Saturday, May 3, 2014

ခန္ဓာ ...


ဘယ်လောက်လှအောင် ပြင်ထားထား
သူထုတ်ပေးသမျှဟာ အပုပ်ရည်

ဘယ်လောက်ကောင်းတာတွေ စားစား
သူပြန်ပေးတာ နာကျင် ကိုက်ခဲ မအီမသာ ဝေဒနာ

ဘယ်လောက် လှပအောင် ၀တ်ထားထား
ပတ်တီးလိပ်အောက်က မတင့်တယ်ခြင်းတရားတွေ

ဘယ်လောက် အမွှေးအကြိုင်တွေ သုံးသုံး
ရေမချိုးဘဲထားတာနဲ့  ညစ်ပတ်ပေရေ နံစော်ခြင်းတွေ

ဘယ်လောက်ကျန်းမာအောင် ဆေးဝါးတွေမှီဝဲနေနေ
အချိန်တန် ဖောက်ပြန် ဆင်းရဲခြင်း ဒုက္ခဝေဒနာကြားက လူနာ

ဘယ်လောက် အသက်ရှည်အောင် ဂရုစိုက်ပေးပါစေ
အချိန်တန် ထိုးအပ်ရမယ့် သေခြင်းတရားတွေ

သင့်မှာ ဘာတွေ ဘယ်လိုပိုင်ဆိုင်နေပါစေ
မမြဲခြင်း အမှန်တရားက သင့်နောက်မှာ..။
ဆင်းရဲခြင်း အမှန်တရားက သင့်နောက်မှာ...။
အစိုးမရခြင်း အမှန်တရားက သင့်နောက်မှာ..။

သင့်အစွဲ သင်မဖြုတ်တတ်သ၍
ပစ္စုပ္ပါန် ၊ သံသရာမှာ ... သင် သက်ဆိုးရှည်ရပေဦးမည်။
(lwinooko)

မေတ္တာဖြင့်
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

No comments:

Post a Comment