Wednesday, December 25, 2013

တစ်ကြိမ်ဝတ်ချလို့ရှိရင် လူတစ်သိန်းကျွေးရတာနဲ့ ညီမျှတဲ့ ကုသိုလ်


တစ်ကြိမ်ဝတ်ချလို့ရှိရင် လူတစ်သိန်းကျွေးရတာနဲ့
ညီမျှတဲ့ ကုသိုလ်ရတဲ့ ၀တ်ချနည်းရှိသေးတယ်။
ဘယ်လို့ ၀တ်ချမလဲဆိုတော့….

မမြဲသော မိမိခန္ဓာကိုယ်ကြီးကို မမြဲတဲ့အကြောင်း
ပွားတာက ၀ိပဿနာ။

ကိလေသာမရှိတဲ့ ဘရား၊ ကိလေသာကင်းကြောင်းဖြစ်တဲ့
တရား၊ ကိလေသာကင်းပြီးတဲ့ သံဃာတွေကို
အာရုံပြုတာ သမထ။

လှူဒါန်းပါ၏ ဆိုတာက ဒါန။ဒါနရော သမထရော ၀ိပဿနာ
ရောပါသွားတဲ့ အဲဒီဝတ်ချနည်း ၀တ်ချကြရအောင်။

မမြဲသော ဤခန္ဓာကိုယ်ကို ကိလေသာ အပူခပ်သိမ်းမှ
ကင်းငြိမ်းတော်မူပြီးသော ဘုရား တရား သံဃာအား
လှူဒါန်းပါ၏ ဘုရား…(တစ်ကြိမ်ဝတ်ချလိုက်)၊

ဆင်းရဲသော ဤခန္ဓာကိုယ်ကို ကိလေသာ အပူခပ်သိမ်းမှ
ကင်းငြိမ်းတော်မူပြီးသော ဘုရား တရား သံဃာအား
လှူဒါန်းပါ၏ ဘုရား…(တစ်ကြိမ်ဝတ်ချလိုက်)၊

အစိုးမရသော ဤခန္ဓာကိုယ်ကို ကိလေသာ အပူခပ်သိမ်းမှ
ကင်းငြိမ်းတော်မူပြီးသော ဘုရား တရား သံဃာအား
လှူဒါန်းပါ၏ ဘုရား…(တစ်ကြိမ်ဝတ်ချလိုက်)။

- ( မဟာဗောဓိတစ်ထောင်ဆရာတော်ဘုရားကြီး )

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment