Saturday, October 26, 2013

“ ခေတ်(၅)ခေတ် ”


၁။ ၀ိမုတ္တိယုဂခေတ် နှစ်ပေါင်း ၅၀၀
၂။ သမာဓိယုဂခေတ် နှစ်ပေါင်း ၅၀၀
၃။ သီလယုဂခေတ် နှစ်ပေါင်း ၅၀၀
၎။ သုတယုဂခေတ် နှစ်ပေါင်း ၅၀၀
၅။ ဒါနယုဂခေတ် နှစ်ပေါင်း ၅၀၀
ရှည်လျားသော အချိန်ကာလကြီးတစ်ခုကို ခေတ်(၅)ခေတ်တို့ဖြင့် ပိုင်းခြား၍ လည်ပတ်နေသည် ဆို၏။ ဘုရားပွင့်ချိန်မှစပြီး နှစ်ပေါင်း (၅၀၀) အတွင်း ၀ိမုတ္တိယုဂခေတ်ဖြစ်သောကြောင့် ဈာန်မဂ်ဖိုလ် တရားထူးများ ရကြသည်။

ဒုတိယနှစ်ပေါင်း (၅၀၀) အတွင်း၌ကား သမာဓိယုဂခေတ် ဖြစ်သောကြောင့် သမာဓိတည်ရုံမျှသာဖြစ်၏၊ တရားထူးများမပါဟု ဆိုလိုဟန် တူသည်။

တတိယနှစ်ပေါင်း (၅၀၀) အတွင်း၌ သီလယုဂခေတ် ဖြစ်သောကြောင့် သီလကိုသာ ဦးစားပေး၊ သီလစင်ကြယ်အောင် ထိန်းကြ၍ သီလ မျှသာရှိကြ၏ဟု ဆိုလိုသည်။

စတုတ္ထနှစ်ပေါင်း (၅၀၀) အတွင်း၌လည်း သုတယုဂခေတ် ဖြစ်သောကြောင့် ဗဟုသုတကြွယ်ဝဖို့သာ ဦးစားပေးကြ၏။ ကျမ်းဂန် တတ်မြောက်ရေးအတွက်သာ အာရုံစိုက်ကြသည်။

ပဉ္စမနှစ်ပေါင်း (၅၀၀) အတွင်း၌မူ ဒါနယုဂခေတ် ဖြစ်သောကြောင့် ဒါနပြုမှု အားသန်ကြ၏။ လှူကြ၊ တန်းကြ၊ ပေးကြ၊ ကမ်းကြများ၏။ ဘုရားတည်ကျောင်းဆောက် ပေါများသည်။

ထိုမှလွန်သော် ၀ိမုတ္တိယုဂ ခေတ်တွင်းသို့ ပြန်ဝင်လာပြီး၊ သာသနာနှစ် (၂၅၀၀)၊ ကောဇာသက္ကရာဇ် (၁၃၁၈) ခုနှစ်ကစ၍ ဤ ဘက်တွက် ၀ိမုတ္တိယုဂခေတ်သို့ ပြန်လည် ဆိုက်ရောက်လာပြီ ဖြစ်ပါသည်။

(ကိုးကား။ ။ မိုးကုတ်ယောဂီလက်စွဲအမှတ်(၁) စာအုပ်မှ ပြန်လည်ကောက်နုတ် ဖော်ပြအပ်ပါသည်။ သတ္တ၀ါအားလုံး ကျန်းမာချမ်းသာကြပါစေ။)

- [အရှင်တေဇနိယ(အုတ်ဖို)]


Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

အေးချမ်းမွန် 
Credit To > Young Buddhist's Association < Thanks
https://www.facebook.com/excellencemedia

No comments:

Post a Comment