Tuesday, April 29, 2014

လေးလအတွင်း သေမည့်သူ


သူ့အမည်ကား စဝ်နွံကြည်၊ ကျိုင်းတုံမြို့သား၊ ရှမ်းအမျိုးသား တစ်ယောက်ပင်ဖြစ်ပါ၏။ သူသည် ယခင်က ရှမ်းသောင်းကျန်းသူ တစ်ယောက်ပင်။ နောက်လက်နက်ချ အလင်းဝင်၍ ကျိုင်းတုံမြို့မှာပင် အခြေတည်ကာ သမ္မာအာဇီဝဖြင့် လုပ်ကိုင်စားသောက်နေခဲ့သည်။ စဝ်နွံကြည် အလင်းဝင်ပြီး မကြာမီမှာပင် ငယ်ဆရာတော်အား လှူဖွယ်ဝတ္တုမျိုးစုံဖြင့် သွားရောက် ကန်တော့သည်။

လှူဖွယ်ဝတ္တုအကပ်ခံသည်နှင့် ဆရာတော် မိန့်တော်မူလိုက်သော စကားတစ်ခွန်းက စဝ်နွံကြည်ရင်ကို ဒိတ်ကနဲဖြစ်သွားစေသည်။
“စဝ်နွံကြည်၊ ဒီလေးငါးလအတွင်းမှာ မင်းအတွက် အသက်အန္တရာယ်ရှိနေတယ်”
ဆရာတော်၏သမာဓိ မည်မျှကြီးမားသည်ကို စဝ်နွံကြည် ငယ်ငယ်ကတည်းက သိထားပြီးသား။ တပည့်ရင်းဖြစ်သည့်အတွက်ကြောင့် ယခုလိုထုတ်ဖော် သတိပေးခြင်းဖြစ်ပေသည်။ စိတ်၏တုန်လှုပ်မှုက အသံထိကူးစက် မလာစေရန်သတိထားပြီး -

“တပည့်တော်ကို စောင့်ရှောက်ကယ်တင်တော်မူပါဘုရား”
“တို့က ကယ်တင်မပေးနိုင်ပါဘူး။ ဘုရားရှင်တောင် သူ့သာကီဝင် မင်းမျိုးတွေကို ဝီဋဋူပက ကျူပင်ခုတ်၊ ကျူငုတ်ပါမကျန်အောင် သတ်တာကို မကယ်တင်နိုင်ခဲ့ဘူး မဟုတ်လား” အားကိုရာမဲ့လေပြီဟူသောအသိကြောင့် တုန်လှုပ်ခြောက်ခြားမှုက တစ်ကိုယ်လုံးကို ဝါးမျိုသွားသည်။ ခေါင်းငိုက်စိုက်ကျကာ နှုတ်ဆိတ်သွားသော ငယ်တပည့်ကို ဆရာတော်က ကရုဏာမျက်ဝန်းဖြင့် လှမ်းကြည့်ရင်း -

“စဝ်နွံကြည်၊ အားငယ်မသွားနဲ့၊ မင်းအသက်အန္တရာယ်ကို မင်းကိုယ်တိုင် ပြန်ကယ်လို့ရပါတယ်။ မင်းတို့က တွေးမကြည့်ကြလို့ ရတနာသုံးပါးကိုလှူဒါန်းတဲ့အခါ ရတနာသုံးပါးကလာပြီး မင်းတို့ကို အန္တရာယ်ကင်းအောင်၊ ချမ်းသာအောင် လုပ်ပေးတာမဟုတ်ဘူး ရတနာသုံးပါးအပေါ် ကြည်ညိုတဲ့ မင်းတို့ရဲ့ သဒ္ဓါအကြီးအသေး အလိုက် အန္တရာယ်ကင်းမှု၊ ချမ်းသာမှုလည်း ကွာခြားသွားတာပေါ့။ ဒါကြောင့် ဘယ်ရုပ်ပွား၊ ဘယ်စေတီကိုပဲ ရှိခိုး ရှိခိုး မိမိရဲ့ ကြည်ညိုတဲ့သဒ္ဓါဓါတ်ကို အကြီးမားဆုံး အသန့်ရှင်းဆုံးဖြစ်အောင် အဓိကထားရတယ်။

ဒါ့ကြောင့် ဒီနေ့ကစပြီး သရဏဂုံသုံးပါးကို အမြဲမပြတ်၊ ရွတ်ဖတ်၊ သရဇ္ဈာယ် ပွားများပါ။ ဘယ်တော့မှ မမေ့ပါနဲ့။ ပြီးတော့ သီဟိုဠ်ကျွန်းက ‘ဝသဘ’ မင်းကြီးရဲ့ နည်းအတိုင်း အသက်ရှည်ရာ ရှည်ကြောင်း ကုသိုလ်တွေကိုလည်း မိမိစွမ်းနိုင်သမျှ ကြိုးစားပြုလုပ်ပါ”

“အဲဒီ မင်းကြီးအကြောင်းကိုလဲ မိန့်တော်မူပါဦးဘုရား”

“အေး...ပြောမယ်။ ဒီဝသဘ မင်းကြီးနန်းတက်တော့ သူ့အသက်သုံးဆယ်ဝန်းကျင် လောက်ပဲ ဆိုကြပါတော့ကွယ်။ အဲဒါ ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတွေကို သူနန်းစံရမယ့် နှစ်အရေအတွက်ကို တွက်ချက်ခိုင်းတော့ (၁၂) နှစ်လို့ ထွက်လာတယ်။ အသက် (၄၂) နှစ်ရှိရင် သူသေရမယ် သဘောပေါ့။ အဲဒီမှာ သူကိုးကွယ်တဲ့ သံဃာတော်များ ပင့်ဖိတ်ပြီး အသက်ရှည်ရာ ရှည်ကြောင်း အားပေးထောက်ပံ့တဲ့ ကုသိုလ်များကို မေးမြန်းတဲ့အခါ သံဃာတော်များက ဒီကုသိုလ်တွေကို စွမ်းနိုင်သမျှ ပြုလုပ်ဖို့ အကြံပေးကြတယ်။ အဲဒီ ကုသိုလ်တွေက -

"အသက်ရှည်စေသည့် ကုသိုလ်များ"
•••••••••••••••••••••••••••••••••••••••
၁။ ရေစစ်လှူဒါန်းခြင်း၊
၂။ ဆေးဝါးလှူဒါန်းခြင်း၊
၃။ ကျောင်းဘုရား တံတားပျက်တို့ကို ပြုပြင်ခြင်း၊
၎။ ငါးပါးသီလကို အမြဲစောင့်ခြင်း၊
၅။ သီတင်းနေ့တိုင်း ရှစ်ပါးသီလ စောင့်ခြင်း၊
၆။ ကျောင်းသစ်၊ ဇရပ်သစ် ဆောက်လုပ်လှူဒါန်းခြင်းတို့ပဲ
(ဆောင်) ရေစစ်ဆေးကျောင်း၊ အဟောင်းပြုပြင်၊ ပဉ္စင်၊ အဌ၊ ဤခြောက်ဝ၊ မုချသက်ရှည်ကြောင်း။

“အဲဒီကုသိုလ်တွေ ကြိုးစားအားထုတ်တဲ့အတွက် ဝသဘမင်းကြီးဟာ (၄၄) နှစ်နန်းစံသွားရတယ်။ (၄၂) နှစ်သာ နေရမယ့် အသက်ဟာ (၇၄) နှစ်ထိ နေသွားရတာပေါ့။ အဲဒီတော့ မင်းလဲ ဒီကုသိုလ်ခြောက်မျိုးကို စွမ်းနိုင်သမျှ ကြိုးစားပြုလုပ်၊ ပြီးတော့ သရဏဂုံကိုလည်း ဘယ်တော့မှမမေ့နဲ့”

“ကျေးဇူးကြီးလှပါတယ်ဘုရား၊ ဆရာတော်သြဝါဒအတိုင်း တသွေမတိမ်း လိုက်နာကျင့်ဆောင်ပါ့မယ်ဘုရား”

ထိုနေ့မှစ၍ စဝ်နွံကြည်တစ်ယောက် ဒါန၊ သီလ၊ ဘာဝနာတွေကို စွဲစွဲမြဲမြဲကြိုးစားလာခဲ့သည်။ စိတ်ခိုင်းတာလုပ်နေရသော စိတ်ကျွန်ဘဝမှ စိတ်ကို မိမိလိုရာခိုင်းနိုင်သော စိတ်သခင်ဘဝသို့ ရောက်လာခဲ့သည်။ အသောက် အစား၊ ကစား လုံးလုံးကင်းရှင်းသွားသလို ကုသိုလ်ကံအား အများကြီးကောင်းလာခဲ့သည်။

ကုသိုလ်အားကောင်းလာသဖြင့် စီးပွားကလည်း ဒီရေအလား တိုးတက်လာသည်။ တစ်နေ့ည၊ နေဝင်ရီတရောတွင် လက်စွဲတော် စိပ်ပုတီးကိုယူ၍ ကျိုင်းတုံမြို့အရှေ့ဘက်၊ ကမ္ဘောဇစေတီဆီသို့ တစ်ယောက်တည်း ထွက်လာခဲ့သည်။ ဘုရားရင်ပြင်ပေါ် ရောက်သည်နှင့် နေလည်းဝင်သွားပေပြီ။

ဆည်းဆာရောင်ဖြင့် လှချင်တိုင်းလှနေသော ရှုမျှော်ခင်းများကို တစ်ဝကြီး ကြည့်ပြီးသည်နှင့် စေတီတော်ကို ထိခြင်းငါးပါးဖြင့် ရှိခိုးလိုက်သည်။ ထိခြင်းငါးပါး ဟူသည်ကား ခြေ၊ လက်၊ နဖူး၊ တံတောင်၊ ဒူး၊ ငါးဦးညီညွတ် စေဟူသော ဆောင်ပုဒ်အတိုင်း ဘုရားရင်ပြင်တော်ကို ခြေဖမိုး၊ လက်ဝါး၊ နဖူး၊ တံတောင်၊ ဒူးတို့ဖြင့် ထိမိအောင် ရှိခိုးခြင်းတည်း။

ပြီးသည်နှင့် သစ်သားကစ်ပျစ်ပေါ်တွင်ထိုင်ကာ သရဏဂုံသုံးပါးကို ပုတီးစိပ်ပါတော့သည်။ အဓိဋ္ဌာန်ပြည့်၍ လက်ကနာရီကို လရောင်ဖြင့် ကြည့်လိုက်သောအခါ ရှစ်နာရီခွဲပြီးနေသည်ကို တွေ့လိုက်ရသည်။ စေတီတော်ကြီးကို ဦးသုံးကြိမ်ချလိုက်ပြီး ကွပ်ပျစ်ပေါ် ခဏလှဲလိုက်သည်။

တငြိမ့်ငြိမ့်ပျံ့လွင့်လာသော စေတီတော်မှ ဆည်းလည်းသံတို့က စဝ်နွံကြည်အား ရင်ပြင်တော်ပေါ်မှ ထွက်ခွာမသွားချင်အောင် ဆွဲဆောင်လျက်ရှိသည်။ အေးချမ်းတိတ်ဆိတ်လိုက်တာ၊ ဒီချမ်းသာမျိုးကို ဒီနေရာမျိုးမှာသာ ရနိုင်မှာဟူသော အတွေးနှင့်အတူ မျက်လုံးကို အသာအယာ မှိတ်ထားရာမှ ခဏအကြာတွင် စဝ်နွံကြည်တစ်ယောက် အိပ်မောကျသွားပါတော့သည်။

"စေတီပေါ်ကအသက်လုပွဲ"
•••••••••••••••••••••••••••••
ထိုအချိန်မှာပင် စဝ်နွံကြည်တစ်ယောက် ကမ္ဘောဇစေတီပေါ် တစ်ယောက်တည်း ရောက်နေကြောင်းသတင်ကို ရသွားသဖြင့် ရှမ်းသူပုန်ခေါင်းဆောင်သည် တပ်ဖွဲ့ဝင်များကိုခေါ်ယူလျက်စေတီတော်ပတ်ဝန်းကျင်ကို ဝိုင်းလိုက်ကြသည်။ အလင်းဝင်သွားသော စဝ်နွံကြည်ကို သူတို့တစ်ဖွဲ့လုံးက သစ္စာဖောက်အဖြစ် သတ်မှတ်ထားကြသည်။ ထို့ကြောင့် အသေသတ်ရန် ရောက်လာကြခြင်းဖြစ်သည်။

တစ်ချို့ကို လမ်းမှာအစောင့်ထား၊ တစ်ချို့ကို စေတီဘေးပတ်လည်မှာ ဝိုင်းထားခိုင်းပြီး ခေါင်းဆောင်နှင့်ငယ်သားအချို့ သေနတ်ကိုအသင့်ပြင်ကာ ရင်ပြင်ပေါ်သို့ သတိအနေအထားဖြင့် တက်လာကြသည်။ ထိုခဏမှာပင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော စဝ်နွံကြည်သည် သူ့နာမည်ကို တိုးတိုးခေါ်၍ နှိုးသံလိုလို ကြားလိုက်ရသဖြင့်

“ခင်ဗျာ၊ ကျွန်တော့်ကိုခေါ်သလား” ဟုထူးရင်း မျက်စိကို ဖွင့်ကြည့်လိုက်ရာ ဝတ်ဖြူစင်ကြယ်နှင့် အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ရလေသည်။ အဘိုးအိုက -

“မင်းကအိပ်ပျော်နေ၊ ဘုရားအောက်မှာ ရှမ်းသောင်းကျန်းသူတွေ မင်းကို သတ်ရအောင် ဝိုင်းထားကြပြီ။ မြန်မြန်လာ၊ အဘိုးနောက်လိုက်ခဲ့။ သူတို့အစောင့်လွတ်တဲ့ လမ်းတစ်လမ်းကို အဘိုးပြမယ်” ဟုပြောပြီး ခေါ်ဆောင်သွားသဖြင့် စဝ်နွံကြည်လည်း ဘာမျှမပြောနိုင်တော့ဘဲ အဘိုးအိုနောက်မှ လိုက်လာခဲ့တော့သည်။

ဘုရားအောက်ရောက်၍ မျက်စေ့ကို ဝှေ့ကြည့်လိုက်သောအခါ သေနတ်များကိုယ်စီ ကိုင်ဆောင်ထားကြသော ရှမ်းသူပုန်အတော်များများကို တွေ့ရလေသည်။ သို့သော် သူပုန်များကား စဝ်နွံကြည်ကို တစ်ယောက်မှ မမြင်ကြ။ လမ်းပေါ်ရောက်သည်နှင့် အဘိုးအိုက -

“ကဲ...ဒီလမ်းအတိုင်း အိမ်ကိုရောက်အောင် မြန်မြန်ပြေးပေရော့” ဟုဆိုလိုက်ရာ စဝ်နွံကြည်လည်း အဘိုးအိုနာမည်ကိုပင် မမေးနိုင်တော့ဘဲ ကျိုင်းတုံမြို့ထဲသို့ သုတ်ခြေတင်ပါတော့သည်။ သူပုန်တို့ကား စဝ်နွံကြည်ကို မတွေ့ရတော့သဖြင့် ဒေါသနှင့် တောက်ခေါက်ကာ တောတွင်းသို့ ပြန်သွားကြ၏။

သူ့အိမ်ရောက်တော့ ညဥ့်နာရီပြန်တစ်ချက်ခွဲနေပါပြီ။ အိမ်သားတွေကိုပင် မနည်းနှိုးပြီး တံခါးဖွင့်ခိုင်းရသည်။ တစ်လမ်းလုံး စဉ်းစားမရခဲ့သော အဖြေတစ်ခုကို ဘုရာကျောင်းဆောင်ရှေ့ရောက်မှာပင် အဖြေရခဲ့သည်။ ထို့ကြောင့်လည်း ဘုရား၊ တရား၊ သံဃာကို ရည်မှန်း၍ အရင် ဦးသုံးကြိမ်ချလိုက်သည်။

အသက်အန္တရာယ်ကြားထဲမှ သူ့ကို ခေါ်ထုတ် ကယ်တင်ခဲ့သော အဘိုအိုးကို သူတစ်ခါမျှမမြင်ဖူးခဲ့။ ထို့ကြောင့် ဘယ်သူများဖြစ်လေမလဲဟု တစ်လမ်းလုံးတွေးခဲ့သော်လည်းအဖြေကမရခဲ့။ ယခုတော့ ရပါပြီ။ သရဂုံနှင့် သီလမြဲသူအား အမြဲတမ်းစောင့်ရှောက်သည့် နတ်ကောင်းနတ်မြတ်များမှတပါးဘယ်သူဖြစ်နိုင်ဦးမည်နည်း။

မေတ္တာရှင်(ရွှေပြည်သာ)၏
‘သီလအစွမ်း အံ့မခန်း’ မှမျှဝေပါတယ်။

စာဖတ်သူအားလုံး ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။ ။

Facebook ပေါ်မှာ ငွေရှာမယ်


Facebook အသုံးပြုနေရတာ ဒီထက်မက ပိုအကျိုးထူး သင့်တယ်လို့ ထင်မြင်ယူဆသူများ ရှိမယ်ထင်ပါတယ်။ အမှန်တကယ်လဲ ဟုတ်ပါတယ်။ တစ်နေ့တစ်နေ့ သူများပုံ ဝင်ကြည့်လိုက်၊ သတင်းတွေ ရှာဖတ်လိုက်၊ Chat လိုက်၊ Comment ပေးလိုက်၊ Like လုပ်လိုက်၊ ပုံတင်လိုက်၊ Share လိုက်၊ ဂိမ်းဆော့လိုက်နဲ့ အချိန်တွေပိုနေသူ များလည်းရှိမယ်ထင်ပါတယ်။ အခြားလုပ်ငန်းဆောင်တာများ ရှိနေပြီး Facebook ကိုအပျင်းပြေ သုံးနေတယ် ဆိုရင်တော့ ထားပါတော့။ Facebook ကို အားတိုင်း အချိန်ပြည့် အသုံးပြု ဝင်ကြည့်နေသော စာဖတ်သူများအတွက် အကျိုးဖြစ်ထွန်းစေမယ့် နည်းလမ်းကို မျှဝေချင်ပါတယ်။

ခေါင်းစဉ်ဖတ်လိုက်လို့ စာဖတ်သူတို့အတွက် ထူးဆန်းမယ်ထင်ပါတယ်။ တကယ်လည်း မြန်မာပြည်အတွက် ထူးဆန်းတဲ့ မေးခွန်း ဖြစ်ပါတယ်။ Facebook ပေါ်မှာ ဝင်ငွေရှာတာတော့ နိုင်ငံတကာ မှာ တော်တော်လေး ရေပန်းစားပါတယ်။ ဒီတော့ မြန်မာပြည် Facebook ကွန်ရက်မှာ ငွေမရှာခင် နိုင်ငံတကာမှာ Facebook အသုံးပြုပြီး ဘယ်လို ဝင်ငွေရသလဲ ဆိုတာကို သိရန်လိုအပ်လာပါတယ်။

Facebook မှာ ဝင်ငွေရှာနိုင်တဲ့ အကြမ်းဖျင်း နည်းလမ်း နှစ်ခု ရှိပါတယ်။ Developer နဲ့ Fan page နှစ်မျိုး ဖြစ်ပါတယ်။ Developer ကတော့ ရှင်းပါတယ်။ Facebook အသုံးပြုသူတို့ ဆော့ကစားလို့ ရမယ့် Application တစ်ခုခုလုပ်လိုက်မယ်။ ပြီးတော့ ယင်း Application ကို User အတော်များများက ယူဆော့ပါမယ်။ ဒီတော့ အခြား စီးပွာရေး လုပ်ငန်းရှင်များက ယင်း App စာမျက်နှာမှာ ကြော်ငြာထည့် လာတာမျိုး ဖြစ်ပါတယ်။ ရေပန်းအစားဆုံး App တွေသာ စီးပွားရေး တွက်ခြေကိုက်မှာ ဖြစ်ပါတယ်။ Application ကိုလူတိုင်းလုပ်နိုင်ပါတယ်။

သို့ပေမယ့် ယင်းအတွက် Facebook ကို ငွေပေးဆောင်ရပါတယ်။ Application ဖန်တီးလိုသူများက https://developers.facebook.com/apps ဒီလခ့်မှာ ဝင်ရောက်ပြီး ပြုလုပ်ကြပါတယ်။ ဒါကလည်း မခက်ပါဘူး။ သို့ပေမယ့် မြန်မာပြည်ကနေတော့ Application လုပ်လို့ရမယ့် ပုံမပေါ်ပါဘူး။ ဒီအတွက် ငွေပေးဆောင်ရပါတယ်။ ပေးရတဲ့ ငွေပမာဏ နည်းပေမယ့် Facebook ဆီငွေရောက်အောင် ပို့ပေးမယ့် Paypal , eBay အစရှိသဖြင့် နိုင်ငံတကာ အွန်လိုင်း ငွေ အိတ်ချိန်းတွေ မြန်မာပြည်မှာ မရှိလို့ပဲ ဖြစ်ပါတယ်။ ယင်း နိုင်ငံတကာ အွန်လိုင်း ငွေ အိတ်ချိန်းစနစ်တစ်ခု သာ မြန်မာပြည်မှာ ရှိလာပြီဆိုရင် အွန်လိုင်းမှာ ရုန်းကန်နေတဲ့ မြန်မာ့ အင်တာနက်ကွန်ရက်ပေါ်က စီးပွားရေးလုပ်ငန်း များ၊ ဆော့ဖ်ဝဲ၊ Developer သမားများ ဒီထက်မက လမ်းပွင့်သွားနိုင်ပါတယ်။

ဒီတော့ ပြည်ပရောက် မြန်မာ များအတွက်တော့ ငွေဒီနည်းနဲ့ ရှာနိုင်ပါတယ်။ မြန်မာပြည်နေ Facebook အသုံးပြုသူများအတွက်ကတော့ ဒီနည်းလမ်းနဲ့ လက်ရှိတော့ မရနိုင်သေးပါဘူး။ ကြားမှ တစ်ဆင့်ခံပေး မယ့် အေဂျင်ဆီတွေရှိတဲ့အတွက် ရတယ်ဆိုရင်တော့ တော်တော်လေး ခက်ခဲတဲ့အခြေအနေဖြစ်ပါတယ်။

နောက်ထပ်ဝင်ငွေရှာနည်းကတော့ Fan Page ပဲဖြစ်ပါတယ်။ ဒီတော့ နိုင်ငံတကာ Fan Page မှာ ဘယ်လိုငွေရှာသလဲဆိုတာကို အရင်လေ့လာရ ပါအုံးမယ်။ စာဖတ်သူအချို့ မြင်ဖူးပါလိမ့်မယ်။ နိုင်ငံတကာ Fan Page တွေမှာ အော်ဒါမှာဝယ်ယူလို့ရတာမျိုးတွေ ဖြစ်ပါတယ်။ မစ်စတာ ဘင်း- Official Fan Page မှာဆိုရင် သူ့ ရဲ့ ရုပ်ရှင်ခွေတွေ မှာလို့ရပါတယ်။ ဟမ်ဘာဂါဆိုင် Page တစ်ခုဆိုရင် အွန်လိုင်းကနေ တိုက်ရိုက်မှာယူနိုင် ပါတယ်။ သီချင်းအယ်လ်ဘမ်တွေလည်း သက်ဆိုင်ရာမှာ ဝယ်ရရနိုင်ပတယ်။ အစရှိသဖြင့် Application ကိုတွဲပြီး Fan Page ကို ကြားခံ ဈေးဆိုင်အဖြစ် အသုံးပြုပါတယ်။ ဒီတော့ ကိုယ့်မှာ စီးပွားရေး လုပ်ငန်း တစ်ခုခုရှိမှသာ ဒီလို လုပ်နိုင်တဲ့အပြင် အွန်လိုင်းအိတ်ချိန်းလည်း ရှိနေရပါအုံးမယ်။ မြန်မာပြည်နေ user များ အတွက် Facebook မှာငွေရှာဖို့ အတော်ခက်ခဲသွားပါပြီ။

ဒါဆို ဘယ်လိုလုပ်ရတော့မလဲ။ ကျောင်း ဆက်တက်ဖို့ ရန်ကုန်မှာ ရုန်းကန်နေသူများ ရှိပါတယ်။ မည်မည်ရရ ဘွဲ့ရှိမထားလို့ ကြုံရာ အလုပ်ဝင်လုပ်ပြီး ရန်ကုန်မှာ သောင်တင်နေသူများ ရှိပါတယ်။ ရန်ကုန်ရယ်လို့ မဟုတ်ပဲ မြို့ ကြီး၊ မြို့ ငယ်အသီးသီးမှာ ပညာတတ်ထားပေ မယ့် အံကိုက်မဖြစ်လို့ ဘဝရှုံးနေသူများ ရှိနေပါသေးတယ်။ ဦးနှောက်ယိုစီး မှုကိုသာ အပြစ်တင်ပြီး Facebook မှာ Like, Share, Comment လောက်နဲ့ပဲ ဘဝကို သာမန် အလုပ်လေး တစ်ခုနဲ့ အချိန်ကုန်ခံနေကြရပါတယ်။

