Saturday, May 3, 2014

စံထားရမည့် ယဉ်ကျေးမှု


ယဉ်ကျေးမှုဆိုတဲ့ စကားနဲ့ပက်သက်ပြီး polite,impolite,civilization ဆိုပြီးတော့ ကမ္ဘာမှာအမျိုးမျိုးသတ်မှတ်ပြီးတော့ ပြောနေကြတယ်။လူ့ယဉ်ကျေးမှုဆိုတာ ဘယ်ဟာကို လူ့ယဉ်ကျေးမှုခေါ်သလဲလို့ အတိုင်းအတာတစ်ခုနဲ့ စံပြုဖို့ရန်အတွက် ဖော်ပြရမယ်ဆိုရင်တော့ အားလုံးသဘောတူညီတဲ့ စံထားရမယ့် ယဉ်ကျေးမှုဆိုတာ အမျိုးမျိုးထွက်လာလိမ့်မယ်လို့ထင်တယ်။ ၀တ်စားဆင်ယင်မှုနဲ့ပက်သက်တဲ့ ယဉ်ကျေးမှုလား၊ပြောဆိုဆက်ဆံမှုနဲ့ပက်သက်တဲ့ယဉ်ကျေးမှုလား၊ နေရေးထိုင်ရေးနဲ့ပက်သက်တဲ့ ယဉ်ကျေးမှုလား။

ဝတ်စားဆင်ယင်မှုနဲ့ပက်သက်တဲ့ ယဉ်ကျေးမှုဆိုလို့ရှိရင်လဲ လူမျိုးအသီးသီးမှာ မိမိတို့နှစ်သက်ရာ ၀တ်စားဆင်ယင်မှုကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ၀တ်ဆင်နေကြတယ်။လူမျိုးတစ်မျိုးက အဲဒီဝတ်စားဆင်ယင်မှုတစ်ခုကိုယဉ်ကျေးမှုလို့သတ်မှတ်ထားပေမယ့် အခြားလူမျိုးတစ်ခုက မသတ်မှတ်ဘူး။
ပြောဆို ဆက်ဆံမှုတွေနဲ့ပက်သက်လာလို့ရှိရင်လဲ လူမျိုးတစ်မျိုးက ယဉ်ကျေးမှုလို့ သတ်မှတ်ထားပေမယ့် အခြားနောက်တစ်မျိုးက မသတ်မှတ်ဘူး။နေထိုင်ရေးဆိုလဲ အလားတူပါပဲ။ယဉ်ကျေးမှုဆိုတဲ့အရာဟာ ကွဲကွဲပြားပြားတွေ လူတွေရဲ့သန္တာန်မှာ ၊ကမ္ဘာ့လူသားတွေထဲမှာ ယဉ်ကျေးမှုဆိုတာ အမျိုးမျိုးရှိတော့ တိုင်းရင်းသားတွေ ၊မြန်မာလူမျိုးတွေ အားလုံးမှာတွေ ကိုယ်ပိုင်ယဉ်ကျေးမှုဆိုတာတွေ ရှိကြတယ်ပေါ့။ 

အဲဒီမြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုကို တခြားလူမျိုးတွေက ယဉ်ကျေးမှုလို့ သဘောတူသတ်မှတ်ချင်မှ သတ်မှတ်မယ်။ဒီလို အမျိုးမျိုးကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုတွေရှိနေတဲ့ ကမ္ဘာလောကကြီးမှာ မြတ်စွာဘုးရားကကော ဘယ်ဟာကို ယဉ်ကျေးမှုလို့ သတ်မှတ်တာတုန်းဆိုတာ ဘုန်းကြီးတို့ သိဖို့ လိုတယ်ပေါ့။မြတ်စွာဘုရားသတ်မှတ်ထားတဲ့ ယဉ်ကျေးမှုဆိုတာမျိုးက အားလုံးက လက်ခံနိုင်တဲ့ ယဉ်ကျေးမှု ၊အားလုံးအတွက် လုံခြုံမှုကို ဖြစ်စေတဲ့ ယဉ်ကျေးမှုကိုဆိုလိုတာ။ဘာလို့လဲဆိုတော့ မြတ်စွာဘုရားသတ်မှတ်ထားတဲ့ ယဉ်ကျေးမှုဟာ ၀တ်စားဆင်ယင်မှုနဲ့လည်းမပက်သက်ဘူး၊ပြောဆိုဆက်ဆံမှု၊နေမှုထိုင်မှု စားသောက်မှု စတွေနဲ့ နဲ့လည်း မပက်သက်ဘူး။လူမျိုးအသီးသီးရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတွေဟာ မတူညီတဲ့ အနေအထားတွေ ရှိတယ်။အဲဒါတွေနဲ့ သက်မှတ်မယ်ဆိုရင် အားလုံးလက်ခံနိုင်မှု၊ သဘောတူညီမှုဆိုတာ ရမှာမဟုတ်ဘူး။
အားလုံးသဘောတူညီမှုရတဲ့ ယဉ်ကျေးမှုဆိုတာ ဘယ်ဟာကို ခေါ်တာလဲဆိုတော့ မည်သည့်အ၀တ်အစားပဲဝတ်ဝတ်၊ အားလုံး society က သဘောတူထားတယ်ဆိုလို့ရှိရင် ပြောစရာ အကြောင်းမရှိဘူးပေါ့။မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ဝတ်စားဆင်ယင်မှု၊တခြားနိုင်ငံသားတွေရဲ့ ၀တ်စားဆင်ယင်မှုမည်သည့် ၀တ်စားဆင်ယင်မှုမျိုးပဲဖြစ်ဖြစ် society တစ်ခုလုံးက လက်ခံထားတယ်ဆိုရင် သူတို့ရဲ့ traditional costume အရ ၀တ်ကြတယ်လို့ပြေတော့ ကဲ့ရဲ့စရာအကြောင်းတော့ မ၇ှိဘူး။ပြောဆို ဆက်ဆံတဲ့ အခါမှာလဲ အလားတူပါပဲ ကဲ့ရဲ့စရာ မရှိဘူး။

အဲတော့ မြတ်စွာဘုရားသတ်မှတ်တာက ၀တ်စားဆင်ယင်မှုနဲ့လည်း မပက်သက်ဘူး၊ပြောဆို ဆက်ဆံရေးနဲ့လည်း မပက်သက်ဘူး၊လူနေမှု စနစ်နဲ့လည်းမပက်သက်ဘူး။ ဘာနဲ့ ပက်သက်တာလည်းဆိုတော့ တကယ့် ယဉ်ကျေးမှု အစစ်ဆိုတာဟာ "စိတ်ဓာတ်" နဲ့ပဲပက်သက်တယ်။
မည့်သည် ၀တ်စားဆင်ယင်မှုနဲ့နေနေ၊မည်သည့် အဆင့်အတန်းနဲ့ပဲနေနေ စိတ်ဓာတ် ယဉ်ကျေးနေတဲ့ သူဟာ တကယ့်ယဉ်ကျေးတဲ့သူတစ်ယောက်ဖြစ်တယ်။စိတ်ဓာတ်ယဉ်ကျေးမှု ဆိုရင်တော့ ကိုယ်နဲ့ပက်သက်တဲ့သူအားလုံးဒုက္ခဆိုတာမရောက်နိုင်ဘူး ၊ချမ်းသာသုခဆိုတာပဲရှိတယ်။ကိုယ့်မှာ ညစ်ညမ်းယုတ်မာတဲ့ ဆိုးညစ်တဲ့စိတ်တွေမရှိဘူး၊ကိုယ့်ကြောင့် သူ့တစ်ပါးပျက်စီးစေလို့တဲ့စိတ်မ၇ှိဘူး၊ သူတစ်ပါး စီးပွားဥစ္စာဆုံးရှုံးစေလို့တဲ့စိတ်မျိုးမရှိဘူး။ဘယ်လို ကောင်းမြတ်တဲ့ အ၀တ်အစားကိုပဲဝတ်ဝတ် ဘယ်လိုအမှုအရာနဲ့ပဲနေနေ စိတ်ဓာတ်ရိုင်းစိုင်းနေတဲ့သူတစ်ယောက်ဟာ ယဉ်ကျေးမှုရှိတယ်လို့ ပြောလို့မရဘူးပေါ့။စိတ်ဓာတ်ယဉ်ကျေးမှုဟာ စံထားရမည့် ယဉ်ကျေးမှုလို့ ဒီလိုပဲ ပြောရမယ်။

(ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသဟောကြားတော်မူသော "စံထားရမည့်ယဉ်ကျေးမှု"တရားတော်မှ နာယူကောက်နုတ်ဖော်ပြပါသည်ခင်ဗျာ။

_/\\_ _/\\_ _/\\_
ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ၏ ဓမ္မစာစုများ )

Photo credit to - Ko Kyaw Zaw Lay

No comments:

Post a Comment