၁။ စူဠာမဏိစေတီတော်
တာဝတိံသာနတ်ပြည်တွင် မြတ်စွာဘုရား၏
ဆံတော်မြတ်အား ဋ္ဌာပနာ၍
သိကြားမင်းတည်ထားသော စေတီဖြစ်၍
အမြင့် ယူဇနာ (၃၀)ရှိ၏။
၂။ဒုဿစေတီတော်
သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံတွင်
အနာဂါမ်ပုဂ္ဂိုလ် ဗြဟ္မာဖြစ်သော
(ဃဋိကာရဗြဟ္မာ)ကြီးက မြတ်စွာဘုရား၏
ဝတ်လဲတော်ကို ဋ္ဌာပနာ၍
တည်ထားသော စေတီဖြစ်၍
အမြင့် ယူဇနာ(၁၂) ရှိ၏။
၃။မ ဟေသရ စေတီတော်
ဟိမဝန္တာတောင် အတွင်းရှိ မန္ဒာဂီရိ
အမည် ရှိသောတောင် မှ
မ ဟေသရနတ်မင်းသည် မြတ်စွာဘုရားရှင် နှင့်
တန်ခိုးရှင်ပြိုင် ရာ ရူံးနိမ့်ပြီး
မြတ်စွာဘုရားထံ ဥပါသကာအဖြစ်
ခံယူခဲ့သည်။ မြတ်စွာဘုရားရှင် အား
ရုပ်ပွားတော်သဏ္ဌာန်ကို ကိုးကွယ်ခွင့်ပေးရန်
လျှောက်ထားရာ ခွင့်ပြုခဲ့သဖြင့်
ရတနာခုနစ်ပါးနှင့် ဆန်းကျယ်သော
ကျောင်းတော်ကြီး ဆောက်လုပ်ပြီး
ဂန္ဓကုဋိတိုက် ဖန်ဆင်းကာ
လက္ခဏာတော်ကြီးငယ်တို့နှင့်တင့်တယ်သော
ဘုရားရှင် ၏ ရုပ်တုတော်ကို ပြုလုပ်၍
မျောက်မင်းတစ်ကောင် ကို အခြံအရံနှင့်တကွ
ကျောင်းပရိဘောဂကို ပြုပြင်
ဆောင် ရွက် ရန် အပ်နှံထား၏။
အရှင် ဥာဏော
No comments:
Post a Comment