ဘာမှမလုပ်တတ် မကိုင်တတ်လို့ Facebook မှာပဲ ခံစားချက်တွေ ထုတ်ဖော်နေသူများ ရှိပါတယ်။ Social Network မှာ သာမန်လူတွေထဲက လူလိုပဲ အချိန်ကုန်ခံဖို့ ဆုံးဖြတ်သူများလည် ရှိပါတယ်။ အခြားသူများက အလုပ်ခိုင်ခိုင်မာမာ၊ စီးပွားရေး ခိုင်ခိုင်မာမာ၊ ငွေကြေး ခိုင်ခိုင်မာမာရှိလို့ Facebook ကို အပျင်းပြေ အသုံးပြုကြတာ။ ပျော်စရာ အဖြစ် အသုံးပြုကြ တာ။ ဒီတော့ စားဝတ်နေရေး အဆင်မပြေသော၊ အလုပ်ထပ်လုပ်ရန်လို အပ်နေသော စာဖတ်သူများအနေဖြင့် Facebook မှာ ငွေရှာရန် စိတ်ကူးကြည့်ဖူးပါသလား။ တကယ် ငွေရှာလို့ ရတဲ့ နည်းလမ်းဖြစ်ပါတယ်။ ငွေတိုက်ရိုက်ဝင်တာမျိုးမဟုတ်ပေမယ့် Facebook မှာတင်မဟုတ်ပဲ ပြင်ပမှာပါ ငွေဝင်လာမယ့် နည်းလမ်း ဖြစ်ပါတယ်။

Page တစ်ခုပြုလုပ်ခြင်း

စာဖတ်သူ ဘာကိုစိတ်ဝင်စားသလဲ။ စာဖတ်သူက ဘယ်ပညာနဲ့ ကျောင်းပြီး ထားသလဲ။ အင်ဂျင်နေယာလား၊ ဆရာဝန်လား၊ ရိုးရိုး ဘွဲ့ရသူလား၊ ဂိမ်း စိတ်ဝင်စားသူလား၊ သတင်းတွေ စပ်စုတက်သူလား။ အစရှိသဖြင့် မိမိကိုယ်ကိုယ် သုံးသပ်ပြီး အမည်တစ်ခုခုနဲ့ Page လုပ်ရပါမယ်။ ဥပမာ- အင်္ဂလိပ်လို သတင်းတွေကို ဖတ်ပြီး မြန်မာလိုပြန်ရေးကျင့်ရင်း သဘောကျတာတို့၊ ကဗျာရေးရတာ သဘောကျတာ၊ ရုပ်ရှင်အကြောင်း သဘောကျတာတို့၊ ဆောင်းပါးရေးတာတို့ အစရှိသဖြင့် ဝါသနာ အမျိုးမျိုး ရှိကြပါမယ်။

၂။ Page တွင် မိမိတတ်သမျှ၊ သိသမျှ၊ စိတ်ဝင်စားသမျှ မျှဝေတင်ပြခြင်း

သတင်းတွေ ဖတ်ပြီး ဘာသာပြန်ထားတယ်ဆိုပါစို့။ ပုံလေးတွေပါ Download ဆွဲရင်း တွဲတွဲတင်သွားလိုက်မယ်ဆို တဖြည်းဖြည်းနဲ့ သတင်းတွေ ပြည့်လာ ပါမယ်။ ကဗျာဆိုရင် ကဗျာတွေ ရေးလာလိုက်တာ တော်တော်လေး စုံလာပါမယ်။ ဟင်းချက်ဝါသနာပါသူဆိုရင် ဟင်းချက်နည်းအဆင့် ဆင့်တွေ ရေးရင်း ဟင်းအမယ်လေးတွေ မျှဝေရင်း Post တွေများလာပါ မယ်။ ဆောက်လုပ်ရေး အင်ဂျင်နေယာဆိုရင်လည်း အင်ဂျင်နေယာတို့ အတွက် အကျိုးရှိမယ့် စာတွေ၊ သတင်းတွေ၊ အဆောက်အအုံပုံတွေ၊ ဒီဇိုင်းတွေ မျှဝေမယ်။ Graphic ဒီဇိုင်နာသမားဆိုရင်လည်း မိမိရဲ့ ဖန်တီးချက်များကို Page မှာ မျှဝေရပါမယ်။

ရုပ်ရှင် နှစ်သက်သူကလည်း ရုပ်ရှင်ဆိုင်ရာ ဆောင်းပါးလေးတွေ၊ review လေးတွေကို မိမိသိသလိုလေးရေးတင်ပါမယ်။ သို့ပေမယ့် အားလုံးကို အမှန်အတိုင်းပဲ တင်ပြဖို့လိုအပ်လာပါတယ်။ ဒီလိုရေးသားတင်ဆက်တယ် ဆိုတာ မီဒီယာအလုပ်တစ်ခုကို လုပ်ကိုင်နေခြင်း ဖြစ်ပါတယ်။ ကိုယ်က မှန်မှန်ကန်ကန်နဲ့ မိမိစိတ်ထဲရှိတာ၊ ဝါသနာပါရာ၊ စပ်စုမိရာကို မျှဝေရာဖြစ်ပေမယ့် အများဖတ်ဖို့ ဖြစ်တဲ့အတွက် မှန်ကန်နေဖို့ တော့ လိုအပ်ပါတယ်။ ဒါမှသာ အများက သိလာပြီး စိတ်ဝင်တစား လာကြည့်ကြမှာ ဖြစ်ပါတယ်။

မိမိရဲ့ Personal အကောင့်မှာလဲ အရင်အတိုင်း Like, Share လုပ်နေရင်း၊ တစ်ဖက်ကလည်း မိမိရဲ့ Page ကို အမြဲစောင့်ကြည့် ပြီး Post လေးတွေ တင်ပေးရပါမယ်။ ဒီမှာ စာဖတ်သူက အခြား ပညာရေးလမ်းကြောင်းပေါ် မှာ လျှောက်နေသူဆိုရင် အချိန်ပေးမှုကို ကိုယ်တိုင် စီမံထားစေချင်ပါတယ်။ Page ကိုလည်း အမြဲ Active ဖြစ်အောင်လုပ်ရင်း၊ သာမန် လုပ်ငန်းဆောင် တာများလည်း မလစ်ဟင်းရပါဘူး။

ဒီလိုလုပ်လာတာ ၃ လလောက်ဆိုရင် တော်တော်လေး ထူးခြားလာပါပြီ။ ကိုယ့်မျှဝေသမျှသာ လာဖတ်သူများနဲ့ ထပ်တူကျရင် ၃လ တောင်မကြာပဲ ၁ လတည်းနဲ့တောင် လူသိများ ရပန်းစားလာနိုင်ပါတယ်။

ဒီမှာ စပြီးအကျိုးအမြတ်ရပါပြီ။ စာဖတ်သူက ကဗျာ Page လုပ်ထားတယ်ဆိုပါစို့။ တကယ်လည်း ခံစားချက်အပြည့်နဲ့ရေးထားတဲ့ ကဗျာတွေဆိုတော့ တော်တော်ကို ပေါက်နေပြီ ဆိုပါစို့။ ကဗျာစာအုပ်တိုက်များ၊ စာနယ်ဇင်းတိုက်များကို သိအောင် လုပ်ပါ။ စာမျက်နှာကို Print ထုတ်၍ ပြခြင်းသော် လည်းကောင်း၊ စာနယ်ဇင်းများ အီးမေးလ်သို့ မိမိဖန်တီးထားသောPage ရဲ့  Link ကိုပေးပို့ခြင်းဖြင့်သော် လည်းကောင်း သိအောင်လုပ်ရပါမယ်။ မိတ်ဆက်ရပါ မယ်။ တောင်းဆိုရ ပါမယ်။ တောင်းဆိုရမယ်ဆိုတာက မိမိတတ်ထားတဲ့၊ ဖန်တီးထားတဲ ပညာရပ်အတွက် သက်ဆိုင်ရာနယ်ပယ်မှာ ဝင်ရောက် လိုကြောင်း တောင်းဆိုနိုင်ပါတယ်။ ဥပမာ- သတင်းတွေ ဘာသာပြန်ပြီး Page လုပ်ထားတယ်ဆိုပါဆို့။ သတင်းမီဒီယာ တစ်ခုခုနဲ့ ချိတ်မိအောင် ကြိုးစားပြီး မိမိဖန်တီချက်များကို သိအောင် ပြရပါမယ်။ ပြီးတော့ မီဒီယာလောကမှာ ဘယ်လိုရပ်တည်ဖို့အခွင့်အရေး ရှိတယ်ဆို တာ တောင်း ဆိုနိုင်ပါတယ်။ အင်ဂျင်နေယာဆိုင်ရည် နည်းပညာများ မျှဝေရင်း၊ ရေးသား ထားတယ်ဆိုပါစို့ အင်ဂျင်နေယာဆိုင်ရာ သတင်းအချက်အလက်များ ပေးဖို့ ကြိုးစားနေတဲ့ မီဒီယာများကို ချိတ်ဆက်ပြီး မိမိဖန်တီးချက်များကို ပြရပါ မယ်။ ပြီတော့ မိမိအတွက် နေရာတစ်ခုခု ရရှိနိုင်ပါတယ်။

သို့ပေမယ့် စာဖတ်သူရဲ့ ဖန်တီးချက်ဟာလည်း ကောင်းမွန်နေ ဖို့လိုအပ်ပါ တယ်။ အများအမြင်မှာ အထင်ကြီးနေစေဖို့ လိုအပ်လာပါတယ်။ ယခုနောက်ပိုင်း မီဒီယာလုပ်ငန်းစုများ၊ စီးပွားရေး လုပ်ငန်းရှင်များဟာ Facebook ကိုတော်တော် အလေးထားလာပါပြီ။ Facebook ကိုအခြေခံပြီး အောင်မြင်နေတဲ့ သူတွေ၊ fan page တွေကို စောင့်ကြည့်နေ ပါတယ်။ မအောင်မြင်သေးတဲ့ မိမိစီးပွားရေးလုပ်ငန်း၊ မီဒီယာများ ကို အောင်မြင်လာအောင် ဖန်တီးပေးမယ် သူ လိုအပ်နေပါ တယ်။ အောင်မြင်ပြီးသားများကလည်း အင်အားပိုမိုတောင့်တင်းလာအောင် တကယ် အရည်အချင်းရှိတဲ့ Facebook ပေါ်က မြန်မာပြည်သားများကို ရှာဖွေနေကြပါတယ်။ Facebook ဟာ တကယ်ပဲ အားကိုးရတဲ့ Advertising နည်းလမ်းတစ်ခုပဲ ဆိုတာ သိလာကြပါပြီ။ ပရိုမိုးရှင်းတွေကို Facebook မှာပြုလုပ်နေကြပါပြီ။

အွန်လိုင်းမှာ စာဖတ်ပရိတ်သတ်အခိုင်အမာရ သွားတဲ့ ဆောင်းပါးရှင် တစ်ယောက်ဆိုရင် စာအုပ်ထုပ်ရတဲ့ အထိ အောင်မြင်သွားပါပြီ။ အခြား Professional လုပ်ငန်း ရှိနေသည့်တိုင် Facebook ကြောင့် တစ်ဖက်ကလည်း ဝင်ငွေရပြီး၊ အောင်မြင်ပါတော့မယ်။ သတင်းတွေ၊ ဆောင်းပါးတွေ ကိုယ်တိုင်ဖန်တီးသူ ကလည်း မီဒီယာလုပ်ငန်းတော်တော်များများမှာ ဝင်ရောက်လုပ်ကိုင်နေရပါပြီ။ အပျော်တမ်း ရေးသားရကနေ မီဒီယာကျင့် ဝတ်နဲ့ ညီညီ ရေးသားတင်ဆက်ပေးသူများ ဖြစ်လာကြပါတယ်။ အချို့ ကျ Facebook မှာအောင်မြင်ပြီး ဝဘ်ဆိုဒ်တွေ ပိုင်ဆိုင်ရရှိလာပြီး ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းရှင်ဖြစ်ဖို့ လမ်းစတွေ ပေါ်ပေါက်လာပါတယ်။ အချို့ ကျတော့ မိမိဖန်တီးထားတဲ့ ဒီဇိုင်းတွေကြောင့် ဒီဇိုင်းကုမ္မဏီများက ဖိတ်ခေါ်ပြီး အလုပ်ဆိုတာ ရှာစရာမလိုပဲ အလုပ်က လာရှာတာမျိုး အထိ ဖြစ်လာပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းရှာဖွေရာမှာ မိမိ ဖန်တီချက်များကို အလွယ်တကူ ချပြလို့ရတဲ့ Facebook မှ မှတ်ကျောက်တင်ထားခြင်းဖြင့် ကြိမ်းသေ အသုံးဝင်ပါတယ်။ မိမိက အလုပ်တစ်ခုခုကို လျှောက်ရင် မိမိဖန်တီးထားမှု များကို ဘွဲ့လက်မှတ်နဲ့ ပြလို့ မလုံလောက်တော့ပါဘူး။ ဒီတော့ မိမိဖန်တီးထားတာတွေကို ပြရတောမှာ ဖြစ်ပါတယ်။ ဒီမှာ Facebook က တော်တော်လေး အသုံးဝင်ပါတယ်။ သို့တည်းမဟုတ် အခြားအလုပ်များ လုပ်နေရင်း ကိုယ်ဝါသနာပါရာကို Facebook မှာရေးနေရင်း အခြား အလွတ်တန်း အလုပ်တစ်ခုခုလည်း အလွယ်တကူ ရနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ အခြားအကျိုးထူးမြောက်များစွာလည်း ရှိနေပါသေးတယ်။ သို့ပေမယ့် ကောင်းကျိုးရသွားတဲ့ အရေအတွက်ဟာ အင်မတန် နည်းနေပါသေးတယ်။

Facebook page ကို မိမိရဲ့ ပညာရပ် အထောက်အပံ့ပစ္စည်းအဖြစ် အသုံးပြုနိုင်ပါတယ်။ အလုပ်အတော်များများက အတွေ့အကြုံရှိသူများကို ပိုမိုနှစ်သက်ကြပါတယ်။ ဘာမှအတွေ့ အကြုံမရှိသူများအနေနဲ့ မိမိတို့ ဘယ်လောက်ထိ တတ်တယ်ဆိုတာကို Page မှာတင်ပြထားခြင်းဖြင့် သက်သေပြနိုင်ပါတယ်။ ဘွဲ့လက်မှတ်မှာတင်မဟုတ်ပဲ မိမိဟာ တကယ်ပဲ တတ်မြောက်ပြီး ဒီလိုအကျိုးရှိရာတွေကို ပြန်လည်မျှဝေပေးနေပါတယ် ဆိုတာကို တင်ပြနိုင်ရင် အလုပ်ရှာရခက်တဲ့ အဖြစ်ဖို့မျိုးက အနည်းနဲ့ အများတော့ ကင်းဝေးမှာ ဖြစ်ပါတယ်။ မိမိက ဆော့ဖ်ဝဲနည်း ပညာရှင် တစ်ယောက် ဖြစ်တယ်ဆိုတာကို စာရွက်နဲ့တင်မဟုတ်ပဲ မိမိတင်ဆက်ပြ သထားတာတွေနဲ့ သက်သေပြနိုင်မှာ ဖြစ်ပါတယ်။ Facebook ရယ်လို့မှ မဟုတ်ပဲ Blogspot လုပ်ပြီးလည်း ထိုနည်းတူစွာ တင်ပြနိုင်မှာ ဖြစ်ပါတယ်။

ဒီအတွက် စာဖတ်သူတို့ ဘယ်လောက်အချိန်ပေးသင့်သလဲ။ ရည်ရွယ်ချက်ကို Facebook မှာ ရေရေရာရာမရှိ ဟိုဟိုဒီဒီ ကြည့်ရှုနေရသူများ အတွက် ဖြစ်ပါ တယ်။ ဒီလို မိမိခံစားချက်တွေ၊ ဖန်တီးချက်တွေကို ဖန်တီးဖို့အတွက် ထူးထူးခြားခြား အချိန်ပေးစရာ မလိုပါဘူး။ တစ်ရက်မှာ မိမိအားတဲ့ တစ်နာရီသော်လည်းကောင်း၊ နှစ်နာရီသော်လည်းကောင်း အချိန်အခိုက် အတန့်အတွင်း ရေးသားတင်ပြရင်း ဆက်သွားနိုင်ပါတယ်။ ဒီတာ့ Facebook နဲ့ ဘယ်လိုငွေရှာမလဲ၊ ခေါင်းစဉ် Facebook ပေါ်မှာ ဘယ်လို အလုပ်ရှာမလဲ လို့တောင် ဖြစ်သင့်ပါသေးတယ်။ စာဖတ်သူတို့ သံသယဖြစ်နေပြီလို့ ယူဆပါတယ်။ ဒီလိုလုပ်လို့ တကယ်ဖြစ်နိုင်ပါ့မလားလို့ သံသယတွေ ဝင်နေလောက်ပါပြီ။

ယခုစာရေးသူဟာလည်း Facebook မှာ မိမိဝါသနာ ပါရာ သတင်း၊ ဆောင်း ပါးများအား ဘာသာပြန်တင်ပြရင်း အခြား လုပ်ငန်းဆောင်တာ များမပျက် ယွင်းပဲ ရန်ကုန်တွင် နေထိုင်စားသောက်ရန် လုံလောက်သော ဝင်ငွေတစ်ခု ရရှိခဲ့ ပါတယ်။ အပျော်တမ်းရေးရာကနေ မီဒီယာ လုပ်ငန်းကြီးများရဲ့  လက်တွဲခေါ်ဆိုမှုကြောင့် အခြေအနေကောင်း တစ်ခုရရှိနေပါပြီ။ မီဒီယာ လုပ်ငန်းတော်တော်များများမှာလည်း ဝင်ရောက်လုပ်ကိုင်ရန် ကမ်းလှမ်းမှု များ ရရှိခဲ့ဖူးပြီး လက်တွဲလည်း လုပ်ကိုင်ခဲ့ပါတယ်။ လက်တွဲလုပ်ကိုင်ရန် ကမ်းလှမ်းချက်များ ရရှိခဲ့ပါတယ်။ ၆ လကျော်အတွင်း ထူးခြားလာ မှုများက တစ်နှစ်ပြည့်နီးနီးမှာ ပို၍ အောင်မြင်သွားပါတယ်။ စာရေးသူက မီဒီယာကျောင်းဆင်းလည်း မဟုတ်ရပါ။ အိုင်တီ ကျောင်းဆင်းလည်း မဟုတ်။ တစ်ဖက်ကလည်း မိမိနှစ်သက်ရာ ဘာသာရပ်တစ်ခု အထူးပြု သင်ယူ လေ့လာနေဆဲသာ ဖြစ်ပါတယ်။ ကိုယ်ရည်သွေးခြင်း မဟုတ်ရပါ။ စာဖတ်သူ တို့ ဖြစ်ကောဖြစ်နိုင်ပါ့မလား ဟူသော သံသယ ကင်းဝေး စေရန် ဖြစ်ပါတယ်။

စာရေးသူထက် အဆပေါင်းများစွာ အကျိုးထူး ချွန်ပြီး အောင်မြင် နေသော မြန်မာပြည် မှ Facebook user များလည်း အမြောက်အများရှိပါတယ်။ မီဒီယာ လုပ်ငန်းကိုသာ မဆိုလို။ အခြား မိမိကျွမ်းကျင်ရာ နယ်ပယ်အလျောက် တင်ပြချက်ကို အခြေခံပြီး ပြင်ပလော ကမှာ ကောင်းကောင်းကြီး ပြန်လည် အသုံးချနိုင်မှာ ဖြစ်ပါတယ်။

ယခုစာက Facebook ကိုအပျော်တန်း၊ အပျင်းပြေသုံးနေသော အခြား Professional များအတွက် မဟုတ်ရပါ။ တကယ်ပဲ အလုပ်ရှာရခက်ပြီး၊ အွန်လိုင်းမှာ မရေမရာ ဖြစ်နေသူများအတွက် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ ပညာအရည်အချင်း ရှိသောလည်း ရွံ့ နွံတွင်းမှ ပတ္တပြားကဲ့ သို့ မြှုပ်နေ သူများအတွက် ဖြစ်ပါတယ်။ တတ်စွမ်း သလောက်ကြိုး စားသော်လည်း အရာမရောက်သေးသူများ အတွက် လည်း ဖြစ်ပါတယ်။ တကယ်ပဲ Facebook ကိုအကျိုးရှိရှိ အသုံးချ လို့ ကျောင်းကျိုးပေါင်း များစွာ ဖြစ် ထွန်းလာဖို့ ဆန္ဒပြု ရေးသားလိုက်ရပါ တယ်။

လေးစားစွာဖြင့်

အောင်ခမ်း (ရိုးရာလေး)

Monday, April 28, 2014

တရားကျင့်တယ်ဆိုတာ


မိမိစိတ်သန္တာန်တည်ငြိမ်အောင် လေ့ကျင့်နေထိုင်ခြင်းသည်
တရားကျင့်တယ်လို့  သတ်မှတ်နိုင်တယ်။

မြတ်စွာဘုရားက လောကမှာ လူတွေဟာ အချင်းချင်း
ဆက်ဆံနေကြရတဲ့အခါမှာ ကိုယ့်အကြောင်းကို မပြောသင့်တဲ့
အချိန်မှာပြောတာလည်း ဖြစ်ချင်ဖြစ်မယ်။

မဟုတ်မမှန်တွေပြောတာလည်း ဖြစ်ချင်ဖြစ်မယ်။

ရိုင်းရိုင်းပျပျ ပြောတာတွေလည်း ကြုံနိုင်တယ်။

ကျိုးကြောင်းဆီလျော်မှုမရှိဘဲ ပြောတာတွေလည်း ကြုံတွေ့ နိုင်တယ်။

အဲဒီလိုကြုံလာခဲ့လို့ ရှိရင် မြတ်စွာဘုရားက အဲဒီစကားမုန်တိုင်းတွေကို
ဘာနဲ့ ခံယူမလဲတဲ့။ အဲဒီနေရာမှာ "မေတ္တာနှလုံးအစဉ်သုံး"လို့ 
ပြောတာနော်။

မြတ်စွာဘုရားက ကျင့်စဉ်လေးပေးထားတယ်။ ဘာပေးထားတုန်းဆိုရင်
“န စေ၀ မေ စိတ္တံ ၀ိပရိဏတံ ဘ၀ိဿတိ” ။

အဲဒီလိုစကားမျိုးတွေကြားလာခဲ့ရင် ငါ့စိတ်က အပြောင်းအလဲ
မဖြစ်စေရဘူးလို့ အဲဒီလို စိတ်မဆိုးနဲ့ တဲ့။ အဲဒီလိုပြောတာနော်။

ပင်ကိုယ်စိတ်ကလေးက ရုပ်ပျက်ဆင်းပျက် ဖြစ်မသွားစေနဲ့ ။ ဒေါသစိတ် မဖြစ်ပေါ်နဲ့ ။ စိတ်ဓာတ် မပြောင်းလဲသွားစေနဲ့ တဲ့။

အပြောမခံရခင်က စိတ်က တစ်မျိုး။ ကိုယ့်ကို လာပြောတဲ့အခါမှာ
အပြောခံလိုက်ရတဲ့ စိတ်က တစ်မျိုး။ အဲဒီလို မပြောင်းလဲသွားစေနဲ့ တဲ့။

အပြောမခံလိုက်ရခင်က စိတ်မျိုးကို ထိန်းထားပါတဲ့။မျက်နှာကြော တင်းသွားတာတို့ ၊ ဒေါသနဲ့ ပြန်ပြောမိတာတို့  ဖြစ်တတ်ပါတယ်။

အဲဒီလို စိတ်ကလေး ပြောင်းလဲမသွားအောင် မြတ်စွာဘုရားက ထိန်းပါလို့  ပြောတာနော်။

တရားကျင့်တယ်ဆိုတာ ဒါပါပဲ။ တရားကျင့်တယ်ဆိုတာ အများက
“တင်ပလ္လင်ခွေထိုင်ပြီး မျက်စိကိုစုံမှိတ်ထားတာ။ အဲဒီလိုမျိုး ထိုင်တာကိုမှ
တရားကျင့်တယ်” လို့ တရားအားထုတ်တယ်လို့ ထင်တယ်။

အဲဒီလိုကျင့်တာက တစ်မျိုး။ သမာဓိရအောင် ကျင့်တာခေါ်တယ်။

ကိုယ့်စိတ်ကလေးကို ပြောင်းလဲသွားတာမျိုး  မဖြစ်အောင် ထိန်းနိုင်တာကိုလည်း တရားကျင့်တယ်လို့  သတ်မှတ်နိုင်တယ်။


ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ။

ဘ၀ကို ဓမ္မဖြင့် တည်ဆောက်နိုင်ကြပါစေ။

Credit to Htoo Tint Naing

မေတ္တာရှင်ဆရာတော် ၏ ဒဿနများမှ


၁။ သူတပါးအတင်းမပြောပါနဲ့။ သူတပါးအပြစ်မပြောပါနဲ့။
ကိုယ့်အတင်း ကိုယ်ပြော။

၂။ သူတပါးအပြစ်ကို မြင်သူတွေဟာ ကိလေသာအာသဝေါတရားတွေ
တိုးပွားစေပြီး နိဗ္ဗာန်နဲ့ဝေးသွားတတ်တယ်။

၃။ ဗုဒ္ဓဘာသာဝင်တိုင်း အကျင့်သိက္ခာဖြူစင်သင့်၏။ အကြောင်းကား ဗုဒ္ဓဘာသာဝင်တဦး မကောင်းတာလုပ်လျှင် ရတနာသုံးပါးနှင့် ဆရာပါ
သိက္ခာကျနိုင်သောကြောင့်ပင်တည်း။

၎။ မုသားကိုရယ်စရာပင် မပြောသင့်။ အကြောင်းကား မုသားပြောသူသည် မလုပ်ရဲသော အကုသိုလ်တစ်ခုမှမရှိ။

