Thursday, March 8, 2012

သာသနာတော်၏ အနှစ်သာရ

သိသည်.သိထိုက်သည်. တရားအလုံးစုံကို ကောင်းစွာသိမြင်တော်မူကြသော ၊ လူ၊ နတ်၊ ဗြဟ္မာ တို.တွင်

အတုမရှိ ဥာဏ်ပညာ ကြီးရင်.တော်မူကြသော၊ သတ္တ၀ါများကို ရင်ဝယ်သားပမာ သနားကြင်နာတော်မူကြသော

မြတ်စွာဘုရား အဆူဆူတို.သည် သြ၀ါဒပါတိမောက်လာ အောက်ပါ ဂါထာကို လိုရင်းအဆုံးအမအဖြစ်

ပေးသနားတော်မူခဲ.ကြ၏။

သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ၊

သစိတ္တ ပရိယောဒါပနံ၊ ဧတံဗုဒ္ဓါနသာသနံ။

အဓိပ္ပါယ်မှာ

မကောင်းမှုဟူသမျှကို မပြုလုပ်ရာ၊ ကုသိုလ်ကောင်းမှုများနှင်. ပြည်.စုံစေရာ၏။

မိမိစိတ်ကို ဖြူစင်စေရာ၏။ ဤသည်ကား ဘုရားရှင်တို.၏ အဆုံးအမတော်ပေတည်း။ (ဓမ္မပဒ ၁၈၃)



မဟာစည်ဆရာတော်ဘုရားက ဤသို. လင်္ကာ သီကုံးပေးထား၏။

အကုသိုလ်တရား ရှောင်ရှားပယ်လေ၊ ကုသိုလ်တရား ဖြစ်ပွားစုံစေ၊

မိမိစိတ်ထား စွတ်စွတ်ဖြူစေ ၊ ဤသုံးပါး ဘုရားမိန်.ခဲ.ပေ။



ချမ်းမြေ.ဆရာတော်က မှတ်ရလွယ်အောင် ဤသို.ဆောင်ပုဒ်ပြုလုပ်ထား၏။

မကောင်းမှုရှောင် ၊ ကောင်းမှုဆောင် ၊ ဖြူအောင်စိတ်ကိုထား၊

ခုလည်းချမ်းသာ၊ နောင်ချမ်းသာ ၊ မြတ်စွာဟောမိန်.ကြား။



ဤအဆုံးအမ သြ၀ါဒနှင်.အညီ လက်တွေ.ကျင်.ကြံနေထိုင်သည်.အခါ ရှေးဦးစွာ သရဏဂုံသုံးပါးနှင်.တကွ

ငါးပါးသီလကို လုံခြုံအောင်စောင်.ထိန်းရ၏။ငါးပါးသီလကို စောင်.ထိန်းခြင်းဖြင်. မကောင်းမှု ဒုစရိုက်ဆယ်ပါးကို ရှောင်ရှားနိုင်၏။ ကောင်းမှု သုစရိုက်ဆယ်ပါးကို ဖြည်.ကျင်.နိုင်၏။ မိမိ၏စိတ်အစဉ်တွင်

လောဘ၊ ဒေါသ၊ မောဟ စသော ကိလေသာအညစ်အကြေးများ ကင်းစင်ရန်လည်း စောင်.ရှောက်ရာရောက်၏။



ရှစ်ပါး၊ ကိုးပါးစသော ဥပုသ်သီလတို.ကို စောင်.ထိန်းနိုင်လျှင်မူ စိတ်ကိုပို၍ ဖြူစင်စေနိုင်မည်ဖြစ်၏။

သီလကျင်.စဉ်သည် ဒုစရိုက်လွန်ကျူးစေတတ်သည်. အကြမ်းစားကိလေသာများ (၀ါ) ၀ိတိက္ကမကိလေသာများ မဖြစ်ပေါ်အောင် တားဆီးပေးနိုင်၏။



စိတ်တွင် နိုးကြားထကြွနေကြသော အလတ်စား ကိလေသာများ (၀ါ) ပရိယုဋ္ဌာန ကိလေသာများ ကင်းစင်သွားစေရန်အတွက်မူ သမာဓိကျင်.စဉ်ကို ဆက်လက်အားထုတ်ရ၏။ သမာဓိထူထောင်သည်.

