နတ်ရွာ၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်နှင့် ဖီလာဆန့်ကျင်သော (၃၂) ပါးသော တိရစ္ဆာနကထာ စကားတို့ဟူသည်မှာ...
၁) မင်းနှင့်စပ်သော စကား
၂) ခိုးသူနှင့်စပ်သော စကား
၃) အမတ်အရာရှိနှင့်စပ်သော စကား
၎) စစ်သည်နှင့်စပ်သော စကား
၅) ဘေးနှင့်စပ်သော စကား
၆) စစ်နှင့်စပ်သော စကား
၇) စားဖွယ်နှင့်စပ်သော စကား
၈) သောက်ဖွယ်နှင့်စပ်သော စကား
၉) အ၀တ်နှင့်စပ်သော စကား
၁၀) အိပ်ရာနှင့်စပ်သော စကား
၁၁) ပန်းနှင့်စပ်သော စကား
၁၂) နံ့သာနှင့်စပ်သော စကား
၁၃) ဆွေမျိုးနှင့်စပ်သော စကား
၁၄) ယာဉ်နှင့်စပ်သော စကား
၁၅) ရွာနှင့်စပ်သော စကား
၁၆) နိဂုံးနှင့်စပ်သော စကား
၁၇) မြို့နှင့်စပ်သော စကား
၁၈) နယ်နှင့်စပ်သော စကား
၁၉) မိန်းမနှင့်စပ်သော စကား
၂၀) ယောက်ျားနျှင့်စပ်သော စကား
၂၁) သူရဲကောင်းနှင့်စပ်သော စကား
၂၂) လမ်းနှင့်စပ်သော စကား
၂၃) ရေခပ်ဆိပ်နှင့်စပ်သော စကား
၂၄) သေလွန်သူနှင့်စပ်သော စကား
၂၅) အထွေထွေနှင့်စပ်သော စကား
၂၆) လောကနှင့်စပ်သော စကား
၂၇) သမုဒြာနှင့်စပ်သော စကား
၂၈) ကြီးပွားခြင်းနှင့်စပ်သော စကား
၂၉) ဆုတ်ယုတ်ခြင်းနှင့်စပ်သော စကားတို့ပင် ဖြစ်သည်။ ဤဖီလာစကားတို့ကို သီလက္ခန်ပါဠိ မြန်မာပြန် နှာ-၇ စသည်၌ ကြည့်ရှုနိုင်၏။ ဤစကားတို့၌ (၃၂) ပါး ပြည့်စေရန် တောနှင့်စပ်သော စကား၊ တောင်နှင့်၊ မြစ်နှင့်၊ ကျွန်းနှင့်စပ်သော စကားတို့ကို ဖြည့်စွက်ရန် ဋီကာ၌ ညွှန်ပြထား၏။
----------------------------------------------
ကထာဝတ္ထု (၁၀) ပါး သီလနိဒ္ဒေသ ကထာဝတ္ထု ၁၀-ပါး...
၁) အပိစ္ဆာကထာ --- အလိုနည်းခြင်းနှင့်စပ်သော စကား
၂) သန္ထောသကထာ --- ရောင့်ရဲလွယ်ခြင်းနှင့်စပ်သော စကား
၃) ပ၀ိဝေကကထာ --- ဆိတ်ငြိမ်ခြင်းနှင့်စပ်သော စကား
၎) အသံသဂ္ဂကထာ --- မငြိတွယ်ခြင်းနှင့်စပ်သော စကား
၅) ၀ီရိယာရမ္ဘကထာ --- တင်းတင်းရင်းရင်း အားထုတ်ခြင်းနှင့်စပ်သော စကား
၆) သီလကထာ --- သီလနှင့်စပ်သော စကား
၇) သမာဓိကထာ --- သမာဓိနှင့်စပ်သော စကား
၈) ပညာကထာ --- ပညာနှင့်စပ်သော စကား
၉) ၀ိမုတ္တကထာ --- အရိယာဖိုလ်နှင့်စပ်သော စကား
၁၀) ၀ိမုတ္တဥာဏ-ဒဿနကထာ-ပစ္စဝေက္ခဏာဥာဏ်နှင့်စပ်သော စကားတို့ပင် ဖြစ်သည်။
----------------------------------------------
* သဒ္ဓါနှင့် ပညာ၊ သမာဓိနှင့် ၀ီရိယ မျှတစေရသည်။
-- သဒ္ဓါလွန်၍ ပညာနည်းသူသည် အချည်းအနှီးသော ပုဂ္ဂိုလ်တို့ကို ကြည်ညိုတတ်၏ (၀ါ) မစူးစမ်းဘဲ မိုက်မဲစွာ ကြည်ညိုတတ်၏။
-- ပညာကြီး၍ သဒ္ဓါနည်းသူသည် ကောက်ကျစ်စဉ်းလဲတတ်၏ (ဆေးကြောင့်ဖြစ်သော ရောဂါကဲ့သို့ အကုခက်သလိုပင်)။
-- သဒ္ဓါ၊ ပညာ ညီမျှမှသာ ကြည်ညိုဖွယ်ရာ ၀တ္ထုမှာ ကြည်ညိုတတ်သည်။
-- သမာဓိ အားကြီး၍ ၀ီရိယအားနည်းသူကို ပျင်းရိခြင်းက လွှမ်းမိုးတတ်သည်။
-- ၀ီရိယ အားကြီး၍ သမာဓိအားနည်းသူကို ဥဒ္ဓစ္စက လွှမ်းမိုးတတ်သည်။
-- သမာဓိနှင့် ၀ီရိယ မျှတမှ ပျင်းရိခြင်းလည်း မဖြစ်၊ ဥဒ္ဓစ္စလည်း မလွှမ်းမိုးနိုင်တော့ချေ။
-- သဒ္ဓါ + ပညာ၊ သမာဓိ + ၀ီရိယ ညီညွတ်မျှတမှ အပ္ပနာ ဖြစ်နိုင်သည်။
* သဒ္ဓါလွန်လျှင် ကွန့်၊ ပညာလွန်လျှင် ဆွံ့၊ ၀ီရိယလွန်လျှင် ပျံ့၊ သမာဓိလွန်လျှင် တွန့်၊ သတိကား လွန်သည်မရှိဟု ဆိုကြ၏။
ဝိသုဒ္ဓိမဂ် တရားသင်တန်း (ပထ၀ီကသိုဏ်းအတွက် အခြင်းအရာ {အာကာရ} ၉-ပါး) သင်ခန်းစာ (Page-156, 158, 159) မှ ဓမ္မဒါနအဖြစ် ရိုက်ကူးမျှဝေပါတယ်။
Photo Credit to: Original Uploader
မေတ္တာဖြင့်
ခိုင်ခိုင်
No comments:
Post a Comment