Wednesday, December 25, 2013

ပခုက္ကူဆရာတော်ဘုရားကြီး၏ ဓာတ်တော်များ


ကျေးဇူးတော်ရှင် ဓမ္မာနုပဿနာ ပခုက္ကူဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဣန္ဒေဘာသ မဟာထေရ် (အနိစ္စ ဆရာတော်)၊ သက်တော် (၉၂) နှစ်၊ သိက္ခာတော် (၇၂) ဝါ သည် (၁-၁၂-၂၀၁၃) တနင်္ဂနွေနေ့၊ ည (၁၁း၄၀) နာရီ အချိန်တွင် ခန္ဓာဝန် ချုပ်ငြိမ်းတော်မူ၍ (၉-၁၂-၂၀၁၃) တနင်္လာနေ့၊ ညနေ ၄ နာရီ မှစပြီး (၁၀-၁၂-၂၀၁၃) အင်္ဂါနေ့၊ နံနက် ၅ နာရီ အချိန်ထိ၊ မီးသင်္ဂြိုဟ်ခဲ့ရာ၊ ရွှေရောင်၊ မြရောင်၊ ပတ္တမြားရောင်၊ နီလာရောင်၊ ပုလဲရောင် အဆင်းများ ရှိသည့် ဓါတ်တွေ၊ မွေတော်များ အဖြစ် ကြွင်းကျန် နေသည်ကို ယနေ့ နံနက်တွင် ထင်ရှားစွာဖြင့် ပုံပါအတိုင်း ဖူးမျော် ကြည်ညို ရပါသည်။

ဆရာတော်ကြီး၏ သြဝါဒ
~~~~~~~~~~~~~~~~~

" လူ ဟု မယူ၊ နာမ်ရုပ် ယူ၊ ထိုသူ ဥပါဒါန်ကင်း သတည်း "

" ပုဂ္ဂိုလ်၊ သတ္တဝါ မရှိသော အသိ သာလျှင် လိုရင်း ဖြစ်သည် "

" မျက်စိ မြင်တုံ၊ ရူပါရုံ၊ လူပုံ မမှတ်ရ။ မြင်မှုတိုင်းတွင် မနှိုင်းယှဉ်၊ ဤတွင် တရား ရ "

Shared from Tin Tun Oo (FB)

No comments:

Post a Comment