၅။ မည်သည့်မျှော်လင့်ချက်မှမထားဘဲ သူတစ်ပါးကို ကူညီခြင်းမှသာ
တကယ့်စိတ်ချမ်းသာမှု အစစ်ကိုရနိုင်ပါသည်။

၆။ မလိုချင်သောအချိန်ကျမှသာ ပြည့်စုံသောဘ၀ရောက်၏။

၇။ ကိလေသာများမပေါ်အောင်နေရမည်။ ပေါ်လျှင် ပေါ်မှန်းသိရမည်။

၈။ မိမိကိုယ်တွေ. ဆရာကိုယ်တွေ.နှင့်မပြီး။ ဗုဒ္ဓကိုယ်တွေ. ပါဠိတော် အဋ္ဌကထာများ နှင့် မကိုက်ညီလျှင် အမှားသာဖြစ်သည်။

၉။ မသူတော်သည် သူတပါး၏ ဇီးစေ့လောက်ရှိသော အပြစ်ကို..
ရှာဖွေတွေ.မြင်တတ်သော်လည်း....
မိမိ၏ မြင့်မိုရ်တောင်လောက်ရှိသော အပြစ်ကိုကား.. မမြင်တတ်။

၁ဝ။ သူတော်ကောင်းသည် သူတပါး၏ မြင်းမိုရ်တောင်လောက်ရှိသော
အပြစ်ကို.. မမြင်တတ်သော်လည်း..
မိမိ၏ ဇီးစေ့လောက်ရှိသော အပြစ်ကိုကား၊ ရှာရှာဖွေဖွေမြင်ပြီး
ဆုံးမတတ်၏။


အရှင်ဇ၀န
မေတ္တာရှင်(ရွှေပြည်သာ)

Tthaw Thaw ၏ ဓမ္မ Notes များမှ
ပြန်လည် ကူးယူ မျှဝေပါသည်။

Sunday, April 27, 2014

သစ္စာမြင်မှ နိဗ္ဗာန်ဝင်မည်


တရားမနာဘူး၊
တရားနှလုံးမသွင်းဘူးဆိုတော့
စဉ်းစားကြည့်တာပေါ့၊
မတရားနေတယ်၊
မတရားနေတယ်ဆိုတော့
ဒကာ ဒကာမတွေမှာ တိုတိုပြောတော့
ပဋိစ္စသမုပ္ပါဒ် ဆက်နေတယ်၊ ရှင်းပလား။

ဟာ…တရားနာတယ်၊
တရား အားထုတ်နေပါတယ်လို့ ဆိုတော့
သြော်…ဒုက္ခစက်ကြီး
ပဋိစ္စသမုပ္ပါဒ် ဒုက္ခစက်ကြီး လည်နေတာကို
ဖြတ်နေတာပါကလား။ မရှင်းကြသေးဘူးလား။

ဒါဖြင့် “တရား” နဲ့ “မတရား” ကွဲပလား၊
ကွဲပြီတဲ့။ ဒါဖြင့် ဒီလိုပြောကြစို့တဲ့။
အိမ်မှာ ဘာလုပ်ပြီး သကာလ
ဒကာ ဒကာမတွေ နေကြသတုန်း၊
မတရားလုပ်နေတယ်ဆိုတာ ဖြေရမယ်။

တခါတလေကျတော့
သားတွေ၊ သမီးတွေနဲ့
ဒေါသ သောကတွေနဲ့
အချိန်ကုန်သွားတယ်၊ ကုန်မသွားဘူးလား?။
ဒေါသဆိုတာ သားကလေး၊ သမီးကလေးတွေ
ကိုယ်က လိမ်မာ ယဉ်ကျေးစေ ချင်တယ်၊
သူတို့က မလိမ်မာ မယဉ်ကျေးတော့
အမေမိဘလုပ်တဲ့ပုဂ္ဂိုလ်၊
ညီအစ်ကို၊ မောင်နှမ၊
အကြီးအကဲလုပ်တဲ့ပုဂ္ဂိုလ်များက ဒေါသဖြစ်တယ်၊ (မဖြစ်ပေဘူးလား?)။
ဒေါသဖြစ်တော့ ဒေါသဟာ တရားလား?၊
မတရားလား?... မေးကြည့်ပါ…။

မတရားတာက အခု မတရားတာလည်း တစ်မျိုး၊
နောင် မတရားဖြစ်မှာလည်း
တစ်မျိုးမှတ်လို့ရှိရင် မလွဲပါဘူး…
အခု မတရားတာ ကတော့
ဒေါသနောက်က သောကလိုက်တယ်၊
သောကနောက်က ပရိဒေ၀လိုက်တယ်၊
ငိုမှုလိုက်တယ်နော်၊
နောက် ဒုက္ခ၊ ဒေါမနဿတွေ မလိုက်ဘူးလား?၊
တော်တော်ကြာကျတော့ အ၀ိဇ္ဇာ၊
သင်္ခါရတွေကော လိုက်ပါတယ်။

ဒါဟာ သြော်…
အိမ်မှာနေတာ သားတွေ၊ သမီးတွေအတွက်
ကိုယ်ခိုင်းတဲ့အတိုင်း မလိုက်နာ မပြုကြပြီဆိုမှဖြင့်
မတရားလုပ်နေတော့
သားသမီးကတော့ ကိစ္စမရှိဘူး၊
အဖေ အမေက အပါယ်သွားနေတယ်။

အ၀ိဇ္ဇာ သင်္ခါရ ၀ိညာဏ်ဆိုတော့
ဝိညာဏ်ဆိုတာ ပဋိသန္ဓေစိတ် ဆိုတာပါ။
အဲဒီတော့ မတရား နေမိတဲ့အတွက်
အပါယ်ရောက်သွားတယ်၊ ရှင်းပလား။
တစ်ခါတစ်လေကျတော့လည်း
ရောင်းရေး ၀ယ်ရေးနဲ့ပဲ ပျော်ပြီး သကာလ
နေလိုက်တဲ့အခါလည်း ရှိသေးတယ်နော်။
ရောင်းရေး ၀ယ်ရေးနဲ့
ပျော်လိုက်ပြန်တော့လည်း
ပျော်တယ်ဆိုတာ တဏှာပါပဲ၊
ဝမ်းသာတဲ့ လောဘတဏှာပါပဲ၊
အဲဒီ တဏှာ၊ ဥပါဒါန်၊ ကံတွေနဲ့
အချိန်ကုန်ပြန်တော့လည်း
နောက်ဘ၀ ဇာတိ၊ ဇရာ၊ မရဏ လာဦးမှာပဲ။
ဒါ…တရားလား?၊ မတရားဘူးလား…?။

ဒါဖြင့် တရား အားမထုတ်ဘူး၊
တရားမနာတဲ့ ပုဂ္ဂိုလ်များမှာဖြင့်တဲ့၊
မတရားဖြစ်ပြီး သကာလနေတာ
ပစ္စုပ္ပန်မှာ မတရားသံသရာမှာ
အပါယ်သွားဆိုတဲ့ အဓိပ္ပါယ် ရှင်းသွားပြီ။
အဲဒါ ဥာဏ်နဲ့ လှည့်ကြည့်တော့မှ
သြော်…ငါသည်ကားလို့ ဆိုလို့ရှိရင်
ဘယ်အမျိုးထဲက ပါလိမ့်မတုန်း၊
ဘယ်အစားထဲက ပါလိမ့်မတုန်း၊
ကိုယ့်ကိုယ် သနားလို့ ထမင်းကျွေးနေတာလား၊
ထမင်းကျွေးတာက ၀တ်ဆင်ပြီး သကာလ
ကျွေးငြားသော်လည်း
ကိုယ့်ကိုယ်ကို သနားရာ မရောက်ဘူးနော်။

ကိုယ့်ကိုယ်ကို သနားတာကတော့
ကိုယ်သွားနေတဲ့ ပဋိစ္စသမုပ္ပါဒ်ကြီးကို
ဖြတ်တဲ့ပုဂ္ဂိုလ်မှ
ကိုယ့်ကိုယ်ကို သနားတဲ့ ပုဂ္ဂိုလ်၊ (ရှင်းကြပလား။)

ကိုယ့် ပဋိစ္စသမုပ္ပါဒ်
ကိုယ်ဖြတ်တဲ့ပုဂ္ဂိုလ်မှ ဘာပါလိမ့်။
သနားတဲ့ပုဂ္ဂိုလ်ဆိုတာ ရှင်းပါပြီ။
ဒါကြောင့် မတရားတော့ဖြင့်
ဒကာ ဒကာမတွေ မနေကြပါနဲ့။
တရားနဲ့နေပါ လို့ဆိုတဲ့ဥစ္စာ
အထူးပြောစရာ ဘာမှ မလိုတော့ပါဘူး။

အဲဒါကြောင့်
အိမ်မှာ ဘာလုပ် နေကြသတုန်းလို့
မေးတဲ့အခါကျလို့ရှိရင်ဖြင့်
တပည့်တော်တို့ အရောင်းနဲ့ အ၀ယ်နဲ့
သားနဲ့ သမီးနဲ့ ဆိုတော့ဖြင့် မအားဘူး။
ကဲ…မအားတာကတော့ မင်းတို့ ကိစ္စမရှိဘူး၊
မအားတာသည်ကား လို့ဆိုရင်
တရားဖြစ်နေတာလား?၊
မတရားဖြစ်နေတာလား?၊ မေးဖို့လိုတယ်။
(မတရားဖြစ်နေတာ)

သြော်…ဒါဖြင့် ဒကာ ဒကာမတွေ
ဘုန်းကြီးက သတိပေးလိုက်တယ်၊
မင်းတို့ မအားတာသည်
ဒို့လည်း သိတော့သိတယ်၊
မင်းတို့ မအားဘူး ဆိုတာတွေလည်း သိတယ်၊
သို့သော်လည်း မအားတဲ့အလုပ်ထဲမှာ
မအားတာ ဘာတွေတုန်း မေးတော့
မတရားတွေက
မအားပဲ ဖြစ်နေတာ၊ ဆိုထိုက်ကြပလား…။

မတရားတွေက မအားပဲဖြစ်ပြီး သကာလနေတော့
မတရားတာဟာ ရိုးရိုးမအားတာ မဟုတ်ဘူး။
ရိုးရိုးမအားတာ မဟုတ်ဘူးတဲ့၊
တစ်ခါတည်း အပါယ်သွားကြောင်းတွေ ဆည်းပူးနေတဲ့ အဓိပ္ပါယ် သေသေချာချာ ရောက်ပါတယ်။
အေး…ဒါတွေ စဉ်းစားတော့မှ
ငါတို့သည်ကား လို့ ဆိုရင်ဖြင့်
အခု လူ့ဘ၀ကို
တရားကြောင့် ရောက်လာတဲ့ဥစ္စာ
ရောက်တဲ့နေရာ မတရားလုပ်နေပြန်ပြီဆိုလို့ရှိရင်ဖြင့် အရင်းရှုံးပါလိမ့်မယ်လို့ ပြောရပါလိမ့်မယ်။
အရင်းရှုံးပါလိမ့်မယ်လို့
သေသေချာချာ ပြောထိုက်ပါတယ်။

လူ့ဘ၀ရလာတာက
တရားကြောင့် ရလာတာ၊
ဒီမှာ လူ့ဘ၀ ရလာတာက
တရားကြောင့်ရလာတော့
အိမ်ကျတော့ ပျော်လိုက်၊ ပါးလိုက်၊
မူးလိုက်၊ ယစ်လိုက်၊ အမျိုးမျိုး အဖုံဖုံပေါ့လေ၊
သားနဲ့ သမီးနဲ့ အလိုမကျ တာလေးတွေရှိလိုက်၊
အလိုကျလို့ ခင်ပြီးသကာလ နေလိုက်၊
ဒါတွေဟာ ကိုယ်က
တရားကြောင့် လူဖြစ်လာတဲ့ ဥစ္စာကို
မတရားနဲ့ အချိန်ကုန်ပြန်တော့
သြော်…အရင်းရှုံးတာပေါ့ဟေ့လို့ မှတ်လိုက်ပါ။
အရင်းရှုံးတယ်ဆိုတဲ့ဥစ္စာ
အင်မတန်နာပါတယ်။

အရင်းရှုံးပုံကို
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ပြောလိုက်ပြန်တယ်၊
ဘယ်လိုအရင်းရှုံးသလဲကွာလို့
မေးတဲ့အခါကတော့ မင်းတို့ဟာကွာ၊
ငါ့လက်သည်းပေါ်တင်ထားတဲ့ မြေမှုန့်ကလေးလိုပဲ၊
ဘုရားလက်သည်းပေါ်တင်ထားတဲ့
မြေမှုန့်ကလေးတွေလိုပဲတဲ့နော်။
ဘုရားလက်သည်းပေါ် တင်ထားတဲ့
မြေမှုန့်ကလေးဟာ
တာရှည်တည်နိုင်ပါ့မလား၊ စဉ်းစားကြည့်စမ်း…။

ဘာဖြစ်လို့ မတည်နိုင်သတုန်းဆိုတော့
သူကလည်း သေးငယ်တာ တစ်ကြောင်း၊
အောက်က လက်သည်းခွံကလည်း နုတာက တစ်ကြောင်း၊
ချောတာက တစ်ကြောင်း၊
နုတဲ့အပေါ်မှာ သေးငယ်တာလေး တင်ထားတော့
အထိမခံ ရွှေပုဂံဆိုသည့်ပုံလို ကျသွားမှာပဲ။
အဲဒီတော့ ဒီအပေါ် ရောက်လာတာက
ဘုရားလက်ပေါ်ရောက်လာတာကတော့ဖြင့်
အကြောင်းညီညွတ်လို့ ရောက်လာတယ်။
ဒီအပေါ်ရောက်ဖို့လည်း
အတော် မခဲယဉ်းဘူးလား၊
ကျဖို့ကတော့ မလွယ်ဘူးလား၊

အဲဒီမှာ လူ့ဘ၀ရဖို့ရာလည်း
အတော်ခဲယဉ်းလို့
လက်သည်းခွံတွေပေါ် ရောက်လာတာပဲ။
လက်သည်းခွံပေါ်က ကျသွားမယ် ဆိုလို့ရှိရင်လည်း
ပြန်ရောက်ဖို့ မမျှော်လင့်နဲ့တော့…
ခင်ဗျားတို့ အပါယ်လေးပါးပဲ လှည့်နေကြမယ်။
သဘောပါကြပလား။

အဲဒါတွေ သေသေချာချာ
စဉ်းစားကြည့်တော့မှ
အို…တပည့်တော်တို့ စားရေး၊
သောက်ရေး၊ နေရေး၊ ထိုင်ရေးဆိုတာ
ဘုရား အလကားအလုပ်ပါလား၊
ကိုယ် ဒီကနေပြီး သကာလ
အပါယ်လေးပါးလွတ်ဖို့
ဒီလက်သည်းခွံပေါ်မှာ ရှိတဲ့
မြေမှုန့်ကလေးတွေလိုပဲ မကျဘဲနဲ့
သူ့ဇာတ်သိမ်းပြီးသကာလ
ဒုက္ခတွေ သိမ်းတဲ့ဆီရောက်ဖို့ရာ
တပည့်တော်တို့အရေးဟာ
အကြီးဆုံးအရေးပါကလားလို့
ဆုံးဖြတ်ချက် ချကြပါ…။

(၄.၆.၁၉၆၂) ကျေးဇူးတော်ရှင် မဟာထေရ်
အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော် ဘုရားကြီး
ဟောကြားတော်မူသော သစ္စာ(၄)ပါး တရားတော် အမှတ်စဉ် (၁၀)မှ
“သစ္စာမြင်မှ နိဗ္ဗာန်ဝင်မည် အလုပ်သင်တရားတော် (အပိုင်း-၁)”
အား ဓမ္မမိတ်ဆွေများ အားလုံးသို့ ကူးယူပူဇော် ဓမ္မဒါနပြုပါသည်။

(ဓမ္မမိတ်ဆွေတစ်ဦးထံမှ ကူးယူဖော်ပြပါသည်။
သိမ်းထားစဉ်က နာမည် မှတ်မထားမိပါသဖြင့် ခွင့်လွတ်ပေးပါရန်..)

Saturday, April 26, 2014

အပူရှိန်ပြင်းထန်စဉ် ကျန်းမာအောင်နေထိုင်နည်း


သြစတေးလျနိုင်ငံ ရာသီဥတုနှင့် ကျန်းမာရေးအဖွဲ့အစည်းမှ ဒေါက်တာလဇ်ဟန်နာ၏ပြောကြားချက်အရ အပူချိန်မြင့်မားခြင်းသည် ရာသီဥတုနှင့် ဆက်နွယ်သောသေဆုံးမှုများ၏ အဓိကအကြောင်းအရင်းဖြစ်ကြောင်း သိရသည်။
အလွန်ပူပြင်းသောနေ့ရက်များတွင် အပြင်ထွက်အလုပ်လုပ်သူ (သို့) ကစားသူတိုင်း ခန္တာကိုယ်အပူချိန်လွန်ကဲမှု အန္တရာယ်ရှိသည်ဟု ဒေါက်တာဟန်နာကပြောသည်။ သက်ကြီးရွယ်အိုများ (သို့) ကလေးငယ်များကို စောင့်ရှောက်ပေးသူများအနေဖြင့်လည်း ၄င်းတို့၏ရေဓာတ်ခန်းခြောက်မှုအန္တရာယ်ကို သတိထားသင့်သည်။ မြန်မာနိုင်ငံတွင်လည်း အပူရှိန်မြင့်မားနေရာ ရာသီဥတုပူပြင်းစဉ် ကျန်းမာစွာနေနိုင်ရန်နည်းများကို ဖော်ပြလိုက်ပါသည်။


- အလွန်ပူပြင်းသောရက်များတွင် ကဖိန်းဓာတ်နှင့် အရက်တို့ကို မသောက်သုံးပါနှင့်။ ကဖိန်းဓာတ်နှင့် အရက်မှာ ဆီးပိုရွှင်စေပြီး သင်၏ခန္တာကိုယ်ကို ရေဓာတ်ခန်းခြောက်စေနိုင်ပါသည်။
- ရေဓာတ်ထိန်းသိမ်းထားပါ။ ရေဆာသည်ဟု မခံစားရသော်လည်း တစ်ရက်လျှင် ရေ ၂လီတာနှင့် ၃ လီတာအထိသောက်ပါ။ အကယ်၍ ဆေးဝါးမှီဝဲနေရသဖြင့် သင့်ခန္တာကိုယ်က အရည်ကို အကန့်အသတ်ဖြင့်သာ လက်ခံရမည်ဆိုပါက ဆရာဝန်နှင့်ညှိနှိုင်းစစ်ဆေးပါ။
- လေ့ကျင့်ခန်းများလျှော့လုပ်ပါ။ နေ့တစ်နေ့၏ အပူဆုံးအချိန်တွင် လှုပ်ရှားမှုများကိုရှောင်ပါ။ ထို့နောက် ခန္တာကိုယ်၏ စိုထိုင်းမှုကိုစောင့်ကြည့်ပါ။ သင်၏ခန္တာကိုယ်မှာ ချွေးများအငွေ့မပြန်နိုင်ချိန်တွင် ခန္တာကိုယ်အေးသွားရန် အခက်ကြုံတတတ်ပါသည်။
- ပရိုတိန်းပါဝင်မှုများသော အစားအသောက်များကိုလျှော့စားပါ။ အသားနှင့်နို့ထွက်ပစ္စည်းများမှာ ခန္တာကိုယ်အပူချိန်နှင့် အရည်ဆုံးရှုံးမှုတို့ကို ပိုများလာစေသည်။ ရေဓာတ်ပါဝင်သော ဟင်းသီးဟင်းရွက်သုပ်နှင့် သစ်သီးများ ပိုမိုစားပေးပါ။
- သက်ကြီးရွယ်အိုများကို စောင့်ကြည့်စစ်ဆေးပါ။ သက်ကြီးရွယ်အိုများစွာမှာ ခန္တာကိုယ်ရေဓာတ်ကို ခန်းခြောက်စေနိုင်သော ဆေးများသောက်သုံးကြသဖြင့် ၄င်းတို့ကို ရေသောက်ရန်တိုက်တွန်းပြီး လေအေးပေးစက်ဖွင့်ထားပါ။

သတိပြုရန်
အားကစားနှင့် ဆက်စပ်သည့် အပူချိန်ကြောင့် နာမကျန်းမှုများမှာ ၁၀ကီလိုမီတာ (သို့) ယင်းထက်ဝေးဝေးအပြေးလေ့ကျင့်မှုကြောင့် အများဆုံးဖြစ်နိုင်သည်

Readers’ Digest

အယူတိမ်းလို့ နတ်စိမ်းဖြစ်ရ


နည်းနည်း ကိုးကွယ်တဲ့ထဲက သာသနာပြုဆိုတဲ့ဟာလေးလည်း ကြည့်လိုက်ကြရအောင်ပါ၊ နတ်တွေထဲက နတ်ကိုးကွယ်တဲ့ထဲကပေါ့၊ ဘုရားဒကာကိုကြီးကျော်၊ ကျောင်းဒကာ ကိုကြီးကျော်တဲ့၊ အရက်သမား၊ ဖဲသမား၊ ကြက်တိုက်သမား သေတာတောင် လမ်းဘေးမှာ အန်ဖက်ဆို့သေခဲ့တဲ့ သူ၊ ဘယ်လိုလုပ်ပြီး ဘုရားတည်ခဲ့ပါသလဲ၊ ကျောင်းဆောက်ခဲ့ပါသလဲ၊ ကိုကြီးကျော်ဆောက်ခဲ့တဲ့ ကျောင်း၊ တည်ခဲ့တဲ့ဘုရား သမိုင်းထဲမှာ မကြားဘူးခဲ့ပါ။ အလားတူပါပဲ ရွှေဖျဉ်းညီနောင်နဲ့တောင်ပြုံးဘုရားကို ကြည့်ကြပါဦး၊ ကလေးကအစ သိကြပါလိမ့်မယ်၊ ဒီနေ့တိုင်အောင် တောင်ပြုံးဘုရားမှာ ဘုရားရှေ့တည့်တည့်မှာ အုပ်နှစ်ချပ် လပ်နေပါတယ်၊ အဲဒါ ဘယ်သူတွေလုပ်ခဲ့တာလဲ၊ အားလုံးတာဝန်ကိုယ်စီဖြင့် ဘုရားတည်နေသည့်အချိန်၊ ရွှေဖျဉ်းညီနောင်ဟာ ရွာထဲသွားပြီး ထန်းရည် အရက် မူးအောင်သောက်၊ ရွာထဲက မိန်းကလေးတွေကို လူပျိုလှည့်နေလို့ သူတို့တာဝန် ပျက်ကွက်ခဲ့ကြ၊ ငယ်ပါဥနှစ်လုံးကို ထုသတ်ခံခဲ့ရ၊ သေတော့ နတ်စိမ်းဖြစ်၊ သူတို့လည်း ဘုရား မတည်ခဲ့ကြပါ၊ တည်ဘို့အခွင့်ရတာကိုတောင်ပဲ သူတို့မလုပ်ခဲ့ပါ၊ မလုပ်နိုင်ခဲ့ပါ၊ ဒါကြောင့် သူတို့လည်း ဘုရားဒကာမဟုတ်ကြပါ။
အယူတိမ်းလို့ နတ်စိမ်းဖြစ်ရတာပါ။

စဉ်းစားကြဘို့ပါ၊ အဲဒီလို ၃၇ မင်းနတ်တွေကိုလည်း လိုက်စစ်တမ်းထုတ်ကြည့်ကြပါ
၊ကောင်းကောင်းမွန်မွန်နဲ့သေတဲ့သူ မရှိသလောက်ပါ၊ အဲဒါတွေအတွက် နတ်ပွဲတွေကို စည်ကား သိုက်မြိုက်စွာ ကျင်းပကြ၊ လုပ်ကြကိုင်ကြ၊ ဒါတွေကို သာသနာပြုကြတာပါလို့ပြောရင်ဖြင့် အလွဲကြီး လွဲနေကြပါပြီ၊ ဒီနေ့ မြန်မာပြည်မှာ အစည်ကားဆုံး အကျော်ကြားဆုံး ပွဲနှစ်ခုဟာ ဗုဒ္ဓဘာသာဓလေ့ ထုံးစံအရ ပြုလုပ်ကြတဲ့ ရာသီပွဲများမဟုတ်ပါ၊ တောင်ပြုံးနတ်ပွဲနဲ့ မန္တလေး၊ အမရပူရ ရတနာ့ဂူနတ်ပွဲ တို့ပါ၊ ဒီအပြင် အဲဒီလောက် ကြီးကျယ်တဲ့ပွဲ မြန်မာပြည်မှာ မရှိတော့ပါဘူး။

