Saturday, April 19, 2014

ခရစ်တော်သည် အရိမိတ္တေယျ ဘုရား၏ အလောင်းတော် ဖြစ်သည်ဟူသောစကား မှန်ပါသလော။


ခရစ်တော်၏ ဟောပြောချက်များသည် ဗုဒ္ဓ၏
ဟောပြောချက်များနှင့် အဘယ်ကြောင့်ဆင်တူ
သနည်း။ ခရစ်တော်သည် အရိမိတ္တေယျဘုရား
၏အလောင်းတော်ဖြစ်သည်ဟူသောစကားမှန်
ပါသလော။

မေးမြန်းသူ။ ။ ခရစ်ယာန်ဘုန်းတော်ကြီး ဂျေ၊
ဝစ်(လ်)ဆင်၊ အယ်(မ်)အေ( အောက်စဖို့တက္က
သိုလ်) ဘုံဘိုင်မြို့ အက်လီဖင်စတုံးကောလိပ်
ကျောင်း၊ အင်္ဂလိပ်ဘာသာ ပါမောက္ခ။
ဖြေဆိုသူ။ ။ ဆရာတော်အရှင်အရိယဓမ္မ။

ဆရာတော်။ ချစ်ခင်သနားစိတ် ထားရှိရေး၊ ကရု
ဏာတရား ပွားများရေး၊ သီးခံရေး၊ အပြစ်မှ ခွင့်
လွှတ်ရေးစတဲ့အရေးကိစ္စတို့နဲ့ပတ်သတ်ပြီး ခရစ်
တော်ဟောပြောထားတဲ့တရားများဟာ ဗုဒ္ဓကိုယ်
တော်မြတ် ကိုယ်တိုင် ဟောပြောတော် မူခဲ့တဲ့
တရားတော်များနဲ့ဆင်တူပါတယ်။ ဒါပေမယ့် ဒီ
လိုဆင်တူသလိုလိုရှိတာနဲ့ ခရစ်တော်ဟာ အရိ
မိတ္တေယျအလောင်းတော်ဖြစ်တယ်ဆိုတဲ့စကား
ကတော့ အကြောင်းအကျိုးဆက်စပ်မှုသဘော
တရားနဲ့ ကန့်လန့်ဆန့်ကျင်ဖြစ်နေတယ်။ အဲဒီ
တော့ ဒီအယူအဆကိုဖယ်ရှားပစ်ရန်ဦးဇင်းက
အမေးပုစ္ဆာအချို့ကို မေးဖို့လိုပါလိမ့်မယ်။ အဲဒီ
အမေး ပုစ္ဆာတွေကိုတော့ ဒကာကြီးက ဖြေဆို
စေလိုပါတယ်။

ဆရာတော် ။ ဘယ်အရွယ်မှာ ခရစ်တော်ဟာ
ရေဟူဒီလူမျိုးတို့ရဲ့ဘုရားကျောင်းမှ ထွက်ခွါပြီး
ပျောက်ကွယ်သွားပါသလဲ ဒကာကြီး။

ဝစ်လဆင် ။ ခရစ်တော်ဟာ ၁၂ နှစ်အရွယ်မှာ
ရေဟူဒီလူမျိုးတို့ရဲ့ ဘုရားကျောင်းမှ ထွက်ခွါပြီး
အမိအဘတို့ကိုစွန့်ခွါသွားပါတယ်။

ဆရာတော် ။ ခရစ်တော်ဟာ ဘယ်အရွယ်မှာ
စပြီးတရား ဟောသလဲ။

ဝစ်လဆင် ။ ခရစ်တော်ဟာသူ့ရဲ့တရားဓမ္မတွေ
ကိုသက်တော် ၃၀မှာ စတင်ဟောခဲ့ပါတယ် ဆ
ရာတော်။

ဆရာတော် ။ ဒါဖြင့် အသက် ၁၂ က အသက်
၃၀ အထိ ၁၈ နှစ်လုံးလုံး ခရစ်တော်ဟာ ဘယ်
ရောက်သွားပါသလဲ။

ဝစ်လဆင် ။ ဒီ ၁၈ နှစ်လုံးလုံး ခရစ်တော်ဟာ
သူရဲ့မွေးစားဖခင် သျှင်ယောသ စိန့်ဂျိုးဇက် နဲ့
အတူတကွနေထိုင်လျက်ရှိပါတယ် ဆရာတော်။

ဆရာတော် ။ ဒီ အဘိုးတန်တဲ့ ၁၈နှစ်လုံးလုံး
ခရစ်တော်ဟာ ဘာများ လုပ်နေပါသလဲ။

ဝစ်လဆင် ။ သူရဲ့မွေးစားဖခင် သျှင်ယောသကို
ကူညီပြီး လက်သမားအလုပ်ကိုလုပ်နေဟန်တူပါ
တယ် ဆရာတော်။

ဆရာတော် ။ ဒါဖြင့် ခရစ်တော်ဟာ လူသားတို့
အား အကုသိုလ်ကံမှ တနည်းအားဖြင့် ငရဲဘုံမှ
ကယ်တင်ရန် မွေးဖွားလာခြင်း မဟုတ်ဘဲ သျှင်
ယောသကို လက်သမား အလုပ်မှာ ၀င်ရောက်
ကူညီဖို့ရန်မွေးဖွားလာရတယ်လို့ ဆိုလိုပါသလား
ဒကာကြီး။

ဝစ်လဆင် ။ ခရစ်တော်ဟာ လူသားတို့ကို
အကုသိုလ် ကံတရားမှ တနည်းအားဖြင့် ငရဲဘုံမှ
ကယ်တင်ရန်မွေး ဖွားလာခြင်းဖြစ်ပါတယ်။ ဒါပေ
မယ့် သူ့ရဲ့ တရားဓမ္မတို့ကို ဟောပြောရန် ဖခင်
ထာဝရဘုရားသခင်ရဲ့အမိန့်တော်ကို စောင့်မျှော်
နေခြင်းဘဲဖြစ်ပါတယ်ဘုရား။

