ဖြေ ။ ။ ကုသိုလ်တရားအတွက် ဒါနကုသိုလ်က အလှူခံပုဂ္ဂိုလ်၊ လှူဖွယ် ၀တ္ထုကိုအာရုံပြုပြီး ပေးလိုတဲ့စေတနာနဲ့ လှူရတယ်။ သီလကုသိုလ်က စောင့်ထိန်းစရာ ရှောင်ကြဉ်စရာတွေကို အာရုံပြုပြီးကိုယ်နဲ့နှုတ်ကို စောင့်ထိန်းရတယ်။ သမထ ကုသိုလ်က ကသိုဏ်း နိမိတ် ပညတ်အာရုံကို အာရုံပြုပြီးတည်ကြည်မှု သမာဓိအားကောင်းအောင် သတိနဲ့ကြည့်ရတယ်။
ဝိပဿနာ ကုသိုလ်က ဖြစ်တိုင်းဖြစ်တိုင်း ထင်ရှားတဲ့ ရုပ်နာမ်အာရုံကို အမှန်အတိုင်းသိအောင် ကြည့်ရတယ်။ ရုပ်အာရုံက နာမ်အာရုံထက် သိသာထင်ရှားတယ်။ များသောအားဖြင့် ရုပ်ကိုသာစပြီးအာရုံ
ပြုရှုပွားနိုင်တယ်။ ရုပ်သဘောတွေကလည်းခြေဖျားကနေ ဆံဖျားတိုင်အောင် ကိုယ်တစ်ကောင်းလုံးမှာ ရှိနေကြတယ်။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ ဒါတွေဟာလည်း ရုပ်တရားတွေပေါင်းစပ်ထားတာ
ပါ။ ဒါတွေနဲ့ ဆက်စပ်ပြီး ထိတွေ့လာတဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ဆိုတာတွေကလည်း ရုပ်တရားတွေပါဘဲ။
ရုပ်တရားတွေ အားလုံးရှုစရာတွေမို့ ရှုပါဆိုပေမယ့် စပြီး အားထုတ်သူ အတွက်ကတော့ သိပ်မလွယ်သေးပါဘူး။ အခြေခံသဘောကို လောကဥပမာနဲ့ပြောရရင် ဈေးသည်မျိုးရိုးမိဘတွေဟာ သားသမီးတွေကို ဈေးရောင်း ဈေးဝယ်ပညာတွေ လက်ဆင့်ကမ်း သင်ပေးတတ်ကြတယ်။ မိဘတွေမှာ ဈေးဆိုင်တွေကုန်တိုက်တွေအများကြီးပိုင်ထားပါတယ်။ အမျိုးအစားအနေနဲ့ကတော့ ၀ယ်သူအလာနည်းလွန်းတဲ့ ဆိုင်ကတစ်မျိုး
နောက် ရောင်းသူ ၀ယ်သူများပြားလွန်းလို့ ရှုပ်ယှက်ခတ်ပြီး လက်မလည်အောင် ရောင်းရတဲ့ဆိုင်ကတစ်မျိုး ပုံမှန်ရောင်းဝယ်နေရတဲ့ ဆိုင်ကတစ်မျိုးလို့သုံးမျိုးရှိတယ်။
မိဘတွေက သားသမီးတွေကိုဘယ်ဆိုင်မှာစပြီးသင်ပေးမလဲ၊ ပုံမှန်ရောင်းရတဲ့ဆိုင်မှာဘဲ သင်ပေးမှာပေါ့ မရောင်းရတဲ့ဆိုင်မှာ သင်ပေးရင်ပညာတတ်ဖို့မလွယ်ဘူး။ လက်မလည်အောင် ရောင်းရတဲ့ဆိုင်မှာကရောင်းသူဝယ်သူရှုပ်လို့ ဈေးသည်အလုပ် စသင်ဖို့ကလည်း မလွယ်ကူဘူး။ ဒါကြောင့် ပုံမှန်ဆိုင်မှာ စသင်ပေးရ
တာအကောင်းဆုံးပဲ။
တရားစပြီး အားထုတ်တဲ့သူတွေအတွက်လည်း ပုံမှန်ထင်ရှားတဲ့ သဘောကို မူလကမ္မဋ္ဌာန်းအာရုံအနေနဲ့ ထားပေးရတာ အကောင်းဆုံး စသင်ရတဲ့အာရုံနေရာပဲ။
ခလုပ်တိုက်လို့နာတာ၊ကျောအောင့်တာ၊ခြေထောက်ကျင်တာ၊ လက်မောင်း လှုပ်တာ၊ ဗိုက် အောင့်တာ၊ ရင်ဘတ်ယားတာဆိုတဲ့ ဒီသဘောတွေဟာရုပ်တရားတွေပါ။ ရုပ်မှန်သမျှ ရှုရတယ်ဆိုပေမယ့် ဒီသဘောတွေက တစ်ခါတစ်လေမှ ထင်ရှားတာဖြစ်လို့ စပြီးရှုရင် အဆင်မပြေတတ်ပါဘူး။
မျက်စိ ဖွင့်ထားလို့ မြင်သမျှ အဆင်းတွေ၊ နားသကြားနေရတဲ့ အသံမျိုးစုံတွေ ဒါတွေဟာရုပ်တရားတွေပါ။ ဒါပေမယ့် များပြားလွန်းတော့ စပြီး ရှုဖို့မလွယ်ပါဘူး။ နာမ်တရားလို့ခေါ်တဲ့စိတ်က စဉ်းစားနေတာတွေ၊ ကြံစည်နေတာတွေ၊ သိနေတာတွေဟာလည်း အရှုခံ နာမ်တရားတွေ ဖြစ်ပေမယ့် လျင်မြန်များပြားလွန်းလို့ စရှုဖို့ မလွယ်ပါဘူး။
