Saturday, May 3, 2014

စားတော်ပဲ ပြုတ်နည်း


စားတော်ပဲပြုတ်နည်းလေးတင်ပေးဖို.စိတ်ကူးရှိတာကြာပါပြီ...။
အဓိက က..
ဓါတ်ပုံရဖို.ခက်နေလို.ပါ..။အခုမြန်မာပြည်ကို ဓါတ်ပုံလှမ်းတောင်းယူရပါတယ်
ဟိုရက်ပိုင်းက..မေးထားတဲ့သူရှိတော့..ပိုအဆင်ပြေသွားပါတယ်...။

စားတော်ပဲပြုတ်ရန်...
**************

စားတော်ပဲ .......ဆန်ချင်ခွက် (၅) ခွက်
စားဆော်ဒါမှုန်. ......၁ ဇွန်း(လက်ဖက်ရည်ဇွန်း)
ထန်းလျက်ခဲအသေး..၂ ခဲခန်.( သို.) သကြားညို အနည်းငယ်
ဆီ.....................၁ ဇွန်း
ရေ....................ပဲအပေါ်လက်တစ်ဆစ်ကျော်ကျော်ခန်.

စားတော်ပဲကို ပြည်တွင်းနေသူများအလွယ်တကူဝယ်ရနိုင်ပေမယ့်..ပြည်ပမှာ
ရှိသူများကတော့..Green peas , Yellow peas , Mellow peas ဆိုပြီး..
Ready To Use အထုပ်တွေကို ဂရမ်နဲ.ရနိုင်ပါတယ်..။ yellow peas က
အခွံကျွတ်များပြီး..green peas ကတော့အခွံကျွတ်သက်သာစေပါတယ်..။

ပဲကို ရေဆေးပြီး တစ်ည ကြိုတင်ရေစိမ်ထားပါ ။စား ဆော်ဒါမှုန်. ၃ ပုံ ၁ပုံကိုပါ
ထည့်ပြီးစိမ်ထားပေးရပါမယ်...။

နံနက်လင်းတာနဲ. ပဲတွေကိုရေစစ်ပြီး..ဇကာခြင်းမျိုးထဲဖြန်.ထည့်ပြီး..အ၀တ်စ
ကိုရေဆွတ်ပြီးအုပ်ထားပေးပါ။အ၀တ်စခြောက်သွားတာနဲ.ရေပြန်ဆွတ်ပြီးအုပ်
ထားပေးရပါမယ်..။

အညှောင့်ထွက်တာ ပုံမှန်လောက်ပဲဆိုရင်..နောက်တစ်ည အိပ် ပြီးပြုတ်လို.ရ
ပါပြီ ၊ အညှောင့်ရှည်ရှည်ထွက်ချင်ရင်တော့..နောက်ထပ်၁ည ထပ်ထားပေးရပါမယ်။ ရေစိမ် ၁ည ၊ အညှောင့်ဖောက်၁ည (သို.) ရေစိမ်၁ည၊
အညှောင့်ဖောက် ၂ ည ဖြစ်ပါတယ်။

အညှောင့်ပေါက်နေတဲ့စားတော်ပဲထဲကို ဆီ ၊စား ဆော်ဒါမှုန်. ၊ ထန်းလျက်ခဲ(သို.)
သကြား ရောထည့်မွှေပြီး.ရေကို ပဲအထက် လက်တစ်ဆစ်ကျော်ကျော်ခန်.လေးသာထည့်ပြီး ရေခမ်းအောင်ပြုတ်ပေးရုံပါပဲ။

ရေခမ်းလို.ပဲတွေကျက်ပြီး (၁၀) မိနစ်ခန်.လောက်မှ..အဖုံးကိုဖွင့်ပေးပါ။
ထို(၁၀) မိနစ်ကအငွေ.နဲ.ကျက်စေတာမို.ပဲကိုအရသာထူးစေပါတယ်။

နည်းလမ်းမျိုးစုံကိုမှီငြမ်းပြီး..နောက်ဆုံးစမ်းသပ်ထားတဲ့ပဲပြုတ်နည်းဖြစ်ပါတယ်

Shared from ဟင်းချက်နည်းများ (FB)

No comments:

Post a Comment