ဆရာတော် ။ ဒါဖြင့်ခရစ်တော်ဟာ ဖခင်ထာဝရ
ဘုရားသခင်ရဲ့အမိန့်တော်ကို စောင့်နေဆဲ ၁၈
နှစ်ကာလအတွင်း သေကြရတဲ့ သန်းပေါင်းများ
စွာသော လူတွေဟာ ကောင်းကင်ဘုံနန်းကိုဘဲ
သွားသလား၊ ငရဲပြည်ကိုဘဲသွားကြရသလား။

ဝစ်လဆင် ။ ဒီ ၁၈နှစ်ကာလအတွင်း သေကြေ
ပျက်စီးကြရတဲ့လူတွေဟာ အကုသိုလ်ကံတွေထဲ
နစ်မွှန်းပြီးငရဲဘုံသို့ရောက်ကြရပါတယ်ဆရာတော်။
ဘာပြုလို့လဲဆိုတော့ အဲဒီ လူသားတွေအတွက်
ကောင်းကင်ဘုံနန်းတံခါး မပွင့်သေးလို့ပါ ဆရာ
တော်။

ဆရာတော် ။ ဒကာကြီး ယခုပြောတဲ့စကားအရ
ဆိုရင်ခရစ်တော်ဟာ လူသားတစ်ရပ်လုံးကို ကယ်
တင်တဲ့ပုဂ္ဂိုလ်မဟုတ်ဘဲ သူ့ကိုလက်ဝါးကပ်တိုင်မှာ
ကပ်ချည်ပြီး သေကြရတဲ့သူတွေကိုသာ ကယ်တင်
တဲ့ပုဂ္ဂိုလ်ပေါ့။

ဝစ်လဆင် ။ ဒီမေးခွန်းဟာခက်ခဲရှုပ်ထွေးတဲ့ မေး
ခွန်းဖြစ်တဲ့အတွက် တပည့်တော်မဖြေတတ်ပါဆရာ
တော်။

ဆရာတော် ။ ဒကာကြီး ဒါကို မဖြေနိုင်ရင် ဒကာ
ကြီးတို့ရဲ့ ဂိုဏ်းမကြီးဖြစ်တဲ့အင်္ဂလန်ဂိုဏ်းချုပ်ကော
ဖြေနိုင်ပါ့မလား။

ဝစ်လဆင် ။ ဒါဟာနက်နဲရှုပ်ထွေးတဲ့ပြဿနာတ
ရပ်ဖြစ်တဲ့အတွက် အင်္ဂလန်ပြည် ကင်တာဘာရီမြို့
က ဂိုဏ်းချုပ်ကြီးလည်းဖြေနိုင်မှာမဟုတ်ပါဘူး ဆ
ရာတော်။

ဆရာတော် ။ နက်နဲရှုပ်ထွေးဆိုတဲ့စကားရဲ့ အဓိ
ပ္ပါယ်ဟာ ဘာလဲ ဒကာကြီး။

ဝစ်လဆင် ။ နက်နဲရှုပ်ထွေးတယ်ဆိုတာဟာ သာ
မာန်လူသားထက်တတ်သိနားလည်တဲ့ နတ်အစရှိ
တဲ့သူတို့ကိုယ်တိုင် မဖြေရှင်းနိုင်တဲ့လျှို့ဝှက်ထားတဲ့
အမှန်တရားပါဘဲဆရာတော်။ ဒီတရားကို ထာဝရ
ဘုရားသခင်ကိုယ်တော်မြတ်သာ ဖြေရှင်းနိုင်ပါမယ်
ဆရာတော်။

ဆရာတော် ။ ဒါဖြင့် ဒကာကြီးတို့ရဲ့ခရစ်ယာန်ဘာ
သာမှာ လျှို့ဝှက်တဲ့ အမှန်တရားများပါဝင်လျက်ရှိ
တယ်ပေါ့။ဒါဖြင့်ရင် ခရစ်ယာန်ဘာသာတရားတော်
ဟာ မပြည့်စုံသေးဘူးလို့ ဆိုရပေလိမ့်မယ်။ ယခု
တိုင်ခရစ်ယာန်ဘာသာတရားနဲ့ဆိုင်ရာ တရားအချို့
ဟာ မှောင်ထဲမှာဘဲရှိနေသေးတယ်ပေါ့။ ဟုတ်သ
လား ဒကာကြီး။

ဝစ်လဆင် ။ တပည့်တော်မှာ တခြားအဖြေပေး
စရာမရှိလေတော့ ဟုတ်ပါတယ်လို့ဘဲ ၀န်ခ့ရမှာ
ဘဲဆရာတော်။

ခရစ်တော်ရဲ့ ဒီ ၁၈နှစ်လုံးလုံး တိမ်မြှုပ်ပျောက်
ကွယ်နေတဲ့ဘ၀ကို အမေရိကတိုက်ချီကာဂိုမြို့
က ကမ္ဘာကျော် ခရီးလှည့်လည်သူသုတေသန
ပုဂ္ဂိုလ် ပါမောက္ခဂိုးရစ်(ခ်)ရဲ့မှတ်တမ်းအရ ဦးပ
ဉ္ဇင်း ယခုရှင်းလင်းပြပ့ါမယ်။ဒကာကြီးဂရုစိုက်ပြီး
နားထောင်ပါ။

