Wednesday, October 23, 2013

ကိုးကွယ်မှား



အနမတဂ္ဂ သံသရာ၌ သဗ္ဗညုဘုရားကို ကိုးကွယ်ကြရသော ဘဝကားအလွန်နည်းပါး၏။

ရံခါ ဗြဟ္မာကို ဘုရားဟု ကိုးကွယ်ကြရကုန်၏။ ရံခါ သိကြားကို၊ ရံခါ ထိုထိုနတ်ကြီးတွေကို၊ ရံခါ နေကို ဘုရားဟု ကိုးကွယ် ကြရကုန်၏။ ရံခါ လကို၊ ရံခါ ထိုထိုနက္ခတ်ကို၊ ရံခါ ဘုမ္မစိုးနတ်ကြီးကို၊ ဘီလူးကြီးတွေကို ဘုရားဟု ကိုးကွယ် ကြရကုန်၏။

လောက၌ အလွန်ယုတ်မာ မှောက်မှားသော မိစ္ဆာဒိဋ္ဌိဆရာကြီးတို့ကား ကမ္ဘာ့တန်ဆာ၊ ကမ္ဘာ့မြေစာကဲ့သို့ အလွန်တရာ ပေါများကြကုန်၏။ ထိုမိစ္ဆာဒိဋ္ဌိ အယုတ်တမာကြီးတွေကို တွေ့မိတွေ့ရာ ဘုရားဟူ၍
ကိုးကွယ်ကြကုန်သော ဘဝတို့ကားအလွန်များပြားကြကုန်၏။

ရံခါ နဂါးကို၊ ရံခါ ဂဠုန်ကို၊ ရံခါ မြစ်ကို၊ ရံခါ မီးကို၊ ရံခါ ရေကို ဘုရားဟူ၍ ကိုးကွယ် ကြရကုန်၏။

ဤသို့လျှင် ကိုယ်တွင်း၌ သက္ကာယဒိဋ္ဌိ အမှောက်အမှားကြီး ရှိနေကြကုန်သော ပုထုဇဉ်သတ္တဝါတို့၏ တစ်ဘဝ တစ်ဘဝလျှင် တစ်မျိုးတစ်မျိုး ကိုးကွယ်ရာဘုရားမည်သည် လောကဓာတ်၌ အလွန်များပြား၏။

ကြပ်ကြပ်ကိုးကွယ်လေလေ .. အပါယ်ငရဲကြပ်ကြပ်နက်နဲလေလေသာ ဖြစ်၏။


( လယ်တီဆရာတော်ဘုရားကြီး)

Shared from Words of Buddha (FB)

No comments:

Post a Comment