ဒါကြောင့် ပုံမှန် ရှုသွင်း ရှုထုတ်လုပ်နေတဲ့အသက်လို့ခေါ်တဲ့ လေဓါတ် လေဓါတ်ရဲ့ ၀င်တဲ့ ထွက်တဲ့ တိုးမှု၊ ထိမှု၊ လှုပ်၊ ခုန်၊ အေး၊ နွေး၊ တင်း၊ လျော့ဆိုတဲ့ တစ်မျိုးလေး ဖြစ်မှု ရုပ်သဘောကိုစပြီးကြည့်ရပါတယ်။ တချို့က နှာသီးဝမှာ ထင်ရှားတယ်။ နှာခေါင်းရှည်ရင်ပေါ့။ တချို့ကနှုတ်ခမ်းဖျားမှာထင်ရှားတယ်။ အာခေါင်၊ လည်ချောင်း၊ ရင်ဘတ်၊ နှလုံး၊ ၀မ်းဗိုက်နေရာ အမျိုးမျိုးမှာထင်ရှားတယ်။ ထင်ရှားတဲ့နေရာတိုင်းမှာ ရှုကြည့်လို့ ရပါတယ်။ တစ်နေရာတည်းမှာပဲကြည့်ရမယ်လို့ မဆိုလိုပါဘူး။
များသောအားဖြင့် နှာသီးဝ၊ နှုတ်ခမ်းဖျားတိုးထိမှုကို အသိများပါတယ်။ ရုပ်သဘောကို သတိထားကြည့်တဲ့အခါ နေရာဒေသ ကွယ်ပျောက်ပြီး ထိမှု တိုးမှု စတဲ့ ရုပ်သဘောတွေကိုသာ သတိထားကြည့်တဲ့အခါ နေရာဒေသ ကွယ်ပျောက်ပြီး ထိမှု၊ တိုးမှုစတဲ့ ရုပ်သဘောတွေကိုသာ သိဖို့အရေးကြီးပါတယ်။
တကယ်လို့ အရောင်းအ၀ယ် တတ်သွားကြရင် သားသမီးတွေကို မိဘတွေဟာ ကိုယ်ပိုင်တဲ့ ဆိုင်တွေ၊ ကုန်တိုက်တွေအားလုံးကို ဦးစီး ရောင်းခိုင်းမှာပါ။ တရားမှာလည်း အားထုတ်တတ်ပြီဆိုရင်
တစ်ကိုယ်လုံးမှာရှိနေတဲ့ ဘယ်ရုပ်တရားကိုပဲဖြစ်ဖြစ်။ စိတ်နဲ့ စပ်ဆိုင်တဲ့ ဘယ်နာမ်တရားကြိုဖစ်ဖြစ် ရှုရမှာ၊ ရှုနိုင်ရမှာပါ။
ထိုင်ဆိုတာက မိမိရဲ့အလုပ်၊ ၀ါသနာ၊ အလေ့အကျင့်ပေါ်မူတည်ပါတယ်။ ဆေးလိပ်လိပ်သူတွေ စက်ချုပ်သူတွေက ထိုင်ပြီးအားထုတ်ရင်သင့်တော်
သလို၊ ကျူရှင်ဆရာတို့ သွားစိုက် ဆရာဝန်တို့က မတ်တပ်ရပ် အားထုတ်ရင် ပိုကောင်းနိုင်ပါတယ်။ ခေါင်းရွက်ဗျတ်ထိုးဈေးသည်၊ ခြေထော်ကလှုပ်ရှားပြီး နင်းနေရတဲ့ ဆိုက်ကား သမားတွေဟာ လမ်း
လျှောက်တဲ့ စကြံလျှောက်တာနဲ့ ကိုက်ညီပါတယ်။ ကျန်းမာရေး မကောင်းသူ၊ ကိုယ်အင်္ဂါအားနည်းသူ၊ အသက်အရွယ်ကြီးသူတွေက လှဲလျောင်း အနားယူပြီး အားထုတ်တာပိုအဆင်ပြေနိုင်ပါတယ်။
တရားပြတဲ့ ဆရာသမားက တနေရာထဲမှာ ဣရိယာပုတ် အမူအရာ တစ်မျိုးတည်းကိုပဲ နည်းတစ်ခုတည်းနှင့် ငါခိုင်းသလိုလုပ်ဆိုပြီး မညွှန်သင့်ပါဘူး။ ဆရာကိုယ်တိုင်ကလည်းယောဂီကိုယ်ညီမှာ၊ ဘာ
နဲ့သပ္ပါယမျှတမယ်ဆိုတာ သေချာမသိနိုင်ပါဘူး။ အားလုံးလည်း ရပ်၊ ထိုင်တာ ယောဂီ အားလုံးလည်းထိုင်စတဲ့ သဘောမျိုးမဖြစ်သင့်ပါဘူး။
ဖြစ်သင့်တာကတရားကိုနည်းမျိုးစုံညွှန်ပြယောဂီက အမူအယာ ဣရိယာပုတ် အမျိုးမျိုးကို အားထုတ်ကြည့်ပြီး မိမိနဲ့ သင့်တော် မျှတတဲ့ သတိကောင်းအသိဉာဏ်တိုးလွယ်တဲ့ ဣရိယာပုတ်နဲ့ အားထုတ်ရမှာပါ။
ဓမ္မဒူတအရှင်ဆေကိန္ဒ
ဝိပဿနာသင်တန်းအမေးအဖြေများ-၁။
No comments:
Post a Comment