ပါမောက္ခဂိုးရစ်(ခ်)ဟာ တိဘက်ပြည် ဗုဒ္ဓဘာ
သာဘုန်းတော်ကြီးကျောင်းများမှာ ခရစ်တော်
ကိုယ်တိုင် ဟေဗြဲဘာသာနဲ့ ရေးသားထားတဲ့
မှတ်စုကို ရခဲ့ပြီး ၁၉၂၅ခုနှစ်က ခရစ်တော်၏
မသိသေးသော သွန်သင်ဟောပြောချက်များ
ဆိုတဲ့ နာမည်နဲ့ စာအုပ်တစ်အုပ်ကိုရေးသား
ထုတ်ဝေခဲ့တယ်။ ခရစ်ယံဘာသာကို အလွန်
သက်ဝင်ယုံကြည်တဲ့ ပါမောက္ခဂိုးရစ်(ခ်)ဟာ
၁၈ နှစ်လုံးလုံး ခရစ်တော်ဒီလိုနစ်မြှုပ်ပျောက်
ကွယ်နေတဲ့အကြောင်းကို အလွန်သိလိုလှလို့
အမေရိကမှာရှိတဲ့ ခရစ်ယံဘာသာ ဂိုဏ်းချုပ်
ဂိုဏ်းအုပ်တို့ကို မေးမြန်းကြည့်တယ်။ ဒါပေ
မယ့် ဒီကိစ္စနဲ့ပတ်သက်လို့ ဘယ်သူကမှ သူ့
ကိုရှင်းလင်းမပြောနိုင်ခဲ့ဘူး။ ဒါနဲ့ဘဲ ဒီကိစ္စနဲ့
ပတ်သတ်လို့ သူကိုယ်တိုင် သုတေသနလုပ်
ငန်း ထွက်လုပ်တယ်။ ဒီလို ဘယ်သလီဟန်၊
ဂျေရုစလင်၊ ကိုင်ရို၊ တူရကီ၊ အိန္ဒိယနဲ့ တိ
ဘက်ပြည်တွေမှာ အားတက်သရော ကြိုး
ပမ်းပြီး လိုက်လံစုံစမ်းတော့ နောက်ဆုံး တိ
ဘက်ပြည် တောင်ပိုင်း မွန်ဘုန်းတော်ကြီး
ကျောင်းမှ ကျောင်းထိုင် ဆရာတော် မဟာ
ထေရ်မြတ်ကို ခရစ်တော်ကိုယ်တိုင် စာရွက်
ပေါင်း ၁၀၀ ပေါ်မှာ သူကိုယ်တိုင် ဒီ ၁၈နှစ်
အတွင်းတွေ့ကြုံခဲ့တဲ့ အတွေ့အကြုံကိုမှတ်
တမ်းတင်ပြီး ကြိုးနဲ့ကျကျနနချည်နှောင်ကာ
သူ့ကိုတရားဓမ္မများသွန်သင်တဲ့အနေနဲ့ ကန်
တော့ခဲ့တဲ့မှတ်တမ်းကို ရခဲ့တယ်။ အဲဒီမှတ်
တမ်းမှာ ခရစ်တော်ကိုယ်တိုင် အောက်ပါအ
တိုင်းရေးသားထားတာကို တွေ့ရတယ်လို့ ဂိုး
ရစ်(ခ်)ကရေးသားပြတယ်။

ကျွန်ုပ်အား အသက် ၁၂ နှစ်အရွယ်သို့ရောက်
သောအခါ ရေဟူဒီလူမျိုးတို့၏ ထုံးတမ်းစဉ်လာ
အရ ရေဟူဒီဘုန်းကြီးကျောင်းသို့ နွေဦး ရာသီ
ပွဲတော်အတွင်း ခေါ်သွားကြပါသည်။ ထိုရေဟူ
ဒီကျောင်း၌ ရေဟူဒီဆရာတော်ကြီးများသည်
ထာဝရဘုရားသခင်၏ ဖန်ဆင်းခြင်း၊ သူ၏ကရု
ဏာ၊ သူ၏ဒေါအမျက်၊ သူ၏တရားမှန်ကန်ခြင်း
စသည့်တရားတို့ကို ဆွေးနွေးနှီးနှောနေကြ၏။
ကျွန်ုပ်အဘိုး၏အရှိန်အ၀ါဖြင့်ကျွန်ုပ်သည်ရေဟူ
ဒီဘုန်းတော်ကြီးများအားကျွန်ုပ်မသိနားမလည်
သည့် အချက်တို့ကို မေးမြန်းခွင့်ရရှိခဲ့၏။ကျွန်ုပ်
ပထမဦးဆုံးမေးမြန်းသည့်မေးခွန်းကား

ယေဟိုးဝါးသည် လူအချို့ကိုလူချမ်းသာ၊ အချို့
ကို လူဆင်းရဲ၊ အချို့ကို ပညာရှိ၊ အချို့ကို လူ့
အန္ဓ၊ အချို့ကို လူကောင်း၊ အချို့ကို ရုပ်ရည်
အလှအပ၊ အချို့ကို အရုပ်ဆိုး အကျည်းတန်၊
အချို့ကိုအသက်ရှည်ရှည်၊ အချို့ကို အသက်တို
တို၊ အချို့ကို မျက်စိအကောင်း၊ အချို့ကိုမျက်စိ
မမြင်၊ အချို့ကိုကျန်းကျန်းမာမာ၊ အချို့ကိုရော
ဂါသည်၊ အချို့ကို အားအင် အကောင်း၊ အချို့
ကို အားအင် အချိအနဲ့ အစရှိသဖြင့် လူအချင်း
ချင်း ကွဲပြားခြားနားစွာ အဘယ်ကြောင့်ဖန်ဆင်း
ထားပါသလဲ ဟုဖြစ်၏။