ဘာသာအတွင်းက ပိုးမွှားများ လောက်ကောင်များ၏ နှောက်ယှက်ဖျက်ဆီး ခံရခြင်း ကြောင့် ဗုဒ္ဓဘသာ ဗုဒ္ဓသာသနာ လုံးဝအုဿုံ ပျက်စီးစေနိုင်တာပါ၊ အိန္ဒိယနိုင်ငံကြီးဟာ ဗုဒ္ဓကို မွေးဖွားတဲ့နေရာဒေသ ဟုတ်ပါတယ်၊ ဗုဒ္ဓဓမ္မများ ဗုဒ္ဓဘာသာ သာသနာတော်ကြီး၏ မူလဘူတ မွေးရပ်မြေဖြစ်တာလည်း မှန်ပါတယ်၊ သို့သော် ဒီနေ့ အိန္ဒိယမြေမှာ ဗုဒ္ဓဘာသာ မရှိသလောက် ဖြစ်နေပါပြီ၊ တခြားဘာသာကြောင့် ဗုဒ္ဓဘာသာ လုံးဝကွယ်ပျောက်သွားရတာ မဟုတ်ပါ၊ ဗုဒ္ဓဘာသာ အတွင်းကို ဗုဒ္ဓဘာသာလိုလို ဟိန္ဒူဘာသာလိုလို ဟိုလိုလို ဒီလိုလို နတ်ဘုရားများက ဘုရားကျောင်းကန်တွေအတွင်း ချဉ်းနင်းဝင်ရောက်၊ နောက်ပိုင်း ဘုရားကျောင်းတွေ နတ်ဘုရား ကျောင်းဖြစ်၊ ဘုန်းကြီးရဟန်းတွေက ပြောခဲ့တဲ့ ဂန္ထဓုရ၊ ၀ိပဿနာဓုရ-တို့ကို မကျင့်ကြံ၊ မလုပ်ဆောင်၊ အားမထုတ်၊ ဗေဒင်ဟော ဓာတ်ရိုက်ဓာတ်ဆင်တွေလုပ်ပေး၊ ယတြာတွေ ချေပေး၊ တန္တရ မန္တရတွေနဲ့ ထွေးလုံးရစ်ပတ်၊ ဒါတွေကြောင့်သာ ဗုဒ္ဓဘာသာဟာ အမိမြေကနေ ထွက်ခွါသွားရတာပါ။

ဒီနေ့ရော မြန်မာပြည်မှာ ဘယ်လို အခြေရှိနေပါလိမ့်၊ သေချာကြည့်ကြပါ၊ စဉ်းစားကြပါ၊ တွေးခေါ်ကြပါ။ မျှော်မြင်ကြပါ၊ နိုင်ငံခြားတွေကိုကြွ၊ ဒကာ ဒကာမတွေကို တရားမဟော ဗေဒင်ဟော၊ ဓာတ်ရိုက်ပေး၊ ဓာတ်ဆင်ပေး၊ ယတြာတွေပေး၊ ပြောကြတဲ့စကား သုံးကြတဲ့အသုံးကတော့ သာသနာပြုကြွတယ်တဲ့၊ ဒါတွေကိုသာ မပြုပြင်ကြရင်ဖြင့် ဗုဒ္ဓသာသနာ ဗုဒ္ဓဘာသာကြီးဟာ မြန်မာပြည်ကနေ မကြာသော ကာလမှာ တစ်ခြားတစ်နေရာကို ဒေသစာရီ ကြွချီဦးမှာ မလွဲပါဘူး။

တကယ်တော့ ဗုဒ္ဓသာသနာဟာ မြန်မာပြည်အတွက်ကတော့ဖြင့် ဧည့်သည်ပါ၊ ဧည့်သည် ဆိုတာ အိမ်ရှင်ကြည်ဖြူမှ အနေပျော်မှာပါ၊ အိမ်ရှင်မကြည်ဖြူလို့ အနေမပျော်ရင်ဖြင့် တစ်နေရာကို ရှာကြံ ကြွသွားတတ်စမြဲသာ၊ ပြန်သွားတတ်ကြစမြဲပါ၊ မိမိမွေးရပ်မြေကိုတောင် စွန့်ခွါပြေးရသေးတာ၊ မွေးရပ်မြေမဟုတ်တဲ့ မိမိတို့နိုင်ငံကို အလည်အပတ်ကြွရောက်လာသော ဗုဒ္ဓဓမ္မ၊ ဗုဒ္ဓသာသနာ ဧည့်သည်တော်ကြီးကို မပြန်စေလိုလျှင်ဖြင့် အိမ်ရှင်ဝတ္တရားကျေအောင် အားထုတ်ကြရုံမှအပ အခြားမရှိတော့ပါ။

သာသနာ-ဆိုတာကို သိကြပါပြီ…

သာသနာပြု-ဆိုတာကို နားလည်ကြပါပြီ…

ဘယ်လိုရှေ့ဆက် ဆောင်ရွက်ကြမလဲဆိုတာကတော့ သာသနာ့ဝန်ထမ်းနဲ့ သာသနာကို ကြည်ညိုကြသူတို့ တာဝန်ပဲ ဖြစ်ပါတော့သည်…

ထေရဝါဒ တို့တိုင်းပြည်

Myawady News

Thursday, April 24, 2014

တံတားကြီးကို အမှီပြုပြီး ကလေးတွေကို စာသင်ပေးခဲ့တယ်


ပုံမှာ စာသင်နေတာကတော့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၏ တံတားအောက် တစ်နေရာပင် ဖြစ်ပါတယ်။ ကျောင်းမနေနိုင်တဲ့ ကလေးအယောက် ၅၀ ကို တစ်နေ့ကို နှစ်နာရီခန့် စာသင်ကြား ပေးခဲ့ပါတယ်။ သင်ကြားပေးတဲ့ သူတွေက ကျောင်းဆရာတွေ မဟုတ်ဘဲ တက္ကသိုလ် ကျောင်းသားများသာ ဖြစ်ပါတယ်။

ထိုသူနှစ်ယောက်ဟာ ကျောက်သင်ဘုန်း အဖြစ် တံတားနံရံများကို အသုံးပြုခဲ့ကြပါတယ်။ ကလေးများကလည်း စာသင်ခုန်တွေနဲ့ စာသင်ရတာ မဟုတ်ပါဘူး။ မြေပြေင်ပေါ်မှာပဲ မောက်လျက်စာရေး ရတာဖြစ်ပါတယ်။

ထိုသူနှစ်ယောက်ဟာ ကလေးတွေကို စာပဲ သင်ပေးတာ မဟုတ်ဘဲ လိုအပ်သော အသုံးအဆောင် ပစ္စည်းတစ်ချို့ကိုလည်း ထောက်ပံပေးခဲ့ပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံ နယူးဒေလီမှ တက္ကသိုလ် ကျောင်းသား နှစ်ယောက်၏ ပညာရေး အပေါ် လေးစားတန်ဖိုးထားမူ ကတော့ ချီးကျူး စရာပင် ဖြစ်လို့ မျှဝေပေးလိုက်ရပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

မိမိ၏စိတ်ကို စောင့်ရှောက်ခြင်း


♦ဗုဒ္ဓဓမ္မစာပေများနှင့်
အသိအလိမ္မာ ဉာဏ်ပညာကို
ပေးစွမ်းနိုင်သော စာကောင်းပေမွန်များကို
ဖတ်ရှုခြင်းသည်လည်း မိမိ၏ စိတ်ကို
စောင့်ရှောက်နေခြင်းဖြစ်ပါတယ်။

♦မကောင်းတဲ့ အာရုံများနှင့် မကြုံတွေ့အောင်
ကြိုတင်ရှောင်ရှားသော နေနည်းသည်လည်း
မိမိစိတ်ကို စောင့်ရှောက်နေခြင်းဖြစ်ပါတယ်။

♦မကောင်းတဲ့ အာရုံများ စိတ်ထဲဝင်လာလျှင်
ဝင်လာချင်း ရတနာသုံးပါး အပေါ်ကို
အာရုံပြောင်းသောနည်းသည်လည်း
မိမိ၏စိတ်ကို စောင့်ရှောက်နေခြင်းဖြစ်ပါတယ်။

♦မလွှဲမရှောင်သာ စိတ်ဆိုးစိတ်ပျက်
ဒေါသထွက်စရာများနှင့် ကြုံလာလျှင်
လွန်လွန်ကဲကဲ မပေါက်ကွဲအောင်
ထိန်းထိန်းသိမ်းသိမ်းနေမည်ဟု
ကြိုတင်ဆုံးဖြတ်ထားခြင်းသည်လည်း
မိမိ၏ စိတ်ကို စောင့်ရှောက်ခြင်း ဖြစ်ပါတယ်။

-(ပေါက်မြိုင် ဆရာတော်ဘုရားကြီး)
[စံတော်ချိန် သတင်းစာ]

Dhamma Dãna Source ► ကိုလှိုင်တိုး &
www.facebook.com/youngbuddhistassociation.mm

လူတွေအကြောင်း သိမှတ်သင့်သော စကားလုံး တစ်ချို့


(၁) လူတစ်ယောက်ဟာ အလွန်အကျွံ့ ရီမောမယ်ဆိုလျှင် သူသည် စိတ်အားငယ် တတ်တယ်။

(၂) လူတစ်ယောက်ဟာ ပုံမှန်ထက် ပိုပြီး အိပ်တတ်မယ်ဆိုလျှင် သူသည် ဝမ်းနည်းလွယ် ပါတယ်။

(၃) လူတစ်ယောက်သည် စကားနည်းမယ်ဆိုလျှင် ဒါမှမဟုတ် စကားပြောတာ မြန်မယ်ဆိုလျှင် သူသည် လျှို့ဝှက်တတ်သူ ဖြစ်ပါတယ်။

(၄) လူတစ်ယောက်သည် အတော်အတန် မငိုဘူးဆိုလျှင် သူသည် အားနည်းနေလို့ ဖြစ်ပါတယ်။

(၅) လူတစ်ယောက်သည် အစားစားရာတွင် ပုံမှန်မဟုတ်သော အပြုအမှုများနှင့် စားလျှင် သူသည် စိတ်ဖိစီးမှု တစ်စုံတစ်ရာ ရှိနေလို့ ဖြစ်ပါတယ်။

(၆) လူတစ်ယောက်သည် ဘာမဟုတ်သော ကိစ္စများမှာပင် မျက်ရည် ကျတယ်ဆိုရင် သူသည် စိတ်ထိခိုက် လွယ်သောသူ ဖြစ်ပါတယ်။

(၇) လူတစ်ယောက်သည် အသေးအမွှား ကိစ္စများမှာပင် စိတ်တိုဒေါသ ဖြစ်တယ် ဆိုရင် သူသည် ချစ်ခြင်းမေတ္တာလိုအပ် နေသောသူ ဖြစ်ပါတယ်။

ကျော်လင်းနိုင်

ဘာကိုမှ အထူးအဆန်းတွေ မဖြစ်ကြပါနဲ့တော့


အရင်တုန်းကတော့ ဂါထာတွေ၊ မန္တာန်တွေ မျိုးစုံလိုက်ရှာပြီး ရွတ်ချင်၊ ဖတ်ချင်တယ်။ အထူးအဆန်းတွေဆိုရင် အရမ်းစိတ်ဝင်စားတယ်။ ထူးထူးဆန်းဆန်း တန်ခိုးရှိတဲ့ သူတွေဆိုရင် မိုးမမြင်၊ လေမမြင် အထင်ကြီးတယ်။ မကောင်းတဲ့ ကံတွေကို ကျော်လွှားပြီးတော့ ကောင်းတဲ့ကံတွေ လိုချင်လို့။ ထူးဆန်းတာတွေကို သဘောကျလို့... မြင်ဖူး၊ တွေ့ဖူး၊ ကြုံဖူးချင်လို့… မကောင်းတာတွေကို ထူးထူးဆန်းဆန်း ကျော်လွှားနိုင်ပြီး ကောင်းတာတွေကို ထူးထူးဆန်းဆန်း ရချင်လို့…

ဒါပေမယ့် အခုနောက်ပိုင်း နားလည်သွားတဲ့ အချက်လေးတွေကတော့...

၁) သံသရာကြီးက ရှည်လွန်းလို့သာ မသိနိုင်၊ မမှတ်မိနိုင်ကြတော့တာ။ တန်ခိုးသြဇာ ကြီးလွန်းလှပါတယ်ဆိုတဲ့ တန်ခိုးရှင်တွေလည်း အကြိမ်ပေါင်းများစွာ ကိုယ်ကိုယ်တိုင် ဖြစ်ခဲ့ဖူးပြီ။ အထက်ဘ၀ဂ်၊ အောက်အ၀ီစိလည်း စုံနေအောင် လှည့်လည်ဖူးပြီ။ စင်္ကြာဝတေးမင်းတွေလည်း ဖြစ်တန်ခဲ့ဖူးလောက်ပြီ။ အပါယ်ဘုံတွေမှာလည်း မချိမဆန့် ဖန်တေနေအောင် အလူးအလဲ ခံရပေါင်း များလှပြီ။ သံသရာနဲ့ချီပြီး ပြောရမယ်ဆိုရင် လောကကြီးထဲမှာ မမြင်ဖူး၊ မကြားဖူး၊ မကြုံဖူးပါဘူးဆိုတဲ့ အရာဆိုတာ ဘယ်အရာတစိုးတစဉ်းကမျှ မရှိတော့ပါဘူး။ အားလုံး… မြင်ဖူး၊ ကြားဖူး၊ ကြုံဖူးနေကြပါပြီ။ ဘာကိုမှလည်း အထူးအဆန်းကြီးတွေ ဖြစ်မနေကြပါနဲ့တော့ဆိုပြီး အရှင်ဆေကိန္ဒဟောတဲ့ တရားတစ်ပုဒ်ထဲမှာ နာဖူးတာလေးကို သတိရမိတယ်။ ကိုယ်က ထူးဆန်းလွန်းလှပါတယ်၊ အထင်ကြီးလွန်းလှပါတယ်ဆိုတဲ့ တန်ခိုးရှင်တွေရဲ့ တန်ခိုးတွေကို သံသရာကြီးမှာ ကိုယ်ကိုယ်တိုင် ကြိမ်ဖန်မက ရဖူး၊ ကြုံဖူးနေကြပြီးပါပြီ။ ဘယ်လောက်ပဲ တန်ခိုးကြီးမားတဲ့ မိုးဖျားဗြဟ္မာကြီးတွေ ဖြစ်ခဲ့ဖူးပါစေ… မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် မရဖူးကြသေးလို့သာ သံသရာက မလွတ်နိုင်ကြသေးတာပါ။ လောကကြီးမှာလေ… ကိုယ်မရဖူး၊ မကြုံဖူးသေးတာဆိုလို့ သံသရာလွတ်ကြောင်းဖြစ်တဲ့ မဂ်တရား၊ ဖိုလ်တရားတွေပဲ ကျန်ပါတော့တယ်။ ဘယ်အရာကိုမှ အထူးအဆန်းကြီးတွေဖြစ်ပြီး အထင်ကြီးငေးမော မနေကြပါနဲ့တော့။ သာသနာနဲ့ ကြုံတုန်း မရဖူးသေးတဲ့၊ သာသနာတွင်းမှာပဲ အရယူနိုင်တဲ့ မဂ်တရား၊ ဖိုလ်တရားတွေကိုသာ ကျင့်ကြံကြိုးစား အားထုတ်ကြပါတော့… လို့ဆိုတဲ့ ဆရာတော်ရဲ့ အမှာစကားလေးပါ။ အရမ်းတန်ဖိုးကြီးမားပါတယ်။

၂) အရင်ကတော့ ထင်မိတယ်။ ဂါထာ၊ မန္တာန်လေးတွေ ရွတ်ဖတ်ပြီး မကောင်းတဲ့ အဆိုးကံကြမ္မာတွေကို ကြိုတင်တားဆီး၊ ဖယ်ရှားသုတ်သင်နိုင်လိမ့်မယ်လို့… ပေါ့။ တကယ် အစွမ်းထက်တဲ့ ဂါထာ၊ မန္တာန်တွေကြောင့်မို့လို့ တကယ်အကျိုးထူးခဲ့တဲ့ အခါတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်းလေ… တကယ်တမ်း အကုသိုလ် အကျိုးပေးဖို့ ကြုံလာပြီဆိုရင် ဘယ်လိုမှကို ရှောင်လွှဲလို့ မရတော့ပါဘူး။ မချိမဆန့် ခံရတာပါပဲ။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။ ဒါ့အပြင် ကောင်းတာတွေ လောလောဆယ် လုပ်နေတဲ့အခါ ကုသိုလ်အကျိုးပေးတွေကို ရေလာမြောင်းပေး လုပ်ပေးသလိုဖြစ်ပြီး ကုသိုလ်အကျိုးတွေ ရရှိတတ်တယ်။ မကောင်းတာတွေ လုပ်နေတဲ့အခါ မကောင်းကျိုးတွေပေးဖို့ ရေလာမြောင်းပေးဖြစ်ပြီး အကျိုးပေးတတ်တယ်ဆိုတာတွေကိုလည်း အကြွင်းမဲ့ ယုံကြည်ပါတယ်။ ကုသိုလ်ကောင်းမှုတွေနဲ့ အကျိုးမပေးသေးအောင် ဟန့်တားထားတာတို့၊ အကျိုးပေးရင်လည်း သက်သာအောင်တို့တော့ စွမ်းနိုင်ကောင်း စွမ်းနိုင်ပါလိမ့်မယ်။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ဘယ်လို ကုသိုလ်ကောင်းမှုတွေပဲရှိရှိ၊ လောကဓာတ်ကြီး တစ်ခုလုံးမှာ တန်ခိုးအကြီးဆုံးပါလို့ဆိုတဲ့ တန်ခိုးရှင်ကြီးတွေကပဲ ကိုယ့်ကို ကူညီစောင်မနေပါစေ။ ကိုယ်သေရမယ့်ဘေးကိုတော့ တန်ခိုးရှင်ကြီးတွေ၊ သိကြားမင်းတွေမပြောနဲ့။ သုံးလောကထွဋ်ထား မြတ်စွာဘုရားရှင်တောင်မှ မကယ်ဆယ်နိုင်ပါဘူး။ ဘ၀တစ်ခု၊ ခန္ဓာတစ်ခု ရရှိပြီးပြီဆိုလိုက်တာနဲ့ မြေကြီးလက်ခတ်မလွဲ ခန္ဓာပြိုကွဲပြီး သေပွဲဝင်ရဦးမှာပါ။ ဒီလို ခန္ဓာပြိုကွဲမယ့် ဝေဒနာဒဏ်တွေကို ခံနိုင်ရည်ရှိဖို့ဆိုတာ ကိုယ်ကိုယ်တိုင်ကလွဲလို့ ဘယ်သူမှ မလုပ်ဆောင်ပေးနိုင်ပါဘူး။ ဒါ့အပြင် မသေခင်မှာလည်းပဲ အားကြီးလှတဲ့ လောကဓံတွေကိုလည်း ခံရဦးမှာပါ။ အမြဲတမ်း ကယ်ဆယ်ကူညီမယ့်သူ ရှိလိမ့်မယ်လို့ မျှော်လင့်လို့ မရပါဘူး။ ကိုယ် ပုံမှန်လုပ်နေတဲ့ ကုသိုလ်ကောင်းမှုတွေနဲ့ မကယ်ယူနိုင်တဲ့ အကုသိုလ်အကျိုးပေးတွေကို ရှောင်လွှဲလို့ မရပါဘူး။ ဘုရားအစရှိတဲ့ ရဟန္တာအရိယာ ပုဂ္ဂိုလ်မြတ်ကြီးတွေတောင် ၀ဋ်ကြွေးတွေကို နောက်ဆုံးဘ၀အထိ ပေးဆပ်ခဲ့ရပါတယ်။ မြတ်စွာဘုရားထက် ကုသိုလ်ကောင်းမှုအရာမှာ၊ ဘုန်းတန်ခိုးကြီးမားတဲ့အရာမှာ ယှဉ်နိုင်တဲ့သူဆိုတာ လောကဓာတ်တခွင်မှာ ဘယ်သူမှ မရှိပါဘူး။ ဒီလို ဘုန်းတန်ခိုး အကြီးမားဆုံးဖြစ်တဲ့ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်တောင်မှ ၀ဋ်တွေကို ဘုရားဖြစ်တဲ့အထိ ခံရပါသေးတယ်။ ကိုယ်တွေလို သာမန် ပုထုဇဉ်ဆိုရင်တော့ ဒီလို ၀ဋ်ကြွေးတွေကို တန်ခိုးရှင်ကြီးတွေရဲ့ အကူအညီ၊ ကိုယ်လုပ်နေတဲ့ ကုသိုလ်ကောင်းမှု အကူအညီလောက်နဲ့ လုံးဝဥဿုံ ဖယ်ရှားပစ်ဖို့ ကြိုးစားနေတာဟာ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါပဲ။ ဘယ် ၃၇ မင်းနတ်ကမှ၊ ဘယ် တန်ခိုးရှင်ကမှ၊ ဘယ် သိကြား ဗြဟ္မာ၊ နတ်ဝိဇ္ဇာကမှ မကယ်ယူနိုင်ပါဘူး။ ဒီအချက်ကို ရှင်းရှင်းလင်းလင်း နားလည်သွားပြီဆိုရင် မကောင်းတဲ့ကံ အကျိုးပေး အသေးစားလေးတွေအတွက် ဖယ်ရှားနိုင်အောင် ကုသိုလ်ကောင်းမှုတွေကို အဆက်မပြတ်လုပ်ဖို့ လိုအပ်သလို… တဖက်မှာလည်းပဲ ရှောင်ကွင်းလို့ မရနိုင်မယ့် မဖြစ်မနေ အကျိုးပေးတော့မယ့် လောကဓံတွေအတွက် ခံနိုင်ရည်ရှိအောင်သာ ကြိုးစားရတော့မှာပါ။ အရေးကြီးဆုံးဖြစ်တဲ့ သေဘေးရယ်၊ မသေခင်မှာ ရှောင်ပုန်းလို့ မရနိုင်မယ့် အကုသိုလ်ကံ အကျိုးပေးတွေရယ်ကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ထားရုံမှတပါး အခြားနည်းလမ်း မရှိနိုင်တော့ပါဘူး။

လိုရင်းကို ပြောရမယ်ဆိုရင်တော့ တခြားသော နည်းလမ်းတွေနဲ့ အကျိုးပေးကံတွေကို ပယ်ဖျောက်နိုင်အောင် အသည်းအသန် ကြိုးစားနေတာထက် ရှောင်လို့မရဘူးဆိုတာကို သိပြီးတဲ့နောက်မှာတော့ ခံနိုင်ရည်ရှိအောင် ကြိုးစားခြင်းက ပိုပြီး အကျိုးရှိလိမ့်မယ်လို့ ဆိုလိုတာပါ။  ခံနိုင်ရည်ရှိဖို့အတွက် ၀ိပဿနာတရားတွေ အားထုတ်ခြင်းကသာလျှင် အထောက်အပံ့ ဖြစ်ပါလိမ့်မယ်။ မဂ်တရား၊ ဖိုလ်တရားတွေ ရရှိသွားရင်တော့ အကျိုးပေးမယ့်ကံတွေကို ကန့်သတ်ပြီးသား ဖြစ်သွားပါပြီ။ အနိမ့်ဆုံးအဆင့် သောတာပန် ဖြစ်သွားမယ်ဆိုရင်တော့ ကံတရားတွေနဲ့ ဆက်ဆံဖို့က ၇ ဘ၀ပဲ အလွန်ဆုံး ရှိတော့တာပါ။ အကျိုးပေးမယ့် ကံတွေကို ပယ်ဖျက်ပြီး ကန့်သတ်လိုက်နိုင်ဖို့က ၀ိပဿနာတရားမှလွဲလို့ တခြားနည်းလမ်း မရှိတော့ပါဘူး။ 


မိုးကုတ်ဆရာတော်ဘုရားကြီး တရားထဲမှာလဲ ဟောထားတာက... 
သံသရာ ရှည်ချင်သလောက် ရှည်။ ၀ိပဿနာတရား အားမထုတ်လို့ကတော့ ဘယ်တော့မှ သံသရာ ပြတ်မှာ မဟုတ်ပါဘူး။ ၀ဋ်ကြွေးကို ခန္ဓာနဲ့ ဆပ်လို့ကတော့ တိုးရင်းပေါင်းတွေ တိုးရင်းနဲ့ပဲ သံသရာ ရှည်သထက် ရှည်လာတော့မှာပါ။ သံသရာကို ဥာဏ်နဲ့ ဖြတ်မှသာလျှင် ပြတ်နိုင်စရာအကြောင်း ရှိပါတော့တယ်... တဲ့။ 

အချက်အလက် အမှားပါရင်ပဲဖြစ်ဖြစ်၊ အရေးအသား မချောမွေ့ရင်ပဲဖြစ်ဖြစ် သည်းခံပေးပါ။ တရားဗဟုသုတ ဆွေးနွေးဖလှယ်ခြင်းကို ကြိုဆိုပါတယ်။ ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ…

အောင်ဆန်းဆရာတော် ဟောကြားတော်မူတဲ့ ပဋိစ္စသမုပ္ပါဒ် တရားတော်မှ… စာဖတ်သူတွေလည်း ကြားဖူးနေကျဖြစ်မယ့် လင်္ကာလေးနဲ့ ဒီစာကို နိဂုံးချုပ်လိုက်ပါတယ်။

ဒိဋ္ဌိမကွာ၊ ပုဂ္ဂိုလ်မှာလျှင်
လူတွင်စင်္ကြာ၊ နတ်မှာသိကြား
မိုးဖျားဗြဟ္မာ၊ ဖြစ်တုံပါလည်း
ခန္ဓာပြိုကွဲ၊ ကုသိုလ်စဲက
ဖောက်လွှဲ ပါယ်ရွာ၊ ရောက်မြဲသာတည်း။


မေတ္တာဖြင့်

Favorite Collections

သံယောဇဉ်ဝေဒနာ


အရှင်ဆန္ဒာဓိက၏ စာတိုများ

သံယောဇဉ်ဝေဒနာ
**************
သံယောဇဉ်ရဲ့ နောက်ဆက်တွဲ ဝေဒနာတွေက
အင်မတန် အခံရခက်ပါတယ်။
ပင်ပန်းဆင်းရဲမွန်းကျပ်လိုက်တာ မပြောပါနဲ့တော့။
သံယောဇဉ်ကြီးလေ ပူလောင်လေ၊
သံယောဇဉ်ခိုင်လေ ပိုတင်းကျပ်လေပါပဲ။
သံယောဇဉ်နဲ့ ပက်သက်တဲ့စိတ်ဒုက္ခတွေ လုံးဝမခံစားချင်တော့ဘူး။
အဲ့ဒါကြောင့်ဘုန်းကြီးဝတ်ဖြစ်သွားတာပါပဲ။

Shared from ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်း (FB)

နှောင်တွယ်ရင် ချောင်ကွယ်မှာ ငိုရမယ်


Tuesday, March 18, 2014

နှုတ်ဆက်ထွက်ခွာသွားသူနဲ့ လက်ပြကျန်ရစ်ခဲ့သူ
ဘယ်သူ ပိုဝမ်းနည်းရပါသလဲ ..?

