Thursday, October 31, 2013

မြန်မာ FaceBook Page များကို လွယ်ကူစွာ ရှာဖွေနိုင် မည့် Website


မြန်မာ FaceBook Page များကို လွယ်ကူစွာ ရှာဖွေနိုင် မည့် Website
MyanmarFacebookDirectory.com

http://MyanmarFacebookDirectory.com/ တွင် မြန်မာ FaceBook Page များ အားလုံး များ ကို ရှာဖွေရ လွယ်ကူအောင် အမျိုးအစားလိုက် စုစည်းထား ပြီး
ကဏ္ဏ အလိုက် ကြည့်ရှု နိုင် ကြပါပြီ

အနုပညာရှင်များ ၏ Page များ
ဟာသ နှင့် ဖျော်ဖြေရေး ဆိုင်ရာPage များ
Online Shopများ ၏ Page များ
အလှအပနှင့်ကျန်းမာရေး ဆိုင်ရာPage များ
စီးပွားရေးလုပ်ငန်းများ ၏ Page များ
ခရီးသွားလုပ်ငန်းများ ၏ Page များ
ဈေးရောင်းဈေးဝယ် ဆိုင်ရာPage များ
ဖက်ရှင်ဒီဇိုင်း ဆိုင်ရာPage များ
စသည့် Page များ ကို လွယ်ကူစွာ ရှာဖွေ ကြည့်ရှု နိုင် ကြပါပြီ

http://MyanmarFacebookDirectory.com/

Shared from Burmese Treasure (FB)

ကျိုက်ထီးရိုး စေတီတော်ကြီး နှစ်ပေါင်း ၂၄၀၀ ကျော် ပျောက်ဆုံးသွားတာ သိပါသလား..?


တိဿရသေ့နှင့် သိကြားမင်းတည်ခဲ့သော ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ တည်ခဲ့သည်မှာ နှစ်ပေါင်း ၂၅၀၀ကျော် ကြာမြင့်ခဲ့ပြီဟု စစ်ကဲတော်မင်းမောင်ရွှေနော်ရေး မွန်ရာဇဝင်အရ သိရသည်။
ကျိုက်ထီးရိုးစေတီသည် ကျိုက်ထိုမြို့နယ်ရှိ အရှေ့ရိုးမ တောင်တန်းအပါအဝင် ပေါင်းလောင်းတောင်ပေါ်တွင် တည်ရှိသည်။ ပင်လယ်ပြင်အထက် ပေပေါင်း ၃၆၀၀ ခန့်မြင့်သည်။ ကြီးမား၍ မတ်စောက်သော ကျောက်တောင်တစ်ခု၏ အစွန်းတွင် ကျောက်လုံးကြီးတစ်လုံး ပြုတ်ကျလုနီးပါး တင်နေသည်။ ကျောက်လုံးကြီသည် လုံးပတ်ပေ ၅၀ ခန့်ရှိသည်။ ကျောက်လုံးတော်ကြီး ထိစပ်တင်ရှိနေသော ကျောက်တောင်စွန်း အကျယ်အဝန်းသည် ၁၅ ပေထက်ပင် မပိုနိုင်ချေ။ နှမ်းပတ်ကျောက်အမျိုးအစား ကျောက်လုံးကြီးသည် စေတီတော် အပါအဝင် တန်ချိန် ၆၀၀ ခန့်ရှိမည်ဟု ခန့်မှန်းရသည်။
ကျောက်လုံးပေါ်တွင် စေတီတစ်ဆူတည်ထားသည်။ ဥာဏ်တော် ၁၅ ပေခန့်မြင့်သည်။ ကင်ပွန်း(ကင်မွန်း) စခန်းမှ ကျိုက်ထီးရိုးရင်ပြင်တော်အထိ ၇ မိုင်ခွဲခန့်ဝေးသည်။ စခန်းပေါင်း ၂၇ ခုကိုဖြတ်သန်းသွားရသည်။ မွန်ဘာသာ " ကျိုက်က္ကသိယို" (ရသေ့ရွက်သောဘုရား) မှ ကျိုက်ထီးရိုးဟု စကားရွေ့လျောလာသည်။
စေတီတော်တည်ထားပြီနောက် နှစ်ပေါင်းများစွာ တောဖုံးပျောက်ကွယ် သွားခဲ့သည်။ နှစ်ပေါင်း ၂၄၀၀ ကျော်မျှ ကျိုက်ထီးရိုးစေတီ တည်ရှိနေကြောင်း တွေ့မြင်သူ၊ သိရှိသူ မရှိတော့ချေ။
ခရစ်နှစ် ၁၈၂၃ ခုနှစ် (ဘကြီးတော်ဘုရား လက်ထက် ပထမအင်္ဂလိပ်-မြန်မာ စစ်ပွဲမဖြစ်ပွားမီ တစ်နှစ်မျှအလို) တွင် စစ်တောင်းမြို့ဝန် မင်လှသင်္ခသူသည် ပျောက်ဆုံးနေသော ကျိုက်ထီးရိုးစေတီကို ပြန်လည်တွေ့ရှိခဲ့သည်။ ထိုစဉ်က ကျောက်လုံးကြီးပေါ်မှ စေတီဥာဏ်တော်မှာ သုံးတောင်မျှသာ မြင့်သည်ဟု ဆိုသည်။ ဆင်ပစ်ရန် တောလည်ထွက်ရင်း စစ်တောင်း မြို့ဝန်တွေ့ရှိခဲ့သော ကျိုက်ထီးရိုးစေတီတော်ကို ပြန်လည်တွေ့ရှိသည့် နှစ်မှာပင် စေတီတော်လေးကို ငုံလျက် ဥာဏ်တော် ၁၂ တောင်ရှိ စေတီသစ်ကို တည်ခဲ့လေသည်။ စစ်တောင်းမြို့မှ စေတီအရောက် လမ်းဖောက်ခဲ့သည်။ နှစ်စဉ် နတ်တော်လရောက်တိုင်း ပွဲတော်ကျင်းပလာခဲ့သည်။


U Naing Oo
Kyaikhto News
Shared from Burmese Treasure (FB)

Wednesday, October 30, 2013

ရှုံးနိမ့်မှုပေါင်း (၁၀၀၉) ကြိမ်ကို ဖြတ်သန်းခဲ့သူ


ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကို ဖြတ်သန်းခဲ့ပြီး ဘဝရဲ့နောက်ဆုံး နေဝင်ချိန်ကျမှ အောင်မြင်ခဲ့တဲ့ လူသားတစ်ယောက် အကြောင်းကို ပြောပြချင်ပါတယ်။
သူ့အကြောင်းကတော့ဒီလိုပါ။ လူ့လောကမှာသူ့ကိုမွေးဖွားလိုက်ပြီး-

(၅) နှစ်သားအရွယ်မှာ သူ့ဖခင်ရုတ်တရက်ကွယ်လွန်သွားခဲ့တယ်။ ဖခင်မရှိတော့တဲ့နောက်ပိုင်း သူ့မိခင်က အလုပ်ထွက်လုပ်ခဲ့ရတယ်။

(၁၂) နှစ်သားအရွယ်မှာ သူ့မိခင်က နောက်အိမ်ထောင်ပြုလိုက်တယ်။ သူ့ပထွေးရိုက်နှက်နှိပ်စက်တဲ့ဒဏ်ကို နောက်ကွယ်မှာခံခဲ့ရတယ်။

(၁၄) နှစ်သားအရွယ်ရောက်တော့ ကျောင်းတက်ဖို့လဲပိုက်ဆံမရှိ၊ မိဘအိမ်မှာလည်း မနေချင်တော့တဲ့အတွက်ကြောင့်လေလွင့်တဲ့ဘဝကို စတင်ရောက်ရှိခဲ့ရတယ်။

(၁၆) နှစ်သားအရွယ်မှာအသက်လိမ်ပြီးစစ်ထဲဝင်ခဲ့တယ်။ မကြာခဏ သင်္ဘောမူးတဲ့အတွက်ကြောင့် အိမ်ပြန်ပို့ခံရတယ်။

(၁၈) နှစ်အရွယ်မှာ အိမ်ထောင်ပြုတယ်။ မကြာပါဘူး။ သူပိုင်သမျှကို သူ့ဇနီးက ရောင်းစားပြီး မိဘအိမ်ပြန်ပြေးခဲ့တယ်။

(၂ဝ) နှစ်အရွယ်မှာ မီးပြင်ဆရာ၊ ကူးတို့သမားလုပ်ခဲ့တယ်။ အဲဒီနောက် ရထားသံလမ်းဝန်ထမ်းလုပ်ခဲ့တယ်။ ဒါပေမယ့် ဘာအလုပ်မှ အဆင်ပြေတယ်ဆိုတာ မရှိခဲ့ဘူး။

(၃ဝ) နှစ်အရွယ်မှာ အာမခံကုမ္ပဏီတစ်ခုမှာ အရောင်းမြှင့်တင်သူ လုပ်ခဲ့တယ်။ ဒါပေမယ့်နောက်ပိုင်းမှာ အပိုဆုကြေးနဲ့ပတ်သက်ပြီး သူဌေးနဲ့ရန်ဖြစ် စကားများပြီး အလုပ်က နှုတ်ထွက်ခဲ့တယ်။

(၃၁) နှစ်အရွယ်မှာ ဥပဒေပညာကို ကိုယ်တိုင်လေ့လာသင်ယူပြီး သူငယ်ချင်းရဲ့ အားပေးမှုနဲ့ ရှေ့နေအလုပ်ကို သူလုပ်ခဲ့တယ်။ ဒါပေမယ့် အမှုတစ်ခုနဲ့ တရားရုံးမှာ အမှုအပ်သူနဲ့ ထိုးကြိတ်ခဲ့ကြတယ်။

(၃၂) နှစ်အရွယ်မှာ အလုပ်လက်မဲ့ဖြစ်ပြီး ပင်ပန်းဆင်းရဲခဲ့ရတယ်။

(၃၅) နှစ်အရွယ်မှာကံမကောင်းခြင်းက သူ့ဆီကျရောက်ခဲ့ပြန်တယ်။ ကားမောင်းပြီး တံတားတစ်စင်းပေါ်ဖြတ်တဲ့အချိန် တံတားကျိုးကျပြီး ကားရောလူပါ ချောက်ထဲကျသွားခဲ့တယ်။ တစ်ကိုယ်လုံး ဒဏ်ရာအထပ်ထပ်နဲ့ ကားဘီးအရောင်းမြှင့်တင်တဲ့အလုပ်ကို သူဆက်မလုပ်နိုင်ခဲ့တော့ဘူး။

(၄ဝ) နှစ်အရွယ်မှာ မြို့တစ်မြို့မှာ ဓါတ်ဆီဆိုင်တစ်ဆိုင်သူဖွင့်ခဲ့တယ်။ ဆိုင်းဘုတ်တင်ချိန်မှာ စီးပွားဖက်နဲ့ ရန်ဖြစ်ခဲ့တဲ့အတွက် အမှုဖြစ်ပွားခဲ့ရတယ်။

(၄၇) နှစ်အရွယ်မှာ ဒုတိယအိမ်ထောင်နဲ့ သူကွာရှင်းခဲ့တယ်။ သားသမီး သုံးဦး ကျန်ခဲ့တယ်။

(၆၁) နှစ်အရွယ်မှာ အထက်လွှတ်တော်အမတ် ဝင်အရွေးခံခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။

(၆၅) နှစ်အရွယ်မှာ လမ်းချဲ့တဲ့အစိုးရကြောင့် နာမည်ထွက်စပြုနေတဲ့ Fast food သူ့စားသောက်ဆိုင်လေး ဖျက်သိမ်းခံလိုက်ရတယ်။ ရှိစုမဲ့စုပစ္စည်းတွေကို တန်ဖိုးနည်းနည်းနဲ့ သူရောင်းချခဲ့ရတယ်။

(၆၆) နှစ်အရွယ်မှာ ရှင်သန်ဖို့အတွက် အနယ်နယ်အရပ်ရပ်က စားသောက်ဆိုင်မှာ သူတတ်တဲ့ ကြက်ကြော်အတတ်ပညာနဲ့ အလုပ်ရှာခဲ့တယ်။

(၇၅) နှစ်အရွယ်မှာ ကိုယ်တိုင်လုပ်နိုင်တဲ့အင်အားမရှိတာကြောင့် ကိုယ်စတည်ထောင်ခဲ့တဲ့အမည်နဲ့ အတတ်ကိုလွှဲပြောင်းလိုက်တယ်။ ပိုင်ရှင်အသစ်က သူ့ကို စတော့ရှယ်ယာ တစ်သောင်းပေးပြီး ဝယ်ယူတဲ့စရိတ်အချို့ လုပ်ချင်ခဲ့ပေမယ့် သူငြင်းပယ်ခဲ့တယ်။ နောက်ပိုင်း ကုမ္ပဏီစတော့ဈေး တက်လာခဲ့ပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့ သူ့အတွက် သူဌေးဖြစ်ဖို့ အခွင့်အလမ်းရခဲ့တယ်။

(၈၃) နှစ်အရွယ်မှာ Fast food နောက်ထပ် စားသောက်ဆိုင်တစ်ဆိုင်ကို သူထပ်ဖွင့်လိုက်တယ်။ ဒါပေမယ့် ကုမ္ပဏီအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး အမှုဖြစ်ခဲ့ရသေးတယ်။

(၈၈) နှစ်အရွယ်မှာ သူအောင်မြင်ခဲ့တယ်။ သူ့နာမည်ကမ္ဘာကျော်ခဲ့တယ်။ သူကတော့ KFC ကြက်ကြော် (Kentucky Fried Chicken or KFC) ကို စတင်တည်ထောင်သူ Harland David Sanders Colonel Sanders (9,Sept,1890-16,Dec,1980) ပဲဖြစ်ပါတယ်။

ကဲ...ဘယ်လိုလဲ သင့်မှာရော "ဒူးမထောက် လက်မမြှောက်တဲ့စိတ်" ရှိရဲ့လား။ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်စမ်းပါ။


~~~~~~~~~~ဆာလာအိတ်~~~~~~~~~~

Shared from Myawady News (FB)

Monday, October 28, 2013

ရင်သားကင်ဆာကို ၁၅မိနစ်အတွင်း ပျောက်ကင်းစေတော့မယ့် တိုးတက်လာတဲ့ လေဆာကုထုံး


ရင်သားကင်ဆာကို ၁၅မိနစ်အတွင်း ပျောက်ကင်းအောင် လေဆာနဲ့ ကုသလို့ရတဲ့ထိ တိုးတက်မှုတွေရှိလာပါပြီ။ ရင်သားကို ဖယ်ထုတ်စရာလုံးဝ မလိုတော့ပါဘူး။ အဲ့ဒီ့အတွက်ကြောင့် ဆရာဝန်တွေဟာ အရမ်းကို စိတ်လှုပ်ရှားရင်ခုန်နေကြပါတယ်။
အလင်းကုထုံးဟာ အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာအပါအဝင် ကင်ဆာ၎မျိုးကို ပျောက်ကင်းအောင် ကုသနိုင်တယ်လို့ အတည်ပြုပြီးဖြစ်ပါတယ်။ ရင်သားကင်ဆာကို ထိထိရောက်ရောက် ကုသနိုင်ဖို့ကိုလည်း သိပ္ပံပညာရှင်တွေက စမ်းသပ်လုပ်ဆောင်နေကြပါတယ်။ အကျိတ်ပေါ်ကို လေဆာရောင်ခြည် တိုက်ရိုက်ထိုးပြီး အလင်းကိုတုံ့ပြန်မှုရှိအောင်လည်း ဆေးတစ်မျိုး သုံးထားမယ်ဆိုရင် ကင်ဆာကို သတ်နိုင်ပါတယ်။ အောင်မြင်သွားမယ်ဆိုရင် အကျိတ်ဘေးပတ်လည်က ရှိတဲ့ ကျန်းမာတဲ့ တစ်သျှူးတွေကို ထိခိုက်မှုမရှိစေပဲ ကုသနိုင်ပါလိမ့်မယ်။ ဒါဟာ လေဆာကုထုံးရဲ့ လှပသေသပ်မှုတစ်ရပ်ပါပဲ။ ကုသနည်းကတော့ အလင်းကိုတုံ့ပြန်မှုရှိအောင် အကျိတ်ထဲကို ဆေးထိုးပြီး၊ ကင်ဆာကိုသတ်ဖို့ အကြိတ်ကိုလေဆာနဲ့ ခဏတစ်ဖြုတ် ထိုးရမှာဖြစ်ပါတယ်။ 

သီဟနိုင် (Ref:dailymail)
Shared from Myawady News (FB)

နောက်ဆုံးရေးတဲ့ email စာ


"ခင်ပွန်းသည်မှ ဇနီးသည် ဆီသို့ ...xxxxxxxxxxxxxxxx

"မိန်းမရေ ...ငါဒီစာကိုရေးရခြင်း ရည်ရွယ်ချက်ကတော့ ငါမင်းကို ထာဝရခွဲသွားပြီဆိုတာကို ပြောပြချင်လို့ပဲ ..။ ငါဟာ မင်းအတွက် ၇နှစ်လောက် ယောက်ျားကောင်းတစ်ယောက်အနေနဲ့ နေထိုင်ခဲ့တယ် .. အဲဒီ့အတွက် ငါ့မှာ ဘာမှ ကောင်းတဲ့ ရလာဒ် မရခဲ့ဘူး ...။လွန်ခဲ့တဲ့ နှစ်ပတ်အတွင်းကတော့ ငါ့အတွက် ငရဲကျနေသလိုပဲ ...အခုပဲ မင်း သူဌေးက မင်းအလုပ်ကထွက်လိုက်တဲ့ အကြောင်း ငါ့ကို ဖုန်းဆက်ပြီး ပြောတယ် ..။ ဒီအလုပ်က ငါတို့အတွက် အရေးကြီးတယ်ဆိုတာ မင်းမသိဘူးလား ...။ ဒါကိုထားလိုက်ပါဦး ...။လွန်ခဲ့တဲ့ အပတ် တနင်္ဂနွေနေ့ကဆို ငါဆံပင်ညှပ်ထားတာ မင်း သတိတောင် မထားမိဘူး မဟုတ်လား ...။ ပြီးတော့ ညစာအတွက် မင်းအကြိုက်ဆုံး ဟင်းကို လည်း ချက်ပေးထားခဲ့တယ်လေ ...။ငါ ပိုးည၀တ် ဘောင်းဘီအသစ် ၀တ်ထားတာလဲ မင်းမသိဘူး မဟုတ်လား ...။မင်း ၂မိနစ်လောက် စားပြီး တီဗီသွားကြည့်တယ် ... ပြီးတော့ အိပ်ယာထဲကို တန်းဝင်သွားတယ် မဟုတ်လား ...။မင်းငါ့ကို ချစ်တဲ့အကြောင်းတွေ မပြောတာလဲ ကြာပြီ ...။ ပြီးတော့ .. လင်မယားနှစ်ယောက်မှာ လိုအပ်တဲ့ ရင်းနှီးနွေးထွေးမှုတွေလဲ မင်းမလိုချင်တော့ဘူးမဟုတ်လား ...။ဒါတွေကိုကြည့်ခြင်းအားဖြင့် မင်းဖောက်ပြန်နေတာ (ဒါမှမဟုတ်) မင်းငါ့ကိုမချစ်တော့တာပဲ ဖြစ်ရမယ် ...။ဘာပဲဖြစ်ဖြစ်ပါ ... ငါ ... သွားပြီ ....

မ.ှ....မင်းရဲ့ယောက်ျားဟောင်း

PS: မင်းငါ့ကိုရှာဖို့ မကြိုးစားပါနဲ့ ..။ မင်းညီမနဲ့ငါ ထိုင်းကို တူတူ ပြောင်းသွားကြပြီ ...။ ငါတို့နှစ်ယောက် ဘ၀က သာယာပျော်ရွှင်မှာပါ

..xxxxxxxxxxxxxxxxxx

မိန်းမဖြစ်သူက စာပြန်တယ် ..

.xxxxxxxxxxxxxxxxxx"ယောက်ျားဟောင်းကြီးရေ ...ရှင့်စာကို ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကျွန်မအတွက် ဘာမှတော့ မထူးပါဘူး ...။ ကျွန်မတို့ လက်ထပ်တာ ၇နှစ်ရှိပြီဆိုတာ မှန်ပါတယ် ..။ ဒါပေမယ့် ယောက်ျားကောင်းအဖြစ်နေခဲ့တယ်ဆိုတာကတော့ တော်တော်လေးကို မှားနေတယ်ရှင့် ...။ ရှင်လွန်ခဲ့တဲ့ အပတ်က ဆံပင်ညှပ်ထားတာ ကျွန်မသိတာပေါ့ရှင် ... ဒါပေမယ့် မြင်မြင်ချင်း ကျွန်မခေါင်းထဲကို ၀င်လာတာက ရှင့်ဆံပင်သစ်က မိန်းမကြီးတစ်ယောက်နဲ့တူသွားစေတယ်ဆိုတာပဲ ...။ ကျွန်မ အမေက ကျွန်မကို သင်ထားတယ်ရှင့် ..။ ကိုယ်ပြောလိုက်လို့ လူသဘောကျမယ့် စကားမျိုးမဟုတ်ရင် မပြောပါနဲ့တဲ့ ...။ ဒါကြောင့် ရှင့်ဆံပင်ကြီးကို မှတ်ချက်မပေးခဲ့တာပေါ့ ...။ပြီးတော့ ရှင်ကျွန်မအတွက် ကျွန်မ အကြိုက်ဆုံးဟင်းချက်ထားတဲ့ ကိစ္စ ...။ ရှင် ကျွန်မနဲ့ ကျွန်မညီမကို မှားနေပုံရတယ် ...။ ကျွန်မ ကြက်သားမစားတာ လွန်ခဲ့တဲ့ ၇နှစ်တည်းကပဲလေ ...။ပြီးတော့ ရှင့်ပိုးဘောင်းဘီကိစ္စ ... အဲဒီ့ပေါ်မှာ ဒေါ်လာ ၂၀၀ ဆိုပြီး တံဆိပ်ကြီးမခွာရသေးတာ ကျွန်မမြင်တယ်လေ ...။ အေး ... တိုက်တိုက်ဆိုင်ဆိုင်ပဲ ... အဲဒီ့မနက်ကပဲ ကျွန်မညီမ ကျွန်မဆီက ဒေါ်လာ ၂၀၀ လာချေးသွားတယ်လေ ...။ အဲဒါကြောင့် အဲဒါကို မြင်ကိုမမြင်ချင်လို့ မျက်နှာကိုလွှဲထားလိုက်တာ ...။အော် .... ပြောရဦးမယ် ... ကျွန်မဒီလအတွက် ဒေါ်လာ ၁သိန်းတန် ထီပေါက်ထားတယ်ရှင့် ...။ ဒါကြောင့် အလုပ်ကထွက်လိုက်တာပဲ ...။Las Vegas ကိုသွားဖို့ လက်မှတ် ၂စောင်လဲဝယ်လာသေးတယ် ...။ ဒါပေမယ့် ကျွန်မ အိမ်ပြန်ရောက်တော့ ရှင်တို့က ထွက်သွားကြပြီ ...။အရာရာတိုင်းက အကြောင်းရှိလို့ အကျိုးဖြစ်တယ်ပဲ ပြောရမှာပေါ့ရှင် ...။ရှင်ဖြစ်ချင်တဲ့ ဘ၀လေးကို ရယူပိုင်ဆိုင်နိုင်ဖို့ ကျွန်မမျှော်လင့်ပါတယ် ...။ကျွန်မ ရှေ့နေ့ကလည်းပြောပါတယ် ... ရှင်ကျွန်မဆီက တစ်ပြားတစ်ချပ်မှ ယူလိမ့်မှာ မဟုတ်ဘူး ဆိုတာ ရှင့်စာထဲက စကားတွေထဲမှာ ပါတယ်တဲ့ ...။မှ....ရှင့် မိန်းမဟောင်း ( သူဌေးလဲဖြစ်ပြီး လွတ်လပ်သောဘ၀ကိုလည်း ပိုင်ဆိုင်သွားသူ)

P.S: အော် ... ကျွန်မနဲ့ရှင် အိမ်ထောင်သက်တစ်လျှောက်လုံး ရှင့်ကိုမပြောခဲ့တာလေးတစ်ခုတော့ ပြောပါရစေ ... ကျွန်မ ညီမ စန်ဒီဟာ တကယ်တော့ ကျွန်မ မောင်လေး ဂျွန်ပါပဲ ...။ သူ လိင်ပြောင်းဖို့အတွက် ကျွန်မပဲ ပိုက်ဆံထုတ်ပေးခဲ့တာလေ ...။ သူ့ဘ၀အတွက် ဒီကိစ္စကို ဘယ်သူမှ မပြောပဲ နေခဲ့တာပဲ ... ဒါကလဲ ပြဿနာတစ်ခုတော့ မဟုတ်လောက်ပါဘူး .. ဟုတ်တယ် မဟုတ်လား ...။ "


credit>>Jay Ki
Shared from Myawady News (FB)

အိမ်ရှင်မများအတွက် သတင်းလက်ဆောင်



Monday, October 28, 2013

(၁) ပုရွက်ဆိတ်တွေကြောင့်စိတ်ညစ်နေပါသလား?
ပုရွက်ဆိတ်တွေက သခွားသီးကိုမုန်းတယ်လေ။ ဒါကြောင့် သခွားသီးအခွံ တွေကို ပုရွက်ဆိတ်အိမ်(အသိုက်အအုံ)နားမှာ ချထားပေးလိုက်ပါ။

(၂) ရေခဲရေ သန့် သန့် သောက်ချင်ပါသလား ?

ဦးစွာ ရေနွေးပွက်ပွက်ဆူအောင်ကြိုပါ။ ပြီးရင်အအေးခံပြီးတော့ သင့်တော်ရာ ပုလင်းထဲထဲ့ပြီး ရေသေတ္တာထဲ ထဲ့လိုက်တော့ ရေခဲရေသန့် သန့် ရပြီပေါ့။

(၃) မှန်တွေ ကြည်ကြည်လင်လင်ဖြစ်ချင်ပါသလား ?

Spriteအချိုရည်နဲ့  မှန်ကိုသုတ်ပေးလိုက်ပါ။

(၄) အ၀တ်အထည်တွေပေါ်မှာ ပီကေတွေကပ်နေလို့ ဖျက်ရခက်နေပါသလား ?

အဲဒီအ၀တ်အထည်ကို ရေခဲသေတ္တာတဲ ၁-နာရီ လောက်ထဲ့ပေးပြီးနောက်မှာတော့၊ ပီကေတွေခွာလို့ ရပါပြီ။

(၅)အ၀တ်ဖြူတွေကို ဖြူဖြူစင်စင်လေး ဖြစ်စေချင်ပါသလား?

ဇလုံတစ်ခုထဲမှာ နွေးပူပူထဲ့ပြီးရင် သံပုရာသီး တစ်စိပ်လောက် ညှစ်ထဲ့ပေးလိုက်ပါ။ အဲဒီဇလုံထဲကို အ၀တ်ဖြူ ၁၀-မိနစ်လောက်စိမ်ထားပြီးမှ ပုံမှန်အတိုင်းဆပ်ပြာတိုက် လျှော်ဖွတ်ပေးပါ။

(၆) ဆံသားတွေ တောက်ပြောင်ချင်ပါသလား ?

ရှာလကာရည် ၁-ဇွန်းလောက်ကို ဆံပင်အနှံ့ လိမ်းကျံပေးပြီးရင်၊ ရေအေးနဲ့  လျော်ချလိုက်ပါ။(ရေခဲရေ မဟုတ်ပါ)

(၇) သံပုရာသီးထဲကအရည်တွေ ကုန်စင်အောင်ညှစ်ယူချင်ပါသလား ?

ဦးစွာ သံပုရာသီးအလုံးလိုက်ကို ရေနွေးပူပူထဲမှာ တနာရီ လောက်စိမ်ပါ။ ပြီးမှ အရည်ညှစ်ယူပါ။

(၈) ဂေါ်ဖီထုပ်ဟင်းချက်တဲ့အခါ စိမ်းစော်နံနေတာကို ဘယ်လိုဖျောက်ရမလဲ ?

ဂေါ်ဖီထုပ်ချက်နေတဲ့ ဟင်းအိုးထဲကို ပေါင်မုန့်  အပိုင်းအစလေး ထဲ့ချက်လိုက်ရုံပါဘဲ။

(၉) ကြက်သွန်နီလှီးနေတုန်း မျက်ရည်မကျအောင် ဘယ်လိုလုပ်ရပါ့ ?

ပီကေ ၀ါးရင်း ကြက်သွန်နီ လှီးပေးပါ။

(၁၀) အာလူးပြုတ်တွေ မြန်မြန်နူးစေချင်ပါသလား ?

မပြုတ်ခင်မှာ အာလူးရဲ့ တဖက်တချက်စီကို အခွံနွှာပေးပါ။ (အကုန်အခွံနွှာ ရန်မလိုအပ်ပေ)

(၁၁) အ၀တ်ပေါ်က မှင်စက်အစွန်းအထင်းတွေ ဖယ်ရှားရခက်နေပါသလား?

မှင်ကွက်အစွန်းအထင်းပေါ် သွားတိုက်ဆေး များများအုံပြီးနောက်၊ အဲဒီသွားတိုက်ဆေးတွေ လုံးဝခြောက်သွေ့ တဲ့အခါမှ အ၀တ်လျှော်လိုက်ပါ။

(၁၂) ကန်စွန်းဥတွေ အခွံမြန်မြန်ခွာချင်ပါသလား ?

ပြုတ်ပြီးစ ကန်စွန်းဥပူပူကျစ်ကျစ်ကို အိုးထဲကဆယ်ယူပြီး၊ ရေအေးထဲ ချက် ချင်း နှစ်စိမ်ပေးလိုက်ပါ။ (ရေခဲရေမဟုတ်ပါ)

(၁၃)ကြွက်တွေကို ဘယ်လိုနှိမ်နင်းရပါ့ ?

ကြွက်တွေလာတတ်တဲ့နေရာကို ငြုပ်ကောင်းမှုန့် (အမဲရောင်) ဖြူးပေးထားရုံပါဘဲ။ ငြုပ်ကောင်းမှုန့် 
ရနံ့ ကြောင့် ကြွက်တွေထွက်ပြေးကုန်ပါလေရော။

(၁၄) နှလုံးရောဂါသည်တွေ ညအိပ်ယာမ၀င်ခင် ဘာလုပ်သင့်သလဲ ?

နှလုံးရောဂါသည်များ သောက်ရေအေး ၁-ခွက် (သို့ မ ဟုတ်) ၂-ခွက်သောက်ပြီးမှ ညအိပ်ယာဝင်ပါ။ ဒါဆို နံက်အိပ်ယာထ အမောမဖောက်စေတော့ပါဘူး (ရေခဲရေ မဟုတ်ပါ)

အိမ်ရှင်မများ ပြုံးပျော်နိုင်ကြပါစေရှင်။
ပေါက်ပေါက်
(မှီငြမ်း Daily Health Tips on 19th Oct ’13)
credit to >>Promise Pauk Facebook


လူဗိုလ်ဟူသည် မှ
Shared from Burmese Treasure (FB)

မကွဲခင်က ခွဲနှင့်ပါ


ကိုယ့်ကိုယ်ကို အမြဲတမ်းသတိပေးရမယ့် အချက် ၅ ချက်ရှိသတဲ့ဗျ။ အမြဲနှလုံးသွင်းရမယ့် တရား ၅ မျိုးလို့ ခေါ်တယ်။

ငါ အိုရဦးမယ်။ ဒါလဲအမြဲသတိပေးရမှာ.. ငါအိုရဦးမယ်။
ဘာဖြစ်လို့ လဲဆိုတော့ ဒို့ က သူများအိုတာသာ သိတာကွဲ့ ။
ကိုယ်အိုတာကို မေ့နေတယ်။ မေ့တတ်လွန်းလို့  သတိပေးရတယ်။ ငါအိုရဦးမယ်..။ ဒါပြီးတော့ နောက်ထပ်ဆင်ခြင်ရမှာက
အင်း.. ငါ အအိုကမလွတ်သေးဘူး။ မေ့တတ်လွန်းလို့  .. အမြဲဆင်ခြင်ပါ။

ဒုတိယကျတော့ .. ငါနာရဦးမယ်။ ဒါလည်း ကိုယ့်ကိုယ်ကို အမြဲတမ်း သတိပေးနေရမယ်တဲ့။ ဘာဖြစ်လို့ တုန်း။ သူများနာတာတွေတာ သိနေတာ။ ကိုယ်နာတာတော့ မေ့နေသနော်။
သူများနာမှာတွေသာ ကြည့်နေတာ။ ကိုယ်နာမှာကျ သတိမရဘူး။ ကိုယ့်ကိုယ်ကို အမြဲတမ်း အကောင်းချည်းပဲ ထင်နေတာ။ ဒါလည်း အမြဲတမ်း သတိပေးရမှာတဲ့ဗျ။ အဲသလို သတိပေးရင်း..
အင်း ငါအနာက မလွတ်သေးပါလား။ အဲသလို ထပ်စဉ်းစားရမယ်တဲ့ဗျ။

ပြီးတော့ တစ်ခါ တတိယကျတော့ ငါသေရဦးမယ်။ ဘာဖြစ်လို့ တုန်း...
.ဒို့ က သူများသေမှာသာ လျှောက်စဉ်းစားနေတာ..။ ကိုယ်သေမှာကို ဘယ်နခါစဉ်းစားမိလို့ တုန်း။ မေ့လွန်းလို့  မေ့လွန်းလို့ ။ သေမှာလည်း မေ့လွန်းလို့  ဒါလည်း အမြဲသတိပေးနေရမယ်တဲ.ဗျ။

နံပါတ် ၄ ကျတော့ ငါ့မိဘ ဆွေမျိုး ညီကို မောင်နှမ ငါ့အပေါင်းအသင်းတွေနဲ့  သေကွဲဖြစ်ဖြစ် ရှင်ကွဲဖြစ်ဖြစ် ကွဲဦးမှာ။ စဉ်းစားထား။ စဉ်းစားထား။ အမြဲတမ်းဒီလိုချည်း နေရမယ်များ ထင်သလား။

သေကွဲလည်း သူက ခွဲထားခဲ့မှာလည်း ရှိသလို
ကိုယ်ကခွဲထားခဲ့မှာလည်း ရှိတယ်။

သူခွဲထားခဲ့တာရှိသလို ကိုယ်ကခွဲထားခဲ့တာလည်း ရှိမှာနော်။
ကွဲရမှာနော်။ ကွဲရမှာ ခင်ဗျားတို့ ။ ဒီတိုင်း အမြဲနေရလိမ့်မယ်များ ထင်မနေနဲ့ ။ သေကွဲလည်းကွဲနိုင်တာပဲ။ ရှင်ကွဲလည်း ကွဲနိုင်တာပဲ။
အိမ်ထောင်ရက်သားကျလို့  သူ့ ရွာ ကိုယ့်ရွာ ပါသွားကျတာတွေလည်း အများကြီးပဲ။ ဒါလည်း အမြဲစဉ်းစားရမှာ။

ဘာဖြစ်လို့ တုန်း မကွဲခင်က ခွဲမထားရင် ကွဲတဲ့အခါကျတော့ ဆတ်ဆတ်လူးမယ်နော်။

မကွဲခင်က ခွဲထားလို့ ရှိရင် ကွဲတော့ မတုန်လှုပ်ဘူး။ မကွဲခင်က ခွဲထား။ မကွဲခင်ကတွဲနေမိရင် ကွဲတဲ့အခါ ဆတ်ဆတ်လူးမယ်နော်။
ခွဲတော.့ခွဲကြရမယ်။ သေကွဲလား ရှင်ကွဲလား ဒါပဲကွာမယ်။
သူကထားခဲ့မှာလား ကိုယ်ကထားခဲ့မှာလား ဒါပဲကွာတယ်။ ထားတော့ ထားခဲ့မှာချည်းပဲ။ ထားခဲ့တာတွေလည်း ရှိလောက်ပါပြီ ခုချိန်ဆို။
အဖေတွေထားခဲ့တာ.. အမေတွေထားခဲ့တာ ခုကတည်းက စလောက်ပြီ။ ညီတွေထားခဲ့တာ အကိုတွေထားခဲ့တာ ညီမတွေထားခဲ့ အစ်မတွေထားခဲ.တာ ခုကတည်းက ရှိလောက်ပြီ။ ကိုယ်ကလည်း
နောက်သူများကိုထားခဲ့ရဦးမယ်။ တွဲနေရတုန်းကတည်းက ကွဲအောင်လုပ်ထား။

ကွဲလို့  မကွဲတဲ့အခါကျရင် သေမှ ပြန်တွဲမယ်နော်။ ပြန်ပြီးအစွဲနဲ. အိမ်ခင်အိမ်၊ မိသားစုစွဲ မိသားစု၊ ပြိတ္တာဘ၀နဲ့ ရောက်တာ ပြန်တွဲတာပြောတာ။ စွဲမိစွဲရာ ပြိတ္တာဘ၀နဲ့  နေကြရဦးမယ်။
အိမ်စွဲတဲ့ပုဂ္ဂိုလ် အိမ် မကျွတ်မလွတ်နဲ့ နေရမယ်။ ပြန်ပြီးတော့ ဒီအိမ်ပဲ ပြန်တွဲမယ်..။ ငြိနေတာ ပြန်တွဲနေတာမဟုတ်ဘူးလား။ ငြိနေ တွဲနေမှာပေါ့။

ခွဲရတယ်ဆိုတည်းက ကိုယ်ပစ္စည်းဟုတ်လို့ လား မဟုတ်လို.လား။
မဟုတ်လို့ ခွဲရတာပေါ့။ မဟုတ်လို့ ခွဲရတာ..ဟုတ်ရင် မခွဲရဘူး။
အဲတော့ ကိုယ့်ကိုယ်ကိုပြန်ပြီးတော့ စာရင်းစစ်ကြည့်ပါတဲ့။

အဲတော့ နံပါတ် ၅ က ငါ့အတွက် ဘာရှိသလဲဆိုတော့ ကံအမွေပဲရှိတယ်။ ကံအမွေကတော့ ကိုယ်သွားရာပါလိမ့်မယ်..
ခွဲထားခဲ့ရမှာလား။ သွားရာပါမှာ။ ကိုယ်သေးလို့  သားတွေ သမီးတွေကလိုက်မယ်ထင်လား..။ လိုက်မှာ ဘယ်သူတုန်း .. ကံအမွေပဲဗျ........။ ကိုယ့်ကံအတိုင်း သွားရမှာ။

ငရဲသွားမယ့် ပုဂ္ဂိုလ်ကို ဘုရားဝင်တားလို့ မရဘူး။ သိကြားဝင်တားလို့ မရဘူး။ နတ်ပြည်တက်မယ့် ပုဂ္ဂိုလ်ကို ဘုရားဝင်ဆွဲချလို့ မရဘူး။
သိကြားဝင်ဆွဲချလို့ မရဘူး။ ကိုယ့်ကံအတိုင်း သွားကြရမှာ။ .......မေ့မေ့ကြီးနဲ့ ဒီတိုင်း.နေရင် ဆိုးကံပစ်ချရာခံရမယ်နော်။

ငါ သေရဦးမယ် ဆင်ခြင်ပါ။ ငါ အသေမလွတ်သေးဘူး..ဆင်ခြင်ပါ။
..မဆင်ခြင်လို့ ရှိရင် သေရင် ခင်ဗျားတို့  မသေဘဲဖြစ်မယ်နော်။
အစွဲရှိရင် သေတယ်လို.ပြောလို.ဖြစ်မလား.. မသေဘဲဖြစ်သွားမယ်နော်။
ရှင်တုန်းက သေထားမှ ..သေတော.သေမှာ။ ရှင်တုန်းက ကိုယ်.ကိုယ်ကိုရှင်နေရင် သေတော့ ခင်ဗျားတို့  မသေနိုင်ဘူးနော်........။


(မဟာဗောဓိမြိုင်ဆရာတော်ကြီး ဟောကြားသော မကွဲခင်က ခွဲနှင့်ပါ တရားတော် မှ)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

"လေလှိုင်းထဲက အသံလေး"


ဟယ်လို !!!
မိုးတွေရွာနေတယ်
ထီးမပါပဲ လျှောက်မသွားနဲ့ 
ကိုယ် စိတ်ချမယ်နော် တဲ့ ။

ဟယ်လို !!!
Ph ဘာလို့ ဆက်လို့ မရတာလဲ
စိတ်ဆိုးပြေပါ တော့
ကိုယ်အရှုံးပေးပါတယ် တဲ့ ။

ဟယ်လို !!!
ညဥ့်နက်တဲ့ထိ Online မှာမစောင့်နဲ့ 
ကိုယ်မအားလို့ ပါ
ပြောစကားနားထောင်နော်
ကိုယ်ကတော့အရမ်းသတိရနေတယ်တဲ့ ။

ဟယ်လို !!!
နေမကောင်းဘူးဆို
ဆေးသောက်ရမှာ မကြောက်နဲ့ 
စိတ်ပူနေတယ်နော်တဲ့ ။

ဟယ်လို !!!
အလုပ်မှာ အဆင်ပြေရဲ့ လား
စိတ်မညစ်နဲ့ နော်
ကိုယ်ရှိတယ် တဲ့ ။

ဟယ်လို !!!
အတူတူဆုံဖို့ ရက်
လက်ချိုးရေတွက်နေတယ်
ကိုယ့်ကိုလွမ်းနေပါနော်တဲ့ ။

ဟယ်လို !!! …
ဟယ်လို !!! …
ဟယ်လို !!! …
ကြားနေကျ လေလှိုင်းထဲက
နင့်ရဲ့ အသံလေး
ငါ့ကို ထားသွားရက်တဲ့အခါ … …

နင်မှာနေကျ စကားတွေ
နားထဲမှာ သံမှိုဆွဲရင်း
မေ့ဖျောက်ဖို့ ကြိုးစားနေရဆဲ
ကောင်လေးရေ …

နင့်အတွက် သီးသန့် ထားတဲ့
Ring Tone လေးကြားတိုင်း
ကယောင်ကတမ်းနဲ့ သွေးပျက်နေတဲ့
နေ့ နဲ့ ညတွေ ငါဖြတ်ကျော်နေရဆဲပါပဲ ။

ပြောခွင့်သာရမယ်ဆိုရင်ပေါ့
ဟယ်လို !!!
ပျော်သလိုသာနေပါချစ်သူရယ်
ငါ , အဆင်ပြေပါတယ်
♪ နင်ပျော်ရင်ကျေနပ်တယ် ငါ့ကိုမေ့ထားလဲ ♪ … ။


မိုးသက်ငြိမ်

9.10.2013
1:12 PM
credit: မိုးသက် ငြိမ်

Sunday, October 27, 2013

“ငြိမ်းချမ်းရေးအတွက် သက္ကပဥှသုတ်ရဲ့မှတ်ချက်”




သိကြားမင်းမေးလို့ ဘုရားရှင် ဖြေတော်မူတဲ့ သုတ်တော်တစ်ခုကို ညွန်းပါဆိုရင် သက္ကပဥှသုတ်တော်ကို အထူးညွန်းချင်ပါတယ်။ ဒီသုတ်တော်မှာ သိကြားမင်းက ဘုရားရှင်ထံလာပြီး သတ္တဝါတွေ မငြိမ်းချမ်းနိုင်ခြင်းရဲ့ အကြောင်းကို မေးလျှောက်လို့ ဘုရားရှင်က ဖြေကြားပေးခဲ့ပါတယ်။ အဲဒီ အမေးအဖြေအပေါ် မှတ်ချက်ပြုကြည့်တော့ ဒီလိုလေး တွေ့ရပါတယ်။

မနာလိုခြင်း ဣဿာ၊ ဝန်တိုခြင်း မစ္ဆရိယတွေ ရှိနေရင် သတ္တဝါတွေ ငြိမ်းချမ်းချင်ပေမယ့် မငြိမ်းချမ်းနိုင်ဘူးတဲ့။ အဲဒီ မနာလိုခြင်း၊ ဝန်တိုခြင်းတွေဟာ ချစ်ခြင်း၊ မုန်းခြင်းဆိုတဲ့ သံယောဇဉ်ကြောင့် ဖြစ်လာတတ်ပြီး အဲဒီ အချစ်အမုန်း သံယောဇဉ်ဟာလည်း လိုချင်ခြင်း ဆန္ဒကြောင့် ဖြစ်ပေါ်စေကာ အဲဒီ လိုချင်ခြင်းဟာလည်း ကြံစည်ခြင်း ဝိတက်ကြောင့် ဖြစ်ပေါ်လာတတ်တဲ့အပြင် အဲဒီကြံစည်ခြင်းဟာလည်း တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ သံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စတရားကြောင့် ဖြစ်ပေါ်တတ်ပါတယ်တဲ့။

