Saturday, May 3, 2014

မြင့်မြတ်တဲ့ တိတ်ဆိတ်ငြိမ်သက်မှု


မြတ်စွာဘုရားဟာ ရဟန်းတော်တွေကို အမြဲဆုံးမလေ့ရှိတဲ့ အချက် ၂ ချက်ရှိတယ် ...အဲဒီအချက်ဟာ ဘာလဲဆိုတော့ စကေားပြောမယ်ဆိုရင် တရားစကားတွေပဲပြောဖို့ ၊ ဒုတိယအချက်အနေနဲ့ တရားစကားမပြောဘူးဆိုရင် မြင့်မြတ်တဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းနဲ့ နေဖို့ ဟောတယ်။မြတ်စွာဘုရားဟာ တိတ်ဆိတ်မှုကို အင်မတန်မှ လိုလားတဲ့သူဖြစ်တယ်နော်။
တိတ်ဆိတ်ငြိမ်သက်မှုဟာ သိပ်အရေးကြီးတယ်...တခြားဘာသာဝင်တွေရဲ့ ဘုရားကျောင်းတွေကို ၀င်သွားပြီးကြည့်လိုက်တယ်ဆိုရင် တိတ်ဆိတ်နေတာပဲနော်...ငြိမ်ပြီးတော့ စကားမပြောပဲနဲ့ လူမှ ရှိရဲ့လားလို့ ထင်လောက်အောင်ပဲ တိတ်ဆိတ်နေတယ်...မြတ်စွာဘုရားရဲ့ တိတ်ဆိတ်ငြိမ်သက်စွာနေရမယ်ဆိုတဲ့ အဆုံးအမတွေရှိလျက်နဲ့ မြန်မာနိုင်ငံမှာနေတဲ့ ဗုဒ္ဓဘာသာဝင်ဆိုတဲ့ ပုဂ္ဂိုလ်တွေကမလိုက်နာပါလား ....ဒို့တတွေဟာ ဘုရားရဲ့ အဆုံးအမကို ဒီအချက်လေးတောင် မလိုက်နာနိုင်ဘူးဆိုရင် တခြားအရာတွေဆိုရင် လိုက်နာဖို့ဆိုတာ အင်မတန်းမှ ခဲယဉ်းတယ်နော်... ကြည့်လေ ရွှေတိဂုံဘုရားပေါ်သွားဖူးဖူး၊ဆူးလေဘုရားပေါ်သွားဖူးဖူး၊ဗိုလ်တထောင်ဘုရားပေါ်ပဲသွားဖူးဖူး ဘုရားပေါ်လည့်ပတ်ကြည့် ဆူညံသွားကြတာများတယ်...ဘုရားကိုလှည့်ပြီးဈေးထဲဝင်သလို အတိုင်းအတာတစ်ခုဖြစ်နေတယ်...ရိုသေမြတ်နိုးမှု အင်မတန်မှ အားနည်းတယ်နော်...မြန်မာလူမျိုးတွေရဲ့ အနေအထားဟာ အဲလိုဖြစ်နေတယ် အများစုကိုပြောတာနော် လူတိုင်းကိုတော့ မဆိုလိုပါဘူး ...ထပ်ပြီး ဘယ်သူကမှ သုတေသနလုပ်မကြည့်လို့ လုပ်ကြည့်လို့ရှိရင် နေ့စဉ် ဘုရားပေါ်တက်လာတဲ့ သူဘယ်နှစ်ယောက်ရှိလဲ ၊ စကားမပြောဘဲနဲ့ မြတ်စွာဘုရားကို မြတ်မြတ်နိုးနိုးရှိခိုးပြီးသွားတဲ့ သူ ဘယ်နှစ်ယောက်ရှိလဲ ၊ စကားပြော လှည့်ပတ်လျှောက်ကြည့်တဲ့သူက ဘယ်နှစ်ယောက်၊ ဘုရားတောင်မှ ဦးမချဘဲနဲ့ ထွေလီကာလီစကားတွေပြောပြီး ဘုရားပေါ်က ပြန်ဆင်းသွားတဲ့သူ ဘယ်နှစ်ယောက် ဆိုတာ နေ့စဉ် သုတေသနလုပ်ကြည့်ဖို့ ကောင်းတဲ့ အနေအထားဖြစ်နေတယ် မြန်မာပြည်မှာ ... ဘုန်းကြီးတို့ တစ်ခါ ဆူးလေ ဘုရားမှာ တရားပွဲရှိလို့ တရားသွားဟောတယ် ... ဘုရားဖူးတဲ့ သူတွေက အပြင်ဘက်ကနေ ဆူညံနေလို့ တရားဟောလို့ မဖြစ်ပါဘူး...