ထွက်ခွာသွားသူက ပိုသံယောဇဉ်ကြီးရင် သူပိုဝမ်းနည်းရမှာပါ။

ကျန်ရစ်ခဲ့သူက ပိုသံယောဇဉ်ကြီးရင် သူပိုဝမ်းနည်းရမှာပါ။

နှစ်ယောက်စလုံး ညီတူသံယောဇဉ်ကြီးရင်တော့
နှစ်ယောက်စလုံး ညီတူဝမ်းနည်းရမှာပါ။

လမ်းခွဲမှာ ဝမ်းနည်းစရာမလိုအောင် . .
သံယောဇဉ်နှောင်ကြိုးတွေကို
အတတ်နိုင်ဆုံး ဖြေလျှော့လိုက်ကြစို့လားကွယ်။

( ဆရာတော်အရှင်ဆန္ဒာဓိက )
မြ၀တီ

အပြောရခက်ပုံ


ဘဝများစွာ သံသရာက
စွဲလာသမျှ
သက္ကာယကို ခုမှတစ်ဖန်
ပြောင်းပြန်လှန်၍ အမှန်ကိုပြော
ဘယ်သို့ဟောလည်း
သဘောမပေါက်
ငါးပါးမှောက်၍ ငါးပေါက်မှားက
တရားမတွေ့ ပြကတေ့ခန္ဓာ
ဓါတ်သဘောကို
ငါမြင်ငါကြား ငါနံစားသည်
ငါကားတွေ့ထိ အသက်ရှိဟု
မျက်လှည့်ပမာ လှည့်စားရာသို့
မကွာလျင်ဆော တွေဝေမောသည်
အပြောရခက်လှချည်တကား။

(မိုးကုတ်ဆရာတော်ဘုရားကြီး)

Dhamma friend,Aung Lin Naing
တင်သောpostကိုshare၍ဓမ္မဒါနပြုပါ
သည်။

Credit to Dawaye Thein

……………………………………

ဘယ်မှာ `ငါ´ ဟုရှိအံ့နည်း
*******************

လောကဇာတ်ခုံ ဤလူ့ဘုံ၌
မျိုးစုံကကြ မာန်မာနဖြင့်
ငါကရာဇာ ငါဟာသူဌေး ငါပဂေးဟု
---ငါသွေးတက်ကြွ လူ့ဗာလတို့
များလှဖြာဖြာ အဝိဇ္ဇာနှင့်
တဏှာဘီလူး အမှောင့်ပူး၍
ကျူးကျူးကျော်ကျော် ဂုဏ်ကိုဖေါ်လျှက်
မော်မော်မောက်မောက်ငါတယောက်သာ
မိုးအောက်တလွှား ရွှေကိုယ်လားဟု
တမင်မှားလွဲ သို့စဉ်စွဲလည်း
ဇာတ်ပွဲပြီးက ပြေဖုံးချသော်
သုဘရာဇာ မြေအောက်မှာပင်
ဘာသာလူမျိုး ချိန်မထိုးပဲ
ပုပ်သိုးခန္ဓာ မြှုပ်ရရှာသည်
ဘယ်မှာ ငါ ဟုရှိအံ့နည်း။

(မိုးကုတ်ဆရာတော်ကြီး)

Credit to Kyaw Soe Moe.

မင်္ဂလာပါရှိသော စံတော်ချိန်


ဗုဒ္ဓသာသနာ ရတနာကြောမှာ
လူလာဖြစ်ခွင့်ရသော ပုဂ္ဂိုလ်များရဲ့
ရပိုင်ခွင့်၊ပိုင်ဆိုင်ခွင့် အချိန်အားလုံးသည်
ရတနာအချိန်တွေချည်းဖြစ်သွားပါတယ်။

သာသနာတွင်းမှာ “ပြဿဒါး”ရက်
တစ်ရက်မှ မပါပါဘူး။
သာသနာတွင်းမှာရတဲ့
အချိန်အားလုံးသည် “ရက်ရာဇာ”ချည်းပဲ။
ရတနာအချိန်တွေချည်းပဲ။
အချိန်ကောင်းတွေချည်းပဲ။

သာသနာတော်တွင်းမှာတော့ အချိန်တိုင်း ၊
အချိန်တိုင်းသည် မင်္ဂလာစံတော်ချိန် ချည်းပါပဲ။
အချိန်တိုင်းက မင်္ဂလာစံတော်ချိန် ဖြစ်နေတယ်။
နေ့ရက်တို့အပေါ်မှာ ရက်ရာဇာ၊ ပြဿဒါး၊
ရက်ကောင်း၊ ရက်ဆိုးလို့ ခွဲခြားနေတာက
မြတ်ဗုဒ္ဓရဲ့ ကမ္မဝါဒနဲ့ ဆန့်ကျင်နေတယ်။

- သပိတ်အိုင်တောရ ဆရာတော်ဦးကိတ္တိ
[စံတော်ချိန် သတင်းစာ]

Dhamma Dãna Source ► ကိုလှိုင်တိုး &
www.facebook.com/youngbuddhistassociation.mm

သေခါနီး ဝေဒနာခံစားရပုံ


သေတယ်ဆိုတာ အခုအကောင်းကြီးမြင်နေလို့  အကောင်းမတွက်နဲ့ ။
အကောင်းကြီးနဲ့ တွက်ရင်တော့ မှားလိမ့်မယ်။ သေခါနီး ပုဂ္ဂိုလ်တစ်ယောက်ကို ယပ်တောင်သွားမခတ်နဲ့ ၊ ဓားနဲ့ ခွဲသလိုပဲ ။ စကားသွားမပြောနဲ့ နားကို စူးနဲ့ ထိုးသလိုပဲ။ ဒါ ဦးဇင်း မှတ်တမ်းတွေလည်း ရှိပါတယ်။

သေခါနီးအခါကျတော့ သေတဲ့ပုဂ္ဂိုလ် ဘယ်လိုခံစားရသလဲဆိုရင်
သေတယ်ဆိုတာ သီတတေဇော၊ ဥဏှတေဇော အပြန်အလှန်
မဖလှယ်တော့တာကို ခေါ်တာ။ ဘယ်ရောဂါနဲ့ ဘယ်လိုပဲသေသေ
ဓာတ်လေးပါး ပြိုကွဲမှ သေလို့ ရတယ်။ ဓာတ်လေးပါး ပြိုကွဲဖို့ က
အပူအအေး မဖလှယ်တော့တာကို ဆိုလိုတာ။

ခုထွန်းထားတဲ့ မီးဟာ ပူတလှည့် အေးတလှည့် ၊ တစ်ကြိမ်ပူပြီးရင် တစ်ကြိမ်အေးတာ၊ တောက်လျှောက်သာ ပူသွားရင် လောင်သွားမှာပေါ့။ ပူတလှည့် အေးတလှည့် ပတ်နေတာ။ ခင်ဗျားတို့ ကျုပ်တို့ ရုပ်တွေလည်း ပူတလှည့် အေးတလှည့် မရှိဘူးလား။ ပူတလှည့် အေးတလှည့် ၊ တင်းတလှည့် တောင့်တလှည့်၊ ထုံတလှည့် ကျင်တလှည့်၊ တွန်းတလှည့် ကန်တလှည့် ၊ ယိုတလှည့် ဖွဲ့ တလှည့်၊ အဲလို အပြန်အလှန်ဖြစ်နေမှ
ဓာတ်လေးပါး မျှတတယ်ခေါ်တယ်။ အဲဒီ ဓာတ်လေးပါးမှာ
ဓာတ်သုံးပါးကို ဦးဆောင်တာက တေဇောဓာတ်က ဦးဆောင်တယ်။

သေခါနီးလူ သွားကြည့်ရင် ဘာတွေ့ လဲ၊ သွေးသွားစမ်းကြည့်ရင် ဒီပုဂ္ဂိုလ် သွေးဆုတ်ပြီ ဆိုရင် သေပြီပေါ့။ သွေးဆိုတာက တေဇောဓာတ်၊
အပူဓာတ်လို့ ခေါ်တယ်၊ သွေးမလျှောက်တဲ့ နေရာ အေးတာပဲ။
အဲတော့ သေပြီဆိုတဲ့ ပုဂ္ဂိုလ်ဟာ ပူပြီးရင် အေး၊ အေးပြီးရင် မပူတော့ဘဲနဲ့  အပူဓာတ်ဖြစ်တဲ့ သွေးတွေဟာ ခန္ဓာကိုယ်ရဲ့ ခြေဖျား လက်ဖျား ခေါင်းဖျားကနေ တဖြည်းဖြည်းနဲ့ ဗဟိုချက် နှလုံးကို လာစုခဲပါတယ်။ အပူခဲတာ တချို့ မသေခင် အရေပြားတွေ လောင်မနေဘူးလား။ မသေသေးဘူး၊ လောင်နေတာ၊ အပြင်ကမီးနဲ့ ခန္ဓာက မီးနဲ့ အတူတူပဲ။ အခုယောဂီတို့ က အပူအအေး
ဖလှယ်မျှတနေလို့ ။ တချို့ အပူချိန် ၁၀၄ လောက်ဆို ကယောင်ကတမ်း ငန်းဖမ်းမလာဘူးလား။

အဲဒါ အပူ၊ မသေသေးဘူး။ အဲလောက် အဟုန်ရှိတဲ့ အပူတွေဟာ ခေါင်းဖျား ခြေဖျား လက်ဖျားကနေ စုလာပြီးတော့ နှလုံးအိမ်ရောက်ရော။
နှလုံးအိမ်ကို အပူတွေ စုခဲတော့ နှလုံးက ဘာဖြစ်သွားလဲ၊
ကျွတ်ကျွတ်ဆူအောင် လောင်မြိုက်တော့တာပေါ့။ ရေနွေးအိုးကို မီးများများထိုးသလို ဆူပွတ်မလာဘူးလား။ သေခါနီးပြီဆိုတဲ့သူဟာ ဓာတ်လေးပါး ပြိုကွဲဖို့ ရာ အပူတေဇောက နှလုံးအိမ်ကို စုတော့ မီးတွေ ခဲလာတယ်။ ကဲ ခင်ဗျားတို့ စိတ်ကလေး ရေနွေးအိုးတည်သလို
အထိုးခံရပြီ ဆိုရင် ဘယ်နှယ့်နေမလဲ။ ချမ်းသာပါ့မလား၊ အဲဒါက ဥဏှတဇော။ နှလုံးအိမ်ထဲကို မီးခဲနဲ့  ထိုးသလို ခံရပါပြီ။ ပေါ့ပေါ့လျှော့လျှော့နဲ့ တော့ မတွက်ကြနဲ့ ။ အကောင်းဘက်နဲ့ မတွက်ကြနဲ့။

သေခါနီးတော့ အားရှိသေးလား။ အာဟာရတွေ ပြတ်ပြီ။ ခင်ဗျားတို့ ထမင်း မစားဘဲ နှစ်ရက်နေကြည့်စမ်း။ အာဟာရအကုန်ပြတ်တော့ အားအင်တွေ အကုန် ကုန်ခမ်းနေတဲ့ ရောဂါ၊ အားအင်တွေ
ပြတ်တောက်နေတော့ တော်လှန်နိုင်သေးလား၊ ရေလည်း မသောက်နိုင်တော့ဘူး၊ ထမင်းလည်း မစားနိုင်တော့ အားအင်တွေ ကုန်ခမ်း ရက်စက်တဲ့ ရောဂါကလည်း ပြင်းထန်တဲ့အချိန်၊ အဲဒီလို တွက်ရမှာ ဒီလို အကောင်းကြီးတွေ ရှိမယ်များ မတွက်နဲ့ ။

အဲတော့မှ အပူနှုတ်လိုက်တော့ အအေးကျန်တယ်တဲ့။ ပူတာနဲ့ အေးတာ ဘယ်ဟာက ပြင်းထန်လဲ။ ပူတာက ပြင်းထန်တယ်ဆိုရင် ရေခဲတိုက်ထဲ သွားနေကြည့်ပါလား။ အေးတာရော ချမ်းသာရဲ့ လား။ ဒီဆောင်းတွင်း အေးလိုက်တာကွာ`အရိုးကွဲမတက်ဘဲ လို့ မပြောဘူးလား။
အေး မှတ်ထား၊ သေခါနီး အရိုးကွဲတာပဲ။

ဥဏှတေဇော အပူက နှလုံးအိမ်စုပြီးတော့ အပြင်မှာ သီတတေဇော အအေးဓာတ် မကျန်ဘူးလား။ အရိုးတွေကို ပလာယာနဲ့ ညှပ်နဲ့ တူပေါ်တင်ပြီး တစ်ချောင်းချင်း ခွဲနေသလို။ ဦးဇင်းက ခံစားပြီး ပြောတာ။
ဒီစိတ်ရဲ့ ပါဝါ အပူအအေးကို ဒီစိတ်နဲ့ ပြောင်းလွဲကြည့်တာ။
ပြောင်းလဲကြည့်တဲ့အခါကျတော့ စိတ်ရဲ့ ပါဝါ ဇီးရိုးထိ ကိုယ့်ဘာသာ ချကြည့်တဲ့အခါကျတော့ ချက်ချင်း ရှိန်းဆို တခါတည်း အပူဓာတ်တွေ နှလုံးအိမ်မှာစုပြီးတော့ အပြင်မှာ အေးတာ။ ဘယ်လောက်ထိလဲဆိုရင် ဆက်ပြီးတော့ ချရင် သေများသေတော့မယ်။ အရိုးတွေက ခွပ်ကနဲ ခွပ်ကနဲ ကျွတ်ကနဲ အဲလို ခံစားနေရတယ်။ ဒါ ကိုယ့်ဘာသာကိုယ် စိတ်နဲ့ တရားနဲ့ လုပ်ကြည့်တာ။ သီတတေဇော အအေးဓာတ်ရဲ့ သဘောကလည်း အရိုးတွေ အက်ကွဲမတက် ခံစားရတယ်။ ဒီနှလုံးအိမ်မှာလည်း အပူဓာတ်က တ၀ုန်းဝုန်းဆူအောင် ခံစားရတယ်။ တခါ နားထဲကပါ တ၀ူးဝူးနဲ့ ကြားနေရတယ်။ နှလုံးသွေးတွေ ဆူပွက်တာ။ ဆက်သာ လုပ်ရင် သေသွားမလား အောက့်မေ့ရတယ်။

အဲဒီတော့မှ သီတတေဇောနဲ့ ဥဏှတေဇော မဖလှယ်တော့မှ ကျန်တဲ့ ဓာတ်တွေက ပြိုကွဲသွားတော့၊ တွန်းတာနဲ့ ကန်တာ မလျှော့ဘူးဆိုရင် ဘာဖြစ်သွားမလဲ ၊ တောင့်တင်းပြီး ပြတ်ထွက်မသွားဘူးလား။
သေခါနီးတော့ တွန်းတာကလည်း ဆက်တွန်းတော့မယ်၊ကန်တာကလည်း ဆက်ကန်တော့မယ်ဆိုတော့ ဟောဒီခန္ဓာကိုယ်ကြီးကို အ၀တ်ရေညှစ်သလို လိန်ညှစ်နေသလိုပဲ ၊ တွန်းတဲ့ ၀ါယောကလည်း
ဆက်တွန်းနေသလို ကန်တဲ့ ၀ါယောကလည်း ဆက်ကန် နေတော့မယ်ဆိုရင် လိန်ညှစ်မလာဘူးလား။ သေတဲ့သူ သွားစမ်းရင်
တောင့်တောင့်ကြီး ဖြစ်မနေဘူးလား။ အဲဒါ အညှစ်ခံထားရတာ။
အဲဒီလို လိန်ညှစ်မတက် ပြတ်ထွက်မတတ် ခံစားရသလို၊
အဲဒိလိုညှစ်တော့ အထဲထဲမှာရှိတဲ့ ရေတွေက ထွက်မလာဘူးလား။

ခန္ဓာကိုယ်က ထွက်တဲ့ ချွေးဟာ ခင်ဗျားတို့ ကြည့်တော့ ဇီးကင်းလောက် ရှိတယ်၊ ဟိုမှာတော့ မချိမဆန့် ခံစားနေရတယ်။ ချွေးတစ်ပေါက် ထွက်လာတာဟာ သံချောင်းတုံးတုံးကြီးနဲ့  အသားတွေကြားထဲက ဖြတ်ထွက်လာသလို ခံစားရတယ်။ ချွေးပေါက်တစ်ပေါက် အပြင်ရောက်လာဖို့ ဟာ အသားတွေကို အမျှင်အမျှင် ဖြတ်ထွက်လာရတယ်။ အဲလိုထွက်လာတော့ မခံနိုင်ဘူး။ တစ်ဖက်ကလည်း လိန်ညှစ်နေတယ်၊ တစ်ဖက်ကလည်း နှလုံးကို သွေးပွက်ပွက်ဆူအောင် ပူနေတယ်။ အရိုးတွေက ကွဲမတက်လည်း ဖြစ်နေတယ်၊ အသားထဲက ဆူးနဲ့ ထိုးသလိုလည်း ချွေးတွေ ထွက်နေတယ်။ ချွေးက တစ်ပေါက်တည်းလား၊ ပြည့်နှက်နေလား၊ ခန္ဓာကိုယ်တစ်ကိုယ်လုံး သံချောင်းတွေနဲ့ ထိုးနေသလိုပဲ။ အဲဒီက ချွေးပေါက်တစ်ပေါက်က စီးလာတယ်ဆိုတာက အသားကို တုတ်နဲ့ တဖြည်းဖြည်းချင်း ခြစ်ချနေသလို ခံစားရတယ်။ သဘောပေါက်ပြီလား။

အဲဒီသေဘေးနဲ့ ကြုံလာရင် ချမ်းသာဖို့ လိုပါသည်။ သူဋ္ဌေးကြီး မဖြစ်ရင် နေပါစေ ၊ အသေတတ်ဖို့ လိုပါသည်။ အာဏာရှိကြီး နာမည်ကျော်ကြီး မဖြစ်ရင်နေပါစေ ၊ အသေတတ်ဖို့ လိုပါသည်။ တရားစခန်းမှာ ဘာလာယူတာလဲ၊ အသေတတ်မယ့် ပညာလာယူတာ။ သေတယ်ဆိုတာ ဟောဒီရုပ်ကြီး ပြင်းထန်စွာ နှိပ်စက်တာ။ ပြင်းထန်စွာ နှိပ်စက်တဲ့အခါမှာ ဆောက်တည်ရာ မရအောင် ဖြစ်နေတဲ့ စိတ်ကလေးက ချုပ်ငြိမ်းပြီးတော့ ချမ်းသာစွာ သေနိုင်ဖို့  တရား လိုတယ်။

ဒကာ ဒကာမတို့ က မျက်လုံးကြီးဖွင့်ပြီးတော့ လူမြင်လူသိနဲ့  သူက ဘယ်လောက်ချမ်းသာပြီ၊ သူက ဘယ်လောက်တိုးတက်လာပြီ၊ သူက ဘယ်လိုပညာတတ်တယ်၊ ကားတွေစီးနိုင်ပြီ၊ ဘီလျံနာကြီးဖြစ်နေပြီ၊
ဘယ်လိုဝတ်ဆင်နိုင်ပြီ၊ ဘယ်လောက် အဆောက်အဦးတွေ ဆောက်နိုင်ပြီ၊ ဘယ်လို စက်ရုံကြီးတွေတည်နိုင်ပြီလို ဒါပဲြ
မင်မနေကြဘူးလား။ သူတော်ကောင်းတွေက သေပြီးဟိုဘက် ဘ၀ဆိုးတွေရောက်နေတာကိုမြင်တယ်။ ခင်ဗျားတို့ မြင်ရဲ့ လား၊ မမြင်ဘူး။ အဲဒါ အခွင့်အရေးဆုံးရှုံးသွားပြီ။. ဆုံးရှုံးတယ်ဆိုတာ ဒီမဂ်တရား ဖိုလ်တရားမှ လက်လွတ်လိုက်ရပါပြီဘုရားလို့ ပြောတာ။

ဒါကြောင့် ဒကာဒကာမတွေ အခွင့်အရေးကြုံတဲ့အချိန် သာသနာနဲ
့ကြုံတဲ့အချိန် မဂ်တရား ဖိုလ်တရားကို စိုက်ပျိုးပါ။ ဒီမဂ်တရား ဖိုလ်တရားဆိုတာ ကမ္ဘာကြီးပေါ်တိုင်း သာသနာပေါ်ပါ့မလား၊
မပေါ်ဘူးနော်။ အဲဒါကို ဒကာဒကာမတွေ နောင်တမရနဲ့ ။

(အောင်လံဆရာတော်ကြီး အရှင်စန္ဒိမာ ဟောကြားသော နိဒါန်းတရား+အချိန်ရှိခိုက် စိုက်ပျိုးလိုက် တရားတော်မှ )

မေတ္တာဖြင့် ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

အားသာချက်ဖြစ်နေတဲ့ အလှအပချို့ယွင်းချက်များ


မျက်လုံးမှေးခြင်း၊ သွားကျဲခြင်း၊ မျက်နှာ အဆီပြန်ခြင်း စတာတွေကို မိန်းကလေး အတော်များများက မနှစ်သက်ကြဘဲ အလှအပဆိုင်ရာ အပြစ်အနာအဆာတွေလို့ သတ်မှတ်လေ့ ရှိကြပါတယ်။ သဘာဝကပေးတဲ့ ကိုယ့်ရုပ်ရည်ကို အားမလိုအားမရ ဖြစ်တတ်ကြပါတယ်။ အဲလို ကိုယ့်ရုပ်ရည်ကို ကိုယ်စိတ်တိုင်းမကျ သူတွေအတွက် ကိုယ့်ချို့ယွင်းချက်လို့ ထင်ထားတာတွေက အားသာချက်တွေ ဖြစ်တတ်ကြောင်း၊ အားသာချက်ဖြစ်အောင် လုပ်လို့ရကြောင်း ဖော်ပြလိုက်ပါတယ်။

သွားကျဲကျဲ

သွားကျဲတာပျောက်အောင် သွားဆေးခန်းမှာ သွားညှိတဲ့ ကြိုး (ဘမကျေ) တပ်ပေးလို့ ရပါတယ်။ သွားကျဲတာ၊ သွားခေါတာ၊ သွားထပ်တာတွေ ပျောက်အောင် ခုနောက်ပိုင်း သွားညှိတဲ့ ကြိုးတပ်ကာ ပြုပြင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မူလသဘာဝအတိုင်း သွားကျဲတာလေးကလည်း အများနဲ့မတူတဲ့ ဆွဲဆောင်မှု တစ်မျိုးပဲ။ ကမ္ဘာကျော် အဆိုတော်မက်ဒေါနား၊ မော်ဒယ်လ်ကိတ်မော့စ်နဲ့ တခြား နာမည်ကျော် တချို့ဆိုရင် သွားကျဲတာကိုပဲ ဂုဏ်ယူကာ သွားကျဲတာ မပေါ်ပေါ်အောင် ရယ်ပြလေ့ ရှိပါတယ်။ ချစ်ဖို့ကောင်းတဲ့ သွားလေးတွေပေါ်အောင် နှုတ်ခမ်းနီကို ခပ်ရဲရဲ ဆိုးလိုက်ပါ။ မင်းသမီး ဂျော်ဂျီယာမေ့ဂျစ်ဂါ ဆိုရင် သွားကျဲလေးတွေ ပေါ်လွင်စေတဲ့ နှုတ်ခမ်းနီ ရဲရဲကို မဆိုးထားတာ မရှိသလောက်ပါပဲ။ နှုတ်ခမ်းနီရဲရဲနဲ့ အထာကျနေတတ်ပါတယ်။

အဆီပြန်မျက်နှာ

သင့်မျက်နှာပြင်က မုန့်ဆီကြော်လို့ အဆီတ၀င်းဝင်းနဲ့ ဖြစ်နေနိုင်ပေမယ့် မျက်နှာ အဆီပြန်ခြင်းကို ချို့ယွင်းချက်လို့ မသတ်မှတ်လိုက်ပါနဲ့။ သင်ရဲ့မွေးရာပါ မျက်နှာဝင်းဝင်းစိုစိုလေးလို ဖြစ်အောင် မိတ်ကပ်ဆရာတွေက မနည်းလိုက်ပြင်ရတာ။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူလိုက်စမ်းပါ။ မင်းသမီးလီတန် မီစတာ (Leighton Meester) ဆိုရင် သူရဲ့ အဆီပြန်တဲ့ အသားအရေကို သဘောကျလို့မဆုံး ဖြစ်နေတာ။ ဒီလောက် ပြောနေတာတောင်မှ သူ့လိုမျိုး ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုမရှိဘဲ အဆီပြန်ခြင်း ကင်းဝေးလိုတယ်ဆိုရင်တော့ ချွေးပေါက်ဖုံးပေးတဲ့ မိတ်ကပ်အောက်ခံ (Pore-reducing Primer/ Make-up Base) လိမ်းပေးနိုင်ပါတယ်။ အဲဒီအောက်ခံမျိုးဟာ အဆီပြန်တာကို ထိန်းပေးသလို ၀က်ခြံအမာအရွတ်တွေကိုလည်း ဖုံးပေးနိုင် ပါတယ်။