အရင်းစစ်တော့ သတ္တဝါတွေ မငြိမ်းချမ်းတာဟာ တဏှာ၊ မာန၊ ဒိဋ္ဌိကို အခြေခံရာက ကြံစီခြင်းတွေဖြစ်၊ အကြံတွေက ဆန္ဒတွေဖြစ်၊ ဆန္ဒတွေက အချစ်အမုန်းတွေဖြစ်၊ အချစ်အမုန်းတွေက မနာလိုခြင်း ဝန်တိုခြင်းတွေအထိ ဖြစ်ပေါ်လာပြီး နောက်ဆုံး သတ္တဝါတွေ မငြိမ်းချမ်းနိုင်တဲ့အထိ ဖြစ်သွားစေတော့တာပါ။

ဆိုတော့ကား ဒီတရားတွေ မဖြစ်စေဖို့ ဘာလုပ်သင့်သလဲဆိုတော့ ခံစားချက်ကို ရှုပွားတတ်တဲ့ အကျင့်နဲ့နေကြည့်ဖို့ပါပဲတဲ့။ ရှုပွားတယ်ဆိုတာ ခံစားဖို့ မဟုတ်ပါဘူး။ အစွဲမကပ်အောင် သိမှတ်ဖို့ပါပဲ။ ကောင်းရင်လည်း ကောင်းတဲ့ခံစားချက်အပေါ်မှာ အစွဲမကပ်ဘဲ အသိကပ်ဖို့၊ မကောင်းရင်လည်း မကောင်းတဲ့ ခံစားချက်အပေါ် အစွဲမကပ်ဘဲ အသိကပ်ဖို့၊ ကောင်းတာလည်း မဟုတ်။ မကောင်းတာလည်း မဟုတ်ရင်လည်း အဲဒီခံစားချက်အပေါ်မှာ အစွဲမကပ်ဘဲ အသိကပ်ဖို့ပါ။

ဒီလို ခံစားချက်မှန်သမျှကို လိုက်မခံစားဘဲ သတိနဲ့ သိမှတ်နိုင်ရင် အစွဲတဏှာ၊ အထင်မာန၊ တစ်လွဲဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားတွေကို တဖြည်းဖြည်း ခွါလာနိုင်မှာပါ။ အဲဒီ တရားသုံးပါးကို ခွါထားနိုင်ရင် သူ့ကိုအကြောင်းပြုပြီး ဖြစ်လာနိုင်တဲ့ အကြံတွေ၊ အကြံကြောင့် ဖြစ်လာနိုင်တဲ့ လိုချင်မှုတွေ၊ အလိုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အချစ်အမုန်းတွေ၊ အချစ်အမုန်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ မနာလိုခြင်း ဝန်တိုခြင်းတွေဟာလည်း တဖြည်းဖြည်းနည်းလာကြမှာပါ။ မနာလိုတာတွေ ဝန်တိုတာတွေ နည်းလာရင် သေချာတယ် အားလုံးဟာ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားကြမှာ အမှန်ပါပဲ။

“မနာလိုခြင်း၊ ဝန်တိုခြင်း အရှင်းကင်းပါစေ။”

မြတ်ဗုဒ္ဓ၏ သက္ကပဥှသုတ်တော်ကို ပူဇော်ရင်း


မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

“ဗုဒ္ဓသာသနာခေတ်၏ အာဇာနည်အမျိုးသမီး (၁၀)ယောက်”


၁။ ရှေးဦးစွာ သရဏဂုံတည်ရာ၌ ဘွဲ့တံဆိပ်ရသူ
(သေနိယသူဌေးသမီး သုဇာတာ)

၂။ အလှူဒါနအများဆုံးအရာ၌ ဘွဲ့တံဆိပ်ရသူ
(ပုဗ္ဗာရုံကျောင်းအမကြီး ၀ိသာခါ)

၃။ အကြားအမြင်ဗဟုသုတအရာ၌ ဘွဲ့တံဆိပ်ရသူ
ခုဇ္ဇုတ္တရာ
(သူမသည် သာမာဝတီအမှူးပြုသော မောင်းမငါးရာတို့အား ကျမ်းဂန်များ သင်ကြားပို့ချပေးရပြီး ထိုကျမ်းသည် သုတ္တန္တပိဋက၌ ဣတိဝုတ္တကဟူသော အမည်ဖြင့် သီးခြားရှိသည်။)

၎။ မေတ္တာဖြင့်နေသောအရာ၌ ဘွဲ့တံဆိပ်ရသူ
(သာမာဝတီ)

၅။ ဈာန်ဝင်စားရာ၌ ဘွဲ့တံဆိပ်ရသူ
(နန္ဒမာတာ ဥတ္တရာ)

၆။ အကောင်းအမြတ်ပေးလှူရာ၌ ဘွဲ့တံဆိပ်ရသူ
(ကောလိယမင်းသမီး သုပ္ပ၀ါသာ)

၇။ သူနာကိုအကောင်းဆုံးပြုစုလုပ်ကျွေးရာ၌ ဘွဲ့တံဆိပ်ရသူ
(သုပ္ပိယာ)

၈။ မတုန်မလှုပ်ကြည်ညိုရာ၌ ဘွဲ့တံဆိပ်ရသူ
(ကာတိယာနီ)

၉။ ဘုရားရှင်နှင့် အကျွမ်းဝင်ခြင်းအရာ၌ ဘွဲ့တံဆိပ်ရသူ
(နကုလမာတာ (နကုလပိတာနှင့်အတူ)

၁၀။ တစ်ဆင့်ကြားကာမျှဖြင့် ဘုရားကို ကြည်ညိုသောအရာ၌ ဘွဲ့တံဆိပ်ရသူ
(ကာလီ)


ကျမ်းကိုး
(အင်္ဂုတ္တရပါဠိတော်၊ ပထမအုပ်၊ စာမျက်နှာ ၂၃)
အရှင်သုနန္ဒာလင်္ကာရ-ပန်းကမ္ဘာ
Words of Buddha မှယူပါသည်။

TOUCHING STORY


An old man saw a scorpion drowning and decided to pull it out from the water. He calmly extended his hand to reach the creature. When he did, the scorpion stung him. With the effect of the pain, the old man let go the creature and it fell back into the water. The man realizing that the scorpion was drowning again, got back and tried to rescue it but then again it stung him. He let go of it again. A young boy standing by, approached the old man and said,"excuse me Sir, you are going to hurt yourself trying to save the evil-vicious creature, why do you insist? Don't you realize that each time you try to help the scorpion, it stings you?" The man replied, "the nature of the scorpion is to sting and mine is to help. It will not change in helping the scorpion." So the man thought for a while and used a leaf from a nearby tree and pulled the scorpion out from the water and saved it's life.

MORAL LESSON: Do not change your nature. If someone hurts you, just take precautions. Some pursue happiness while others create it. Let your conscience be your guide in whatever you do.

NOTE: When life presents you with a thousand reasons to cry, show it that you have a thousand reasons or more to smile. More importantly, always be the reason for the smile!

For more Positivity -► Think Positive to Make Things Positive
-Oฬм'r-

Shared from Think Positive to Make Things Positive (FB)

Saturday, October 26, 2013

“ ခေတ်(၅)ခေတ် ”


၁။ ၀ိမုတ္တိယုဂခေတ် နှစ်ပေါင်း ၅၀၀
၂။ သမာဓိယုဂခေတ် နှစ်ပေါင်း ၅၀၀
၃။ သီလယုဂခေတ် နှစ်ပေါင်း ၅၀၀
၎။ သုတယုဂခေတ် နှစ်ပေါင်း ၅၀၀
၅။ ဒါနယုဂခေတ် နှစ်ပေါင်း ၅၀၀
ရှည်လျားသော အချိန်ကာလကြီးတစ်ခုကို ခေတ်(၅)ခေတ်တို့ဖြင့် ပိုင်းခြား၍ လည်ပတ်နေသည် ဆို၏။ ဘုရားပွင့်ချိန်မှစပြီး နှစ်ပေါင်း (၅၀၀) အတွင်း ၀ိမုတ္တိယုဂခေတ်ဖြစ်သောကြောင့် ဈာန်မဂ်ဖိုလ် တရားထူးများ ရကြသည်။

ဒုတိယနှစ်ပေါင်း (၅၀၀) အတွင်း၌ကား သမာဓိယုဂခေတ် ဖြစ်သောကြောင့် သမာဓိတည်ရုံမျှသာဖြစ်၏၊ တရားထူးများမပါဟု ဆိုလိုဟန် တူသည်။

တတိယနှစ်ပေါင်း (၅၀၀) အတွင်း၌ သီလယုဂခေတ် ဖြစ်သောကြောင့် သီလကိုသာ ဦးစားပေး၊ သီလစင်ကြယ်အောင် ထိန်းကြ၍ သီလ မျှသာရှိကြ၏ဟု ဆိုလိုသည်။

စတုတ္ထနှစ်ပေါင်း (၅၀၀) အတွင်း၌လည်း သုတယုဂခေတ် ဖြစ်သောကြောင့် ဗဟုသုတကြွယ်ဝဖို့သာ ဦးစားပေးကြ၏။ ကျမ်းဂန် တတ်မြောက်ရေးအတွက်သာ အာရုံစိုက်ကြသည်။

ပဉ္စမနှစ်ပေါင်း (၅၀၀) အတွင်း၌မူ ဒါနယုဂခေတ် ဖြစ်သောကြောင့် ဒါနပြုမှု အားသန်ကြ၏။ လှူကြ၊ တန်းကြ၊ ပေးကြ၊ ကမ်းကြများ၏။ ဘုရားတည်ကျောင်းဆောက် ပေါများသည်။

ထိုမှလွန်သော် ၀ိမုတ္တိယုဂ ခေတ်တွင်းသို့ ပြန်ဝင်လာပြီး၊ သာသနာနှစ် (၂၅၀၀)၊ ကောဇာသက္ကရာဇ် (၁၃၁၈) ခုနှစ်ကစ၍ ဤ ဘက်တွက် ၀ိမုတ္တိယုဂခေတ်သို့ ပြန်လည် ဆိုက်ရောက်လာပြီ ဖြစ်ပါသည်။

(ကိုးကား။ ။ မိုးကုတ်ယောဂီလက်စွဲအမှတ်(၁) စာအုပ်မှ ပြန်လည်ကောက်နုတ် ဖော်ပြအပ်ပါသည်။ သတ္တ၀ါအားလုံး ကျန်းမာချမ်းသာကြပါစေ။)

- [အရှင်တေဇနိယ(အုတ်ဖို)]


Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

အေးချမ်းမွန် 
Credit To > Young Buddhist's Association < Thanks
https://www.facebook.com/excellencemedia

(ဒီပို့စ်လေးအတိုင်းစိတ်ထားနိုင်ကြပါစေ) like & share


လူတွေဟာ စိတ်ရဲ့သဘာဝကို နားမလည်လို့ပါ။ စိတ်ရဲ့သဘာဝကို
တကယ်နားလည်လာရင် ကိုယ့်စိတ်ကို အကောင်းဆုံးအခြေအနေမှာ
ထားချင်တယ်။ ဒါဟာ အကောင်းဆုံးပဲ။ တွက်ခြေအကိုက်ဆုံးပဲ။

ဘဝရဲ့အရည်အသွေးကို မြင့်မားစေချင်ရင် စိတ်ရဲ့အရည်အသွေးကို
မြင့်မာအောင် ကြိုးစားမှဖြစ်မယ်။ ဘဝရဲ့အဆင့်အတန်းကို စိတ်ရဲ့အဆင့်အတန်းနဲ့ပဲ တိုင်းတာသင့်တယ်။ သုံးစွဲနေတဲ့ ပစ္စည်းတွေရဲ့ အဆင့်အတန်းနဲ့ မတိုင်းတာသင့်ဘူး။

ကိုယ့်စိတ်ကလေးကို ကိုယ်သိပြီးတော့ ကိုယ့်ဟာကိုယ် သန့်သန့်ရှင်းရှင်း
ကြည်ကြည်လင်လင် ငြိမ်းငြိမ်းချမ်းချမ်းလေး နေသွားလို့ရှိရင် တစ်နေ့တခြား အသိဥာဏ်တွေ ပိုပိုပြီးတော့ ရင့်ကျက်လာလိမ့်မယ်။

(ဆရာတော်ဦးဇောတိက)


အေးချမ်းမွန် 
Credit To > မြတ်ဗုဒ္ဓအလင်း < Thanks
https://www.facebook.com/excellencemedia

နှလုံးသွေးကြော ကျဉ်းသည့် ရောဂါရှိသူများ အတွက်


ယ္ခုပြောပြမယ့် အိမ်တွင်းဆေး လေးကို သောက်ကြည့်ပါ ။
၃ လ ခန့် သောက်ပြီးလျှင် အချို့ သော By-Pass Surgery လုပ်ရန် လိုအပ်သူများ သည်
By-Pass Surgery လုပ်ရန်မလိုဘဲ ကောင်းမွန်သွားသည်မှာ
နီးစပ်ရာ ဝေဒနာရှင်များ လက်တွေ့ ဖြစ်ပါသည် ။
ငွေကုန် ကြေးကျ သိပ်မများ၍ လူတိုင်းတတ်နိုင်မည်ဟုထင်ပါသည် ။
Side Effect အန္တရယ် ဖြစ်မှာ ကိုလဲ စိုးရိမ်စရာမလိုပါ ။

ဘယ်လို လူတွေသောက်သင့်သလဲ ?

နှလုံးသွေးကြော ကျဉ်းသည့် သူများ ၊
နှလုံးသွေးကြောချဲ့ ရန် လိုအပ်သည့်သူများ ၊
နှလုံးသွေးကြောချဲ့ ရန် လိုအပ်ပြီး အခြားသောရောဂါများကြောင့်
Angiography or By-Pass Surgery လုပ်ရန်မလွယ်ကူသောသူများ ။

ဘာတွေ လိုအပ်သလဲ ?
ဆေးဖေါ်စပ်ရာတွင် လိုအပ်သောပစ္စည်းများမှာ ---
ရှောက်သီး ၊ ဂျင်း ၊ ကြက်သွန်ဖြူ ၊ ပန်းသီးမှထုတ်လုပ်ထားသော ရှာလကာရည် (Apple Cider Vinegar ) နှင့် ပျားရည်စစ်စစ် ။


ရှောက်သီးကို အရည်ညှစ် ရပါမယ် ။
ဂျင်း နှင့် ကြက်သွန်ဖြူ ကို လဲ အရည်ညှစ်ရပါမယ် ။ Blender ရှိရင်တော့ ပိုအဆင်ပြေပါတယ် ။
မရှိလဲ ကိစ္စမရှိပါဘူး ၊ သေသေချာချာ ညက်အောင်ထောင်းလို့ ရပါတယ် ။
Apple Cider Vinegar ( ပန်းသီးမှထုတ်လုပ်ထားသော ရှာလကာရည် ) ကိုတော့ ရန်ကုန်မှာဆိုရင်
City Mart ဆိုင်တိုင်းမှာ ဝယ်လို့ ရပါတယ် ။ ၁ ပုလင်းမှ ကျပ် သုံး ၊ လေး ထောင်ဝန်းကျင်ပါ ။

ဘယ်လို ဖေါ်စပ်ရမှာလဲ ?
၁ ။ ရှောက်ရေ အကြမ်းပုဂံလုံး ( ၁ ) လုံး
၂ ။ ဂျင်းရေ အကြမ်းပုဂံလုံး ( ၁ ) လုံး
၃ ။ ကြက်သွန်ဖြူ အရေ အကြမ်းပုဂံလုံး ( ၁ ) လုံး
၎ ။ Apple Cider Vinegar အကြမ်းပုဂံလုံး ( ၁ ) လုံး

အပေါ်က ပစ္စည်း ( ၄ ) မျိုးကို အိုးအသေးတစ်ခုထဲထည့်ပါ ။
မီးဖိုပေါ်တွင် မီးအေးအေးဖြင့် အကြမ်းပုဂံလုံး ( ၃ ) ခွက်စာရသည်အထိကြိုပါ ။
( ခန့် မှန်းခြေ မိနစ် ၆၀ ခန့် ကြာပါတယ် )
အကြမ်းပုဂံလုံး ( ၃ ) ခွက်စာ ရပြီ ဆိုလျှင် အအေးခံပါ ။
အေးသွားလျှင် ပျားရည်စစ်စစ် အကြမ်းပုဂံလုံး ( ၃ ) ခွက် နှင့် ရောမွှေပါ ။
ပြီးလျှင် ပုလင်းသန့် သန့် ထဲသို့ ပြောင်းထည့်လို့ ရပါပြီ ။

ထိုပုလင်းကို ရေခဲသေတ္တာထဲတွင်လည်းထည့်ထားလို့ ရပါသည် ။

ဘယ်လိုသောက်ရမှာလဲ ?

နေ့ စဉ်သောက်ရန် နံနက်စာ မစားခင် ( Before Breakfast ) ထ္မင်းစားဇွန်း နှင့် ( ၁ ) ဇွန်း ။

ဆေးသောက်ပြီး ၄၅ မိနစ် လောက်မှ နံနက်စာ ( Before Breakfast ) စားလျှင် ပိုကောင်းပါသည် ။


wahgyi
Shared from ဗဟုသုတဘဏ် (FB)

Thursday, October 24, 2013

နတ်ပြည်ရောက် အရက်သမား


ကပိလ၀တ်မြို့တော်တွင် အရက်လည်းသောက်သော သရဏဂုံလည်းတည်သော  အမျိုးသားတစ်ယောက် ရှိလေသည်။ သရဏဂုံသုံးပါးကို စွဲစွဲမြဲမြဲ ယုံကြည်ခြင်း၊ အမြဲရွတ်ဖတ် သရဇ္ဈာယ်ခြင်းတို့ကြောင့် မူလအမည်ရင်းပျောက်၍ သရဏ ဥပါသကာဟူ၍ အမည်တွင်လေသည်။ သရဏဂုံမြဲသော်ငြားလည်း တစ်ခါတစ်ရံ အရက်မူးသောအခါလည်း ရှိသောကြောင့် ကပိလ၀တ်မြို့သားအများတို့က နှာခေါင်းရှုံ့ကြသည်။ ဖိနပ်ကြားက နတ်စကားထွက်သည် စသည်ဖြင့်ကဲ့ရဲ့ကြသည်။ အရက်
သောက်သူက သရဏဂုံတည်ခြင်းကို လက်မခံနိုင်ဖြစ်နေကြသည်။

တစ်နေ့ သရဏဥပါသကာ သေဆုံးသွားရာ အများစုက အပါယ်ကျမည်ဟု ထင်နေကြသော်လည်း ဗုဒ္ဓက နတ်ပြည်ရောက်သွားပြီဟု ဟောသောအခါ အများစုက လက်မခံဖြစ်နေကြသည်။ ထိုစကားစုများကို ယူဆောင်၍ ဗုဒ္ဓ၏နောင်တော်ကြီး မဟာနာမ်က ယခုကဲ့သို့ လာရောက်လျှောက်ထားပါသည်။

“ မြတ်စွာဘုရား၊ အရက်သမား သရဏဥပါသကာ နတ်ပြည်ရောက်ကြောင်း ဟောကြားတယ်ဆိုတာ အမှန်ပါ ပဲလား ဘုရား"

“ မဟာနာမ်၊ မှန်ပေသည်။ သရဏဥပါသကာသည် သေရည်သောက်သည့် အကုသိုလ်ရှိရိုး မှန်ပါသော်လည်း ဘုရား၊ တရား၊ သံဃာကို မတုန်မလှုပ် သက်ဝင်ယုံကြည်သော အဝေစ္စပသန္န ကုသိုလ်သဒ္ဓါဓာတ် အရှိန်ကြောင့် စုတေခါနီးတွင် သော
တာပန် တည်ခဲ့လေပြီ။ သို့အတွက် ယခုအခါ သောတာပန် နတ်သားအဖြစ် နတ်စည်းစိမ်ကို ခံစားနေပြီ ” ဖြစ်ကြောင်း ရှင်းပြတော်မူခဲ့ပါသည်။

(မဟာဝဂ္ဂသံယုတ်ပါဠိတော် နှာ-၃၂၆)


ဤနေရာ၌ ဗုဒ္ဓဘာသာဝင်များအတွက် အကျိုးများမည့် မေတ္တာရှင်မိုးညှင်း ဆရာတော်ဘုရားကြီး၏ သြ၀ါဒတရား အတိုချုပ်လေးကို ဖော်ပြရပါသည်။

တို့ကို တချို့ကပြောကြတယ်။ မိုးညှင်းဆရာတော်ဟာ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်ဘုန်းကြီးတဲ့။ ဘာ့ကြောင့်လဲဆိုတော့ ငါးဖမ်းတဲ့သူကို ငါးဖမ်းရင်း ဣတိပိသော ရွတ်ခိုင်းတယ်၊ ငှက်ထောင်စားတဲ့သူကိုလည်း ငှက်ထောင်ရင်း ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ရွတ်ခိုင်းလို့တဲ့၊ ဟုတ်တယ်၊ ငါးဖမ်းအသက်မွေးနေရတဲ့သူကိုငါးမဖမ်းနဲ့လို့ဟောလို့မရတဲ့အတူတူ ငါးဖမ်းရင်း ဣတိပိသော ရွတ်ခိုင်းတယ်၊ ငှက်ထောင်စားတဲ့သူကိုလည်း ငှက်မထောင်နဲ့လို့ ဟောမရတဲ့အတူတူ ငှက်ထောင်ရင်း ဗုဒ္ဓံသရဏံဂစ္ဆာမိ ရွတ်ခိုင်းတယ်။

ငါးဖမ်းတာ၊ ငှက်ထောင်တာဟာ အကုသိုလ်မီးစပေါ့၊ ဣတိပိသော ရွတ်တာ၊ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ရွတ်တာက ကုသိုလ်ရေမှုတ်ပေါ့၊ စဉ်းစားကြည့်ကြလေ မီးစချည်းပဲဆို ဘယ်မှာလောင်လို့ ပြီးတော့မှာလဲ၊ ရေမှုတ်တစ်ဖက်ကပါတော့ မီးအလောင် သက်သာတာပေါ့၊ ဒါ့ကြောင့် တို့ကို မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်လို့ပြောလည်း မနာပါဘူး ဟူ၏။

လောကက သံပုရာပေးလာလျှင် မိမိကဖျော်ရည် လုပ်သောက်ပစ်လိုက်ပါ ဟူသော စကားလေးအတိုင်း အဆိုးလောကဓံကို အကောင်းလောကဓံဖြစ်အောင် နှစ်လုံးသွင်း
နိုင်သည့်အပြင် အကျိုးရှိသော နီတိတစ်ခုဖြစ်သည်အထိ အသုံးချပြနိုင်သော ဆရာတော်ကြီးကို ယခုစာရေးရင်းပင် လက်အုပ်ချီမိုး ရှိခိုးရပါသည်။


မေတ္တာရှင်ဆရာတော်အရှင်ဇဝန
(မျက်ရည်မကျခင်သိစေချင် မှ)
Buddhavasa Tiloka

အတွေးအပိုင်းအစလေးတစ်ခု


စားသောက်ပြီး အိပ်ပျော်နေတဲ့ လက်သမား ဆရာရဲ့ အလုပ်ရုံထဲ ကို မြွေ တကောင် ဆာလောင်ပြီး ရောက် လာတယ်။

လက်သမား ဆရာရဲ့ အကျင့် တခုက ထမင်း စားဖို့ ထိုင်ရင် သူ့ လုပ်ငန်းသုံး ကိရိယာတွေကို ထမင်း စားပွဲပေါ်မှာပဲ တင် တယ်။

စားသောက်ပြီး တဲ့ အခါမှာလည်း ထမင်း စားပွဲပေါ်မှာ ပဲ ထားသွားလေ့ရှိတယ်။

အလွန်အမင် ဆာလောင်နေသော မြွေသည် ထမင်း စားပွဲအပေါ် အစာရှာရင်း သူ့ ၏ ခန္ဓာ လွှစက်ပေါ်မှ ဖြတ်မိကာ အနည်းငယ် သော ဒဏ်ရာ အနာတရဖြစ်လေသည်။

သို့သော်လည်း ခံတွင်းမှ သွေးတချို့ စိမ့်ထွက်လောက်အောင်ပင် လွှစက်က သူ့ကို တိုက်ခိုက်နေပြီး ဟု အထင်ရောက် သွားသော မြွေသည် တဒင်္ဂ ဖြစ်ပေါ်လာသော ဒေါသ မာန် ကြောင့် ရန်သူတော် လွှစက်ကို အလိမ့်လိမ့် ရစ်ပတ်ကာ အလုံးစုံသော အားမာန် အဟုန် ဖြင့် ဆွဲ့ ဆန့်မိလေတော့ သူ ၏ ခန္ဓာ အပိုင်းပိုင်း ဖြစ်ကာ သူသည် ပဲ သေပွဲဝင်ရ ရှာသည်။


သူ ဘာကြောင့် ပျက်ဆီးရတာလဲ ? ဒေါသ ဖြစ်တိုင်း ဒီဖြစ်ရပ်ကို သတိရပါ။


credit: အတွေး

Shared from Myawady News (FB)

Wednesday, October 23, 2013

"ထူးထွေဆန်းပြား ကံတရား" (နံနက်ခင်းသြဝါဒ)


"သူငါငါ ဤခန္ဓာ"

သူ ငါဆိုတာ ပျောက်သွားသလား၊ ကဲဆို-"ပဉ္စက္ခန္ဓာ-ငါဟုခေါ်တွင်, ငါ့ ကိုယ်ပင်ဟု, ထင်မြင်ရငြား, ခန္ဓာငါးပါးတို့သည်" အေး-ကိုယ့်ကိုယ်ကို လက်ညှိုးနဲ့ ထိုးကြည့်တော့လဲ ခန္ဓာငါးပါးပါပဲ၊ ခန္ဓာငါးပါးက လွဲလို့ ရှိရဲ့လား၊ မရှိဘူး၊ သူများ လက်ညှိုးနဲ့ ထိုးကြည့်တော့လဲ ဒီခန္ဓာငါးပါးကလွဲလို့ ရှိရဲ့လား၊ မရှိပါဘူး၊ ယောကျာ်း မိန်းမဆိုတာ ပရမတ္ထနဲ့ကြည့်တော့ ဘာဝရုပ်သာ ကွဲတယ်၊ ဘာဝရုပ်ကလဲ ခြေဆုံး ခေါင်းဆုံး ရှိတယ်၊ ဇီဝိတက တစ်ကိုယ်လုံး ရှိတယ်၊ ကဲ လက်မှာကော ဘာဝရုပ် မရှိ ဘူးလား၊ ရှိတယ်။


"သစ်ပင်နဲ့ ဘာဝရုပ် "