ထိုအခါ ရေဟူဒီဘုန်းတော်ကြီးများနှင့် ပရိသတ်
အားလုံးသည် အံ့အား သင့်သွားကြ၍ ကျွန်ုပ်၏
မေးခွန်းကို မဖြေနိုင်ကြသဖြင့်

အို ... သူငယ်၊ ဤ အချက်ကို ရေဟိုးဝါးသာ
လျှင်သိနိုင်သည်ဟု ရေဟူဒီဘုန်းတော်ကြီးများ
က ပြန်ပြောကြ၏။

တဖန် အကျွန်ုပ်က ယေဟိုးဝါးသည် အတိတ်၊
ပစ္စုပ္ပန် အနာဂတ်ဟူ၍ သုံးပါးသော ကာလတို့ကို
သိပါလျက်နှင့် အဘယ်ကြောင့်ငရဲဘုံကိုဖန်ဆင်း
ပါသနည်းဟု မေးမြန်းပါသည်။

ထိုအခါရေဟူဒီဆရာတော်များက
ယုတ်မာ ညစ်ညမ်းသူတို့ကို အပြစ်ဒဏ်ပေးရန်
ငရဲဘုံကို ဖန်ဆင်းခဲ့သည်ဟု ပြန်ဖြေ၏။

ထို့နောက် တဖန်
ယေဟိုးဝါးသည် သူ၏ဖန်ဆင်းမှုနှင့်ဆိုင်ရာ အနာ
ဂတ် ကာလ၏ သဘောကို သိမြင်ပါလျက်နှင့် အ
ဘယ်ကြောင့်ယုတ်မာ ညစ်ညမ်းသူတို့ကို ဖန်ဆင်း
ရပါသနည်း ဟုအကျွန်ုပ်က ထပ်၍ မေးလိုက်ပြန်
၏။ ထိုအခါအားလုံးသော ရေဟူဒီဘုန်းတော်ကြီး
များသည် မည်သို့မျှ မဖြေနိုင်ကြတော့ဘဲ ကျွန်ုပ်
အား သူတို့အားလုံး၏ဂိုဏ်းချုပ်အဖြစ်ရွေးကောက်
တင်မြှောက်ကြ၏။ ထို့နောက်အကျွန်ုပ်၏ မြင့်မြတ်
သည့် ရာထူးအရှိန်ကို အသုံးပြုလျက် နှင်တံ တ
ချောင်းကိုယူကာ ဘုရားတန်ဆောင်းများဤသူတို့
လုယက်တိုက်ခိုက်၍ ရသောပစ္စည်းတို့ကိုရောင်းချ
နေကြသူများအား နှင်တံနှင့်ရိုက်ပြီး

ဤနေရာကား ယေဟိုးဝါးတန်ဆောင်းဖြစ်သည်။
အသင်တို့အတွက် ဈေးရောင်းစရာနေရာမဟုတ်
ဟုဆိုကာ နှင်ထုတ်ပစ်လိုက်၏။

ယေဟိုးဝါး၏တရားကား ရှက်ဖွယ်ဖြစ်နေကြောင်း
အခြေအမြစ်မရှိကြောင်းကို သိမြင်လာသော အကျွ
န်ုပ်သည် အလွန်မြင့်မြတ်သည့် ဂုဏ်ထူး၊ နေရာထူး
တို့ကိုရနေသည့်တိုင်အောင် ဤ မဟုတ်မမှန်သော
စကားကိုရွံရှာမုန်းတီး၍ အမှန်တရားကို မတွေ့တွေ့
အောင်ရှာမည်ဟု သန္နိဋ္ဌာန် ချလိုက်၏။ ထို့နောက်
အကျွန်ုပ်သည်ဘုရားရှိခိုးကျောင်းမှထွက်၍မြို့တော်
မှထွက်ခွါလာခဲ့၏။ ငါးမိုင် ခြောက်မိုင်ကျော်ခန့်လမ်း
လျှောက်မိသောအခါ ခရီးသွားကုန်သည်တစ်စုနှင့်
တွေ့၏။ သူတို့၏၀တ်စားဆင်ယင်ပုံမှာ ရေဟူဒီလူ
မျိုးများနှင့်ကွဲပြားခြားနားလျက်ရှိရာသူတို့သည်တိုင်း
တစ်ပါးမှ လာရောက်ကြသည့် ကုန်သည်များ ဖြစ်ရ
မည်ဟု သတိပြုမိ၏။ သို့နှင့်သူတို့အနီးသို့ ချဉ်းကပ်
လိုက်ရာ ကံအားလျော်စွာ သူတို့ ခေါင်းဆောင်နှင့်
တွေ့ပြီး သူတို့အား မည်သည့် အရပ်မှ မည်သည့်
ကိစ္စဖြင့် လာကြသနည်းဟုမေးမြန်းလိုက်ပါသည်။

ထိုအခါခရီးသွားကုန်သည်များ၏ ခေါင်းဆောင်များက
သူတို့သည် တိဘက်ပြည်မှဖြစ်ကြောင်း၊ တိဘက်ပြည်
သားရေများ၊ ဦးချိုများနှင့် ထူးဆန်းသည့်ပစ္စည်းများကို
ဂျေရူဆလင်မြို့မှ ရွှေငွေကျောက်သံပတ္တမြားများနှင့်အ
ခြားအဖိုးတန်ဆေးဝါးတို့နှင့်ဖလှယ်ကြရန်လာကြကြောင်း
ပြောပြ၏။ အကျွန်ုပ်သည်ခေါင်းဆောင်၏ စိတ်နေစိတ်
ထားကို သဘောကျမိသဖြင့် စကားပြောရင်းဆိုရင်းနှင့်
ပင် လောက၌ အချို့လူတို့ကဆင်းရဲ၊ အချို့ကရုပ်ချော၊
အချို့က အကြည်းတန်၊ အချို့က ကျန်းမာ၊ အချို့က
ချည့်နဲ့လျက်အဘယ်ကြောင့်မညီမမျှမွေးဖွားကြသနည်း
ဟူသော ရေဟူဒီဘုန်းကြီးများအား ပထမဆုံးမေးသည့်
မေးခွန်းကိုမေးကြည့်၏။

