရာ ပိုးသားဆံနွယ်လေးများ

“ညနေခင်းရဲ့လေပြေထဲမှာ မင်းဆံနွယ်တွေ တောင်ပံဖြန့်တဲ့အခါ ပန်းပွင့်လေးတွေရှက်သွေးဖြာကျေးငှက်လေးတွေ တေးမဆိုတော့ပါ” တဲ့။ သီချင်းထဲက ကောင်မလေးဆံပင်ကတော့ သူ့ချစ်သူကလည်း အရမ်းချစ်သလို လူတိုင်းအားကျရတဲ့ ဆံပင်လေးတွေဖြစ်မှာပဲနော်။ ယောက်ျားလေးအတွက်ဖြစ်ဖြစ်၊ မိန်းကလေးအတွက်ဖြစ်ဖြစ်၊ ဆံပင်တိုတို ရှည်ရှည် လူတိုင်းအတွက် ဆံပင်ရဲ့အလှဟာ အရမ်းကိုအရေးပါတာပေါ့။ လူတစ်ယောက်က ကိုယ့်ကိုယ်ကိုဂရုစိုက်ရဲ့လား၊ သပ်သပ်ရပ်ရပ်နေတတ်ရဲ့လားဆိုတာ ဆံပင်လေးတွေက ပြောပြနေတယ်လေ။

လူ ၂ ယောက်ကို ယှဉ်တွေးကြည့်နော်။ ဆံပင်လေးတွေကြည့်ရတာ နူးညံ့ပြီး သပ်သပ်ရပ်ရပ်ရှိတဲ့သူဆိုရင် မြင်ထဲက အင်ပရက်ရှင်တက်သွားပြီ။ ရှုပ်ထွေးကြမ်းတမ်းနေတဲ့ဆံပင်တွေကိုတွေ့ရင်တော့ နှာခေါင်းရှုံ့မိကြမှာ လူတိုင်းပဲနော်။ အဲဒီလို မဖြစ်ဖို့ဆိုရင် ဆံပင်လေးတွေ နူးညံ့ပျော့ပျောင်းနေမှ ဖီးရလွယ်ပြီး သပ်သပ်ရပ်ရပ် စမတ်ကျကျ အရမ်းလှနေမှာလေ။ အဲဒီတော့ ဆံပင်လေးတွေ အမြဲနူးညံ့ပျော့ပျောင်းနေအောင် ဂရုစိုက်ရမှာပေါ့။

ပိုးသားလို နူးညံ့ပျော့ပျောင်းတောက်ပြောင်တဲ့ ဆံကေသာကို လူတိုင်းပိုင်ဆိုင်ချင်ကြပါတယ်။ ဆံကေသာလှဖို့ဆိုရင် ဆံနွယ်လေးတွေ ပျော့ပျောင်းနေဖို့ လိုတယ်နော်။ ဆံပင်ပျော့ဆေးတွေ သုံးလို့တော့ ရတာပေါ့နော့။ ဒါပေမယ့် ဆံပင်ပျော့ဆေးကောင်းကောင်းတွေက ဈေးကြီးတယ်လေ။ အမြဲတော့ ဘယ်သုံးဖြစ်ပါ့မလဲ။ အဲဒီတော့ အိမ်မှာရှိတဲ့ပစ္စည်းတွေကို အပြည့်အ၀အသုံးချရအောင်..။ တကယ်ဆို သဘာဝပစ္စည်းတွေက ပိုအန္တရာယ်ကင်းပြီး ပိုကောင်းတာပေါ့နော်။ သင်လုပ်ရမှာက မီးဖိုချောင်ထဲသွားပြီး လိုတဲ့ပစ္စည်းတွေရှာပြီး လုပ်ရုံပဲ။ မေမေဆူလိမ့်မယ်တော့ မပြောနဲ့နော်။ မေမေ့ဆံပင်လေးတွေကိုပါ လုပ်ပေးလိုက်။ မုန့်ဖိုးတောင် ရဦးမှာနော်။ :P ကဲ.. မုန့်ဖိုးတောင်းနိုင်တဲ့နည်း အဲလေ.. ဆံပင်ကို ပိုးသားလေးလို ပျော့ပျောင်းအောင် လုပ်နိုင်တဲ့နည်းလမ်းလေးတွေကို ပြောပြမယ်နော်.. :D

ရှောက်သီး၊ သံပုရာသီး၊ သံပရိုသီး


- ပိုးသားဆံနွယ်လေးဖြစ်အောင် လုပ်ပေးနိုင်တဲ့ အစွမ်းအထက်ဆုံးအရာပဲနော်။

- ရှောက်သီး၊ သံပုရာသီး၊ သံပရိုသီး တစ်မျိုးမျိုးရဲ့အရည် လ္ဘက်ရည်တစ်ဖန်ခွက်စာနဲ့ ရောတစ်ခွက်ကို ရောလိုက်ပါ။

- ပြီးတော့ ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ပေါ်ကို ဖြည်းဖြည်းလောင်းချပြီး ၅ မိနစ်ကြာတဲ့အခါ ရေဆေးချလိုက်ရုံပဲ။

- အရမ်းလွယ်တယ်ဆိုပြီး အထင်မသေးလိုက်နဲ့နော်။

- ဒီအသီးလေးတွေဟာ ဆံပင်တွေကို ပျော့ပျောင်းစေရုံသာမကဘူး ဗောက်တွေကိုလည်း ပျောက်ကင်းစေတယ်လေ။

- တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲပေါ့။ ဘယ်လောက်ကောင်းလဲနော်။

လက်ဖက်ခြောက်မှုန့်


- လက်ဖက်ခြောက်အမှုန့် ၁ ဇွန်းကို ရေလေးခွက်နဲ့ရောပြီး ဆူအောင်တည်လိုက်ပါ။

- ပြီးရင် အအေးခံလိုက်ပါ။

- အေးသွားရင် သောက်ရမှာ မဟုတ်ဘူးနော်.. :D

- ခေါင်းလျှော်ပြီးတော့ ဆံပင်ပေါ်ကို ဖြည်းဖြည်းလောင်းချရမှာပါ။

- ၅ မိနစ်ကြာတဲ့အခါ ရေအေးလေးနဲ့ ပြန်ဆေးချလိုက်နော်။

- လက်ဖက်ရဲ့အစွမ်းနဲ့ အရမ်းကို လှပနူးညံ့နေတဲ့ ဆံပင်လေးတွေကို တွေ့ရမှာပါ။

အုန်းဆီ


- အုန်းဆီဟာ ဆံပင်နဲ့ပတ်သက်လာရင် ဟိုးရှေးရှေးတုန်းထဲက ခုထိ ဘုရင်တစ်ဆူပဲနော်။

- ခေါင်းမလျှော်ခင် နာရီဝက်အလိုမှာ အုန်းဆီကို ရွှဲရွှဲလေးလိမ်းပါ။

- ပြီးတော့ ဦးရေပြားကို လက်ချောင်းထိပ်လေးတွေနဲ့ သေချာနှိပ်နယ်ပေးပါ။

- နာရီဝက်ကြာရင်တော့ သေချာလေးခေါင်းလျှော်လိုက်နော်။

- အုန်းဆီဟာ ဆံပင်ကို နူးညံ့ပျော့ပျောင်းစေတယ်။ နက်မှောင်တောက်ပြောင်ပြီး သန်စွမ်းကျန်းမာစေတယ်။ ဘာလိုသေးလဲနော်။

သံလွင်ဆီ

နည်းလမ်း (၁)

- သင့်ဆံပင်က အရမ်းကိုပျက်စီးပြီး ရှုပ်ထွေးကြမ်းတမ်းနေလား။

- အပူပေးထားတဲ့ သံလွင်ဆီနွေးနွေးလေး လ္ဘက်ရည်ဇွန်း ၂ ဇွန်းကို ဦးရေပြားကနေ ဆံပင်အဖျားတွေအထိ နှံ့စပ်အောင်လိမ်းပြီး သေချာနှိပ်နယ်ပေးပါ။

- ပြီးရင် ပလတ်စတစ်ခေါင်းစွပ်လေးစွပ်၊တဘက်နွေးနွေးလေးနဲ့ ခေါင်းကို ပတ်ပြီး နာရီဝက်ထားပေးနော်။

- သံလွင်ဆီတွေ ဆံပင်သားထဲကို စိမ့်ဝင်ပြီး ပျက်စီးနေတဲ့ဆံပင်သားတွေကို ပြန်လည်ပြုပြင်နိုင်ဖို့ အတွက်ပါ။

- အချိန်ပြည့်ရင် ခေါင်းလျှော်ရည် အပျော့စားလေးနဲ့လျှော်ပြီး ရေအေးလေးနဲ့ ဆေးချလိုက်နော်။

- သံလွင်ဆီရဲ့အစွမ်းက အံ့မခမ်းပါပဲလားဆိုတာ တွေ့ရပါလိမ့်မယ်။

နည်းလမ်း (၂)

- သံလွင်ဆီက နောက်တစ်မျိုးအစွမ်းပြပါအုံးမယ်။

- သံလွင်ဆီ လ္ဘက်ရည်ဇွန်း ၁ ဇွန်းနဲ့ ကြက်ဥနှစ်ကို ရောမွှေပါ။

- ဆံပင်အနှံ့ကို သုတ်လိမ်းပေးပြီး ခဏနေရင် ပုံမှန်အတိုင်း ခေါင်းလျှော်လိုက်နော်။

- ရလဒ်ကိုအရမ်းကြိုက်သွားပြီး ခေါင်းလျှော်တိုင်းတော့ မလုပ်လိုက်ပါနဲ့။

- တစ်ပတ်မှာ တစ်ခါထက် ပိုမလုပ်ရဘူးနော်။

နည်းလမ်း (၃)

- သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပျားရည် လ္ဘက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်ဥနှစ် ၁ လုံးကို သေချာရောမွှေပါ။

- ပြီးတော့ တစ်ခေါင်းလုံးနှံ့စပ်အောင် လိမ်းပေးနော်။

- ပလတ်စတစ်ခေါင်းစွပ်လေး စွပ်ပြီး နာရီဝက်ထားပေးပါ။

- ပြီးတော့ ရေသေချာဆေးချပြီး ခေါင်းလျှော်လိုက်ပါ။

- အရမ်းကို နူးညံ့လှပနေတဲ့ သင့်ဆံပင်လေးတွေကြောင့် အရမ်းကို စိတ်ချမ်းသာရမှာပါ။

- ဆံပင်ပျော့စေတဲ့နည်းတွေ ပြောလာလိုက်တာ သံလွင်ဆီကြော်ငြာဖြစ်တော့မှာပဲ။ :P

- ဒါပေမယ့် တကယ်အစွမ်းထက်လို့ လုပ်ကြည့်နော်။

ကြက်ဥ

- သံလွင်ဆီမှာတုန်းက ပြောခဲ့တဲ့နည်းနဲ့ နဲနဲတော့ဆင်ပါတယ်။

- ဒါပေမယ့် တူသလိုလိုနဲ့ မတူတာမို့ စမ်းကြည့်ပါအုံးနော်။

- ကြက်ဥနှစ်တစ်လုံးကို အရောင်ဖျော့ပြီး အမြှပ်တွေထလာတဲ့အထိ ခေါက်ပါ။

- ပြီးတော့ သံလွင်ဆီ လ္ဘက်ရည်ဇွန်းတစ်ဝက်ထည့်ပြီးထပ်မွှေပါ။

- ရေ လ္ဘက်ရည်ခွက်ရဲ့ ၄ ပုံ ၃ ပုံကို ထပ်ထည့်ပြီး ထပ်မွှေလိုက်ပါအုံးနော်။

- ခေါင်းလျှော်ပြီးချိန်မှာ ဒီပျော့ဆေးလေးကို တစ်ခေါင်းလုံးကိုလိမ်းပြီး မိနစ်အနည်းငယ်ကြာတဲ့အခါ ရေသေချာဆေးချလိုက်ပါ။

