Tuesday, October 15, 2013

တော်ကူးဆရာတော်ဘုရားကြီး ဥူးနန္ဒိယ၏ နှလုံးသွင်းရှုမှတ်ပုံ အားကျဖွယ်



မဟာစည်ဆရာတော်က တော်ကူးဆရာတော်ကို စစ်ဆေးမေးခဲ့ပါတယ်။ တော်ကူးဘုန်းကြီး ဣရိယာပုဒ်ရှည်ရှည်နှင့် မှတ်နိုင်တယ်လို့ သိရတယ်။ ဘယ်လောက်ကြာကြာ ရှုမှတ်နိုင်သလဲလို့ မေးသည်။ တော်ကူးဆရာတော်က တပည့်တော် ထိုင်တဲ့ဣရိယာပုဒ် (၂၄)နာရီ၊ ရပ်တဲ့ဣရိယာပုဒ် (၂၄)နာရီ၊ လျောင်းတဲ့ ဣရိယာပုဒ် (၂၄)နာရီ၊ စင်္ကြလျှောက်တာက အလိုရှိသလောက်ရှုမှတ်နိုင်ပါတယ်
ဘုရား။ ဆရာတော်စစ်ဆေးချင်ရင် တပည့်တော်ယခုရှုမှတ်ပြ မယ်ဘုရား။

တပည့်တော် ဖောင်းပိန်ကစပြီး ပေါ်တာအကုန်ရှုမှတ်တာပါပဲ။ ဘာတစ်ခုမှ မလွတ်အောင် ရှုမှတ်ပါတယ်။  ဝေဒနာပေါ်လာသမျှကိုလည်း ကင်းစင်သွားအောင်
ရှုမှတ်ပါတယ်။ ငြိမ်းအေးချမ်းသာနေတဲ့အခါမှာလည်း “ချမ်းသာတယ်၊ ချမ်းသာတယ်” လို့ မှတ်ပါတယ်။ တော်ချင်တဲ့စိတ် ဖြစ်ပေါ်လျှင် “တော်ချင်တယ်၊ တော်ချင်တယ်”လို့ တော်ချင်တဲ့စိတ် ပျောက်သွားတဲ့အထိ ရှုမှတ်ပါတယ်။ ဝေဒနာလည်းကင်း ချမ်းသာခြင်းနှင့်လည်းပြည့်စုံ ဝိပဿနာအာရုံမှာလည်း ပျော်မွေ့
တော့ ဣရိယာပုဒ်ရှည်ရှည်နဲ့ တပည့်တော်ရှုမှတ်နိုင်ပါတယ်ဘုရား။ ရှုမှတ်တဲ့နည်း ချွတ်ချော်တာ၊ မှားယွင်းတာရှိလျှင် ပြုပြင်ပေးပါဘုရားဟု လျှောက်တားရာ မဟာစည်ဆရာတော်က အရှင်ဘုရား ရှုမှတ်တာမှန်ပါတယ်၊ ဘယ်နေရာမှ ပြင်စရာမလိုဘူး။ အရှင်ဘုရား ရှုမှတ်ပုံကို ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ခွင့်ပြုပါဟု
ပြန်လည်တောင်းဆိုပါသည်။

ထူးချွန်သည့်တပည့်ကို ဆရာကချီးမြှေက်တဲ့အနေဖြင့် သံဃာတော်များရှေ့မှောက်၌ တော်ကူးဆရာတော်ကို မဟာစည်ဆရာတော်က မေးမြန်းစစ်ဆေးခဲ့သည်။

ထို့နောက် အင်္ဂလိပ်ဒကာတစ်ဦးက တော်ကူးဆရာတော် တရားရှုမှတ်ပုံကို ဓာတ်ပုံရိုက်ပြီးနောက် ဆရာတော်အနီးသို့ ချဉ်းကပ်ကာ မဝံ့မရဲနှင့် မေးခွန်းတစ်ခုမေး၏။
“ဆရာတော် ရုပ်နာမ်ချုပ်ပျောက်တဲ့အခါ အတ္တဘယ်ရောက်သွားသလဲ” ဟုမေးရာ တော်ကူးဆရာတော်က ပြုံးပြုံးကြီး ဖြေကြားတော်မူ၏။ “ဒကာကြီး အတ္တဆိုတာ နဂိုကတည်းကမရှိဘူး။ ဒါကြောင့် ဘယ်ကိုမှ ပျောက်မသွားဘူး။ မြတ်စွာဘုရားရဲ့ တရားဝါဒက အနတ္တဝါဒပါ။ ဝိပဿနာတရား အားထုတ်တာကလည်း အတ္တစွဲ၊ ငါစွဲပျောက်သွားအောင် လုပ်ရတဲ့အလုပ်ပါပဲ။ အတ္တစွဲပျောက်မှ ကိလေသာ အနှောင်အဖွဲ့က လွတ်မြောက်ပြီး ချမ်းသာအစစ်ကို ခံစားရတယ်ဒကာကြီး” ဟု ဖြေကြားရာ အင်္ဂလိပ်ဒကာက ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေသည်။ အတ္တစွဲ ခိုင်မြဲနေ
သူအား ဤမျှရှင်းပြရုံမျှဖြင့် သူကျေနပ်မည် မဟုတ်ပါချေ။ ကိုယ်တိုင်လုပ်၍ ကိုယ်တိုင်မြင်မှ ယုံကြည်နိုင်မည် ဖြစ်ပေသည်။


ဝိပဿနာအမွေအနှစ်တရားတော်
Buddhavasa Tiloka

No comments:

Post a Comment