အသားဖြူဖျော့ဖျော့

အများစုက အသားဖြူတာကို နှစ်သက်ကြပေမယ့် ဖြူလွန်းဖွေးလွန်း သူတွေကျတော့လည်း သွေးမရှိတဲ့ လူမမာရုပ်လို ဖြူဖပ်ဖြူရော်နဲ့ ကြည့်ရဆိုးတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်တတ်ကြပါတယ်။ ရတာမလို၊ လိုတာမရ ဆိုသလိုပေါ့။ ကိုရီးယားမလေးတွေ လှနေတာ ဖြူလွန်းတဲ့ အသားအရေကြောင့်ပါ။ မင်းသမီး စကားလတ်ဂျိုဟန်ဆန်ရဲ့ နှုတ်ခမ်းတူတူက ထင်းပြီး ဆွဲဆောင်မှုရှိနေတာကလည်း သူရဲ့ ဖြူဖျော့နေတဲ့ မျက်နှာကြောင့်ပါ။ သူတို့ဟာ သူတို့ရဲ့ အသားအရောင် အားသာချက်ကို သိရှိပြီး ဂုဏ်ယူစွာနဲ့ ထုတ်ဖော်ပြတတ်ကြပါ တယ်။ အသားဖြူလွန်းသူတွေ ရှောင်ရမယ့် အရာကတော့ ညိုလွန်းတဲ့ မိတ်ကပ်တွေပါ။ သဘာဝမကျစွာ ညိုမည်းစေကာ ညစ်ညစ်ကြီး ဖြစ်သွားစေနိုင်ပါတယ်။ အဲဒီအစား မျက်နှာကို ပြောင်ပြောင်လက်လက် ဖြစ်စေနိုင် မယ့် Highlighter တွေ Shimmer တွေ သုံးပေးနိုင်သလို ပန်းရောင်၊ ပန်းလိမ္မော်ရောင် ပါးနီလေး ဆိုးပေးနိုင်ပါတယ်။

မျက်ခုံးမွေးထူထူ

ခုနောက်ပိုင်း မျက်ခုံးမွေးထူထူတွေ ခေတ်စားနေတာကို သတိထားမိကြမှာပါ။ မင်းသမီးနန္ဒာလှိုင်၊ မိုးဟေကို၊ မေသက်ခိုင်၊ ချစ်သုဝေတို့ရဲ့ မျက်ခုံးမွေးထူထူနဲ့ကိုပဲ ကြည့် လေ။ မျက်ခုံးမွေးက မျက်နှာမှာ ထင်းနေတာ ပဲ။ မျက်ခုံးမွေးထူသူ အများစုက သူတို့ရဲ့ မျက်ခုံးမွေး ထူထူကို ဂုဏ်ယူစွာနဲ့ ပုံမသွင်းဘဲ၊ မရိတ်ဘဲ ဒီအတိုင်းလေး ထားတတ်ကြပါတယ်။ မျက်ခုံးမွေးထူသူတွေအတွက် အကြံပေးချက်ကတော့ မျက်ခုံးမွေး ထူလပျစ်ပုံ ပေါက်မနေဘဲ သပ်သပ်ရပ်ရပ် ရှိဖို့ပါပဲ။ မျက်ခုံးမွေး ပုံသွင်းတဲ့ Gel ကို လိမ်းပေးပြီး မျက်ခုံးမွေးဖြီးတဲ့ ဘရပ်ရှ်အပေါ် ဘက်သပ်ကာဖြီးပြီး ဘေးဘက်ဆွဲဖြီးလိုက်ပါ။ သပ်ရပ်တဲ့ ပုံပေါက် သွားပါလိမ့်မယ်။ အောက်နားက မျက်ခုံးမွေး တချို့ကို ရိတ်ပြီးလည်း ပုံသွင်းလိုက်ပါ။

နှုတ်ခမ်းပါးပါး

အင်ဂျလီနာဂျိုလီလို ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းထူထူ မပိုင်ဆိုင်တော့ရော ဘာဖြစ် သေးလဲ။ ကိုယ့်နှုတ်ခမ်းပါးပါးလေးကို ထူထူလေးလို့ ထင်ရအောင် လုပ်နိုင်တဲ့နည်းတွေ ရှိနေတာပဲဟာ။ နှုတ်ခမ်းကို ပိုပြီးပါးစေနိုင်တဲ့ နှုတ်ခမ်းနီအရောင် ရင့်ရင့်တွေကို ရှောင်ပါ။ အရောင်ဖျော့ပြီး အပြောင်အလက်လေးတွေ ပါတဲ့ နှုတ်ခမ်းအဆီ (Lip Gloss) တွေက နှုတ်ခမ်းထူထူ ရွှဲရွှဲလေး ဖြစ်စေနိုင်ပါတယ်။ နှုတ်ခမ်းသားအလယ်မှာ Gloss လေး ခပ်များများ တို့ပေးရင်လည်း နှုတ်ခမ်းသားပြည့်ပြည့် ဖောင်းဖောင်းလေး ဖြစ်စေသလို အပေါ်နှုတ်ခမ်းအလယ်ချိုင့်မှာ ထည့်ပေးရင်လည်း နှုတ်ခမ်းစူစူနဲ့ ဆွဲဆောင်မှု ရှိစေနိုင်ပါတယ်။

မျက်လုံးမှေးမှေး

အဆိုတော်မလေး တေလာဆွဖ်တ် တောင် မျက်လုံးသေးသေးလေးနဲ့ လှနေတာ ပဲ။ ကိုယ့်မျက်လုံးမှေးလို့ စိတ်ညစ်မနေပါနဲ့။ မျက်လုံးသေးသူတွေအတွက် အဓိက လိုအပ်ချက်ကတော့ မျက်တောင်ကော့ ကိရိယာနဲ့ မျက်တောင်ကော့ဆေးပါ။ မျက်လုံးအောက် အတွင်းမျက်ခမ်းမှာ အိုင်းလိုင်နာ အဖြူရောင် ဆိုးပေးခြင်းကလည်း မျက်လုံးကို ပိုကျယ်စေတယ်လို့ ထင်ရစေပါတယ်။ အရောင်မှောင် တဲ့ အိုင်းရှဲဒိုးတွေရှောင်ကာ အဲဒီအစား အရောင်ဖျော့ဖျော့ လင်းလင်းလေးတွေကို မျက်ခွံနဲ့ မျက်လုံးအတွင်းထောင့်မှာ ထည့်ပေးပါ။ အောက်မျက်ခမ်းအတွင်းဘက်ကို အနက် ရောင်ကွက်ခြင်းက မျက်လုံးကို ပိုကျဉ်းစေနိုင် တာကြောင့် မျက်လုံးအပေါ်ဘက် အနားတစ်လျှောက်သာ အိုင်းလိုင်နာ ဆိုးပေးပြီး မျက်တောင်ကော့ဆေး များများသုံးပေးဖို့ လိုပါတယ်။

ဆံလုံးသေးသေး

သင့်ဆံပင်ဆံလုံးသေးလို့ သင့်အနေနဲ့ မကြိုက်ရင် မကြိုက်မယ် တကယ်ကတော့ ဆံလုံးသေးသူတွေက ဆံပင်ပုံစံပြောင်းဖို့ ပိုပြီး လွယ်ကူပါတယ်။ ဆံလုံးသေးတာ ချို့ယွင်းချက်မဟုတ်ပါဘူး။ ဆံလုံးသေးတဲ့ ဆံပင်တွေက ပျော့ပျောင်းနူးညံ့တယ်။ ရှင်းရလွယ်ကူ တယ်။ ပုံသွင်းရလည်း လွယ်ကူတယ်။ ကောက်ရင် ကောက်တဲ့အတိုင်း ပုံပေါ်တယ်။ ဆေးဆိုးရင်လည်း လိုချင်တဲ့အရောင်ထွက်တယ်။ ဒါပေမဲ့ ဆံလုံးသေးသူတွေ သတိထားရမှာကတော့ ဆံပင်ညှပ်တဲ့ပုံစံကိုပါပဲ။ ဆံပင်ကို တုံးတိကြီး တစ်ထပ်တည်းညှပ်ပါက ဆံပင် အုံပါးသလို ထင်ရစေပါတယ်။ ဆံပင်ကို အထပ်ထပ်ဖြစ်အောင် Step များများ ညှပ်ပေးပါက ဆံပင်အုံထူသလို ဖြစ်စေနိုင်ပါ တယ်။

ပန်းဆီ

Tuesday, April 22, 2014

သာသနာပြုခြင်း ဟူသည်


`လူတစ်ဦးတစ်ယောက်ထံသို့ဖြစ်စေ၊
လူအများစုထံသို့ဖြစ်စေ

ထိုသူတို့၏ အတွင်းသန္တာန်ထဲသို့
မြတ်ဗုဒ္ဓ၏ အဆုံးအမများကို
ပို့ဆောင်ပေးခြင်းသည်
သာသနာပြုခြင်း ဖြစ်ပါ၏။

.

သာသနာတော်မြတ်အပေါ်
မသိရှိသေးသူများ သိရှိလာစေရန်၊
မကြည်ညိုတတ်သေးသူများ ကြည်ညိုလာတတ်စေရန်၊
ကြည်ညိုရင်းစွဲရှိသူများ တိုး၍တိုး၍ ကြည်ညိုတတ်စေရန်

ဟောပြောပို့ ချခြင်း၊ ရေးသားဖော်ပြခြင်းသည်
သာသနာပြုခြင်းဖြစ်ပါ၏။ ´

.

ဒေါက်တာ အရှင်ပညိဿရ
(ဓမ္မဒူတ ဆရာတော်)

{စံတော်ချိန် သတင်းစာ }

— လှိုင်တိုး

သူတော်စင် ပညာရှင် ရဟန်းသံဃာများ၏ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ခဲ့ပုံများ


သင်္ဂါယနာတင်ရခြင်း၏ အချက်အလက်များနှင့် သင်္ဂါယနာတင်သမိုင်း
=====================================
ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် ဗုဒ္ဓသာသနာတော်အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲစေရန်နှင့် ဗုဒ္ဓသာသနာစည်ပင်ပြန့်ပွားရေးအတွက် ရဟန်းသံဃာတော်များသည် ဗုဒ္ဓသာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်လိုသော မင်းများ၏ ပစ္စယာနုဂ္ဂဟကိုခံယူ၍ တိုင်းသူပြည်သားများ၏ အလှူဒါနဖြင့် သင်္ဂါယနာ(၆)ကြိမ်တိုင်တိုင် တင်ခဲ့ပုံများကိုလည်းကောင်း၊ သင်္ဂါယနာတင်ရန် ဖြစ်ပေါ်လာသောအကြောင်းရင်းများနှင့် သင်္ဂါယနာတင်ပြီးနောက် သာသနာတော် စည်ပင်ပြန့်ပွားလာပုံများကိုလည်းကောင်း ကြည်ညိုသဒ္ဓါပွားဖွယ်ရာ ဖော်ပြပေးထားပါသည်။

ပထမသင်္ဂါယနာ
မဟာသက္ကရဇ် ၁၄၈-ခုနှစ် (၄၃၈-ဘီစီ)တွင် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံဝင်တော်မူပြီး သုံးလကြာ ရာဓဇဂြိုဟ်ပြည် အဇာတသတ်မင်းလက်ထက် “သုဘဒ်” ရဟန်းကဲ့သို့ သာသနာညစ်နွမ်းစေမည့် အယူလွဲသူတို့အန္တရာယ်မှ ကာကွယ်ရန်အလို့ငှာ ဝေဘာရတောင်ယံ သတ္တပဏ္ဏိလိုဏ်ဂူ၌ အရှင်မဟာကဿပမထေရ် အမှူးပြု၍ ရှင်ဥပါလိ၊ ရှင်အာနန္ဒာမထေရ်တို့အား အမေးအဖြေပြုကာ ရဟန္တာငါးရာနှင့် ခုနှစ်လတိုင်တိုင် စုပေါင်းရွတ်ဆိုပြီး ပထမသင်္ဂါယနာ တင်တော်မူသည်။

ဒုတိယသင်္ဂါယနာ
သာသနာနှစ် ၁၀၀ (၃၈၃-ဘီစီ)တွင် ဝေသာလီပြည်၊ ကာလာသောကမင်းလက်ထက် အဓမ္မတရားဆယ်ပါး အယူမှားများကို ကာကွယ်စိမ့်သောငှာ ၀ါလုကာရုံကျောင်းတော်ကြီး၌ သဗ္ဗကာမိထေရ်၊ အရှင်ရေ၀တ၊ အရှင်မဟာယသ စသည့် ရဟန္တာမထေရ်ကြီးရှစ်ပါးအမှူးပြု၍ အာဂုံဆောင် ရဟန္တာခုနှစ်ရာနှင့် ရှစ်လတိုင်တိုင် စုပေါင်းရွတ်ဆိုကာ ဒုတိယအကြိမ် သင်္ဂါယနာတင်တော်မူသည်။

တတိယသင်္ဂါယနာ
သာသနာနှစ် ၂၃၅ (၂၄၇ -ဘီစီ)တွင် ပါဋလိပုတ်ပြည်၊ သီရိဓမ္မာသောကမင်းကြီးလက်ထက် ရဟန်းအတုအယောင်များ အန္တရာယ်အညစ်အကြေးမှ သန့်စင်စိမ့်သောငှာ အရှင်မောဂ္ဂလိ ပုတ္တတိဿမထေရ် အမှူးပြုသော ရဟန္တာတစ်သောင်း၊ သံဃာတော်ခြောက်သန်းကျော်တို့သည် အသောကာရုံကျောင်းတော်ကြီး၌ ကိုးလတိုင်တိုင် စုပေါင်းရွတ်ဆို၍ တတိယအကြိမ် သင်္ဂါယနာတင်တော်မူခဲ့ကြလေသည်။ ကိုးတိုင်းကိုးဌာနသို့ “ဓမ္မဒူတ”ခေါ် သာသနာ့ စေတမန်များ စေလွှတ်တော်မူသည်။

စတုတ္ထသင်္ဂါယနာ
သာသနာနှစ် ၄၅၀ (၃၃-ဘီစီ)တွင် သီဟိုဠ်ကျွန်း (သီရိလင်္ကာ) ၀ဋ္ဋဂါမဏိမင်းလက်ထက် ယခင်အဆက်ဆက် ပိဋကတ်တော်ကို နူတ်ဖြင့်အာဂုံဆောင်ခဲ့ရာမှ “ပေထက်အက္ခရာ” တင်စိမ့်သောငှာ အရှင်ဓမ္မရက္ခိတ အမှူးပြုသော ရဟန္တာငါးရာကြပ်မတ်၍ မလယဇနပုဒ် အလောကလိုဏ်ဂူ၌ စုပေါင်းရေးခြင်း၊ ရွတ်ဆိုခြင်းတို့ဖြင့် စတုတ္ထအကြိမ် သင်္ဂါယနာတင်တော်မူသည်။

ပဉ္စမသင်္ဂါယနာ
သာသနာနှစ် ၂၄၁၅၊ ကောဇာသက္ကရာဇ် ၁၂၂၂ (အေဒီ-၁၈၇၁) မှစ၍ ၁၁-နှစ်တိုင်တိုင် မြန်မာနိုင်ငံ မင်းတုန်းမင်းလက်ထက် ရတနာပုံ မန္တလေး နေပြည်တော်တွင် ပိဋကတ်တော်များ သန့်စင်တည်တံ့ ခိုင်မာစိမ့်သောငှာ ရဟန်းပညာရှိ၊ လူပညာရှိတို့ အဆင့်ဆင့် ကြပ်မတ်စိစစ်ကာ “ကျောက်ထက်အက္ခရာ” တင်စေခဲ့လေသည်။ မဟာဓမ္မရာဓဇာဓိရာဇဂုရု ဆရာတော်ကြီးများ အမှူးပြုသော သံဃာတော် ၂၄၀၀တို့ စိစစ်မေးဖြေ၍ သီဟာသန ပလ္လင်တော်ရှေ့၌ ပဉ္စမအကြိမ် သင်္ဂါယနာတင်တော်မူသည်။

ဆဋ္ဌသင်္ဂါယနာ
သာသနာနှစ် ၂၄၉၈၊ ကောဇာသက္ကရာဇ် (၁၃၁၆ မှ ၁၃၁၈) (အေဒီ ၁၉၅၄ မှ ၁၉၅၆)၊ မြန်မာနိုင်ငံ ရန်ကုန်မြို့တော် ဆဋ္ဌသိင်္ဂီမဟာပါသဏဂုဟာ ကျောက်လိုဏ်ဂူတော်ကြီးတွင် ပိဋကတ်တော်များ သန့်ရှင်းစင်ကြယ်၍ ကမ္ဘာအရပ်ရပ်သို့ ပိုမိုပျံ့နှံ့ကာ အဓွန့်ရှည်ကြာစိမ့်သော ငှာ ညောင်ရမ်းဆရာတော်ဘုရား၊ နောင်တွင် မစိုးရိမ်ဆရာတော်ဘုရားတို့က သံဃနာယကပြုပြီး မဟာစည်ဆရာတော်က မေး၍ မင်းကွန်း တိပိဋကဓရ ဆရာတော်က ဖြေဆိုတော်မူကာ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ်းပူးချားနိုင်ငံ၊ လောနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ စသော ထေရ၀ါဒနိုင်ငံ ၅-နိုင်ငံမှ သံဃာတော်များအပါအ၀င် သံဃာတော်ပေါင်း ၂၆၁၇-ပါး တို့နှင့် ဆဋ္ဌသင်္ဂါယနာတင်တော်မူသည်။