ထိုအခါ ကုန်သည်အဖွဲ့ခေါင်းဆောင်က အို ချစ်လှ
စွာသော သူငယ်၊ လူသားများအနက်အချို့ကဆင်း
ရဲ၊ အချို့ကပညာရှိ၊ အချို့ကပညာမဲ့၊ အချို့ကရုပ်
ချော၊ အချို့ကအကျည်းတန်၊ အချို့ကကျန်းကျန်း
မာမာ၊ အချို့ကအားအင်ချည့်နဲ့အဖြစ်ဖြင့်တစ်ဦးနှင့်
တစ်ဦး အသွင်မတူဘဲ မွေးဖွားကြရသည်မှာ အ
တိတ်ဘ၀က ကာယကံ၊ ၀စီကံ၊ မနောကံတည်း
ဟူသော ကမ္မသတ္တိတို့ကြောင့်ပင် ဖြစ်၏။ ရုပ်အ
ဆင်းအားဖြင့် လှပချောမွေ့၍ လှပသော အ၀တ်
တန်ဆာတို့ကို ၀တ်ဆင်ပြီးလျှင် မှန်ရှေ့တွင်ရပ်
လိုက်သောအခါ လှပ၍ ကျက်သရေရှိသော အ
သွင်သဏ္ဍာန်သည် ထင်ဟပ်လာကာ ရုပ်အဆင်း
အားဖြင့် ဆိုးဝါး၍ စုတ်ပြတ်ဟောင်းနွမ်းသော အ
ဝတ်တို့ကို ၀တ်ဆင်ထားသူတစ်ယောက်သည်မှန်
ရှေ့တွင်ရပ်လိုက်သောအခါ အရုပ်ဆိုး၍ကျက်သ
ရေယုတ်လှသည့် အသွင်သဏ္ဍာန်သည် ထင်လာ
ဘိသကဲ့သို့ အချို့လူသားတို့သည် အတိတ်ဘဝ
က ကမ္မသတ္တိကောင်းကြသဖြင့် စည်းစိမ်ဥစ္စာချမ်း
သာကြ၏။ ရုပ်အဆင်းသဏ္ဍာန် လှပကြ၏။
ပညာဉာဏ် ထက်မြက်ကြ၏။ ကျန်းမာသန်စွမ်း
ကြ၏။ ကိုယ်လက်အင်္ဂါ ပြည့်စုံကြ၏။ အသက်
ရှည်ကြ၏။ အချို့လူသားတို့ကား အတိတ်ဘ၀က
ကမ္မသတ္တိညံ့ဖျင်းကြသဖြင့် ဆင်းရဲနွမ်းပါးကြ၏။
အရုပ်ဆိုးအကျည်းတန်ကြ၏။ အသိဉာဏ်ကင်းမဲ့
ထုံထိုင်းကြ၏။ အင်အားချိနဲ့ကြ၏။ ကိုယ်အင်္ဂါမ
ပြည့်မစုံ ချို့တဲ့ကြ၏။ ဤကဲ့သို့လူသားအချင်းချင်း
တဦးနှင့်တဦး ကွဲပြားခြားနားရခြင်းမှာအထက်က
ပြောခဲ့သကဲ့သို့ အတိတ်ဘ၀က ကမ္မသတ္တိအဆိုး
နှင့်အကောင်းအရသာ ဖြစ်၏။မည်သည့် ထာဝရ
ဘုရား၊ သို့မဟုတ် ယေဟိုးဝါး၏ဖန်ဆင်းမှုကြောင့်
မဟုတ်ချေ။ တနည်းအားဖြင့်ဥပမာပေးရသော် ဥ
ယျာဉ်မှုးတစ်ယောက်သည်ချိုမွှေးသောအပင်ကို
စိုက်လျှင် ချိုမွှေးသောအသီးကိုစားရ၍ ခါးသော
အပင်ကိုစိုက်လျှင် ခါးသောအသီးကို စားရဘိသ
ကဲ့သို့ဖြစ်၏။

ကုန်သည်ခေါင်းဆောင်ကြီးက ဖြေလိုက်သည့်အ
ဖြေကိုကြားလိုက်သောအခါအကျွန်ုပ်သည်အလွန်
ဝမ်းသာအားရဖြစ်ကာ သူ့အား မည်သူဟောကြား
သည့်တရားတို့ကို လိုက်နာပါသနည်းဟုမေး၏။

ထိုအခါ ကုန်သည်ခေါင်းဆောင်ကြီးက အိုချစ်လှ
စွာသော သူငယ်၊ အကျွန်ုပ်ကား ဗုဒ္ဓကိုယ်တော်
မြတ်ဟောကြားတော်မူသော တရားကိုသာလိုက်
နာကျင့်သုံး၏။ ဗုဒ္ဓကိုယ်တော်မြတ်သည် လောက
သုံးပါးတွင် ပညာအရှိဆုံးဖြစ်သည်။ အလုံးစုံသော
တရားတို့ကို အကြွင်းမဲ့သိတော်မူသည့် သဗ္ဗ္ဗညုတ
ရွှေဉာဏ်တော်ရှင်လည်းဖြစ်သည်။ ဓမ္မစကြာတရား
ရှင်လည်းဖြစ်သည်။ သစ္စာလေးပါးတရားတော်ကို
လည်း ပိုင်းခြားထင်ထင်သိမြင်တော်မူသည်။
အနန္တဉာဏ်တော်၊ အနန္တတန်ခိုးတော်ရှင်လည်းဖြစ်
တော်မူသည်ဟု ပြန်၍ဖြေကြား၏။

