Thursday, April 3, 2014

ယိုးဒယား သင်္ဘောသီးထောင်း


သဘောင်္သီးထောင်းတဲ့ ငရုတ်ဆုံ ကြီးကြီး မရှိပေမဲ့ ထိုင်းသဘောင်္သီးထောင်း လုပ်စားတဲ့အခါ ကျွန်မရဲ့ ငရုတ်ဆုံလေးထဲမှာ ဖြစ်အောင် ထုထောင်းပြီး စားပါတယ်။
လက်နဲ့ နယ်တာက အနံ့အရသာ လေးလေးပင်ပင် မရှိလို့ပါ။
ငရုတ်ဆုံ မရှိရင် ပလပ်စတစ်အိပ် ထူထူထဲမှာ ဖော်ပြထားတဲ့ ingredients တွေကို အစဉ်လိုက်ထည့်ပြီး လေးတဲ့ အရာတစ်ခုခုနဲ့ ထုထောင်းပြီး လုပ်စားနိုင်ပါတယ်၊ ထုထောင်းရခြင်းရဲ့ အကြောင်းကတော့ ဒဏ်ဖြစ်သွားတဲ့ အသီးအရွက်တွေကနေ အနံ့ အရသာ ထွက်လာစေချင်တာပါ။ ကြေညက်သွားအောင် ထောင်းတာမဟုတ်ဘဲ. ဒဏ်လေးဖြစ်သွားရုံထောင်းရတာပါ။
ပါဝင်တဲ့ အမျိုးအမည်လေးတွေ
1. ကြက်သွန်ဖြူ
2. ပုဇွန်ခြောက်
3. ငရုတ်သီးစိမ်း စပ်စပ်
4. ပဲတောင့်ရှည်ပဲ
5. ထန်းလျှက/ ကြံသကာ် (သေးသေး လေးဖြစ်အောင် ထုထား)၊
6. ခရမ်းချဉ်သီး ( နှစ်သက်ရာ အရွယ်လှီးထားပါ)
7. ငံပြာရည်
8. သံပုရာရည်
9. သဘောင်္သီး ( အမြှင်ရှည်ရှည် နဲ့ နည်းနည်းထူထူလေးရ အောင်ခြစ်ထားပါ)
10. ဆား
11. လေးစိတ်ကွဲ ထောင်းထားတဲ့ မြေပဲလှော်/ ကြော်
ထုနည်းထောင်းနည်း အဆင့်ဆင့်
1. ထန်းလျှက်ထည့်ပြီး ကျေအောင် ထောင်း၊
2. ကြက်သွန်ဖြူ ကို ငရုတ်ဆုံ ထဲမှာ ပြားသွားရုံလေး ထု၊
3. ပုဇွန်ခြောက်ထည့်ပြီုး ပြားသွားရုံလေး ထု၊
4. ငရုတ်သီးစိမ်း စပ်စပ်ထည့် လေးစိတ်ကွဲရုံလေး ထု၊
5. ပဲတောင့်ရှည်ပဲ ချိုးထည့်ပြီး ကွဲရုံလေးထု၊
6. ခရမ်းချဉ်သီးထည့်ပြီး သုံး လေးချက်လောက် ဖွတ်ပေး၊
7. ငံပြာရည် ထည့်၊ သံပုရာရည်ထည့်၊
ခြစ်ထားတဲ့ သဘောင်္သီးထည့်၊ ဆား လေးဖြူး ပြီး၊ ဖွဖွလေးထောင်းလိုက်၊ ဇွန်းလေးနဲ့ သိမ်းပေးလိုက် ၆-၈ ခါ လောက် လုပ်ပြီး ရင် သဘောင်္သီးထောင်း လေးရပါပြီ။ သုံးဆောင်မည့် ပန်းကန်ထဲ အရည်လေးတွေပါပါအောင်ခပ်ထည့်၊ လေးစိတ်ကွဲ မြေပဲဆံ လေးဖြူးပြီး (မြေပဲဆံ အလုံးလိုက်လည်း ထည့်နိုင်) ကန်ဇွန်းညွှန့် နဲ့ ပဲသီးစိမ်းလေး ကိုက်တို့ပါ။

Shared from Myanmar Kitchen in Hawaii (FB)

No comments:

Post a Comment