ဘာဝရုပ်ကြီးက သစ်ပင်ကြီးလိုပဲ၊ သစ်ပင်ကြီးဟာ မျိုးစေ့ကြောင့် အကိုင်း, အခက်, အလက်ကလေးတွေ ဖြစ်လာတယ်၊ မိန်းမ သဏ္ဌာန်ဟာ ဘယ်သူ့ကြောင့် ဖြစ်လာရသလဲဆိုရင် ဘာဝ ရုပ်ကြောင့် ဖြစ်ရတယ်၊ ဘာဝရုပ်က ဘယ်သူ့ကြောင့် ဖြစ်သလဲဆိုရင် ကံကြောင့် ဖြစ်ရတယ်။


ကံက ဘယ်သူ့ကြောင့် ဖြစ်ရသလဲဆိုရင် တဏှာကြောင့် ဖြစ်ရတယ်၊ ယသော်ဓရာမိဖုရားဟာ လေးသင်္ချေနှင့် ကမ္ဘာ တစ်သိန်း ကာလပတ်လုံး မိန်းမဘဝကို တောင့်တတဲ့ တဏှာ ကြောင့် မိန်းမချည်း ဖြစ်လာရတယ်၊ ဘုရားအလောင်းဟာလဲ ယောကျာ်းဘဝကို တောင့်တတဲ့ တဏှာကြောင့် ယောကျာ်း ချည်း ဖြစ်လာတယ်၊ တရားတော်တွေဟာ သိပ်ကောင်းတယ်။


"ဘုရားမပွင့်ရင် မသိနိုင်"

ယောကျာ်းရယ်, မိန်းမရယ်ဆိုတာ တွေဟာ ပညတ်တွေပဲ၊ အများ အပြောတော့ မှန်ပါတယ်၊ ဒါတွေဟာ သိပ်ကောင်းတာပဲ၊ တို့ ဘုန်းကြီးက ဒါတွေကို သိပ်သဘောကျတာပဲ၊ ယောကျာ်းရယ်, မိန်းမရယ်လို့ တကယ်တော့ မရှိပါဘူး၊ ပုံသဏ္ဌာန် ခေါ်ဝေါ် ပညတ်ထားတာပါ၊ ဘာဝရဲ့ အကြောင်းက ကံ၊ ကံရဲ့ အကြောင်းက တဏှာ။

"ကဲ-ဥုးအဂ္ဂ ... သဏ္ဌာန်ဟာ ဘာအကြောင်းလဲ?"
"အဝိဇ္ဇာ တဏှာပါဘုရား"
"လွဲလိုက်လေ ဥုးအဂ္ဂရယ်၊ အဝိဇ္ဇာ တဏှာသာဆိုရင် အကုန်လုံး လူတွေဟာ ဥုးအဂ္ဂ တစ်ပုံစံတည်းချည်း ဖြစ်နေ မှာပေါ့"
"ဥုးကလျာဏ ... ပုရိသဟူသော ယောကျာ်းပုံသဏ္ဌာန်က ဘာကြောင့် ဖြစ်ရတာလဲ?"
"ဘာဝရုပ်ကြောင့်ပါ အရှင်ဘုရား"
"ဟုတ်လိုက်လေ၊ ဘာဝရုပ်ကကော ဘာကြောင့် ဖြစ်ရ တာလဲ?"
"ကံကြောင့်ပါ အရှင်ဘုရား"
"ဟုတ်လိုက်လေ၊ ကံဟာ ဘာကြောင့် ဖြစ်ရတာလဲ?"
"အဝိဇ္ဇာ တဏှာကြောင့်ပါ အရှင်ဘုရား"
"ဟုတ်တယ်, ဟုတ်တယ်၊ ယောကျာ်းဘဝကို လိုချင်သော တဏှာကြောင့် ယောကျာ်းသဏ္ဌာန် ပေါ်လာရတယ်၊ မိန်းမ ဘဝကို လိုချင်သော တဏှာကြောင့် မိန်းမသဏ္ဌာန် ပေါ်လာ ရတယ်၊ ယောကျာ်း မိန်းမပုံသဏ္ဌာန်ကို ဘာဝရုပ်က တစ်ကိုယ်လုံး ပြုပြင်ပေးတယ်"
"ပုရိသဘာဝရုပ်ဟာ ကမ္မဇ-စိတ္တဇ-ဥတုဇ-အာဟာရဇ တွေထဲမှာ ဘာရုပ်ကြောင့် ဖြစ်တာလဲ?"
"ကမ္မဇရုပ်ကြောင့်ပါ အရှင်ဘုရား"

လောကဓာတ်ဆရာတွေက ယောကျာ်းကို မိန်းမဖြစ်အောင် လုပ်နိုင်တယ်လို့ ဆိုကြတယ်၊ တစ်ရာမှာ တစ်ယောက် မိန်းမ ဖြစ်နိုင်တယ်၊ မိန်းမဖြစ်တာကလဲ ကာမေသု မိစ္ဆာစာရ ကံကြောင့် ဖြစ်ရတာ၊ တဏှာအကြောင်းခံပြီး ယောကျာ်း မိန်းမ ဖြစ်ရတယ်။


"မိစ္ဆာစာရနှင့် အရှင်အာနန္ဒာ အလောင်း"

တို့မြတ်စွာဘုရားရဲ့ ဖွားဖက်တော် ညီတော်အာနန္ဒာဟာ တရားဘဏ္ဍာစိုးကြီး ဖြစ်မယ်ဆိုတဲ့ ဗျာဒိတ်ရ ပုဂ္ဂိုလ်ကြီးပဲ၊ ဒါပေမယ့် လမ်းခရီးအကြားမှာ ခြေချော် လက်ချော်တော့ ဖြစ်သေးတာပဲ၊ သူဟာ တစ်ခုသော ဘဝမှာ ပန်းထိမ်သည် သွားဖြစ်တယ်။


ရုပ်ကလဲ ချောတယ်၊ ရုပ်ချောတော့ ခင်မင်တဲ့ ကာလသား တွေကမြှောက်ပင့်ပေး ကြတာပေါ့၊ ရုပ်ရည်လှပတဲ့ မိန်းမ ငယ်တွေ, မသွားလာအပ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံပေါင်း သင်းပြီး မိစ္ဆာစာရကံတွေ ကျူးလွန်တာပေါ့၊ အဲဒီလို ကျူးလွန် တဲ့ အကုသိုလ်ပြစ်ဟာ သေသည်၏ အခြားမဲ့မှာ အပါယ် ပဋိသန္ဓေကျိုး ပေးသလားဆိုတော့ မပေးသေးဘူး။


"ကံတရားတို့၏ မျက်လှည့်ပြပုံ"

ကံတွေဟာ "ဇနကကံ, ဥပထမ္ဘကကံ, ဥပပီဠကကံ, ဥပဃာတကကံ"လို့ ရှိသေး တယ်၊ ဇနကကံက ဝိပါက်ကဋတ္တာရုပ်ကို ဖြစ်စေတတ်တဲ့ ကံပဲ၊ ပဋိသန္ဓေကျိုး ပဝတ္တိကျိုးကို ပေးစေ နိုင်တယ်၊ ဥပထမ္ဘကကံကတော့ ပဋိသန္ဓေကျိုးကို မပေးဘူး၊ ထောက်ပံ့ရုံမျှသာ ထောက်ပံ့နိုင်တယ်၊ ဥပပီဠကကံလဲပဲ ပဋိသန္ဓေကျိုးကို မပေးဘူး၊ ကပ်၍ နှိပ်စက်ရုံပဲ နှိပ်စက်နိုင် တယ်၊ ဥပဃာတကကံက ကပ်ပြီး သတ်ဖြတ်တတ်တဲ့ကံ၊

ဒီတော့ ညီတော် အာနန္ဒာအလောင်းဖြစ်တဲ့ ပန်းထိမ်သည်ဟာ အပါယ်ကျမယ်ဆိုရင် ကျမယ်ပေါ့၊ ဘာပြုလို့ အပါယ်မကျ သလဲ၊ သူနောက်နောင်က ပြုခဲ့တဲ့ ကုသိုလ်တွေက တော်တော် များတယ်၊ ဒီကုသိုလ်ကံတွေ အကျိုးပေးခွင့်ရအောင် ဥပဃာ တကကံက "ဟေ့.... မင်းအပါယ်မပေးနဲ့ဦး၊ ဒီပုဂ္ဂိုလ်ကို ငါ ကောင်းရာသုဂတိ ပေးလိုက်ဦးမယ်"ဆိုပြီး သူဌေးသားဘဝ ပေးလိုက်တယ်၊ သူဌေးသားဖြစ်တော့ ခုနက အကုသိုလ် ကံတွေ မြုပ်သွားသလားဆိုတော့ မြုပ်မသွားဘူး။


"သူဌေးသားဘဝ ပြုသမျှကုသိုလ်"

ပဋိသန္ဓေ အကျိုးပေးဖို့က အလယ်ဇော ငါးချက်စေတနာနဲ့ သတ္တမဇော စေတနာလို့ ခြောက်ပါး ရှိတယ်၊ ဒုတိယဘဝ အကျိုး ပေးမယ့် သတ္တမဇောစေတနာက ဒုတိယဘဝ သူပေးရမယ်၊ ဒါပေမယ့် သူက မပေးဘူး၊ တတိယဘဝမှ စပြီး နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် အကျိုးပေးခွင့်ရှိတဲ့ အလယ်ဇော ငါးချက် စေတနာ အပရာပရိယကံဆိုတာ ရှိသေးတယ်၊ ဒါတွေြွကင်း ကျန်နေသေးတယ်။

ဒီတော့ သူ သူဌေးသားဖြစ်တဲ့ ဘဝမှာ ကုသိုလ်ကောင်းမှု တွေပြုç သီလတွေ ဆောက်တည်နေတာ ဒီအရာတွေက ဇနက သတ္တိနဲ့ ကောင်းရာသုဂတိကို ပေးရမှာ အမှန်ပဲ၊ ဒါပေမယ့် ဥပဃာတကကံက "မင်းအလှည့်ချည်း ဘယ်ရမလဲ၊ ဒီကောင် ပန်းထိမ်သည် ဘဝတုန်းက မိစ္ဆာစာရကံတွေ ကျူးလွန်လာ ခဲ့တာ ငါ့အလှည့်ရောက်ပြီ"လို့ ဆိုပြီး တစ်ခါတည်း ငရဲပို့ လိုက်ပြန်တာပဲ။
(ဤကံများ၏ အဓိပ္ပာယ်ကို အကျယ်တဝင့် သိလိုပါက သင်္ဂြိုဟ် ဘာသာဋီကာ ဝီထိမုတ်ပိုင်း ကမ္မစတုက္က၌ ရှုပါ။)


"ဘဝများစွာ ကျင်လည်ရှာ"

ငရဲက လွတ်လာတော့ နွားဘဝ ဆိတ်ဘဝ မျောက်ဘဝ နပုံးပဏ္ဍုက် သိကြားမင်း မိဖုရားဖြစ်ရ၊ အဲဒီကနေပြီး နတ်သမီးဘဝနဲ့ချည်း ခြောက်ဘဝ၊ နောက်တော့မှ အင်္ကတိမင်း ကြီးရဲ့ သမီးတော် ရုစာမင်းသမီး လာဖြစ်ရတယ်၊ ဒါကြောင့် ကံတရားတွေဟာ အလွန် ဆန်းကြယ်တယ်၊ ကိုရင်တို့ ကောင်းကောင်း နေကြ၊ ကိုယ့်ဘဝကို မျိုးပြုတ်မစားကြနဲ့၊ ကဲ ... တော်ပြီ။

ဓမ္မဗျူဟာ
အတွဲ(၁၈)၊ အမှတ်(၄)
(၁၉၇၉၊ ဇွန်လ)

"သံသရာခရီးကြမ်း လျှောက်လှမ်းကြရာဝယ်"



"ဘာဝရုပ်နဲ့ မန်ကျည်းစေ့"

သူသူငါငါ ပြောနေတဲ့ နေရာမှာ ငါ မရှိဘူး၊ ငါ့အတ္တဆိုတော့ တကယ်အတ္တဟုတ်ရဲ့လား၊ အတ္တကောင်လေး ဝမ်းထဲမှာ ရှိတယ်လို့ ဆိုနေ ကြတယ်၊ ငါဆိုတဲ့အတ္တ, သူဆိုတဲ့အတ္တ မရှိဘူး၊ ဒီအတ္တကိုပဲ ယောကျာ်း, မိန်းမလို့ ဆိုနေကြတယ်၊ အမှန်ကတော့ ယောက်ျား ဆိုတာ, မိန်းမဆိုတာလဲ မရှိပါဘူး။

လောက တချို့ ပညာရှိတွေက ဒါတွေကို လက်ခံနေ ကြတယ်၊ မန်ကျည်းပင်မှာ အစေ့ရှိတယ်၊ ဒီအစေ့က အမြစ် ကနေ အဖျားရောက်အောင်သာ ဓာတ်ပေးနိုင်တယ်၊ ဘာဝရုပ်နဲ့ မန်ကျည်းစေ့ တူတယ်၊ ဘာဝရုပ်က တစ်ကိုယ်လုံးကို ပျံ့နှံ့ စေတယ်၊ မန်ကျည်းစေ့ဟာ မန်ကျည်းပင် ကြီးလာရင် ဒီအစေ့ ပျောက်မသွားပေဘူးလား၊

ဘာဝရုပ်က တစ်ကိုယ်လုံးမှာ တစ်ညီတည်း နေတယ်၊ မျက်စိကို ကြည့်၊ သူ့မှာလဲ ကာယ ဘာဝ, နားမှာလဲ ကာယဘာဝ, နှာခေါင်းမှာလဲ ဒီအတိုင်းပဲ၊ အဝိဇ္ဇာကုန်တဲ့ ရဟန္တာကြီးများမှာတော့ ကြိယာပဲ ရတော့တယ်၊ ကံရယ်လို့ မခေါ်နိုင်တော့ဘူး၊ ဖြစ်ရင် ဖြစ်ကာမတ္တပဲ။


"ဆန်းပြားလှတဲ့ ထိုတဏှာ"

တဏှာက သိပ်ဆန်းတယ်၊ မိန်းမရဲ့ကိုယ်မှာရှိတဲ့ တဏှာ၊ သူဖြစ်ချင်တာက မိန်းမ ဖြစ်ချင်တယ်၊ သူဌေးကတော် ဖြစ်ချင်တယ်၊ မိဖုရား ဖြစ်ချင်တယ်၊ နတ်သမီး ဖြစ်ချင်တယ်၊ ယောကျာ်း ကလဲ သူဌေးကြီး ဖြစ်ချင်တယ်၊ သူဌေးသား ဖြစ်ချင်တယ်၊ နတ်သား ဖြစ်ချင်တယ်၊ သက်ကယ်ရိုး ထရံကာကနေ ပျဉ်ထောင် သွပ်မိုးကို လိုချင်တယ်၊


ဒီကနေ တစ်ဆင့်တက် ပြန်တော့ တိုက်ကြီးတာကြီး ကားကြီး ကားကောင်းတွေ လိုချင် တယ်၊ ဒါကြောင့် တဏှာဟာ ဆန်းပြားတယ်လို့ ပြောတာ၊ ဗြဟ္မာများမှာတော့ ဒါတွေ ကင်းဆိတ်သလို ဖြစ်ကုန်ပြီ။

သတ္တဝါတွေဟာ သူ့ကံအကျိုးပေးနဲ့သူ ဖြစ်လာတာပဲ၊ သင်္ဘောပင်အဖိုနဲ့ အမဟာ ဘာဝရုပ်ဓာတ်ချင်းဟာ မကွဲဘူး၊ ဒီလိုပဲ မိန်းမမှာလဲ သူ့ရဲ့ အကိုင်းအခက်တွေနဲ့၊ ယောကျာ်းလဲ ဒီလိုပါပဲ၊ ဒါတွေဟာ ပုံသဏ္ဌာန်တွေပဲ၊ တကယ်တော့ လူ တွေမှာ ဘာမှ မရှိပါဘူး၊ ရုပ်နဲ့ နာမ်သာ ရှိတယ်၊ ဒီရုပ်နာမ် က လွဲလို့ ဘာမှ မရှိဘူး။


"ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း"


တို့ ဟိုဘက်ကမ်းနဲ့ဒီဘက်ကမ်း၊ ဒီဘက်ကမ်းကတော့ ရောဂါတွေ ဖြစ်တယ်၊ ဟိုဘက်ကမ်းကတော့ အေးချမ်းတယ်၊ အေးချမ်းတဲ့ဘက်ကို မသွားချင်ဘူးလား၊ ဒီဘက်ကမ်းက ရုပ်နာမ် ခန္ဓာဝန်ကြီးဟာ ဝန်မလေဘူးလား။ ရောဂါဖြစ်နေတဲ့ ဒီဘက်ကမ်းက တို့ရဲ့ ကာမဘုံကြီးပဲ၊

ဖြစ်လိုက်ကြတဲ့ ရောဂါတွေ, လောဘရောဂါတွေ မဖြစ်ဘူးလားကွယ်။
(ဖြစ်ပါတယ်ဘုရား။)

ဒေါသရောဂါတွေကော မဖြစ်ဘူးလားကွယ်။
(ဖြစ်ပါတယ်ဘုရား။)

မောဟ မာန ဣဿာ မစ္ဆရိယရောဂါတွေလဲ ဖြစ်မနေကြ ဘူးလား။
(ဖြစ်နေပါတယ်အရှင်ဘုရား။)

အေး ... ရောဂါတွေဖြစ်နေတဲ့ တို့ ဒီဘက်ကမ်းက ဟိုဘက်ကမ်း ကူးသွားရင် မကောင်းပေဘူးလားကွယ်၊ ပျောက်မှာမှန်း သိလျက်သားနဲ့ လူတွေက ကိလေသာရောဂါကို ပေတေခံနေကြတယ်၊ ဟိုဘက်ကမ်းဖြစ်တဲ့ နိဗ္ဗာန်ကတော့ မလာနဲ့လို့ မငြင်းပါဘူး။


"ဥစ္စာမရှိ ဆေးတော့ရှိ "

ဒီ ရောဂါတွေအတွက် သောက်ဆေးစားဆေးဖြစ်တဲ့ သမားတော်ကြီး ဗုဒ္ဓရဲ့ ဘာဝနာဆေးတွေ ရှိတယ်၊ ဒါပေမယ့် သူတို့မှာက ဒီဘာဝနာ ဆေးကိုသောက်နိုင်လောက် အောင် စားနိုင်လောက်အောင် သဒ္ဓါဆိုတဲ့ ဥစ္စာက မရှိတော့ ရောဂါ ဘယ်ပျောက်ပါ့မလဲ၊ ကိလေသာရောဂါတွေဟာ ကြောက်စရာကောင်းတယ်၊ တို့ သာမညရောဂါက လူတစ်ယောက်ကို တစ်ဘဝသာ သတ်နိုင် တာ၊ ကိလေသာရောဂါတွေကတော့ ဘဝအဆက်ဆက် သတ်နေတယ်၊ ဒုက္ခအမျိုးမျိုးနဲ့ ခံရရုံပေါ့။


"ဆင်းရဲနှစ်မျိုး"

တို့ ဆင်းရဲကလဲ ကိုယ်ဆင်းရဲခြင်း, စိတ်ဆင်းရဲခြင်းလို့ နှစ်မျိုးရှိတယ်၊ ကိုယ်ဆင်းရဲ ဆိုတာက ကိုယ်ခန္ဓာမှာ ရောဂါရတာတွေမှန်သမျှ ကိုယ်ဆင်းရဲ တာပဲ၊ စာအလိုပြောရင် ကာယိကဒုက္ခပဲ၊ စိတ်ထဲမှာ ခံစားရတဲ့ ဆင်းရဲဝေဒနာမှန်သမျှ စိတ်ဆင်းရဲတာပဲ၊ စာအလိုကတော့ စေတသိကဒုက္ခပဲ၊

ဒီခန္ဓာဝန်ကြီး ရလာတာဟာ သမုဒယသစ္စာ အကြောင်းခံလာခဲ့တာ၊ သမုဒယကြောင့် ဒုက္ခဖြစ်ကြရတယ်၊ ဒီဒုက္ခကို ဒုက္ခမှန်းသိရင် သိပ်ကောင်းတာပေါ့၊ ခုလူတွေက ဒုက္ခကို ဒုက္ခမှန်း မသိကြဘူး၊ ဒုက္ခကို သုခလို့ ထင်နေကြ တယ်၊ ကိုယ့်ကိုယ်ကို လိမ်နေကြတယ်၊ ဘယ်လောက် ကြောက်စရာကောင်းသလဲ။


"နခသီခသုတ်ကိ ကြည့်"

လူတွေမှာ နေ့စဉ်နှင့်အမျှ အကုသိုလ်တွေ ဖြစ်နေကြတယ်၊ ဒီအကုသိုလ်တွေဖြစ်ပြီး အပါယ်လေးပါး ရောက်ကြရတာ များ တယ်၊ ဒါ့ကြောင့် ဘုရားသခင်က နခသီခသုတ်ကို ဟောတော် မူခဲ့တာ၊ နခသီခသုတ်မှာ မြတ်စွာဘုရားက ...

"ရဟန်းတို့ ... ငါဘုရားသခင်ရဲ့ လက်သည်းပေါ်မှာ တင် ထားတဲ့ မြေမှုန့်နဲ့ ဇမ္ဗူဒိပ်မြေအပြင်မှာ ရှိနေတဲ့ မြေကြီး ဘယ် ဟာကများသလဲ" ဒီလို မေးလိုက်တော့ ရဟန်းတော်တွေက... "ဥပမာ မနှိုင်းလောက်ပါဘုရား"လို့ လျှောက်ထားကြတယ်။

"ရဟန်းတို့ .... သေကုန် သေကုန်သော သတ္တဝါတွေဟာ သေပြီးလို့ အပါယ်လေးပါး ရောက်ကြရတဲ့ သတ္တဝါတွေက ဇမ္ဗူဒိပ် မြေအပြင်မှာ ရှိတဲ့ မြေကြီးတွေလောက် ရှိတယ်၊ လူ့ပြည် လူ့လောက စသည်ကို ပြန်ရောက်ကြတဲ့ သတ္တဝါ တွေကတော့ ငါဘုရားရဲ့ လက်သည်းပေါ်မှာ တင်ထားတဲ့ မြေမှုန့်လောက်မျှသာ ရှိတယ်"လို့ ဒီလို ဟောထားတယ်။
(နိဒါနဝဂ္ဂသံယုတ်၊ နှာ-၄၅၄။)

"အကုသိုလ် အဖြစ်များကြပုံ"

သတ္တဝါတွေ အကုသိုလ် အဖြစ်များပုံကို သေသေချာချာ စဉ်းစားကြည့်လေ ကြောက်စရာကောင်းလေပဲ၊ မျက်စိက အဆင်းရူပါရုံ ချောချောလှလှလေးတွေ မြင်တဲ့အခါ ဘာဖြစ် သလဲ၊ လောဘတဏှာ ဖြစ်ရတယ်၊ မကောင်းတဲ့ အာရုံတွေကို မြင်ရတဲ့အခါကျတော့ ဒေါသဖြစ်ရတယ်၊ နားပေါက်ကလဲ သဒ္ဒါရုံ အသံကောင်းကောင်းလေးတွေ ကြားရတော့ လောဘ တဏှာ ဖြစ်ရပြန်တယ်၊ တစ်ခါ မကောင်းတဲ့အသံတွေ ကြားရ ပြန်တော့ ဒေါသဖြစ်ရပြန်တယ်၊ အမှတ်တမဲ့ နေပြန်တော့လဲ မောဟဖြစ်ရပြန်တယ်။

နှာခေါင်းပေါက်ကလဲ ထို့အတူပဲ၊ မွှေးမွှေးကြိုင်ကြိုင်ဆိုတဲ့ကောင်းတဲ့ အနံ့ကလေးတွေ နမ်းရ ရှူရရင် လောဘ, မကောင်းတဲ့ မစင် ဘင်ပုပ်နံ့တွေ နမ်းရ ရှူရရင် ဒေါသ ဖြစ် ကြရတယ်၊ အမှတ်တမဲ့ နေပြန်တော့ မောဟဖြစ်ရပြန်တယ်၊ လျှာပေါက်ကလဲ ဒီလိုပဲ၊ ကောင်းတဲ့ အရသာလေးတွေ စားနေ ရရင် သဘောကျ ကျေနပ်ပြီး လောဘ၊ မကောင်းတဲ့ အရသာ တွေ စားရတဲ့အခါ စိတ်မချမ်းမသာ ဖြစ်ပြီး ဒေါသ ဖြစ်ကြ ရတယ်။

အမှတ်တမဲ့ နေပြန်တော့ မောဟ ဖြစ်ပြန်တယ်၊ ဒီခန္ဓာ ကိုယ်ကြီးကတော့ ကောင်းတဲ့ အတွေ့အထိဖြစ်တဲ့ ဖောဋ္ဌဗ္ဗာရုံ လေးတွေနဲ့ နေရမယ်၊ ထိုင်ရမယ်၊ အိပ်ရမယ်ဆိုရင် လောဘ၊ နူးညံ့သိမ်မွေ့တဲ့ အဝတ်ကောင်းလေးတွေ ဝတ်ရုံသုံးစွဲနေရရင် ကျေနပ်သဘောကျနေတာ လောဘ၊ မကောင်းတဲ့ နေရာ ထိုင်ခင်းနဲ့ တွေ့ထိဆိုတဲ့ စိတ်တွေကို ပျက်လို့၊

ဟော... ဒေါသ၊ သတ္တဝါတွေရဲ့ စိတ်ဟာ အဆင်း, အနံ့, အရသာ, အတွေ့အထိ ဆိုတဲ့ အာရုံငါးပါးနဲ့ တွေ့တိုင်း တွေ့တိုင်း လောဘ, ဒေါသ, မောဟဆိုတဲ့ အကုသိုလ်တရားတွေနဲ့ လုံးလည်လိုက်ပြီး အချိန် ကုန်နေကြရတယ်။


"စိတ်တည်းဟူသော မျောက်ကလေး"

စိတ်ကလေးကလဲ အငြိမ်နေတာ မဟုတ်ဘူး၊ ညအိပ်ရာဝင်ပြီဆိုရင် သူက ပိုပြီး သိရတယ်၊ ဟိုကြံ ဒီကြံ ကြံတယ်လေ၊ လောဘဖြစ်စရာကိုလဲ ကြံလိုက်တာပဲ၊ ဒေါသဖြစ်စရာကိုလဲ ကြံလိုက်တာပဲ၊ ဒီစိတ်ဟာ မျောက်ကလေးနဲ့ တူတယ်။

ဥပမာ ပြောရရင် တံခါးငါးပေါက်ရှိတဲ့ အိမ်မှာ ဒီမျောက် ကလေးကို ထည့်ထားကြ တယ်၊ လူတွေကတံခါးငါးပေါက်လုံး ဖွင့်ပြီး တစ်ယောက် တစ်ပေါက်စီ စောင့်နေကြတယ်၊ မျောက်ကလေးဟာ အရှေ့ပေါက်က ထွက်မယ်ဆိုတဲ့ အကြံနဲ့ အရှေ့ ပြတင်းပေါက် ပြေးတက်ပြီး ပြူတစ် ပြူတစ် လုပ်လိုက်တယ်၊

အရှေ့ပြတင်းပေါက်က လူက ခြောက်လွှတ်လိုက်တော့ အနောက်ပြတင်းပေါက် ပြေးပြန်တယ်၊ ဒီလိုပဲ အနောက် ပြတင်းပေါက်က လူက ခြောက်လွှတ်လိုက်ပြန်တယ်၊ ဒီ့ပြင် ပြတင်းပေါက်တွေကလဲဒီအတိုင်းပဲ၊ ထွက်ပြေးစရာထွက်ပေါက် မရှိတော့ဘူးဆိုမှ ချောင်ကောင်းကောင်းမှာ အသာလေးပုနေ တော့တယ်၊

မျောက်နဲ့တူတဲ့ စိတ်ကလေးဟာလဲ မျက်စိတံခါး ပေါက်က ပြူတစ် ပြူတစ် လုပ်လိုက်၊ မျက်စိတံခါးပေါက် ကနေ မထွက်နဲ့ဟဲ့လို့ နှင်လိုက်ပြန်၊ နှာခေါင်းတံခါးပေါက် ရောက်သွားပြန်တယ်၊ ဒီ မျောက်နဲ့တူတဲ့ စိတ်ကလေးကို လွတ်ထွက် မသွားအောင် ဖမ်းရမယ်၊ ဘာနဲ့ ဖမ်းရမလဲ၊ ဘာဝနာနဲ့ ဖမ်းရမယ်။

"ပါပသ္မိံ ရမတိ မနော"

သတ္တဝါတွေရဲ့ စိတ်ဟာ မကောင်းမှုမှာသာ မွေ့လျော်ကြတယ်၊ သံသရာသွားကြတဲ့ အခါ ဘာဝနာမပါရင် ကြောက်စရာကောင်းတယ်၊ ကိုရင်တို့ ကိုယ့်စိတ်ကို ဘာဝနာနဲ့ ထိန်းပေးကြ၊ ဗုဒ္ဓါနုဿတိ မေတ္တာ အသုဘ မရဏဿတိ အစရှိတဲ့ ဘာဝနာတစ်ခုခုကို လက်ကိုင်ထားကြ၊ သီလကိုလဲ လုံခြုံအောင် ထိန်းကြ၊ နိသဂ္ဂိ ပစ္စည်းတွေ မထားကြနဲ့၊ ပစ္စည်းကပ္ပိယရင် အပ်အပ်စပ်စပ် ဖြစ်အောင် ကပ္ပိကြ၊ အာပတ်တန်းလန်းနဲ့ စုတေရင် မလွယ် ဘူး၊ စာက ဘာတဲ့လဲ ....

"သာပတ္တိကဿ ဘိက္ခဝေ နိရယံ ဝါ ဝဒါမိ၊ တိရစ္ဆာနယောနိံ ဝါ"

အာပတ်နှင့်တကွ စုတေရင် ငရဲသော်လဲ ကျ၊ တိရစ္ဆာန် သော်လဲ ဖြစ်၊ အောက်ထစ်ဆုံး ပြိတ္တာတော့ ကျိန်းသေတယ်၊ ဒါ့ကြောင့် ဦးပဉ္စင်းတို့ ကိုရင်တို့ ကောင်းကောင်းလေး နေလိုက်ကြစမ်းပါ၊ လမ်းသွားတာကအစ သတိလေးနဲ့ သွား လိုက်ကြစမ်းပါ၊ သံသရာသွား အကုသိုလ်တွေ ယူမသွားကြ စမ်းပါနဲ့၊ ကဲ .... တော်ပြီ၊ သွားကြတော့။


ဓမ္မဗျူဟာ
အတွဲ(၁၈)၊ အမှတ်(၅)
(၁၉၇၉၊ ဧပြီလ)

"၀ိပဿနာဉာဏ်မျက်လုံး နေ့စဉ်သုံး"


"တဏှာနယ်ချဲ့ "

ခန္ဓာဝန် မကောင်းမှန်း တစ်ခါ တစ်ခါမှ သိရတယ်၊ အများက ဒီခန္ဓာဝန်ကို ကောင်းတယ်လို့ ထင်နေကြတယ်၊ အမှန်က ငရဲ တိရစ္ဆာန် ပြိတ္တာ တွေရဲ့ ခန္ဓာဝန်လဲ မကောင်းဘူး၊ လူ့ခန္ဓာ နတ်ခန္ဓာတွေလဲ မကောင်းဘူး၊ တစ်ခါတလေ မကောင်းမှန်းသိလျက်နဲ့ မလိုချင်ဘူးလား၊ လိုချင်တယ်၊ လိုချင်တာက ဘယ်သူလဲ၊ တဏှာပဲ၊ တဏှာက နယ်ချဲ့နေတာ၊ သံသရာနယ်ချဲ့တော့လဲ ဒီတဏှာပဲ၊ ဒီလောကကြီးတွေဟာ တဏှာကြောင့် ဒုက္ခရောက်ကြရတာပဲ၊ တဏှာကုန်ခမ်းတဲ့ ရဟန္တာအရှင်မြတ်ကြီးတွေ ဒုက္ခ ရှိပါဦးမလား၊ မရှိဘူး။


"ရဟန္တာများနှင့် ဆီမီးငြိမ်းဥပမာ"

တို့ ရဟန္တာအရှင်မြတ်ကြီးတွေ ကိလေသာအာသဝေါ ကုန်ခမ်းသွားတော့ တဏှာရှိပါဦးမလား၊ မရှိဘူး၊ ဥပမာပြောရမယ်ဆိုရင် ရေနံဆီရယ်, မီးစာရယ်, မီးတောက်ရယ်၊ ရေနံဆီက မီးတောက်ဖို့ရာ ကျေးဇူးပြုတယ်၊ မီးစာကတော့ အလောင်ခံပဲ၊ ရေနံဆီ ရှိပေမယ့် မီးစာ လောင်စာ မရှိရင် မတောက်နိုင်ဘူး၊ မီးစာ ရှိနေပေမယ့် ရေနံဆီ မရှိရင် မီးမတောက်နိုင်ဘူး၊ တစ်ခုနဲ့ တစ်ခု အညမညသဘောနဲ့ ကျေးဇူးပြုနေတယ်၊