ထိုအခါ အကျွန်ုပ်သည် ဗုဒ္ဓကိုယ်တော်မြတ်ဟော
ကြားတော်မူသည့် တရား ဒေသနာတို့ကို လိုက်နာ
ကျင့်သုံးလိုပါသဖြင့် အကျွန်ုပ်၏ မိတ်ဆွေသစ်ကုန်
သည် ခေါင်းဆောင်ကြီးများအား အကျွန်ုပ်ကို တိ
ဘက်ပြည်သို့ခေါ်ဆောင်၍ ဆရာတော်ကြီးတစ်ပါး
ထံ အပ်နှံပေးပါရန် တောင်းပန်လိုက်၏။ အကျွန်ုပ်
က ဤကဲ့သို့တောင်းပန်လိုက်သောအခါ ကုန်သည်
ခေါင်းဆောင်ကြီးက အိုသူငယ်၊ အကျွန်ုပ်သည်သင့်
အား အကျွန်ုပ်တို့ တိဘက်ပြည်သို့ခေါ်ဆောင်သွား
လိုပါ၏။ သို့ရာတွင်သင်သည် အသက်အရွယ်အား
ဖြင့် အလွန်နုနယ်၍ မိဘနှစ်ပါးတို့၏အုပ်ထိန်းခြင်းမှ
မကင်းလွတ်သေးသဖြင့် သင်၏မိဘများကိုယ်တိုင်
သင့်အား အကျွန်ုပ်၏ လက်တွင်းသို့မအပ်နှံသေးသ
မျှ အကျွန်ုပ်သည်သင့်အား တိဘက်ပြည်သို့ခေါ်
ဆောင်မသွားနိုင်ပါဟု ပြန်၍ ခေါ်ဖြေဆိုပါသည်။

ဤတွင်အကျွန်ုပ်က
အို မိတ်ဆွေကုန်သည်ခေါင်းဆောင်ကြီး၊ ဤကိစ္စ
နှင့်ပတ်သက်၍ စိုးစဉ်းမျှမစိုးရိမ်ပါနှင့်။ အကျွန်ုပ်
သည် အလွန်နုနယ်လှသော်လည်း အသိဉာဏ်
ပညာနှင့်ပတ်သက်သောအခါ မနုနယ်ပါ။ ရာထူး
ဌာနန္တရအားဖြင့် မြင်းမားသူတစ်ဦးဖြစ်ပါသည်။
အကျွန်ုပ်၏ ခန့်ညားထည်ဝါလှသည့်ဝတ်စုံနှင့်
ဤအထိမ်းအမှတ်လက်စွတ်တို့ကိုကြည့်ပါ။
အကျွန်ုပ်သည် ဤမြို့မှ ရေဟူဒီဘုန်းကြီးများထဲ
တွင် အချုပ်အခြာဖြစ်ပါသည်။ အကျွန်ုပ်သည်
အကျွန်ုပ်မသိမမြင်ခဲ့ဘူးသည့် ယေဟိုးဝါး၏မူမ
မှန်သောတရားတို့ကိုမုန်းတီးရွံရှာလှသဖြင့်သစ္စာ
တရားကိုမရရအောင် မတွေ့တွေ့အောင်ရှာဖွေ
လေ့လာမည်ဟူသောဆုံးဖြတ်ချက်ဖြင့်အကျွန်ုပ်
၏ကျောင်းကို စွန့်ခွါခဲ့သူဖြစ်၏။ အကယ်၍သာ
အကျွန်ုပ်သည် သင်နှင့်ယခုကဲ့သို့ မတွေ့ခဲ့ပါက
သစ္စာတရားကိုရှာဖွေရန်တောကြီးမျက်မည်းထဲ
သို့ရောက်နေမည်ဖြစ်၏။ ထို့ကြောင့် အကျွန်ုပ်
သည် သင်နှင့် တွေ့သည်ဖြစ်စေ မတွေ့သည်
ဖြစ်စေ၊ သင်ကခေါ်သည်ဖြစ်စေ၊ မခေါ်သည်
ဖြစ်စေ ဤမြို့ဤဒေသမှ အမှန်ထွက်ခွါမည်
ဖြစ်သည်။

ကုန်သည် ခေါင်းဆောင်ကြီးသည် အကျွန်ုပ်၏
ရဲရင့်တိကျသော စကားနှင့် ပြင်းထန်သောဆုံး
ဖြတ်ချက်တို့ကို ကြားသောအခါ အကျွန်ုပ်အား
တိဘက်ပြည်သို့ ခေါ်သွားရန်နှင့် တိဘက်ပြည်
သို့ ရောက်သောအခါ သူ ကိုးကွယ်ဆည်းကပ်
သည့် ဆရာတော်ကြီးထံအပ်နှံပေးရန် သဘော
တူလေ၏။

ကံကောင်း ထောက်ပံ့သဖြင့် ခရီးသွားကုန်သည်
တို့သည် ထို့နေ့မှာပင် တိဘက်ပြည်သို့ပြန်ကြရန်
စီစဉ်ထားကြသောကြောင့် အကျွန်ုပ်သည် ချက်
ချင်းပင် သူတို့နှင့် အတူ တိဘက်ပြည်သို့ လိုက်
သွားခွင့်ရခဲ့၏။ ၄လကြာမျှ အလွန် ပြင်းပြင်းထန်
ထန်ခရီးကြမ်းနှင်ခဲ့ပြီးနောက် အကျွန်ုပ်သည် တိ
ဘက်ပြည်တောင်ပိုင်း မွန်ဘုန်းတော်ကြီးကျောင်း၊
ကျောင်းထိုင်ဆရာတော် အရှင်အရိယပုတ္တမဟာ
ထေရ်ထံသို့ ရောက်ခဲ့၏။ အကျွန်ုပ်သည်တိဘက်
စကားကို မကျွမ်းကျင်သော်လည်း ခရီးသွားကုန်
သည ခေါင်းဆောင်ကြီး၏ အကူအညီဖြင့် အရှင်
အရိယပုတ္တမဟာထေရ်မြတ်၏ ခြေတော်ရင်းတွင်
ခိုလှုံလိုကြောင်း လျှောက်ထားနိုင်ခဲ့၏။

