အထင်အမြင် သေးခံရတတ်သူ (၅) ယောက်
••••••••••••••••••••••••••
၁။ ပစ္စည်းဥစ္စာပေးကမ်းပြီးလျှင် လူပုံအလယ်၌
မိမိကိုယ်ကို ကြွားဝါစွာ ဂုဏ်ဖော်တတ်သူ၊
၂။ ရည်နှီးစွာပေါင်းသင်းပြီး၍ အရည်အချင်း
မရှိသူမှန်း အသိခံရသူ၊
၃။ သူတစ်ပါးပြောစကားကို ယုံကြည်လွယ်သူ၊
၎။ ခုချစ်ခုမုန်းစသည် အပြောင်းအလဲမြန်သူ၊
၅။ လျှပ်ပေါ်လော်လည်၍ ကိုယ်ပိုင်အတွေးအခေါ်
အသိဉာဏ် ညံ့ဖျင်းသူ။
- (ပဉ္စင်္ဂုတ္တရပါဠိ၊ ၁၄၅၊ ဋ္ဌ၊ ၅၀)
(တစ်နည်း)
သူတစ်ပါးတို့ မရိုသေမလေးစား မထေမဲ့မြင်
ပြောဆို ပြုလုပ်ခံရသူ (၁၀) ယောက်
••••••••••••••••••••••••••
၁။ ၀ိဓ၀ါ- လင်မရှိသူ မိန်းမ၊
၂။ ဒုဗ္ဗလ- အင်အားဗလမရှိသူ၊
၃။ အမိတ္တဉာတိ- ဆွေမျိုးမိတ်ဆွေမရှိသူ၊
၎။ မဟဂ္ဃသ- အစားကြူးသူ၊
၅။ ဂရုကာဗာဓ- ကြီးသောရောဂါ ရှိသူ၊
၆။ ပါပမိတ္တ- မကောင်းသောမိတ်ဆွေရှိသူ၊
၇။ ဓန ဟီန- ပစ္စည်းဥစ္စာမရှိသူ၊
၈။ အာစာရ ဟီန- အကျင့်ယုတ်သူ၊
၉။ ကမ္မဟီန- အလုပ်မရှိ ပျင်းရိသူ၊
၁၀။ ပယောဂဟီန- လုံလပယောဂချို့တဲ့သူ။
- (ပုဂ္ဂလပညတ်ပါဠိ၊ ၁၇၄)
မေတ္တာဖြင့်
-【ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
No comments:
Post a Comment