ဓမ္မန္တရာယ်ပြုတတ်သော မိစ္ဆာဓမ္မဆိုသည်ကား -
၁။ သံသရာဘေးကို ကောင်းစွာမမြင်နိုင်ခြင်း။
၂။ မဂ်ဖိုလ်ကိုရထိုက်သော ခေတ်ကာလမဟုတ်ဟု ထင်မှတ်ခြင်း။
၃။ ပါရမီအရင့်ကို စောင့်စားခြင်း။
၎။ ယခုကာလရှိကြသူတို့ကို ဒွိဟိတ်ပုဂ္ဂိုလ်ဟု ထင်မှတ်ဖြင်း။
၅။ အဓိပတိဖြစ်သော ရှေးရှေးဆရာကြီးတို့ပင် မဖြစ်နိုင်ကြကုန်ပြီဟု ဆန္ဒဥဿာဟကို စွန့်လွှတ်ထားခြင်း စသည်တို့တည်း။
ကုသိုလ်မှုတို့မည်သည် အဆုံးတိုင်မရောက်သော်လည်း အချည်းနှီးဖြစ်နိုင်သော အမှုမျိုးမဟုတ်ကုန်။ ပါရမီ မရှိသေးသူ အားထုတ်လျှင် ပါရမီဖြစ်၏။ အားမထုတ်လျှင် ပါရမီဖြစ်ခွင့်ကို မရပြီ။
ပါရမီမရင့်သေးသူအားထုတ်လျှင် ပါရမီရင့်ရာ နောက်ဘဝမှာ ဤသာသနာ၌ပင် မဂ်ဖိုလ်ကို ရနိုင်၏။ အားမထုတ်လျှင် ပါရမီရင့်ခွင့်ကိုမျှ မရပြီ။
ပါရမီရင့်ပြီးဖြစ်လျှင် ယခုဘဝ၌ပင် မဂ်ဖိုလ်ကို ရနိုင်၏။ အားမထုတ်လျှင် မရပြီ၊ ဒွိဟိတ်ဖြစ်သူအားထုတ်လျှင် နောက်ဘဝ၌ တိဟိတ်ဖြစ်နိုင်၏။
အားမထုတ်လျှင် ဘဝအဆက်ဆက်ပင် ဒွိဟိတ်က တက်ခွင့်မရနိုင်ရာပြီ။ အဟိတ်သို့ လျှော့၍သွားဘို့သာ ရှိတော့၏။
(လယ်တီဆရာတော်ဘုရား၏ ဗောဓိပက္ခိယဒီပနီမှ)
Buddhavasa Tiloka
No comments:
Post a Comment