ကချင်တိုင်းရင်းသားများ၏ ကချင်ရိုး ရာပုံပြင်များအနက် နတ်များနှင့် ပတ်သက်သည့် ကချင်ကျေးလက်ပုံပြင်များမှာ စိတ်ဝင်စားဖွယ်ကောင်း
လှသည်။
'ဂျီနတ်မဒင်'ဆိုသည့် ကချင်ကျေးလက်ပုံပြင်လေးမှာ ထူးခြားလှပြီး ကချင်ဘာသာဖြင့် ဂျီနတ်မဒင်ဆိုသည်မှာ ဖောက် ဖျက်သူ (ကန့်သတ်ပိုင်းခြားထားသောသဘော)လို့ ဆိုလိုသည်။
အဆိုပါပုံပြင်လေးမှာ ဂျီနတ်(နတ်တွေအား လုံး)၊ မဒင် (ခြံစည်းရိုးခတ်ကန့်သတ်တာ)လို့ အဓိပ္ပာယ်ရပြီး လူနဲ့ နတ်တွေရဲ့ ပတ်သက်မှုကို နယ်နိမိတ်ပိုင်းခြား ကန့်သတ်ထားသောပုံပြင်လေးတစ်ပုဒ်ဖြစ်ပါသည်။
ရှေးကမ္ဘာကြီး စတင်ပေါ်ပေါက်လာချိန်တွင် လူ၊ နတ်နှင့် တိရစ္ဆာန်သတ္တဝါအားလုံးမှာ အတူ တကွနေထိုင်ကြပြီး ပြောဆိုသော ဘာသာစကား တူကာ နတ်များကို လူများက မြင်တွေ့နိုင်ကြသည်။
တစ်နေ့သောအခါတွင် နတ်သမီးအချော အလှ ကုမ္မာရီတစ်စုသည် ရေကန်တစ်ခုမှာ ရေချိုး ဆင်းနေချိန်တွင် လူသား ကာလသားလူပျိုတစ်စုက သွားရောက် ချောင်းမြောင်းကြည့်ရာ နတ်သမီး များက ရှက်ကြောက်ပြီး ရေနက်ပိုင်းသို့ ကူးပြေး ကြသည်။
ရေနက်ပိုင်းကိုပြေးသွားတဲ့ နတ်သမီးပျိုတစ်ပါး မှာ ရေနစ်သေဆုံးသွားသဖြင့် အဲဒီအကြောင်းကို နတ်သမီးများက မိဘများကို တိုင်ကြတဲ့အတွက် နတ်တွေက လူတွေကို မုန်းတီးလာကြသည်။
အဲဒီအချိန်ကစပြီး လူ၊ နတ်၊ တိရစ္ဆာန်တွေ တစ်စုတစ်စည်းတည်းနေထိုင်ကြရာမှ အုပ်စုကွဲပြီး သီးခြားစီ နေထိုင်လာကြကြောင်း သိရသည်။
နတ်တွေက ဦးရေနည်းပါးပြီး လူတွေထက် မြန်တဲ့အတွက် အလွန်မြင့်တဲ့ တောင်ထိပ်တွေ၊ သစ်ပင်အမြင့်ကြီးတွေကို ဦးအောင် ရယူပိုင်ဆိုင် ကြပြီး လူတွေကတော့ နတ်တွေမလိုချင်တဲ့နေရာ တွေမှာပဲ နေထိုင်ကြရသည်။ လူနဲ့နတ် ကွဲပြား သွားတဲ့နောက် အပျင်းထူတဲ့နတ်တွေက လူတွေရဲ့ တောင်ယာခင်းတွေက သီးနှံတွေကို ခိုးစားကြပြီး ကျွဲ၊ နွားတွေကို ဆက်သခိုင်းတဲ့အပြင် လူတွေကို နိုင်သလောက်ညှဉ်းဆဲတဲ့ နတ်ဆိုးတွေဖြစ်လာကြ သည်။
လူတွေက မခံမရပ်နိုင်လို့ နတ်မင်းကြီးကို တိုင်ကြားထားသလို နတ်တွေရဲ့ဘေးရန်က ရှောင် ရှားနိုင်ရန် နည်းလမ်းရှာနေသလို နတ်တွေကလည်း နတ်သမီးသေတာကို အကြောင်းပြပြီး လူတွေကို မုန်းတီးကာ တိုးပြီး စော်ကားလာကြသည်။
နတ်တွေကိုတိုက်ခိုက်ဖို့ နတ်တွေဖြတ်ပြီးသွား မည့် တံတားရဲ့ထုပ်တွေကို အမှတ်တမဲ့ဖြတ်ထား လိုက်တဲ့အတွက် တံတားကျိုးကျပြီး နတ်တွေရေနစ် သေဆုံးကုန်သည်။
