Tuesday, October 15, 2013

ပါရမီလွှဲချဖို့မလို


͋
တိဟိတ်ဟုတ်မှဟုတ်ပါ့မလား၊ ဒွိဟိတ်များ ဖြစ်နေမလားနဲ့ ဒါကဘုရားရှင်အရာ ကိုယ့်အရာမဟုတ်ဘူး၊ ဒီတော့အကျိုးမများမှာကို မတွေးကြနဲ့၊ အလုပ်လုပ်ဖို့သာ ကိုယ့်တာဝန်။

ဖြစ်ပျက်မြင်ရင် တိဟိတ်ပဲဆိုတာသံသယမရှိကြနဲ့၊ ပါရမီစကားလဲ မပြောကြနဲ့၊ သာဝကဉာဏ်အရာမှာ ပါရမီမလိုဘူးလို့ တစ်ထစ်ချ မှတ်လိုက်ကြ၊ ဒီအချက်ဟာ ပေဋကောပဒေသပါဠိတော်မှာ အတိအလင်းဟောထားတာရှိတယ် သံသယဖြစ်ဖို့မလိုဘူး။

ဒုဝေဟေတူ ဒုဝေပစ္စယာ သာဝကဿသမ္မာဒိဋ္ဌိ ယာဥပ္ပါဒါယ

သာဝကဉာဏ်အရာမှာ အထောက်အပံ့ နှစ်ချက်ပဲ လိုတယ်တဲ့

ပရတောစဃောသော သစ္စာနုသန္ဓိ သဇ္ဈတ္တဉ္စ ယောနိသောမနသိကရောတော။

သစ္စာတရားနာကြားမှုနဲ့၊ နှလုံးသွင်းမှန်ကန်မှု၊ ဒီနှစ်ခုပဲလိုတယ်လို့ ဆိုလိုရင်းဖြစ်တယ်၊ ဒီစကားထဲမှာ ပါရမီမပါဘူး၊ ဒီအကြောင်းနှစ်ခု ညီညွတ်ရင် မဂ်ဖိုလ်ကိုရတယ် ဆိုတော့ ပါရမီမလိုဘူးဆိုတဲ့ အဓိပ္ပါယ်ဟာ အလိုလိုထင်ရှားပါတယ်။


(မိုးကုတ်ဆရာတော်ဘုရား၏ နိဗ္ဗာန်ရရာ ကျင့်သုံးဖြာတရားတော်မှ)
ဓမ္မဗျူဟာ-အတွဲ-၃၉၊ အမှတ်(၁၀)
Buddhavasa Tiloka

No comments:

Post a Comment