
By Good Health Originally posted 20/03/2012 15:06PM
Spa ပြုလုပ်တယ် ဆိုတာဟာ စိတ်ရောခန္ဓာကိုယ်ပါ အရမ်းကို ငြိမ်းချမ်းသွားစေပြီး၊ အမှန်တကယ်ကို သက်သောင့်သက်သာ ဖြစ်စေကာ အရေပြားကို ကျန်းမာစေပါတယ်။ ကြည်လင်ရှင်းသန့်တဲ့ အရေပြားကို ပိုင်ဆိုင်ရတာကြောင့် Spa ပြုလုပ်ရတာကို လူတိုင်းလိုလို ကြိုက်နှစ်သက်တတ်ကြပါတယ်။ ဒါပေမဲ့ မှန်ကန်ပြီး နားလည် တတ်ကျွမ်းတဲ့သူက ပြုလုပ်ပေးဖို့တော့ လိုပါတယ်။ မဟုတ်ရင် သင့်အရေပြားအတွက် အန္တရာယ်ရှိပြီး ဓာတ်မတည့်မှုတွေ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ အိမ်မှာ ပြုလုပ်လို့ရတဲ့ အိမ်တွင်း Spa ပြုလုပ်နည်းတွေ ရှိပါတယ်။

အဓိကကျတဲ့ အချက်ကတော့ အိမ်မှာ Spa ပြုလုပ်တော့မယ် ဆိုရင် သင့်ပတ်ဝန်းကျင်ရော၊ သင် အသုံးပြုမယ့် ပစ္စည်းတွေရော သန့်ရှင်းစေဖို့ လိုပါတယ်။ ပထမဆုံး Spa ပြုလုပ်ချိန်မှာ အရေပြားကို သန့်စင်စေဖို့ Cleansing Creamကို သုံးကြရပါတယ်။ Cleansing Cream ကို ဆပ်ပြာမပါဝင်တဲ့ Cleanser မျိုးကို ရွေးပြီးသုံးပါ။ ဒါမှ သင့်အရေပြားကို ပျော့ပျောင်းနေအောင် သန့်စင်နိုင်မှာပါ။

ဒုတိယအဆင့်ကတော့ မျက်နှာကို ရေနွေးငွေ့ပေးဖို့ပါ။ ရေနွေးပွက်ပွက်ပေါ်ကို တဘက်တစ်ခု တင်ထားလိုက်ပြီး အဲဒီအပေါ်က ထွက်လာတဲ့ အငွေ့ကို မျက်နှာနဲ့ ခပ်ခွာခွာလေးထားကာ ရေနွေးငွေ့ရအောင် ပြုလုပ်ပါ။ ငါးမိနစ်၊ ခြောက်မိနစ်လောက် ထားပေးပါ။ ပြီးရင် တဘက်ကို ဖယ်လိုက်ပြီး တဘက်ခပ်နွေးနွေးလေးနဲ့ မျက်နှာကို ညင်သာစွာ ပွတ်သပ်ပေးပါ။ ဒါဟာ အရေပြားပေါ်က ပထမ သန့်စင်ထားတဲ့ ချွေးပေါက်တွေကို ပွင့်သွားပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

Toner ဆိုတာ မျက်နှာကို ထပ်မံသန့်စင်ပေးတဲ့ ပစ္စည်းတစ်မျိုးပါပဲ။ အရည်အသွေးကောင်းတဲ့ Toner ကို သုံးပေးတာကြောင့် ရေနွေးငွေ့ ပေးထားတဲ့ မျက်နှာပေါ်မှာ အတွင်းပိုင်းအထိ နက်ရှိုင်းတဲ့ သန့်စင်မှုကို ရစေတဲ့အပြင် Toner ရဲ့ ကောင်းမွန်တဲ့ အရည်အသွေးတွေ အရေပြားထဲ ပိုမို စိမ့်ဝင်နိုင်တာကြောင့် သင်သုံးတဲ့ အလှကုန်ပစ္စည်းရဲ့ အကျိုးရလဒ်ကို ပိုပြီး ခံစားရနိုင်ပါတယ်။

တိုနာလိမ်းပြီးပြီ ဆိုရင်တော့ မျက်နှာပေါင်းတင်တဲ့ Mask သုံးရမှာပါ။ Facial Mask ကို သင့်အိမ်တွင်းမီးဖိုထဲက သစ်သီးတွေနဲ့ ပြုလုပ်နိုင်သလို သင့်အရေပြား အမျိုးအစားအလိုက် အသုံးပြုနိုင်တဲ့ မျက်နှာပေါင်းတင်အိတ်လေးတွေ ဈေးကွက်မှာ ဝယ်လို့ရနေပါပြီ။ အဆီပြန်တဲ့ အရေပြားပိုင်ရှင်တွေအတွက် ပျားရည်၊ ဂျင်ဆင်း စတာတွေကို သုံးနိုင်ပြီး၊ ခြောက်သွေ့တဲ့ အရေပြားပိုင်ရှင်တွေအတွက် အလှဆီပါဝင်တာနဲ့ အထိခိုက်မခံတဲ့ အရေပြားပိုင်ရှင်တွေအတွက် လက်ဖက်စိမ်း အမျိုးအစားကို ရွေးချယ် ပေါင်းတင်ပေးနိုင်ပါတယ်။ ပေါင်းတင်ပြီး မိနစ် ၂၀ အကြာမှာတော့ သေချာနှိပ်နယ်ပေးကာ ရေဆေးကြောပေးလိုက်ပါ။

Shared from Ma Moenge Aung၅။ ရေဓါတ်ဖြည့်ပါ
နောက်ဆုံး အရေးပါတာကတော့ ရေဓာတ် (Mositurizer) ပါပဲ။ ဒါဟာ Spa ပြုလုပ်တာရဲ့ အဓိကသော့ချက်ပါပဲ။ မျက်နှာလေး ဝင်းမွတ်ပြီး ရေဓာတ်ပြည့်ဝနေမှ အရေးကြောင်း ကင်းစင်မှာ ဖြစ်ပါတယ်။ ရေဓာတ်ပါဝင်တဲ့ မျက်နှာလိမ်းခရင်မ်ကို နောက်ဆုံး ညင်သာစွာ နှိပ်နယ်ပြီး မျက်နှာအနှံ့ကို လိမ်းပေးလိုက်ပါ။ အပြင်ထွက်မယ် ဆိုရင်တော့ SPF ပါဝင်တဲ့ Sun Cream တစ်ခုခု အရင်လိမ်းပြီး ဆယ်မိနစ်ကြာမှ နေပူထဲထွက်ပါ။ တစ်လကို နှစ်ကြိမ် ပုံမှန်ပြုလုပ်ပေးရုံနဲ့ ကောင်းမွန်တဲ့ အရေပြားထိန်းသိမ်းမှု (Skin Care) ကို ရရှိမှဖြစ်ပြီး အရေးကြောင်း ကင်းစင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
လမင်းလေး ရေးသူ လမင်းလေး
မူရင်းhttp://news.yatanarpon.com.mm/cp/goodhealth/news-54513
No comments:
Post a Comment