သေဆုံးသွားတဲ့ နတ်မိသားစုဝင်များကလည်း ပိုမိုနာကြည်းကာ လူတွေကို တွေ့ရာနေရာတွင် ခုတ်ထစ်သတ်ဖြတ်ရန် စစ်ကြေညာလိုက်ပြီး လူတွေ တောင်ယာသွားတိုင်း လမ်းကနေဖြတ်ပြီး သတ်ဖြတ် ရာ လူတော်တော်များများ သေဆုံးပြန်သည်။
နတ်တွေက စစ်ကြေညာလိုက်တယ်ဆိုကတည်း က နယ်တကာမှာရှိတဲ့လူတွေက တွေ့ရာနတ်ကို သတ်ဖြတ်ပစ်ရာ နတ်တွေလည်း ချောက်ကမ်းပါး သစ်ပင်အိုတွေကို ဟော်နန်းအဖြစ် ခိုကပ်ပုန်းအောင်း နေထိုင်ကြရသည်။ လူနတ်စစ်ပွဲက မပြီးဆုံးဘဲ တစ်ဦးကို တစ်ဦး သတ်ဖြတ်နေတဲ့အချိန်မှာပဲ လူ တွေဘက်က ကူညီမယ့် သတ္တဝါတစ်မျိုး ပေါ်လာ သည်။ အဲဒီသတ္တဝါမှာ ကချင်ဘာသာဖြင့် အန်ဂူး ဆကော်ြ-ွကှ့ေုတေ ၊ မြန်မာလို ပိုးနသန် ကောင် ပေါ်လာသည်။
ပိုးနသန်ကောင်သည် နတ်တွေကိုမုန်းတီးပြီး လူတွေကိုချစ်ခင်တဲ့အတွက် နတ်တွေက လူတွေကို သတ်ဖို့ လိုက်ရှာတဲ့အခါ နေရာပြောခိုင်းတိုင်း လူ တွေရှိတဲ့အရပ်ကို သိချင်လျှင် ပိုးနသန်ကောင်က သူ့ရဲ့ခြေထောက်တွေကို ရေတွက်ပေးမှပြောမည်လို့ ပြောသည်။ ခြေထောက်တွေအများကြီးရှိတဲ့ ပိုး နသန်ကောင်ရဲ့ ခြေထောက်အရေအတွက်ကို နတ် တွေက ဝိုင်းဝန်းရေတွက်ပေမယ့် ပိုးနသန်ကောင်က လှုပ်လှုပ်ရွရွလုပ်လိုက်တာနဲ့ အစကနေပြန်ရေရပြီးလူတွေရှိတဲ့အရပ်ကို မသိနိုင်ဘဲဖြစ်နေကြသည်။
လူတွေက နတ်တွေရှိတဲ့နေရာကိုမေးတဲ့အခါမှာတော့ ပိုးနသန်ကောင်က အမှန်အတိုင်းပြော သဖြင့် နတ်တွေ အစုလိုက်အပြုံလိုက် သေဆုံးလေ့ ရှိရာ နောက်ပိုင်းတွင် နတ်တွေက ပိုးနသန်ကောင် ကို ကြောက်လာကြသည်။
လူနတ်စစ်ပွဲ ပြင်းထန်လာပြီး လူတွေကလည်း နတ်တွေက လူတွေကိုဖမ်းစားခြင်း၊ ကောက်ပဲသီးနှံ တွေ ခိုးစားခြင်းကို မကျေနပ်နိုင်သလို နတ်တွေ ကလည်း သူတို့ကို လူတွေက ဆက်ပြီးမသတ်ကြဖို့ စတဲ့အချက်တွေကို သိကြားမင်းထံပေးပို့ရာ သိကြား မင်းက ယင်းအချက်တွေကို လူပုဂ္ဂိုလ်များထံ လာ ရောက်တောင်းဆိုသော်လည်း လူတွေက သိကြား မင်းကို ဆရာလာမလုပ်နဲ့ နတ်တွေကို အသေသတ် ပစ်မယ်ဆိုပြီး ကြုံးဝါးနေသဖြင့် သိကြားမင်းလည်း လက်လျှော့ပြီး ပြန်သွားရသည်။
အချို့ အားနည်းတဲ့နတ်တွေက သူတို့အသက် သေဆုံးမှာစိုးတဲ့အတွက် လူတွေဆီမှာ ကျွန်ခံပြီး နေထိုင်ကြရတာမျိုးရှိလာပြီး လူ
တွေက နေမကောင်းဖြစ်တိုင်း၊ မတော်တဆ ကိုယ့် ဘာသာကိုယ် ထိခိုက်ဒဏ်ရာရတိုင်း နတ်တွေလုပ် တယ်ထင်ကာ အိမ်မှာ ကျွန်လာခံတဲ့နတ်တွေကို နှိပ်စက်ကြပြန်သည်။