ဘုရားဖူးလို့ ပြောတဲ့ သူတွေက ဘုရားကို လှည့်ပတ်ပြီးဆူညံဆူညံနဲ့ စကားပြောသွားတယ် ... နောက်ဆို ဆူးလေဘုရားပွဲက ပင့်တဲ့ တရားပွဲဆို ဘယ်တော့မှ မသွားတော့ဘူး... ဘာဖြစ်လို့တုန်းဆိုတော့ ဘုရားကြိုက်တဲ့ တိတ်ဆိတ်ငြိမ်သက်မှုကို မလိုက်နာနိုင်တော့ ဘုရားဟောတဲ့ တရားကိုဟောဖို့ ဆိုတာ အင်မတန်မှ ခဲယဉ်းတဲ့နေရာဖြစ်သွားတယ် ... တခြားနိုင်ငံတွေမှာ အင်မတန်မှ အံသြစရာကောင်းလိုက်အောင် တိတ်ဆိတ်ငြိမ်သက်မှုရှိတယ်...ဒို့နိုင်ငံမှာ ဗုဒ္ဓဘာသာလို့ပြောပြီး မြတ်စွာဘုရားရဲ့အဆုံးအမတွေရှိပါလျက်သားနဲ့ ဘုရားစကားကို ဘာဖြစ်လို့ နားမထောင်ကြတာပါလိမ့်မလဲ...ဘုရားပေါ်တက်လဲ မတိတ်ဆိတ်ဘူး ဘုန်းကြီးကျောင်းသွားလဲ မတိတ်ဆိတ်ဘူး...ဆူညံပြီးတော့ နေလေရှိကြတာဟာ အံသြစရာကောင်းတဲ့အနေအထားတစ်ခုပဲ ...မစဉ်းစားမဆင်ခြင်ပဲနေလို့ရှိရင် မသိနိုင်ဘူး ဒီကိစ္စက ...စဉ်းစားဆင်ခြင်ဖို့ကောင်းတယ် ...ပြီးတော့ ဘာသာရေးပွဲတော် လုပ်တာက ဘာသာရေးပွဲတော် ဖွင့်တာက ကာမသီချင်းတွေ...ဘာသာရေးနဲ့ ကာမနဲ့ဟာ ဆန့်ကျင်ဘက်ပဲတစ်ခု....ဘာသာရေးပွဲဆိုတော့ ဘာသာရေးသီချင်းတွေလောက်ပဲ ဖွင့်သင့်တာပေါ့ အဲလို စည်းကမ်းတွေ ဒို့ဆီမှာမရှိဘူး ..ဖွင့်တဲ့နေရာက ဘုရား ဖွင့်လိုက်တဲ့ သီချင်းတွေက နားမကြားသာတဲ့ သီချင်းမျိုး ...ဒါတွေကို မစဉ်းစားကြဘူးလားလို့ ဒီလို တွေးတောမိတယ်... တိတ်ဆိတ်ငြိမ်သက်မှုဟာ အင်မတန်မှကို မြတ်နိုးစရာကောင်းတယ်...ဗုဒ္ဓဘာသာဝင်တိုင်း သတိထားလိုက်နာနိုင်ဖို့ အရေးကြီးတယ်နော် ...

(ပါမောက္ခချုပ်ဆရာတော်ဟောကြားသော "တိတ်ဆိတ်ငြိမ်သက်မှုကို မြတ်နိုးသူများ"တရားတော်မှ ကောက်နုတ်ဖော်ပြပါသည်)

No comments:

Post a Comment