ဆရာတော်မဟာထေရ်သည်အကျွန်ုပ်အားအစမ်း
သဘောဖြင့် ၆လ တိတိ သူ၏ ခြေတော်ရင်းတွင်
ပညာသင်ကြားပေးကာ စောင့်ကြည့်ခဲ့၏။ ထိုအ
ချိန်ကာလအတွင်း အကျွန်ုပ်သည် တိဘက် ဘာ
သာကို လေ့လာခဲ့၏။ ၆လ စေ့သောအခါ မဟာ
ထေရ်မြတ်သည် အကျွန်ုပ်၏ဆန္ဒပြင်းပြမှုကို ယုံ
ကြည်စိတ်ချကာ အကျွန်ုပ်အား သံဃာအပါး ၃၀
ကျော်နှင့် အလွန်ကြီးမားလှသည့် ပရိသတ်ရှေ့
မှောက်၌ သာမဏေရဇီဝကိရိတ ဟူသော ဘွဲ့
ဟေဗြဲဘာသာအရ ယေရှုခရစ်တော် ဖြင့်ရှင်သာ
မဏေ အဖြစ်နှင့် သာသနာ့ဘောင်အတွင်းသို့
သွတ်သွင်းချီးမြှောက်တော်မူလေသည်။

ထိမ်မြှုပ်နေသော ခရစ်တော်၏ဟောပြောချက်
များဟူသောကျမ်းသည် စာမျက်နှာပေါင်း ၆၀၀
ကျော်ရှိရာ ထိုကျမ်းဂန်တစ်ခုလုံးကိုကုန်အောင်
ဦးပဥ္မင်းဟာ အကြိမ်၂၀ထက်မနဲ ဟောရမယ်
ဖြစ်တယ်။ ဒါကြောင့်ကျန်တဲ့အပိုင်းကို အကျဉ်း
ချုပ်ပြီးဟောပါရစေ။

သာမဏေရဇီဝကိရိတ (သို့) ရှင်သာမဏေဟာ
၇နှစ်နှင့် ၆လတိုင်တိုင် ရှင်သာမဏေတို့လိုက်နာ
ကျင့်သုံးရမည့် ကျင့်ဝတ်သိက္ခာတို့ကို ကျကျနန
ထိန်းသိမ်းခဲ့လေတော့ ရှင်အရိယပုတ္တမဟာထေရ်
မြတ်က အသက်၂၀ အရွယ်သို့ရောက်တဲ့အခါမှာ
ရဟန်းတော်အဖြစ်ဥပသမ္ပဒါပြုပေးတော်မူသတဲ့။

ရဟန်းတော် အရှင်ကိရိတဟာ စိတ်အားလဲထက်
သန် ဗုဒ္ဓရဲ့တရားကိုလဲ အလွန်ယုံကြည် ကိုးစား
တော်မူတဲ့အတွက် စာပေပရိယတ်ကိုလဲ တဖက်
ကသင်အံကျက်မှတ် တဖက်က သမထတရားတို့
ကိုလေ့လာအားထုတ်ခဲ့လေတော့ မကြာမှီအတွင်း
မှာ ဈာန်အဘိညာဉ်တွေကိုရပြီး တန်ခိုးတွေကို ပြ
နိုင်လာသတဲ့။ သူ့ရဲ့ဆရာတော်အရှင်အရိယပုတ္တ
ကလဲ ရဟန္တာတစ်ပါးဖြစ်လေတော့ခရစ်တော်ရဲ့
အနာဂတ်အရေးသိမြင်တော်မူတယ်တဲ့။

ခရစ်တော်ဟာ အလွန်ဆိုးဝါးတဲ့ သေခြင်းတရားနဲ့
တွေ့ကြုံရမဲ့အရေးကို မြင်တော်မူသတဲ့။ ဒါကြောင့်
ရဟန်းတော် ဇီဝကိရိတက သူ့အရပ်သူ့ဌာနသို့ပြန်
ရန် အခွင့်တောင်းတော့ အခွင့်မပြုဘဲ ငြင်းဆန်နေ
သတဲ့။ ဒါပေမယ့်တစ်ကြိမ်မျှသာ မဟုတ်ဘဲအကြိမ်
ကြိမ် အဖန်ဖန်လျှောက်ထား တောင်းပန်လေတော့

အိုချစ်သား ဇီဝကိရိတ၊ ချစ်သားဟာ အောက်ပါ
အချက်တွေကို လိုက်နာ ကျင့်သုံးမယ်ဆိုရင် ချစ်
သားအား သွားခွင့်ပြုမယ်။ ဆရာတော်လိုလားတဲ့
အချက်တွေကတော့
၁။ အကယ်၍ ရေဟူဒီလူမျိုးများ (သို့)ဣသရေလ
လူမျိုးများက သင့်အား တံတွေးများထွေး၍ ရှုံ့ချကဲ့
ရဲ့ကြသည့်တိုင်အောင် အုတ်ခဲများနှင့်ပေါက်သည့်
တိုင်အောင် ချစ်သားကချစ်သား၏ ဈာန်အဘိညာဉ်
တန်ခိုးကိုသုံး၍ မတုန့်ပြန်ပါနှင့်။

၂။ အကယ်၍ တစ်စုံတစ်ယောက်သောသူကသင့်
အား မဟုတ်မမှန် မတရားသဖြင့် စွပ်စွဲသည့်တိုင်
အောင် သင်ချစ်သားက ပကတိ တည်ငြိမ်သော
သဘောနှင့် သီးခံရမည်။

၃။ အကယ်၍ တစုံတယောက်သောသူက သင်၏
မျက်မှောက်မှာပင် ဗုဒ္ဓကိုယ်တော်မြတ်ကို၎င်း၊ တ
ရားတော်မြတ်ကို၎င်း၊ သံဃာတော် အရှင်မြတ်ကို
၎င်း၊ သွားပုတ်လေလွင့် မတရားသဖြင့် ပြောသည့်
တိုင်အောင် နည်းပရိယာယ်ကိုသုံးလျက် သူတို့၏
မိုက်မှားမှုကို သိမြင်လာအောင် ဟောပြောညွှန်ပြ
ရမည်ဖြစ်၏။ အကြောင်းသော်ကား သူတို့သည်
ဘာမျှမသိမမြင် နားမလည်ကြ၍သာ ပြုမှုကြခြင်း
ဖြစ်ရာသူတို့အားအပြစ်မှ ခွင့်လွှတ်ရမည်ဖြစ်သည်။

၎။ အကယ်၍တစုံတယောက်သောသူက အထင်
အမြင်လွဲမှားသည်ရှိသော် နားလည်လာသည့်တိုင်
အောင် ဥပမာ ဥပမေယျများကို ဆောင်ကာဟော
ပြောရှင်းလင်းပြရမည်ဖြစ်၏။

၅။ မည်ကဲ့သို့ပင် ဖြစ်စေ၊ သင့်အား ကန့်လန့်ဆန့်
ကျင်ပြုလုပ်နေကြသည့် သင်၏ရန်သူများအားမုန်း
တီးခြင်း၊ ဒေါသဖြစ်ခြင်း စသည့် အရိပ်လက္ခဏာ
များကိုမပြပါနှင့်။

၆။ သင်သည်အခါမလပ် မမေ့မလျော့သော စိတ်
ဓာတ်နှင့် ဈာန်အဘိညာဉ်တရားတို့ကို ပွားများပါ
လေ။ မေတ္တာကမ္မဋ္ဌာန်းကို ပွားများကာ ကမ္ဘာတစ်
ဝှမ်းလုံးကို သင်၏မေတ္တာကရုဏာတရားဖြင့် လွှမ်း
မိုးပါစေ။

၇။ အကယ်၍ တစ်စုံတစ်ယောက်သောသူ (သို့)
လူတစ်စုက သင့်အား ရိုက်နှက်သတ်ဖြတ်စေကာ
မူ သေသည်အထိ အသိတရားကင်းမဲ့စွာ မိုက်မှား
သူတို့အပေါ်တွင် မေတ္တာကရုဏာများ ပွားများကာ
နောက်ဆုံးသေသည့် အချိန်အထိ ဗုဒ္ဓကိုယ်တော်
မြတ်၏ ဂုဏ်တော်တရားကို အခါမလပ် ဆင်ခြင်
အောက်မေ့ပါလေ။ သို့မှသာလျှင် သင်သည် သေ
သည်၏အခြားမဲ့၌ အလွန်ချမ်းသာသုခနှင့် ပြည့်စုံ
သော ဗြဟ္မာ့ဘုံသို့ရောက်မည် ဖြစ်၏။

ချစ်သား သင်သည် ဤအချက် ၇ချက်ကိုလိုက်နာ
ကျင့်သုံးပါမည်ဟု ကတိပေးခဲ့လျှင် သင်သည်ရေ
ဟူဒီလူမျိုးများအား မည်သည့်နည်းနှင့်မျှ မပြုပြင်
မပြောင်းလဲနိုင်မှန်းကို သိလျက်နှင့် အခွင့်ပေးရ
ချေမည်။ သင်သည် ဣသရေလလူမျိုးများအား
ပြုပြင်နိုင်သော်လည်း သူတို့သည် သင်၏တရား
များကို အထင်မှားကား သင် ကွယ်လွန်ပြီးသည့်
နောက် သင်ဟောပြောသည့်တရားတို့ထဲမှ
၁။ ချစ်ခင်သနားခြင်း။
၂။ ကရုဏာပွားများခြင်း။
၃။ လေးစားခြင်း။
၎။ ဥပေက္ခာပြုခြင်း။
၅။ သီးခံခြင်း။
၆။ အပြစ်မှခွင့်လွှတ်ခြင်း။
၇။ ကြိုးပမ်းအားထုတ်ခြင်း စသည် အချက်အလက်
တို့ကိုသာဆက်လက်ထိန်းသိမ်း၍ သင်၏နာမည်ဖြင့်
ဘာသာအယူဝါဒတစ်ရပ်ကို ထူထောင်ကြပေ လိမ့်
မည်ဟူ၍ အမိန့်ရှိကာ အရှင်အရိယပုတ္တမထေရ်မြတ်
ဟာ ဇီဝကိရိတအား ပြန်ခွင့်ပြုလိုက်တယ်။
ဇီဝကိရိတကလည်း သူ့ရဲ့ဆရာတော် အမိန့်ရှိတော်
မူတဲ့ အချက်အလက်တွေကို သေသည်အထိ လိုက်
နာကျင့်သုံးပါ့မယ်လို့ ကတိက၀တ်ပြုကာသူ့ရဲ့နေရပ်
ဌာနသို့ပြန်ခဲ့တယ်။

အပိုင်း ၂ တွင်ဆက်ဖတ်ပါရန်

Shared from ဓမ္မစာပေများ (FB)

No comments:

Post a Comment