-----------------
မေတ္တာရိပ်မှ မျှဝေသည်။

မြန်မာ အစိုးရ ကို အရှက်ခွဲလိုက်တဲ့ အင်ဒိုနီးရှားအစိုးရ


အင်ဒိုနီးရှားလူမျိုး အိမ်ဖော်တစ်ယောက် က ဆော်ဒီ မှာ အလုပ်သွားလုပ်ယင်း အလုပ်ရှင်ကို လူသတ်မှု
ကျူးလွန်မိတော့ သေဒဏ်အပေးခံရတာကို အင်ဒိုနီးရှားအစိုးရကနေပီးတော့ အမေရိကန် ဒေါ်လာ (၁.၉)သန်း ကို blood money အဖြစ်ပေး
ပီးတော့ သူတို့လူမျိုး သူတို့ အိမ်ဖော် တစ်ယောက်ကိုတောင်
သေဒဏ်မှ လွတ်အောင် ဆိုပီးတော့ အမေရိကန် ဒေါ်လာ သန်းချီပေးပီးတော့ သူတို့လူမျိုး....ရဲ့ အသက်တစ်ချောင်းကို မရ ရအောင်ကယ်တင်
နိုင်ခဲ့တဲ့လုပ်ရပ်ဟာအင်ဒိုပြည်သူပြည်သားတွေအတွက်တော့ အရမ်းကိုမှပဲ ဂုဏ်ယူစရာကောင်းခဲ့တဲ့....လေးစားစရာကောင်းခဲ့တဲ့ စံပြလုပ်ပြ
နိုင်ခဲ့တဲ့ သူတို့ အစိုးရဟာ သူတို့လူမျိုးတွေ အပေါ်မှာ မားမားမတ်မတ်ရပ်တည်ပေးပီးတော့ ကာကွယ်ပေးနေခဲ့တယ် ဆိုတာကိုအပြောမဟုတ်
ပဲ လက်တွေ့သက်သေပြနိုင်ခဲ့ပါတယ်....
.အရှေ့တောင်အာရှနိုင်ငံလေးထဲကဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံကတောင်မှ သူတို့လူမျိုးရဲ့ဘ၀တစ်ခုနဲ့အသက်တစ်ချောင်းကို နိုင်ငံခြားတိုင်း
ပြည် တစ်ခုရဲ့ရှေ့မှောက်မှာ မကြာမီရက်ပိုင်းအတွင်း လူအများရဲ့ရှေ့မှာ ခေါင်းဖြတ်သတ်ခံရတော့မယ့် အခြေအနေဆိုးတစ်ခုမှ
လွတ်မြောက်အောင်ဆိုပီး အမျိုးကိုချစ်မြတ်
နိုးမှုဆိုတဲ့ မျိုးချစ်စိတ်ဓါတ်တွေနဲ့ အမေရိကန်ဒေါ်လာနှစ်သန်းနီးပါးလောက်ကို လျော်ကြေးအဖြစ်ပေးဆောင်ပိးတော့ သူတို့လူမျိုး
အိမ်ဖော်မလေး
တစ်ယောက်ကို မရရအောင်ကယ်တင်နိုင်ခဲ့တဲ့လုပ်ရပ်ဟာ ကမ္ဘာ့အလယ်မှာအင်ဒိုအစိုးရရဲ့ သူတို့လူမျိုးတွေအပေါ်မှာထားရှိခဲ့တဲ
မျိုးချစ်စိတ်ဓါတ်ဆိုတာဟာ ဒီလိုမျိုးပါလားဆိုပိးတော့ ချပြလိုက်သလိုပါပဲ... ...လူသတ်မှု အပြစ်ဒဏ်ပေးခြင်းကနေ
( အိမ်ဖော်ကလည်း တကယ်လူသတ်မှုကျူးလွန်ခဲ့တာပါ) လွတ်မြောက်အောင်ဆိုပီးကာယကံ
ရှင်မိသားစုတောင်းဆိုတဲ့ အတိုင်း လျော်ကြေးပေးပိးတော့ အသက်တချောင်းကို ကယ်တင်သွားခဲ့ပါတယ်.ဒီလိုကိစ္စမျိုးမှာ သူတို့နိုင်ငံက မီဒီယာ
တွေကလည်း အများကြီးကိုလှုံ့ဆော်နိုင်ခဲ့ပါတယ်...နိုင်ငံခြား တိုင်းပြည်တစ်ခုမှာ အလုပ်သွားလုပ်နေခဲ့တဲ့ မိမိ လူမျိုးတစ်ဦးပေါ်မှာ တာဝန်ယူမှု
လည်းရှိသလို....တာဝန်ခံပီးတော့ လုပ်ဆောင်ပေးခဲ့တဲ့ သူတို့ အစိုးရ ကိုလည်း တိုင်းသုပြည်သားတွေက ဘယ်လောက် ချစ်လိုက်မလဲ ဆိုတာ ကို
ဒီဖြစ်စဉ်တွေက သက်သေပြနေခဲ့ပါတယ်......
.ဟိုတစ်လောက ကျနော်တို့နိုင်ငံက အိမ်ဖော်ကောင်မလေး တစ်ယောက် စင်ကာပူနိုင်ငံမှာ အိမ်ဖော်အလုပ်သွားလုပ်ယင်း
လူ သတ်မှု ဖြစ်ခဲ့တာ ကို ကျနော် တို့မြန်မာနိုင်ငံ အစိုးရ အဖွဲ့ ကြီးက ....တစ်စုံတစ်ခုသောအကြောင်း
အရာကိုမျှ မေးမြန်းခြင်း....စုံစမ်းခြင်း....၀င်ရောက်ကူညီပေးခြင်းမျိုး ပြုလုပ်ပေးခဲ့တယ် ဆိုတာကိုလည်း မသိရ...မကြားခဲ့ရပါဘူး...အခုတော့
စင်ကာပူ လူသတ်မှုကိစ္စ သတင်းအစအနတောင် မကြားရတော့ပါဘူး.....မီဒီယာတွေအနေနဲ့လည်း ဒီလိုကိစ္စမျိုးမှာ အစိုးရကနေပီးတော့
ဝင်ေ၇ာက်ကူညီဆောင်ရွက်ပေးနိုင်ဖို့ ၀ိုင်းဝန်းပီးတော့ ဖိအားပေးရေးသင့်...တောင်းဆိုပေးသင့်ပါတယ်....
....အစိုးရအဖွဲ့
ကြီးကတော့နိုင်ငံခြားတိုင်းပြည်မှာ မြန်မာတွေဘယ်လိုပဲဖြစ်ဖြစ်....သူတို့နဲ့မဆိုင်သလိုပဲ အားလုံးကို မျက်နှာလွှဲခဲပစ်ကြီးပဲ....သူနဲ့ မဆိုင်သလို ဘယ်သူတွေဘယ်လိုပဲရေးရေး...ဘယ်လိုပဲပြောပြော....မသိချင်ယောင်...
မကြားချင်ယောင်ဆောင်နေပီးတော့ နိုင်ငံခြား တိုင်းပြည်မှာ မြန်မာတွေ ခွေးတွေ....၀က်တွေလိုသေသေ ဆိုပိးတော့ ပစ်ထားသလိုမျိုးဖြစ်နေ
တယ်...မြန်မာအစိုးရကိုယ်တိုင်ကလည်း အမျိုးကို မချစ်ပြ ထားတော့ ပြည်ပနိုင်ငံရောက်မြန်မာတွေရဲ့ ဘေးအန္တရာယ်နဲ့လုံခြုံရေးတွေကိုကာကွယ်
ပေးဖို့စေလွှတ်ထားတဲ့.သံရုံးတွေကလည်း အမျိုးကိုမချစ်တော့တာ အဆန်းမဟုတ်တော့ဘူးလေ...စစ်အစိုးရလက်ထက်မှာ အမျိုးကိုမချစ်ပဲကိုယ့်
လူမျိုးမျိုးအချင်းချင်းနှိပ်ကွပ်ထားခဲ့ပီး ပိုက်ဆံကိုပဲချစ်ပြပီးတော့.မရရနိုင်တဲ့ နည်းလမ်းတွေမျိုးစုံနဲ့ ပိုက်ဆံကိုပဲချစ်...ငွေကိုပဲရှာပြခဲ့တော့
ရှေ့ဆောင်နွားကြီးသွားပြထားသလို နောက်ကလိုက်တဲ့ နွားတွေကလည်း ဒီလမ်းစဉ်ကို လိုက်တာဟာ မဆန်းပါဘူး.....ပြည်ပရောက်မြန်မာသံ
ရုံးတွေကလည်း ပြည်ပမှာ ပင်ပန်းအဆင်းရဲခံပိးတော့ လာအလုပ်လုပ်နေတဲ့ မြန်မာတွေအပေါ်မှာလည်း ကာကွယ်ပေးရကောင်းမှန်းလဲမသိ..
စောင့်ရှောက်ပေးရကောင်းမှန်းလဲမသိပဲ...မြန်မာအချင်းချင်းတွေအပေါ်မှာပဲ ကိုယ်ချင်းစာစိတ်...ညှာတာစိတ်..သနားတဲ့စိတ်....ဂရုဏာစိတ်
လေးတွေ တောင် မထားနိုင်တော့ပဲ အချင်းချင်းလည်ပင်းပဲလှီးရ...လှီးရ...ဇာတ်တူသားပဲစားရ...စားရ....ပိုက်ဆံရယင်ပီးရောဆိုပီးတော့
နည်းလမ်းမျိုးစုံဖြစ်တဲ့ နည်းတွေနဲ့ကို မရ..ရအောင်ကိုတောင်းတော့တာပဲ....သူများနိုင်ငံမှာ မြန်မာတွေ တစ်ခုခုဖြစ်လို့သံရုံးကိုသွားအကူအညီ
တောင်းပီဆိုယင် ဒါငါတို့နဲ့မဆိုင်ဘူး...မသိဘူး ဆိုပီး ဘူးတစ်လုံးကိုပဲဆောင်နေပီးတော့ မြန်မာတွေဘယ်လိုပဲဖြစ်နေ....ဖြစ်နေ...ငါတို့နဲ့မဆိုင်
ဘူး....ငါတို့ပိုက်ဆံ၇ယင်ပီးေ၇ာ ဆိုတဲ့ စိတ်ဓါတ်တွေရှိနေခဲ့တဲ့ ....အချင်းချင်းလည်း ညီညွှတ်မှုမရှိတဲ့ မြန်မာတွေရဲ့စိတ်ဓါတ်တွေကိုသိနေ
ခဲ့တဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာ ပါတ်စပို့အနီကိုင်ထားတဲ့ မြန်မာ ဆိုယင် အနှိမ်ခံရတာ....အနိုင်ကျင့်ခံရတာဟာ အဆန်းမဟုတ်တော့ဘူး
လေ....တစ်ခုခုဖြစ်လေတိုင်းလည်း မြန်မာအစိုးရက လေသံလေးတောင်မဟပဲ မသိချင်ယောင်ဆောင်ပီး ရေငုံနုတ်ပိတ်လေးနေနေတော့မြန်မာ
ဆိုယင် ငါတို့လက်ခုပ်ထဲကရေပါကွာ ....ငါတို့လုပ်ချင်သလိုလုပ်လို့ရတယ်ဆိုတဲ့ စိတ်ဓါတ်တွေနဲ့အနိုင်ကျင့်စော်ကားခံရတဲ့ကိစ္စတွေမှာတာဝန်
အရှိဆုံးက မြန်မာအစိုးရ ကိုယ်တိုင်ဖြစ်ပါတယ်..အနိုင်ကျင့်လို့ရမှန်းသိနေတော့ အနိုင်ကျင့်ခံနေရတာပါ...အနိုင်ကျင့်လို့မရမှန်းသိယင်ဘယ်သူကမှ
အနိုင်မကျင့်ရဲပါဘူး..ဒါကြောင့်မို့ အမျိုးကိုချစ်မြတ်နိုးမှလည်း အမျိုးကိုကာကွယ်စောင့်ရှောက်တတ်မှာပါ....အမျိုးကိုမချစ်တတ်ယင်လည်း....ကာ
ကွယ်စောင့်ရှောက်တတ်မှာမဟုတ်ပါဘူး....ဒီလိုမျိုး ချစ်တတ်..ကာကွယ်စောင့်ရှောက်တတ်အောင် မြန်မာအစိုးရတဖွဲ့လုံးမှာရှိနေခဲ့တဲ့တာဝန်
ရှိသူတွေအားလုံးရဲ့ ဦးနှောက်ထဲမှာ စွဲစွဲမြဲမြဲ အစဉ်အဆက်တည်လာခဲ့တဲ့ ငွေ/ပိုက်ဆံကို ကိုယ့်လူမျိုးထက်ပိုချစ်နေတဲ့စိတ်ဓါတ်ကိုအယင်ဆုံး
ဖျောက်နိုင်အောင်သေသေခြာခြာလေ့ကျင့်ပေးပိးတော့မှ မျိုးချစ်စိတ်ဓါတ်ဆိုတာကို နှလုံးသားထဲ...ဦးနှောက်ထဲရောက်နေအောင်ရိုက်သွင်း
ထည့်သွင်းပိး လေ့ကျင့်ပေးရမှာပါ...တော်ကြာ အစိုးရမင်းများက ဒိစာကိုဖတ်ရပီးတော့ မျိုးချစ်စိတ်ဆိုတာဘယ်လိုမျိုးလဲလို့ တွေးတောဆင်
ခြင်နေမှာစိုးလို့ အကြမ်းဖျင်းပြောရယင်တော့ ကိုယ့်လူမျိုးကိုထိယင် မချိအောင်နာတတ်တဲ့စိတ် ကိုပါ......အခုလက်ရှိအစိုးရကတော့ဒီလိုမျိုး
မရှိသေးတော့ များများမနာတတ်ယင် နေပါစေ...နည်းနည်းနာတတ်ယင်ကိုပဲ ကျေနပ်ပါပီလို့ပဲပြောရမှာဖြစ်ပါတယ်...
. အုပ်ချုပ်တဲ့ အစိုးရ ဆိုတာ ပြည်သူ/သားတွေအပေါ်မှာ တာဝန်ခံမှု...တာဝန်ယူမှု အပြည့်အဝ
ရှိနေရမှာပါ....ဒိလိုမျိုး တိုင်းသုပြည်သားတွေအပေါ်မှာတာဝန်ယူမှု...တာဝန်ခံမှုမှ မလုပ်ပေးနိုင်ဘူး....မစွမ်းဆောင်ပေးနိုင်ဘူးဆိုယင်လည်း
အစိုးရ မလုပ်ပါနဲ့တော့....မဟုတ်တဲ့နေရာတွေမှာကျတော့ အစိုးရဂုဏ်သိက္ခာတွေကျဆင်းစေပါတယ်..အရှက်ရပါစေတယ် ဆိုပီးနင်းကန်မျက်
စိတ်မှိတ်ဇွတ်အော်နေပီးတော့ ဒိလိုမျိုး နေရာကျတော့ အစိုးရက မသိချင်ယောင်ဆောင်..မကြားချင်ယောင်ဆောင်....မရှက်ချင်ယောင်ဆောင်
ပီး နေတတ်တာကိုပဲ အံ့သြတယ်....ပြသနာတစ်ခုခုဖြစ်လာယင်လည်း ပြသနာဖြစ်ရတဲ့ အကြောင်းရင်းတွေကိုလည်းမရှာတတ်...မဖြစ်အောင်
ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းတွေကိုလည်း် မသိ....ပြည်သူတွေစိတ်ကျေနပ်အောင်ဘယ်လိုလုပ်ပေးရမယ်ဆိုတာကိုလည်း နားမလည်..
အဖြေကိုလည်း မရှာတတ်ပဲ အားလုံးကိုပဲ ပြည်သူတွေအပေါ်ပုံချပိး အပြစ်တင်တတ်တာတစ်ခုတည်းနဲ့ ပဲအုပ်ချုပ်တတ်တယ်ဆိုတဲ့ အစိုးရဟာ
မြန်မာပြည်တစ်ခုတည်းမှာပဲ ရှိမယ်ထင်ပါတယ်...ကိုယ့်လူမျိုးအချင်းချင်းဆိုယင်လည်း အစိုးရကလက်သံပြောင်သလောက် တစ်ခြားကိစ္စတွေမှာ
ဆိုယင် အမြီးလေးကို ကုပ်ပီးတော့ ငြိမ်နေတော့တာပဲ....မကောင်းတတ်လို့ အသံလေးထွက်လာယင်လည်း ညောင်နာနာအသံလေး..အသံ
ပျော့လေးနဲ့ အသံမထွက်နိုင်ဘူးဖြစ်နေတာ....ကျန်တဲ့ နိုင်ငံတွေကတော့ သူတို့လူမျိုးတစ်ယောက် နိုင်ငံခြားတိုင်းပြည်တစ်ခုခုမှာ ပြသာနာ
ဖြစ်ပီဆိုတာနဲ့ ချက်ခြင်းကန့်ကွက်တာတို့....၀င်ရောက်စွတ်ဖက်မှုတွေ...ကူညီပေးမှုတွေကို အချိန်နဲ့တပြေးညီလုပ်ဆောင်ပေးပါတယ်.
.မလေးရှားမှာ ဖြစ်တုန်းက ကိစ္စတွေတောင်မှ မီဒီယာတွေ အားလုံးက ၀ိုင်းအော်ကြမှ မတတ်သာ လို့သာ ၀င်ကူညီပေးတဲ့ပုံစံမျိုးဖြစ်သွား
တာ....ဒါတောင် အစစ အ၇ာရာ အားလုံး ကိုသီတဂူ ဆရာတော်ဘုရားကြီးကပဲ ဦးဆောင်လုပ်ပေးသွားတာလေ....နောက်ဆုံးကျတော့ ပြည်ပ
မှာဖြစ်တဲ့ ကိစ္စတွေ ကိုသွားမပြောနဲ့အုံး.....ပြည်တွင်းမှာဖြစ်တဲ့ ဘာကိစ္စကိုမဆို..ပြီးပြတ်အောင် မကိုင်တွယ် မလုပ်ဆောင်နိုင်ဘူးဖြစ်နေတာ
လယ်ကိစ္စ...မြေယာကိစ္စ....တွေနဲ့ နောက်ဆုံး..သမီးလေး ကျေးရွာက နှင်ထုတ်ခံလိုက်ရတဲ့ ပြည်သူတွေ ကိစ္စ.....ပြည်တွင်းက ပြည်သူတွေကို
တောင်မှ လူ လိုဆိုပီး လူလို့ မသတ်မှတ်ခဲ့တော့ ဘာတစ်ခုမှကိုလည်းလုပ်မဆောင်ပေးနိုင်တော့ လကုန်တိုင်းလကုန်တိုင်း မိဘပြည်သူများ
ခင်ဗျား....ဆိုပီးတော့ စာရွက် ဖတ်ပြနေခဲ့တဲ့ လူကြီးရဲ့ အစိုးရ ကို ပြည်သူတွေက မုန်းတာ လည်း အပြစ်မဟုတ်ပါဘူး....အခုနောက်ဆုံး နေပြည်
တော်မှာ ဘုန်းကြီးကျောင်းတွေ ကိုလည်း ကျူးကျော် ဆိုပီးဖျက်ပီးတော့ ဘုရားသားတော်တွေကို လည်း ၀ရမ်းပြေး ဆိုပိးတော့ တံဆိပ်ကပ်
လိုက်တာကလည်း သူတို့ မို့လုပ်ရက်တာပေါ့လေ.. ကျနော်တို့အစိုးရဖွဲ့က ဖြေရှင်းပေးနိုင်ခဲ့ပါတယ်....ပြည်သူတွေအတွက်ဘာ
တွေလုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်..(စာထဲမှာပြောတာပါ)..တကယ့်အပြင်မှာကျတော့ အားလုံးဟာ ဆန့်ကျင်ဘက်တွေချည်းပဲ....သူတို့တွေပြော
ချင်တာပြော...လုပ်ချင်တာလုပ် တာတွေကိုပဲ ပြည်သူတွေကပဲ နားလည် လိုက်လျောပေးနေရပီးတော့ သူတို့တွေကတော့ပြည်သူအပေါ်မှာနား
လည် လိုက်လျောပေးတယ် ဆိုတာ မရှိပါဘူး...တချိန်လုံး ပြည်သူတွေကိုပဲ အနိုင်ကျင့်နေခဲ့တာ....နောက်ဆုံး ပြည်သူတွေတင်မကပဲ...ဘုရား
သားတော်တွေကိုပါ အနိုင်ကျင့်လာပြန်ပီ....အားလုံးက မကောင်းဘူး မကောင်းဘူး ဆိုယင်...ပြည်ညောင်ပင်ကြီးတောင် ပြိုလဲသွားတာ
ကြည့်လည်းလုပ်ကျနော်....တော်ကြာ ၂၀၁၅ တောင် မရောက်လိုက်ပဲ ပြုတ်ကျသွားလို့ကတော့ သေပီဆရာပဲ....မူတွေ...လူတွေ မပြာင်းပဲ
အယင်တိုင်း ဆက်က နေလို့ကတော့.....နောက်ဆုံးမြောင်းထဲကိုရောက်သွားမှာပဲ....နောက်ဆုံးကျတော့လည်း အပြောကတော့ ရွှေမန်း.....ပါးစပ်ကတော့ ဘုရား ဘုရား...
လက်ကတော့ ကားယား...ကားယား.....ကတော့ ချိုမိုင် ချိုမိုင် ကကွက်တွေနဲ့ ၅ နှစ်ခံ ၀ါဆို ဖယောင်းတိုင်ကြီး ကိုတော့ မီးဇာ မကုန်မချင်း
မှိတ် တုတ် မှိတ် တုတ် လေးလင်းနေတာကိုပဲ ကြည့်နေယင်းနဲ့ နောက်ဆုံးတော့ စိုင်းထီးစိုင် သီချင်းထဲကလိုပဲ ပြည်သူတွေအားလုံးကပဲ
" ဒီဝဋ်ကြွေး မကုန်ခမ်းသရွှေ့လေ လည်စင်းခံဆပ်မယ် " ဆိုတဲ့ အသိ ခံစားချက်လေးတွေနဲ့ပဲ ၀ိုင်းဝန်းပိးတော့အစိုးရတစ်ဖွဲ့လုံးကို မေတ္တာပို့ပေးလိုက်ပါတယ်
.......

Written by ငယ်လေးညီ
AFP မှာပါတဲ့ သတင်းလေးတစ်ခုပါ...

အချက်အလက်တွေသည် ဦးနှောက်ကို ၀န်ပိစေခြင်း


ယနေ့ ဒီဂျစ်တယ်ခေတ်ဖြစ်သည့်နဲ့ အညီ ကွန်ပျူတာ၊ စမတ်ဖုန်း အစရှိတဲ့ ခေတ်ပေါ် နည်းပညာကရိယာတွေနဲ့ ဘတ်စ်ကားစောင့်တဲ့ အချိန်ကအစ အလစ်မပေးပဲ နောက်ဆုံးပေါ် သတင်းတွေကို ရယူနေကြတဲ့ ခေတ်မှာ Information overload လို့ခေါ်တဲ့ ဦးနှောက်ကို ရူပ်ထွေးခြင်း (သို့) ဦးနှောက်မှတ်ဥာဏ် ၀န်ပိခြင်း ဆိုတဲ့ အကြောင်းအရာတစ်ရပ်က နေ့စဉ်နေ့တိုင်း လူတိုင်းနီးပါးမှာ ဖြစ်ပေါ်လျက်ရှိလာပါတယ်။

ထို ဖြစ်ရပ်ဟာ သာမန်ကြည့်ရင် ဘာမှမဆိုနိင်ပေမဲ့ စိတ်ဓာတ်ကို ဖိအား သက်ရောက်တဲ့ Stress ပိတဲ့ရောဂါ နဲ့ ဆက်နွယ်ကာ ရောဂါတစ်ခုအဖြစ် တိုးပွားလာလျက် ရှိတဲ့ကဏ္ဍ တစ်ရပ် ဖြစ်လာနေပါတယ်။ အီးမေလ်၊ ဆိုရှယ်မီဒီယာနဲ့ အခြား လူမူကွန်ရက်တွေ ကို ခေတ်နဲ့ အပြိုင် သုံးစွဲလာကြတာနဲ့ အမျှ အချက်အလက်တွေ၊ သတင်းအစိတ်အပိုင်းတွေ၊
ကို ဦးနှောက်တစ်ခုရဲ့ မှတ်နိင်အားထက်ပိုတဲ့ အနေအထားတစ်ခုနဲ့ မှတ်သားလာရပါတယ်။ Log in ၀င်ဖို့ Password ကအစပေါ့။

( မနက်ကတောင် ရုံးက ကောင်မလေးတစ်ယောက် သင်္ကြန်လည်းပြီးရော ရုံးပြန်တက်တာ ကွန်ပျူတာ Log in ၀င်တဲ့ Password မေ့သွားလို့တဲ့ ရုံးမှာ ဟိုလိုဒီလို ဖြစ်နေလေရဲ့။
ဒီနေရာမှာ အကြုံပေးမူအနေနဲ့ လက်စွဲတော်တွေဖြစ်တဲ့ မိမိ လက်ကိုင်ဖုန်းမှာ ကိုယ်မေ့တတ်တာလေးတွေကို Notepad မှာ ရိုက်ပြီး သိမ်းထားပေးပါလို့ ဆိုတာပါပဲ )

စိတ်ဆိုတဲ့ သဘောတရားဟာ စိတ်ငြိမ်နေတဲ့ အချိန်မှာ ဘယ်အရာကို မဆို အေးအေးဆေးဆေးဖြေရှင်းနိင်ပေမဲ့ အခြား စိုးရိမ်မူတွေရှိတဲ့အချိန်မှာဆိုရင်တော့
ပုံမှန် သိလေ့လုပ်လေ့ရှိတဲ့ အရာတွေကို ပူထူပြီး မေ့ပျောက်လေ့ရှိတာကို လူတိုင်းနီးပါး ဖြစ်ဖူးကြမယ်ထင်ပါတယ်။ ထိုနေရာတွေ အချို့သော် လူတော်တော်များများက ရိုးရာ နည်းတစ်ခုဖြစ်တဲ့ တရားထိုင်ခြင်းနဲ့ သူတို့ရဲ့ ရပ်တည်မူကို စီမံဖို့ ပြုလုပ်ကြပါတယ်။ စိတ်ငြိမ်နေမှ အရာအားလုံးကို အချက်ကျကျ အောင်အောင်မြင်မြင် နဲ့ စီမံခန့်ခွဲ့နိင်မှာ ဆိုတာ ပြောစရာတောင်လိုမယ် မထင်မိပါဘူး။ ဒါကြောင့် စိတ်ငြိမ်စေနိင်ဖို့က အရေးပါလှပြီး ထိုသို့ဆောင်ရွက်ခြင်းတွေ အပြင် မိမိရဲ့ နေ့စဉ်နေထိုင်မူပုံစံကိုလည်း အနည်းငယ်ပြောင်းလဲ ကျင့်ကြံဖို့ လိုအပ်ပါတယ်လို့ အကြုံပြုမူ အချို့ က ယခုလို လမ်းညွှန်ထားပါတယ်။

ဒါကတော့ အလုပ်တစ်ခုမလုပ်ခင် နှစ်ကြိမ်ပြန်လည် စစ်ဆေးတာပါပဲ။ လန်ဒန်မှာ ရှိတဲ့ ကုမ္ပဏီတစ်ခုဟာ သူတို့ရဲ့ဝန်ထမ်းတွေဆီကို မေးလ်မပို့ခင် အမြဲတမ်း နှစ်ကြိမ်စစ်ဆေးပြီးမှ မေးလ်ပို့ပြီး ထို့သို့ပြုလုပ်ခြင်းဖြင့် ရလဒ်မှာ တစ်နှစ်ကို အလုပ်ချိန် ၁၁၀၀၀ သက်သာစေတယ်လို့ လေ့လာမူတွေ အရသိရပါတယ်။ အလုပ်တွေ ရူပ်တဲ့ အချိန်၊ အရူပ်တွေလုပ်တဲ့ အချိန်မှာ စိတ်တွေမြန်ဆန် ရူပ်ယှက်ခတ်နေတဲ့ အချိန်မှာ တစ်ခေါက်လောက်နဲ့ က မှားသွားနိင်ပြီး အချိန်တွေပိုကုန်လာနိင်တတ်လို့ပါပဲ။

နောက်တစ်ခုက စိတ်ရူပ်စရာ ဖိအားဖြစ်စေမဲ့အရာပါတဲ့ အီးမေးလ်တစ်ခုကို ပြန်စာ ပြန်လည် မပို့မီ အသက် (၃) ခါလောက် ပြင်းပြင်း
ရူပြီးမှ ပို့ခြင်းတွေလည်းပါဝင်ပါတယ်။ ဒါဟာ စိတ်ကို မရူပ်စေရန် ကြိုတင်ပြင်ဆင်ကာ အသိပေးတဲ့ စိတ်ပိုင်းဆိုင်ရာ psychological effect တစ်မျိုးလည်းဖြစ်ပါတယ်။

Smart Pro Journal

ရှက်စရာကြီး မို့လို့ပါ


မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံး နေတော်မူတဲ့ အချိန်ကာလ...
ရသေ့ အပါးငါးရာတို့ဟာ ဟိမ၀န္တာတောတွင် သီတင်းသုံးနေကြပါတယ်။ တစ်နေ့ ..နွေရာသီ
ကုန်ဆုံးလို့ မိုးရာသီမရောက်မီ စပ်ကူးကာလ အချိန်တွင် ရသေ့အပါးငါးရာတို့ ဒေသစာရီကြွချီရာ တစ်ခုသော လွင်ပြင်၌ အလွန့်အလွန် ကျယ်ပြန့်သော ညောင်ပင်ကြီးတစ်ပင်အောက်
ရောက်သွားပါတယ်။

အဲဒီ ညောင်ပင်ကြီးဟာ အလွန်စိမ်းလန်းစိုပြေပြီး ရသေ့အပါးငါးရာလုံး အဲဒီညောင်ပင်
ရိပ် ခိုနေလို့ ရပါတယ်။
အေး... စိတ်ချမ်းသာလိုက်တာ၊ အေးမြလိုက်တာ...။

ဝါတော်ကြီးတဲ့
ရသေ့က ငါ့ရှင်တို့ ဤညောင်ပင်ကြီးက သာယာဖွယ်ကောင်းလိုက်တာ၊ အရိပ်ကလည်း ကောင်း
လိုက်တာ၊ ဤ ညောင်ပင်ကြီးကို အစိုးရတဲ့ နတ်မင်းတော့ ရှိမှာပဲ။

အရပ်လေးမျက်နှာကိုကြည့်
ပြီး... ငါတို့ကလည်း ရေဆာလှပြီ၊ ဤ ညောင်ပင်နတ်စောင့်ကို ငါ့ရှင်နတ်မင်း ကျွန်ုပ်တို့ ရေဆာနေတယ်၊
ရေကိုပေးပါလို့ ရသေ့ကြီးက တောင်းလိုက်တဲ့အခါမှာ စမ်းချောင်းမှ ရေစီးဆင်းသလို ညောင်ပင်ကြီးက ချက်ချင်းပဲ ရေစီးဆင်းလာတယ်။ ရသေ့ငါးရာလုံး ရေကို ကိုယ်စီကိုယ်စီ သောက်သုံးပြီးတော့ ရေက အလိုလို ရပ်သွားတယ်။

ထပ်ပြီးတော့ ရသေ့ကြီးက တောင်းပြန်တယ်၊ ညောင်ပင်စောင့် နတ်မင်းကြီး ကျွန်ုပ်တို့
ရေမချိုးရတာ ကြာလှပြီ၊ ရေချိုးချင်ပါတယ်ဆိုတော့ ထပ်ပြီးတော့ ရေတွေပန်းထွက်လာတယ်။
ရသေ့ငါးရာလုံး အားရပါးရ ရေချိုးကြတယ်။ ရေချိုးလို့ပြီးတာနဲ့ ရေက အလိုလို ရပ်သွားတယ်။

ရေလည်း သောက်ကြရပြီ၊ ရေလည်း ချိုးကြရပြီ၊ အစာအဟာရ မစားရသေး။ ဒီတစ်ခါလည်းနတ်မင်းကြီး ကျွန်ုပ်တို့ အစာအဟာရ မစားသုံးရသေးပါ ကျွန်ုပ်တို့ကို (ထမင်း)အစာအဟာရ
ပေးပါလို့ ရသေ့ကြီးက တောင်းလိုက်တော့ ချက်ချင်း ညောင်ပင်ကြီးထဲက ထမင်းထုပ်တွေ
တစ်ပါးတစ်ထုပ်၊ တစ်ပါးတစ်ထုပ်နဲ့ လက်ခံယူလိုက်ရုံပဲ။ စားသုံးပြီး အပန်းဖြေကြတယ်။

