Saturday, May 3, 2014

သေမင်းကို အကြိမ်ကြိမ် လှည့်စားခဲ့သူ


သေမင်းကို တစ်ခေါက် တစ်ခါ လှည့်စားဖို့ မလွယ်ကူ ပေမယ့် အသက် ၈၁နှစ် အရွယ် Frane Selak က၇ကြိမ် တိတိ လှည့်စား နိုင်ခဲ့တယ် ဆိုတော့ ကမ္ဘာ့ ကံအကောင်းဆုံး လူတစ်ယောက်လို့ ဆိုရပါမယ်။ ကဲသူဘယ်လို ကံကောင်းခဲ့ ပါသလဲ။

၁၉၆၂မှာ သူစီးလာတဲ့ ရထားက လမ်းချော်ပြီး မြစ်ထဲ ထိုးကျခဲ့ ပါတယ်။ 
၁၇ယောက် သေဆုံးခဲ့ ပေမယ့် သူက ရှင်ကျန် ခဲ့ပါတယ်။
၁၉၆၃မှာ လေယာဉ် ပျက်ကျပြီး ၁၉ယောက် သေဆုံး ခဲ့ပါတယ်။ သူကတော့ မပျက်ကျခင် လေယာဉ် ပေါ်က လွင့်ထွက် သွားခဲ့ပြီး အသက် ရှင်ခဲ့ ပါတယ်။
၁၉၆၆မှာ သူစီးလာတဲ့ ဘတ်စ်ကားက လမ်းချော်ပြီး လူ၎ယောက် သေဆုံး ခဲ့ပါတယ်။ သူ့ကတော့ လွတ်မြောက် ခဲ့ပါတယ်။
၁၉၇၀မှာ သူမောင်းလာတဲ့ ကားက မီးထလောင် ပါတယ်။ မပေါက်ကွဲခင် လက်မတင် လေးမှာ သူလွတ်မြောက် ခဲ့ပါတယ်။
၁၉၇၃မှာလည်း ကားထပ် မီးလောင် ပါတယ်။ ဒါလည်း လွတ်မြောက် ခဲ့ပါတယ်။
၁၉၉၅မှာ ဘတ်စ်ကား တိုက်ခံ ရပါတယ်။ အသက်တော့ ရှင်ကျန် ခဲ့ပါတယ်။
၁၉၉၆မှာ သူမောင်းလာတဲ့ ကားက တောင်ကမ်းပါး လမ်းကနေ (ပေ၃၀၀ အမြင့်ကနေ) ထိုးကျခဲ့ ပါတယ်။ သူက တောင်ကမ်းပါးက သစ်ပင်ပေါ်မှာ တင်ကျန် ခဲ့ပြီး အသက်ဘေးက လွတ်ခဲ့ ပြန်ပါတယ်။

ဒီလောက် ဒုက္ခတွေ ခံခဲ့၊ အသက်ဘေးက အကြိမ်ကြိမ် လွတ်ခဲ့ အပြီးမှာတော့ သူကံကောင်းတဲ့ အချိန် ရောက်လာ ပါတယ်။ 

၂၀၀၃မှာ ဘ၀မှာ ပထမဆုံး တစ်ကြိမ် ထီထိုးပြီး £600,000 ထီပေါက် ခဲ့ပါတယ်။ 

၂၀၁၀ မှာတော့ သူပိုင်ဆိုင် သမျှ အားလုံးကို မိသားစုနဲ့ သူငယ်ချင်း တွေကို ခွဲဝေ ပေးခဲ့ပါတယ်။

[source: mashable, image from epochtimes]

No comments:

Post a Comment