Sunday, May 4, 2014

သာသနာတွင်းတရား အားထုတ်ကြပါ


အခုလို ဘုရား အဆုံးအမနဲ့ကြုံ၊
ဆရာကောင်းနဲ့ကြုံတဲ့ လူဘဝ ခဏတာကလေးမှာ
အသေမဦးခင်အသေလွတ်တဲ့ နိဗ္ဗာန်ကို
ဉာဏ်နဲ့မြင်အောင် အားထုတ်ထားမှ
မိမိရဲ့ဒုက္ခသံသရာ စက်ရဟတ်ကြီးအလည်ရပ်မယ်။
ခင်ဗျာတို့သည် ခန္ဓာဝန်ကို ကြွေးဆပ်လို့မဝ
ခန္ဓာပွားတွေရဲ့ ကြွေးလည်းဆပ်လို့ မဝကြပါဘူး။

“သာသနာတွင်းတရား” အားထုတ်ကြပါ။
ဒါမှ ကျွန်စာရင်းမှ လွတ်ကင်းကြမယ်။
ဝိပဿနာဉာဏ်တည်းဟူသော
သာသနာတွင်းတရား ဝင်လာမှ
လောဘအကြောင်းသိလာမယ်။
လောဘအကြောင်းသိရင် လောဘ၏
“ကျွန်”အဖြစ် ခံလိုစိတ်နည်းလာပြီ။
ဒီခန္ဓာ ဒုက္ခသစ္စာမှန်း မသိကြလို့
လောဘနဲ့ လုပ်ကျွေးနေကြလို့..လောဘရဲ့
အပြစ်တွေ ဖော်ပြောပြနေတာပါ။

ဝိပဿနာအလုပ် မလုပ်ဘဲနဲ့ သေသွားတဲ့
မသာဖိတ်ရင်..ကျွန်မသာ အရှုကြွတော်မှုကြပါလို့ဖိတ်ကြ။
လောဘရှိလျှင် အလောဘသွင်းပါ.
ဘုရားပေးတဲ့ အန်ဆေး သောက်ရလိမ့်မယ်။
သမ္မာဒိဋ္ဌိ ဦးစီးသည့် မဂ္ဂင်တရားနဲ့ ရှုလိုက်မှ
လောဘတဏှာဟာ အန်ထွက်သွားလိမ့်မယ်။

တစ်နေ့တစ်နေ့ဖြစ်နေ့တဲ့ လောဘ ဒေါသ မောဟတွေဟာ
တစ်နေ့ကို ငရဲရောက်ဖို့ ဘဝပေါင်းမရေမတွက်နိုင်ဘူး။
စိတ်ကလေးတစ်လုံး..စေတနာကလေးတစ်ခု
အပါယ်တစ်ခါရောက်ဆိုတော့ ၊ စိတ်ပေါင်းကလည်း
မရေမတွက်နိုင်ဘူးဆိုတော့ကာ ၊ အပါယ်ကတက်စရာမမြင်ဘူး။
တစ်ခါတလေမှလုပ်တဲ့ ကုသိုလ်ကလေးနဲ့ ဒီကံတွေမျှရဲ့လား။
ဒါတွေကို ချေမှုန်းကန်းကွက်ပြီး..
“အဟောသိကံ” ဖြစ်အောင်လုပ်နိုင်တာကတော့
“မဂ်”ပဲရှိတယ်။

-(ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး)

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment