Saturday, May 3, 2014

သူတစ်ပါးရဲ့ အားနည်းချက်ကို အခွင့်ကောင်း မယူမိပါစေနဲ့


သူတစ်ပါးရဲ့အားနည်းချက်ကို အခွင့်ကောင်းမယူမိပါစေနဲ့
သူတစ်ပါးရဲ့ အားသာချက်ကိုသာ များများ အရောင်တင်ပေးပါ

သူတစ်ပါးရဲ့ ဒါဏ်ရာကို ဘယ်တော့မှ မနင်းချေမိပါစေနဲ့
သူတစ်ပါးရဲ့ အနာကို ဆေးကုပေးဖို့သာ ကြိုးစားကြည့်ပါ

သူတစ်ပါးရဲ့ ဒုက္ခကို ပျက်ရယ်မပြုမိပါစေနဲ့
သူတစ်ပါးရဲ့ ပျော်ရွှင်မှုကို သာဖန်တီးပေးကြည့်ပါ

တစ်ခါတစ်ခါ သူ တစ်ပါးအတွက် ကောင်းမွန်ရာ လုပ်ပေးလိုက်ခြင်းဟာ
ကိုယ့်ကိုယ်တိုင်အတွက်လည်း ကောင်းမွန်ခြင်းတွေကိုဖြစ်တည်စေပါတယ်

သက်တန့်ချို

No comments:

Post a Comment