ဒီ ဥပမာအတိုင်းပဲ တို့ သတ္တဝါတွေမှာလဲ ရေနံဆီနဲ့တူတဲ့ စိတ်က လေးဟာ သူ့ချည်းနေရင် အကောင်းသားပဲ၊ ဒါပေမယ့် တဏှာ မီးရှို့သမားက မီးစာနဲ့တူတဲ့ ရူပါရုံကလေးတွေနဲ့ ရှို့ပေးလိုက်, သဒ္ဒါရုံကလေးတွေနဲ့ ရှို့ပေးလိုက်တော့မှ မျက်စိမှာလဲ မီးတွေ တောက်, နားမှာလဲ မီးတွေတောက် ဖြစ်ကုန်ကြရတယ်၊ လောကမှာ လောင်နေတဲ့ မီးကို ရေနဲ့ ငြှိမ်းမှ ငြိမ်းရသလို သတ္တဝါတွေရဲ့ သန္တာန်အစဉ်မှာ လောင်နေတဲ့ လောဘ, ဒေါသ မီးတွေကိုလဲ ဝိပဿနာဘာဝနာမဂ်ဉာဏ်ရေစင်နဲ့ ငြှိမ်းမှ ငြိမ်း ပါ့မယ်၊


"အတွင်းရှို့မီး အပြင်ရှို့မီး"

ရဟန္တာအရှင်မြတ်ကြီးတွေမှာ ဒီမီးတောက်တွေ ငြိမ်းကုန်ပါပြီ။ တို့ လောကမှာ ပြောနေကြတဲ့ စကားတစ်ခုရှိတယ်၊ အိမ်တစ်အိမ်ကို ဖြစ်ဖြစ်, မြို့ကို ဖြစ်ဖြစ်, ရပ်ကွက်တစ်ခုကို ဖြစ်ဖြစ်, ရွာကို ဖြစ်ဖြစ် မီးလောင်ပြီဆိုရင် “အဲဒီမီးဟာ အပြင်က ရှို့မီးပါကွာ, အတွင်းက ရှို့မီးပါကွာ”နဲ့ မပြောကြဘူးလား၊ ပြောတယ်၊ လူတွေက လောက မီးရှို့ခံရတာကို ပြောနေကြတာ၊ ကိုယ့် ကိုယ်ကို မီးရှို့ခံရတာကျတော့ မသိကြဘူး၊

တို့လူတွေ တစ်ယောက်နဲ့တစ်ယောက် မတည့်အောင်၊ တစ်အိမ်နဲ့ တစ်အိမ် မတည့်အောင်, တစ်ရွာနဲ့ တစ်ရွာ, တစ်မြို့နဲ့ တစ်မြို့ မတည့်အောင်၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတည့်အောင်တွေဟာ မီးရှို့ခံနေကြရတာတွေပဲ၊ တစ်ကျောင်းတည်း အတူနေရင်း မတည့်ကြတာတွေဟာလဲ အပြင်ကလဲ ရှို့ပေး, အတွင်းကလဲ ရှို့ပေးနေလို့ပါပဲ၊ တစ်ယောက်နဲ့တစ်ယောက် မနာလို ဝန်တိုတဲ့ ဣဿာ မစ္ဆရိယတွေ ဖြစ်ရတာဟာ အတွင်းမီးရှို့လို့ အလောင် ခံနေကြရတာပဲ။


"မီးလောင် မခံကြနဲ့"

ဒီမီးတွေကို အလောင်မခံမှ ကောင်းမယ်၊ ဒီမီးတွေ အလောင်ခံနေရလို့ သတ္တဝါတွေဟာ ဒုက္ခရောက်နေကြရတယ်၊ သားသေလို့ ငိုရ, မယား သေလို့ ငိုရ, လင်သေလို့ ငိုရနဲ့ တောက်လောင်လိုက်တဲ့ သောက ပရိဒေဝမီးတွေကလဲ သံသရာ အဆက်ဆက်ကပဲ ဒီတရားတွေကို ကိုယ့်နီးစပ်ရာ ဆွေမျိုး သားချင်းတွေကို ဟောကြ၊ မီးလောင် မခံကြစေနဲ့။


"လောဘမီး လောင်ပုံ "

တို့ မျက်စိက ရူပါရုံ ချောချောလှလှလေးတွေ တွေ့တော့, မြင်တော့ လိုချင်တယ်၊ လိုချင်တာ ဘာတုန်း၊ လောဘ၊ ဒီလောဘက သာမန် လိုချင်ရုံလောက်နဲ့တော့ ကိစ္စမရှိသေးဘူး၊ လိုချင်မှု အားကြီး တော့ လောဘမီးက လောင်တာပဲ၊ ကိုရင်တို့ ကြားနေကြတာပဲ၊ အမျိုးသား အမျိုးသမီးတွေ ကိုယ်လိုချင်တဲ့ မိန်းမ, ယောကျာ်း မရတော့ ရူးသွားကြတာတွေ၊ အဆိပ်သောက်တာတွေ၊ ရေထဲ ခုန်ချသေတာတွေဟာ ဘာမီးလောင်တာလဲဆိုရင် လောဘမီး လောင်တာ၊ ဒါတွေဟာ ဘုရားလက်ထက်ကပင် ရှိခဲ့တယ်။


"ဘိက္ခုနီမ လောဘမီး လောင်ပုံ"

သီတင်းနေ့ တစ်နေ့၊ ဘိက္ခုနီမတစ်စု သိမ်ထဲ ဥပုသ်ပြု သွားကြတယ်၊ အဲဒီသိမ်ရဲ့ ရှေ့နားမှာကျောက်ဆစ်ရုပ်ကလဲတော်တော်ကို လှသတဲ့၊ တခြားဘိက္ခုနီမတွေက ကိုယ်စီကိုယ်စီ သိမ်ထဲ ဝင်သွားကြသော်လဲ ဘိက္ခုနီမတစ်ယောက်ကတော့ အဲဒီ သိမ်နားမှာ ရပ်ကျန်ရစ်ခဲ့တယ်၊ တခြားဘိက္ခုနီမတွေက ဥပုသ် ပြုပြီးလို့ ပြန်ထွက်လာတော့ ဒီဘိက္ခုနီမကို တွေ့ကြတယ်၊ ဒါနဲ့ ဘိက္ခုနီမတစ်ယောက်က သူ့နားသွားပြီး “အရှင်မ ဘာ လုပ်နေတာပါလဲ” ဆိုပြီး သွားကိုင်လိုက်တော့ ဘိုင်းကနဲ လဲကျ သွားတာပါပဲ၊ ဒါဘာလဲ၊ လောဘမီးလောင် သေရတာ။


"ဒေါသမီး လောင်ပုံ"

တို့ မျက်စိက ကိုယ် မနှစ်သက်တဲ့ ရူပါရုံကို မြင်ရတော့ ဘာဖြစ်သလဲ၊ စိတ်ဆိုးမှု ဖြစ်ရတယ်၊ စိတ်ဆိုးတာဟာ ဘာတုန်း၊ ဒေါသ၊ ဒီ ဒေါသကလဲ သာမန်ဒေါသလောက်တော့ ကိစ္စမရှိသေးဘူး၊ စိတ်ဆိုးမှုက အားကြီးလာတော့ ဒေါသမီးက လောင်တာပဲ၊ ဒေါသမီး လောင်အားကြီးတော့လဲ သေကြရတာပဲ၊ ကိုယ့်အလို မကျရင် ဒေါသဖြစ်ရတာပဲ၊ တချို့ဆိုရင် ဒေါသဖြစ်လွန်းလို့ ကိုယ့်ကိုယ်ကို သတ်သေရတဲ့အထိ ဖြစ်ရတယ်။


"နတ်ပြည်မှာ ဒေါသမီး လောင်ပုံ"

တို့နတ်ပြည်မှာ ခိဍ္ဍာပဒေါသိကနတ်, မနောပဒေါသိကနတ်ဆိုတာ ရှိတယ်၊ ဒီနတ်နှစ်ယောက်ဟာ တစ်နေ့ကျတော့ အခြံအရံ နတ်သမီးတွေနဲ့တကွ ဥယျာဉ်ကစား ထွက်ကြတယ်၊ ဒီအခါမှာ နတ် တစ်ယောက်က နတ်တစ်ယောက်ရဲ့ရှေ့ကို မြင်းရထားနဲ့ ကျော် တက်လိုက်တယ်၊ နောက်တစ်ယောက်က သူ့ရှေ့ ကျော်တက် ရပါ့မလားဆိုပြီး တကတည်း ဒေါသဖြစ်လိုက်တာ သေပါ လေရော၊ ဒါဟာ ဘာလဲ၊ ဒေါသမီး အလောင်ခံရတာပဲ။


"မောဟမီး လောင်ပုံ "

တို့မျက်စိကမြင်တော့မြင်လိုက်တာပဲ၊ ဒါပေမယ့် အမှုမဲ့ အမှတ်မဲ့ပါပဲ၊ အမှုမဲ့ အမှတ်မဲ့နေတော့ မောဟမီးလောင်တာပဲ၊ လောဘမီး, ဒေါသမီး တွေက သိသာတယ်၊ မောဟမီးက မသိသာလှဘူး၊ တို့ သတ္တဝါတွေက မီးလောင်လို့ လောင်မှန်း မသိသာလှဘူး၊ တို့ ထွဋ်ခေါင်ဆရာတော်ကြီးက “လောင်မှန်းမသိ, မောဟဖိ, မိမိ မိုက်လှပြီ” လို့ ဟောထားခဲ့တယ်၊ ကိုယ့်ကိုယ်ကို မီးလောင်လို့ လောင်မှန်းမသိတဲ့သူတွေဟာ လူမိုက်တွေပဲတဲ့၊ တရားတော် တွေက သိပ်ကောင်းပါတယ်၊ ကိုရင်တို့ç ဦးပဉ္စင်းတို့ မလိုက်စားလို့ မဖြစ်ပါဘူး။


"ဇာတိ, ဇရာ မရဏမီးများ လောင်ပုံ"

မီးတွေက လောင်မှန်းမသိ လောင်နေကြတာ၊ ဇာတိမီးလောင်ပုံကလဲ တော်တော် ကြောက်စရာ ကောင်းတယ်၊ အမိဝမ်းထဲမှာ အောင်းနေရစဉ် အချိန်အခါကလေးမှာပဲ ဒုက္ခများစွာနဲ့ ကြုံကြရတယ်၊ တချို့ အမျိုးသမီးတွေက မတော်မတရား ပျော်ပါးကြပြီး သန္ဓေ ရလာတော့ ရှက်တာနဲ့ ကိုယ်ဝန် ဖျက်ချကြ၊ ကိုယ်ဝန်ကျကြောင်း ဆေးတွေ သောက်ကြ၊ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ဆေးထိုးဖျက်ချကြ၊ ဒါဟာ အမိ ဝမ်းတွင်း အောင်းနေရစဉ် ဇာတိမီးလောင်တာပဲ။

ဇရာမီးကလဲ ဆံဖြူ, သွားကျိုး, မျက်စိမွဲ, နားထိုင်း, ခါးကိုင်းပြီး အသားအရေတွေ လိန်တွန့်နေတာ၊ ဒါကို ပါကဋ ဇရာလို့ ခေါ်တယ်၊ အပါကဋဇရာဆိုတာ ရှိသေးတယ်၊ သူက အထင်ရှားဘူး၊ ရုပ်တရား နာမ်တရားတို့ရဲ့ နာရီ, မိနစ်, စက္ကန့် မစဲ တဖွဲဖွဲ ဖြစ်ပျက်ပြီး အိုနေရတာဟာ ဇရာမီးလောင်တာပဲ။

မရဏမီးဆိုရင် ဘယ်လူ ဘယ်နတ် ဘယ်သတ္တဝါမဆို လူရယ် နတ်ရယ် သတ္တဝါရယ်လို့ ဖြစ်လာရင် မသေရမယ့် လူရယ်လို့ ရှိပါ့မလား၊ မရှိဘူး၊ သေနေကြရတာ၊ သေခြင်း တရားကို ဘယ်သူမှ မတားမြစ်နိုင်ကြဘူး၊ သေမင်းကို လက်ဆောင်ထိုးလို့ မရနိုင်ဘူး၊ စစ်တိုက်ယူလို့ မရဘူး၊ သေမင်းကို ဘယ်နေ့ ဘယ်ရက် လာခဲ့ပါမယ်လို့ ချိန်းဆို ထားလို့ မရဘူး၊ သေမင်းကို ဘယ်သူမှ မအောင်နိုင်ဘူး၊ ဒါတွေကြောင့်လဲ သတ္တဝါတွေ သေကြရတယ်၊

အေး ... မျက်မြင်လောက လူတွေ တွေ့ကြုံနေရတဲ့ မရဏမီးတွေပဲ၊ ဉာဏ်နဲ့ မြင်နိုင်တဲ့ မရဏမီးကတော့ တို့ ရုပ်တရား နာမ်တရား တွေဟာ နေ့စဉ်အမြဲ ချုပ်ပျက်ပြီး သေနေကြရတယ်၊ ဒီ ရုပ်တရား နာမ်တရားတွေဟာ အမြဲသေနေတာကို ဘာနဲ့မှ မြင်နိုင်သလဲ၊ ဝိပဿနာဉာဏ်မျက်လုံးနဲ့မှ မြင်နိုင်တယ်၊ ဒီ မီးတွေ ဘယ်ကျမှ ငြိမ်းမလဲ၊ နိဗ္ဗာန်ကျမှ ငြိမ်းမယ်။


"သောက, ပရိဒေဝမီး လောင်ပုံ "

ပြီးတော့ သောကမီးကလဲ မလောင်ဘူးလား၊ လောင်တယ်၊ သူလောင်ပုံက တို့ကိုယ်နဲ့စပ်လာ သူတွေ တစ်စုံတစ်ခု ဖြစ်လာရင် ဒီသောကမီး လောင်တော့တာပဲ၊ ဆိုပါစို့၊ ကိုယ့်သား ကိုယ့် သမီးလေးက တော်တော်လေး နေထိုင်မကောင်း ဖြစ်တယ် ဆိုရင်ပဲ မိဘတွေမှာ စိုးရိမ်မှု မဖြစ်ကြဘူးလား၊ ဖြစ်ကြတယ်၊ “အောင်မယ်လေး ..... ဒီတောင်က တက်မှ တက်နိုင်ပါဦး မလား” နဲ့ သောကမီးတွေ လောင်ကြရတယ်။

ပရိဒေဝမီးကတော့ ကြုံဖူးသူတွေ များပါတယ်၊ သားသမီး သေလို့, လင်သေလို့, မယားသေလို့ç ဆွေမျိုးသားချင်းတွေ သေလို့ ငိုကြွေးရတာဟာ ပရိဒေဝမီးတွေ တောက်လောင် ကြတာပဲ၊ တချို့ဆိုရင် အငိုလွန်ပြီး တက်သေသွားကြတယ်၊ ဒီမီးတွေက လောက လောင်ရိုး လောင်စဉ် မီးနဲ့ တူတာ မဟုတ်ဘူး။

နောက်ပြီးတော့ ဒုက္ခ ဒေါမနဿ ဥပါယာသဆိုတဲ့ မီးတွေ ကလဲ လောင်လိုက်သေး တယ်၊ ဘယ်ကလောက် ကြောက်စရာ ကောင်းသလဲ၊ ကိုရင်တို့ ဦးပဉ္စင်းတို့ ဒီတရားတွေကို တွေးကြ စမ်းပါ၊ သံသရာကြီး သွားနေရတာ အလွန်ကြောက်စရာ ကောင်းပါတယ်၊ ပေါ့ပေါ့နေ, ပေါ့ပေါ့စား, ပေါ့ပေါ့သွားနေ လို့ကတော့ ဒီဘဝအတွက် မလွမ်းလောက်ပါဘူး။

ဒီဘဝမှာ ကောင်းကောင်းလေး နေနိုင်မှ လာမယ့်ဘဝ တော်ကာကျပါတယ်၊ ကဲ ... ကောင်းကောင်း နေကြ၊ တရား နှလုံးသွင်းကြ၊ စကားတွေများပြီး အလဟဿ အချိန်တွေ ဖြုန်းမနေကြနဲ့၊ ကဲ ... သွားကြ။


ဓမ္မဗျူဟာ
အတွဲ(၁၈)၊ အမှတ်(၇)
(၁၉၇၉၊ စက်တင်ဘာလ)

"တဏှာတွင်ကျယ် သူခြယ်လှယ်"


'နေရာတိုင်းမှာ ဤတဏှာ'

ခွေးနှစ်ကောင် ကိုက်တာဟာ ကိုက်တုန်းတော့ ဒေါသပဲ၊ အရင်းခံကဘာလဲ၊ တဏှာ၊ တဏှာကြောင့် ခွေးနှစ်ကောင် ကိုက်ကြတယ်၊ ကိုက်တော့ ဒေါသဖြစ်တယ်၊ လူနှစ်ယောက် ရိုက်ကြ တာလဲ ရိုက်တုန်းက ဒေါသ၊ အရင်းခံက တဏှာကြောင့် ရိုက်နှက်ကြတာတွေပဲ၊ တဏှာ လက်ထောက်ချနေတာ၊

ရှင်ဘုရင် နှစ်ဦး တိုင်းပြည်လုတာကလဲ တဏှာကြောင့်၊ တို့နိုင်ငံမှာ မြင်းကွန်းမင်းသား, ကနောင် အိမ်ရှေ့မင်းသား နှစ်ပါးရှိတယ်၊ မြင်းကွန်းမင်းသားက မင်းတုန်းမင်းရဲ့ သားအကြီး ဟုတ်ချင်မှ ဟုတ်မယ်၊ မင်းတုန်းမင်းကြီးရဲ့ ညီတော် ကနောင်မင်းသားက နန်းတွင်းမှာ ဩဇာလွှမ်း ခြယ်လှယ်နေတော့ မြင်းကွန်း မင်းသားဟာ သူ့ဘထွေး ကနောင်ကို လုပ်ကြံ သတ်ဖြတ် လိုက်တယ်၊ ဒါဟာ အရင်းခံက တဏှာပဲ။


'အမိဝမ်းလဲဒီတဏှာ'

မဟာဇနကဇာတ်မှာ မဟာဇနကရယ်, ပေါလဇနကရယ် ရှိတယ်၊ မဟာဇနကမင်းကို ဘေးက ကုန်းတိုက်ကြတော့ ညီတော် ပေါလဇနကကို ထောင်ချတယ်၊ ဒါဟာ သူ့ရဲ့ နန်းစည်းစိမ်ကို ယူမှာ ကြောက်လို့၊ ဒီလို ဖြစ်ရတာဟာလဲ တဏှာကြောင့်ပဲ၊ နောက် တော့ ညီတော်က ထောင်က ထွက်ပြေးပြီး စစ်သည်အင်အား စုရုံးတယ်၊ ထီးနန်းကို ပေးပါ၊ မပေးရင် စီးချင်းတိုက်မယ်လို့ ကြေညာတယ်၊ ဒါဟာလဲ သူတို့ အရင်းခံက တဏှာပဲ၊

ဘုန်းကြီးတွေ ကျောင်းလုတာကလဲ တဏှာပဲ၊ ကျောင်းရတော့ ဆွမ်းရအောင် ကြိုးစားရတယ်၊ ဒါဟာ တဏှာတွေပဲ၊ သူခိုး ခိုးကြ၊ ဓားပြတိုက်ကြ၊ မုသားပြောကြတာတွေလဲ လောဘရဲ့ အခြေအမြစ်ဖြစ်တဲ့ တဏှာအရင်းခံတွေပဲ၊ ကိုယ့်ပစ္စည်း မပေးချင်လို့ မုသားပြောလိုက်ရတယ်၊ ဒါဟာ တဏှာပဲ၊ ခရီးသွားတဲ့အခါ အဖော်ပါသလို အမိဝမ်း သွားတဲ့အခါမှာလဲ ဒီတဏှာအဖော် ပါနေတယ်။


'ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံး'

ကိုယ့်ကိုယ်ကို ချစ်ရင် တဏှာကို ပစ်ကြရမယ်၊ ဘုန်းကြီးတို့ဘုရားလက်ထက်မှာ နတ်သားတစ်ယောက်က ဘုရားကို လာ လျှောက်တယ်၊ “နတ္ထိ ပုတ္တသမံ ပေမံ”-လောကမှာ မိမိသား ကိုသာ မိမိအချစ်ဆုံးလို့ နတ်က လျှောက်တော့

မြတ်စွာဘုရား က “နတ္ထိ အတ္တသမံ ပေမံ”လို့ အမိန့်ရှိတယ်၊ ဒီတော့ နတ်က “ဟာ တယ်ဟုတ်ပါလား၊ လောကမှာ ကိုယ့်ကိုယ် ကိုသာ အချစ်ဆုံးဆိုတာ တယ်မှန်ပါလား”လို့ နတ်သား သဘောကျသွားတယ်၊ ကိုယ့်ကိုယ်ကို ချစ်တာဟာ သူတကာနဲ့ တူပါ့မလား၊ မတူဘူး၊

ပြီးတော့လဲ “ယံပိစံ္ဆ န လဘတိ” ဆိုတာလို ကိုယ်လိုချင်တာမရတော့ ဒုက္ခရောက်ပြီး စိတ်ဆင်းရဲ ရတယ်၊ ဒီဒုက္ခကို ဘယ်သူက လာပေးသလဲ၊ ဘယ်သူကမှ လာပေးတာ မဟုတ်ဘူး၊ ကံတရားကြောင့် ဒီခန္ဓာကြီး ရလာ, ဖြစ်လာတာ၊ ဒီခန္ဓာကြီး ရှိနေလို့သာ ဒီဒုက္ခတွေ ခံနေရတာ။


'ဘာဝနာမှု နေ့စဉ်ပြု'

ဒါကြောင့် ကိုယ့်ကိုယ်ကို ချစ်တတ်အောင် ချစ်တတ်ကြရမယ်၊ ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုတာ လူဆိုလဲ မိမိတို့ သီလကို လုံခြုံအောင် စောင့်ထိန်းကြရတယ်၊ ဘုန်းကြီး ရဟန်း သာမဏေတွေဆိုလဲ မိမိ သီလကို လုံခြုံအောင် စောင့်ထိန်းကြရတယ်၊ ဘဝနာတရား ကိုလဲ လက်မလွှတ်ရဘူး၊ မိမိရဲ့ ရုပ်ခန္ဓာအပေါ်မှာ အနိစ္စ, ဒုက္ခ, အနတ္တလက္ခဏာတင်ပြီး ဆင်ခြင်သုံးသပ်ပေးရတယ်။


'ဒုက္ခမှန်းသိလျက် မပယ်နိုင်'

ရန်သူတစ်ယောက်ဟာ သူတစ်ယောက် တည်းနေရင် ဒုက္ခပေးပါ့မလား၊ မပေးဘူး၊ သူများဆီ သွားတိုက်ရ ခိုက်ရတော့ ဒုက္ခ တွေ အများကြီးရတယ်၊ ဒါတွေဟာ ကိုယ့်ကိုယ်ကို အချစ်ဆုံး ဖြစ်နေလို့ပဲ၊ လူတွေဟာ ဒီအလုပ်ကို လုပ်ရင် ဒုက္ခရောက်မယ် ဆိုတာ သိတယ်၊ သိလျက်နဲ့ မပယ်စွန့်နိုင်ကြဘူး၊

ဒါဟာ အရင်းခံက ဘာလဲ၊ ကိုယ့်ကိုယ်ကို အချစ်ဆုံး ဖြစ်နေလို့ပဲ၊ ဒီအချစ်ဆုံးသာ မရှိရင် ဒုက္ခတွေလဲ မရှိတော့ မဖြစ်တော့ဘူး၊ ကိုယ့်ကိုယ်ကို ချစ်ရင် ချစ်တတ်အောင် နေတတ်ကြရတယ်၊ ကိုယ့်ကိုယ်ကို မချစ်တတ်ရင် သံသရာနစ်ကြဦးမှာ သေချာ နေတာပဲ။


'မသူတော်မေ့ မေ့နေကြ'

သံသရာမှာ နစ်မျောမနေကြအောင် သတိရှိရှိနဲ့ ကြိုးစားကြရမယ်၊ လောကမှာ မေ့မေ့ လျော့လျော့ ပေါ့ပေါ့ဆဆ နေတဲ့လူတွေကို ထုတ်ပြပါ၊ ဆွဲပြပါဆိုရင် အများကြီးပဲ၊ တို့ တချို့ဘုန်းကြီး တွေဆိုရင် မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေတာတွေ မရှိဘူးလား၊ ရှိတယ်၊ ကုသိုလ်စိတ်နဲ့ မနေရင် ကုသိုလ်တရား တွေမှာ သတိလစ်ဟင်းနေတာပဲ၊

မေ့နေတာကို မြတ်စွာဘုရားက “အပ္ပမာဒေန သမ္ပာဒေထ”လို့ ဆိုတာပေါ့၊ ခုတော့ သတ္တဝါတွေ မေ့နေတာက ‘ဖွတ်မေ့ ပဒတ်မေ့ မဟုတ်ဘူး၊ မသူတော်မေ့ မေ့နေကြတာ၊’ ကိုရင်တို့ ဦးပဉ္စင်းတို့လဲ မသူတော်မေ့ မေ့မနေ ကြနဲ့၊ သတိနဲ့ နေကြ၊ သံသရာကြီး အရှည်သဖြင့် သွားကြရ ဦးမှာ၊ ကုသိုလ်တရားနဲ့ နေကြ၊ ကုသိုလ်တရားတွေကို အမှတ် ရနေကြ။


'စာထဲမှာ လူပါးဝအောင် လုပ်ကြ'

ဒါကြောင့် ဘုန်းကြီးက အင်္ဂုတ္တိုရ်တို့ ဓမ္မပဒတို့ကို အကြည့်ခိုင်းတာ၊ ကြည့်ပါများတော့ အနက်ဉာဏ်သွားလာတယ်၊ စာကြည့်တတ်လာတယ်၊ ဥပုသ်နေ့ အဖိတ်နေ့တွေမှာ ဒါတွေ ကြည့်ပေးကြ၊ ဘုရားအကြောင်းတွေကို စဉ်းစားနေရတော့ ကုသိုလ်တွေ ရနေတယ်၊ လောကကြီး လူ့အကြောင်း တွေကို မသိတာ ကောင်းတယ်၊

စာကို ကြပ်ကြပ်နိုင်လာတော့ လူ့အကြောင်းတွေ သိလာတယ်၊ လူ့အကြောင်းတွေသာ မကဘူး၊ နတ်အကြောင်းတွေပါ သိလာရတယ်၊ စာတွေဟာ သိပ်ကောင်းတယ်၊ လူ့ဘဝလမ်းစဉ်တစ်လျှောက်လုံး အမွှန်း တင်ပေးနေတာဟာ ဒီစာတွေပဲ၊ ကိုရင်တို့ စာထဲမှာ လူပါးဝ အောင် လုပ်ကြ။


'တဏှာမရှိရင် မလိုချင်'

ကိုယ့်ကိုယ်ကို ချစ်တာလဲ တဏှာပဲ၊ သူတစ်ပါး ချစ်တာကော တဏှာပဲ၊ ဝိသာခါဟာ သူ့မြေးကလေး ဆုံးတော့ ငိုလိုက်တာ၊ ဆံပင်တွေ ရေတွေ ရွှဲလို့၊ သူတို့ အိန္ဒိယက လူသေရင် ခေါင်းလျော်ရတာမျိုးကိုး၊ ဒါနဲ့ ဝိသာခါဟာ ငိုပြီး ဘုရားဆီလာတော့ ဘုရားက-

“ဝိသာခါ ... ဘာကြောင့် ငိုရတာလဲ”
“ဘုရားတပည့်တော်မ မြေးလေး ဆုံးသွားလို့ပါဘုရား၊ မြေးကလေးက လိမ္မာလဲ လိမ္မာ, ရုပ်ကလဲ ချောဆိုတော့ စိပ်ချစ်ပါတယ်ဘုရား”
“အဲဒီလို လိမ္မာ ရုပ်ချောတဲ့ မြေးကလေး နောက်ထပ်ရရင်ကော မလိုချင်ဘူးလား”
“နောက်ထပ် ဒီလို ရုပ်ချောလိမ္မာတဲ့ မြေးမျိုးသာ ရမယ် ဆိုရင် လိုချင်တာပေါ့ဘုရား”
“သာဝတ္ထိပြည်မှာ လူဦးရေ ဘယ်လောက်ရှိသလဲ ဝိသာခါ”
“လူဦးရေ ခုနစ်ကုဋေ ရှိပါတယ်ဘုရား”
“သာဝတ္ထိပြည်မှာ ရှိတဲ့ လူတွေကကော ဒီလို ရုပ်ချော လိမ္မာတဲ့ မြေးကလေးတွေ မလိုချင်ဘူးလား”
“ရရင် လိုချင်တာပေါ့ဘုရာ”
“ဒီလိုဆိုရင် သာဝတ္ထိပြည်မှာ တစ်နေ့ လူတွေဘယ်လောက် သေနေသလဲ”
“ဒါတော့ဘုရား မြို့မှာ လူတွေက အများကြီးဆိုတော့ နေ့ရှိသရွေ့ သေနေကြရ တာပေါ့ဘုရား”
“ဒီလိုဆို ဝိသာခါ ... သင့်ခေါင်းက ဆံပင် ရေခြောက်နိုင် ပါဦးတော့မလား”
“ဟာ .... တပည့်တော်မ မလိုချင်တော့ပါဘုရား” တဲ့။

ဒါဟာ ဘာလဲဟေ့၊ ဒုက္ခကို မြင်လို့ တဏှာက နောက်ဆုတ်သွားတာ၊ တဏှာက ရှိနေတော့ “ရလေ လိုလေ အိုတစ္ဆေ” ဆိုတာလို ဖြစ်နေကြတယ်၊ တို့ လောကက မိုက်တဲ့ သား သမီးဆိုရင် မိဘတွေက မလိုချင်ကြဘူး၊ လိမ္မာတဲ့ သား သမီးမှ လိုချင်ကြတယ်၊ ဝိသာခါကလဲ သူ့မြေးကလေးက လိမ္မာတော့ လိုချင်မှာပဲ၊ ဒီလို လိုချင်တာကလဲ တဏှာမှန်း မသိလို့ လိုချင်တာ၊ မြတ်စွာဘုရားက ဟောလိုက်တော့မှ တဏှာမှန်း သိလို့ နောက်ဆုတ်သွားတာ။


'တဏှာနည်းအောင် ကျင့်ကြံဆောင်'

သတ္တဝါတွေဟာ တဏှာအရင်းခံပြီး ဖြစ်လာကြရတယ်၊ ဒီ တဏှာကို လျော့အောင် မလုပ်ဘဲ တိုးပွားအောင် ထပ်လုပ်နေကြတယ်၊ တဏှာနည်းရင် ကောင်းတယ်၊ တဏှာ သူပုန်ဟာ တော်တော် ကြောက်စရာ ကောင်းတယ်၊ ကိုယ်က သူ့ကို အရင်ဦးအောင် တိုက်နိုင်မှ ကောင်းတယ်၊ ဒီတဏှာ သူပုန် ဝင်အစီးခံရရင် မသက်သာဘူး၊

တို့ ဒီတဏှာသူပုန်ကို အပြုတ်တိုက်ကြရမယ်၊ ဘယ်လို တိုက်ကြမလဲ၊ သီလနဲ့တူတဲ့ ချပ်ဝတ်မိန်ညိုကို ဝတ်ဆင်ပြီး သမာဓိနဲ့တူတဲ့ သန်လျက် ဓားကို ထုတ်ပြီး ဝီရိယအားနဲ့ ထိုးခုတ်သတ်နိုင်မှ ဒီတဏှာ သူပုန် သေမယ်၊ တို့သန္တာန်မှာ တဏှာနည်းလေ စိတ်ချမ်းသာ လေပဲ၊ ဒါကြောင့် တဏှာ နည်းအောင် ကျင့်ကြ၊ ကြံကြ။


'နွားချိုပမာ ထိုတဏှာ'

တို့ တဏှာက အသက်ကြီးလာလို့ လျော့သွားမယ် မထင်နဲ့၊ အသက်ကြီးလေ တဏှာ က တိုးပွားလေပဲ၊ စာက ဘာလဲ ....

“ဂဝံဝ သိင်္ဂီနော သိင်္ဂံ, ဝဍ္ဎုမာနဿ ဝဍ္ဎုတိ၊
ဧဝံ ဗာလဿ ပေါသဿ, သဒ္ဓမံ္မ အဝိဇာနတော၊
ဘိယျော တဏှာ ပိပါသာ စ, ဝဍ္ဎမာနဿ ဝဍ္ဎုတိ” လို့ ဆိုတယ်မဟုတ်လား၊

တို့ နွားများဟာ ကြီးလေ ချိုရှည်လာလေပဲ၊ လူတွေလဲ ကြီးလေ တဏှာလောဘ ကြီးလာလေပဲ၊ ရှည်လာတဲ့ ချိုကို ကတ်ကြေးနဲ့ ကိုက်ပေးရသလို တို့ တဏှာဦးချိုကိုလဲ ဘာဝနာ ကတ်ကြေးနဲ့ ကိုက်ပေးရမယ်၊ သူတော်ကောင်းတရားတွေကို မသိသမျှတော့ တဏှာက တိုးနေဦးမှာပဲ၊ စာထဲက တရားတွေကို မိမိတို့ သန္တာန်ထဲ ရောက်အောင် လုပ်ကြ၊ ကဲ ... တော်ပြီ၊ သွားကြတော့။


ဓမ္မဗျူဟာ
အတွဲ(၁၈)၊ အမှတ်(၈)
(၁၉၇၉၊ အောက်တိုဘာလ)

ကောင်းရော



Wednesday, October 23, 2013

လူတစ်ယောက်ဆီကို သေမင်းရောက်လာပီး ယခုလို စကားဆိုပါတယ်။

"မိတ်ဆွေ၊ ဒီနေ့ဟာ မင်းလူ့လောကကို စွန့်ခွာရမယ့်အချိန်ပဲ"

ဒါနဲ့ ယင်းလူသားဟာ "ဟင့်အင်း။ ကျနော် အဆင်သင့်မဖြစ်သေးဘူး" လို့ ပြန်ပြောပါတယ်။

ဒီတော့ သေမင်းက "မတတ်နိုင်ဘူး။ မိတ်ဆွေရဲ့ အမည်က ထိပ်ဆုံးမှာပဲလေ" လို့ဆိုပါတယ်။

ဒါကြောင့် လူသားက သေမင်းကို ယခုလို မျက်နှာချိုသွေးပြီး ဧည့်ခံစကား ဆိုပါတယ်။

"ဟုတ်ပြီလေ။ ဒါနဲ့ ခဏစောင့်ပါအုံး။ ထိုင်ခုံမှာ အေးဆေးထိုင်ပါအုံးဗျာ။ လူကြီးမင်းကို ကျနော်ပြုစုချင်သေးလို့ပါ"

ဒါနဲ့ သေမင်းကလည်း ထိုင်ခုံမှာထိုင်ပြီး လူသားကျွေးသမျှ မုန့်၊အစားအစာ များကို စားသုံးပါတယ်။ လူသားက အချိုရည်ထဲမှာ အိပ်ဆေးတစ်လုံး ထည့်ထားလိုက်ပါတယ်။ ဒါကြောင့် အိပ်ဆေးမိတဲ့ သေမင်းဟာ အိပ်ပျော်သွားပါတယ်။

ဒါနဲ့ လူသားက သေမင်းရဲ့  စာအုပ်ကို ယူပြီး သူ့နာမည်ကို ဖျက်လိုက်ပါတယ်။ ပြီးတော့ အောက်ဆုံးမှာ ပြန်ထည့်ရေးလိုက် ပါတယ်။

နောက်တော့ သေမင်းက အိပ်ယာက နိုးလာပြီး ယခုလို စကားဆိုပါတယ်။

"မိတ်ဆွေဟာ ကျနော့အပေါ် အင်မတန်ကောင်းမွန်တဲ့ လူသားပဲ။ ဒါကြောင့် စာရင်းကို အောက်ကနေပဲ စကောက်ပါတော့မယ်"


Credit - Original Writer

~ မောင်သော်
အထာကျတဲ့ အာဂ ဟာသများ

Shared from Myawady News (FB)

အမျိုးကောင်း သမီးတို့ရေ...



အမျိုးကောင်း သမီးတို့ရေ...

စကပ် တိုနန့်နန့်လေး ၀တ်ပြီး ပေါင်သားတွေ ဖော်ပြလိုက်တာနဲ့ အဲဒီမိန်းကလေးပာာ တကယ်လှသွားပြီလား? ?

ဆံပင် တိုနန့်နန့်လေးထားပြီး ဆေးရောင်တင်လိုက်တာနဲ့ တကယ် လှသွားပြီလား။

ရင်သားတွေ မလုံ့တလုံ လှစ်ပြလိုက်တာနဲ့ အဲဒီ မိန်းကလေးပာာ တကယ် ဆွဲဆောင်မှု ရှိသွားပြီလား။

တကယ်ဆွဲဆောင်မှုရှိချင်ရင် "ဖော်ပြ" မပြဘဲ "၀ှက်ပြ" ပြရတယ်။

ဝှက်ထားသင့်တဲ့ အလှတွေကို လုံခြုံအောင် ၀ှက်ပြီးမှ ပြတော့ တစ်ဖက်လူတွေက ပိုပြီး စိတ်ဝင်စားတယ်။ လောကမှာ ရှိတဲ့ လူသားတိုင်းပာာ ၀ှက်ထားတဲ့အရာကို အမြင်ချင်ဆုံးနဲ့ စိတ်အ၀င်စားဆုံးပါ။

ဥပမာပြောရရင် ဘယ်လောက်ကောင်းတဲ့ ရုပ်ရှင်ဇာတ်လမ်းပဲဖြစ်ဖြစ် တစ်ခါကြည့်ပြီးရင် နောက်ထပ် ဘယ်သူမှ မကြည့်ချင်တော့ပါဘူး။ကြည့်လည်း စိတ်မ၀င်စားတော့ဘူးလေ။ အလှပာာလည်း ဒီသဘောပါပဲ။

သေချာတာက လုံခြုံတဲ့အလှပာာ သိပ်ကို စိတ်ဝင်စား ရင်ခုန်ဖို့ကောင်းပါတယ်။

နောက်ပြီး ၀တ်စား ဆင်ယဉ်မှုပာာ လူတွေရဲ့ အဆင့်အတန်း တစ်မျိုးပါ။

မိမိ ခန္ဓာကိုယ်ကို ဖော်ပြနေရင် အဲ့ဒီမိန်းကလေးပာာ အန္တရာယ်ကို လက်ယက် ခေါ်နေတာပါပဲ။ မြန်မာဆန်ဆန် လုံလုံခြုံခြုံနေရင်လည်း အလှပာာ လှတာပါပဲ။ ပြီးတော့ ကျက်သရေလည်းရှိပါတယ်။

မြန်မာ မိန်းကလေးတွေအနေနဲ့ တစ်ဦးတစ်ယောက်မျှ လက်ခံ သဘောတူခဲ့ရင် ဒီစာရေးရကျိုး နပ်ပါပြီ။

အားလုံး နားလည်လက်ခံနိုင်ပါစေ။


Shared from Burmese Treasure (FB)

"ဘယ်လိုရည်ရွယ်ချက်နဲ့ ဆီမီးထွန်းမလဲ..???? "



သီတင်းကျွတ်လပြည့်ည ဆို ဆီမီးတွေ ထိန်ထိန်ညီးနေတော့မယ်…

ကောင်းကင်က လမင်းကြီးအရောင်နဲ့လူ့ပြည်ကလျှပ်စစ်မီးအရောင်နဲ့ ဆီမီးအရောင်တို့အပြိုင်အဆိုင် သူနိုင်ကိုယ်နိုင် လင်းလက်ကြတော့မယ် ...

ရည်ရွယ်တာက -

မြတ်ဗုဒ္ဓဂုဏ်တော်ကို ရည်စူးပူဇော်ကြတာပါ ...

တစ်ချို့ကတော့ အပိုအလုပ်တွေပါကွာလို့ ရှုံ့ချကြသလို အလကားဖြုန်း တီးနေတာပါ လို့ ကဲ့ရဲ့သူတွေလဲ ရှိနေကြမှာပါ ...

မြတ်ဗုဒ္ဓမရှိတော့ပေမယ့် -

ဂုဏ်တော်ကို ရည်မျှော်ပြီး ပူဇော်ကြတာ အမှတ်ရကြတာဟာ ...

ကွယ်လွန်သွားတဲ့သူရဲ့ အုပ်ဂူဘေးမှာ လွမ်းသူ့ပန်းခွေပေးတာနဲ့ မနှိုင်းယှဉ် ချင်ပါဘူးးး

ကျဆုံးသွားတဲ့ ဗိုလ်ချုပ်တွေရဲ့ အုပ်ဂူဘေးမှာ ရပ်ပြီး အလေးသွားပြုနေသူတွေ နဲ့ လဲ ဥပမာ မပေးချင်ပါဘူးးး

အတုမရှိ အတူမရှိတဲ့ မြတ်ဗုဒ္ဓကို ရည်စူးနေတာမို့ ဘာနဲ့မှ မတူပါဘူး … အတူမရှိဘူးလို့ပဲ ပြောချင်ပါတယ်။

တစ်ချို့ကပြောကြတယ်...

ဘုရားကို ရည်စူးရင် ရုပ်ပွားစေတီတွေမှာ ပူဇော်ပါလား ?

အိမ်မှာတွေ ကျောင်းမှာတွေ သစ်ပင်မှာတွေ ဆီမီးတိုင်တွေ ထွန်းညှိတာက အပိုမဟုတ်ဘူးလား ? ...တဲ့။

ဒီလိုတွေးမိသူတွေအတွက် ဆရာသမားရဲ့ လမ်းညွှန်းတဲ့ မီးထွန်းနည်းလေး
ပြောလိုက်ချင်ပါတယ် ...

" မင်းတို့ အခု သီတင်းကျွတ်လပြည့်နေ့မှာကျောင်းတို့ အိမ်တို့မှာ မီးထွန်တာ အပျော်ထွန်းတာ မဖြစ်စေနဲ့ ကြည်နူးမှုနဲ့အတူ အဓိပ္ပာယ်ရှိရှိ လုပ်ကြပါ ...

ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ဆီမီးထွန်းကြပါ..

ဥပမာ- ကျောင်းမှာ ဆီမီးထွန်းတယ်ဆိုပါစို့

စိတ်ထဲကြည်နူးစရာ ပျော်စရာလေးပေါ့..

ဒါပေမယ့် -

ဒီလိုလေး ရည်ရွယ်ချက်ထားပါ .. ဒီလိုလေး စိတ်ထဲက ရည်မှန်းထားပါ..


ဒီကျောင်းမှာ ရှိတဲ့ ကျောင်းစောင့်နတ်တွေ ...

အခုဆီမီးတိုင်များဖြင့် ဘုရားရှင် အား လှူဒါန်းပူဇော်နိုင်ရန် သင်တို့အား စွန့်လှူပါ၏ ...

ငါစွန့်လိုက်သော ဆီမီးအလင်းရောင်ဖြင့် မြတ်စွာဘုရားရှင်အား ရည်စူးပူဇော် ၍ ကုသိုလ်ယူကြပါကုန်လော့ ...


အိမ်မှာထွန်းရင်လဲ အိမ်စောင့်နတ်တွေ ...

အခုကျွန်ုပ်ထွန်းထားသောဆီမီးတိုင်များဖြင့်ဘုရားရှင်အားလှူဒါန်းပူဇော်နိုင်ရန် သင်တို့အား စွန့်လှူပါ၏ ...

ငါစွန့်လိုက်သော ဆီမီးအလင်းရောင်ဖြင့် မြတ်စွာဘုရားရှင်အား ရည်စူးပူဇော် ၍ ကုသိုလ်ယူကြပါကုန်လော့ ...


သစ်ပင်မှာထွန်းမယ်ဆိုရင်…

ထွန်းငြိမယ်ဆိုရင်လဲ ဤသစ်ပင်၌ စိုးအုပ်နေသော ရုက္ခစိုးနတ်သည် အခု ကျွန်ုပ်ထွန်းထားသော ဆီမီးတိုင်များဖြင့် ဘုရားရှင်အားလှူဒါန်းပူဇော်နိုင်ရန်
သင်တို့အား စွန့်လှူပါ၏ ...

ငါစွန့်လိုက်သော ဆီမီးအလင်းရောင်ဖြင့် မြတ်စွာဘုရားရှင်အား ရည်စူးပူဇော် ၍ ကုသိုလ်ယူကြပါကုန်လော့...

ဒီလိုလေး ...

စိတ်ကနေဖြစ်စေ နုတ်ကနေဖြစ်စေ ညွှတ်ပေး ပြောပေးရင် ကိုယ်လုပ်တဲ့ အလုပ် ကိုယ် ထွန်းလိုက်တဲ့ ဆီမီးလေးတွေ ဘယ်လောက် အဓိပ္ပာယ်ရှိသွား သလဲ…

ဘယ်လောက်ကြည်နူးစရာကောင်းသလဲ အဓိပ္ပာယ်မဲ့ အပျော် သက်သက် မဟုတ်တော့ဘူးးး

ဒါကတော့ -

ကျွန်ုပ်တို့ငယ်စဉ် သီတင်းကျွတ်လပြည့်နေ့မှာ ပေးခဲ့တဲ့ ဆရာသမားရဲ့ သြ၀ါဒ ပါ…

ဒီသြ၀ါဒလေးအတိုင်း ...

ကျွန်ုပ်ရော သီးတင်းသုံးဖော်များပါ ကျောင်းဆောင် မှာတွေရော ကျောင်းဝင်ရှိ သစ်ပင်မှာတွေပါ ဆီမီးလေးတွေ ထွန်းညှိ ပူဇော် ရင်း ကြည်နူးခဲ့တာလေး ကို ပြန်လည်တမ်းတ လွမ်းဆွတ်သတိရရင် ဆရာ သြ၀ါဒလေးကို ပြန်လည် တင်ပြလိုက်ပါတယ် ...

ဒါကတော့ ဆရာသမားရဲ့ သြ၀ါဒလေးပါ...

မိမိရဲ့ နှလုံးသွင်းအားလျော်စွာ အဓိပ္ပာယ်ရှိအောင် ဆီမီးထွန်းညှိပူဇော်လို့လဲ ရပါတယ် ...

အဓိကကတော့ အဓိပ္ပာယ်ရှိရှိနဲ့ ကြည်နူးမှုလေး ဖြစ်နေဖို့ပဲ မဟုတ်ပါလား....

မိမိနှလုံးသွင်း က ကုသိုလ်ကိုလည်း ဖြစ်စေနိုင်တယ် ...

အကုသိုလ်ကိုလည်းဖြစ်စေနိုင်တယ် ...

ကောင်းတဲ့နှလုံးသွင်းမိရင် ကုသိုလ်ဖြစ်သွားပြီးးး

နှလုံးသွင်းမှု မှားသွားရင် မကောင်းတဲ့ နှလုံးသွင်းမိရင်တော့ အကုသိုလ်ဖြစ် မှာပါ….

သီတင်းကျွတ်လပြည့်နေ့မှာ အားလုံး အဓိပ္ပာယ်ရှိသော ဆီမီးပူဇော်မှုဖြင့် ပူဇော်နိုင်ကြပါစေ…။


Post by ; Ven. Vunna

~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာ ရွှင်လန်း ငြိမ်းအေး နိုင် ကြ ပါစေ ~~~

Shared from နှလုံးသား၏ ဓမ္မသံစဉ် (FB)

တူသော်လည်း မတူသူ



အရှင်မဟာမောဂ္ဂလာန် မဟာထေရ်မြတ်သည် အရှင်သာရိပုတ္တရာမဟာထေရ်မြတ် ကို ဤသို့ မေးမြန်းတော် မူ၏-

''ငါ့ရှင် သာရိပုတြာ -ကိလေသာ အညစ်အကြေးရှိသော ပုဂ္ဂိုလ်နှစ်မျိုးတို့တွင် တစ်မျိုးကို ယုတ်ညံ့သော ပုဂ္ဂိုလ်ဟု ခေါ်ဆိုရ၍၊တစ်မျိုးကို မြင့်မြတ်သော ပုဂ္ဂိုလ်ဟု ခေါ်ဆိုရခြင်း၏အကြောင်း အထောက်အပံ့ကားအဘယ်ပါနည်း။

ငါ့ရှင် - ဥပမာသော်ကား ဈေးမှဖြစ်စေ၊ ပန်းတဉ်းသမား အိမ်မှဖြစ်စေ၊ မြူမှုန့် အညစ်အကြေးဖြင့် မြှေးယှက် ဖုံးလွှမ်းနေသော ကြေးခွက်ကို ဆောင်ယူခဲ့ရာ၏၊ထိုကြေးခွက်ကို ပိုင်ရှင်တို့သည သုံးလည်းမသုံးဆောင်ကုန် ငြားအံ့၊စင် ကြယ်အောင်လည်းမသုတ်သင်ကုန်ငြားအံ့၊မြူမှုန့် ရှိရာ၌လည်း ထိုကြေးခွက်ကို ထားကုန်ငြားအံ့။
ငါ့ရှင် -- ထိုကြေးခွက်သည် နောင်အခါ၌ သာလွန်ညစ်ပေကာ အညစ်အကြေးတက်ရာသည် မဟုတ်လောဟု မေးတော်မူ၏။

ငါ့ရှင် - မှန်ပါပေ၏ဟု လျှောက်၏။

ငါ့ရှင် - ဤဥပမာအတူပင် .. ထို ပုဂ္ဂိုလ်နှစ်မျိုးတို့တွင် ကိလေသာအညစ်အကြေးရှိလျက် ''ငါ၏စိတ်သန္တာန်၌ ကိလေသာ အညစ်အကြေးရှိ၏'' ဟု ဟုတ်တိုင်းမှန်စွာ မသိသော ပုဂ္ဂိုလ်သည်ထိုကိလေသာ အညစ်အကြေးကိုပယ်ရန် အလိုဆန္ဒကို ဖြစ်စေလိမ့်မည် မဟုတ်၊ အားထုတ်လိမ့်မည်မဟုတ်၊လုံ့လစွမ်းကို ကြိုးပမ်းလိမ့်မည် မဟုတ်။ ထိုပုဂ္ဂိုလ်သည် တပ်မက်ခြင်း'ရာဂ'ရှိသူ၊ပြစ်မှားခြင်း'ဒေါသ' ရှိသူ၊ တွေဝေခြင်း'မောဟ' ရှိသူ၊ ကိလေသာ အညစ်အကြေးတို့နှ င့်တကွ ညစ်နွမ်းသောစိတ် ရှိသူ ဖြစ်လျက် သေလွန်ရ လတ္တံ့။ ထိုပုဂ္ဂိုလ်အားဤသဘောသာ ဧကန် ဖြစ်ရမည်။

ငါ့ရှင် - ဥပမာသော်ကား ဈေးမှဖြစ်စေ၊ ပန်းတဉ်းသမား အိမ်မှဖြစ်စေ၊ မြူမှုန့် အညစ်အကြေးဖြင့် မြှေးယှက် ဖုံးလွှမ်းနေသော ကြေးခွက်ကို ဆောင်ယူခဲ့ရာ၏၊ထိုကြေးခွက်ကို ပိုင်ရှင်တို့သည်သုံးလည်း သုံးဆောင်ကုန် ငြားအံ့၊စင်ကြယ်အောင်လည်းသုတ်သင်ကြကုန် ငြားအံ့၊မြူမှုန် ရှိရာ၌လည်း ထိုကြေးခွက်ကို မထားကုန်ငြားအံ့။ ငါ့ရှင် - ထိုကြေးခွက်သည် နောင်အခါ၌ သာလွန် စင်ကြယ်ကာ ဖြူဖွေးရာသည် မဟုတ်လော ဟု မေးတော်မူ၏။

ငါ့ရှင် - မှန်ပါပေ၏ဟု လျှောက်၏။

ငါ့ရှင် - ဤဥပမာအတူပင် .. ထို ပုဂ္ဂိုလ်နှစ်မျိုးတို့တွင် ကိလေသာ အညစ်အကြေးရှိလျက် ''ငါ၏စိတ်သန္တာန်၌ ကိလေသာ အညစ်အကြေးရှိ၏'' ဟု ဟုတ်တိုင်းမှန်စွာ သိသော ပုဂ္ဂိုလ်သည် ထိုကိလေသာ အညစ်အကြေးကို ပယ်ရန် အလိုဆန္ဒကို ဖြစ်စေလတ္တံ့၊ အားထုတ် လတ္တံ့၊ လုံ့လစွမ်းကို ကြိုးပမ်းလတ္တံ့။ထိုပုဂ္ဂိုလ်သည် တပ်မက်ခြင်း 'ရာဂ' မရှိဘဲ၊ ကြမ်းတမ်း ပြစ်မှားခြင်း'ဒေါသ' မရှိဘဲ၊တွေဝေခြင်း'မောဟ' မရှိဘဲ၊ကိလေသာ အညစ်အကြေး မရှိဘဲ၊ညစ်နွမ်းသော စိတ်မရှိဘဲ သေလွန်ရ လတ္တံ့။ ထိုပုဂ္ဂိုလ်အားဤသဘောသာ ဧကန် ဖြစ်ရမည်။

ငါ့ရှင် မောဂ္ဂလာန် -ဤသည်လျှင် ကိလေသာ အညစ်အကြေး ရှိကြကုန်သော ပုဂ္ဂိုလ် နှစ်မျိုးတို့တွင် တစ်မျိုးကိုယုတ်ညံ့သော ပုဂ္ဂိုလ်ဟု ခေါ်ဆိုရ၍တစ်မျိုးကိုမြင့်မြတ်သော ပုဂ္ဂိုလ်ဟု ခေါ်ဆိုရခြင်း၏ အကြောင်းအထောက်အပံ့ ဖြစ်ပေ၏။

''ငါ့သျှင် သာရိပုတြာ -ကိလေသာ အညစ်အကြေးမရှိသော ပုဂ္ဂိုလ်နှစ်မျိုးတို့တွင် တစ်မျိုးကို ယုတ်ညံ့သော ပုဂ္ဂိုလ်ဟု ခေါ်ဆိုရ၍၊တစ်မျိုးကို မြင့်မြတ်သော ပုဂ္ဂိုလ်ဟု ခေါ်ဆိုရခြင်း၏အကြောင်း အထောက်အပံ့ကားအဘယ်ပါနည်း။

ငါ့ရှင်- ဥပမာသော်ကား ဈေးမှဖြစ်စေ၊ ပန်းတဉ်းသမားအိမ်မှ ဖြစ်စေ၊ စင်ကြယ် ဖြူဖွေးသော ကြေးခွက်ကို ဆောင်ယူခဲ့ရာ၏၊ ထိုကြေးခွက်ကို ပိုင်ရှင်တို့သည်သုံးလည်း မသုံးဆောင် ကုန်ငြားအံ့၊ စင်ကြယ်အောင်လည်းမသုတ်သင် ကုန်ငြားအံ့၊ မြူမှုန့်ရှိရာ၌လည်းထိုကြေးခွက်ကို ထားကုန်ငြားအံ့။ ငါ့သျှင်- ထိုကြေးခွက်သည် နောင်အခါ၌ သာလွန် ညစ်ပေကာ အညစ်အကြေးတက်ရာသည် မဟုတ် လော ဟုမေးတော်မူ၏။

ငါ့ရှင် - မှန်ပါပေ၏ဟု လျှောက်၏။

ငါ့ရှင် - ဤဥပမာ အတူပင် .. ထို ပုဂ္ဂိုလ်နှစ်မျိုးတို့တွင် ကိလေသာ အညစ်အကြေးမရှိသည် ဖြစ်လျက် ''ငါ၏ စိတ်သန္တာန်၌ကိလေသာ အညစ်အကြေးမရှိ'' ဟု ဟုတ်တိုင်းမှန်စွာ မသိသော ပုဂ္ဂိုလ်သည်တင့်တယ်သော အာရုံ 'သုဘနိမိတ်' ကို နှလုံးသွင်း လတ္တံ့။တင့်တယ်သော အာရုံကို နှလုံးသွင်းခြင်းကြောင့် ထိုပုဂ္ဂိုလ်၏စိတ်ကို တပ်မက်ခြင်း 'ရာဂ' သည် လွှမ်းမိုးဖျက်ဆီးလတ္တံ့။ ထိုပုဂ္ဂိုလ်သည် တပ်မက်ခြင်း'ရာဂ'ရှိသူ၊ပြစ်မှားခြင်း'ဒေါသ' ရှိသူ၊ တွေဝေခြင်း 'မောဟ' ရှိသူ၊ ကိလေသာ အညစ်အကြေးတို့နှင့်တကွ ညစ်နွမ်းသော စိတ်ရှိသူ ဖြစ်လျက် သေလွန်ရ လတ္တံ့။ထိုပုဂ္ဂိုလ်အား ဤသဘောသာ ဧကန်ဖြစ်ရမည်။

ငါ့ရှင် - ဥပမာသော်ကား ဈေးမှဖြစ်စေ၊ ပန်းတဉ်းသမားအိမ်မှ ဖြစ်စေ၊ စင်ကြယ် ဖြူဖွေးသော ကြေးခွက်ကို ဆောင်ယူခဲ့ရာ၏၊ ထိုကြေးခွက်ကို ပိုင်ရှင်တို့သည်သုံးလည်း သုံးဆောင်ကုန် ငြားအံ့၊စင်ကြယ်အောင်လည်းသုတ်သင်ကုန် ငြားအံ့၊ မြူမှုန့်ရှိရာ၌လည်းထိုကြေးခွက်ကို မထားကုန်ငြားအံ့။ ငါ့ရှင် - ထိုကြေးခွက်သည် နောင်အခါ၌ သာလွန် စင်ကြယ်ကာ ဖြူဖွေးရာသည် မဟုတ်လော ဟု မေးတော်မူ၏။

ငါ့ရှင်- မှန်ပါပေ၏ဟု လျှောက်၏။

ငါ့ရှင် - ဤဥပမာအတူပင် .. ထို ပုဂ္ဂိုလ်နှစ်မျိုးတို့တွင် ကိလေသာ အညစ်အကြေးမရှိသည် ဖြစ်လျက် ''ငါ၏ စိတ်သန္တာန်၌ကိလေသာ အညစ်အကြေးမရှိ'' ဟု ဟုတ်တိုင်းမှန်စွာ သိသော ပုဂ္ဂိုလ်သည် တင့်တယ်သော အာရုံ 'သုဘနိမိတ်'ကို နှလုံးသွင်းလိမ့်မည်မဟုတ်။ တင့်တယ်သော အာရုံကို နှလုံးမသွင်းခြင်းကြောင့် ထိုပုဂ္ဂိုလ်၏ စိတ်ကို တပ်မက်ခြင်း'ရာဂ' သည် လွှမ်းမိုး ဖျက်ဆီးလိမ့်မည် မဟုတ်။ထိုပုဂ္ဂိုလ်သည် တပ်မက်ခြင်း 'ရာဂ' မရှိဘဲ၊ ကြမ်းတမ်း ပြစ်မှားခြင်း'ဒေါသ'မရှိဘဲ၊တွေဝေခြင်း'မောဟ'မရှိဘဲ၊ ကိလေသာ အညစ်အကြေးမရှိဘဲ၊ညစ်နွမ်းသော စိတ်မရှိဘဲ သေလွန်ရ လတ္တံ့။ ထိုပုဂ္ဂိုလ်အားဤသဘောသာ ဧကန် ဖြစ်ရမည်။

ငါ့ရှင်မောဂ္ဂလာန် - ဤသည်လျှင်ကိလေသာ အညစ်အကြေး မရှိကြကုန်သော ပုဂ္ဂိုလ် နှစ်မျိုးတို့တွင် တစ်မျိုးကိုယုတ်ညံ့သော ပုဂ္ဂိုလ်ဟု ခေါ်ဆိုရ၍တစ်မျိုးကိုမြင့်မြတ်သော ပုဂ္ဂိုလ်ဟု ခေါ်ဆိုရခြင်း၏ အကြောင်းအထောက်အပံ့ ဖြစ်ပေ၏ဟုမိန့်တော်မူ၏။


( အနင်္ဂဏသုတ်၊မူလပရိယာယ၀ဂ်၊မူလပဏ္ဏာသပါဠိတော်)

Credit ; phyo zaw
Photo credit ; Original Uploader

Shared from Words of Buddha (FB)

ကိုးကွယ်မှား



အနမတဂ္ဂ သံသရာ၌ သဗ္ဗညုဘုရားကို ကိုးကွယ်ကြရသော ဘဝကားအလွန်နည်းပါး၏။

ရံခါ ဗြဟ္မာကို ဘုရားဟု ကိုးကွယ်ကြရကုန်၏။ ရံခါ သိကြားကို၊ ရံခါ ထိုထိုနတ်ကြီးတွေကို၊ ရံခါ နေကို ဘုရားဟု ကိုးကွယ် ကြရကုန်၏။ ရံခါ လကို၊ ရံခါ ထိုထိုနက္ခတ်ကို၊ ရံခါ ဘုမ္မစိုးနတ်ကြီးကို၊ ဘီလူးကြီးတွေကို ဘုရားဟု ကိုးကွယ် ကြရကုန်၏။

လောက၌ အလွန်ယုတ်မာ မှောက်မှားသော မိစ္ဆာဒိဋ္ဌိဆရာကြီးတို့ကား ကမ္ဘာ့တန်ဆာ၊ ကမ္ဘာ့မြေစာကဲ့သို့ အလွန်တရာ ပေါများကြကုန်၏။ ထိုမိစ္ဆာဒိဋ္ဌိ အယုတ်တမာကြီးတွေကို တွေ့မိတွေ့ရာ ဘုရားဟူ၍
ကိုးကွယ်ကြကုန်သော ဘဝတို့ကားအလွန်များပြားကြကုန်၏။

ရံခါ နဂါးကို၊ ရံခါ ဂဠုန်ကို၊ ရံခါ မြစ်ကို၊ ရံခါ မီးကို၊ ရံခါ ရေကို ဘုရားဟူ၍ ကိုးကွယ် ကြရကုန်၏။

ဤသို့လျှင် ကိုယ်တွင်း၌ သက္ကာယဒိဋ္ဌိ အမှောက်အမှားကြီး ရှိနေကြကုန်သော ပုထုဇဉ်သတ္တဝါတို့၏ တစ်ဘဝ တစ်ဘဝလျှင် တစ်မျိုးတစ်မျိုး ကိုးကွယ်ရာဘုရားမည်သည် လောကဓာတ်၌ အလွန်များပြား၏။

ကြပ်ကြပ်ကိုးကွယ်လေလေ .. အပါယ်ငရဲကြပ်ကြပ်နက်နဲလေလေသာ ဖြစ်၏။


( လယ်တီဆရာတော်ဘုရားကြီး)

Shared from Words of Buddha (FB)

Tuesday, October 22, 2013

သိပ်ပြီး အဓိပ္ပာယ်ရှိလိုက်တဲ့ ဆုတောင်းလေးပါ


ဒီလိုမျိုးဆုတောင်းလေးတွေ တစ်ခါတစ်လေ တောင်းကြည့်စမ်းပါ မပြည့်တာကနောင်ခါမှပါ လောလောစယ်စယ်တော့ စိတ်ခွန်အားတွေ တက်လာမှာပါ

“ သီတဂူဆရာတော် ( ဗြဟ္မာစရိယဆုတောင်း) ”
~~~~~~~~~~~~~~~~~~~~~~~~~~

