ဘဝများစွာ သံသရာက
စွဲလာသမျှ
သက္ကာယကို ခုမှတစ်ဖန်
ပြောင်းပြန်လှန်၍ အမှန်ကိုပြော
ဘယ်သို့ဟောလည်း
သဘောမပေါက်
ငါးပါးမှောက်၍ ငါးပေါက်မှားက
တရားမတွေ့ ပြကတေ့ခန္ဓာ
ဓါတ်သဘောကို
ငါမြင်ငါကြား ငါနံစားသည်
ငါကားတွေ့ထိ အသက်ရှိဟု
မျက်လှည့်ပမာ လှည့်စားရာသို့
မကွာလျင်ဆော တွေဝေမောသည်
အပြောရခက်လှချည်တကား။
(မိုးကုတ်ဆရာတော်ဘုရားကြီး)
Dhamma friend,Aung Lin Naing
တင်သောpostကိုshare၍ဓမ္မဒါနပြုပါ
သည်။
Credit to Dawaye Thein
……………………………………
ဘယ်မှာ `ငါ´ ဟုရှိအံ့နည်း
*******************
လောကဇာတ်ခုံ ဤလူ့ဘုံ၌
မျိုးစုံကကြ မာန်မာနဖြင့်
ငါကရာဇာ ငါဟာသူဌေး ငါပဂေးဟု
---ငါသွေးတက်ကြွ လူ့ဗာလတို့
များလှဖြာဖြာ အဝိဇ္ဇာနှင့်
တဏှာဘီလူး အမှောင့်ပူး၍
ကျူးကျူးကျော်ကျော် ဂုဏ်ကိုဖေါ်လျှက်
မော်မော်မောက်မောက်ငါတယောက်သာ
မိုးအောက်တလွှား ရွှေကိုယ်လားဟု
တမင်မှားလွဲ သို့စဉ်စွဲလည်း
ဇာတ်ပွဲပြီးက ပြေဖုံးချသော်
သုဘရာဇာ မြေအောက်မှာပင်
ဘာသာလူမျိုး ချိန်မထိုးပဲ
ပုပ်သိုးခန္ဓာ မြှုပ်ရရှာသည်
ဘယ်မှာ ငါ ဟုရှိအံ့နည်း။
(မိုးကုတ်ဆရာတော်ကြီး)
Credit to Kyaw Soe Moe.
No comments:
Post a Comment