- ကြက်ဥကလည်း ဆံပင်အတွက် အားကိုးရကြောင်း သိသွားပါလိမ့်မယ်နော်။

ကဲ.. လေမှာ ၀ဲလွင့်လို့ ကဗျာဆန်ဆန်လှပတဲ့ ဆံကေသာလေးတွေ ပိုင်ဆိုင်နိုင်ဖို့ နည်းကောင်းလေးတွေတော့ ပေးပြီးပြီနော်။ လိုက်လုပ်ဖို့ပဲ လိုတော့တယ်။ ယောက်ျားလေးတွေကလည်း ငါ့ဆံပင်တိုတိုလေး လုပ်စရာမလိုဘူးမထင်နဲ့နော်။နူးညံ့ပျော့ပျောင်းနေတဲ့ ဆံပင်လေးတွေနဲ့ဆိုရင် ပိုသပ်ရပ်ပြီး ပိုကြည့်ကောင်းလာမှာပဲလေ။ အဲဒီတော့ ကိုယ်ကိုယ်တိုင်လည်းလုပ်ကြည့်ရင်း ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေကိုလည်း လက်ဆောင်ပေးရင် ကိုယ်ကိုယ်တိုင်လည်းလှ သူများတွေလည်းလှတော့ ကုသိုလ်တွေလည်းအများကြီးရမှာမို့ ဆံပင်ကို နူးညံ့ပျော့ပျောင်းစေတဲ့ သဘာဝနည်းလမ်းကောင်းလေးတွေကို သေချာမှတ်ထားလိုက်နော်။ Please take it !!!

Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com မှ ကူးယူဖော်ပြပါသည်

Shared from Wai Lin Shein

ဆံပင်မကျွတ် ဆံပင်သန်စေမယ့် အစားအစာများ

ဆံပင်က ရှည်တာနှေးတယ် ကျွတ်လည်း အရမ်းကျွတ်တယ်ဆိုရင်တော့ ဆံပင်တွေဟာ လုံလောက်တဲ့
အာဟာရမရလို့ပဲပေါ့။ လူတွေတောင် အဟာရပြည့်ပြည့်၀၀ မစားသောက်ရရင် ပိန်လှီသေးကွေးနေတတ်သေးတာလေ။ ဒီလောက်ဆိုရင် အရိပ်ပြအကောင်မြင်တတ်တဲ့ ရင်နှင်းသူငယ်ချင်းတွေ ရင်နှင်းဘာပြောမလဲသိနေလောက်ပြီ။ ဆံပင်တွေလည်း လိုအပ်တဲ့ အာဟာရတွေရှိမှ ကောင်းကောင်းရှင်သန်နိုင်မှာပေါ့။ ဒါကြောင့် အာဟာရပြည့်ဝအောင် စားသောက်ဖို့ လိုပါတယ်။ အထူးသဖြင့် ဆံပင်သန်စွမ်းဖို့ အဓိကလိုအပ်တဲ့ အာဟာရလေးတွေကိုပေါ့။

Foods For Hair

a . ဆံပင်ကို ပရိုတိန်းလို့ ခေါ်တဲ့အသားဓာတ်တွေနဲ့ ဖွဲ့စည်းထားတာလေ။ အဲဒီတော့ ဆံပင်သန်ချင်ရင် အသားဓာတ်များများ စားဖို့လိုတာပေါ့။ အသား၊ ငါး ၊ ပဲအမျိုးမျိုး၊ ဥ၊ နို့ထွက်ပစ္စည်း၊ ပဲပင်ပေါက်တို့မှာ အသားဓာတ်များများပါတော့ များများစားပေးနော်။


b . အိုင်အိုဒင်းဓာတ်က ဆံပင်သန်စေတယ်လေ။ အိုင်အိုဒင်းဆားသုံးပေါ့။ ပင်လယ်စာတွေမှာလည်း အိုင်အိုဒင်းဓာတ် ပါပါတယ်။ ဒါပေမယ့် တန်ဆေး လွန်ဘေးဆိုတာကိုတော့ သတိပြုအုံးနော်။


c . သံဓာတ်ကလည်း ဆံပင်သန်စွမ်းဖို့အတွက် အရေးပါတဲ့ ဓာတ်လေးပေါ့။ အဲဒီတော့ သံဓာတ်များများပါတဲ့
အသား၊ အသည်း၊ ဟင်းနုနွယ်၊ ဘူးညွှန့်တွေကို များများစားပါ။


d . ဗီတာမင်စီက ခန္ဓာကိုယ်သံဓာတ် စုပ်ယူမှုကို အားကောင်းစေသလို ဆံပင်ကိုလည်း ကျန်းမာသန်စွမ်းစေလို့ နေ့စဉ်စားတဲ့အစားအစာတွေထဲမှာ ဗီတာမင်စီဓာတ် လုံလုံလောက်လောက်ပါဖို့ လိုတယ်နော်။


e . ဖောလစ်အက်စစ်တွေပါတဲ့ အစားအစာတွေ များများစားပေးရင်လည်း ဆံပင်တွေ ကျန်းမာသန်စွမ်းစေ
ပါတယ်။


f . Biotin လို့ခေါ်တဲ့ ဗီတာမင် B3 နဲ့ ဗီတာမင်ဘီအုပ်စုတွေနဲ့ ဗီတာမင်အီး၊ ဗီတာမင်အေ ကလည်း ဆံပင်အတွက် အရမ်းအရေးပါတယ်နော်။ ဦးရေပြားကို သွေးများများသွားစေတော့ လိုအပ်တဲ့ အဟာရဓာတ်တွေများများရပြီး ဆံပင်တွေလည်း သန်တာပေါ့။


ဘယ်ဗီတာမင်ကို ဘယ်အစားအစာကနေ ရနိုင်တယ်ဆိုတာကို သဘာဝရဲ့အာဟာရမှာ ဖတ်ကြည့်နော်။


Avoid Certain Foods

ဆံပင်မကျွတ်အောင် ဆံပင်သန်အောင် ဘာတွေစားရမလဲဆိုတာ သိပြီးပြီဆိုတော့ ရှောင်ရမယ့် အစားအစာတွေကိုလည်း ပြောပြမယ်နော်။


a . ဆေးလိပ်၊ အရက်၊ ကော်ဖီနဲ့ အချိုတွေကို အများကြီးစားသောက်ရင် ဆံပင်ကျွတ်တတ်သတဲ့။ ရင်နှင်းကတော့ ယောင်္ကျားတွေ ထိပ်ပြောင်ရတဲ့အကြောင်းရင်းကို နည်းနည်းသဘောပေါက်သလိုလိုတော့ ရှိလာပြီ။ :D


b . ကိုလက်စရောများတဲ့ အစားအစာတွေ၊ ဆီကြော်တွေ၊ တိရစ္ဆာန်ဆီတွေကို များများစားရင်လည်း ဆံပင်ကျွတ်နိုင်တယ်နော်။


c. ဆားကို အများကြီးစားတာကလည်း ဆံပင်ကျွတ်စေတယ်လေ။ ဒါကြောင့် ဆားကိုလည်း တော်ရုံပဲစားပါ။ သွေးတိုးမှာလည်း မပူရတော့ဘူးပေါ့။ :D

ဆံပင်တွေ ကျွတ်တာသက်သာပြီး ဆံပင်တွေသန်ဖို့အတွက် အစားအသောက်ကို ဂရုစိုက်ရမယ်။ ပြီးတော့ ဆံပင်လေးတွေကို ဂရုစိုက်ဖို့လည်း လိုပါသေးတယ်။

Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com

Shared from Wai Lin Shein

ဆံပင်မကျွတ် ဆံပင်သန်စေမယ့် ဗျူဟာများ

ကြားနေမိတာကတော့ လူတော်တော်များများ ဆံပင်ကျွတ်ကြသလိုပဲနော်။ ဆံပင်လေးတွေကို ဂရုမစိုက်မိကြလို့ပဲ ဖြစ်မယ် ထင်တယ်။ လူတွေတောင် တစ်ယောက်ကို တစ်ယောက် ဂရုမစိုက်တာကြာရင် စိမ်းကားကွဲပြဲတတ်သေးတာ။ ဆံပင်လေးတွေလည်း အဲလိုပဲပေါ့။ အဲဒီတော့ ဆံပင်လေးတွေကို ကောင်းကောင်းဂရုစိုက်ပြီး ဆံပင်လေးတွေအတွက် လိုအပ်တဲ့အာဟာရ ပြည့်ဝအောင်စားသောက်ပေးရင် ကျွတ်ပါဆိုတာတောင် မကျွတ်ဘူး ဖြစ်သွားမယ်နော်။ ခု ဆံပင်လေးတွေကို ဘယ်လိုဂရုစိုက်ရမယ်ဆိုတဲ့ ဗျူဟာတွေကို ပြောပြမယ်နော်။

Reduce Stress

စိတ်ဖိစီးမှုများနေရင်လည်း ဆံပင်ကျွတ်တယ်ဆိုတာ သူငယ်ချင်းတို့လည်းကြားဖူးမှာပေါ့။ စိတ်ထောင်းကိုယ်ကြေ လို့တောင် ပြောသေးတာပဲ။ စိတ်ဖိစီးမှုများရင် ဆံပင်ပေါ်လည်း သက်ရောက်မှုရှိတာပေါ့။ ဒါကြောင့် စိတ်ဖိစီးမှု နဲအောင်နေပါ။ ဒီကိစ္စအတွက် Go Away Stress ဆိုတဲ့ ပို့စ်လေးက သူငယ်ချင်းတို့ကို ကူညီပေးပါလိမ့်မယ်။

Keep Hydrated

ရေများများ သောက်ပါ။ ရေဓာတ်နဲပြီး ခြောက်သွေ့နေတဲ့ ဆံပင်ဟာ အရှည်လည်းနှေးပြီး အလွယ်တကူလည်း ပျက်စီးနိုင်တယ်လေ။ ဒါကြောင့် တနေ့ကို အနည်းဆုံး ရေ ၈ ဖန်ခွက်လောက်သောက်ဖို့ လိုတယ်နော်။

Get Enough Sleep

အိပ်စက်ခြင်းဆိုတာကြီးက လူ့သက်တမ်းရဲ့ ၃ ပုံ ၁ ပုံ အချိန်ကို ယူထားတာက အိပ်စက်ခြင်းဟာ လူသားတွေအတွက် အရမ်းအရေးကြီးလို့ပေါ့။ ကျန်းမာရေးအတွက်ရော၊ ဆံပင်အတွက်ပါ အရေးကြီးတယ်နော်။ အိပ်တဲ့အချိန်ကျမှ ခန္ဓာကိုယ်က ကောင်းကောင်းအနားယူအားဖြည့်နေပြီး ဆဲလ်အဟောင်းတွေလည်း ပြင်စရာရှိတာပြင် ဆဲလ်သစ်တွေလည်း ကောင်းကောင်းဖြစ်ပေါ်နိုင်မှာလေ။ ဒီတော့ အိပ်ရေးဝမှပဲ ဆံပင်လေးတွေလည်း သန်စွမ်းနိုင်မှာမို့ အိပ်ရေး၀၀အိပ်ကြနော် သူငယ်ချင်းတို့..။