- “ ငါသည် မည်သူ့ကိုမျှ ဒုက္ခမပေးပါရစေနှင့် ၊
သူတစ်ပါးတို့၏ အကျိုးစီးပွားကိုသာ
ဆောင်ရွက်နိုင်ရပါလို၏ ။ ”

- “ ငါသည် သူတစ်ပါးတို့၏ ဒုက္ခကိုပယ်ဖျောက်,
ဒုက္ခရောက်သူကို စောင့်ရှောက်နိုင်ရပါလို၏။”

- “ ငါသည် ငါ့ထက်သာလွန်သူကို မည်သည့်
အခါမှ အတုမပြိုင်ပါရစေနှင့်၊ ၀မ်းမြောက်စွာ
လက်တွဲနိုင်ရပါစေလို၏။ ”

- “ ငါသည် လောက၏ဆိုးသော အခြေအနေ၌လည်း
စိတ်မပျက်ရပါစေနှင့် ၊လောက၏ကောင်းသော
အခြေ အနေကိုလည်းမတပ်မက်ရပါစေနှင့် ၊ကောင်းဒဏ်
ဆိုးဒဏ် ဤနှစ်တန်ကို ခံနိုင်သည့်သူ ဖြစ်ရပါလို၏။ ”


( သီတဂူဆရာတော်)

Shared from နှလုံးသား အာဟာရ (FB)

တကယ့် ဥပက္ခာဆိုတာ


ဥပေက္ခာရဲ့ သဘောတရားကို မြန်မာလူမျိုးတွေကအဓိပ္ပါယ်ကောက် လွဲနေတယ်။ မခေါ် မပြော၊ ဂရုမစိုက်ဘဲနေတာကို ဥပေက္ခာလို့  ထင်နေကြတယ်။ အမှန်မှာ ဥပေက္ခာက မေတ္တာထက်လည်း သာတယ်၊ကရုဏာထက်လည်း သာတယ်။ ဥပေက္ခာဆိုတဲ့  သဘောတရားက လူဆိုတာ သူ့ ကံနဲ့ သူဖြစ်တာ။ ဆဲသွားရင်လည်း ငါ့ဆဲရမလားလို့ စိတ်မဆိုးနဲ့ ။

ဥပေက္ခာသမားသည် လာရောက်ပြီးတော့ ချီးမွမ်းပြီးတော့ အကူအညီပေးရင်လည်း အော် ဒီကောင်က တော်တယ်၊ ငါ့ကို ချီးမွမ်းဖော်ရတယ်၊ ငါ့ကို ကူညီဖော်ရတယ် ဆိုပြီးတော့လည်း ၀မ်းမသာဘူး၊ ဆိုလိုတာက စိတ်ဓါတ်အလွန်တည်ငြိမ်တဲ့ 
ပုဂ္ဂိုလ်အနေအထားမျိုးကို ဥပေက္ခာလို့ ခေါ်တယ်။ စိတ်ဓါတ် အလွန်တည်ငြိမ်တယ်။ စိတ်ဓါတ် တည်ငြိမ်ပြီး လူကို လျစ်လျူမရှုဘူး၊ လူ့ ရဲ့ အပြုအမူကိုသာ လျစ်လျူရှုပြီး လုပ်သင့်တာလုပ်တယ်။

ဆိုပါစို့  လူတစ်ယောက် အကူအညီလိုနေတယ်။ ဒုက္ခရောက်နေတယ်။ သို့ သော် သူက ဆဲပြီးတော့ခိုင်းတယ်၊ စိတ်မဆိုးဘူး။ လုပ်ပေးတယ်။တစ်ယောက်က ချော့ပြီးတော့ ခိုင်းတယ်။ ၀မ်းမသာဘူး လုပ်ပေးတယ်။အဲဒါ ဥပေက္ခာ။ ၀မ်းသာတယ်တို့  စိတ်ဆိုးနေတယ်တို့ ဆိုတာက စိတ်မှာ တည်ငြိမ်မှု မရှိတာကို ပြတယ်။ တည်ငြိမ်မှုမရှိတဲ့ သဘောကို ပြနေတာ။

အခု မြန်မာတွေက ဘယ်လို အဓိပ္ပါယ် ကောက်လဲဆိုလို့ ရှိရင်တော့ ဥပေက္ခာဆိုတာ အေး ကိုယ်နဲ့ မတည့်တဲ့သူ ဒီကောင်မခေါ်မပြောဘဲ နေလိုက်တယ်၊ ဥပေက္ခာပြုထားတယ် မခေါ်မပြောဘူး၊ စကားလည်းမပြောဘူး၊ သူ့ ဘာမှ မလုပ်ဘူး၊ အဲဒီလို ဥပေက္ခာမျိုး
မဟုတ်ဘူး၊ အဲဒီ ဥပေက္ခာက တစ်မျိုးပါ။ ဒီမွန်မြတ်တဲ့ ဥပေက္ခာ မဟုတ်ဘူး။

မွန်မြတ်တဲ့ ဥပေက္ခာဆိုတာ တစ်ဖက်သားလုပ်တာကို ဂရုစိုက်ပြီးတော့ မနေဘူး၊ လုပ်သင့်တာလုပ်တယ်၊ ဒါမှ တကယ့် ဥပေက္ခာ၊ ဆဲလည်း ဂရုမစိုက်ဘူး၊ လုပ်သင့်တာလုပ်မယ်၊ ချီးမွမ်းရင်လည်း ဂရုမစိုက်ဘူး၊ လုပ်သင့်တာလုပ်မယ်၊ လုပ်သင့်တာကို လုပ်ပေးတယ်၊
စိတ်ဓါတ်ကတော့ တည်တည်ငြိမ်ငြိမ်ထားတယ်၊ 
ဒါမှ တကယ့် ဥပေက္ခာပါ။


(ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

(အနှိုင်းမဲ့စာတိုပေစများဘလော့မှ ကူးယူဖော်ပြပါသည်)

Monday, October 21, 2013

"ဆိုက်ကားစီးသော နိုင်ငံကျော်ဆရာတော် (သို့) ဒေါသဖြစ်စရာနှင့် ကြုံပါလျက် ဒေါသမဖြစ်တဲ့ မင်းကွန်းဆရာတော် ဘုရားကြီးရဲ့ ကြည်ညိုဖွယ်ရာ ဖြစ်ရပ်လေးတစ်ခု"


