လူတွေအာရုံခံစားနေပုံက မေ့မေ့မောမော၊ မေ့မေ့မျောမျောကြီး
မသိမှုထဲ တ၀ဲလည်လည်နဲ့  အတွေ့ ပေါ်အမေ့ကောက်
ပြီးပြီးပျောက်ပျောက်လုပ်နေကြတယ်။
ဘာနဲ့ တူလဲဆိုတော့ ကြက်သည်မရဲ့  ကြက်ခြင်းထဲက
ကြက်တွေလိုပဲ မသိရာမှာ အမေ့ဆင့်ပြီး အတင့်ရဲနေကြတယ်။
ကြက်သည်မကြီး နံနက်လင်းတာနဲ့  ရေနွေးအိုးကြီးမီးထိုးနေတာ ကြက်တွေမြင်သားပဲ။ ဒါပေမယ့် ကြောက်ရလန့် ရမှန်းမသိဘူး။
ကြက်ခြင်းထဲမှာ ဆူညံနေတာပဲ။
ဟော... ကြက်သည်မကြီးက စဉ်းတီတုံးကြီးပေါ် ဓားကြီးတင်လိုက်ပြီဗျာ။ ဒီဓားက သူတို့ ကို သတ်မယ့်ဓားဆိုတာ ကြက်တွေမသိတော့ ဓားကြီးမြင်လည်း ကြောက်ရလန့် ရမှန်းမသိ။
ခြင်းထဲမှာ ပျော်နေကြတုန်းပဲဗျာ။
ကြက်သည်မကြီးက အလေးချိန်ခွင်တွေပြင်ဆင်နေတာ
မြင်ပေမယ့်လည်း ကြေက်ရလန့် ရမှန်း မသိပြန်ဘူး။
မသိတဲ့အလျောက် ခြင်းပျော်ကြက်တွေဟာ အစာကောက်တဲ့ ကြက်က ကောက်၊ မိတ်လိုက်တဲ.ကြက် မိတ်လိုက်၊ ခွပ်တဲ့ကောင်က ခွပ်၊ တွန်တဲ့ကောင်က တွန်နဲ့ အော်သံပျော်သံတညံညံနဲ့ ။ မကြာပါဘူး၊ ကြက်သည်မကြီးက ခြင်းပေါက်ဝလက်လျှိုပြီး တစ်ကောင်ပြီး တစ်ကောင် ဆွဲထုတ်ကာ သတ်လေတော့မှ တစာစာအော်မြည်ပြီး သေပွဲဝင်ကြရရှာတယ်။
ခြင်းပျော်ကြက်တွေလို မသိမောဟ မသိအ၀ိဇ္ဇာနဲ့ အသေမခံကြပါနဲ.။
သေမင်းလက်က လွတ်အောင်ရုန်းနိုင်တဲ့စွမ်းအား တရားကျင့်နိုင်တဲ့ စွမ်းအား လူသားမှာရှိပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီး
( ၁၉၉၇ ခုနှစ်၊ နတ်တလူတောရဟောစဉ်)
မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)
No comments:
Post a Comment