Know what You Apply To Your Hair

လူတစ်ယောက်က အ၀တ်အစား ကောင်းကောင်းမွန်မွန်လှလှပပ ၀တ်တာနဲ့ စုတ်စုတ်ပြတ်ပြတ်ဝတ်တာဆိုရင် ပုံစံက လုံးဝကွာခြားသွားတာနော်။ အဲ့လိုပဲလေ ဆံပင်လေးတွေလည်း ပစ္စည်းကောင်းကောင်းသုံးတာနဲ့ အရည်အသွေးမကောင်းတဲ့ပစ္စည်းတွေ သုံးတာနဲ့ဆိုရင် ရလာတဲ့ရလဒ်တွေလည်း ကွာပြီပေါ့။ အကောင်းစားကြီးတွေကို ပိုက်ဆံအများကြီး အကုန်ခံသုံးပေးဖို့ပြောတာ မဟုတ်ဘူးနော်။ အဖြစ်ပဲလုပ်ထားတဲ့ အရည်အသွေးညံ့လွန်းတာတွေကို မသုံးဖို့ပြောတာပါ။

Wash your hair regulary

ဆံပင်နဲ့ ဦးရေပြားမှာ ဖုန်တွေ၊ ဂျီးတွေနဲ့ဆိုရင် ဆံပင်က ကောင်းကောင်းဘယ်ရှည်လာနိုင်တော့မလဲ။ သူငယ်ချင်းတို့လည်း ညစ်ပတ်တဲ့နေရာမှာ မနေချင်ဘူးဟုတ်?? ဆံပင်လေးတွေလည်း ဒီအတိုင်းပဲပေါ့။ ဒီတော့ ဆံပင်လေးတွေလည်း သူ့နေရာက သန့်ရှင်းနေမှ ကောင်းကောင်းရှင်သန်မှာဆိုတော့ ခေါင်းလျှော်ဖို့ကို ပျင်းလို့မရတော့ဘူးနော်။ ဒါပေမယ့် နေ့တိုင်း ခေါင်းလျှော်ပြန်ရင်လည်း ဆံသားတွေ ခြောက်သွေ့ပြီး ပျက်စီးနိုင်တယ်လေ။ တန်ဆေးလွန်ဘေးပေါ့။ ဒါကြောင့် တစ်ပတ်ကို ၂ - ၃ကြိမ် လောက်ပဲ လျှော်ပေးရမယ်နော်။

Lubricate your hair

ခေါင်းမလျှော်ခင် နာရီဝက်အလိုမှာ ဆံပင်ကို အုန်းဆီ သံလွင်ဆီ လိမ်းပေးတာကလည်း ဆံပင် ၂ ခွ ဖြစ်တာတွေကိုသက်သာစေပြီးတော့ ဆံပင်ကိုသန်စွမ်းစေပါတယ်။ ခေါင်းလျှော်ပြီးရင်လည်း ဆံပင်ကို ဆီတစ်မျိုးမျိုးလိမ်းပေးဖို့ မမေ့ပါနဲ့။

Deep Condition Every Alternate Week

တစ်လကို ၂ ခါ လောက် ပရိုတိန်းဓာတ်ပါတဲ့ ဆံပင်ပျော့ဆေးလေးကို သုံးပေးနိုင်ရင်တော့ အကောင်းဆုံးပဲနော်။ ဒါမှမဟုတ်ရင်လည်း အပူပေးထားတဲ့ သံလွင်ဆီနဲ့ ပေါင်းတင်လို့ရတယ်လေ။ ပေါင်းတင်နည်းတွေကို မြင်သူငေးလောက်စရာ ပိုးသားဆံနွယ်လေးများမှာ ဖတ်ကြည့်နော်။

Massage Your Scalp Daily

ဦးရေပြားကို နေ့စဉ်နှိပ်နယ်ပေးရင်လည်း သွေးလှည့်ပတ်မှုကို ကောင်းမွန်စေလို့ ဆံပင်တွေက လိုအပ်တဲ့အာဟာရတွေ အပြည့်အ၀ရပြီး ဆံပင်တွေသန်စွမ်းစေတာပေါ့။

Trim Every Month or Two

ဆံပင်အဖျားလေးတွေဟာ ကြာလာတာနဲ့အမျှ ခြောက်သွေ့ပြီး ကြမ်းလာတတ်တယ်။ အဖျားတွေကလည်း ၂ ခွဖြစ်လာတတ်တယ်လေ။ ဒါကြောင့် ဆံပင်အဖျားတွေကို လတိုင်း မဟုတ်ရင်တောင် ၂ လ တစ်ခါ တိပေးပါ။ ခု နှမြောနေရင် အဖျားတွေဟာ ဆံပင်ကို တဖြည်းဖြည်းခွဲခွဲလာပြီး ဆံပင်တစ်ချောင်းလုံးကုန်အောင် ဒုက္ခပေးလာလိမ့်မယ်နော်။

Let Your Hair Rest

ဆံပင်ကို ကောက်လိုက် ဖြောင့်လိုက် ဆေးဆိုးလိုက် ခဏခဏ လုပ်နေရင်တော့ ဆံပင်တွေ ပျက်စီးမှာ မလွဲမသွေပဲပေါ့။ ပျက်စီးနေတဲ့ဆံပင်က ဘယ်သန်တော့မတုန်း။ အလှကြိုက်တဲ့ ပျိုမေတို့အတွက် သတိထားစရာလေးပေါ့။

Avoid Hair Styles That Pull Hair Tight

ဆံပင်ကို တင်းတင်းလေးစုချည်ထားတဲ့ပုံက မိုက်မှမိုက်ပဲ။ ဒါပေမယ့် အဲ့လိုဆိုရင် ဆံပင်သားတွေ ကျိုးကြေတာမျိုးတွေ ဖြစ်တတ်တယ်။ ဆံပင်ကို အတင်းဆွဲထားသလိုဖြစ်နေတော့ ဆံပင်တွေလည်း ကျွတ်နိုင်တာပေါ့။ ဒါကြောင့် ဆံပင်ကို အမြဲတင်းတင်းမစည်းထားသင့်ဘူးနော်။

Aging Hair

အသက်ကြီးလာတော့ ဆံပင်အရင်းတွေလည်း အားနည်းလာပြီး ဆံပင်တွေပိုကျွတ်တတ်တယ်လေ။ ဒါပေမယ့် ဦးဦး ဒေါ်ဒေါ်တို့ အရမ်းမစိုးရိမ်ပါနဲ့။ အသက်အရွယ်အလိုက် ဆံပင်ကျွတ်တာများပေမယ့် အာဟာရပြည့်ဝတဲ့ အစားအစာတွေစားပြီး ဆံပင်ကို ကောင်းကောင်းဂရုစိုက်ရင် အရမ်းမဆိုးနိုင်ဘူးလေ။

Warming

ဆံပင်က ပုံမှန်မဟုတ်ပဲ မတရားကျွတ်နေရင်၊ ဘယ်လိုနည်းနဲ့မှ မသက်သာရင်တော့ အရေပြားအထူးကုဆရာဝန်ကြီးတွေနဲ့ပဲ ပြသရတော့မှာပဲနော်။

ဒီလောက်ဆိုရငသူငယ်ချင်းလေးတွေ ဆံပင်ကို ကောင်းကောင်းဂရုစိုက်တတ်လောက်ပြီနော်။ အမြဲသာ ဆံပင်လေးတွေကို ကောင်းကောင်းဂရုစိုက်သွားရင် ဆံပင်ကျွတ်တာတွေလည်း နဲသွားပြီး ဆံပင်လေးတွေ သန်စွမ်းလှပလာမှာ သေချာတယ်နော်။

Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com မှ ကူးယူဖော်ပြပါသည်

Shared from Wai Lin Shein

ဂုဏ်တော်ပွားနည်း

မြန်မာဗုဒ္ဓဘာသာဝင်များသည် ဂုဏ်တော်ပွားတတ်ကြပါသည်။ ဂုဏ်တော်ပွားခြင်းသည် ဗုဒ္ဓါနုဿတိဘာဝနာ ဖြစ်ပါသည်။ ဂုဏ်တော်ပွားရာ၌ အချို့က စိပ်ပုတီးစိပ်ပြီး ပွားများကြ၏။ အချို့က စိပ်ပုတီးမသုံးဘဲ ဘုရားဂုဏ်တော် သက်သက်ကိုသာ အာရုံပြုပြီး ဗုဒ္ဓါနုဿတိ ဘာဝနာဖြစ်အောင် ပွားများကြသည်။ မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကမူ စိပ်ပုတီးကို အသုံးမပြုခဲ့ကြပေ။
ဂုဏ်တော်ပွားကြမှုချင်း တူညီစေကာမူ ဂုဏ်တော်ပွားခြင်း၏ ရည်ရွယ်ချက်နှင့် ပွားပုံပွားနည်းချင်းမှာမူ မတူညီကြပေ။ ဘုရားရှင်၏ ဂုဏ်တော်များကို ပွားများစိမ့်ထုံရင်း အတွင်းသန္တာန်ထဲ၌ ကိလေသာ အနယ်အမှုန်များ တဖြည်းဖြည်းချင်း နည်းပါးလာကာ စိတ်နှလုံး ငြိမ်းအေးဖြူစင်လာစေရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဂုဏ်တော်ပွားသူတွေ ရှိပါ၏။ သူတို့၏ ရည်ရွယ်ချက်မှာ မွန်မြတ်လှပါ၏။ သန့်စင်ပါ၏။ ထိုသူများသည် ထေရ၀ါဒီ ဆရာတော်ကြီးများ၏ အဆုံးအမနှင့် ထေရ၀ါဒ ဗုဒ္ဓဓမ္မတို့၏ လမ်းညွှန်ချက်ကို ရရှိသောကြောင့် ဂုဏ်တော်ကို မြင့်မြတ်သော ရည်ရွယ်ချက်ဖြင့် ပွားများတတ်ခြင်း ဖြစ်ပါ၏။
အချို့သော ဂုဏ်တော်ပွားသူများကမူ ဘယ်ဂုဏ်တော်ကို စိပ်လျှင် ရာထူးတက်မည် စသော ဂိုဏ်းဆရာ၊ ဘိုးတော်စသူတို့၏ ညွှန်ကြားချက်ဖြင့် လောကီရေးမက်လုံးများကို ဦးတည်ရည်ရွယ်ပြီး ပုတီး စိပ်ကြ၏။ ဤရည်ရွယ်ချက်တွင် လောဘရမ္မက်များ စွန်းထင်းပေကျံနေသောကြောင့် မမွန်မြတ်ပေ။ ထိုသို့သော ရည်ရွယ်ချက်ဖြင့် ပုတီးစိပ်နေသူများသည် ထေရ၀ါဒီ ထေရ်အရှင်မြတ်ကြီးများ၏ အဆုံးအမကို မခံယူသူများ၊ ထေရ၀ါဒ ဗုဒ္ဓဓမ္မစာပေတို့နှင့် စိမ်းဝေးနေသူများ ဖြစ်တတ်ပါသည်။
ဂုဏ်တော်ပွားပုံ နည်းလမ်းတွင်လည်း ဘာဝနာနည်းဖြင့် ပွားသူအများစုက ဂုဏ်တော်တစ်ပါးချင်းကိုသာ အနက်အဓိပ္ပာယ် သိရှိပြီး လေးလေးနက်နက် နှလုံးသွင်း၏။ ပုတီးစိပ်ပြီးပွားသူများတွင် အများစုက ဂုဏ်တော်ကိုးပါးစလုံးကို ဂုဏ်တော်တစ်ပါးလျှင် ပုတီးတစ်လုံးချဖြင့် ခပ်သွက်သွက် စိပ်တတ်ကြသည်။ ပုတီးအပတ်ရေ များရေးကိုသာ ရှေးရှုပြီး ပုတီးလုံးများကို နင်ပြီးနင်ဆင်း စိပ်လေရာ ဂုဏ်တော်တစ်ပါးချင်းစီ၏ အနက်အဓိပ္ပာယ်ကိုမျှ နှလုံးသွင်းချိန် မရတော့။ ပုတီးအပတ်ရေ ဘယ်နှစ်ခေါက်ဆိုလျှင် ဘာဖြစ်မည်ဟူသော ဦးတည်ချက်ပြည့်စုံရေးကို အဓိကထား စိပ်တတ်ကြ၏။
ဦးတည်ရည်ရွယ်ချက်ကလည်း လောဘဖြင့် ကြီးပွားချမ်းသာရေး၊ ပွားပုံပွားနည်းကလည်း မမှန်ကန်သောအခါ ဗုဒ္ဓါနုဿတိ ပွားများရာ မရောက်တော့ပါ။ ဘုရားဂုဏ်တော်များကို နည်းလမ်းတကျ မည်သို့ပွားရမည်ဖြစ်ကြောင်းဟံသာသီရိဆရာတော်ဘုရားကြီးက ဤသို့ လမ်းညွှန်သွန်သင်တော်မူခဲ့ပါ၏။
ဘုရားဂုဏ်တော်ကိုးပါးကို နည်းလမ်းတကျ ပုတီးစိပ်လိုရင် ပထမ ဂုဏ်တော်ကိုးပါး ပါဠိအနက်အဓိပ္ပာယ်များကို ကျက်မှတ်လေ့လာ သင်ကြားရပါမယ်။ ဂုဏ်တော်တွေ များများသိအောင်၊ နားလည်အောင် ပြုလုပ်ရပါမယ်။ ဂုဏ်တော်တွေ များများသိနားလည် သဘောပေါက်လေ ဘုရားရှင်ကို များစွာကြည်ညိုပြီး ကုသိုလ်များဖြစ်လေ ဖြစ်တဲ့အတွက်ပါပဲ။
အဲသည် ဂုဏ်တော်တွေကို သိပြီးတဲ့နောက် ပုတီးစိပ်တော့မယ်ဆိုရင် ပထမ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလနဲ့ ပြည့်စုံရပါမယ်။ သည်နေရာမှာ နဂိုက သရဏဂုံ သီလတို့နဲ့ မပြည့်စုံသေးရင် ငါးပါးသီလနဲ့ ပြည့်စုံစေဖို့ရာ လက်အုပ်ချီ ဘုရားအာရုံပြုပြီး သရဏဂုံသုံးပါး၊ ငါးပါးသီလတို့ကို ကိုယ့်ဟာကိုယ်ဆိုပြီး ဆောက်တည်လိုက်ပါ။
အဲသည်နောက် လူသူရှင်းလင်းအေးချမ်းတဲ့ စေတီရုပ်ပွား ဘုရားဆင်းတုတော်များရှေ့မှာဖြစ်စေ၊ တိတ်ဆိတ်အေးချမ်းတဲ့ တစ်နေရာရာမှာ ဖြစ်စေ နေထိုင်ပြီး အတုမရှိ သပ္ပာယ်တင့်တယ်တော်မူတဲ့ သက်တော်ထင်ရှား ဘုရားရှင်ကို ထင်မြင်လာအောင် စိတ်ကူးကာ အထူးကြည်ညိုလေးစားသော သဒ္ဓါတရားဖြင့် မိမိနဂိုက သိထားတဲ့ အရဟံအစရှိတဲ့ ဂုဏ်တော်များရဲ့ အနက်အဓိပ္ပာယ်ကို အာရုံပြုပါ။ ဆင်ခြင်ပါ။ မိမိစိတ်ကို တစ်ခြားအာရုံသို့ မရောက်စေဘဲ ဂုဏ်တော်ကိုသာ အာရုံပြု စိတ်မှာထင်စေပြီး ပွားများပါ။ ပုတီးစိပ်ပါ။
ပုတီးစိပ်တဲ့အခါ အရဟံအစချီ ဘဂ၀ါအဆုံး ဂုဏ်တော်ကိုးပါးစလုံးကို တစ်ဆက်တည်း အာရုံပြု ရွတ်ဆိုစဉ်းစားကာ ပုတီးတစ်လုံးချ စိပ်တာထက် မိမိစိပ်လိုတဲ့ ဂုဏ်တော်တစ်ပါးတည်းကိုသာ အာရုံပြု ရွတ်ဆိုစဉ်းစားပြီး ပုတီးတစ်လုံးချစိပ်တာက "အာသေ၀န" အထုံရတဲ့အတွက် ပိုပြီး သမာဓိအား ကောင်းပါတယ်။ သဒ္ဓါတရားလဲ ပိုပြီး ထက်သန်ပါတယ်။
သည်လိုစိပ်တဲ့အခါ ပုတီးလုံးအရေအတွက် ပုတီးပတ်အရေအတွက် များများရရေးထက် အရဟံစိပ်လျှင် အရဟံဂုဏ်တော်ကို အာရုံပြု သိရှိကြည်ညိုစိတ် အချိန်ကြာကြာ တည်ငြိမ်နေရေးကို အလေးထားရပါမယ်။ အခြားဂုဏ်တော်တွေကို စိပ်ရင်လဲ သည်အတိုင်းပါပဲ။


ဆရာကြီး မင်းနန် (မော်ကျွန်း) ၏ ထေရ၀ါဒ အဆုံးအမ စာအုပ်မှ ကူးယူတင်ပြထားပါသည်။

Shared from Wai Lin Shein

သင့်ရဲ့ချစ်သူဟုတ်မဟုတ်စစ်ဆေးရအောင်.........

သင့်ချစ်သူ.....


A – Accepts you as you are.
သင့်ကို အရှိအတိုင်းလက်ခံသူ

B – Believe in “you”
သင့်ကိုယုံကြည်သူ

C – Calls you just to say “Hi”
နေကောင်းရဲ့ လားဟု နှုတ်ခွန်းဆက်တက်သူ

D – Doesn’t give up on you.
သုံးမရပါဘူးဟု စွန့် ပယ်မပြစ်တက်သူ

E – Envisions the whole of you (even the unfinished parts)
သင့်လုပ်ဆောင်ချက်အားလုံး(မပြီး
သေးသောအစိတ်အပိုင်းများအပါအ၀င်)ကိုမှန်း
မျှော်ပီတိဖြစ်နေသူ

F – Forgives Your mistakes.
သင့်အမှားများကို ခွင့်လွှတ်တက်သူ

G – Gives unconditionally.
ခြွင်းချက်မရှိသော မေတ္တာစေတနာကို ပေးတက်သူ

H – Helps you.
ကူညီဖေးမသူ

I – Invites you over.
နွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်တက်သူ

J – Just “be” with you.
သင်နှင့်အတူ ရှိနေသူ

K – Keeps you close at heart.
ရင်နှင့်အမျှ ရင်းနှီးသူ

L – Loves you for who are.
ဆင်းရဲချမ်းသာ မပါသော ချစ်ချင်းဖြင့် ချစ်ခင်သူ

M – Makes a difference in your life.
သင့်ဘ၀မှာ သူရှိနေသည့်အတွက်ထူးထူးခြားခြားဖြစ်စေသူ

N – Never judges.
ဘယ်တော့မှ အပြစ်ရှာဝေဖန်ခြင်းမပြုတက်သူ

O – Offers Support.
သင့်ဘက်မှ ရပ်တည်ထောက်ခံပေးသူ

P – Picks you up.
ဝမ်းနည်းအားငယ်ခြင်းကို ဖြေသိမ့်ပေးသူ

Q – Quiets your fears.
ကြောက်ရွံ့ စိတ်ကို ပြေပြောက်စေသူ

R – Raises your spirits.
စိတ်ဓာတ်မြှင့်တင်ပေးသူ

S – Says nice things about you.
သင့်ကောင်းကွက်လေးများကို ရွေးချယ်ပြောတက်သူ

T – Tells you the truth when you need to hear it.
သင်က နားထောင်ဖို့ လိုအပ်တဲ့အခါ အမှန်ကိုပြောတက်သူ

U – Understands you.
သင့်ကိုနားလည်သူ

V – Values you.
သင့်ကိုတန်ဖိုးထားသူ

W – Walks beside you.
သင့်နံဘေးမှာ အတူလျှောက်လှမ်းပေးသူ

X – Xplains thing you don’t understand.
သင်နားမလည်သည့် အရာကို ရှင်းပြပေးသူ

Y – Yells when you won’t listen and
သူ့ စကားကိုနားမထောင်ပါက ( ဂရုနာဒေါသဖြင့် ) အော်တက်သူ

Z – Zaps you back to reality.
သင့်အား အမှန်တရားဘက်သို့ ပို့ ဆောင်ပေးသူ.....


Shared from Wai Lin Shein

ပညာသင်ယူသူနှင့် ဥာဏလုပ်သားများ ရရှိနိုင်သည့် ဦးနှောက် ကျန်းမာရေး အကျိုးကျေးဇူး

Good Health
စာမေးပွဲတွေ ဖြေရတာ၊ စာတမ်းတွေတင်ဖို့ ပြင်ဆင်ရတာ၊ Presentation လုပ်ဖို့ အချက်အလက် စုဆောင်းရတာ .. စတဲ့ အရာအားလုံးက ဦးနှောက်ကို စိန်ခေါ် လုပ်ဆောင်ရတာကြောင့် စိတ်ပင်ပန်း နွမ်းနယ်မှု ဖြစ်ရတာ အမှန်ပါ။ ဒါပေမဲ့ ဒီလိုပညာရပ် အသစ်တွေကို ဆည်းပူး လေ့လာရတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန် ထက်မြက် လာစေပါတယ်။

အယ်လ်ဇိုင်းမား ရောဂါဖြစ်နှုန်း လျော့နည်းခြင်း
ပညာသင်ယူ လေ့လာတာနဲ့ တွေးခေါ်ဆုံးဖြတ်ရတဲ့ အလုပ်တွေ လုပ်တာကြောင့် မှတ်ဉာဏ်ထိခိုက်မှုကို လျော့ကျစေပြီး အယ်လ်ဇိုင်းမား ရောဂါရဲ့ လက္ခဏာတွေကို ကာကွယ်ပေးနိုင်တယ်လို့ အာရုံကြောဆိုင်ရာ ဆေးပညာဂျာနယ်ရဲ့ လတ်တလော လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ အမျိုးသမီး ခြောက်ဦးမှာ တစ်ဦးခန့်က အယ်လ်ဇိုင်းမား ရောဂါဖြစ်နိုင်တဲ့ အခွင့်အလမ်း များနေတာက ပညာသင်ယူမှုနဲ့ အလုပ်လုပ်ကိုင်မှုမှာ အချိန်ကုန်ဆုံးမှု နည်းတာကြောင့် ဖြစ်ပါတယ်။

