Tuesday, October 15, 2013

တရားရနိုင်၊ (သို့) မရနိုင်သော ပုဂ္ဂိုလ် အမျိုးအစားများ

“တရားရနိုင်သော ပုဂ္ဂိုလ်(၄)မျိုး”

၁။ ဥပ္ဃါဋိတညူပုဂ္ဂိုလ် - အကျဉ်းနာကြားရုံနှင့်အကျယ်သိပြီး တရားထူးရနိုင်သူ။

၂။ ဝိပဉ္စိတညူပုဂ္ဂိုလ် - အကျယ်ကိုနားကြားရ၍ တရားထူးရနိုင်သူ။

၃။ နေယျပုဂ္ဂိုလ် - အကျဉ်း၊ အကျယ်ကို နာကြားရုံနှင့် တရားမရ၊ ကျင့်ကြံအားထုတ်မှ တရားထူးရနိုင်သူ။

၎။ ပဒပရမပုဂ္ဂိုလ် - အကျဉ်းအကျယ် နာကြားရပြီး အားထုတ်သော်လည်း ဒီဘဝ တရားမရနိုင်။ ပါရမီမျိုးစေ့မျှသာ ရနိုင်သူ။


“တရားမရနိုင်သော ပုဂ္ဂိုလ်(၅)မျိုး”

၁။ ကမ္ဗပုဂ္ဂိုလ် - ပဉ္စာနန္တရိယကံကြီး ထိုက်ထားသူ။

၂။ ကိလေသပုဂ္ဂိုလ် - မိစ္ဆာဒိဋ္ဌိ အယူမှားရှိနေသူ။

၃။ ဝိပါကပုဂ္ဂိုလ် - အမိဝမ်းတွင်းက ဆွံ့အ၊ နားမကြားသူ။

၎။ အာဏာဝိတိက္ကမပုဂ္ဂိုလ် - ဘုရား၏အာဏာပညပ်တော်ကို လွန်ကြူးထားသူ။
(ပါရာဇိကကျထားသောရဟန်း။)

၅။ အရိယပဝါဒပုဂ္ဂိုလ် - ခင်ပွန်းကြီးဆယ်ပါးတို့အပေါ်၌ ပြစ်မှားထားသူ။


(ပဉ္စင်္ဂုတ္တရပါဠိတော်)
Buddhavasa Tiloka

No comments:

Post a Comment