မင်းကွန်းတိပိဋကဆရာတော်ဆိုရင် တစ်ခါက မန္တလေးမြို့က ညတရားပွဲပင့်ထားတယ်။ အစီအစဉ်ကတော့ ဆရာတော်က မင်းကွန်းကနေ မန္တလေးဆိပ်ကမ်းဘက် စက်လှေနဲ့ ကြွလာရမယ်။ တရားပွဲကျင်းပမယ့်သူများက မန္တလေးဆိပ်ကမ်းကနေ ကားနဲ့ကြိုမယ်ပေါ့။ ဆရာတော်ကြီးလည်း ညနေခြောက်နာရီခွဲလောက် မန္တလေးဆိပ်ကမ်းလည်း ရောက်လာရော လာကြိုတဲ့ ကားတစ်စီးမှ မရှိဘူး။ ကိစ္စတစ်စုံတစ်ခုကြောင့် နောက်ကျတာ ဖြစ်မှာပါ ဆိုပြီး ဆရာတော်ကြီးက ဆိပ်ကမ်းက သစ်ပင်အောက်မှာ ထိုင်စောင့်ရှာတယ်။ တရားပွဲက ခုနှစ်နာရီခွဲ ဟောရမှာ ကားက ခုနှစ်နာရီထိုးပြီးတဲ့အထိ ရောက်မလာဘူး။

ဒီအချိန်မှာ ဆရာတော်ကြီးက ကမ္ဘာကျော်တဲ့အထိ နာမည်ကြီးနေတာ အင်္ဂလန်က ဂင်းနစ်ကမ္ဘာ့စံချိန်စာအုပ်ကြီးမှာ ဉာဏ်ပညာအကြီးမားဆုံးပုဂ္ဂိုလ် ဆိုပြီး စံချိန်တင်ခံထားရတော့ ကမ္ဘာက မြန်မာဆိုတာကိုသာ မသိချင် မသိမှာ။ မင်းကွန်းတိပိဋကဆရာတော်ကိုတော့ သိကြတယ်။ ဆရာတော်က တိပိဋကဆရာတော်လည်း ဖြစ်တယ်။ ဓမ္မဘဏ္ဍဂါရိက တရားဘဏ္ဍာစိုးဆိုတဲ့ ဘွဲ့တံဆိပ်ကိုလည်း ရရှိထားတယ်။ ဒါ့အပြင် နိုင်ငံတော်သံဃာ့မဟာနာယကအကျိုးဆောင် ဆရာတော်တစ်ပါးလည်း ဖြစ်လိုက်သေးတယ်။

ဒီလို ဆရာတော်မျိုးဆိုတော့ တရားပွဲအကြိုအပို့ ကားလှူချင်တဲ့ ဒကာတွေက သိပ်များတယ်။ သူကြိုမယ် ငါကြိုမယ်နဲ့ ဝိုင်းပြောကြတော့ အကျိုးဆောင်အဖွဲ့က ဘယ်သူကြိုပါလို့ သတ်မှတ်မပေးဘဲ ခင်ဗျားတို့ အတူတူကြိုလိုက်ပါလို့ ပေါင်းပြောလိုက်တယ်။ ဆရာတော်ကြီးကတော့ တစ်စီးပဲစီးမှာပဲ။ ကြိုတဲ့ကား များလေ ကောင်းလေလို့ သဘောထားလိုက်ဟန် တူတယ်။ မှန်းကြည့်ရတာ အဲဒီလို ကားကြိုဖို့ ပြောထားတာ တရားပွဲ မတိုင်ခင် လေးငါးရက်အလိုလောက်က ဖြစ်မယ်။ တရားဟောမယ့်ရက် ရောက်လို့ ကြိုရမယ့်နေ့ကျတော့ ကားပိုင်ရှင်တွေဟာ မေ့နေကြတယ်။ တချို့ သတိရတဲ့လူကျတော့လည်း ကိစ္စ အနည်းအပါးရှိနေတော့ ငါ မသွားလည်း ဘာမှမဖြစ်ပါဘူး။ တခြားကားတွေ အများကြီး ရှိနေတာပဲလို့ ပေါ့ပေါ့သဘောထားပြီး မသွားဘဲ နေလိုက်ကြတယ်။ ဒါကြောင့် ကြိုမယ့်ကား တစ်စီးမှ ရောက်မလာတာ။

နောက်ဆုံးတော့ ဆရာတော်ကြီးဟာ တရားပွဲပျက်မှာစိုးတဲ့အတွက် ဆိုက်ကားတစ်စီးငှါးပြီး တရားပွဲကို ကြွသွားတယ်။ ကြည့်စမ်း။ ဒေါသကိလေသာ ဘယ်လောက်ခေါင်းပါးလိုက်သလဲလို့။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေကျတော့ တရားမထိုင်တာ တစ်ခုတည်းကြည့်ပြီး ဘာမှ မဟုတ်လောက်ပါဘူးဆိုပြီး သွားအထင်မသေးလိုက်နဲ့ ဒုက္ခရောက်သွားမယ်။

တရားပွဲနဲ့နီးတဲ့နေရာလည်း ရောက်ရော အမှောင်ထဲမှာ ဆိုက်ကားကို ရပ်ခိုင်းပြီး ပလ္လင်ပေါ်တက် တရားဟောတော့တာပဲ။ မှောင်ထဲမှာ ရပ်ခိုင်းတာက ဆရာတော်ကြီး ဆိုက်ကားနဲ့ ကြွလာရတာပါလားလို့ သိရင် ပရိသတ်တွေ၊ တရားပွဲ အကျိုးတော်ဆောင်တွေ စိတ်မကောင်းဖြစ်မှာ စိုးလို့တဲ့။ တရားပွဲပြီးတဲ့အခါ ဆရာတော်ကြီးဟာ အမှောင်ထဲက ဆိုက်ကားနဲ့ပဲ မြစ်ဆိပ်ကို ပြန်ကြွသွားတယ်။ အကျိုးတော်ဆောင်တွေရော၊ ပရိသတ်တွေရော ဆရာတော်ကို ကားနဲ့ပဲ ကြွလာတယ်လို့ ထင်နေကြတာတဲ့။ ဒီဖြစ်ရပ်ကိုတောင် အတူနေ တပည့်တွေပြောလို့ သိကြရတာ။


(ဆရာတော် မေတ္တာရှင်(ရွှေပြည်သာ)ရဲ့ "လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ အတွဲ(၈) စာ၁၅၂-၁၅၅" မှ ကူးယူဖော်ပြပါသည်)

Myanmar News facebook page က တင်ထားတာကို ကူးယူပြီး ပြန် share ပါတယ်ခင်ဗျား။

Shared from သုတစွယ်စုံကျမ်း (FB)

" ဉာဏ်ရည်ထက်တဲ့ ခွေးတစ်ကောင် "



တစ်ရက်မှာ အသားငါးတွေ ကုန်ခြောက်တွေ ရောင်းချတဲ့ ဆိုင်တစ်ဆိုင်ထဲကို ခွေးတစ်ကောင်ဟာ တန်းတန်းမတ်မတ် ၀င်လာခဲ့ပါတယ်.. ဆိုင်ရှင်ဖြစ်သူဟာ အဲဒီခွေးကို အကြိမ်ကြိမ် မောင်းထုတ်ပေမဲ့လို့ မောင်းထုတ်ချိန်မှာတော့ ဆိုင်ထဲကနေထွက်သွားလိုက် ခနကြာတော့ ပြန်ဝင်လာလိုက်နဲ့ အကြိမ်ကြိမ် လုပ်နေတာတွေ့တော့ ဆိုင်ရှင်က သူ့စိတ်ထဲမှာ ထူးခြားတယ်လို့ ထင်လာမိပါတယ်.. ဒါနဲ့ ခွေးရဲ့ အနားကို တိုးကပ်သွားတဲ့အခါမှာ ခွေးရဲ့ ပါးစပ်ထဲမှာ ကိုက်ချီထားတဲ့စာရွက်ပိုင်းလေးတစ်ခုကို တွေ့လိုက်ပါတယ်.. စာရွက်လေးကို ယူပြီး ဖွင့်ကြည့်လိုက်တော့ “၀က်အူချောင်း၁၂ချောင်းနဲ့ သိုးခြေထောက်တစ်ချောင်း ရောင်းပေးလိုက်ပါရန်နှင့် ခွေးပါးစပ်ထဲတွင် ပိုက်ဆံ ထည့်ပေးလိုက်ပါတယ် ” လို့ ရေးထားတာကို တွေ့ရပါတယ်.. ဆိုင်ရှင်ဟာ ခွေးပါးစပ်ထဲကို ကြည့်လိုက်တော့ တကယ်ကို ၁၀ဒေါ်လာတန် တစ်ရွက်ကို တွေ့လိုက်ရပါတယ်..

ဒါနဲ့ ပိုက်ဆံကိုယူလိုက်ပြီး ၀က်အူချောင်း ၁၂ချောင်း၊ သိုးခြေထောက်တစ်ချောင်း၊ ပြန်အမ်းငွေရယ်ကို သေချာ ထုပ်ပိုးပြီး ခွေးရဲ့ ပါးစပ်ထဲကို ထည့်ပေးလိုက်တော့ ခွေးဟာ အဲဒီအထုပ်ကို သေချာကိုက်ချီပြီး ဆိုင်ထဲကနေ ပြန်ထွက်သွားပါတယ်.. ဆိုင်ရှင်ဟာ အဲဒီခွေးအပေါ်မှာ တော်တော်လေးကို စိတ်ဝင်စားမိပါတယ်.. ဆိုင်ပိတ်ချိန်လဲ ရောက်နေပြီမို့ ထိုခွေးနောက်ကို လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီး ဆိုင်ကို ကမန်းကတန်း ပိတ်လိုက်ကာ ထွက်ခွာသွားတဲ့ ခွေးရဲ့ အနောက်ကို အမြန်လိုက်ပါတော့တယ်.. ခွေးထွက်သွားတဲ့ လမ်းမအတိုင်း လိုက်ခဲ့ရာမှာ မီးပွိုင့်တစ်နေရာရောက်တော့ လမ်းတစ်ဖက်ကို ဖြတ်ကူးဖို့ပြင်နေတဲ့ ခွေးကို သူ တွေ့လိုက်ရပါတယ်.. ခွေးဟာ သူ့ပါးစပ်မှာကိုက်ချီထားတဲ့ အထုပ်ကို ချလိုက်ပြီး လူကူးမျဉ်းကို ဖြတ်ကူးသူတွေအတွက် ထားထားတဲ့မီးပွိုင့်က ခလုပ်ကို ခုန်ပြီး သူ့လက်နဲ့ ဖိနှိပ်လိုက်ပါတယ်.. ပြီးတော့ အထုပ်ကို ပြန်ကောက်ချီလိုက်ကာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေပါတယ်.. လူကူးမီးလုံးလေး စိမ်းသွားတဲ့အခါမှ ခွေးဟာ လမ်းတစ်ဘက်ကို ဖြတ်ကူးသွားပါတယ်.. ဆိုင်ရှင်ကလည်း ခွေးနောက်ကို ဆက်ပြီး လိုက်ခဲ့ပါတယ်..

ဘတ်စ်ကားဂိတ်တစ်ခုကို အရောက်မှာ ခွေးဟာ ကားဂိတ်က အချိန်ဇယားကို တစ်ချက်လှမ်းကြည့်ပါတယ်.. ဆိုင်ရှင်ဟာ အခြေအနေတွေကို အံ့သြစွာ စောင့်ကြည့်နေခဲ့ပါတယ်.. အချိန်ဇယားကို မော့ကြည့်ပြီးတဲ့နောက် ခွေးဟာ ခရီးသည်တွေ ကားစောင့်ဖို့ လုပ်ထားပေးတဲ့ ထိုင်ခုံတစ်ခုမှ အကျ ၀င်ထိုင်လိုက်ပါတယ်… ဘတ်စ်ကားတစ်စီး ရောက်လာတဲ့အခါ ကားရှေ့ကိုသွားပြီး ကားနံပါတ်ကို သွားကြည့်ဟန်တူတဲ့ ခွေးရဲ့ အပြုအမူကို တွေ့လိုက်ရပါတယ်.. ပြီးတော့ သူစီးမဲ့ကား ဟုတ်ပုံမရတဲ့အတွက် ထိုင်ခုံမှာ ပြန်လာထိုင်ပါတယ်.. နောက်ထပ် ကားတစ်စီး ထပ်ရောက်လာပြန်တော့ ခုနက အတိုင်း ကားရှေ့ကနံပါတ်ကို သွားကြည့်ပါတယ်.. ဒီတစ်ခါတော့ သူစီးမဲ့ကားဖြစ်ပုံရပါတယ်..အဲဒီခွေးဟာ ဖွင့်လာတဲ့ ကားတံခါးကနေ ကားပေါ်ကို တက်ရောက်သွားပါတော့တယ်.. လိုက်ကြည့်နေတဲ့ ဆိုင်ရှင်ဟာ ပါးစပ်ဟပြီး အံ့သြတကြီး ကြောင်ငေးကြည့်နေရာကနေ ကမန်းကတန်း ကားပေါ်ကို ပြေးတက်လိုက်ရပါတယ်.. ဒီခွေးသွားတဲ့ ခရီးလမ်းဆုံးထိ သူလိုက်ကြည့်ဖို့ ဆုံးဖြတ်ထားမိပါပြီ။

ဘတ်စ်ကားဟာ မြို့ထဲလမ်းကနေ တစ်ဖြေးဖြေး မြို့ပြင်ဘက်က လူနေရပ်ကွက်တွေကို ရောက်လာပါပြီ.. ခွေးဟာလည်း ပတ်ဝန်းကျင်ကို မျက်ခြေမပြတ်ကြည့်ပြီး ကားပေါ်ပါလာရင်း တစ်နေရာအရောက်မှာ ထိုင်ရာက ထလိုက်ပြီး ကားရှေ့ပိုင်းကို ထွက်လာပါတယ်.. ပြီးတော့ နောက်ခြေ၂ချောင်းပေါ် မတ်တပ်ရပ်လိုက်ပြီး ဘတ်စ်ကား ရပ်တဲ့ခလုပ်ကို ရှေ့ခြေထောက်နဲ့ ဖိလိုက်ပါတယ်.. ကားရပ်ပြီး တံခါးဖွင့်သွားတဲ့အခါမှာတော့ ကားပေါ်ကနေ ဆင်းသွားပါတယ်.. သူ့ရဲ့ပါစပ်ထဲမှာတော့ ဆိုင်ကနေ ၀ယ်လာတဲ့ အထုပ်ကလေးက ကိုက်ချီရက်သားလေးနဲ့ပါဘဲ… ဆိုင်ရှင်ဟာလည်း ခွေးရဲ့ နောက်ကနေ ထပ်ချပ်မကွာ လိုက်ပါသွားပြန်ပါတယ်..

ခွေးဟာ လမ်းသွယ်လေးတစ်ခုအတိုင်း ၀င်သွားပြီးတဲ့နောက် ခြံတစ်ခြံထဲကို ၀င်ရောက်သွားပါတယ်.. ခြံထဲက လမ်းကလေးအတိုင်း လျှောက်သွားပြီးတဲ့နောက်မှာတစ်ထပ်တိုက်တစ်လုံး ရှေ့မှာ ရပ်လိုက်ပြီး သူ့ပါးစပ်မှာ ကိုက်ချီလာတဲ့ အထုပ်ကို လှေကားထစ်ပေါ်မှာ ချလိုက်ပါတယ်.. ပြီးတော့ အိမ်နဲ့ ခပ်လှမ်းလှမ်းအထိ နောက်ပြန်ဆုတ်သွားပြီး အရှိန်ပြင်းပြင်းနဲ့ ပြန်ပြေးလာကာ အိမ်တံခါးကို သူ့ကိုယ်လုံးနဲ့ ၀င်တိုက်ပါတော့တယ်… တစ်ခါ နောက်ပြန်ဆုတ်ပြီး အိမ်တံခါးကို ပြန်ပြေးတိုက်ပြန်ပါတယ်.. ဒီလိုနဲ့ ခပ်ဝေးဝေးကို လျှောက်သွားလိုက် ပြေးလာပြီး အိမ်တံခါးကို ကိုယ်လုံးနဲ့ တိုက်ဖွင့်လိုက် အကြိမ်ကြိမ် အခါအခါ လုပ်နေတာကို ခွေးနောက်လိုက်လာတဲ့ ဆိုင်ရှင်ဟာ လမ်းပေါ်ကနေ စိတ်ဝင်တစား ငေးမောကြည့်ရှုနေပါတယ်..

အဲဒီခွေးဟာ သူ့ကိုယ်လုံးနဲ့ တံခါးကို အကြိမ်ပေါင်းများစွာ တွန်းတိုက်နေပေမဲ့ အထဲက ဘာတုံ့ပြန်သံမှ မကြားရပါဘူး။ ဒီနောက်တော့ အိမ်နဲ့ ကပ်နေတဲ့ အုတ်တံတိုင်းကြားထဲကို ၀င်ပြီး ပြူတင်းတံခါးကို သူ့ခေါင်းနဲ့ သွားသွားဆောင့်ပါတယ်.. အကြိမ်ပေါင်းများစွာ ပြူတင်းတံခါးနဲ့ သူ့ခေါင်းနဲ့ သွားသွားဆောင့်ပြီးတော့ တစ်ခါ အိမ်ရှေ့တံခါးမကြီးရှေ့မှာ လာထိုင်စောင့်ပြန်တယ်.. ခဏအကြာမှာတော့ လူခပ်ကြီးကြီးတစ်ယောက်ဟာ တံခါးကို လာဖွင့်ပြီးတော့ ခွေးကို အော်ဟစ်ဆဲဆိုပြီး လက်သီးတွေနဲ့ထိုး ခြေထောက်တွေနဲ့ ရိုက်နှက်ကန်ကျောက်ပါတယ်.. ဒီအခါမှာ လမ်းမပေါ်ကနေ ကြည့်နေတဲ့ ဆိုင်ပိုင်ရှင်ဟာ ဆက်ပြီး ဒီတိုင်း ကြည့်မနေနိုင်တော့တာကြောင့် အပြေးအလွှားသွားရောက်လို့ “ဟေ့…. ဟေ့.. ခင်ဗျား ဘယ်လိုလူလဲ… ဒီလောက်တောင် အသိဉာဏ်ရှိတဲ့ ခွေးကို ဘာလို့များ ရက်ရက်စက်စက် ရိုက်နှက်နေရတာလဲ.. ကျွန်တော်ဖြင့် တစ်သက်မှာ ဒီလောက် ဉာဏ်ကောင်းပြီး လိမ္မာတဲ့ခွေးမျိုး တီဗီထဲမှာကလွဲလို့ အပြင်မှာ ဒီတစ်ခါဘဲ တွေ့ဖူးတယ်.. ခင်ဗျား ဒီလောက်ထိတော့ မရိုက်နှက်သင့်ပါဘူး.. တကယ်တမ်းဆိုရင် ဒီလောက်တောင် တတ်သိလိမ္မာနေတဲ့ ခွေးကို ခင်ဗျားအနေနဲ့ ချီးတောင် ချီးကျူးရမှာ၊ ဒီခွေးကို ပိုင်ဆိုင်ထားတဲ့အတွက် ခင်ဗျား ဂုဏ်ယူရမှာ ” ဆိုပြီး ၀င်ရောက်တားမြစ်ပါတယ်။

ဒီတော့ အဲဒီလူက ဆိုင်ရှင်ကို “ဘာဗျ… ဒီလောက်လေးကို အသိဉာဏ်ရှိတယ်လို့ ခေါ်တယ် ဟုတ်လား.. ဒီငထုံ ငအက ဒီတစ်ပတ်ထဲမှာ သူယူသွားရမဲ့ အိမ်သော့ကို မေ့သွားတာ ၂ခါရှိပြီ.. ဒီလောက် ဉာဏ်နည်းတဲ့ ကောင်ကို ဒီလို အပြစ်ပေးမှ တော်ရုံကျမှာ.. ” လို့ ပြန်ပြောပါတယ်…. ဆိုင်ရှင်ဟာ အဲဒီလူရဲ့ မျက်နှာကို စူးစူးစိုက်စိုက် ကြည့်လိုက်ပြီး “ကိုယ့်မှာ တန်ဖိုးရှိတဲ့အရာဝတ္ထုကို ပိုင်ဆိုင်ထားတာတောင်မှ တန်ဖိုးကို မသိတတ်တဲ့သူဟာ ခင်ဗျားလို လူမျိုးဘဲ…. ခင်ဗျားဟာ ကိုယ့်အတွက် ဘယ်လောက်ကောင်းအောင် လုပ်ပေးပေး အမြဲတမ်း အပြစ်မြင်နေမဲ့ လူစားမျိုး.. ကိုယ့်အခြေအနေကို ကျေနပ်နိုင်ခြင်း မရှိတဲ့ လူမျိုးပါဘဲ” လို့ ပြောလိုက်ပြီး တတ်သိလိမ္မာတဲ့ ခွေးကို တစ်ချက်ငဲ့ကြည့်လိုက်ပြီး စိတ်မကောင်းစွာနဲ့ အဲဒီအိမ်ရှေ့ကနေ လှည့်ထွက်ခဲ့ပါတော့တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီခွေးပိုင်ရှင်လိုပါဘဲ အချို့သောသူတွေဟာ မိမိမှာ ရရှိထားတဲ့ မိတ်ဆွေ သူငယ်ချင်းကောင်းများကို တန်ဖိုးထားဖို့ မေ့လျော့နေတတ်ကြသလို၊ အချို့ကလည်း မိမိရရှိထားတဲ့ ရာထူး၊ မိမိ ရဲ့ လုပ်ငန်းအနေအထား၊ မိမိရဲ့ဘ၀ကို စိတ်ကျေနပ်နိုင်ခြင်းမရှိ၊ တန်ဖိုးထားရကောင်းမှန်းမသိဘဲ အမြဲတမ်း စိတ်ပျက်ညီးတွား နေတတ်ကြပါတယ်.. အချို့သော လုပ်ငန်းရှင်များ၊ အထက်လူကြီးများဟာလည်း မိမိမှာ ရှိနေတဲ့ ၀န်ထမ်းကောင်းတွေကို ဘယ်လောက်ဘဲ ကောင်းအောင် လုပ်ပေးပေး၊ အကောင်းမပြောဘဲ အမြဲတမ်း အပြစ်တင်နေတတ်ကြတယ်.. အကြံဥာဏ်ကောင်းများ ပေးရင်တောင် လက်ခံနိုင်ခြင်း မရှိကြပါဘူး… ဒီလို လူမျိုးတွေရဲ့ လက်အောက်မှာ လုပ်ကြရတဲ့ လက်အောက်ငယ်သားတွေ၊ ၀န်ထမ်းတွေဟာ လုပ်ငန်းခွင်မှာ မပျော်ပိုက်တော့ဘဲ အလုပ်ပြောင်းတာမျိုး၊ အလုပ်ထွက်ကြတာမျိုးတွေ မကြာခန ဖြစ်လာရပါတယ်.. ကိုယ့်အလုပ်သမားတွေ တော်ရင်တော်သလို ကောင်းရင်ကောင်းသလို ချီးကျူးနိုင်တဲ့ စိတ်မျိုး မရှိကြဘဲ အမြဲတမ်း အပြစ်တင်နေရင် ဒီလိုလုပ်ငန်းခွင်ဟာ ပျော်ရွှင်သာယာဖွယ် လုပ်ငန်းခွင်မျိုး မဖြစ်နိုင်တော့ပါဘူး… ဒါတွေဟာ သူတစ်ပါးကို ချီးကျူးစကားဆိုဖို့ ၀န်လေးတဲ့စိတ်ရယ်၊ ကိုယ့်ကိုယ်ကိုက လွဲလို့ ကျန်တာ ဘယ်သူ့ကိုမှ အကောင်းမမြင်နိုင်တဲ့ အတ္တတွေရဲ့ ဖုံးလွှမ်းထားခြင်း ခံထားရတာကြောင့်ရယ် ဖြစ်ပါတယ်.. ကျွန်မတို့ ပတ်ဝန်းကျင်မှာ ဒီလိုလူမျိုးတွေ မကြာခန တွေ့ရတတ်ပါတယ်.. စဉ်းစားမိတာက ကိုယ်ကိုယ်တိုင်ရော ခွေးပိုင်ရှင်လို လူစားမျိုးလား၊ ဘယ်လောက်ကောင်းအောင် လုပ်ပေးသူကိုဖြစ်ဖြစ် တန်ဖိုးထားဖို့ သတိမရဘဲ အပြစ်သာ မြင်နေတတ်သူလား.. အတ္တကြီးနေသူလား ဆိုတာပါဘဲ.. ဒီလိုဆိုရင် ခွေးပိုင်ရှင်လို လူစားမျိုး မဖြစ်အောင်တော့ ကိုယ်တိုင်လည်း ကြိုးစားရပါဦးမယ်ရှင်

Credit: မူရင်းရေးသားသူ
for you ↓ ↓ ↓ ↓ ↓ ↓ ↓


သာသနာနွယ် သာသနာနွယ်

ဖတ်မိတာလေးတွေကို မျှဝေပေးတာကလည်း မေတ္တာတစ်မျိုးပါ။
@@@သာသနာနွယ်

Shared from Myawady News (FB)