သတိမေ့ရောဂါ ဖြစ်နှုန်း လျော့နည်းခြင်း
ပညာသင်ကြားတာနဲ့ ဉာဏ်သုံးရတဲ့ အလုပ်လုပ်တာကြောင့် သတိမေ့တဲ့ Dementia ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ ပညာကို အဆင့်မြင့်မြင့် သင်ကြားသူတွေနဲ့ ဉာဏ်ရည်ကို လှုံ့ဆော်တဲ့ အလုပ်အကိုင်တွေကို လုပ်ကိုင်သူတွေဟာ ပညာနိမ့်သူ၊ ကာယအားကိုးပြီး လုပ်ရသူတွေထက် သတိမေ့ Dementia ဖြစ်နိုင်ခြေ သိသိသာသာ လျော့နည်းမှု ရှိတာကို တွေ့ရပါတယ်။

တွေးခေါ် မြော်မြင်နိုင်စွမ်းအား ကောင်းခြင်း
ပညာသင်ယူ လေ့လာရတာနဲ့ စိန်ခေါ်တဲ့ အလုပ်တွေကို လုပ်ကိုင်တာတွေကြောင့် တွေးခေါ် မျှော်မြင်နိုင်စွမ်းအားကိုပိုမိုကောင်းမွန် တိုးတက်စေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အကြောင်းကတော့ အဆင့်မြင့် ပညာသင်ကြားတာနဲ့ ဉာဏ်သုံးပြီး လုပ်ရတာတွေကြောင့် ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာ ပိုမိုကောင်းမွန်လာပြီး ဦးနှောက်ကို သန်စွမ်းစေလို့ပါ။


Tips!
ပညာသင်ယူသူနှင့် ဉာဏလုပ်သားများ ဦးနှောက် စွမ်းရည် ပိုမိုထက် မြက်စေရန်
အားလပ်ချိန်မှာ မိနစ် ၃၀ လောက် လမ်းလျှောက်ပေးတာက အဝလွန်တာ၊ ဆီးချိုရောဂါနဲ့ အရိုးပါးရောဂါ ဖြစ်နှုန်းကို လျော့ကျစေတဲ့ အပြင် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ တကယ်လို့ လမ်းလျှောက်ဖို့ စိတ်မပါရင် ရေကူးတာ၊ တောင်တက်တာ၊ အိမ်မှာ လေ့ကျင့်ခန်း လုပ်တာတွေကို လုပ်ဆောင် ပေးနိုင်ပါတယ်။ ဒီလိုလုပ်တာကြောင့် ဦးနှောက်ကို ကြံ့ခိုင်သန်စွမ်းစေကာ စိတ်ကို လန်းဆန်းစေတဲ့အတွက် ပညာသင်ယူ လေ့လာမှုအပိုင်းနဲ့ ဦးနှောက်သုံးပြီး ဆုံးဖြတ်လုပ်ကိုင်မှု အပိုင်းတွေမှာ ပိုမို အဆင်ပြေလာ ပါလိမ့်မယ်။


ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)

Shared from Wai Lin Shein
သင့် ကျန်းမာရေးအတွက် တရားထိုင်ကြည့်ပါ

တရားထိုင်တယ်ဆိုတာ

လွယ်လွယ်ပြောရရင်တော့ ရှုပ်ထွေးပျံ့လွင့်နေတဲ့ စိတ်အာရုံကို ငြိမ်သက်အေးချမ်း သွားအောင် အာရုံတစ်ခုတည်းမှာ စုစည်းလိုက်တာပါ၊ တရားထိုင်ခြင်းကြောင့် ရရှိလာတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို အရှေ့တိုင်း တွေးခေါ်ပညာရှင်တွေဟာ နှစ်ထောင်ပေါင်းများစွာ ကတည်းက သိရှိပြီးပါပြီ၊ အခုအချိန်မှာ အနောက်တိုင်း အတွေးအခေါ်ပညာရှင်တွေကလည်း တရားထိုင်ခြင်းအကြောင်း လက်တွေ့သုတေသနပြုလေ့လာ ယုံကြည်လာပြီဖြစ်ပါတယ်။

ဘယ်လိုတရားထိုင်ရမလဲ....

တရားထိုင်မယ်ဆိုရင် ခန္ဓာကိုယ်ကို မတ်မတ်ထားကာ တင်ပျဉ်ခွေထိုင်ပြီး လက်တွေကို ပေါင်ပေါ်တင် ထိကပ်ကာ၊ မျက်စိကို မှိတ်ထားပြီး၊ နှာသီးဝက ၀င်လေထွက်လေကိုပဲ အာရုံပြု ရှုမှတ်ရမှာပါ၊ အတွေးတွေ၊ ခံစားချက်တွေ၊ အသံတွေ၊ ပုံရိပ်တွေအားလုံးကို မေ့နိုင်သမျှ မေ့အောင်ကြိုးစားရင်း စိတ်ကို နှာသီးဝမှာ တိုးနေတဲ့ ၀င်လေထွက်လေကိုပဲ အာရုံစိုက်ရမှာပါ၊ စတင်တရားထိုင်ကာစမှာ ငါးမိနစ်လောက်ပဲ ကြိုးစားကြည့်ပြီး တဖြည်းဖြည်းချင်း ၁၀-မိနစ်၊ ၁၅-မိနစ်ကနေ တစ်နာရီ၊ နှစ်နာရီ အထိ ကိုယ်တတ်နိုင်သလောက် ထိုင်နိုင်ပါတယ်၊ တရားထိုင်ခြင်းအကြောင်းလေ့လာဖို့ သိပ်မခက်ခဲပါဘူး၊ စတင်လေ့ကျင့်ဖို့ပဲ လိုပါတယ်၊ တရားထိုင်တဲ့အချိန်မှာ စိတ်ဟာ ငြိမ်သက်အေးချမ်းမှု ရနေမှာကတော့ အမှန်ပါပဲ။

တရားထိုင်ခြင်းကြောင့် ဘယ်လို ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရနိုင်ပါသလဲ....

တရားထိုင်ခြင်းဟာ ခန္ဓာကိုယ်တွင်းစနစ်တွေကို ညီညွတ်မျှတစေပါတယ်၊ တရားထိုင်ခြင်းကြောင့် နာတာရှည် နာကျင်မှုဝေဒနာ၊ စိတ်ဖိစီးမှု၊ စိတ်ပူပန်မှု၊ နှလုံးရောဂါ၊ ခုခံအားကျဆင်းမှုဝေဒနာ၊ အမျိုးသမီးရောဂါ-စတဲ့ ရောဂါဝေဒနာများစွာကို သက်သာစေပါတယ်။ တရားထိုင်ခြင်းကနေရတဲ့ စိတ်အပန်းဖြေမှု၊ စိတ်ငြိမ်းချမ်းမှုတွေဟာ ခန္ဓာကိုယ်ရဲ့ ဇီဝပျက်စီးမှုကို လျော့ကျစေကာ သွေးဖိအားကိုလည်း ထိန်းညှိပေးပါတယ်၊ နှလုံးသွေးလည်ပတ်မှု အားကောင်းပြီး အသက်ရှုလမ်းကြောင်းစနစ်ကို အထောက်အပံ့ပေးတဲ့အပြင် ဦးနှောက်လှိုင်းတွေကိုလည်း အားကောင်းစေ ပါတယ်။ ခန္ဓာကိုယ်ကြွှက်သားတွေရဲ့ တင်းအားနဲ့ ညောင်းညာမှုတွေကို နှိပ်နယ်လိုက်သလို အညောင်းပြေ စေပါတယ်။ ဒါကြောင့် တရားထိုင်တဲ့အကြိမ်နဲ့ အချိန်များလေလေ စိတ်ငြိမ်းချမ်းမှု ပိုမိုရှိလေလေပါပဲ၊ တရားထိုင်ခြင်းကြောင့် လျော့ပါးနိုင်တဲ့ ဝေဒနာတချို့အကြောင်းကို လေ့လာသုတေသနပြုထားချက်တွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

တရားထိုင်ခြင်းနဲ့ စိတ်ပူပန်မှု

စိတ်ပူပန်မှုဟာ ကြောက်ရွံ့မှု၊ အခက်အခဲကြုံတွေ့မှု၊ ဆိုးရွားတဲ့အကြောင်းတစ်ခုခု-စတာ တွေနဲ့ ဆက်စပ်နေတဲ့ မသက်မသာစိတ်ခံစားမှု တစ်မျိုးပါပဲ။ စိတ်ပူပန်မှုကြောင့် ခန္ဓာကိုယ်ဟာ ကတုန်ကယင်ဖြစ်ခြင်း၊ တုန်လှုန်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အိပ်မပျော်ခြင်း၊ နှလုံးခုန်နှုံးမြန်ခြင်း၊ ချွေးထွက်ခြင်း၊ လက်တွေ စေးထန်းထန်းဖြစ်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စိတ်ပူပန်မှုဖြစ်တာနဲ့ နေ့စဉ်လုပ်ဆောင်နေကျ လုပ်ငန်းတွေကို အနှောက်အယှက်ပေးတဲ့အထိ ဒုက္ခရောက်ရတတ်ပါတယ်၊ ဒါ့အပြင် စိတ်ပူပန်မှုဟာ နှလုံးရောဂါ သွေးတိုးရောဂါတွေနဲ့လည်း ဆက်စပ်နေပါတယ်၊ ဒါကြောင့် ပူပန်တတ်တဲ့စိတ် မရှိအောင် တရားထိုင်ခြင်းနဲ့ ကုစားနိုင်ပါတယ်၊ တရားထိုင်ခြင်းဖြင့် စိတ်ဟာ ငြိမ်သက်အေးချမ်းနေပြီး ပူပန်စရာကြုံတဲ့အခါ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်ပါလိမ့်မယ်။

တရားထိုင်ခြင်းနဲ့ စိတ်ဖိစီးမှု

ဘ၀ရဲ့အပြောင်းအလဲ၊ အချိုးအကွေ့၊ စိန်ခေါ်မှုတွေနဲ့ လိုအပ်ချက်တွေနောက် လိုက်ရတာ ကိုယ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ များလှပါတယ်။ စိတ်ဖိစီးမှုမှာ အဆင့်သတ်မှတ်ချက်တွေလည်း ရှိပါတယ်၊ စိတ်ဖိစီးမှုနည်းတဲ့အဆင့်ဆိုရင် သိပ်ပြီးတော့တောင် သတိမထားမိဘဲ ပြေပျောက်သွားတတ်ပါတယ်၊ စိတ်ဖိစီးမှု အလယ်အလတ်အဆင့်မှာဆိုရင်တော့ လူတွေဟာ ဘာမှမလုပ်ချင် မကိုင်ချင်တော့ဘဲ စိတ်ပန်း၊ ကိုယ်ပန်းဖြစ်နေတတ်ပါတယ်၊ စိတ်ဖိစီးမှုဟာ သည်ထက် ပိုများလာပြီဆိုရင်တော့ နာတာရှည်ရောဂါတွေ အပြင် ရောဂါပေါင်းများစွာနဲ့ ဆက်စပ်နေပါတယ်။ စိတ်ဖိစီးမှု ဖြစ်ပေါ်နေချိန်မှာ လျော့ကျသွားအောင် တရားထိုင်ပေးနိုင်သလို စိတ်ဖိစီးမှု လုံးဝမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ တရားထိုင်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