ယင်းကဲ့သို့ အဖြစ်အပျက်များကြောင့် နတ် ဦးရေတွေ လျော့ကျလာပြီး နတ်လောကမပြုန်းတီး၊ နတ်မျိုးမပြုတ်အောင် သိကြားမင်းက သူ့ရဲ့ကိုယ်ပိုင် တန်ခိုးသုံးကာ လူ၊ နတ်တွေရဲ့ လေးစားမှုကို ရရှိ အောင် ဆုံးဖြတ်ပေးလိုက်သည်။
လူတွေရဲ့မျက်ဆန်ကို နောက်ပြန်လှန်ပြီး နတ် တွေကို မမြင်နိုင်အောင် ကန့်သတ်ပိုင်းခြားလိုက်ပြီး နတ်တွေရဲ့မျက်စိကတော့ တန်ခိုးရှိတဲ့မျက်စိအဖြစ် အဝေးဆုံးအရပ်တွေ၊ စိတ်ကူးလိုက်တိုင်း သိနိုင် အောင်၊ ဖုံးကွယ်ထားတာတွေမြင်နိုင်အောင် ဖန် ဆင်းပေးလိုက်ရာ လူတွေကိုမြင်နိုင်ပြီး လူတွေကို ရှောင်တိမ်းနိုင်ကြသည်။
သိကြားမင်းက ပိုးနသန်ကောင်ကို လူတွေကို နတ်တွေရဲ့ရန်က ကာကွယ်ပေးမယ့်သတ္တဝါအဖြစ် ဖန်တီးပေးလိုက်သေးသည်။ လူတွေကိုကူညီပေးခဲ့ သည့် ပိုးနသန်ကောင်ကို နတ်တွေက နှိပ်စက်သတ် ဖြတ်ခြင်း မပြုနိုင်အောင် နတ်တွေမခံနိုင်တဲ့ အနံ့ တစ်မျိုးကိုပေးထားပြီး ပိုးနသန်ကောင်ရဲ့အနံ့ကြောင့် နတ်တွေ အနားမကပ်နိုင် ရန်မရှာနိုင်တော့ကြောင်း သိရသည်။
အဲဒီအချိန်ကစပြီး လူနဲ့နတ် တစ်ဦးအပေါ် တစ်ဦး လေးစားနေထိုင်ဖို့ မှာကြားခဲ့ပြီး ဒီလိုနဲ့ လူနဲ့ နတ်ကို ကန့်သတ်ပိုင်းခြားလိုက်တာကို ဂျီနတ်မဒင် လို့ ခေါ်ကာ ကချင်ကျေးလက်တောရွာများတွင် မလုပ်သင့်သည်ကိုလုပ်ကိုင်ပါက စည်းဖောက်သူ၊ ဂျီနတ်မဒင်(ဖောက်ဖျက်သူ)လို့ လူ့အသိုင်းအဝိုင်းက ရှုတ်ချကဲ့ရဲ့တတ်ကြောင်း သိရသည်။
ကချင်လူမျိုးများသည် မြန်မာနိုင်ငံမြောက်ဘက် ပိုင်းတွင် နေထိုင်ကြပြီး ကချင်မျိုးနွယ်စုပေါင်း ၁၂ မျိုးရှိကြောင်းနှင့် ရှေးယခင်က နတ်ကိုးကွယ်သော အယူအဆများရှိပြီး ယခုအခါ ဗုဒ္ဓဘာသာနှင့် ခရစ် ယာန်ဘာသာကို ကိုးကွယ်သူများ ပိုမိုများပြားလာ ကြောင်း တိုင်းရင်းသားကျေးရွာမှသိရသည်။
သို့ဖြစ်၍ကချင်လူမျိုးတို့၏ ဂျီနတ်မဒင်ကျေး လက်ပုံပြင်သည် သေးငယ်သောရန်ငြိုးတစ်ခုကို သင်ပုန်းမချေနိုင်သောကြောင့် နောက်ထပ် လူသား၊ နတ်ပေါင်းများစွာ ပျက်စီးစေနိုင်ကြောင်းနှင့် တိုင်း ရင်းသားအချင်းချင်းလည်း ရန်မီးရန်စကို သင်ပုန်း ချေကာ နောင်တတ ရားကင်းဝေးပါစေရန် ရည်ရွယ်လျက်ရေးသားဖော်ပြလိုက်ခြင်းပင်ဖြစ်ပါသည်။
ကျမ်းကိုး- လူထုဦးလှ၊
ကချင်ရိုးရာပုံပြင်၊ ဒုတိယတွဲ။
---------------------------------------------------------------------------
Yangon Times Journal | အတွဲ ၁၀ ၊ အမှတ် ၁၆
No comments:
Post a Comment