ပြီး တော့မှ ရသေ့ကြီးက တန်ခိုးကြီးတဲ့ ညောင်ပင်စောင့်နတ်မင်း ... ငါတို့.. နတ်မင်းကြီးကို မြင်လိုပါတယ်၊
ငါတို့ကို ကိုယ်ထင်ပြပေးပါ။
ဒီတော့ ချက်ချင်းပဲ နတ်မင်းကြီးက ကိုယ်ထင်ပြတယ်။

ဟာ... အသင်နတ်မင်း ဘုန်း
တန်ခိုးကြီးလိုက်တာ.. အသင်နတ်မင်း အဘယ်အကြောင်းကြောင့်၊ အဘယ်ကုသိုလ်လုပ်ပြီး
ယခုကဲ့သို့ ဘုန်းတန်ခိုးကြီး ချမ်းသာရပါသလဲ ?။

ဒီတော့ နတ်မင်းကြီးက အရှင်ဘုရားတို့ မ
ပြောပြရပါစေနဲ့ဘုရား....၊ လက်အုပ်ချီပြီးတော့ တောင်းပန်တယ်။ ရသေ့ငါးရာတို့ကလည်း
အသင်နတ်မင်းကြီး ပြောသာပြောပါ။ နတ်မင်းကြီးကလည်း ... မပြောပြရစေနဲ့ .. ဘုရား၊
ရှက်စရာကြီး မို့လို့ပါ။

အဲဒီတော့ ရသေ့ကြီးက ပြောသာပြောပါ ကျွန်ုပ်တို့ သိချင်လို့ပါ။ နတ်မင်းကြီးကလည်း
မပြောပြရစေနဲ့လို့ သုံးကြိမ်တိုင်တိုင် ငြင်းပါတယ်၊ လေးကြိမ်မြောက်ကျတော့ .. ဒါဆိုလည်းပြောပြပါ့မယ်ဘုရား.. ။

ဘုရားတပည့်တော် .. နှစ်အနည်းငယ်ကလေးက သာသနာတော်ကြီး
ကို ပစ္စည်းလေးပါးထောက်ပံ့ပြီး ကိုးကွယ်တဲ့ အနာထပိဏ်သူဌေးကြီး ဆိုတာ ရှိပါတယ်ဘုရား။

အနာထပိဏ်သူဌေးကြီးရဲ့အိမ်မှာ တပည့်တော် (အလုပ်သမား)ကျွန်တစ်ယောက် ဖြစ်ခဲ့ပါတယ်
တပည့်တော် နေ့စဉ်အလုပ်မှန်မှန်လုပ်ပြီးမှ စားသောက်နေရပါတယ်ဘုရား။

ခြ
တစ်နေ့ . တပည့်တော် မနက်စောစော အိပ်ရာမှထပြီး အလုပ်ခွင်သို့သွားကာ အလုပ်
လုပ်ပြန်လာတော့ နေ မွန်းတည့်နေပါပြီ။ ဒီတော့ အနာထပိဏ်သူဌေးက ဟေး.. လုလင်လေး
ဒီနေ့ ဥပုသ်ရက် မေ့နေသလား..?။

အေးကွာ .. မင်းကို သတိပေးဖို့လည်း မေ့သွားကြတယ်။
မင်းအတွက် ထမင်းတွေ၊ ဟင်းတွေ အကုန်ချက်ထားတယ်၊ ညနေစာအတွက်ပါ ချက်ထားတယ်
မင်းကြိုက်သလိုစား...၊ အားလုံးက ဥပုသ်သီလစောင့်ကြတယ်။

ဒီတော့ .. တပည့်တော်လည်း ဥပုသ်စောင့်ပါ့မယ်ဆိုပြီး သီလယူဥပုသ်စောင့်ပါတယ်။
ပြီးတော့ သူဌေးမင်း .. ယနေ့ ရရှိသော လုပ်အားခကို ဘုရားအမှူးရှိသော သံဃာတော်များကို
လှူဒါန်းပါတယ်ဆိုပြီး တစ်နေ့တာလုပ်အားခကို လှူဒါန်းလိုက်ပါတယ်။
ညနေကျတော့ လေနာရောဂါ ထလာပါတယ်။
အဲဒီအချိန်မှာ အနာထပိဏ်သူဌေးကြီး
ရောက်လာပြီး စတုမဓူ စားသုံးပေးဖို့ ဆိုတော့ တပည့်တော်က သီလစင်ကြယ်အောင် သီလ
မညိုးနွမ်းအောင် စောင့်ထိန်းပါ့မယ် မစားသုံးလိုပါဆိုပြီး သီလကိုစင်စင်ကြယ်ကြယ်နဲ့ စောင့်
ထိန်းလိုက်ပါတယ်။

ည လေနာထပြီးသေတော့ ညောင်ပင်စောင့် ရက္ခစိုးဖြစ်လာပါတယ်။
တပည့်တော်ဟာ မကျိုးပေါက်သော နေ့တစ်ဝက်သီလ၊ အနည်းငယ်သော တစ်နေ့တာ
လုပ်အားခ ကောင်းမှုကုသိုလ်ကြောင့် ရေလိုရင်ရေ၊ မီးလိုရင်မီး၊ ရွှေလိုရင်ရွှေ၊ ငွေလိုရင်ငွေ
အစာအဟာရလိုရင် အစာအဟာရ .. ရပါတယ်ဘုရား။

ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း အနည်းငယ်သော ကောင်းမှု
ကုသိုလ်သည်ပင်လျှင် အကျိုးပေးကောင်းကြောင်း ကောင်းစွာ သိရှိနားလည်ကြပြီး မိမိတို့
ကောင်းမှုကုသိုလ် ပြုလုပ်တိုင်း ကိုယ်စီကိုယ်ငှ အသိဉာဏ် သတိဖြင့်ပြုလုပ်ကြကာ ဘ၀မြင့်သ
ထက်မြင့်အောင် ကျင့်ကြံနိုင်ပြီး မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။

{ ၁၃၇၄ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပုလဲမြို့သစ်၊ ရတနာမာရ်အောင်
တောရဓမ္မရိပ်သာ၌ မြောက်ဦးဆရာတော် ၀န၀ါသီ အရှင်ဝါယာမိန္ဒ ဟောကြားသော
“ မထီမဲ့မြင် မပြုနှင့် ” တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }

သံသရာနယ်ချဲ့တရား ပပဉ္စတရား (၃)ပါး


တဏှာ…
ငါ့ဥစ္စာဟု၊ စွဲမှုဖြစ်အင်၊
လောဘနဲ့လည်း၊ တပ်စွဲသူခင်၊
လောဘကင်းမှ၊ လွတ်ရပါယ်ခွင်၊
လူ့ဘ၀ ရကြတော်မည်ထင်။

မာန…
ငါသာအမြတ်၊ ငါတတ်သည်သာ၊
ဒါကလည်းပဲ၊ မာနစွဲပါ၊မာနစွဲပြုတ်၊
အဟုတ်ချမ်းသာ၊ ပါယ်လေးဝ
လွတ်ရသံသရာ။

ဒိဋ္ဌိ…
ငါ့သား ငါ့မယား၊ စီးပွားဥစ္စာ၊
အတ္တဒိဋ္ဌိ၊ စွဲငြိလို့သာ၊
သက္ကာယလည်း၊ သူပဲမည်တာ၊
အနတ္တ၊ ရှုကြဖန်ခါခါ၊
အတ္တကင်း၊ လွတ်ရှင်းပါယ်လေးရွာ၊
နောက်ဘ၀ ရောက်ရထက်ဘုံသာ။
ဤသို့ကောင်းမှု အကြောင်းပြု၊
ပေါင်းစုအမျှဝေ၊၀မ်းမြောက်စွာပြု၊
မြတ်ကောင်းမှု
သာဓု၊ သာဓု၊ သာဓုခေါ်နိုင်စေ။
နတ်ရွာသုဂတိ၊ နိဗ္ဗာန်ထိ ရရှိကြပါစေ။

(အရှင်ဇနက )

ငါ ရှိသည်ဟူသော အတ္တအစွဲကြောင့်
ငါပိုင်အတ္တနိယများဖြစ်ပေါ်လာသည်။
ငါ နဲ့ ငါပိုင်များ ရစ်ပတ်ထားခြင်းများကို
သံယောဇဉ်ကြိုးများလို့ခေါ်တယ်။

ငါ သည် ယုံချင်သည့် ကလေး ဘ၀မှစ၍
ဖြစ်သော အစွဲသာဖြစ်၍ ဒိဋ္ဌိသည်
စိတ်၌ရှိသော အမှန်တရားဖြစ်သည်။

ငါ ပိုင်သည် ဟု ထင်နေခြင်းမှာ
တပ်မက်သည့်လောဘ(တဏှာ)ကြောင့်
ဖြစ်သည်။ ထိုလောဘသည်လည်း
သဘာဝအမှန်ဖြစ်သည်။

ထို ငါပိုင်ဝတ္ထု ပုဂ္ဂိုလ်အရည်အချင်းများ
အပေါ် အခြေခံပြီး ငါ က အခြား
ပတ်ဝန်းကျင်နှင့် နှိုင်းယှဉ်တတ်သည်။
ထိုသည်မှာ မာန ဖြစ်သည်။
ထိုမာနသည်လည်း သဘာဝ
အမှန်တရားဖြစ်သည်။

ထိုသုံးမျိုးသောတရားဖြင့် ပုထုဇဉ်များ
သံသရာဘ၀ခရီးကို မနားတမ်း
လျှောက်နေရဦးမည်။ ပြီးတော့ ထိုတရားများ
အစဉ်တိုးပွားနေဦးမည်။

ထို့ကြောင့် သံသရာကိုချဲ့သော
တရားသုံးပါးလို့ခေါ်သည်။ အ၀ိဇ္ဇာက
ထိုသုံးခုက လျှောက်နေတယ်လို့ မမြင်ဘူး။
ငါလျှောက်နေတယ်လို့မြင်နေတဲ့
အ၀ိဇ္ဇာ နဲ့ တဏှာဖုံးနေတာကို
သံသရာလည် ခြင်းရဲ့ အကြောင်းရင်းလို့
ဆိုပါသည်။

(ဆရာကြီး ဦးဌေးအောင်၏ စာအုပ်မှ)

ဒိဋ္ဌိနှင့်ပတ်သက်၍
လွယ်ကူစွာမှတ်သားမယ်ဆိုလျှင်

ဒိဋ္ဌိမကွာ၊ ပုဂ္ဂိုလ်မှာလျှင်…..
လူတွင်စကြာ၊ နတ်မှာသိကြား၊
မိုးဖြားဗြဟ္မာ၊ ဖြစ်တုံပါလည်း၊
ခန္ဓာပြိုကွဲ၊ ကုသိုလ်စဲက၊
ဖောက်လွှဲပယ်ရွာ၊ ရောက်ပြန်ကာတည့်။
(မဃဒေ၀လင်္ကာ)

ဗြဟ္မာပြည်မှ ကုသိုလ်စဲ၍ တဖန်အလှည့်
ဝက်တိရစ္ဆာန်ဖြစ်ရသည့် ဘုရားဟော
ပါဋ္ဌိတော် ရှိပါသည်။

ဘယ်လိုပင် ဘုန်းတန်ခိုး ကြီးမားလင့်ကစား
ဒိဋ္ဌိမကွာ ပုထုဇဉ်တို့မှာ သံသရာ ၀ဲဂယက်
အဖန်ဖန်လည်၍ ဋ္ဌာနေဟောင်း
လေးဘုံပါယ်ရွာကိုပဲ အခေါက်ခေါက်ခါခါ
ရောက် ရမှာပါပဲ။

သံသရာနယ်ချဲ့သည့် ဤတရား(၃)ပါးမှာ
အင်မတန်မှ ကြောက်ရွံ့စရာပါ။ ငါ စွဲဒိဋ္ဌိ
တွေတော့ ကင်းအောင်၊ ပါးအောင်
ကြံဆောင်မှ သင့်ပေတော့မည်။

ငါ အစွဲကြီး(၄)မျိုး

(၁) အတိသြဠာရိက အတ္တဒိဋ္ဌိ
(အလွန်ကြမ်းသည့် ငါစွဲ)
ထိုအစွဲရှိသူများသည် မိမိအကျိုးအတွက်
အများသူငါအား အညှာအတာကင်းမဲ့စွာ
ရက်စက် သတ်ဖြတ် ညဉ်းဆဲတတ်သည်။

(၂) သြဠာရိကဒိဋ္ဌိ
(ကြမ်းတမ်းသည့် ငါစွဲ)
ထိုအစွဲရှိသူများသည် အထက်ကလို
မဟုတ်သော်လည်း စီးပွားရှာရာ၊
အခြားကိစ္စများ၌ မိမိ
အကျိုးကိုသာကြည့်သူများဖြစ်သည်။

(၃) သုခုမအတ္တဒိဋ္ဌိ
(သိမ်မွေ့သည့် ငါစွဲ)
ဗုဒ္ဓဘာသာအပါအ၀င် ဘာသာအဆုံးအမကို
လိုက်နာသူများတွင် ထိုအစွဲရှိကြသည်။
လူ အချင်းချင်း ညှာတာထောက်ထား၍
စဉ်းစားတတ်၏။
အတ္တက နူးညံ့သိမ်မွေ့ခြင်းမဟုတ်။
ဘာသာရေးက သင်ပေးသောကြောင့်
ကိုယ်၊နှုတ်အမူအရာနူးညံ့
သိမ်မွေ့ခြင်းသာဖြစ်သည်။

(၄) အတိသုခုမ အတ္တိဒိဋ္ဌိ
(အလွန်သိမ်မွေ့သည့် ငါစွဲ)
ဗုဒ္ဓဘာသာမှာသာ ရှိပါသည်။
ငါ အစွဲသည်
စွဲမြဲယုံကြည်ထားခြင်းသာဖြစ်သည်။
ငါ အစွဲရှိလျှင် အမှန်တရားကို မသိနိုင်ဘူး။
ထို့ကြောင့် စကားအဖြစ်သာမဟုတ်။
လက်တွေ့ကျင့်ကြံအား ထုတ်၍ ငါ
အစွဲပျောက်ရန် ကြိုးစားနေသူများ၌
ထိုအစွဲရှိပါသည်။

မဃဒေ၀ လင်္ကာ မှာတော့
ဤသို့မှတ်သားထားမိပါသည်။

ကာမတဏှာ၊ ရုန့်ရင်းစွာဖြင့်၊
ကိလေသာအမိုက်၊ နွားနှယ်လိုက်၏၊
စရိုက်ကျင့်တန်၊ တိရစ္ဆာန်နှင့်၊
သဏ္ဍာန်သာပြား၊ ကျင့်မခြားဘူး၊
ဆိုးဝါးယုတ်မာ၊ ကာမရွာသည်၊
ချမ်းသာညစ်ကျိ၊ ညစ်ကြေးတည်း။

ပဋိစ္စသမုပ္ပါဒ် နည်းမှာတော့
ဝေဒနာ ပစ္စယာ တဏှာ။
ဝေဒနာ(ခံစားမှု) အရ
လောကီဝိ ပါက်စိတ်နှင့်ယှဉ်သော
ဝေဒနာစေတသိက်ဖြစ်ပါသည်။

တဏှာအရ လောဘမူစိတ်(၈)ပါး၌ ရှိတာ
လောဘစေတသိက်ဖြစ်သည်။
ဝေဒနာ(၆)ပါးကြောင့်ဖြစ်သော
တဏှာတွေက ရူပတဏှာ စသည့်
အာရုံ(၆)ပါး၌ ဆိုင်ရာကို
နှစ်သက်သာယာသွား၏။

ရူပတဏှာကတော့ ရူပါ ရုံကို
နှစ်သက်သာယာ၏။

တဏှာ ပစ္စယာ ဥပါဒါန။
တဏှာကတော့ အထက်ပါ(၆)မျိုးပေါ့။

ဥပါဒါန်
(ပြင်းထန်စွာစွဲလန်းသော တဏှာလောဘ) မှာကျတော့
ကာမုပါဒါန်
(ကာမဂုဏ်တို့၌စွဲ လန်းခြင်း)၊ ဒိဋ္ဌိုပါဒါန်
(ဖောက်ပြန်သောအယူတို့၌စွဲလမ်းခြင်း)၊
သီလဗ္ဗ ထုပါဒါန
(သီလအလေ့အ ကျင့်)၊ အတ္ထ၀ါဒုပါဒါန်
(ငါ၏ကိုယ်ဟုထင်မှတ်စွဲလန်းခြင်း) ဆိုပြီး
ရှိပါသည်။

ဥပမာ- ကာမုပါဒါန်
(ကာမဂုဏ်၌ ပြင်းထန်စွာ စွဲလန်းသော
တဏှာလောဘ) မှာ အကြောင်းရင်းက
တဏှာ၊ အကျိုး ကတော့ ကာမုပါဒါန်
ဖြစ် သွားတာပေါ့။ ဘယ်အရာပဲဖြစ်ဖြစ်
စွဲလန်းရင် ဘေးဖြစ် တတ်တဲ့
သဘောရှိပါတယ်။ ငါစွဲဒိဋ္ဌိ အပေါ်မှာ
ငါ့ဥစ္စာ၊ ငါ့ပစ္စည်း၊ ငါ့ဟာဆိုပြီး
လောဘစိတ်ဖြင့် ထပ်ပြီးစွဲလမ်းတော့
အဘယ်မှာ အပါယ်ရွာက
လွတ်ရာငြိမ်းပါတော့မည်နည်း။

မာနဆိုတာကတော့
မစိုးရိမ်ဆရာတော်ဘုရားကြီးက
မာနဟာ ကြွခြင်းလက္ခဏာရှိပြီး
ကျခြင်းလျှင် အဆုံးရှိ၏ လို့
ဟောကြားထားတာဟာ မှတ်သားစရာပါပဲ။

မရှိလည်း မာနတက်တယ်၊
ရှိတော့လည်း မာနတက်တယ်။

ပညာမာန၊ဆွေဂုဏ်မျိုးဂုဏ်မာနတွေ
ထားကြရင်းမှ အာဃာ တတရားတွေ
နာကြည်းချက်တွေ ဂလဲ့စားတွေနဲ့
အထပ်ထပ်ရစ်ပတ်နေတော့ ဘယ်မှာ
သံသရာဆုံးတော့မလဲ။

ဒါက မြင်သာနေသေးတာပေါ့။
မာနရဲ့သဘောက တရားထိုင်နေရင်းနဲ့
ငါထိုင်နိုင်တယ်ဆိုတဲ့
မာနရှိနေတတ်သေးပါတယ်။

တရားရှုလို့ကောင်းလိုက်တာဆိုတာက
တဏှာ၊ ငါရှုနေတယ်ဆိုတာက ဒိဋ္ဌိ၊
ငါရှုနိုင်တယ်ဆိုတာက မာန ဖြစ်နေပြီတာ
အထူး သတိပြုစေလိုပါသည်။

နောက်ဆုံး ကျဆုံးခြင်းမှာပဲ
အဆုံးသတ်တာပါပဲ။
ဤတရား(၃)ပါးဟာ
ကြီးကြီးလည်းမကောင်းဘူး၊
သေးသေးလေးလည်းမကောင်းပါဘူး။
အသေးဖွဲကအစ အလေး
အနက်ထားဆောင်ရွက်စေလိုပါသည်။

ဤ ပပဉ္စတရားတရားမှ ကင်းရင်တော့
သောတပန်ဂုဏ်ရည်နှင့် ပြည့်စုံနေမှာပါပဲ။
ဤကဲ့သို့ ပြည့်စုံဖို့ ထို သံသရာကို
ချဲ့ထွင်တတ်သောတရားကြောင့်ဆိုတာ
သိနေသလို၊ အကြောင်းရင်း ကို ရှာရမယ်၊
သံသရာ လွတ်မြောက်ရာ
လမ်းဆိုတာရှာရမယ်။ ဒါမှ
သံသရာချုပ်ငြိမ်းရာကို ရောက်မယ်။
ဤဒုက္ခသစ္စာကြီးမှ ကင်းလွတ်မယ်။

ဆရာကောင်းနှင့်တွေ့၍ သံသရာမှ
လွတ် မြောက်ရာ လမ်းကို
ရှာဖွေတွေ့ရှိနိုင်ပါစေ။

ဓမ္မအလင်းရောင်

ရေးမိရေးရာလေးများ မှ ကူးယူသည်။

ရုပ်ပွားဆင်းတု ကိုးကွယ်နည်း


ဓမ္မဒူတ အရှင်ဆေကိန္ဒဆရာတော်က
ရုပ်ပွားဆင်းတုကိုးကွယ်မှုနဲ့ ပတ်သက်၍
ဤသို့မိန့်တော်မူပါသည်။

အကျိုးကျေးဇူးတွေရလာအောင် ဘုရားကို
ကြည်ညိုတတ်ကြတယ်။ အဲဒီလို ကြည်ညို
တော့ ဒီပုံဆိုရင်တော့ အန္တရာယ်ကင်းမယ်။
ဒါနဲ့ ထုထားရင်တော့အန္တရာယ်ကင်းမယ်
ဆိုပြီးတော့ အဲဒီလို
ကြည်ညိုတတ်ကြတာပဲရှိတယ်။

ဒီအသားနဲ့ထုရင်၊ ဒီပုံထုရင်တော့
လာဘ်လာဘတွေ ပေါမယ်ဟေ့၊
စီးပွားဥစ္စာတွေတတ်တယ်ဟေ့ ဆိုပြီးတော့
ကြည်ညိုတတ်ကြတာတွေ ရှိပါတယ်။

အဲဒီလို ကြည်ညိုတဲ့သဒ္ဓါတရားကို
ပြန်ကြည့်ပါ။ အန္တရာယ်ကင်းအောင်၊
အန္တရာယ်တွေမလာရအောင်လို့၊
ဟာ....ဒက္ခိဏသာခါဆိုရင်
မီးကွင်းတယ်ဟေ့၊ ဘာအသားဆိုရင်
ဘယ်လို ဖြစ်တယ်ဟေ့၊
ရေဆန်သားဆိုရင် ဘယ်လိုဟေ့
စသည်အားဖြင့် အန္တရာယ်တွေ
ကင်းအောင် ကိုးကွယ်တယ် ဆိုတာက
ကြောက်တဲ့ ဒေါသပါနေတယ်။

အန္တရာယ်ကင်းအောင်လို့
ကိုးကွယ်တာထက်
ကိုးကွယ်ရင် အန္တရာယ်ကင်းတယ်ဆိုတဲ့
အသိချင်းက ကွာသွားပြီ။

အန္တရာယ်ကင်းအောင် ကြောက်လို့
ကိုးကွယ်တယ် ဆိုရင်တော့
အဲဒီ သဒ္ဓါတရားက အားနည်းသွားတယ်။
အစစ်လည်း ဖြစ်ခဲတယ်။

နောက်တစ်ခုက
အကျိုးစီးပွားတွေဖြစ်အောင်လို့
ကိုးကွယ်တယ် ဆိုပြန်တော့လည်းပဲ
ဘာတွေရောတတ်သလဲဆိုတော့
လောဘ ရောတတ်တယ်။

ဟာ .. ဘုရားကို ဒီလိုပုံလေးထုမှ
လာဘ်လာဘတွေ ရွှင်တယ်ဆိုရင်
အဲဒီအတိုင်း လိုက်လုပ်ကုန်ရော။
အဲဒီအတိုင်း လိုက်လုပ်တော့
ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့
လက္ခဏာတော်ကြီးငယ်တွေ
အကုန်ပျောက်ကုန်ရော။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့
လက္ခဏာတော်ကြီးငယ်တွေနဲ့
တူအောင်လို့ဆိုတာတကယ့်ကို
သဒ္ဓါတရားနဲ့ ပုံတော်ကို
ကြည်ညိုတဲ့နေရာမှာ စိတ်ထဲကကို
ဘုရားရှင်ကိုယ်တော် မြတ်ကြီးကို
လက္ခဏာတော်ကြီးငယ်တွေနဲ့
ဒီလိုပုံ ဒီလိုပုံလို့ သိလေလေ၊
ပိုပြီးတော့ သဒ္ဓါကတက်လေလေပါပဲ။

သဒ္ဓါက တက်လာတော့ ဦးပဉ္စင်းတို့
စောစောကပြောသလို
ဘုရားဆင်းထုတော်ကို ရွေးတယ်၊
ရွေးတယ်ဆိုတဲ့ သဒ္ဓါတရားက
တကယ့်သဒ္ဓါတရား မဟုတ်သေးပါဘူးတဲ့။

တကယ့်သဒ္ဓါတရားအစစ်ကျတော့
ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့
လက္ခဏာတော် ကြီးငယ်တွေကို
အာရုံပြုတတ်တယ်။

လက္ခဏာတော်ကြီးငယ်တွေကို
ဘာကြောင့် အာရုံပြုတတ်တာလဲ
ဆိုတော့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့
အသားအရေတွေ၊ ဘုရားရှင်
ကိုယ်တော်မြတ်ကြီးရဲ့ ခြင်္သေ့မင်းကဲ့သို့
ရင်ဘတ်တော်တွေ၊ အဲဒါတွေကို
မြင်လိုက် တွေ့လိုက်ရတာနဲ့
ဘုရားရှင်ကိုယ်တော်မြတ်ကြီး
ဖြည့်ဆည်းခဲ့တဲ့ ပါရမီတွေအထိ
သွားမြင်တယ်။

{ မင်းနန်(မော်ကျွန်း)၏
ဆရာတော်ကြီးများ၏
သြ၀ါဒတော်များပေါင်းချုပ်မှ
ထုတ်နုတ်ရေးသားပူဇော်ပါသည်။ }

Credit to Thein Wai.