တရားထိုင်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်း

ဝမ်းနည်းအားငယ်ပြီး မျှော်လင့်ချက်ကင်းမဲ့နေသလို ခံစားရတဲ့ဝေဒနာဟာ စိတ်ဓာတ်ကျ ခြင်းပါ။ သာမန်ခံစားရတဲ့ ၀မ်းနည်းမှု၊ပူဆွေးမှုနဲ့ အားအင်မဲ့ခြင်းတွေနဲ့ မတူပါဘူး၊ စိတ် ဓာတ်ကျတဲ့လူဟာ သာမန်အချိန်မှာထက် တွေးတောခြင်းနဲ့ စကားပြောခြင်း နှေးကွေးလေး လံနေတတ်ပါတယ်။ စူးစိုက်မှုအားနည်းပြီး ဆုံးဖြတ်ချက်ချမှု ခဲယဉ်းကာ စားတဲ့ သောက်တဲ့ အကျင့်တွေတောင် ပြောင်းလဲ သွားတတ်ပါတယ်၊ အရင်တုန်းက စိတ်ဝင်စားခဲ့တဲ့အရာတွေကို စိတ်ဝင်စားမှု ကင်းမဲ့လာပြီး ဘ၀မှာ မရှင်သန်လိုတော့တဲ့အထိ ဖြစ်တတ်ပါတယ်။ စိတ်ဓာတ်ကျခြင်းဟာ ယောက်ျား မိန်းမ အသက်အရွယ် မရွေးဖြစ်တတ်ပြီး ဆေးကုသခြင်းနဲ့ နှစ်သိမ့်ဆွေးနွေး အကြံပေးခြင်းတွေနဲ့ ကုသပျောက်ကင်းနိုင်ပါတယ်၊ ဓာတ်ကျခြင်းမဖြစ်ပေါ်အောင် တရားထိုင်ခြင်းနဲ့ ကာကွယ်လို့ ရပါတယ်။

တရားထိုင်ခြင်းနဲ့ သွေးတိုးရောဂါ

လူတစ်ယောက်ရဲ့ ပုံမှန်သွေးဖိအားက အပေါ်သွေး ၁၂၀ mmHg နဲ့ အောက်သွေး ၈၀ mmHg လို့ အကြမ်းဖျင်းအားဖြင့် ဆိုပါတယ်။ အပေါ်သွေး ၁၄၀ mmHg နဲ့အထက်၊ အောက်သွေး ၉၀ mmHg နဲ့ အထက်ရှိရင် သွေးတိုးနေတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် လူတစ်ဦးနဲ့တစ်ဦး ပုံမှန်သွေးဖိအားဟာ မတူတတ်ပါဘူး၊ ဒါကြောင့် နေကောင်းစဉ်မှာ ပုံမှန်သွေးဖိအားကို မှတ်သားသင့်ပါတယ်၊ သွေးတိုး ရောဂါဟာ ခံစားရတဲ့အချိန် ကြာလာတဲ့အခါ သွေးကြောတွေ၊ နှလုံးနဲ့ကျောက်ကပ်တွေကို ပျက်စီးစေပြီး နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ သွေးတိုးရောဂါရှိရင် ဆေးဝါးနဲ့ ကုသခြင်းအပြင် ဘ၀နေထိုင်မှုပုံစံကို ပြောင်းလဲနေထိုင်မှသာ နောက်ဆက်တွဲ အန္တရာယ်တွေ မဖြစ်အောင် လျှော့ချနိုင်မှာပါ၊ သွေးတိုးရောဂါကြောင့် ခေါင်းမူးခြင်း၊ မောပန်းခြင်း၊ ရင်တုန်ခြင်း-စတဲ့ လက္ခဏာရပ်တွေ သက်သာလျော့ပါးအောင် တရားထိုင်ပေးနိုင်ပါတယ်။ ကြာရှည် ပုံမှန်တရားထိုင်တဲ့ သူတွေဟာ သွေးဖိအားကို ပုံမှန်ထိန်းညှိပေးနိုင်တယ် လို့ သုတေသီတွေက ဆိုပါတယ်။

တရားထိုင်ခြင်းနဲ့ HIV ပိုးရှိခြင်း

HIV ပိုးဟာ ခုခံအားကျဆင်းတဲ့ ဗိုင်းရပ်စ်ပိုး တစ်မျိုးဖြစ်ပြီး HIV ပိုးရှိတဲ့ ဝေဒနာသည်တွေဟာ ကူးစက်ရောဂါပိုးတွေနဲ့ တချို့သောရောဂါတွေကို ခုံခံတိုက်ဖျက်နိုင်စွမ်းလျော့နည်းတဲ့အတွက် တုပ်ကွေး၊ ဖျားခြင်း၊ ခန္ဓာကိုယ်အလေးအချိန် ကျဆင်းခြင်း၊ တီဘီရောဂါ၊ ရေယုန်နဲ့ မှက္ခရုပေါက်ခြင်း၊ မှိုရောဂါစွဲကပ်ခြင်း၊ ခန္ဓာကိုယ် အနှံ့အပြားတွင် အကျိတ်များထွက်ခြင်းတို့ ဖြစ်ပေါ်ခံစားရတတ်ပါတယ်။ HIV ပိုးရှိတဲ့ ဝေဒနာသည် တွေဟာ စနစ်တကျဆေးကုသမှု ခံယူပြီး အနေအထိုင်၊ အစားအသောက် ဆင်ခြင်ပြီး နေမယ်ဆိုရင် နှစ်အကြာကြီး အသက်ရှင်နေထိုင်နိုင်ပါတယ်၊ ဒါပေမယ့် HIV ပိုးရှိတဲ့သူတွေ အသက်ရှင် ကျန်းမာဖို့ အရေးအကြီးဆုံးအချက်က စိတ်ဓာတ်မကျဖို့နဲ့ ခံနိုင်ရည်ရှိဖို့ပါပဲ၊ ဒီစိတ်ဓာတ် ကြံ့ခိုင်မှုရဖို့ တရားထိုင်သင့်ပါတယ်။

တရားထိုင်ခြင်းနဲ့ စိတ်ကစဥ့်ကလျားရောဂါ

စိတ်ကစဥ့်ကလျားရောဂါသည်တွေဟာ ရှင်းလင်းစွာ တွေးခေါ်နိုင်မှု၊ လူအများနဲ့ ဆက်ဆံနိုင်မှု လုံးဝ မရှိတော့ပါဘူး၊ ဒါကို ကုသဖို့ ဆေးဝါးနဲ့ ကုသဖို့အပြင် နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်းနဲ့ ကောင်းစွာ ထောက်ပံ့ပေးနိုင်မယ့် အသိုင်းအ၀ိုင်းလည်း ရှိဖို့လိုအပ်ပါတယ်။ စိတ်ကစဥ့်ကလျားရောဂါသည်တွေ စိတ်တည်ငြိမ်လာအောင် တရားထိုင်ခိုင်းကြည့်တဲ့အခါဆေးကုသရာမှာ ထိရောက်တဲ့အကျိုးအာနိသင် ရတယ်လို့ လေ့လာမှုအရ ဆိုပါတယ်။

တရားထိုင်ခြင်းနဲ့ နှလုံးရောဂါ

တရားထိုင်ခြင်းနဲ့ နှလုံးရဲ့ ကျန်းမာရေးဆက်စပ်ပုံကို မရေမတွက်နိုင်လောက်အောင် သုတေသန တွေ ပြုလုပ်ခဲ့ပြီးပါပြီ။ နှလုံးရောဂါသည် အများစုဟာ ထိတ်လန့်စရာ နည်းနည်းကြုံတာနဲ့ ရောဂါက ဖောက်လာတတ်ပါတယ်၊ သူတို့ရဲ့စိတ်မှာ နှလုံးရောဂါ ရှိတယ်ဆိုတဲ့ အသိနဲ့ ထိတ်လန့်ချောက်ချားစရာ ကြုံလို့မရဘူးဆိုတဲ့ အသိက ဒွန်တွဲနေတာကြောင့်ပါ။ ဒီအသိတွေနဲ့ ထိတ်လန့်ချောက်ချားစရာအပေါ် တုံ့ပြန်နိုင်တဲ့ တည်ငြိမ်မှုရရှိအောင် တရားထိုင်ပေးနိုင်ပါတယ်လို့ စိတ်ပညာရှင်များစွာက အကြံပြု ပြောဆိုခဲ့ပါတယ်။ အမေရိကန်ဂျာနယ်တစ်ခုရဲ့ လေ့လာဖော်ပြချက်အရ တစ်နေ့မှာ ၁၅-မိနစ်ခန့် ၂-ကြိမ် တရားထိုင်ပေးတဲ့ သွေးတိုးရောဂါရှင်တွေ အနေနဲ့ ၄-လအကြာမှာ သွေးပေါင်ချိန်ဟာ သိသိသာသာ ကျဆင်းမှုရှိတယ်လို့ သိရပါတယ်။ တရားထိုင်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းရှိ သွေးသန့်စင်အားကောင်းကာ နှလုံးကျန်းမာရေးကို များစွာ အထောက်အကူ ပြုစေပါတယ်။

တရားထိုင်ခြင်းနဲ့ ကိုယ်ခန္ဓာ ခုခံစွမ်းအား

ခဏခဏ ရောဂါပိုးဝင်လွယ်၊ အအေးမိလွယ်၊ နှာစေးချောင်းဆိုးဖြစ်လွယ်နေရင် ကိုယ်ခန္ဓာခုံခံ စွမ်းအား တက်ဖို့အတွက် တရားထိုင်လိုက်ပါ။ တရားထိုင်ခြင်းနဲ့ ကိုယ်ခန္ဓာခုခံစွမ်းအား တက်ခြင်းရဲ့ ဆက်စပ်မှုကို လေ့လာတဲ့ လေ့လာမှုတစ်ခုအရ နေ့စဉ် ၁-နာရီခန့် တရားထိုင်တဲ့ အုပ်စုနဲ့ လုံးဝမထိုင်တဲ့ အုပ်စု နှစ်ခုကို ၈-ပတ်ကြာ လေ့လာအပြီးမှာ တရားထိုင်တဲ့အုပ်စုဟာ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို ဆန့်ကျင်တဲ့ ပဋိဇီဝပစ္စည်းပမာဏများနေတာကို တွေ့ရပါတယ်။

တရားထိုင်ခြင်းနဲ့ မှတ်ဉာဏ်

ပုံမှန်တရားထိုင်တဲ့သူတွေဟာ တရားမထိုင်တဲ့သူတွေနဲ့ နှိုင်းယှဉ်ပါက လေ့လာမှုနဲ့ ပျော်ရွှင်မှု ဆက်စပ်နေတဲ့ ဦးနှောက်ထဲက Gamma လှိုင်းရဲ့ လုပ်ဆောင်မှုကို သိသိသာသာ ကောင်းမွန်စေကာ စူးစိုက်မှုအား၊ မှတ်ဉာဏ်၊ လေ့လာမှုစွမ်းရည်နဲ့ အသိဉာဏ်တို့ကို ပိုမိုတိုးတက်စေပြီး စိတ်ကိုလည်း ရွှင်လန်းစေတယ်လို့ မကြာသေးခင်က လေ့လာမှုတစ်ရပ်က ဆိုပါတယ်။

တရားထိုင်ခြင်းနဲ့ အိပ်မပျော်တဲ့ ဝေဒနာ

အိပ်ရာထဲမှာနေပြီး အိပ်မပျော်နိုင်လို့ အတင်းအိပ်ပျော်အောင် ကြိုးစားရင် တလူးလူးတလိမ့်လိမ့်နဲ့ ပိုပြီး အိပ်မပျော်နိုင် ဖြစ်ရပါတယ်။ စိတ်ကို အနားပေးပြီး ခန္ဓာကိုယ်ကို အကြောလျှော့ကာ အနားယူ ပေးပါ၊ ပြီးမှ နှာသီးဝမှာ တိုးဝင်နေတဲ့လေနဲ့ ထွက်နေတဲ့လေကို အာရုံပြုပေးရင် မကြာခင် အိပ်ပျော်သွားပါလိမ့်မယ်။ တရားမှတ်ခြင်းဟာ ယောဂကျင့်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ၀တ်ပြုဆုတောင်းခြင်းတွေလိုပဲ စိတ်ကို ငြိမ်သက်အေးချမ်းစေပါတယ်။

တရားထိုင်ခြင်းနဲ့ ကလေးမရခြင်း

ကလေးမရနိုင်တဲ့ အိမ်ထောင်သည် အမျိုးသမီးတွေဟာ ၁၀-ပတ်ကြာ တရားထိုင်ခိုင်းတဲ့အခါ (တရားထိုင်စဉ်မှာ ကိုယ်လက် လှုပ်ရှားခြင်း၊ အာဟာရပြည့်ဝစွာ မှီဝဲခြင်းတွေ ပြုလုပ်ပြီး) စိတ်ပူပန်မှု စိတ်ဓာတ်ကျမှုနဲ့ ညောင်းညာခြင်းတွေ သက်သာလျော့ပါးကာ ယင်းတို့အထဲက အမျိုးသမီး ၃၄-ရာခိုင်နှုန်းဟာ ၆-လအတွင်း ကိုယ်ဝန်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် တရားထိုင်တဲ့ မိခင်တွေဟာ ရင်သွေးကို နို့ချိုတိုက်ကျွေးတဲအခါ နို့ထွက်နှုန်း ၂-ဆခန့် ပိုလာတယ်လို့လည်း ဆိုပါ တယ်။

တရားထိုင်ခြင်းနဲ့ ရာသီအကြိုဝေဒနာ

လေ့လာမှုတစ်ခုအရ လစဉ်အကြိုဝေဒနာ ပြင်းထန်စွာ ခံစားနေရတဲ့ အမျိုးသမီးတွေ တရားထိုင်ပါက ဝေဒနာရဲ့ ၅၈-ရာခိုင်နှုန်းသက်သာ လျော့ပါးတယ်လို့ ဆိုပါတယ်။

တရားထိုင်ခြင်းနဲ့ သွေးဆုံးချိန် စိတ်ကယောက်ကယက် ဖြစ်ခြင်း

သွေးဆုံးချိန်မှာ တချို့အမျိုးသမီးတွေဟာ ချွေးထွက်ခြင်း၊ ဦးခေါင်း၊ လည်ပင်းနဲ့ ရင်ဘတ်ပိုင်းတွေမှာ နီမြန်းခြင်းတွေဖြစ်ကာ စိတ်ကယောက်ကယက် ဖြစ်တတ်ပါတယ်။ သွေးဆုံးချိန်မှာ အမျိုးသမီးတွေဟာ အီစထရိုဂျင်ဟော်မုန်း ပြောင်းလဲမှုကြောင့် ဖြစ်ရတာပါ။ အထူးသဖြင့် ညပိုင်းတွေမှာ ဝေဒနာပေါ်တတ်ပြီး စက္ကန့်ကနေ မိနစ်ပိုင်းအထိ ကြာရှည်ခံစားရတတ်ပါတယ်။ တချို့ အမျိုးသမီးတွေဟာ သွေးဆုံးခါနီးမှာ ဝေဒနာပေါ်တတ်ပြီး တချို့ အမျိုးသမီးတွေမှာတော့ သွေးဆုံးပြီး တစ်နှစ်၊ နှစ်နှစ်အကြာမှာ ဝေဒနာခံစားရတတ်ပါတယ်။ တစ်ခါတစ်ရံ သွေးဆုံးပြီး ငါးနှစ်လောက်ကြာတဲ့အထိ ဝေဒနာခံစားရတဲ့သူတွေလည်း ရှိတတ်ပါတယ်။ ဒီဝေဒနာ ဖြစ်ပေါ်ခိုက်မှာ သားဖွားမီးယပ် ဆရာဝန်တွေနဲ့ တွေ့ဆုံဆွေးနွေးကုသခံယူဖို့ လိုသလို တရားထိုင်ခြင်နဲ့လည်း ဝေဒနာသက်သာအောင် ကုသနိုင်ပါတယ်။

(၂၀၀၇-ခု၊ အောက်တိုဘာလထုတ် အာရောဂျံ ကျန်းမာရေးမဂ္ဂဇင်းပါ ဇွန်ခိုင်ဦး (ဆေးဝါးကျွမ်းကျင်မှု တက္ကသိုလ်)၏ ဆောင်းပါးကို ကူးယူဖော်ပြပါသည်။ )

Shared from Wai Lin Shein

ကြွေလွင့်သွားရှာတဲ့ ကွန်ပြူတာပညာရှင် အသက် ၁၆ နှစ်အရွယ် Arfa Karimအကြောင်း



သူမ အကြောင်းကို ဖတ်လိုက်မိတော့ စိတ်ဝင်စားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမဟာ အသက် ၉ နှစ်အရွယ်မှာ Microsoft ၏ အသိအမှတ်ပြု အောင်လက်မှတ်ရ ပရိုဖက်ရှင်နယ် ကွန်ပြူတာပညာရှင်လေး (Microsoft Certified Professional, MCP) တစ်ဦးဖြစ်နေလို့ပါပဲ။ အသက်အငယ်ဆုံး ပညာရှင်လို့လည်း သိရပါတယ်။
Software ကုမ္ပဏီတစ်ခုဖြစ်တဲ့ Microsoft ကိုစတင်တည်ထောင်သူ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်Bill Gates ကိုယ်တိုင် အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ (Washington, America) ရှိ Microsoft ၏ ပင်မရုံး တည်ရှိရာသို့ လာရောက်ရန် သူမကို ဖိတ်ခေါ်ခဲ့သည်။ အဲ့ဒီအချိန်မှာ သူမအသက်က ၁၀ နှစ်၊ ဒါပေမယ့် ကွန်ပြူတာ programming ပညာရပ်တွေမှာ အသက်အရွယ်နှင့် မလိုက်အောင် ထူးချွန်ထက်မြတ်သည့် အရည်အချင်းတွေ ပြသခဲ့လို့ လူအများ အံ့သြကြရတယ်။ ပြည်တွင်းမှာလည်း ပါကစ္စတန် ၀န်ကြီးချုပ်ကိုယ်တိုင် သူမကို ဆုများ ချီးမြှင့်ခဲ့တယ်။
ဒူဘိုင်း (Dubai) မှာ ကျင်းပခဲ့တဲ့ IT (Information Technology) Professionals များ၏ အခမ်းအနား တွေကိုလည်း သူမတက်ရောက်ခဲ့တယ်။ Microsoft ၏ ဖိတ်ကြားခြင်းခံရလို့ သူမ တက်ရောက်ခဲ့တဲ့ Barcelona မှာကျင်းပသည့် Teh-Ed Developers conference တွေ့ဆုံစည်းဝေးပွဲမှာ သူမဟာ ကွန်ပြူတာ အတတ်ပညာရှင်ပေါင်း ၅၀၀၀ အထဲမှ တစ်ဦးတည်းသော ပါကစ္စတန်တစ်ယောက် ဖြစ်တယ်။

Arfa Karim Randhawa (အာဖါ ကရင်မ်) အမည်ရှိ သူမကို ပါကစ္စတန်နိုင်ငံ Faisalabad မြို့နယ်အတွင်းရှိ ရွာလေးတစ်ရွာတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့ ၁၉၉၅ ခုနှစ်တွင် မွေးဖွားခဲ့သည်။ မိသားစုတွင် သမီးကြီးဖြစ်၍ မောင်ငယ်နှစ်ယောက်ရှိကာ သူမသည် အစ္စလာမ်ဘာသာ ကိုးကွယ်သည်။ အသက် ၁၆ နှစ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ သူမ နေထိုင်မကောင်းသည့် အချိန် ဆေးရုံတက်နေစဉ် Bill Gates မှ ဆေးရုံကုန်ကျစရိတ်ကို ကျခံရန် သူမ၏ မိဘများကို ကမ်းလှမ်းခဲ့ပြီး ဒီ့ထက်ကောင်းမွန်တဲ့ နည်းလမ်းများဖြင့် ကုသနိုင်ရန် အမေရိကားသို့ ခေါ်ဆောင်ရန် ဆွေးနွေးခဲ့သည်။ သို့သော် အသက်ရှုစက် တပ်ဆင်ထားရသောကြောင့် အပြောင်းအရွှေ့ မပြုလုပ်လိုသောကြောင့် ထိုအကောင်အထည် အထမမြောက်ခဲ့ပေ။
ဇန်န၀ါရီလ ၁၄ ရက်နေ့ ၂၀၁၂ ခုနှစ်တွင် Arfa သေဆုံးခဲ့ရာ အစ္စလာမ်ဘာသာဝင်များ၏ ထုံးစံအရ သေဆုံးသူအတွက် ၀တ်ပြုဆုတောင်းပွဲ (Namaz-e-Janaza, ဂျာနာဇာ နမာဇ်) ကို ပြုလုပ်ခဲ့ပြီး သူမ၏ မွေးဖွားရာဇာတိ ရွာလေးတွင် မြှုပ်နှံခဲ့သည်။ သူမ ဘ၀တွင် လူတော်တော်များများ မရရှိနိုင်သော အောင်မြင်မှု၊ ထင်ရှား လူသိများမှု၊ အသက်ငယ်ရွယ်ပေမယ့် ပညာတစ်ရပ်မှာ ထူးချွန်ပေါက်မြောက်မှုတွေ ရရှိခဲ့သည်။ Arfa အကြွေစောခဲ့ခြင်းဟာ ပါကစ္စတန်နိုင်ငံ အတွက် ဆုံးရှုံးမှုတစ်ရပ် ဖြစ်တယ်။ Arfa ဆုံးသွားတဲ့ သတင်းကြားပြီး Bill Gates ပြောခဲ့သည်မှာ "Today is the black day of my life and same for Pakistan because I lost my princess colleague and Pakistan loss her Pakistani" သူမ၏ ဖခင်မှ ၀မ်းနည်းကြောင်းကို - "We are grieving her loss but she was a strong child. She was God's gift to us and now she has returned to Him."
သူမ ရရှိခဲ့သည့် ဆုများမှာ -
- Fatimah Jinnah Gold Medal in the field of Science and Technology in August 2005, presented by the Prime Minister of Pakistan
- Salam Pakistan Youth Award in August 2005, presented by President of Pakistan
- Award for Pride of Performance
- Ambassador for Pakistan Telecommunication Company
- After her death, Lahore Technology Park would be changed to Arfa Software Technology Park
Arfa and Bill Gates (left)
Praying at Arfa Karim's funeral

Shared from Wai Lin Shein

ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦး ပလတ်စတစ်များကို မစားရ မနေနိုင်အောင် စွဲလမ်းနေ




အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ဆာခရာမန်တိုမြို့၌ နေထိုင်သော ကေလင်း(၁၈နှစ်)သည် ပလတ်စတစ်များကို မစားရ မနေနိုင်အောင် စွဲလမ်းနေသူ ဖြစ်ကြောင်း သိရသည်။ သူသည် လွန်ခဲ့သည့် ၁၁နှစ်အတွင်း ပလတ်စတစ် ပစ္စည်းပေါင်း ၆ဝ,ဝဝဝကို စားသုံးခဲ့ပြီး သူက၎င်းတို့အား အစာအဟာရအဖြစ် မှီဝဲခြင်း ဖြစ်သည်ဟုဆိုသည်။ သူသည် ရေပုလင်းများမှသည် စီဒီဘူးများအထိ ပလတ်စတစ် ပစ္စည်းပေါင်းစုံ စားသုံးခဲ့ပြီး သူက တွေ့ဆုံခန်းတစ်ခု၌ ရီမုကွန်ထရိုး ၁၂ခု၊ ပလတ်စတစ် ပုတီးပေါင်း ၅ဝဝဝကျော်၊ ပလတ်စတစ်ဓားပေါင်း ၁ဝဝဝ၊ ခရင်းပေါင်း ၁ဝဝ၊ ရေပုလင်း ၁ဝခု၊ စီဒီဘူး သုံးခု စသဖြင့် စားသုံးခဲ့ကြောင်း ပြောပြခဲ့သည်။ သူသည် ရုပ်မြင်သံကြားစက် ရီမုကွန်ထရိုးများကို လွန်စွာနှစ်သက်ကြောင်း ပြောပြပြီး ရီမုကွန်ထရိုးတစ်ခုကို လက်တွေ့ကိုက်စား ပြခဲ့ကြောင်း သိရသည်။

http://luckymyotaw.wall.fm/forum/topic/1034

Shared from Wai Lin Shein

လူတွေ အမှားလုပ်တတ်ကြတဲ့ အကြောင်း

တခါတလေ တွေးမိတယ် လူတွေ အမှားလုပ်တတ်ကြတဲ့ အကြောင်းလေ… လူကြီးတွေ ပြောနေကျ

ကတော့ “အမည်းစက်ဆိုတာ ဖျတ်လို့မရဘူး” တဲ့… ဒါပေမယ့် မမှားသော ရှေ့နေ… မသေသော

ဆေးသမားဆိုသလို … လူတိုင်းကမှားဖူးကြတာချည်းပါပဲ… ကိုယ့်ဘက်က အဲဒီရဲ့  အမှားကို

လက်ခံနိုင်လား လက်မခံနိုင်ဘူးလား…

ခွင့်လွှတ်မှာလား စွဲမှတ်ထားပြီး ခွင့်မလွှတ်နိုင်တော့ဘူးလား… တကယ်ပဲ အမှားဆိုတဲ့

အမည်းစက်ဟာဖျောက်ဖျက် ပစ်လို့ မရဘူးလား…

ကိုယ့်အပေါ် တယောက်ယောက်က အမှားလုပ်လို့ ကိုယ်က အရမ်းနာကျည်းရတယ် ဒါပေမယ့်

စိတ်ဆိုး နာကျည်းနေရုံနဲ့မပြီးဘူး ခွင့်လွှတ်သင့်မသင့်လည်း ဆုံးဖြတ်ဖို့

လိုလာတယ် ဒီလို အခါမျိုးမှာဆိုရင် ထည့်သွင်းစဉ်းစားသင့်တဲ့အချက်တွေကို သိသလောက်

ပြောပြချင်ပါတယ်…တတ်လို့ ရယ်သဘောမထားဘဲ...ကျနော်ဆွေးနွေးခြင်းလို့ ယူဆစေချင်ပါတယ်...။


*နံပါတ် (၁)*

တစ်ခါခိုးဖူးတဲ့ လူကို နောက်တခါလည်း ခိုးဦးမှာပဲ.. သူခိုးပဲ ဆိုပြီး လူတွေက

တေးမှတ်ထားတတ်ကြပါတယ်… ဘာကြောင့်ခိုးတာလည်း ဆိုတာကို သိပ်ပြီး စိတ်ထဲ

မထားတတ်ကြပါဘူး… တော်ရုံလည်း မသိချင်ကြပါဘူး… အခုဒီအမှားကို

လုပ်ဖူးရင် နောက်လည်း ဒီအမှားကို ထပ်လုပ်ဖို့ ၀န်လေးမှာ မဟုတ်တော့ဘူးလို့

မှတ်ယူတတ်ကြပါတယ်…

အမှန်တကယ်က အကြောင်းတရားထက် အဲဒီ အကြောင်းတရားကို ဖြစ်စေတဲ့ အကျိုးတရားက

ပိုပြီး ချက်ကျတဲ့

နေရာပါ… အဲဒီ လူတစ်ယောက် ဘာကြောင့်ဒီအမှားကို ပြုရတယ် ဆိုတာကို သိအောင် အရင်

လုပ်ပြီးမှ…

အဲဒီလူကို ခွင့်လွှတ်သင့်မသင့် ဆုံးဖြတ်ရင် ပိုပြီး အဓိပါယ်ရှိတာပေါ့… ဒီတော့

ပြောချင်တာက…

ခွင့်လွှတ်သင့်မသင့် ဆုံးဖြတ်ရင် *အဲဒီလူ ဒီအမှားကို ဘာကြောင့်လုပ်ရတာလည်း*

ဆိုတာ အရင်ဆုံး ထည့်သွင်း စဉ်းစားပေါ့နော်…


*နံပါတ်(၂)*

သူအမှားလုပ်ရတဲ့ အကြောင်းရင်းနဲ့ ရည်ရွယ်ချက်ကို သိပြီး

ချင့်ချိန်ပြီးလို့တောင်မှ… ကိုယ်က သူ့ကို ဒီအတွက်

ခွင့်မလွှတ်နိုင်သေးဘူးဆိုရင်… နောက်တစ်ဆင့်တက်ပြီး ဆုံးဖြတ်ရမှာက… *သူလုပ်လိုက်တဲ့

အမှားက ကိုယ့်အတွက် (ဒါမှမဟုတ်)

တစ်စုံတစ်ယောက်အတွက် ဘယ်လောက်များထိခိုက်နစ်နာသွားရလဲ* ဆိုတာကို

ထည့်သွင်းစဉ်းစားရမယ်…

ဥပမာ ဒီလူလုပ်လိုက်တဲ့အမှားက စိတ်တော့ဆိုးစရာပဲ… ဒါပေမယ့် သူ့ကြောင့်

ဘယ်လောက်မှ များများစားစား

ထိခိုက်ဆုံးရှုံးမှု ဖြစ်မသွားခဲ့ဘူးဆိုရင်… ချစ်စကိုရှည်စေ…မုန်းစကို

တိုစေဆိုသလို

ခွင့်လွှတ်နားလည်ပေးသင့်တယ်လို့ ထင်ပါတယ်…


*နံပါတ်(၃)*

တကယ်လို့ သူက ထိခိုက်နစ်နာမှု များများစားစားပေးခဲ့လို့... သူ့ကို

ခွင့်မလွှတ်နိုင်ဘူးဆိုရင်… နောက်ထပ် တစ်ဆင့်တက်ပြီး ထည့်သွင်းစဉ်းစားရမှာက *သူ့ရဲ

့ တာဝန်ယူတဲ့စိတ်ဓာတ်… သူ့ရဲ့  အမှားကို

သူနောင်တရ ၀မ်းနည်းခြင်းရှိမရှိပေါ့*… သူကသာ သူ့အမှားကို သူသိလို့

သူတာဝန်ယူပါမယ်…

ဒါမှမဟုတ်… တာဝန်ယူလို့ မရတဲ့အမှားမျိုးဆိုရင်လည်း…သူတကယ် နောင်တရပြီး

သူ့အမှားတွေကိုသူ

ဝန်ချတောင်းပန်ခဲ့မယ်ဆိုရင်… သူ့စိတ်က တကယ်ကို လိုလိုလားလားနဲ့

နောက်မဖြစ်တော့အောင်

ဂတိတွေအထပ်ထပ် ပေးနေမယ်ဆိုရင်တော့ ခွင့်လွှတ်ပေးဖို့ သင့်တယ်လို့ ထင်ပါတယ်…


လူတိုင်းဟာမှားတတ်ကြပါတယ်… သူဘက်ကလည်း ကိုယ်ချင်းစာမိလို့ ဒီလိုမျိုးအနူးအညွတ်တောင်းပန်နေတာပေါ့…

မဟုတ်ဘူးလား… ကိုယ်သာဆိုရင်လည်း ဒီလောက်တောင် စိတ်ရင်းမှန်နဲ့

ဝန်ခံဂတိတွေပေးနေပြီးရင်သူများက ကိုယ့်အပေါ်ကျေအေးပေးတာပဲ လိုချင်မှာပေါ့… ဒီလိုလေး

ကိုယ်ချင်းပြန်စာပေးသင့်တယ်လို့ထင်ပါတယ်… မဟုတ်ရင်… ဒေါသဖြစ်နေရတဲ့ ကိုယ်တို့ပဲ ဆက်ပြီးစိတ်ဆင်းရဲနေကြရမှာပေါ့…


*နံပါတ်(၄)*

ဒီလို အထက်က အဆင့်၃ဆင့်လုံးကို ထည့်သွင်းစဉ်းစားပြီးကာမှ ကိုယ့်ဘက်က

မကြေအေးနိုင်သေးဘူး ခွင့်မလွှတ်ပေးနိုင်သေးဘူးဆိုရင်… နောက်ဆုံးအဆင့်အနေနဲ့…

ကိုယ့်ကိုယ်ကို ပြန်မေးလိုက်ပါ…

*“ငါသူ့ကို ခွင့်မလွှတ်ပဲနဲ့တသက်လုံးနေသွားနိုင်မှာလား…”

* ပြီးရင် ကိုယ့်ဘာကိုယ် ပြန်ဖြေတဲ့အဖြေက မတင်မကျနဲ့… *“တသက်လုံးတော့

နေမသွားနိုင်ဘူး… ဒါပေမယ့်

ခဏတဖြုတ်တော့ ဆက်ပြီး မကြေအေးပဲ ထားလိုက်ဦးမယ်”* ဆိုတဲ့ အဖြေမျိုးရလာရင်…

မလုပ်ပါနဲ့…

ဒီအတွေးကို ဖျောက်လိုက်ပါ… ဘာလို့လဲဆိုတော့ ကိုယ်သူ့ကို စိတ်ဆိုးပြေတဲ့အခါ

ခွင့်လွှတ်လိုက်တဲ့အခါကျရင်

အချိန်နှောင်းသွားနိုင်တယ်… ဒါကြောင့် တစ်သက်လုံး စိတ်ဆိုးမနေနိုင်ဘူးဆိုရင်…

အခုလည်း

စိတ်ဆိုးမနေပါနဲ့တော့...


*နံပါတ်(၅)*

ဒါမှမဟုတ်… သူ့ရဲ့  အမှားက ကြီးမားလွန်းလို့ ခွင့်မလွှတ်သင့်တော့ဘူး

ဆိုရင်တော့… ခွင့်လွှတ်စရာမလိုပါဘူး…

ဒါပေမယ့် *ကိုယ့်ဘာကိုယ် အပင်ပန်းခံပြီး

သူ့ကို စိတ်ဆိုးမနေပါနဲ့တော့… သူ့ကို ကိုယ့်ဘ၀ထဲကဆွဲဖတ်ပစ်လိုက်ပါ…* ဖြစ်ခဲ့တဲ့

အကြောင်းတွေနဲ့ သူနဲ့ ပတ်သက်သမျှကို တတ်နိုင် သလောက်ကြိုးစားမေ့ဖျောက်ပစ်လိုက်ပါလို့အကြံပေးချင်ပါတယ်…

လူတိုင်းလုပ်နိုင်ဖို့ ဆိုတာကတော့မဖြစ်နိုင်ပါဘူး..သို့ သော်လည်း.....အမှားဆိုတာမျိုးကလူတိုင်းလည်းမကင်းနိုင်ဘူးလေ.......

အရာရာက..ကိုယ်စိတ်ထားတတ်ဖို့ ဘဲလိုပါတယ်..။


ချစ်ခင်လေးစားသော

ရွှေအိမ်စည်

Shared from Wai Lin Shein