သမထဘာဝနာကို မှန်ကန်စွာ ရှုပွားသဖြင်. သမ္မာသမာဓိခေါ် ဈာန်အနီးကပ်နေသည်. ဥပစာရသမာဓိ(သို.မဟုတ်) ဈာန်သမာဓိကိုရလျှင် "စိတ်ဖြူစင်ခြင်း" ဟူသော "စိတ္တ၀ိသုဒ္ဓိ" အဆင်.သို.ရောက်၏။



သမာဓိကျင်.စဉ်သည် စိတ်တွင်ထကြွနေသော အလတ်စားကိလေသာများကို ဖယ်ရှား၍ စိတ်ကို အတော်အသင်.ကြာမြင်.စွာ ဖြူစင်အောင် ထိန်းပေးထားနိုင်၏။ သို.သော် အနုသယကိလေသာခေါ် ကိလေသာအရင်းအမြစ်များ ကျန်ရှိနေသည်.အတွက် ကာမဂုဏ် အာရုံများနှင်. ဆုံတွေ.လျှင် စိတ်တွင်ကိလေသာများ ပြန်လည်ထကြွလာကြ၏။



စိတ်အစဉ်မှာ ဘ၀ဆက်တိုင်း ကိန်းဝပ်လိုက်ပါနေကြသည်. အနုသယကိလေသာများကို သုတ်သင်ဖယ်ရှင်းရန်အတွက်မူ ပညာကျင်.စဉ်ဖြစ်သည်." ၀ိပဿနာရှုပွားခြင်း "ကို ပြုလုပ်ရ၏။

ဝိပဿနာဥာဏ်ဆယ်ဆင်. နှင်. မဂ်ဥာဏ်လေးဆင်.တို.ကို ထူထောင်နိုင်သည်.အခါ အနုသယကိလေသာအလုံးစုံကို အမြစ်ပြတ် ပယ်သတ်နိုင်ပြီဖြစ်၏။ အဆင်.အမြင်.ဆုံး ဘ၀ဖြစ်သော

ရဟန္တာအဖြစ်ကိုလည်း ရရှိပါတော.၏။ အတုမရှိချမ်းသာသော နိဗ္ဗာန်ချမ်းသာကိုလည်း ထာဝရခံစားနိုင်ပြီဖြစ်၏။



သို.ဖြစ်၍ သီလ၊ သမာဓိ၊ ပညာ တို.ကို သာသနာတော်၏ အနှစ်သာရဟု သတ်မှတ်ကြ၏။

သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာ ဟူသော သိက္ခာသုံးပါး ကျင်.စဉ်တရားသည် တစ်နည်း "မဂ္ဂင်ရှစ်ပါး ကျင်.စဉ်"တရားသည် သတ္တ၀ါတို.၏ စိတ်အစဉ်ကို ညစ်နွမ်း ပူလောင် ဆင်းရဲစေသော ကိလေသာတရားများကို

စနစ်တကျ ပယ်သတ်ပေးနိုင်သည်. အမွန်မြတ်ဆုံးသော ကျင်.စဉ်ဖြစ်ပေ၏။



ဤကျင်.စဉ်ကို "ဘုရားသာသနာတော်" အတွင်း၌သာ ကျင်.သုံးနိုင်၏။ ဤကျင်.စဉ်ကို ကျင်.သုံးရပါမှ ဘုရားသာသနာနှင်. .ကြုံတွေ.ရကျိုးနပ်၏။ ဤကျင်.စဉ်ကို မှန်မှန်ကန်ကန်ပြည်.ပြည်.၀၀ ကျင်.သုံးရသဖြင်.

တစ်မဂ်တစ်ဖိုလ် ရလိုက်လျှင် သောတာပန် အရိယာ သူတော်စင် အဖြစ်သို.ရောက်ရှိပြီး အပါယ်လေးဘုံ၌

တစ်ဖန်ဘ၀ဖြစ်ရခြင်း မရှိသည်.အတွက် သိကြားမင်း၊ စကြ၀တေးမင်း ဖြစ်ရသည်ထက် သာလွန်ကောင်းမွန်၏။



(၀ိသုဒ္ဓိမဂ္ဂ အလင်းပြ - ဒေါက်တာမင်းတင်မွန်)



ကြုံတွေ.ရန်ခဲယဉ်းသော ဘုရားသာသနာတော်၌ ခဏတာရရှိလာသော လူ.ဘ၀သက်တမ်းအတွင်းဝယ်

"သစ္စာတရား"များ နာကြားခွင်.ရကြပါစေ ....။

"နာ" သောတရား "သိ" နိုင်ကြပါစေ ... "သိ" သောတရား "ကျင်.ကြံပွားများ" အားထုတ်နိုင်ကြပါစေ ...။








Shared from Lwinoo Ko

No comments:

Post a Comment