Tuesday, October 8, 2013

အနာကျင်ဆုံး အချိန်တွေ...



ကိုယ်အရမ်းချစ်တဲ့ လူတစ်ယောက်ကို အကြိမ်ကြိမ်
သတိရနေပါရက်နဲ့ မေ့ပစ်ဖို့ အတွက် ကြိုးစားနေရတဲ့
အချိန်..............

ကိုယ်အရမ်းချစ်တဲ့ လူတစ်ယောက်ရဲ့ အပြုအမူတစ်ချို့ က
ကိုယ့်ကို နာကျင်စေပါရက် သူ့ ရှေ့ မှာ မသိသလို ဟန်ဆောင်
နေရတဲ့အချိန်...........

ကိုယ်အရမ်းချစ်တဲ့ လူတစ်ယောက်ကို ပိုင်ဆိုင်ချင်ပါရက်နဲ့ 
သူ့ ဘ၀အတွက်လို့ တွေးပီး အနစ်နာခံ စွန့် လွှတ်ပေးလိုက်
တဲ့အချိန်................

ကိုယ့်ကို မလိုအပ်တော့ဘူးဆိုတာ သိနေပါရက်နဲ့ 
သူ့ ကို ဆုံးရှုံးလိုက်ရရင်ဆိုတဲ့ အတွေးတွေးနဲ့  အတင်းအကျပ်
ဆုပ်ကိုင်ထားရင်း ကြောက်နေမိတဲ့အချိန်.............

အဲ့ဒီ့ အချိန်တွေက ကိုယ် အရမ်းချစ်တဲ့သူနဲ့ ပါတ်သက်လာရင်
ဘယ်တော့မှ ခံစားခွင့်မရချင်တဲ့ အချိန်တွေ ဖြစ်သလို ခံစားနေရတဲ့
သူတွေအတွက်တော့ အနာကျင်ဆုံးနဲ့  ရင်ဆိုင်နိုင်ဖို့ အခက်ခဲဆုံး
အချိန်တွေပါပဲ......................



♠ Khin Myo Aye ♠
( Poem )

အေးချမ်းမွန် Credit To >Poem Re-posted By ACM 7-10-2013
https://www.facebook.com/excellencemedia

No comments:

Post a Comment