-- နောက်ကအိုတဲ့ ဘေးကြီး တကောက်ကောက် လိုက်နေတယ်၊
-- သူ့ထက်မဦးရင်တောင်၊
-- သူနဲ့ တန်းတူတော့ ကျပါစေ၊
-- နာဘေးကြီးက နောက်က တကောက်ကောက် လိုက်နေတယ်၊
-- သူ့ထက်မဦးရင်တောင်၊
-- သူနဲ့ တန်းတူတော့ ကျပါစေ၊
-- သေဘေးကြီးကလည်း နောက်က တကောက်ကောက် လိုက်နေတယ်၊
- သူ့ထက်မဦးရင်တောင်၊
-- တန်းတူတော့ ကျပါစေ၊
-- ပြောချင်လည်း ပြောနိုင်တယ်
-- အထူးအားဖြင့်တော့ လက်ဦးမှဖြစ်မယ်
သေဘေးထက်တော့ ကိုယ်က လက်ဦးမှ လက်ဆောင်ဆိုတာ ရကြမှာ။
တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက
ယောဆရာတော်
Buddhavasa Tiloka
No comments:
Post a Comment